• Today is: Tuesday, March 19, 2024

လုပ်ပိုင်ခွင့်အာဏာလွှဲပြောင်းပေးအပ်ခြင်း (Devolution)

လုပ်ပိုင်ခွင့်အာဏာလွှဲပြောင်းပေးအပ်ခြင်း (Devolution)

 
မိုးရွာတဲ့နေ့တွေဆို ငယ်ငယ်က ဘာတွေလုပ်ကြလဲ။ ဉာဏ်ကျယ်လေးဖော်တို့ကတော့ နေပူပူ၊ မိုးရွာရွာ ပြေးလွှားဆော့ကစားနေရတာကို ကြိုက်တဲ့သူတွေပါ။
 
ဒီနေ့ကျမှ မုန့်စားဆင်းချိန်မှာ မိုးကရွာနေတယ်။ ကလေးတွေက မိုးရေထဲမှာ ထွက်ဆော့ချင်ကြပေမဲ့လည်း ဖျားမှာစိုးတဲ့အတွက် ဆရာမက ထွက်မဆော့ခိုင်းဘူး။ အဲဒါကြောင့် ကျောင်းသားတွေကို အတန်းထဲမှာပဲ ဆော့ဖို့အတွက် ဆရာမက အရုပ်တွေယူလာပေးတယ်။ အရုပ်တွေကို စိတ်ကြိုက်ရွေးလို့ရတယ်လို့ ဆရာမကပြောလိုက်ရော တစ်ခြားအတန်းဖော်တွေနဲ့အပြိုင် ဉာဏ်ကျယ်လေးဖော်ကလည်း သူတို့ကြိုက်တဲ့အရုပ်ကိုယ်စီ ယူလိုက်ကြတယ်။ ဒါပေမဲ့ ကလေးတွေစိတ်တိုင်းကျ တစ်နေကုန် ဆော့လို့တော့မရကြရှာဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုအရုပ်တွေဝေပေးကတည်းက အချိန်သတ်မှတ်ပေးထားပြီး ကိုယ်ယူဆော့တဲ့အရုပ်ကို သူ့နေရာသူ ပြန်ထားပေးဖို့ ဆရာမက တစ်ခါတည်း မှာထားခဲ့တာကိုး။ ကလေးတွေကလည်း ဆရာမစကားကို သေချာနားထောင်ပြီး ကစားချိန်မှာ ကစားပြီး၊ အရုပ်တွေကို ကစားပြီးတဲ့အခါ နေရာတကျ ပြန်ထားကြတယ်။
 
ညနေကျောင်းလည်းဆင်းရော အိမ်အပြန်လမ်းမှာ နေ့လယ်က ကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောကြတာပေါ့။ ထုံးစံအတိုင်း ဉာဏ်ကျယ်လေးဖော်တို့ကတော့ သူတို့ဆရာမပေးဆော့တဲ့ ပုံစံက ဘယ်လို “လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းပေးအပ်ခြင်း” ဆန်ကြောင်း အတွေးဖလှယ်သွားကြလေရဲ့။
နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။
 
ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၃၁၊ ၂၀၂၁
3