• Today is: Thursday, May 30, 2024

ခြံစည်းရိုးခွထိုင်နေတဲ့ တော်လှန်ရေးသမားတွေ

“ခြံစည်းရိုးခွထိုင်နေတဲ့ တော်လှန်ရေးသမားတွေ”

မြသွဲ့သွဲ့ခိုင်ဆိုတာ အနာဂတ်ဆီကိုတလူလူလွင့်နေတဲ့ အသက်၂၀အရွယ်ပဲရှိသေးတယ်။ ဟောဒီ နွေဦး တော်လှန်ရေးမှာ တခြားလူငယ်တွေလိုပဲ နေပြည်တော်မှာဆန္ဒပြခဲ့တယ်။မင်းအောင်လှိုင်စိတ်ကြိုက်ခွေးသွား စိတ်လေးတစ်ကောင်က မြသွဲ့သွဲ့ခိုင်ရဲ့ဦးခေါင်းတည့်တည့်ကိုချိန်ပြီး ကျည်အစစ်နဲ့ပစ်ခဲ့တယ်။အာဏာသိမ်းခဲ့ တာဘာမှ မကြာသေးတဲ့ ဖေဖေါ်ဝါရီ ၉ရက်နေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်လေးတစ်ဦးရဲ့ ဦးခေါင်းတည့် တည့်ကိုချိန်ပြီး ပစ်ခဲ့တာ။ ဖေဖေါ်ဝါရီ၁၉ရက်နေ့မှာ ကျဆုံးခဲ့တယ်။ နွေဦးတော်လှန်ရေး အတွင်း ပထမဆုံးကျ ဆုံးသူအဖြစ် မြသွဲ့သွဲ့ခိုင်။

မြသွဲ့သွဲ့ခိုင်ကျဆုံးချိန်ကစလို့ အာဏာသိမ်းစဉ်ကတည်းက ပြတ်ပြီးသား ရန်-ငါ စည်းဆိုတာ ဖြောင်း ခနဲမြည်အောင် မြန်မာပြည်သူတွေပြတ်ခဲ့တယ်။နွေဦးတော်လှန်ရေးမှာ ကြားလူမရှိ၊ကြားအဖြေမရှိ ပြည်သူ ချင်းကြားပင် အပြန်အလှန်မေးခွန်းထုတ်လို့ ဘယ်ဘက်ကရပ်မလဲလို့ ပြတ်ပြတ်မေးခဲ့ကြတယ်။မိတ်ဆွေချင်း ပင် ရပ်တည်ချက်မတူရင် လူမှုကွန်ရက်တင်မက ပြင်ပလူမှုဆက်ဆံရေးပါ ပြတ်ကြတယ်။

ဘာ့ကြောင့်ဒီလောက်တောင်ပြတ်ကြသလဲဆိုတော့ ဗြောင်လိမ်ဗြောင်စားမင်းအောင်လှိုင်နဲ့အပေါင်း အပါ တစ်သိုက်ကို အော့နှလုံးနာကြလွန်းလို့ဖြစ်တယ်။ပြီးတော့ သမိုင်းပေးသင်ခန်းစာတွေအရ ဒီလိုကောင်မျိုး တွေကို နောက်ထပ်ပတ်သက်စရာမလို၊ဒီလိုကောင်စားတွေကိုခုတ်ထွင်ရှင်းလင်းမှသာ တိုင်းပြည်ရဲ့အနာ ဂတ် ရေး ဖြောင့်ဖြူးမယ်ဆို တာ မြူမှုန်တစ်စပင် သံသယမဝင်တော့တာကြောင့်လည်းဖြစ်တယ်။

ပြောရရင် အာဏာရှင်တွေက ကိုယ်တွေထက် ရန်-ငါစည်းပြတ်ပြီးသားဖြစ်တယ်။ သူတို့ကဘယ် လောက်ထိအောင် ရန်-ငါစည်းပြတ်သလဲဆို အာဏာနဲ့ပတ်သက်လာရင် သူတို့ချင်းကြားအုပ်စုဖွဲ့တိုက်ပွဲတွေ မှာတောင် အချင်းချင်းဆိုပြီး ညှာရိုးထုံစံမရှိ၊အပြတ်သားဆုံးချေမှုန်းလေ့ရှိကြတယ်။

နေဝင်းတစ်ခေတ်တုန်းက သူ့ကိုခြေဖဝါး လာတိုင်းနိုင်တယ်လို့ ထင်မိရုံ သံသယဝင်ရုံအဆင့်မှာတင် ညှာတာထောက်ထားမှုမရှိ အပြတ်ရှင်းခဲ့တာ ဘယ်နည်းလိမ့်မလဲ။သန်းရွှေတစ်ခေတ်ရောက်ပြန်တော့ သူမော် မကြည့်ရဲခဲ့တဲ့ နေဝင်းကိုလည်းရှင်း၊သူနဲ့မတိမ်းမယိမ်းထဲက ထွန်းကြည်တို့ကျော်ဘ တို့ကိုရှင်း၊ ပြီးတော့ အား ပြိုင်လာပြီဖြစ်တဲ့ ခင်ညွန့်ကိုရှင်း၊သူ့အောက်က မထီတထီ ပေကပ်ကပ်လို့ ထင်ရင် လည်းရှင်းပစ်။

အခုမင်းအောင်လှိုင် ဗိုလ်ကျခွင့်ရလာတော့လည်း စိန်ဝင်းကိုရှင်း၊ရဲအောင်ကိုရှင်း၊မောင်မောင်ကျော်နဲ့ အောင်လင်းဒွေးကိုရှင်း။အာဏာရှင်တွေဟာ သူတို့ရဲ့အာဏာနဲ့ပတ်သက်ရင် ဇာတ်တူသားစားဖို့ပင်ဝန်မလေး တာ သူတို့ရဲ့စရိုက်လက္ခဏာလို့တောင်ပြောနိုင်ပါတယ်။

အခုဆိုရင် သူတို့အာဏာရှင်အသိုင်းအဝိုင်းထဲက အာဏာမရှိတော့တဲ့သူတွေထဲ မင်းအောင်လှိုင် ရဲ့ တစ်ကိုယ်တော်သမ္မတရူးအိပ်မက်နဲ့ပညာမဲ့ထင်ရာစိုင်းနေတဲ့ အရွေ့ကိုလက်မခံနိုင်တဲ့သူတွေရှိလာတယ်လို့ သတင်းတွေအရသိရတယ်။ဘာ့ကြောင့်သူတို့မင်းအောင်လှိုင်ကိုလက်မခံကြတာလဲဆိုတော့ မင်းအောင်လှိုင် ပြေးရရင် သူတို့ရဲ့အာဏာနဲ့သိုက်တူးထားတဲ့ မတရားစည်းစိမ်တွေ ပြည်သူ့ဘဏ္ဍာအဖြစ်အသိမ်းခံရမှာလား ဆိုတဲ့စိုးရိမ်စိတ်ကြောင့်ဖြစ်တယ်။ပြောရရင် သူတို့အကျိုးစီးပွားအတွက် မင်းအောင်လှိုင်လမ်းကို လက်မခံ ကြ ခြင်းဖြစ်ပြီးပြည်သူတွေရဲ့အကျိုးစီးပွား တစ်စွန်းတစ်စတောင်မပါတာ သေချာတယ်။

ဒါပေမဲ့၊ဘယ်သူကမှ မင်းအောင်လှိုင်လမ်းကိုလက်မခံတာ ထုတ်မပြောရဲကြပါဘူး။သူတို့လောက ကြား က အစ်ကိုကြီးနဲ့ညီလေးအကြံဉာဏ်ပေးတဲ့ ပုံစံမျိုး လိမ္မာပါးနပ် စွာနဲ့တောင် ထုတ်မပြောရဲကြပါဘူး။ ဘာ့ကြောင့်ထုတ်မပြောရဲတာလဲဆိုတော့ အာဏာရှိ သူအာဏာရှင်ရဲ့စ ရိုက်လက္ခဏာဟာ သူတို့သွားနေတဲ့ လမ်းကိုခေါင်းခါရမ်းတာမျိုး မကြိုက်မှန်းကောင်းကောင်းသိကြသလို အာ ဏာရှင်တွေရဲ့ ဇာတ်တူသားစား ဖို့ဝန်မလေးတဲ့စိတ်ကို သူတို့ကောင်းကောင်းသိနေတာကြောင့်လည်းဖြစ်ပါ တယ်။

လှည့်ပတ်ကွေ့ကောက်တဲ့နေရာမှာကျွမ်းတဲ့သန်းရွှေဆိုရင်လည်း အခုမင်းအောင်လှိုင်သွားနေတဲ့ မိုက် ကန်းကန်းလမ်းကို ရင်လေးနေမှာသေချာတယ်။သူဆိုရင် အာဏာရှင်ပေါက်စကိုမြေတောင်မြှောက်ပေးခဲ့ရုံ တင်မက တိုင်းပြည်အပေါ်သူကျူးလွန်ခဲ့တာတွေကလည်း လက်ညှိုးထိုးမလွဲမို့ မင်းအောင်လှိုင်အပြေးမှာ သန်း ရွှေဟာ အရှုပ်ပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့မှာမို့ တွေးပူစရာချည်းပါပဲ။ ဒါပေမဲ့၊ သူမြေတောင် မြှောက်ပေးခဲ့တဲ့ မင်း အောင်လှိုင် ကို သွားပြောမိရင် နေဝင်းကိုသူပြုကျင့်ခဲ့တဲ့ဝဋ် ချက်ချင်းလည်သွားနိုင်တာ မို့ မပြောဝံ့တာသေချာ တယ်။အာဏာရှင်တွေကြားမှာ ဆရာမရှိဘူး၊ တပည့်မရှိဘူး၊ သွေးသားရင်းချာ မရှိဘူး။သူတို့တွေရဲ့ အာဏာနဲ့အ ကျိုးစီးပွားကလွဲရင် ဘာဆိုဘာမှ ရှိမနေပါဘူး။

အာဏာနဲ့ပတ်သက်လာရင်သူတို့ချင်းကြားတောင် ဇာတ်တူသားစားဖို့ဝန်မလေးကြတဲ့ကောင်တွေဆို တော့ သူတို့ကိုလက်မခံ၊သူတို့ကိုတော်လှန်နေတဲ့ ဒီမိုကရေစီအင်အားစုနဲ့ပတ်သက်လာရင် သေနတ်နဲ့ပစ်ဖို့ လည်းဝန်မလေး၊ ရိုက်သတ်ပစ်ဖို့လည်း ဝန်မလေးတာ၊ထောင်နှစ်ရှည်ချဖို့ဝန်မလေးတာ ဘာဆိုဘာမှမဆန်း ပါဘူး။

အာဏာသိမ်းပြီး၆လလောက်မကြာလိုက်တဲ့အချိန်မှာ မင်းအောင်လှိုင်တို့တစ်စု ထပ်သိလာတာက သူတို့ကို မြန်မာပြည်သူတို့ကပါ လက်မခံရုံတင်မက တော်လှန်နေတာကိုပါ။တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့နေရာတွေမှာ သူတို့တပ်တွေတဖြုတ်ဖြုတ်သေနေတာ သူတို့ကိုပြည်သူလက်မခံလို့တင်မက တော်လှန်ရေးအင်အားစုကိုပါ အထောက်အပံ့ပေးနေတာ၊တော်လှန်ရေးအင်အားစုနဲ့ပြည်သူကြားမှာခွဲခြားဖို့ ခက်အောင်တစ်သားတည်းရှိနေကြပြီဆိုတာ သူတို့ကောင်းကောင်းသိလာကြတယ်။

ပြီးတော့ ပြည်သူတွေသူတို့ကိုထောက်ခံလာအောင် လုပ်လို့မရတော့ဘူးဆိုတာကိုလည်း သိကြသလို သူတို့မကျွမ်းကျင်တဲ့ ပြည်သူကိုစည်းရုံးသိမ်းသွင်းရေးဆိုတဲ့အပေါ်လည်း အချိန်ကုန်ခံမနေကြတော့ဘဲ သူတို့ အကျွမ်းကျင်ဆုံးအလုပ်ကိုပဲ ဇောက်ချလုပ်တော့တယ်။သူတို့အကျွမ်းကျင်ဆုံးကတော့ ပြည်သူကို အဆုံးစွန် အကြောက်တရားပေးရေးပဲဖြစ်တယ်။

ပထမ၊ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်တယ်လို့ထင်တဲ့ ရပ်ရွာတွေကို ညှင်းပန်းမှုမျိုးစုံလုပ် တယ်။ဒေသခံတွေက အကြမ်းဖက်စစ်တပ်လာတယ်လို့သတင်းရတာနဲ့ အဖိုးတန်ရှိစုမဲ့စုလေးသယ်ပြီး ထွက် ပြေးကြတာမို့ အိမ်တွေထဲဝင်၊လိုချင်တာမွှေနှောက်လုယက်၊ပြီးတော့ ရွာလုံးကျွတ်မီးရှို့ပစ်။မီးမရှို့တဲ့ရွာကျ တော့ သူတို့မလိုချင်လို့ ချန်ထားခဲ့တာတွေကို ဖျက်ဆီးပြီး အကုန်မြေလှန်ပစ်တော့တယ်။ အကြမ်းဖက် စစ်တပ် ဟာ ရွာရှိရင် ရိက္ခာရှိမယ်ဆိုတဲ့ထုံးကိုနှလုံးမူကာ ရွာတွေထဲက စားစရာသောက်စရာနဲ့ အိမ်မွေး တိရစ္ဆာန်တွေ အကုန် ချက်ပြုတ်စားသောက်ကြတယ်။

‘ကျမတို့ဟိုးငယ်ငယ်က ဓားပြလည်းအတိုက်ခံခဲ့ဖူးတယ်။ဓားပြတွေက သူတို့လိုချင်တာယူပြီး သူတို့မ လိုတာ မဖျက်ဆီးခဲ့ဘူး။အခုစစ်ခွေးတွေလက်ထက်ကျမှ လိုတာယူပြီး သူတို့မယူတာ ဖျက်ဆီးခဲ့သေးတယ်’တဲ့ ။ဟိုး…စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊တောင်ပေါ်ရွာလေးတစ်ရွာက အသက်၇၀နာနီးကြီးတော်တစ်ယောက်က အ ကြမ်းဖက်တပ်တွေ ဖျက်ဆီးသွားတဲ့ သူ့ဆိုင်ကယ်ခပ်နွမ်းနွမ်းလေးကိုပြပြီး ပြောပြရှာတယ်။

အကြောက်တရားဟာ အဲဒီလောက်နဲ့မလုံလောက်သေးဘူးလို့ မင်းအောင်လှိုင်အထင်ရောက်ခဲ့ပုံ လားမသိ။ ဆားလင်း ကြီးမြို့နယ်ထဲက ဒုန်းတောရွာမှာ အရပ်သားတွေမီးရှို့သတ်ဖြတ်ခံရတယ်။ပြီးတော့ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်နေ့၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာ နားမှာ အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရ တယ်။ဒါပေမဲ့ အံ့အားသင့်စ ရာ ကောင်းလှတဲ့ကျနော်တို့ပြည်သူတွေဟာ မင်းအောင်လှိုင်ထင်ခဲ့သလို ကြောက် စိတ်နဲ့ ပြားပြားဝပ်မသွားဘဲ ပိုမာကျောလာခဲ့ကြတယ်။ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ဟာ အခု နောက်ဆုံး ပေါ် လက်နက်ကြီးနဲ့ပစ်ရုံတင် မက လေယာဉ်နဲ့ ဗုံးကြဲတာကိုပါ တွင်တွင်သုံးလာကြတယ်။

မကွေး၊စစ်ကိုင်း၊ချင်း၊ကချင်၊ကယားနဲ့ကရင်။အရပ်သားတွေရဲ့ နေအိမ်တွေကိုအရပ်သားတွေရဲ့ နေအိမ် မှန်းသိလျက် လက်နက်ကြီးနဲ့ပစ်၊လေယာဉ်နဲ့ဗုံးကြဲ။ပြည်သူတွေကို သူတို့ရပ်ရွာကနေ မောင်းထုတ်ပြီး အဲဒီရပ်ရွာကို ဝင်သိမ်း၊အကြမ်းဖက်တပ်ရဲ့ စိုးမိုးနယ်မြေကို အဲဒီလိုချဲ့ထွင်ခဲ့တယ်။ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ဆိုရင် ပြည်သူ့အိုးအိမ်တွေ ကျည်သင့်မီးလောင်။ကရင်ပြည်နယ်ထဲက လေးကေ့ကော်ဆိုရင်လည်း မြို့လုံးအနှံ့ရစရာမရှိ လက်နက်ကြီးကျည်သင့်လို့။

အခုဒီဆောင်းပါးရေးနေတဲ့ ဇန်နဝါရီ၁၈ရက်နေ့မှာ ကသာမြို့နယ်၊မှတ်တိုင်ရွာလေယာဉ်နဲ့ဗုံးကြဲခံရ။ ဇန်နဝါရီ၁၂ရက်နေ့ကလည်းကသာမြို့နယ်၊မိုးတားကြီးရွာ ဗုံးကြဲခံရ။ရွာကိုရွာမှန်းသိလျက် ဗုံးကြဲချရဲတဲ့ မင်း အောင်လှိုင်ရဲ့ သတ္တိပြောင်ချက်က အဲဒီလိုပါ။

ပြောရရင် မင်းအောင်လှိုင်ဟာ သူ့အာဏာအတွက် ပြည်သူတွေကိုပါ အငြိုးတကြီးနဲ့ အဆုံးစွန်တိုက် ခိုက်နေတာပါ။အဲဒီအပေါ် ပြည်သူတွေရဲ့ မင်းအောင်လှိုင်တပ်အပေါ်သဘောထားကလည်း ကျောက်သားပမာ မာကျောစွာ ရန်သူအဖြစ် ရှုမြင်နေတာပါ။

အံ့အားသင့်စရာကောင်းတာက ပြည်သူတွေကတောင် ရန်-ငါစည်းပြတ်ခဲ့တဲ့ မင်းအောင်လှိုင်ကို တိုင်း ရင်းသားလက်နက်ကိုင်တချို့က နိုင်ငံရေးစကားတွေတွင်တွင်ပြောလို့ NCAကိုချစ်ပြနေကြတာပါ။မင်းအောင် လှိုင်လိုသားသတ်သမားရဲ့ပါးစပ်က နိဗ္ဗာန်ရောက်ကြောင်းတရားလည်း ထွက်လာနိုင်တယ်လို့ မျှော်လင့်ပြနေ တာပါ။

တကယ့်ယုံကြည်နေသလားဆိုတော့ မင်းအောင်လှိုင်ဆီကနေ ကျည်ဆန်ကလွဲပြီး ဘာမှရစရာမရှိမှန်း သူတို့ပိုသိကြပါတယ်။ဒါဆိုဘာ့ကြောင့် NCAလိုလို ငြိမ်းချမ်းရေးလိုလို တွေ့ဆုံဆွေးနွေးအဖြေရှာရမှာလိုလို တွေ ပြောနေကြတာလဲဆိုတော့ အချောင်ခိုနေကြတာပါ။ပြောရရင် ပြည်သူ့အကျိူးစီးပွား၊ ပြည်ထောင်စု ကြီးရဲ့ အကျိုးစီးပွားထက် ကိုယ့်အဖွဲ့အစည်းရဲ့အကျိုးစီးပွားကိုသာရှေ့ရှုကြတာပါ။ဒါပေမဲ့ သေနတ်ကြီး ကိုင်ထားပြီး ခြံစည်းရိုးခွထိုင်နေတယ်လို့ လူထုအမြင်စူးမှာစိုးတော့ နိုင်ငံရေးစကားတွင်တွင်ပြောပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြတာပါ။နိုင်ငံရေးကာကူလေတေကိုသာ တတောက်တောက်ခေါက်လို့ ဘယ်ဘက်ကအရေး သာမလဲဆိုပြီး တွက်ချက်နေကြတာပါ။

နွေဦးတော်လှန်ရေးဆိုတာ ပြည်သူတွေကိုယ်တိုင်ဘဝတွေ အသက်တွေပုံအောထားကြတာပါ။သေ နတ်ကိုင်ထားတဲ့ တော်လှန်ရေးသမားတွေ ရှက်တတ်ကြပါ။နွေဦးတော်လှန်ရေးဆိုတာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကိုပါ ယှဉ်တွဲတောင်းဆိုနေတဲ့တော်လှန်ရေးဖြစ်သလို ပြည်သူတွေနိုင်ကိုနိုင်မယ့်တော်လှန် ရေးဆိုတာလည်း သတိပြုကြပြီး ပြည်သူဘက်ကို မျက်နှာမူ၊ပြည်သူလိုတွေးကြပါတော့လို့ မိတ်ဆွေစိတ်ထား နဲ့ မိတ်ဆွေစကားပြောပါရစေလား ဗျာ။

လင်းခေတ် ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၉၊ ၂၀၂၂