• Today is: Thursday, May 30, 2024

လုပ်ပိုင်ခွင့်အာဏာများ (Competences)

လုပ်ပိုင်ခွင့်အာဏာများ (Competences)

ကျောင်းမှာ ဒီနေ့ သစ်ပင်အဆင့်ဆင့်ကြီးထွားခြင်းကို အဖွဲ့လိုက်ပရောဂျက်လုပ်ရမှာဖြစ်တယ်။ ဆရာမက သုံးယောက်တစ်ဖွဲ့ဖွဲ့ခိုင်းတာဆိုတော့ နော်နော်၊ ရှန် နဲ့ ဆလိုင်းက တစ်ဖွဲ့ဖွဲ့လိုက်ကြတယ်။

အဖွဲ့လိုက်ပရောဂျက်ဆိုတော့ ကိုယ်ကျွမ်းကျင်ရာလိုက်ပြီး တာဝန်ကိုယ်စီခွဲဝေယူကြဖို့ ရှန်က အကြံပြုတယ်။ အဲ့ဒီအခါမှာ ဆလိုင်းက စက်ဘီးရှိတော့ လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်ဖို့ တာဝန်ယူလိုက်တယ်။ နော်နော်က အပင်စိုက်ပျိုးတာ ဝါသနာပါတော့ အပင်လေးကောင်းကောင်းကြီးလာဖို့ တာဝန်ယူတာပေါ့။ သုတေသနလုပ်ရတာကြိုက်တဲ့ ရှန်ကတော့ အပင်ရဲ့ ကြီးထွားပုံ အဆင့်ဆင့်ကို သေချာ မှတ်တမ်းပြုစုမယ်ပေါ့။ ပြီးမှ ပရောဂျက်ကို အတန်းရှေ့မှာ တစ်ဖွဲ့လုံးအတူတူတင်ပြကြမယ်ဆိုပြီး သဘောတူလိုက်ကြတယ်။

ရှန်၊ နော်နော်နဲ့ ဆလိုင်းတို့ သုံးယောက်ဟာ ပရောဂျက်အတွက် ပါဝင်လုပ်ဆောင်ရတဲ့အရာတွေ မတူကြသလို ဖက်ဒရယ်နိုင်ငံတွေမှာဆိုရင်လည်း အစိုးရအဆင့်ဆင့်တိုင်းမှာ မတူညီတဲ့ သီးသန့်လုပ်ပိုင်ခွင့်အာဏာတွေရှိကြတယ်။ ဒါပေမဲ့ ပရောဂျက်တစ်ခုလုံးကို အတန်းရှေ့မှာ သုံးယောက်လုံး အတူတူတင်ပြရသလိုပဲ အစိုးရအဆင့်ဆင့်မှာလည်း အတူတူမျှဝေပေးအပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်အာဏာမျိုးလည်း ရှိတတ်ပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၈၊ ၂၀၂၂