• Today is: Thursday, March 28, 2024

ပြည်ထောင်စုရဲ့ ဒီအောင်ပွဲ

“ပြည်ထောင်စုရဲ့ ဒီအောင်ပွဲ”

အာဏာရူးများ စစ်ကျွန်များနှင့်

ဖြစ်ပွားဆင်နွှဲ ဒီတိုက်ပွဲတွင်

ရဲရင့်ထက်မြတ် ပီဒီအက်ဖ်တို့

အသက်မသေနိုင်ပါစေကြောင်း

စိန္တေမြတ်ထံ တောင်းဆုပန်နေ

ချိန်တန်အခါ ပြန်လာပါသော်

မျှော်ကာစောင့်ကြို  သပြေညိုနဲ့

ကြိုဆိုနေမည် အာဇာနည်များ။

 
အောင်ပွဲတွေနဲ့ ချီလာမယ့်သူ

တို့ရဲ့အသက် ပီဒီအက်ဖ်များ

ဆက်ဆက်လာပါ မျှော်နေရှာပြီ

စောင့်ကာကြိုနေ အောင်သပြေနှင့်

နွေတပေါင်းတွင် အောင်ပွဲဆင်ကာ

ဆင်ယင်လှပ တီးမှုတ်က၍

ကျင်းပကြမည် သာယာစည်သော

ပြည်ထောင်စုရဲ့ ဒီအောင်ပွဲ။

နွေဦးအာကာ