• Today is: Wednesday, April 17, 2024

ပြည်တော်ဝင်ဖို့ ရုန်းကြစို့

“ပြည်တော်ဝင်ဖို့ ရုန်းကြစို့”

အာဏာသိမ်းတာ တစ်နှစ်ကြာသော

ဆယ်နာရီစက် ချိန်မနက်တွင်

ငြိမ်သက်တိတ်ဆိတ် အသံတိတ်ကာ

သပိတ်မှောက်စို့ ညီညာလို့ဖြင့်

ငါတို့မြို့ဆိုင် ငါတို့ပိုင်သည်

တနိုင်ငံလုံး ပေါင်းစုရုံးလို့

အရှုံးပေါ်နေ စစ်ခွေးတွေကို

သိစေဖို့ရာ ပါဝင်ကာဖြင့်

အာဏာရှင်စနစ် တွန်းလှန်ပစ်ဖို့

တိတ်ဆိတ်ငြိမ်သက် ပြင်မထွက်ဘူး။

အာဏာသိမ်းတာ တစ်နှစ်ကြာသော

လေးနာရီရှိ ညနေတိတွင်

မိဘပြည်သူ စုပေါင်းကူကာ

အတူစုစည်း လက်ခုပ်တီးလို့

မြည်ဟည်းဘဝဂ် အသံထွက်တာ

စစ်တပ်မိစ္ဆာ အပေါင်းပါတို့တွက်

မရဏမောင်းသံ အဟုတ်မှန်သည်

ဧကန်မမှား ပြည်သူများတွက်

နိမိတ်အသံ ဖြစ်စေကုန်သော်

ပြည်တော်ဝင်ဖို့ ရုန်းကြစို့။

 

နွေဦးအာကာ