• Today is: Saturday, April 20, 2024

CDM ဗိုလ်ကြီးကောင်းသူဝင်းနှင့် သီးသန့် ‌မေးမြန်းခန်း

“ကျွန်တော်လူပျိုပေါက်အရွယ်ရောက်ပြီးကတည်းက အသက် (၁၆) နှစ်လောက်ကစပြီးတော့ စစ်တက္ကသိုလ် တက်လာ ပြီးတော့ ဗိုလ်လောင်းသင်တန်း (၃)နှစ်၊ တပ်ထဲမှာ (၁၂) နှစ်လောက်ရှိခဲ့တယ်။ အားလုံး (၁၅) နှစ်လောက်တပ်ထဲမှာတာဝန်ထမ်း ဆောင်လာခဲ့တော့ တပ်ထဲမှာ ကျွန်တော်ကတာဝန်ထမ်းဆောင် လာခဲ့တော့ ပြည်သူဘဝကိုပဲ လွတ်လွတ်လပ်လပ်နဲ့ ကျွန်တော်ပိုင် ဆိုင်ချင်ပါတယ်” ဗိုလ်ကြီးကောင်းသူဝင်း

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၄၊ ၂၀၂၂

ဗိုလ်ကြီးကောင်းသူဝင်းဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တပ်မတော်သားများ စီဒီအမ် ပြုလုပ်ခဲ့တဲ့ သူများထဲက တဦးဖြစ်ပါတယ်။ သူဘာကြောင့် စီဒီအမ်ပြုလုပ်ခဲ့ရသာလဲ၊ တပ်မတော်သားများရဲ့ စီဒီအမ်ပြု လုပ်မှုက ဘယ်လောက်ထိ အရေးပါလဲ စသည့် အကြောင်းအရာများကို ဒီတပတ် ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကနေ ဖတ်ရှုရမှာပါ။

တပ်မတော်သားတဦးအနေနဲ့ စီဒီအမ် ပြုလုပ်မှုရဲ့ အရေးကြီးတဲ့ အကြောင်းအရပ်များကို ဗိုလ်ကြီး ကောင်းသူဝင်းက အခုလိုရှင်းပြပါတယ်။

ဌာနဆိုင်ရာတွေအတွက်တော့ ကျွန်တော်ကမသိဘူးပေါ့ဗျာ။ တပ်တွင်းဘက်မှာဆိုရင်တော့ တပ်က CDM ဝင်ရင်တပ် အင်အားနည်းသွားမယ်။ စစ်ကောင်စီလက်အောက်ခံတွေအင်အားလျော့သွားမယ်။ ဒါကပြည်သူတွေ လိုအပ်နေတဲ့အောင်ပွဲရဖို့တ ဖြည်းဖြည်းနီးလာမယ်။ အဓိကကတော့ စစ်ကောင်စီခိုင်းတာတွေမလုပ်ရတော့ဘူး။ တပ်ထဲကနေပြီးတော့ အပြင်ထွက်ရန် ပြည်သူတွေက မလိုမုန်းထား၊ စက်ဆုပ်ရွံရှာတဲ့အကြည့်တွေ မခံရတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့က CDM ဝင်ပြီး လွတ်မြောက်နယ် မြေထဲမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပေါင်းခြင်းအားဖြင့် သတင်းအချက်အလက်တွေပေးနိုင်မယ်၊ ပြည်သူတွေ လိုအပ်တဲ့ အောင်ပွဲရဖို့ ဆောင်ရွက်မှုတစ်ခုပါပဲ။

ကျွန်တော်နာမည်ကတော့ ဗိုလ်ကြီးကောင်းသူဝင်းပါ။ ကျွန်တော်စစ်တက္ကသိုလ်ဗိုလ်လောင်းအပတ်စဉ် (၅၂) ကပါ။ ဉီးစီးအရာရှိစစ်ထောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကျွန်တော် CDM စလုပ်ခဲ့တာက ၂၂.၁၂.၂၀၂၁ ပေါ့၊ ဒါပေမယ့် လုပ်ဖို့ရည်ရွယ်ထားတာတော့ ၅ လပိုင်းကတည်းကပါ။ ဇနီးသည်က ကိုယ်ဝန်နဲ့ဆိုတော့ အခြေအနေအမျိုးမျိုးကြောင့်မလုပ်ဖြစ်ဘူး။ ဇနီးသည်ကလေးမွေးပြီးတော့ ဒီလမ်းခရီးတွေသွားနိုင် တဲ့အချိန်ကျမှ ကျွန်တော် CDM စလုပ်ခဲ့ပါတယ်။ လွတ်မြောက်နယ်မြေကိုတော့ ၂၈.၁၂.၂၀၂၂ မှာရောက်ရှိခဲ့ပါတယ်။

ကျွန်တော်လွတ်မြောက်နယ်မြေရောက်အောင်လမ်းခရီးအဆင့်ဆင့် ကူညီချိတ်ဆက်ပေးတာကတော့ CDF ကေကေဂျီပေါ့။ ကားနဲ့တစ်တန်၊ ဆိုင်ကယ်နဲ့တစ်တန် အဆင့်ဆင့်ဖြတ်သန်းပြီးတဲ့နောက်မှာ ကျွန်တော်ဒီကို ရောက်လာတယ်။ ကျွန်တော်တို့လွတ် မြောက်နယ်မြေရောက်လာတဲ့အခါမှာတော့ စားဝတ်နေရေးက ဘာမှ အခက်အခဲမရှိပါဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အများကြီး ကူညီပေးပါတယ်။ ဒီမှာရှိတဲ့ ဒေသခံတွေ ကလည်း ကျွန်တော့်ကို လိုအပ်တာထက်ကို ကူညီထောက်ပံ့ပေးပါတယ်။

———–  

မေး။     ။ လွတ်မြောက်နယ်မြေကိုရောက်ရှိလို့ပဲဖြစ်ဖြစ်၊ CDM ဝင်လို့ပဲဖြစ်ဖြစ် NUG အစိုးရက ဆက်သွယ်ထောက်ပံ့ပေးတာ ရောရှိလား။

ဖြေ။     ။ လွတ်မြောက်နယ်မြေကိုရောက်ရှိပြီးတော့ CDF ကတော့ ကျွန်တော့်ကို အများကြီး ထောက်ပံ့ပေးပါတယ်။ စားဝတ်နေရေး ရော၊ ငွေကြေးပိုင်းဆိုင်ရာရောထောက်ပံ့တာရှိပါတယ်။ NUG အစိုးရနဲ့ဆက်သွယ်ဖို့ကျတော့ ပြည်သူ့ရင်ခွင်ကတစ်ယောက်နဲ့တွေ့ပြီး ဆက်သွယ်စကားပြောထားတာတော့ရှိတယ်။

မေး။     ။ ဗိုလ်ကြီးက တပ်တွင်းထဲကဖြစ်တယ်ဆိုတော့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေထက် CDM လုပ်ဖို့ကပိုခက်တယ်၊ စိန်ခေါ်မှုတွေပိုများမှာပေါ့နော်၊ အဲ့ကြားကနေဘယ်လိုတွန်းအားတွေကြောင့် CDM လုပ်ဖြစ်သလဲ။ မိသားစုအသိုင်းအဝိုင်းရဲ့ဖိအားတွေ ရောပါခဲ့သလား။

ဖြေ။     ။ ကျွန်တော်တို့တပ်တွင်းကျတော့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေထက်ပိုခက်ခဲတယ်။ သတင်းမီဒီယာတွေလည်း အမှောင်ချခံရတဲ့သဘောပေါ့နော်။ စစ်ကောင်စီသတင်းမီဒီယာဖြစ်တဲ့ မြဝတီတို့ မြန်မာ့အသံတို့ပဲကြည့်ရတဲ့အတွက်ကြောင့်မို့လို့ အခက်အခဲတော့ရှိတယ်။ တပ်ဝင်တပ်ထွက် တပ်ထဲမှာကျတော့လည်း အမြဲတမ်းတန်းစီလူစစ်တာတို့ရှိတယ်။ ကျွန်တော်ကံကောင်း တာက ကျွန်တော်တာဝန်ကျတာတော့ မတူပီမှာပါ။ ကျွန်တော်ကမုံရွာမှာ စခန်းမှူးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ကျန်တဲ့ လူတွေထက်စာရင် ကျွန်တော်က အပြင်ထွက်သွားလာဖို့အဆင်ပြေခဲ့တယ်။ တပ်မတော်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေအပေါ်ကို အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ရက်ရက်စက်စက်ကိုင်တွယ်မှုတွေ၊ နိုင်ငံနဲ့နိုင်ငံသားတို့ကိုကာကွယ်ရမယ့်တာဝန် မဟုတ်တော့ဘဲနဲ့ အခုကကျတော့ စစ်ဖြစ်ရင်ဖြစ်တဲ့နေရာကို ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုသလို ဖိနှိပ်တယ်၊ မီးရှို့တယ်။ လိုချင်တဲ့ပစ္စည်းတွေ့လို့ရှိရင်ယူတယ်။ လမ်းမှာတွေ့လို့ရှိရင်လည်း ပြည်သူတွေကိုအကြောင်းအမျိုးမျိုးစွပ်စွဲတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတာပေါ့။ တချို့နေရာတွေမှာ မြင်တွေ့နေရတဲ့အတွက် တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ချင်စိတ်မရှိတော့တဲ့အတွက် CDM ဝင်ခဲ့တာပါ။

မေး။     ။ ဗိုလ်ကြီးအနေနဲ့ CDM ကဘယ်လောက်အထိအရေးပါတယ်လို့ထင်လဲ။

ဖြေ။     ။ ဌာနဆိုင်ရာတွေအတွက်တော့ ကျွန်တော်ကမသိဘူးပေါ့ဗျာ။ တပ်တွင်းဘက်မှာဆိုရင်တော့ တပ်က CDM ဝင်ရင်တပ် အင်အားနည်းသွားမယ်။ စစ်ကောင်စီလက်အောက်ခံတွေအင်အားလျော့သွားမယ်။ ဒါကပြည်သူတွေလိုအပ်နေတဲ့အောင်ပွဲရဖို့တ ဖြည်းဖြည်းနီးလာမယ်။ အဓိကကတော့ စစ်ကောင်စီခိုင်းတာတွေမလုပ်ရတော့ဘူး။ တပ်ထဲကနေပြီးတော့ အပြင်ထွက်ရန် ပြည်သူတွေက မလိုမုန်းထား၊ စက်ဆုပ်ရွံရှာတဲ့အကြည့်တွေ မခံရတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့က CDM ဝင်ပြီး လွတ်မြောက်နယ် မြေထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပေါင်းခြင်းအားဖြင့် သတင်းအချက်အလက်တွေပေးနိုင်မယ်၊ ပြည်သူတွေလိုအပ်တဲ့ အောင်ပွဲရဖို့ ဆောင်ရွက်မှုတစ်ခုပါပဲ။

မေး။     ။ CDM ကဒီတော်လှန်ရေးမှာအတိုင်းအတာတစ်ခုထိရိုက်ခတ်မှုရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်။ CDM ရဲ့ရိုက်ခတ်မှုက စစ်ကောင်စီကို ဘယ်လောက်ထိရိုက်ခတ်မှုရှိတယ်လို့မြင်လဲ။

ဖြေ။     ။ ဥပမာ အစိုးရဘဏ်ဝန်ထမ်းတွေ CDM ဝင်ရင်စစ်ကောင်စီက ပုံမှန်စစ်သည်တွေကို လစာထုတ်ပေးတာတို့၊ လိုအပ်တဲ့ငွေ တွေထုတ်ချင်တဲ့အခါကျရင် လုပ်ပေးမယ့်ဝန်ထမ်းမရှိတော့တဲ့အခါကျရင် စစ်ကောင်စီသွားမယ့်လမ်းကြောင်းတွေက နှေးသွားမယ်။ အခုဆိုရင် ရဟတ်ယာဉ်တို့နဲ့ပို့နေရတဲ့အနေအထားတွေဖြစ်နေတယ်။ ချင်းပြည်နယ်ကမြို့တော်တော်များများကို ဘဏ်ငွေတို့ဆိုရင် ရဟတ်ယာဉ်နဲ့ပို့တယ်။ ဒီပြင်ဝန်ထမ်းတွေလည်း သူ့အတိုင်းအတာတစ်ခုထိပေါ့ လုပ်ငန်းပိုင်းတွေနှောင့်နှေးသွားမယ်။

မေး။     ။ ဗိုလ်ကြီးက CDM လုပ်ခဲ့တယ်ပေါ့နော်၊ တခြား CDM မဝင်တဲ့သူတွေကိုရောဘယ်လိုပြောချင်ပါလဲ။ Non-CDM တွေကိုရော ဘာမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။     ။ ကျွန်တော်ကတပ်ကလာတာဆိုတော့ တပ်နဲ့ဆိုင်တဲ့သူတွေကိုပဲ အဓိကပြောချင်တာပေါ့။ လူတစ်ယောက်ရဲ့ပင်ကိုယ်စိတ် ဓတ်က လုပ်ချင်တာရှိရင်လည်းရှိမယ်၊ မလုပ်ချင်တာရှိရင်လည်းရှိမယ်။ စစ်တပ်ကအမိန့်ပေးတဲ့အတွက် ဒီတာဝန်ကို မဖြစ်မနေထမ်း ဆောင်ရမယ်။ ဒီလိုမဖြစ်မနေထမ်းဆောင်ရတဲ့တာဝန်တွေက ပြည်သူတွေကို ထိခိုက်မှုတွေ ရှိသလိုမျိုး တစ်ဖက်က ပြည်သူတွေဖက် ကပြန်တိုက်ခိုက်တဲ့ PDF တွေ CDF တွေနဲ့ထိတွေ့မှုတွေရှိတော့ ကိုယ့်အတွက်အန္တာရာယ်လည်းရှိနိုင်တယ်ပေါ့။ တပ်ထဲမှာနေရင်သာ လုံခြုံတယ်လို့ခံစားရပြီး တပ်အပြင်ထွက်ရန် ဘယ်သူတွေက လုပ်ကြံမလဲ အဲလိုမျိုးပေါ့၊ ဒီလူက တပ်ကစစ်သားမှန်းသိနေရင် အရင်ကလို လွတ်လွတ်လပ်လပ်နဲ့ မြို့ထဲတို့၊ ဘုရားတို့၊ ကျောင်းကန်တို့ကို လွတ်လွတ်လပ်လပ်မသွားရဘူးဖြစ်နေမယ်။ အဲ့လိုမျိုးတွေ မကြုံချင်ဘူးဆိုရင် CDM လာလုပ်ပေးလိုက်ရင် ကိုယ့်ကိုပြည်သူတွေက လိုလိုလားလားနဲ့ကြိုဆိုလက်ခံတာမျိုးတွေ တွေ့ရမယ်။ တပ်ထဲမှာနေတုန်းက ကြားတာက CDM လုပ်ရင် အဲ့လူကို တိုက်ပွဲမှာပြန်ပြီးတော့အသုံးချတယ်၊ ရှေ့တန်းတွေမှာပြန်အသုံးချမယ်ဆို ပြီးကြားခဲ့ကြတာပေါ့။ အဲ့လိုကလက်တွေ့မှာ မဟုတ်ပါဘူး။ မယုံရင် တပ်ထဲကထွက်လာပြီး ရွာတစ်ရွာကိုသွားလိုက်ပါ၊ ကျွန်တော် တပ်ထဲကထွက်လာပြီး CDM လုပ်ဖို့ကူညီပါဆိုရင် နီးစပ်ရာလွတ်မြောက်နယ်မြေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဆီရောက်အောင် အများကြီး ကူညီပေးလိမ့်မယ်။ ဒါကျွန်တော်ကိုယ်တွေ့ပါပဲ။

မေး။     ။ ဗိုလ်ကြီးအနေနဲ့ ဒီတော်လှန်ရေးဘယ်တော့ပြီးမယ်ထင်သလဲ။ နီးရောနီးနေပြီလား။ ဒီတော်လှန်ရေးပြီးဖို့အတွက် ဘာက အရေးကြီးဆုံးလို့ထင်သလဲ။

ဖြေ။     ။ CDM ဝင်တဲ့လူတွေရှိသလိုမျိုး၊ တိုက်ပွဲမှာ ဒဏ်ရာရသွားတာတွေ ကျဆုံးသွားတာတွေရှိတော့ နည်းနည်းချင်းစီ တပ်အင် အားဆုတ်ယုတ်လာတာပေါ့။ တပြိုင်နက်ဆုတ်ယုတ်တာမဟုတ်ဘဲနဲ့ နည်းနည်းချင်းစီပေါ့ဗျာ။ ပြည်သူတွေက အခု PDF၊ CDF တွေကို အများကြီးထောက်ပံ့ပေးတယ်။ ဒီတော်လှန်ရေးကပြီးမလားဆိုတော့ လွယ်လွယ်နဲ့တော့ မပြီးဘူးဗျ။ စစ်ကောင်စီဘက်ကလည်း နည်းမျိုးစုံသုံးမှာဘဲ။ အခုဆိုရင် ရဲတွေကိုပါ တပ်လုံခြုံရေးအတွက် ထည့်သုံးတယ်။ ရဲမေတွေ၊ အရွယ်ရောက်ပြီးသားမှီခိုသားသမီးတွေ ကိုလည်း အခြေခံစစ်ပညာတို့ လက်နက်ငယ်ပစ်ခတ်ရေးတွေသင်ပေးပြီး တပ်လုံခြုံရေးအတွက်သုံးတယ်။ ပင်စင်ယူပီးသား စစ်မှုထမ်းဟောင်းတွေကိုတောင် နေ့စားခတွေပေးပြီး ပြန်သုံးနေတာတွေရှိတယ်။ စစ်ကောင်စီကလည်း သူတို့မကျဆုံးအောင် နည်းမျိုးစုံနဲ့ထိန်းမှာဘဲ။ ပြည်သူတွေကလည်း အာဏာရှင်စနစ်ကိုချုပ်ငြိမ်းအောင်တိုက်ထုတ်မယ်ဆိုတော့ တိုက်ပွဲတွေကတော့ ပြင်းထန်လာအုံးမယ်ဗျ။ လွယ်လွယ်နဲ့တော့မပြီးဘူး။ အမြန်ဆုံးပြီးဖို့ဆိုရင်တော့ တပ်တွင်းထဲမှာရှိတဲ့ စစ်သည်တွေပေါ့ဗျာ၊ မတရားတဲ့ အမိန့်ကို ဆက်ပြီးတာဝန်မထမ်းဆောင်ချင်တဲ့စစ်သည်တွေ ရဲရဲဝံ့ဝံ့ CDM ဝင်ဖို့၊ တပ်မတော်ကနေထွက်ခွာလာဖို့ ကျွန်တော်တိုက် တွန်းချင်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ ကြာအုံးမယ်၊ ၂၀၂၂ မှာ မပြီးနိုင်လောက်သေးဘူး။

မေး။     ။ ဗိုလ်ကြီးအနေနဲ့ဒီတော်လှန်ရေးပြီးသွားလို့ နောင်တက်လာမယ့်အစိုးရမှာ တာဝန်ထမ်းဆောင်မလား။ ဒါမှမဟုတ်အရပ် သားပြည်သူတစ်ဉီးအနေနဲ့နေသွားမလား။ ဘယ်လိုစဉ်းစားထားလဲ။

ဖြေ။     ။ ကျွန်တော်လူပျိုပေါက်အရွယ်ရောက်ပြီးကတည်းက အသက် (၁၆) နှစ်လောက်ကစပြီးတော့ စစ်တက္ကသိုလ်တက်လာ ပြီးတော့ ဗိုလ်လောင်းသင်တန်း (၃)နှစ်၊ တပ်ထဲမှာ (၁၂) နှစ်လောက်ရှိခဲ့တယ်။ အားလုံး (၁၅) နှစ်လောက်တပ်ထဲမှာတာဝန်ထမ်း ဆောင်လာခဲ့တော့ တပ်ထဲမှာကျွန်တော်ကတာဝန်ထမ်းဆောင်လာခဲ့တော့ ပြည်သူဘဝကိုပဲ လွတ်လွတ်လပ်လပ်နဲ့ ကျွန်တော်ပိုင် ဆိုင်ချင်ပါတယ်။

မေး။     ။ နောက်ဆုံးအနေနဲ့ CDM ဝင်တဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ။     ။ ကျွန်တော်ရှေ့မှာ CDM လုပ်ခဲ့တဲ့သူတွေလည်းအများကြီးရှိပါတယ်။ သူတို့တွေလုပ်ခဲ့လို့လည်း ကျွန်တော်လုပ်ဖို့တွန်းအား ဖြစ်လာတာပေါ့။ သူတို့တွေရှေ့ကမလုပ်ခဲ့ဘဲ တပ်မတော်ထဲမှာ မှေးနေတာတို့ဆိုရင် ကျွန်တော်တို့တွေလုပ်ဖို့အတွက် နည်းလမ်းတွေ ရှာရတာခက်ခဲမယ်။ သူတို့တွေကြောင့် ကျွန်တော်ဒီလို CDM ဝင်ခဲ့တာလည်းပါပါတယ်။ နောက်ထပ် CDM ဝင်မယ့်လူတွေအတွက် လည်း လမ်းကြောင်းဖြစ်စေနိုင်တာပေါ့။  တော်လှန်ရေးကာလက နှစ်ကာလရှည်ကြာနိုင်တဲ့အတွက် တော်လှန်ရေးမှာပါဝင်နေတဲ့ ဒေသအလိုက်ဆိုင်ရာ PDF တွေ CDF အနေနဲ့ ပင်ပမ်းတာတွေ၊ အခက်အခဲတွေလည်း အများကြီးကြုံခဲ့ရ၊ နောက်လည်းကြုံရအုံးမှာ ဘဲ။ အားမလျှော့ဘဲနဲ့ နိုင်ငံတိုးတက်ဖို့အတွက် အာဏာရှင်စနစ်ကိုတွန်းလှန်နေတဲ့အချိန်မှာ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးကို စဉ်းစားပြီးတော့ လုပ်ဆောင်ကြပါလို့ ကျွန်တော်ကတော့ တိုက်တွန်းချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။