• Today is: Friday, March 29, 2024

စစ်ကောင်စီက ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ

ဓါတ်ပုံ – Yangon Media Group

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂

စစ်ကောင်စီက နေပြည်တော်တွင် ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ RCSS/SSA က ဗဟိုကော်မတီဝင် ၂ ဦးအပါ အဝင် ၄ ဦး ၊ KNU/KNLA(PC)မှ ဒု- ဥက္ကဋ္ဌ အပါအဝင် ၅ ဦး ၊ PNLO မှ ဒု-စစ်ဦးစီးချုပ်အပါအဝင် ၄ ဦး၊ ALP မှ ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် စစ်ဦးစီးချုပ် ခိုင်စိုးမြ အပါအဝင် ၆ ဦး ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်စိုက်ချမ်းနှင့် အဖွဲ့ဝင်များ၊ LDU မှအတွင်းရေး မှူး(၂)အပါအဝင် ၂ ဦးတို့ နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တက်ရောက်ခဲ့ကြောင်း သိရသည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် UWSA မှ ဦးညီရမ်း အပါအဝင် ၃ ဦး ၊ SSPP/SSA မှ ဗဟိုကော်မတီဝင် စိုင်းနော်လိတ် နှင့်အဖွဲ့ဝင် ၃ ဦး နှင့် မိုင်းလားအဖွဲ့မှ ဆက်ဆံရေးအရာရှိကြီးမှူး စိုင်းမောက်အပါ အဝင် ၃ ဦးတို့တက်ရောက်ခဲ့သည်။

ပြည်ထောင်စုနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် နှင့် ULA ကိုယ်စားလှယ်အဖွဲ့နှင့် ဦးဦးလှစောက ဦးဆောင်သည့် ကိုယ်စားလှယ် ၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။