• Today is: Wednesday, September 27, 2023

ဒီနေ့

ဒီနေ့

မြူတွေဟာ နှင်းလို မဟုတ်ဘူး

လူတွေဟာ  သီချင်းလို မဟုတ်ဘူး

ဘဝ မဆန်တဲ့ရာသီပျိုထဲ

အိုသွားလိုက်တဲ့ ဒီနေ့ တွေ…

အဝတ်စလေး ထုတ်

အရုပ်မဟုတ်တဲ့သေနတ်လေးရယ်

ကော်ဖီနဲ့ဆီဘူးလေးရယ်။

နေ၀င်နေ့တွေ၊ နေ၀င်ညတွေ

အရှေ့ တင်ပြီးသွားခဲ့တယ်။

မူတသွယ်သစ်နေတဲ့

လူငယ်အစစ်တွေရဲ့ဘ၀ဆိုတာ

ဒါမဟုတ်ဘူး။

တုံးတိုက်ကျားကိုက် နေ့မျိုးထဲ

အလွမ်းတွေ မှေးမှိတ်

အိမ်ပြန်ချင်စိတ်နဲ့ နေ့ရက်တွေခမ်းခဲ့တယ်။

ဆရာကြီး တင်မိုးရေ

အော်သံ ပေးခဲ့ပြီးပြီ

အပျော်ကြံမပြေးပဲ

တော်လှန်ရေးနေ့တွေကို ပျော်ပျော်ကြီး

အံတု နေတာ လူငယ်တွေပဲ

ဆိုတာ ပြချင်ပါသေးတယ်။

ရဲဘော် Scope