• Today is: Friday, March 29, 2024

ပြည်သူ့အစိုးရ 

ပြည်သူ့အစိုးရ 

ဧပြီဆယ့်ခြောက် ဖွဲ့စည်းသည်

တို့အစိုးရ NUG။

ဝန်ကြီးဌာန ဆယ့်ခြောက်ခု

လှုပ်ရှားဆောင်ရွက် ဖော်ဆောင်ပြု။

ပြည်မ၊တောင်တန်း ပေါင်းစည်းပြီ

တိုင်းရင်းသားများ လက်တွဲညီ။

စည်းလုံးညီညွတ် ဆောင်ရွက်ကြ

အမျိုးသားညီညွတ်ရေးအစိုးရ။

စစ်အာဏာရှင် တော်လှန်မည်

PDF ကို ဖွဲ့စည်းသည်။

စစ်ကျွန်မခံ တော်လှန်ကြ

တော်လှန်ရေးအစိုးရ။

CDM များ ထောက်ပံ့မည်

နွေဦးထီကို ဖော်ဆောင်သည်။

ပြည်သူတွေကို ဖေးကူမ

ပြည်သူ့အစိုးရ။

တရားဝင်မှု ဖြစ်ဖို့ရည်

ငွေတိုက်စာချုပ် ရောင်းချသည်။

ပြည်သူလူထု‌ ထောက်ခံသည့်

တရားဝင် အစိုးရ။

နွေဦးအာကာ