• Today is: Wednesday, September 27, 2023

ကိုးကန့်တပ်ဖွဲ့ တည်ထောင်သူ ဖုန်ကြားရှင် ကွယ်လွန်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီလ ၁၆၊ ၂၀၂၂

ကိုးကန့်တပ်ဖွဲ့ လို့ လူသိများတဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA တည်ထောင်သူနဲ့ ဥက္ကဌ ဟောင်းဖြစ်သူ ဦးဖုန်ကြားရှင် ဒီကနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ MNDAA က ထုတ်ပြန်ကြေညာလာပါတယ်။

အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဖုန်ကြားရှင်ဟာ သာမန် လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့  MNDAA က ပြောပါတယ်။

ဖုန်ကြားရှင်ဟာ လက်နက်ကိုင်တော်လှန်ရေး ဘဝကို ၁၉၆၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ဂျင်မီယန်း ဦးဆောင်တဲ့ ကိုးကန့် ပြည်သူ့ တော်လှန်ရေး တပ်မတော်မှာ အရာရှိ အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပြီး တရုတ်နိုင်ငံမှာ ထွက်ပေးခိုလှုံနေခဲ့ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာတော့ MNDAA တပ်မတော်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး မြန်မာစစ်တပ်ကို ဆက်လက်တော်လှန်နေရင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။