• Today is: Friday, March 29, 2024

ဒေါင်းနဂါးတို့အိမ်အပြန်

“ဒေါင်းနဂါးတို့အိမ်အပြန်”
       
၂၁ မှာ ကဆုန်ဆိုင်းသမျှ

မုန်တိုင်းလို့ သတ်မှတ်ပြီး

ငါတို့သမိုင်း

သွေးနဲ့လည်း တိုင်းနိုင်

အသက်နဲ့လည်း တိုင်းနိုင်တယ်။

တစ်နှစ်ကျော် နဂါးတွေဟာ

မတရားတာ တရားတာထက်

ပစ်ဖို့ တွေးတဲ့

နှစ်ချို့ စစ်ကျွန်တွေကို

သွေးသစ္စာနဲ့ တော်လှန်ရင်းတော်လှန်ကြ။

နွေဦးထဲက ဒို့ရဲဘော်တွေကို

ဖက်အရယ် သွေးနဲ့ မွေးဖွားခဲ့တယ်

ဖက်ဒရယ် အသိနဲ့ ရဲရင့်စေတယ်။

အမျိုးဘာသာ သာသနာ

လူမျိုးရေးဝါဒတွေကို

ခုတုံးမလုပ်၊

ပြည်သူအတွက်ပါလို့

ပထွေးစော်နံတဲ့ ကောင်တွေလို

မကြွေးကြော် ပြန်ဘူး။

ဆိုင်းဘုတ်နဲ့ လက်ထောင်

ဟစ်ကြွေးတိုင်း

 အပြစ်ပေးကြစတမ်းလား။

စစ်ကျွန်ဘ၀နဲ့ လမ်းကြောင်းမှားနေမှတော့

နွေဦးမှာ

ဒေါင်း၊နဂါးတွေလာပြီဟေ့

ဒေါင်း၊နဂါးတွေလာပြီဟေ့

ဒေါင်း၊ နဂါးတွေ လာပြီဟေ့။     ။

ရဲဘော် Scope