• Today is: Thursday, March 28, 2024

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းလွှာ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No. 23,March 29 , 2022)
၁။ ျမစ္ႀကီးနားတြင္ ကားတစ္စီးကို လူ ၃ ဦး ေသနတ္ေထာက္ၿပီး ကား ဓါးျပတိုက္
၂။ ကင္းလွည့္ စစ္ကား မိုင္းခြဲခံရမႈတြင္ စစ္ေကာင္စီ ဒုရဲမႉးတစ္ဦး‌ ေသဆုံးၿပီး ၅ ဦးဒဏ္ရာရ၊ ျပည္သူ ၁ ဦး ေသဆုံး ၄ ဦး ဒဏ္ရာရ
၃။ သတင္းေထာက္ ကိုေနာင္႐ိုး အပါအဝင္ လူငယ္ ၇ ဦးကို ေထာင္ဒဏ္ ၁ ႏွစ္ခြဲစီ ခ်မွတ္
၄။ စက္ယႏၲရားႀကီးျဖင့္ ေ႐ႊတူးေဖာ္သူမ်ားကိုမဖမ္းဘဲ လက္လုပ္လက္စားမ်ားကိုသာ ဖမ္းဆီးဟု ေထာက္ျပ
၅။ တႏိုင္း တ႐ုန္ေက်း႐ြာအနီး စစ္ေကာင္စီတပ္ တိုက္ခိုက္ခံရၿပီး ေသဆုံးမႈရွိ
၆။ ထီးခ်ိဳင့္ၿမိဳ႕အဝင္ ဂိတ္ကို PDF မိုင္းဆြဲတိုက္ခိုက္၊ ႏွစ္ဦး ေသသုံးဦးဒဏ္ရာရ
၇။ စစ္ေကာင္စီ ရိကၡာတင္သေဘၤာ ၂ စီး ေဒသကာကြယ္ေရးတပ္မွ ေရွာ့တိုက္ဒုန္းျဖင့္ ပစ္ခတ္တိုက္ခိုက္
၈။ ေရးၿမိဳ႕နယ္ တူးေျမာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၏ အစ္မျဖစ္သူ ေသနတ္ပစ္ခံရၿပီးေသဆုံး
၉။ မြန္ျပည္နယ္အတြင္း ဆားၾကမ္းတစ္ပိႆာ ၃၀၀က်ပ္ထိ ေဈးတက္
၁၀။ ျမဝတီမွ ေမာ္လၿမိဳင္သို႔ျပန္လာသည့္ကားတစ္စီး ပစ္ခတ္ခံရၿပီး အမ်ိဳးသားတစ္ဦးေသဆုံး
၁၁။ မြန္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္နားထားျခင္းေၾကာင့္ အုတ္လုပ္ငန္းမ်ား အရႈံးေပၚ
၁၂။ လွ်ပ္စစ္မီးကို ေမလအထိ အလွည့္က်စနစ္ျဖင့္သာ ေပးႏိုင္ဦးမည္
၁၃။ စစ္ေဆးမခံသည့္ ႏိုင္ငံေရးပါတီမ်ား ပါတီဖ်က္သိမ္းသည္အထိ လုပ္ေဆာင္ႏိုင္ေၾကာင္း UEC ေျပာ
၁၄။ ထိုင္းႏိုင္ငံထုတ္ ရေသ့ေဆးတြင္ စတီး႐ြိဳက္မ်ားစြာပါဝင္ေန၍ သုံးစြဲရန္မသင့္ဟု ထုတ္ျပန္
၁၅။ နမၼတူၿမိဳ႕နယ္ ရွရွားေတာင္အနီး ပစ္ခတ္မႈျဖစ္
၁၆။ မူဆယ္ၿမိဳ႕နယ္ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္မ်ား စစ္ေဆးမႈျပဳလုပ္ေန
၁၇။ သွ်မ္းျပည္အတြင္း ေ႐ြးေကာက္ပြဲ အေၾကာင္းျပ အိမ္ေထာင္စုစာရင္း လိုက္လံေကာက္ေန
၁၈။ နမ့္ခမ္းၿမိဳ႕ သခ်ႋဳင္း အုတ္ဂူမ်ား ဖ်က္ဆီး သံမ်ားခိုးယူသြား
၁၉။ မုံးကိုး စစ္ေရွာင္ ၈၀၀ ေက်ာ္ စားနပ္ရိကၡာ အေရးေပၚလိုအပ္ေန
၂၀။ ႐ြာငံၿမိဳ႕နယ္ လူမေနသည့္အိမ္ စစ္ေကာင္စီ ေဖာက္ထြင္း ပစၥည္းမ်ား ယူေဆာင္သြား
၂၁။ သီေပါၿမိဳ႕နယ္ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိေသဆုံး
၂၂။ ႐ြာငံၿမိဳ႕ဖမ္းဆီးခံထားရသည့္ NLD အမတ္ ေနအိမ္ ခ်ိတ္ပိတ္ခံရ
၂၃။ ေတာင္ႀကီးၿမိဳ႕ DNNA ကိုယ္ပိုင္အထက္တန္းေက်ာင္းအုပ္အပါအဝင္ အမ်ိဳးသမီး ၈ ဦးဖမ္းဆီးခံရ
၂၄။ ေတာင္ႀကီးၿမိဳ႕ေပၚ UG လႈပ္ရွားေနသည့္ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံရ
၂၅။ ဆီဆိုင္စစ္ေရွာင္ သြားကူသည့္ အသက္ ၁၈ ႏွစ္ေအာက္ အပါအဝင္ လူငယ္(၆)ဦး ဖမ္းဆီး ခံရ
၂၆။ သွ်မ္းနီလူမ်ိဳး စစ္ေကာင္စီေဖ်ာက္ရန္ ႀကိဳးစားေနဟု သွ်မ္းနီမ်ား ေဝဖန္ေျပာဆို
၂၇။ သွ်မ္းအမ်ိဳးသားေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ လိုအပ္
၂၈။ တပ္မေတာ္ေန႔တစ္ရက္တည္းတြင္ ကရင္နီျပည္နယ္မွာ တိုက္ပြဲ ၄ ေနရာထက္မနည္း ျဖစ္ပြားခဲ့
၂၉။ ကရင္နီျပည္ ဖ႐ူဆိုၿမိဳ႕နယ္ ေငြေတာင္႐ြာသစ္ေက်း႐ြာမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္အက်အဆုံးရွိခဲ့
၃၀။ KNDFတပ္ရင္း တစ္ခု ထပ္မံ တိုးခ်ဲ႕ဖြဲ႕စည္း၊ တပ္ရင္း ၁၉ ရင္းရွိလာ
၃၁။ KNU တပ္မဟာ ၆ နယ္ေျမတြင္ ႏွစ္ရက္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဝ ဦးခန႔္ က်ဆုံးဟုဆို
၃၂။ စစ္ေကာင္စီ၏ တပ္မေတာ္ေန႔တြင္ ေကအဲန္ယူထိန္းခ်ဳပ္နယ္ေျမအတြင္း ေလေၾကာင္းတိုက္ခိုက္မႈ(၃)ႀကိမ္ျပဳလုပ္
၃၃။ ဘလယ္ဒို-ေသ့ေဘာဘိုး တိုက္ပြဲ စစ္ေကာင္စီတပ္ ၆၁ ဦး က်ဆုံးၿပီး ၁၅ ထိခိုက္ဒဏ္ရာရ၊ တပ္ေနာက္ျပန္ဆုတ္ေန
၃၄။ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း ေဘလီတံတားအနီး ပ႐ိုေဘာက္ယာဥ္ တစ္စီးပစ္ခတ္ခံရၿပီး ယာဥ္ေပၚပါ အမ်ိဳးသား တစ္ဦး ေသဆုံး
၃၅။ ေဝါေလဘက္သို႔ စစ္ကူတက္လာသည့္ စစ္ေကာင္စီတပ္ႏွင့္ KNLA တပ္မ်ား တိုက္ပြဲျပင္းထန္ေန၊ စစ္ေကာင္စီ တပ္မ်ားအထိနာဟု ေျပာ
၃၆။ မင္းတပ္-မတူပီလမ္းတြင္ CDF- Mindat ႏွင့္္ စစ္ေကာင္စီတပ္တို႔ၾကား တိုက္ပြဲျဖစ္ပြား၊ စစ္ေကာင္စီဘက္က အက်အ ဆုံးအရွိ
၃၇။ ဟားခါးၿမိဳ႕နယ္ သီနမ္းေက်း႐ြာက လူေနအိမ္ ၉ လုံးကို စစ္ေကာင္စီက မီးရႈိ႕
၃၈။ ကန္ပက္လက္ၿမိဳ႕တြင္းတိုက္ပြဲ စစ္ေကာင္စီဘက္ တစ္ဦးေသဆုံးဟု ဆို
၃၉။ Guys from Chin အဖြဲ႕မွ မီဇိုရမ္ရွိ စစ္ေဘးေရွာင္စခန္း (၄) ခု တြင္ ႐ူပီး ၁၂ သိန္း သြားေရာက္လႉဒါန္း
၄၀။ အိႏၵိယေရာက္ ျမန္မာႏိုင္ငံသားမ်ား နယူးေဒလီၿမိဳ႕ UNHCR ႐ုံးေရွ႕တြင္ ဆႏၵေဖာ္ထုတ္
********************

၁။ ျမစ္ႀကီးနားတြင္ ကားတစ္စီးကို လူ ၃ ဦး ေသနတ္ေထာက္ၿပီး ကား ဓါးျပတိုက္
28th March 2022

ျမစ္ႀကီးနား စီတာပူရပ္ကြက္ ေနာင္ရာကြင္းအနီး ေဇယ်ာမင္းဆီဆိုင္ေရွ႕တြင္ ကားေမာင္းလာေသာ ျပည္သူတစ္ဦးကို လူငယ္ ၃ ဦးမွ ေသနတ္ေထာက္ကာ ကားဓါးျမတိုက္ယူသြားေၾကာင္း သိရသည္။ ဓါးျမတိုက္သူမ်ားမွာ အသက္ ၂၀ ဝန္းက်င္အ႐ြယ္ လူငယ္ ၃ ဦးျဖစ္ၾကၿပီး 125 ဆိုင္ကယ္ႏွစ္စီးျဖင့္ ေရွ႕ေနာက္ ပိတ္ဆို႔ကာ ကားဓါးျပတိုက္သြားျခင္းျဖစ္သည္ဟု ဆိုသည္။ ၎တို႔ လုယူသြားေသာ ကားအထဲတြင္ ကားပိုင္ရွင္၏ ယာဥ္ေမာင္းလိုင္စင္နဲ႔ ႏိုင္ငံသားမွတ္ပုံတင္လည္း ပါသြားေၾကာင္း သိရသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကခ်င္ျပည္နယ္တြင္ လုယက္မႈႏွင့္ ဓါးထိုးမႈမ်ားဆက္တိုက္ျဖစ္ေပၚေနၿပီး ၿပီးခဲ့သည့္ မတ္လ ၂၄ ရက္ေန႔ ေန႔လည္ ၁၂ နာရီခန႔္ကလည္း ျမစ္ႀကီးနား၊ ရမ္ပူရပ္ကြက္တြင္ သံတိုသံစနဲ႔ ဘီယာဘူးခြံ လိုက္ဝယ္ေနသည့္ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ဓားျမတိုက္ခံရၿပီး ဓားထိုးမႈေၾကာင့္ ေသဆုံးခဲ့သည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျမစ္ႀကီးနားၿမိဳ႕ သာမက ျမန္မာတႏိုင္ငံလုံးအဆင့္ မူးယစ္ေဆးဝါးသုံးစြဲ ေရာင္းဝယ္မႈ က်ယ္က်ယ္ ျပန႔္ျပန႔္ ရွိလာသည့္အျပင္ လုယက္မႈ၊ သတ္ျဖတ္မႈမ်ားလည္း ပိုမိုမ်ားျပားလာေနပါသည္။

မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်


*******************
၂။ ကင္းလွည့္ စစ္ကား မိုင္းခြဲခံရမႈတြင္ စစ္ေကာင္စီ ဒုရဲမႉးတစ္ဦး‌ ေသဆုံးၿပီး ၅ ဦးဒဏ္ရာရ၊ ျပည္သူ ၁ ဦး ေသဆုံး ၄ ဦး ဒဏ္ရာရ
28th March 2022

ဗန္းေမာ္ၿမိဳ႕တြင္း ယေန႔ ေပါက္ကြဲမႈ ၃ႀကိမ္ျဖစ္ပြားခဲ့ရာ ရဲအရာရွိအပါအဝင္ ထိခိုက္ေသဆုံးမႈရွိခဲ့ၿပီး ျပည္သူဘက္ကလည္း ေသဆုံးမႈရွိခဲ့ေၾကာင္း သိရသည္။ စစ္ေကာင္စီဘက္ ခ႐ိုင္ ရဲစခန္း ဒုရဲမႉး ၁ ဦး ေသဆုံးသည့္အျပင္ ရဲတပ္သား ၅ ဦး ထက္မနည္း ဒဏ္ရာရရွိခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ျပည္သူ ၁ ဦး ေသဆုံးကာ ၄ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အလားတူ ေဒသခံျပည္သူ ဒဏ္ရာရွိခဲ့သည့္ ၅ ဦးအနက္ ဗန္းေမာ္ၿမိဳ႕၊ ေပါက္ကုန္းရပ္ကြက္မွ အသက္ ၄၅ ႏွစ္အ႐ြယ္ ေဒၚေရဟာနာ (ခ) ေဒၚေဘာက္ႏူးဆိုသူသည္ အခင္းျဖစ္ပြားရာေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရသည္။ ယေန႔ နံနက္ ၈နာရီဝန္းက်င္ ဗန္းေမာ္ၿမိဳ႕တြင္း သံတဲ ဧည့္ရိပ္သာအနီး ပထမအႀကိမ္ေပါက္ကြဲမႈတြင္ လူထိခိုက္မႈ မရွိေသာ္လည္း နံနက္ ၁၀ နာရီ နာရီစင္အနီး ဒုတိယအႀကိမ္ မိုင္းေပါက္ကြဲရာ စစ္ေကာင္စီတပ္ဘက္မွ ၃ဦး ထိခိုက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ နံနက္ ၁၁ နာရီဝန္းက်င္ သူနာျပဳေက်ာင္းေရွ႕ ကင္းပတ္ေနသည့္ စစ္ေကာင္စီ၏ ယာဥ္တန္း ထပ္မံ မိုင္းခြဲခံရခ်ိန္တြင္ စစ္ ေကာင္စီတပ္ဘက္မွ ဒုရဲမႉး ၁ ဦးေသဆုံးခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၇ ရက္ေန႔ NUG အစိုးရမွ တစ္ႏိုင္ငံလုံး အေရးေပၚ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီးေနာက္ ဗန္းေမာ္ ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မွလည္း ျပည္သူမ်ားအေနျဖင့္ မလိုအပ္ဘဲအျပင္မထြက္ရန္ႏွင့္ စစ္ေကာင္စီ ယာဥ္တန္းမ်ား၊ ႐ုံးအေဆာက္အဦးမ်ား၊ ကင္းစခန္းမ်ားႏွင့္ အနီးတစ္ဝိုက္ သြားလာေနထိုင္ျခင္း လုံးဝ မျပဳလုပ္ၾကရန္ ထုတ္ျပန္ခ်က္တစ္ခ်ိဳ႕ ထုတ္ထားေၾကာင္း သိရသည္။ https://burmese.kachinnews.com/2022/03/28/mar-28-z1-2/
*********************
၃။ သတင္းေထာက္ ကိုေနာင္႐ိုး အပါအဝင္ လူငယ္ ၇ ဦးကို ေထာင္ဒဏ္ ၁ ႏွစ္ခြဲစီ ခ်မွတ္
28th March 2022

ဖားကန႔္ၿမိဳ႕မွ အလြတ္တန္းသတင္းေထာက္ ကိုေနာင္႐ိုး အပါအဝင္ လူငယ္ ၇ ဦးကို စစ္ေကာင္စီ လက္ေအာက္ခံ ဖားကန႔္ တရား႐ုံးမွ ယေန႔တြင္ ပုဒ္မ ၅၀၅ (က) ျဖင့္ ေထာင္ဒဏ္ ၁ ႏွစ္ခြဲစီ ခ်မွတ္လိုက္ေၾကာင္း ေထာင္ဒဏ္ခ်မွတ္ခံရသည့္ လူငယ္မ်ား ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အလြတ္တန္းသတင္းေထာက္ ကိုေနာင္႐ိုးသည္ ၂၀၂၁ ခုႏွစ္ ဧၿပီလ (၉) ရက္ေန႔က သတင္းယူေနစဥ္ ဖားကန႔္ၿမိဳ႕အဝင္ ပန္းတင္တံတားထိပ္တြက္ ဖမ္းဆီးခံရၿပီး၊ ေနာက္ထပ္ ဖားကန႔္သတင္းမ်ားကို ေရးသားေနေသာ ကိုေဇာ္ဝင္းေမာင္သည္လည္း ၂၀၂၁ ခုႏွစ္ ေမလ ၂၅ ရက္ည လုံးခင္း သပိတ္သို႔ သတင္းသြားယူရန္ ျပင္ဆင္ရင္း ေနအိမ္တြင္ ဖမ္းဆီးခံခဲ့ရသည္။

ယေန႔ ဖားကန႔္ၿမိဳ႕နယ္ တရား႐ုံးတြင္ ဖမ္းဆီးခံထားရသူမ်ားထဲမွ ကိုေနာင္႐ိုး၊ ကိုေဇာ္ဝင္းေမာင္၊ ကိုမ်ိဳးဦး၊ ရန္ႏိုင္ထြန္း၊ မြန္း ေနာင္၊ ကိုေအာင္သူ၊ ေက်ာ္မ်ိဳးဦး စုစုေပါင္း (၇) ဦးကို ေထာင္ဒဏ္ ၁ ႏွစ္ခြဲစီ ခ်မွတ္လိုက္သည္။ ဖားကန႔္ ၿမိဳ႕နယ္တြင္ ေႏြဦး ေတာ္လွန္ေရးကာလအတြင္း ဖမ္းဆီးခံထားရသူ (၄၀) ေက်ာ္ရွိေၾကာင္းသိရသည္။

သတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်


*********************
၄။ စက္ယႏၲရားႀကီးျဖင့္ ေ႐ႊတူးေဖာ္သူမ်ားကိုမဖမ္းဘဲ လက္လုပ္လက္စားမ်ားကိုသာ ဖမ္းဆီးဟု ေထာက္ျပ
27th March 2022

ကခ်င္ျပည္နယ္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ စက္ယႏၲရားႀကီးမ်ားျဖင့္ ေ႐ႊတူးေဖာ္မႈအမ်ားအျပားရွိေနေသာ္လည္း လက္ လုပ္လက္စားအမ်ားစု လုပ္ကိုင္စားေသာက္ေနေသာ အာလမ္(ALAM) ေက်း႐ြာတစ္ခုကိုသာ စစ္ေကာင္စီတပ္က ဖမ္းဆီးမႈ ျပဳလုပ္ေနသည္ဟု ဧရာ၀တီျမစ္ကာကြယ္ေစာင့္ေရွာက္သူတစ္ဦးက ေထာက္ျပ ေျပာဆိုသည္။ ျမစ္ႀကီးနားၿမိဳ႕ရွိ အာလမ္ေက်း႐ြာ ဧရာဝတီျမစ္ကမ္းေဘးရွိ လက္လုပ္လက္စားေ႐ႊတူးေဖာ္မႈမ်ားႏွင့္ စက္ယႏၲရားအခ်ိဳ႕ကို စစ္ေကာင္စီတပ္မွ မတ္လ ၂၅ ရက္ေန႔ နံနက္ ၁၀ နာရီခန႔္တြင္ ဖမ္းဆီးခဲ့သည္။

မတ္လ ၂၅ ရက္ေန႔ စစ္ေကာင္စီတပ္ လာေရာက္ဖမ္းဆီးရာတြင္ အာလမ္ေက်း႐ြာမွ ဘက္ေဖာ ၂ စီး အပါအဝင္ ေဒသခံ ျပည္သူ မ်ား၏ တစ္လုံးထိုးစက္ ၁၀ လုံးေက်ာ္ သိမ္းဆည္းသြားၿပီး ေဒသခံ ၅ ဦးကိုလည္း ဖမ္းဆီးထားသည္။ ထို႔အျပင္ မတ္လ ၂၆ ရက္ညအထိ ျမစ္ကမ္းေဘးတြင္ ရဲႏွင့္စစ္သားကို တပ္ခ်ထားသည္ဟု သိရသည္။

အာလမ္ေက်း႐ြာျပည္သူမ်ား၏ အေသးစား ေ႐ႊတူးစက္မ်ားႏွင့္ ေဖာင္မ်ားကို အထက္အမိန႔္အရ အထက္သို႔ တင္ျပရမည္ဟု ဆိုကာ ျမစ္ေခ်ာင္းရွင္းလင္းေရးေခါင္းစဥ္ျဖင့္ လာေရာက္ဖမ္းဆီးျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီဘက္မွ ေျပာသည္ဟု ေဒသခံမ်ား ဆိုသည္။ အာလမ္ေက်း႐ြာတြင္ ဘတ္ေဖာ္ျဖင့္ ေ႐ႊတူးေဖာ္သူ တစ္ဦးရွိၿပီး အမ်ားစုမွာ ေဒသခံျပည္ လက္လုပ္လက္စား အေသး စားလုပ္ကြက္ျဖင့္ ေ႐ႊတူးေဖာ္ေနသူမ်ားျဖစ္သည္ဟု ဆိုသည္။

စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ


*********************
၅။ တႏိုင္း တ႐ုန္ေက်း႐ြာအနီး စစ္ေကာင္စီတပ္ တိုက္ခိုက္ခံရၿပီး ေသဆုံးမႈရွိ
26th March 2022

တႏိုင္းၿမိဳ႕နယ္ တ႐ုန္ေက်း႐ြာသို႔ တပ္ခ်ိန္းလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ PDF ပူးေပါင္းတပ္တို႔ ယေန႔ ၁၂ နာရီဝန္းက်င္ခန႔္တြင္ တ႐ုန္ေက်း႐ြာအနီး မိုင္းဆြဲတိုက္ခိုက္ခဲ့ေသာေၾကာင့္ စစ္ေကာင္စီတပ္ ၅ ဦး ထက္မနည္း ေသဆုံးခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္က တ႐ုန္ေက်း႐ြာ၏ တ႐ုန္ေခ်ာင္းကူးတံတားေပၚတြင္ တပ္စြဲထားသည့္ တပ္စခန္းတြင္ တပ္အေျပာင္းအလဲ ျပဳလုပ္ရန္ တႏိုင္းၿမိဳ႕ဘက္မွ တက္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ကို တ႐ုန္ေခ်ာင္းအနီးတြင္ KIA ႏွင့္ PDF အဖြဲ႕က ၄ႀကိမ္ထက္နည္း မိုင္းခြဲတိုက္ခိုက္ခဲ့သည္ဟု KIA ေရွ႕တန္း သတင္းအရင္းအျမစ္တစ္ဦးက KNG ကိုေျပာဆိုသည္။

တိုက္ခိုက္ခံရသည့္ စစ္ေကာင္စီတပ္ဖြဲ႕သည္ ယခုအပတ္ မတ္လ ၂၄ ရက္ေန႔ တိန္ေကာက္ေက်း႐ြာဘက္မွ စစ္အင္အား ၅၀ ဝန္းက်င္ခန႔္ျဖင့္ ထြက္လာေသာ ခလရ ၂၆၀ တပ္ရင္းမွ စစ္သားမ်ားျဖစ္သည္ဟု သူက ဆက္ဆိုထားသည္။ အဆိုပါ စစ္ေကာင္ စီတပ္ဖြဲ႕သည္ မတ္လ ၂၄ ရက္ေန႔ တႏိုင္းၿမိဳ႕အဝင္ ၈ မိုင္ လမ္းေတာင့္တစ္ေနရာတြင္ ပထမအႀကိမ္ တိုက္ခိုက္ခံခဲ့ရျခင္း ျဖစ္သည္။ https://burmese.kachinnews.com/2022/03/26/mar-26-y1/
********************
၆။ ထီးခ်ိဳင့္ၿမိဳ႕အဝင္ ဂိတ္ကို PDF မိုင္းဆြဲတိုက္ခိုက္၊ ႏွစ္ဦး ေသသုံးဦးဒဏ္ရာရ
26th March 2022

ထီးခ်ိဳင့္ၿမိဳ႕အဝင္ ကကၠိဳကုန္းလမ္းဆုံ ဂိတ္ကို ယေန႔ နံနက္ပိုင္းက ထီးခ်ိဳင့္ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီစစ္သား ၂ဦး ေသဆုံးၿပီး ၃ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ စစ္ေကာင္စီတပ္သားမ်ားအထိုင္ခ်ထား အဆိုပါ ဂိတ္ကို ထီးခ်ိဳင့္ PDF မိုင္းျဖင့္ ႏွစ္ႀကိမ္သြားေရာက္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္ ၂ ဦး ေသဆုံးၿပီး ၃ ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ထီးခ်ိဳင့္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ တစ္ဦးက KNG သတင္းဌာနသို႔ ေျပာသည္။

အဆိုပါဂိတ္ မိုင္းဆြဲတိုက္ခိုက္ခံရေသာ္လည္း လမ္းသြားလမ္းလာ ပိတ္ထားျခင္းမ်ိဳးမရွိပဲ ပုံမွန္သြားလာခြင့္ျပဳထားဆဲျဖစ္သည္။ တိုက္ခိုက္ခံရသည့္ ယင္းဂိတ္တြင္ စစ္ေကာင္စီတပ္သား ၁၅ ဦး ခန္႔ရွိေၾကာင္းလည္းသိရသည္။

ထီးခ်ိဳင့္ PDF အေနျဖင့္ စစ္ေကာင္စီတပ္သားမ်ား အထိုင္ခ်ထားသည့္ စစ္ေဆးေရးဂိတ္ ၁၀ ခုထက္မနည္းကို တိုက္ခိုက္ခဲ့ၿပီး ေသဆုံးသူ ယခု ၃ ဦး အပါအဝင္ ၂၀ ေက်ာ္အထိရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေ သုံးဦးဒဏ်ရာရ


*******************
၇။ စစ္ေကာင္စီ ရိကၡာတင္သေဘၤာ ၂ စီး ေဒသကာကြယ္ေရးတပ္မွ ေရွာ့တိုက္ဒုန္းျဖင့္ ပစ္ခတ္တိုက္ခိုက္
25th March 2022

ကသာၿမိဳ႕နယ္ မိုးတားေလးေက်း႐ြာတြင္ ႏွစ္ညစခန္းခ်ခဲ့သည့္ စစ္ေကာင္စီတပ္၏ ရိကၡာတင္သေဘၤာ အထက္ဝဲႀကီး႐ြာအ ေရာက္တြင္ ေဒသကာကြယ္ေရးတပ္ဖြဲ႕၏ ေရွာ့တိုက္ဒုန္းျဖင့္ ေစာင့္ႀကိဳပစ္ခတ္မႈကို ခံရေၾကာင္း သိရသည္။ ယေန႔နံနက္ ၁၀ နာရီဝန္းက်င္တြင္ မိုးတားေလးေက်း႐ြာမွ ထြက္လာသည့္ ယင္းစစ္ေကာင္စီတပ္၏ ရိကၡာတင္သေဘၤာကို သံပုရာကုန္း႐ြာႏွင့္ အထက္ဝဲႀကီး႐ြာၾကားတြင္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မွ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အလားတူ မတ္လ ၂၄ ရက္ ည ၉ နာရီခန္႔တြင္လည္း ခတက္ေခ်ာင္႐ြာႏွင့္ မင္းလယ္႐ြာၾကား၌ သေဘၤာလုံၿခဳံေရးယူထားသည့္ ေျခလွ်င္စစ္ေၾကာင္းကို ေဒသကာကြယ္ေရးတပ္မွ လက္နက္ႀကီး ၄ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ကသာအထက္ပိုင္း ဗန္းေမာ္၊ ေ႐ႊကူနယ္တစ္ဝိုက္တြင္ မတ္လ ၁၄ရက္ေန႔မွစကာ ေန႔စဥ္ဆိုသလို စစ္ေကာင္စီတပ္၏ ရိကၡတင္ သေဘာ္အျပင္လုံၿခဳံေရးယူေပးသည့္ ေျခလ်င္စစ္ေၾကာင္းမ်ားကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မွ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့သည္။

စစ္ကိုင္းတိုင္း၊ ကသာနယ္အထက္ပိုင္း ျမစ္ေၾကာင္းတစ္ေလွ်ာက္သည္ စစ္ေကာင္စီတပ္၏ ရိကၡာႏွင့္ စစ္အင္အားျဖည့္တင္း ရာတြင္ အဓိကအသုံးျပဳသည့္ ေရေၾကာင္းတစ္ခုျဖစ္သည့္အတြက္ စစ္ေကာင္စီတပ္ဘက္မွလည္း ယခင္ထက္လုံၿခဳံေရးအင္အား တိုးျမင့္လာေၾကာင္း သိရသည္။ https://burmese.kachinnews.com/2022/03/25/mar-25-z1/
*******************
၈။ ေရးၿမိဳ႕နယ္ တူးေျမာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၏ အစ္မျဖစ္သူ ေသနတ္ပစ္ခံရၿပီးေသဆုံး
(၂၀၂၂၊ မတ္လ ၂၈)

ေရးၿမိဳ႕နယ္ တူးေျမာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းထြန္း၏ အစ္မျဖစ္သူ မတ္လ ၂၇ ရက္က နံနက္ပိုင္းတြင္ ေနအိမ္၌ ေသနတ္ျဖင့္အပစ္ခံရၿပီး ေသဆုံးခဲ့ေၾကာင္း ေရးၿမိဳ႕မ ရဲစခန္းမွ သိရသည္။ ဦးသန္းထြန္းကို ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္စဥ္ အစ္မျဖစ္သူ၏ ရင္ဘက္တြင္ က်ည္ထိမွန္ၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေရးၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ပစ္ခတ္ခဲ့သည့္ အဖြဲ႕အစည္းမွာ ေရးၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ႐ုံးေရွ႕တြင္ အလိုရွိေၾကာင္း ေၾကျငာခံထားရသည့္ ေရးဘီလူးအဖြဲ႕ျဖစ္ ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။ ေရးၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က အစင္စံျပေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ျမင့္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရေသးသည္။

ေရးဘီးလူးအဖြဲ႕က သတင္းေပးဟု စြပ္စြဲခံရသူ ပရဟိတလုပ္ကိုင္ေဆာင္႐ြက္သူ တပ္မေတာ္ အၿငိမ္းစား ဗိုလ္မႉး ၁ ဦး၊ ေက်ာင္း ဆရာ ၁ ဦးအပါအဝင္ အနည္းဆုံး ၃ ဦးထက္မနည္းကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္။ https://burmese.monnews.org/
******************
၉။ မြန္ျပည္နယ္အတြင္း ဆားၾကမ္းတစ္ပိႆာ ၃၀၀က်ပ္ထိ ေဈးတက္
(၂၀၂၂ မတ္လ ၂၈)

မြန္ျပည္နယ္အတြင္း ဆားကြင္းမ်ား ပ်က္စီးခဲ့ေသာေၾကာင့္ ဆားၾကမ္း တစ္ပိႆာ ေငြက်ပ္ ၃၀၀ ထိ ေဈးျမင့္တက္လာခဲ့ေၾကာင္း ဆားေတာင္သူမ်ားထံက သိရသည္။ ၿပီးခဲ့သည့္ရက္ပိုင္းက မုန႔္တိုင္းေၾကာင့္ မိုး႐ြာသြန္းမႈမ်ား ရွိခဲ့ၿပီး ဆားကြင္းမ်ား ထပ္မံ ပ်က္စီး ခဲ့ရျခင္းျဖစ္သည္။

ယခုႏွစ္အတြင္း တတိယအႀကိမ္ေျမာက္ ဆားကြင္း ပ်က္စီးခဲ့ရျခင္း ျဖစ္ေသာေၾကာင့္ ျပည္နယ္အတြင္း ဆားေဈးႏႈန္းမ်ားလည္း တက္လာေၾကာင္း သံျဖဴဇရပ္ၿမိဳ႕နယ္မွ ဆားေတာင္သူ တစ္ဦးက ေျပာသည္။ မြန္ျပည္နယ္အတြင္း တတိယအႀကိမ္ေျမာက္ ဆားဖ်က္မိုး႐ြာၿပီးေနာက္ ဆားၾကမ္းတစ္ပိႆာ ၃၀၀ က်ပ္ ေပါက္ေဈးရွိခဲ့ၿပီး ဆားေခ်ာ တစ္ပိႆာ ၂၅၀က်ပ္ထိ ေပါက္ေဈး ရွိခဲ့ေၾကာင္း သိရသည္။

မြန္ျပည္နယ္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္ ပင ေက်း႐ြာတြင္ ဆားကြင္းဧကေပါင္း ၂၉၀၀ ခန႔္ရွိၿပီး မိုးမဖ်က္ပါက ဆားပိႆာခ်ိန္ ၅၀၀‌ ေက်ာ္ခန႔္ ပုံမွန္ ထြက္ေလ့ရွိေၾကာင္း သိရသည္။ ေရးၿမိဳ႕နယ္ႏွင့္ ေပါင္ၿမိဳ႕နယ္အတြင္း၌လည္း ေနလွန္းဆားလုပ္ငန္းမ်ား လုပ္ကိုင္ လ်က္ရွိေၾကာင္း သိရသည္။ https://burmese.monnews.org/
****************
၁၀။ ျမဝတီမွ ေမာ္လၿမိဳင္သို႔ျပန္လာသည့္ကားတစ္စီး ပစ္ခတ္ခံရၿပီး အမ်ိဳးသားတစ္ဦးေသဆုံး
(၂၀၂၂ မတ္လ ၂၈)

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းပိုင္း ယာယီေဘလီတံတားအနီးတြင္ ယေန႔ (မတ္လ ၂၈ရက္) နံနက္ပိုင္းက ျမဝတီမွ ေမာ္လၿမိဳင္သို႔ ဆင္းလာသည့္ အိမ္စီးကားတစ္စီး အပစ္ခံရၿပီး ကားေပၚမွ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ပုလဲျဖဴလူမႈ ကယ္ဆယ္ေရးထံမွ သိရသည္။ အမ်ိဳးသား ၅ ဦး လိုက္ပါစီးနင္းလာသည့္ အနက္ေရာင္ Probox အမ်ိဳးအစား ကားပစ္ခတ္ခံခဲ့ရ ျခင္းျဖစ္ၿပီး ကားေနာက္ခန္းတြင္ ထိုင္သည့္ သုံးဦးအနက္ အလယ္မွ အမ်ိဳးသား က်ည္ထိမွန္ ေသဆုံးခဲ့ျခင္း ျဖစ္သည္။

က်ည္ထိမွန္သူကို ၎တို႔ကိုယ္တိုင္ ေကာ့ရိတ္ေဆး႐ုံသို႔ ပိုေဆာင္ခဲ့ၿပီး ေသဆုံးသူ အမ်ိဳးသားအေလာင္းကို ေမာ္လၿမိဳင္သို႔ ျပန္လည္ယူေဆာင္သြားေၾကာင္း လူမႈကယ္ဆယ္ေရး တာဝန္ခံက မြန္သတင္းေအဂ်င္စီကို ေျပာသည္။ ေသဆုံးသူေဘးမွ အမ်ိဳးသား ကြမ္းတံေတြးငုံ႔ေထြးေနစဥ္ က်ည္ထိမွန္ခဲ့ၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ကူညီေဆာင္႐ြက္ေပးခဲ့သည့္ ပုလဲျဖဴလူမႈ ကယ္ဆယ္ေရးအသင္းထံမွသိရသည္။ အဆိုပါ ေကာ့ကရိတ္-ျမဝတီလမ္းမႀကီးႏွင့္ ျမဝတီ-ေဝၚေလလမ္းကို ျဖတ္သန္းသြား လာျခင္းမျပဳရန္ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္က မတ္လ ၂၇ရက္ေန႔တြင္ စာထုတ္ျပန္ ထားသည္။

ယမန္ေန႔က အဆိုပါကားလမ္းတြင္ သြားလာသည့္ ကားမရွိေသာ္လည္း ယေန႔ နံနက္ပိုင္းတြင္ ကားအေသးအခ်ိဳ႕ႏွင့္ ကုန္တင္ ယာဥ္အခ်ိဳ႕ ျဖတ္သန္းသြားလာခဲ့သည္။ ကရင္ျပည္နယ္တြင္ စစ္တပ္ႏွင့္ KNU၊ KNLA၊ PDF တို႔ တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး Probox ကားအျပင္ ကုန္တင္ယာဥ္အခ်ိဳ႕လည္း က်ည္ထိမွန္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ https://burmese.monnews.org/
**********************
၁၁။ မြန္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္နားထားျခင္းေၾကာင့္ အုတ္လုပ္ငန္းမ်ား အရႈံးေပၚ
(၂၀၂၂ မတ္လ ၂၆)

မြန္ျပည္နယ္အတြင္း ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလက စတင္ကာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္နားလာခဲ့ေသာေၾကာင့္ အုတ္လုပ္ငန္း လုပ္ကိုင္သူမ်ား အရႈံးေပၚေနေၾကာင္း အုတ္လုပ္ငန္းရွင္မ်ားက ေျပာသည္။

ေဆာက္ေရးလုပ္ငန္းႏွင့္ ျပင္ဆင္ေရး လုပ္ငန္းမ်ားရပ္နားထားေသာေၾကာင့္ အုတ္ဝယ္လိုအား သိသိသာသာ က်ဆင္းလာခဲ့ ေၾကာင္း မုဒုံၿမိဳ႕နယ္က အုတ္လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။ အုတ္လုပ္ကိုင္ရာမွာ အဓိက အသုံးျပရေသာ ထင္း ရွားပါး လာေသာေၾကာင့္ ဝယ္ယူရာမွာလည္း ေဈးပိုေပးေနရေၾကာင္း ေမာ္လၿမိဳင္မွ အုတ္လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။

မြန္ျပည္နယ္အတြင္းက ေမာ္လၿမိဳင္၊ မုဒုံ၊ က်ိဳင္မေရာႏွင့္ ေရးၿမိဳ႕နယ္တို႔တြင္ အုတ္လုပ္ငန္းကို အမ်ားဆုံး ထုတ္လုပ္ လုပ္ကိုင္‌ေန ေၾကာင္း သိရသည္။ ထို႔ျပင္ မြန္ျပည္နယ္မွ ထြက္ရွိလာေသာ အုတ္မ်ားကို ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္ႏွင့္ ျပည္နယ္အသီးသီးသို႔ တင္ပို႔ေရာင္းခ်ေနေၾကာင္း သိရသည္။ https://burmese.monnews.org/
******************
၁၂။ လွ်ပ္စစ္မီးကို ေမလအထိ အလွည့္က်စနစ္ျဖင့္သာ ေပးႏိုင္ဦးမည္
(၂၀၂၂ မတ္လ ၂၅)

လွ်ပ္စစ္ဓာတ္အား တိုးျမႇင့္ထုတ္လုပ္ႏိုင္ရန္ လုပ္ေဆာင္ေနသည့္အတြက္ လွ်ပ္စစ္မီးကို မတ္လအထိ အလွည့္က်စနစ္ျဖင့္သာ ေပးႏိုင္ဦးမည္ဟု နစကေကာင္စီက သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။ မတ္လ ၂၄ရက္ေန႔က ေန႔ျပည္ေတာ္တြင္ ျပဳလုပ္ သည့္ သတင္းစာရွင္းလင္းပြဲ၌ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

မြန္ျပည္နယ္တြင္ လွ်ပ္စစ္မီး အခ်ိန္ၾကာျမင့္စြာ ျပတ္ေတာက္မႈေၾကာင့္ အခက္ေတြ႕ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။ လွ်ပ္စစ္ဓါတ္အား တိုးျမႇင့္ေပးႏိုင္ရန္ ဓါတ္ေငြ႕ပိုက္လိုင္းတိုးခ်ဲ႕ျခင္း၊ ေရအားႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္စီမံကိန္းမ်ား တိုးခ်ဲ႕ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။

လက္ရွိတြင္ တာပိန္ (၁) ေရအားလွ်ပ္စစ္ စီမံကိန္းမွ ထြက္ရွိမည့္ ဓာတ္အား ၁၂၀ မဂၢါဝပ္အား ဝယ္ယူႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိၿပီး ဘီလူးေခ်ာင္း ေရအားလွ်ပ္စစ္မွထြက္ရွိမည့္ ဓာတ္အား ၂၂၀ မဂၢါဝပ္ကိုလည္း ႏိုင္ငံေတာ္ ဓာတ္အားစနစ္သို႔ ျပန္လည္ပို႔လႊတ္ ႏိုင္ရန္ႏွင့္ ဖ်က္ဆီးခံထားရသည့္ တာဝါတိုင္မ်ားကိုလည္း ျပန္လည္ ျပင္ဆင္လ်က္ရွိေၾကာင္း သတင္းစာရွင္းလင္းပြဲမွ သိရသည္။

Home


***************
၁၃။ စစ္ေဆးမခံသည့္ ႏိုင္ငံေရးပါတီမ်ား ပါတီဖ်က္သိမ္းသည္အထိ လုပ္ေဆာင္ႏိုင္ေၾကာင္း UEC ေျပာ
(၂၀၂၂၊ မတ္လ ၂၄)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ၂၀၂၁ ခုႏွစ္ ၾသဂုတ္လကစၿပီး ႏိုင္ငံေရးပါတီမ်ားအား စစ္ေဆးခဲ့ရာ အစစ္ အေဆးမခံသည့္ပါတီမ်ားကို (၃)ႏွစ္အထိ ယာယီရပ္ဆိုင္းႏိုင္သည့္အျပင္ ဖ်က္သိမ္းႏိုင္သည္အထိ လုပ္ေဆာင္ႏိုင္ေၾကာင္း UEC အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေျပာသည္။

မတ္လ ၂၄ ရက္ေန႔တြင္ ျပဳလုပ္သည့္ နစက ေကာင္စီသတင္းစာ ရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားျခင္းျဖစ္သည္။ တရားဝင္မွတ္ပုံတင္ထားသည့္ ႏိုင္ငံေရးပါတီ ၈၃ ပါတီရွိသည့္အနက္ စစ္ေဆးရန္က်န္ေနေသာပါတီ ၉ ပါတီကို ဆက္လက္စစ္ ေဆးမည္ဟုလည္း ဆိုခဲ့သည္။ ပါတီ၏ ပစၥည္းစာရင္း၊ ပါတီဝင္ႏွင့္ ေငြစာရင္းမ်ားအား UEC အေနျဖင့္ လိုအပ္ပါက မိမိတို႔႐ုံးတြင္ လာေရာက္စစ္ေဆးႏိုင္ၿပီး ၫႊန္ၾကားသည့္ေနရာသို႔ သြားေရာက္အစစ္ေဆးမခံႏိုင္ေၾကာင္း ယခင္က ေျပာၾကားထားသည္။

စုံညီအစည္းအေဝးကို UEC အဖြဲ႕ဝင္မ်ား စုံညီစြာျဖင့္ က်င္းပရန္ရွိေနၿပီး အဆိုပါစုံညီအစည္းအေဝးတြင္ အစစ္ေဆးမခံေသာ ႏိုင္ငံေရးပါတီမ်ားကို အေရးယူႏိုင္ေရးကိစၥကို ေဆြးေႏြးမည္ျဖစ္သည္။ နစကေကာင္စီက ၂၀၂၃ ခုႏွစ္တြင္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ရန္စီစဥ္ေနၿပီး မလုပ္ႏိုင္သည့္ ေဒသမ်ားတြင္မလုပ္ဘဲ လုပ္ႏိုင္သည့္ေဒသတြင္လုပ္မည္ျဖစ္ေၾကာင္း ယေန႔ မတ္လ ၂၄ရက္ေန႔က ေနျပည္ေတာ္တြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ဒုတိယဝန္ ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။ https://burmese.monnews.org/
****************
၁၄။ ထိုင္းႏိုင္ငံထုတ္ ရေသ့ေဆးတြင္ စတီး႐ြိဳက္မ်ားစြာပါဝင္ေန၍ သုံးစြဲရန္မသင့္ဟု ထုတ္ျပန္
(၂၀၂၂ မတ္လ ၂၅)

ျမန္မာႏိုင္ငံရွိ အႏုပညာရွင္အခ်ိဳ႕ ေၾကာ္ျငာေပးေနသည့္ ထိုင္းႏိုင္ငံထုတ္ ရေသ့ေဆး (သို႔) ထိုင္းဗိေႏၲာေဆးတြင္ ကလီစာကို ထိခိုက္ေစႏိုင္သည့္ စတီ႐ြိဳက္မ်ားစြာပါဝင္ေနသည့္အတြက္ သုံးစြဲရန္မသင့္ေၾကာင္း ထိုင္းႏိုင္ငံ က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ ခဲ့သည္။

ရေသ့ေဆး ထုတ္လုပ္သည့္စက္႐ုံကို ထိုင္းႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ FDA တာဝန္ရွိသူမ်ား ဝင္ေရာက္စစ္ေဆးခဲ့ရာ ေဆးရည္ပုလင္း တစ္ပု လင္းတြင္ စတီး႐ြိဳက္ေဆးျပား အျပား ၇၀ႏွင့္ အကိုက္အခဲေပ်ာက္ေဆးျပား အျပား ၃၀ ထိ ထည့္သြင္းထားေၾကာင္း ထိုင္းႏိုင္ငံ သတင္းမ်ားတြင္‌ ေဖာ္ျပခ်က္အရ သိရသည္။ အဆိုပါ ေဆးမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာမွ ထိုင္းေရာက္ျမန္မာအခ်ိဳ႕က ျမန္မာ ႏိုင္ငံကို တင္ပို႔ေရာင္းခ်ေနၿပီး ေရာင္းအားေကာင္းသည့္ ပစၥည္းေဆးတစ္မ်ိဳးျဖစ္ကာ ေဆးအၫႊန္းတြင္ ႏို႔တိုက္မိခင္ႏွင့္ ကိုယ္ဝန္ ေဆာင္မ်ား ေသာက္သုံးရန္မသင့္ေၾကာင္းႏွင့္ ေဆးကို စြဲမေသာက္ရန္ ေရးသားထားသည္။

ေဆးရည္အမ်ိဳးအစားျဖစ္ၿပီး အစာစားၿပီးတိုင္း တစ္ေန႔ ႏွစ္ႀကိမ္ေသာက္ရမည္ျဖစ္ၿပီး ဆီးခ်ိဳ၊ ေသြးတိုး၊ ေက်ာက္ကပ္ေရာ ဂါရွိသူမ်ားကို ၁၅ ရက္ထက္ ပိုမေသာက္ရန္ အြန္လိုင္းတြင္ ေဆးေရာင္းခ်သူမ်ားက ေျပာသည္။ အြန္လိုင္းေပါက္ေစ်းမ်ားအရ အဆိုပါ ရေသ့ေဆးရည္ တစ္ဘူးလ်င္ ျမန္မာေငြ ၆၀၀၀က်ပ္မွ ၁၀၀၀၀ေက်ာ္အထိ ေပးဝယ္ေနရသည္။ သို႔ရာတြင္ ေဆးတြင္ စတီး႐ြိဳက္ပမာဏပါဝင္ေနၿပီး လူ႔အသက္အႏၲရာယ္ရွိတာေၾကာင့္ ထိုင္းအစိုးရက ဝင္ေရာက္ဖမ္းဆီး ပိတ္သိမ္းလိုက္ၿပီျဖစ္ ေၾကာင္း ထိုင္းႏိုင္ငံ သတင္းမ်ားအရ သိရသည္။ https://burmese.monnews.org/
*****************
၁၅။ နမၼတူၿမိဳ႕နယ္ ရွရွားေတာင္အနီး ပစ္ခတ္မႈျဖစ္
March 28, 2022

သွ်မ္းျပည္ေျမာက္ပိုင္း ရွရွားေတာင္ အနီးတစ္ဝိုက္တြင္ လက္နက္ႀကီး၊လက္နက္ငယ္ ပစ္ခတ္သံမ်ား ထြက္ေပၚေနေၾကာင္း စုံစမ္းသိရသည္။ ယေန႔ မတ္လ ၂၈ ရက္ေန႔ ည ၇ နာရီဝန္းက်င္အခ်ိန္တြင္ ေဘာ္တြင္း ႏွင့္ ႐ုရွားေတာင္ အနီးတစ္ဝိုက္ တြင္ ပစ္ခတ္သံမ်ား ထြက္ေပၚလာၿပီး လက္နက္ႀကီးပစ္ခတ္သံမ်ားပါ ၾကားရေၾကာင္း နမၼတူၿမိဳ႕ခံ တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

အဆိုပါ ပစ္ခတ္မႈသည္ ႐ုရွားေတာင္နားရွိ စစ္ေကာင္စီတပ္စခန္းတစ္ခုကို လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုမွ လာေရာက္ပစ္ခတ္ ျခင္းျဖစ္သည္ဟုသာ သိရၿပီး မည္သည့္ အဖြဲ႕အစည္း ဆိုတာေတာ့ အတည္ျပဳခ်က္ မရရွိေသးပါ။

နမၼတူၿမိဳ႕နယ္အတြင္းတြင္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ား ျဖစ္သည့္ TNLA တပ္ဖြဲ႕၊ SSPP/SSA တပ္ဖြဲ႕ ႏွင့္ KIA တပ္ဖြဲ႕တို႔ သြားလာလႈပ္ရွားေနေၾကာင္း သိရသည္။ https://burmese.shannews.org/archives/27549
*******************
၁၆။ မူဆယ္ၿမိဳ႕နယ္ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္မ်ား စစ္ေဆးမႈျပဳလုပ္ေန
March 28, 2022

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ ေတာ္႐ြက္ေက်း႐ြာအုပ္စု ဟိုေဆာင္ေက်း႐ြာတြင္ စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္ မ်ားက လမ္းသြားလမ္းလာမ်ားအား စစ္ေဆးမႈ ျပဳလုပ္ေနလ်က္ရွိေၾကာင္း စုံစမ္းသိရွိရသည္။ ယခု မတ္လအတြင္းမွစၿပီး မူဆယ္ ၿမိဳ႕ ဟိုေဆာင္ေက်း႐ြာထိပ္ႏွင့္ မဂၤလာမူဆယ္အဝင္ေပါက္တို႔တြင္ ျပည္သူ႔စစ္မ်ား စစ္ေဆးေနေၾကာင္း၊ ထိုေနရာတြင္ စစ္ေကာင္ စီပိုင္ Mytel တာဝါတိုင္ရွိထားေၾကာင္းလည္း မူဆယ္ၿမိဳ႕ ေဒသခံမ်ားက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ထိုျပည္သူ႔စစ္မ်ားသည္ သြားလာသည့္ ျပည္သူမ်ားကို မွတ္ပုံတင္စစ္ေဆးေနလ်က္ရွိၿပီး ၿခိမ္းေျခာက္မႈမ်ားလည္း ရွိေနသျဖင့္ ေဒသခံမ်ားက သြားလာရန္အတြက္ စိုးရိမ္မႈမ်ားျဖစ္ရေၾကာင္း စစ္ေဆးမႈခံရသည့္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ထိုစစ္ေဆးမႈ ျပဳလုပ္ေနသည့္ ျပည္သူ႔စစ္မ်ား၏ လက္ေမာင္းသူ နမ့္ခမ္း(၁) ဆိုသည့္ တံဆိပ္ပါေၾကာင္း သိရသည္။ မူဆယ္ၿမိဳ႕ နယ္အတြင္း ျပည္သူ႔စစ္မ်ား စစ္ေဆးေနသည့္အျပင္ စစ္ေကာင္စီတို႔၏ စစ္ေဆးေရးဂိတ္မ်ားလည္း မ်ားစြာရွိေနေၾကာင္း သိရသည္။ ထိုစစ္ေဆးေရးဂိတ္မ်ားသည္ မွတ္ပုံတင္မ်ားကို စစ္ေဆးၿပီး မပါရွိပါက ေငြေၾကးေတာင္းယူမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။ https://burmese.shannews.org/archives/27546
*****************
၁၇။ သွ်မ္းျပည္အတြင္း ေ႐ြးေကာက္ပြဲ အေၾကာင္းျပ အိမ္ေထာင္စုစာရင္း လိုက္လံေကာက္ေန
March 28, 2022

သွ်မ္းျပည္အတြင္း စစ္ေကာင္စီ လက္ေအာက္ခံ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးတို႔ ပူးေပါင္းၿပီး အိမ္ ေထာင္စု စာရင္းမ်ားကို လိုက္လံေကာက္ စစ္ေဆးေနလ်က္ရွိေၾကာင္း စုံစမ္းသိရွိရသည္။ စစ္ေကာင္စီက ျပဳလုပ္မည့္ ေ႐ြး ေကာက္ပြဲအတြက္ အေၾကာင္းျပၿပီး စစ္ေကာင္စီလက္ေအာက္ခံ အုပ္ခ်ဳပ္ေရးမႉးတို႔က ယခု မတ္လအတြင္း အိမ္ေထာင္စုတြင္းရွိ လူစာရင္းမ်ားကို လိုက္လံ ေကာက္ယူေနေၾကာင္း နမ့္လန္ၿမိဳ႕ ေဒသခံ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

အိမ္ေထာင္စုစာရင္းမ်ားကို လိုက္လံေကာက္ယူေနေသာ္လည္း ျပည္သူတစ္ခ်ိဳ႕က စစ္ေကာင္စီက ျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲ ေၾကာင့္ နာမည္စာရင္းသြားေရာက္ေပးသြင္းျခင္းမရွိေၾကာင္း သိရသည္။ ထိုနည္းတူ သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းဆတ္၊ က်ိဳင္းတုံ ဘက္တြင္လည္း စစ္ေကာင္စီလက္ေအာက္ခံ ေထြအုပ္တို႔က ယူနီေဖာင္းမပါဘဲ တစ္အိမ္တက္ တစ္အိမ္ဆင္း အိမ္ေထာင္စု စာရင္း လိုက္လံစစ္ေဆးေနေၾကာင္း သိရသည္။

ထို႔အျပင္ သွ်မ္းျပည္အေရွ႕ပိုင္းက လာေရာက္စစ္ေဆးသည့္ ေထြအုပ္မ်ားသည္ အထက္က အမိန႔္အတိုင္း လာေရာက္စစ္ေဆး ေကာက္ယူသြားၿပီး မည္သည့္ ကိစၥေၾကာင့္လာေရာက္စစ္ေဆးသည္ကို မသိရွိေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရ သိရသည္။ စစ္ေကာင္စီျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲအတြက္ လြန္ခဲ့သည့္ ၂၀၂၀ ခုႏွစ္ကတည္းက ပန္းခင္း စီမံခ်က္ျဖင့္ ကြင္းဆင္းၿပီး ျပည္သူ မ်ားကို မွတ္ပုံတင္လိုက္လံလုပ္ေပးခဲ့ေၾကာင္း သိရသည္။ ထိုစီမံခ်က္ထဲတြင္ အသက္ (၁၆)ႏွစ္ျပည့္သူတိုင္း တရားဝင္မွတ္ပုံ တင္ျဖင့္ ခရီးသြားလာရန္အတြက္ အေၾကာင္းျပၿပီး ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။
https://burmese.shannews.org/archives/27540
*****************
၁၈။ နမ့္ခမ္းၿမိဳ႕ သခ်ႋဳင္း အုတ္ဂူမ်ား ဖ်က္ဆီး သံမ်ားခိုးယူသြား
March 28, 2022

သွ်မ္းျပည္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕ရွိ သခ်ႋဳင္းတစ္ခုတြင္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားက အုတ္ဂူမ်ားကို ဖ်က္ဆီးၿပီး သံမ်ားကို ခိုးယူ သြားၾကေၾကာင္း စုံစမ္းသိရွိရသည္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း နမ့္ခမ္းၿမိဳ႕ရွိ သခ်ႋဳင္းတြင္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားႏွင့္ ေရာင္းဝယ္ေဖာက္ကားသူ မ်ားျပားလာၿပီး သခ်ႋဳင္းအုတ္ဂူ (၁၀)ခုေက်ာ္ ဖ်က္ဆီးသြားေၾကာင္း ယမန္ေန႔ (မတ္ ၂၈ ရက္) သြားေရာက္ ဖမ္းဆီးသူထဲမွ တာဝန္ရွိသူတစ္ဦးက သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

နမ့္ခမ္းၿမိဳ႕ထဲ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း လူငယ္မ်ား မူးယစ္ေဆးဝါးသုံးစြဲလာသူ မ်ားျပားလာျခင္း၊ ေလာင္းကစားမ်ား ပိုမိုမ်ားျပားလာၿပီး သူခိုးမ်ားလည္း ယခင္ကထက္ မ်ားျပားလာေၾကာင္း နမ့္ခမ္းေဒသခံ အမ်ိဳးသား တစ္ဦးက ေျပာသည္။

စစ္တပ္က ႏိုင္ငံေတာ္ အာဏာသိမ္းၿပီးေနာက္ပိုင္း သွ်မ္းျပည္တြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ မူးယစ္ေဆးဝါးသုံးစြဲသူ မ်ားျပားလာျခင္း၊ ေလာင္းကစား အမ်ားအျပား ရွိလာခဲ့ၿပီး သူခိုးဓါးျမလဲ ယခင္ကထက္ ပိုမိုမ်ားျပားလာသည္။
https://burmese.shannews.org/archives/27535
********************
၁၉။ မုံးကိုး စစ္ေရွာင္ ၈၀၀ ေက်ာ္ စားနပ္ရိကၡာ အေရးေပၚလိုအပ္ေန
March 28, 2022

သွ်မ္းျပည္ေျမာက္ပိုင္း မုံးကိုးၿမိဳ႕နယ္အတြင္း ေရာက္ရွိေနသည့္ စစ္ေရွာင္ ၈၀၀ ေက်ာ္အတြက္ စားနပ္ရိကၡာမ်ား အေရးေပၚ လိုအပ္ေနေၾကာင္း သတင္းသိရသည္။ မုံးကိုးၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္စခန္းမ်ားတြင္ေရာက္ရွိလာသည့္ ေက်း႐ြာ ၇ ႐ြာမွ ေဒသခံမ်ားအတြက္ ဆန္ ႏွင့္ စားနပ္ရိကၡာမ်ားျပတ္လပ္ေနၿပီး ကူညီေထာက္ပံ့မႈအေရးေပၚလိုအပ္ေနေၾကာင္း စစ္ေရွာင္မ်ားကို ကူညီေပးေနသည့္ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

မုံးကိုးၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္မ်ားအတြက္ စားနပ္ရိကၡာမ်ား ပို႔ေဆာင္ေပးရန္အတြက္ ကားလမ္းတစ္ေလွ်ာက္တြင္ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္မ်ားက တားျမစ္စစ္ေဆးမႈမ်ား၊ ဆဲဆိုမႈမ်ား ရွိေနသည့္အတြက္ေၾကာင့္ တခ်ိဳ႕ ပရဟိတသမားႏွင့္ အလႉရွင္မ်ား ကလည္း သြားလာရန္ ေၾကာက္လန႔္ေနေၾကာင္း သိရသည္။

လက္ရွိ မုံးကိုးၿမိဳ႕ေပၚရွိ စစ္ေရွာင္စခန္းထဲသို႔ ႀကံစိုက္ခင္းလုပ္ကိုင္သည့္ ေဒသခံမ်ားလည္း အလုပ္မျဖစ္သည့္အတြက္ စားဝတ္ ေနေရးခက္ခဲကာ လာေရာက္မွီခိုေနရသည္။ မုံးကိုးၿမိဳ႕ ေဒသအတြင္းတြင္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ ဩဂုတ္ လကုန္ပိုင္းမွစတင္ၿပီး ယေန႔ခ်ိန္ထိ စစ္ေကာင္စီ တပ္ဖြဲ႕ႏွင့္ ကိုးကန႔္ MNDAA တပ္ဖြဲ႕တို႔အၾကား တိုက္ပြဲ ျပင္းထန္ခဲ့ေသာေၾကာင့္ ေဒသခံ ေက်း႐ြာ ၇ ႐ြာမွ ျပည္သူ ၈၀၀ ခန႔္က မုံးကိုးၿမိဳ႕ေပၚရွိ ဘာသာေရး ဘုရားေက်ာင္းႏွင့္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ယေန႔အခ်ိန္ထိ ထြက္ေျပး တိမ္းေရွာင္ေနရျခင္းျဖစ္သည္။ https://burmese.shannews.org/archives/27531
********************
၂၀။ ႐ြာငံၿမိဳ႕နယ္ လူမေနသည့္အိမ္ စစ္ေကာင္စီ ေဖာက္ထြင္း ပစၥည္းမ်ား ယူေဆာင္သြား
March 28, 2022

သွ်မ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ ပဲရင္းေတာင္ေက်း႐ြာတြင္ လူမေနထိုင္သည့္ ေနအိမ္မ်ားကို စစ္သားမ်ားက ေဖာက္ထြင္းၿပီး အိမ္တြင္းပစၥည္းမ်ားကို ယူေဆာင္သြားေၾကာင္း စုံစမ္းသိရသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းတြင္ ပဲရင္းေတာင္ေက်း႐ြာမွ စစ္ေဘးတိမ္းေရွာင္ေနသည့္ ျပည္သူ႔ေနအိမ္မ်ားႏွင့္ ေၾကာက္လန႔္မႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ ျပည္သူ႔ေနအိမ္ မ်ားကို စစ္သားမ်ားက ေဖာက္ထြင္းၿပီး အိမ္တြင္းပစၥည္းမ်ားကို ယူေဆာင္သြားေၾကာင္း ေဒသခံမ်ားက သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

ယခုရက္ပိုင္းအတြင္း ေဖာက္ထြင္းခံရသည့္ ျပည္သူ႔ေနအိမ္ အနည္းဆုံး ၅ လုံးခန႔္ ရွိေနၿပီး အမ်ားစုမွာ တိုက္အိမ္ႏွင့္ စီးပြားေရး အသင့္အသင့္ရွိသည့္ အိမ္မ်ားကို စစ္သားတို႔က ေဖာက္ထြင္းၿပီး အိမ္တြင္းပစၥည္းမ်ားကို ယူသြားေၾကာင္း သိရသည္။

ပဲရင္းေတာင္ေက်း႐ြာအတြင္းတြင္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ PDF ႏွင့္ ဆက္စပ္သူတို႔ ရွိေနသည့္ သံသယျဖင့္ ေဒသခံ ႐ြာသားမ်ားကို ဖမ္းဆီး႐ိုက္ႏွက္စစ္ေဆးျခင္းမ်ား ျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။ ထို႔အျပင္ ယမန္ေန႔ မတ္လ ၂၆ ရက္ေန႔တြင္လည္း ႐ြာငံၿမိဳ႕နယ္ရွိ နန္းခုန္ေက်း႐ြာအတြင္းသို႔ စစ္ေကာင္စီ တပ္သားတို႔က တစ္အိမ္ခ်င္းလိုက္လံစစ္ေဆး ခဲ့ေၾကာင္းလည္း သိရသည္။ https://burmese.shannews.org/archives/27529
******************
၂၁။ သီေပါၿမိဳ႕နယ္ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိေသဆုံး
March 28, 2022

သွ်မ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ နမ့္ယန္းအုပ္စု ေကာင္းဟုန္းေက်း႐ြာတြင္ေနထိုင္သည့္ အမ်ိဳးသားတစ္ဦး ေျမျမဳပ္မိုင္းနင္းမိ ေသဆုံးခဲ့ၿပီး က်န္ရစ္သူ မိသားစုဝင္မ်ား စားဝတ္ေနေရးအတြက္ မ်ားစြာအခက္အခဲရွိေနေၾကာင္း သတင္းသိရသည္။ မတ္လ ၂၆ ရက္ မနက္ ၆ နာရီေက်ာ္တြင္ ေကာင္းဟုန္းေက်း႐ြာမွ စိုင္းဘေ႐ႊ ႏွင့္ တျခားေဒသခံႏွစ္ဦးတို႔သည္ ေကာင္းဟုန္းေက်း႐ြာ အျပင္ဘက္ရွိ ေတာင္ယာ သြားခုတ္ရွင္းလင္းစဥ္ စိုင္းဘေ႐ႊ က မိုင္းနင္းမိကာ ေသဆုံးသြားေၾကာင္း သိရသည္။

ေသဆုံးသူ စိုင္းဘေ႐ႊသည္ အသက္ ၄၀ ႏွစ္ရွိ အိမ္ေထာင္ဦးစီးတစ္ေယာက္ျဖစ္ၿပီး လက္ရွိတြင္ သူ၏အမ်ိဳးသမီးႏွင့္ သား တစ္ေယာက္၊ သမီးတစ္ေယာက္က်န္ရွိေနၿပီး ေရွ႕ဆက္ စားဝတ္ေနေရးအတြက္ မ်ားစြာ အခက္အခဲရွိေနေၾကာင္း သတင္းသိ ရသည္။ စိုင္းဘေ႐ႊ၏ ႐ုပ္အေလာင္းကို ႐ြာသူႀကီးဦးေဆာင္မႈျဖင့္ က်န္ရစ္သူမိသားစုဝင္မ်ားႏွင့္ ႐ြာသားမ်ား စုေပါင္းၿပီး မတ္လ ၂၆ ရက္ေန႔ မြန္းလြဲပိုင္းမွာပင္ သၿဂႋဳလ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္အပါအဝင္ RCSS/SSA ႏွင့္ ေျမာက္ပိုင္းမဟာမိတ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည့္ေနရာေတာ္ေတာ္မ်ားမ်ားတြင္ ေျမျမႇဳပ္ မိုင္းမ်ားကို အသုံးျပဳမႈရွိခဲ့ၾကၿပီး ျပန္ထြက္ခြာခ်ိန္တြင္ မိုင္းမ်ားကို ျပန္လည္ ႐ုတ္သိမ္းေပးမႈ မရွိေသာေၾကာင့္ ျပည္သူမ်ားက ေျမစာပင္အျဖစ္ မိုင္းနင္းမိ ထိခိုက္ဒဏ္ရာရ ေသဆုံးမႈမ်ား ရွိေနၾကသည္။ ထိုသို႔ ေသဆုံးမႈမ်ားရွိေနေသာ္လည္း လက္နက္ကိုင္ အဖြဲ႕အစည္းမွ တာဝန္ယူေျဖရွင္းေပးျခင္းလည္း မရွိေၾကာင္း သိရသည္။ https://burmese.shannews.org/archives/27526
******************
၂၂။ ႐ြာငံၿမိဳ႕ဖမ္းဆီးခံထားရသည့္ NLD အမတ္ ေနအိမ္ ခ်ိတ္ပိတ္ခံရ
March 26, 2022

သွ်မ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ အလယ္ေခ်ာင္ေက်း႐ြာတြင္ ေနထိုင္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္( NLD ) လႊတ္ေတာ္ အမတ္၏ ေနအိမ္ကို စစ္ေကာင္စီတပ္သားမ်ားက လာေရာက္ခ်ိတ္ပိတ္သြားေၾကာင္း သတင္းရရွိသည္။

မတ္လ ၂၂ ရက္တြင္ စစ္သားႏွင့္ရဲသားတခ်ိဳ႕က ဖမ္းဆီးခံထားရသည့္ NLD အမတ္၏ ေနအိမ္ကို ကားတစ္စီးျဖင့္ ေရာက္ရွိလာၿပီး အိမ္တြင္း ပစၥည္းတခ်ိဳ႕ ယူေဆာင္ကာ ဦးစိုင္းဝဏၰ၏ ေနအိမ္ကို ခ်ိတ္ပိတ္စာကပ္သြားေၾကာင္း ေဒသခံမ်ားက သွ်မ္းသံေတာ္ ဆင့္ကို ေျပာသည္။ ဦးစိုင္းဝဏၰႏွင့္ မိသားစုဝင္ ၄ ဦးကို ၿပီးခဲ့သည့္ မတ္လ ၇ ရက္ေန႔တြင္ စစ္ေကာင္စီတပ္သားတို႔က လာေရာက္ ဖမ္းဆီးေခၚေဆာင္သြားၿပီး မိသားစုဝင္ ၃ ဦးက ျပန္လည္လြတ္ေျမာက္လာေသာ္လည္း ဦးစိုင္းဝဏၰႏွင့္ ေနာက္ထပ္ မိသားစုဝင္ တစ္ဦးက ဖမ္းဆီးခံထားရဆဲ ျဖစ္ေၾကာင္း သတင္းသိရသည္။

႐ြာငံၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီ တပ္သားတို႔၏ အျပစ္မဲ့ျပည္သူမ်ားကို သံသယမႈျဖင့္ ႐ိုက္ႏွက္ ဖမ္းဆီးေထာင္ ခ်မႈမ်ား တစ္ေန႔တစ္ျခား မ်ားျပားလာသည့္အျပင္ လက္ရွိအခ်ိန္အထိ ခ်ိတ္ပိတ္ခံရသည့္ ျပည္သူ႔ေနအိမ္လည္း ၁၀ လုံး နီးပါးရွိ ေနေၾကာင္းသိရသည္။ https://burmese.shannews.org/archives/27517
***************
၂၃။ ေတာင္ႀကီးၿမိဳ႕ DNNA ကိုယ္ပိုင္အထက္တန္းေက်ာင္းအုပ္အပါအဝင္ အမ်ိဳးသမီး ၈ ဦးဖမ္းဆီးခံရ
March 26, 2022

သွ်မ္းေတာင္ ေတာင္ႀကီးၿမိဳ႕ ရွိ DNNA အမည္ရွိ ကိုယ္ပိုင္ အထက္တန္းေက်ာင္းအုပ္အပါအဝင္ အမ်ိဳးသမီး ၈ ဦး ကို စစ္ေကာင္စီ မွ ဖမ္းဆီးခံသြားေၾကာင္း စုံစမ္းသိရသည္။ ယမန္ေန႔( မတ္လ ၂၆) ရက္ ည အခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္၊ ခြာညိဳလမ္း ႏွင့္ သဇင္လမ္းတြင္ ေနထိုင္သည့္ DNNA ကိုယ္ပိုင္ အထက္တန္းေက်ာင္းအုပ္ ဆရာမေဒၚႏြဲ႕ႏြဲ႕ေအးႏွင့္ ၎တူမ ျဖစ္သူတို႔ကို စစ္ေကာင္စီတပ္သား အင္အား ၅၀ နီးပါးက လာေရာက္ရွာေဖြေၾကာင္း သိရသည္။

ဟန္ၿငိမ္းဦး ဆိုသည့္ တယ္ရီဂရမ္ အေကာင့္တြင္ DNNA ကိုယ္ပိုင္အထက္တန္းေက်ာင္းအုပ္ အပါအ၀င္ အမ်ိဳးသမီး (၈)ဦးသည္ PDFတပ္ဖြဲ႕ကိုေထာက္ပံ့ေနသည္ဟု စြပ္စြဲေရးသား သတင္းေပးမႈေၾကာင့္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕ခံမ်ားက ေျပာဆိုသည္။ ဟန္ၿငိမ္းဦး တယ္ရီဂရမ္မွ ေက်ာင္းအုပ္ဆရာမႀကီး၏ သမီးႏွင့္ တူမမ်ားက ျပည္သူကာကြယ္ေရးတပ္ဖြဲ႕မ်ား အတြက္ အလႉေငြမ်ားေကာက္ခံၿပီး ေထာက္ပို႔တာဝန္ယူေနေၾကာင္း မတ္လ ၂၅ ရက္၊ ညေနပိုင္းအခ်ိန္က ေဖာ္ျပထားၿပီးေနာက္ စစ္တပ္ႏွင့္ရဲမ်ားက အဆိုပါေနအိမ္အား တံခါးဖ်က္၍ ဝင္ေရာက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

သို႔ေသာ္ ေနအိမ္တြင္ ဖမ္းဆီးရမိျခင္း မရွိသည့္အတြက္ စစ္သားႏွင့္ ရဲတို႔က အနီးပတ္ဝန္းက်င္ရွိ ေနအိမ္မ်ားကို ဝင္ေရာက္ရွာေဖြ ျခင္းႏွင့္ တျခားရပ္ကြက္မ်ားကိုလည္း ပိုက္စိပ္တိုက္ ရွာေဖြျခင္းမ်ား ျပဳလုပ္ၿပီး ယေန႔ (မတ္လ ၂၆ ) ရက္ မနက္ ၂ နာရီတြင္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚႏြဲ႕ႏြဲ႕ေအး ႏွင့္ မိန္းကေလး ၈ ေယာက္တို႔ကို ၎တို႔ ပုန္းခိုေနသည့္ ခ်မ္းျမရပ္ကြက္မွ ေနအိမ္အ တြင္းတြင္ ဖမ္းဆီးရမိေၾကာင္းသိရသည္။ ေက်ာင္းအုပ္ဆရာမႀကီးကို မဖမ္းမိေသးသည့္ အခ်ိန္တြင္ DNNA ေက်ာင္းမွာ စာသင္ ၾကားေနသည့္ ေက်ာင္းဆရာတစ္ဦးကိုလည္း စစ္ေကာင္စီတို႔က ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
https://burmese.shannews.org/archives/27514
**************
၂၄။ ေတာင္ႀကီးၿမိဳ႕ေပၚ UG လႈပ္ရွားေနသည့္ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံရ
March 26, 2022

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ေပၚတြင္ စစ္အာဏာရွင္ကို ေတာ္လွန္ေနသည့္ UG လႈပ္ရွားေနသူ အမ်ိဳးသားတစ္ဦးကို စစ္ေကာင္စီမွ ရွာေဖြဖမ္းဆီးသြားေၾကာင္း စုံစမ္းသိရသည္။ ၿပီးခဲ့သည့္ မတ္လ ၂၃ ရက္ ေန႔လည္ပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕မွ မႏၲေလးႏွင့္ ရန္ကုန္သို႔ ပို႔ေဆာင္သည့္ ေဖာက္ခြဲေရးပစၥည္းမ်ား လမ္းမွာစစ္ေဆးဖမ္းဆီးျခင္းခံရၿပီးေနာက္ ေတာင္ႀကီးၿမိဳ႕မွ UG မ်ားကို စစ္ေကာင္စီတို႔က ေျခရာခံလိုက္ႏိုင္ၿပီး ညပိုင္းတြင္ အမ်ိဳးသားတစ္ေယာက္ ဖမ္းဆီးခံလိုက္ရေၾကာင္း သတင္းသိရသည္။

လက္ရွိ ေတာင္ႀကီးၿမိဳ႕မွ UG သမားမ်ားအေနျဖင့္ ေဘးလႊတ္ရာသို႔ အခ်ိန္မွီေရွာင္တိမ္းႏိုင္ခဲ့ေသာ္လည္း ဆက္စပ္သူမ်ားႏွင့္ မသက္ဆိုင္သူမ်ားကိုပါ စစ္ေကာင္စီကဖမ္းဆီးမႈမ်ား ျပဳလုပ္‌ေနသည့္အတြက္ သတိျပဳေနထိုင္ၾကရန္ႏွင့္ တခ်ိဳ႕လူငယ္မ်ားလည္း ႀကိဳတင္ေရွာင္တိမ္းသင့္ေၾကာင္း တက္ႂကြလႈပ္ရွားေနသည့္ လူငယ္တစ္ဦးက ေျပာသည္။

ယခုတစ္ပတ္အတြင္း ေတာင္ႀကီးၿမိဳ႕ေပၚရွိ ႏိုင္ငံေရးလႈပ္ရွားမႈမ်ား မရွိေသာ္လည္း အာဏာသိမ္းခါက စစ္ေကာင္စီဆန႔္က်င္ ေၾကာင္းဆႏၵျပ သပိတ္မ်ားတြင္ ပါဝင္ဖူးသည့္ လူငယ္အေယာက္၂၀ ေက်ာ္ကို စစ္ေကာင္စီက ဖမ္းဆီးထားေၾကာင္းလည္း သိရ သည္။ https://burmese.shannews.org/archives/27511
*****************
၂၅။ ဆီဆိုင္စစ္ေရွာင္ သြားကူသည့္ အသက္ ၁၈ ႏွစ္ေအာက္ အပါအဝင္ လူငယ္(၆)ဦး ဖမ္းဆီး ခံရ
March 26, 2022

သွ်မ္းေတာင္ ဆီဆိုင္ၿမိဳ႕ရွိ စစ္ေရွာင္မ်ားကို အလႉပစၥည္းမ်ား သြားေရာက္ေပးအပ္ခဲ့သည့္ အသက္ (၁၈)ႏွစ္ေအာက္ အပါအ၀င္ လူငယ္မ်ားႏွင့္ကားသမား စုစုေပါင္း (၆)ဦးကို စစ္ေကာင္စီအုပ္စုမွ ဖမ္းဆီးသြားေၾကာင္း စုံစမ္းသိရသည္။ ထိုဖမ္းဆီးမႈသည္ ၿပီးခဲ့သည့္ မတ္ ၂၃ ရက္က ဆီဆိုင္ၿမိဳ႕ ရွိ စစ္ေရွာင္မ်ားကို သြားေရာက္ကူညီခဲ့ၿပီး ေတာင္ႀကီးသို႔ ျပန္လာခ်ိန္ ေနာင္ေထာ္ စစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးခံရေၾကာင္း သိရသည္။

ထိုနည္းတူ ၿပီးခဲ့သည့္ မတ္လ ၂၂ ရက္တြင္လည္း ေတာင္ႀကီးၿမိဳ႕ေပၚရွိ စစ္ေကာင္စီ ဆန႔္က်င္ေၾကာင္း ဆႏၵျပ သပိတ္မ်ားတြင္ ပါဝင္ခဲ့ဖူးသူမ်ားႏွင့္ စစ္ေရွာင္အတြက္ အလႉေငြေကာက္ခံေနသူမ်ားကိုလည္း စစ္ေကာင္စီ တပ္သားမ်ားက လိုက္လံဖမ္းဆီး ေနေၾကာင္း သတင္းသိရသည္။ လက္ရွိတြင္ ႏိုင္ငံေရးလႈပ္ရွားမႈမ်ား မရွိေသာ္လည္း အာဏာသိမ္းခါက စစ္ေကာင္စီဆန႔္က်င္ ေၾကာင္းဆႏၵျပ သပိတ္မ်ားတြင္ ပါဝင္ဖူးသည့္ လူငယ္အေယာက္၂၀ ေက်ာ္ ဖမ္းဆီးခံထားရၿပီး က်န္ေနသည့္ လူငယ္မ်ားအ ေနျဖင့္ တိမ္းေရွာင္သင့္ေၾကာင္း အထက္ပါ လူငယ္က ဆက္ေျပာသည္။

စစ္ေကာင္စီတပ္သားတို႔သည္ PNA မ်ားႏွင့္ ပူးေပါင္းၿပီး လူငယ္မ်ားကို ရွာေဖြဖမ္းဆီးျခင္းမ်ား ျပဳလုပ္သည့္အျပင္ ယေန႔ မတ္လ ၂၅ ရက္ေန႔တြင္လည္း ေတာင္ႀကီးၿမိဳ႕ ၏ အထင္ကရႏွင့္ လမ္းႀကိဳလမ္းၾကား ေနရာမ်ားတြင္ PNA စစ္သားႏွင့္ စစ္ေကာင္စီ စစ္သားမ်ားက ေစာင့္ၾကပ္စစ္ေဆးေနေၾကာင္း သိရသည္။ လာမည့္ မတ္လ ၂၇ ရက္ေန႔ တပ္မေတာ္ေန႔အတြက္ လုံၿခဳံေရးပိုမို တင္းၾကပ္ထားျခင္း ျဖစ္သည္ဟုလည္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။
https://burmese.shannews.org/archives/27508
*******************
၂၆။ သွ်မ္းနီလူမ်ိဳး စစ္ေကာင္စီေဖ်ာက္ရန္ ႀကိဳးစားေနဟု သွ်မ္းနီမ်ား ေဝဖန္ေျပာဆို
March 25, 2022

သွ်မ္းနီတိုင္းရင္းသားမ်ား၏ အိမ္ေထာင္စု စာရင္းႏွင့္ မွတ္ပုံတင္တြင္ ပါရွိသည့္ လူမ်ိဳး ဆိုသည့္ေနရာတြင္ ဗမာဟု သုံးႏႈန္းေရး သားျခင္းသည္ လူမ်ိဳး ႏွင့္ လူမ်ိဳးနာမည္ေဖ်ာက္ရန္ ႀကိဳးစားမႈျဖစ္သည္ဟု သွ်မ္းနီလူမ်ိဳးမ်ားက ေဝဖန္ေျပာဆိုေနၾကသည္။ မတ္လ ပထမပတ္အတြင္းမွ စတင္ကာ စစ္ေကာင္စီလက္ေအာက္ခံ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန (လဝက) အဖြဲ႕သားမ်ားသည္ သွ်မ္းနီတိုင္းရင္းသားမ်ား ရွိရာေဒသမ်ားသို႔ ကြင္းဆင္းၿပီး မွတ္ပုံတင္ ႏွင့္ အိမ္ေထာင္စုစာရင္း ျပဳလုပ္ေပးျခင္း၊ လွဲလွယ္ေပးျခင္းတို႔ကို ျပဳလုပ္ရာ လူမ်ိဳးဆိုသည့္ေနရာတြင္ ဗမာ ဟု အတင္းေရးသားထည့္သြင္းေၾကာင္း ႀကဳံေတြ႕ရသူ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

သွ်မ္းနီတိုင္းရင္းသားတို႔သည္ မွတ္ပုံတင္ႏွင့္ အိမ္ေထာင္စုစာရင္းတို႔လုပ္ရာတြင္ မိမိတို႔၏ ပင္ကိုယ္လူမ်ိဳးျဖစ္သည့္အတိုင္း သွ်မ္းနီဟု ထည့္သြင္းခြင့္မရရွိခဲ့သည့္အျပင္ သွ်မ္းဗမာ၊ သွ်မ္း + ဗမာ ဟု ထည့္သြင္းခံလာရၿပီးေနာက္ ယခုတခါတြင္ “ဗမာ” ဟု ထည့္သြင္းေရးသားခံရေၾကာင္း သိရသည္။ ထိုသို႔လုပ္ေဆာင္ျခင္းသည္ လူမ်ိဳးအမည္ေဖ်ာက္ရန္ ႀကိဳးစားမႈျဖစ္ၿပီး မွတ္ပုံတင္မွာ “ဗမာ” လူမ်ိဳးဟု ေျပာင္းလဲ ခံရသည့္ သွ်မ္းနီလူမ်ိဳးမ်ားအတြက္ ျပန္လည္ေျဖရွင္းေပးရန္ လိုအပ္ေၾကာင္း တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ားဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ အမ်ိဳးသမီးတစ္ဦးက သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

သွ်မ္းနီတိုင္းရင္းသားမ်ားကို “ဗမာ” ဟု ေျပာင္းလဲေရးသားျခင္းႏွင့္ ပတ္သက္ၿပီး အာဏာသိမ္းစစ္ေကာင္စီတို႔၏ ႏိုင္ငံေရး အျမတ္ထုတ္ခ်င္သည့္ ရည္႐ြယ္ခ်က္လည္းပါဝင္သည္ဟု သွ်မ္းနီတိုင္းရင္းသား လူငယ္ တစ္ဦးကလည္း ေျပာသည္။ သွ်မ္းနီတိုင္း ရင္းသားမ်ားက သွ်မ္းနီလူမ်ိဳး တရားဝင္သတ္မွတ္ေပးေရးကို သွ်မ္းနီအမ်ိဳးသားညီလာခံမွ တစ္ဆင့္ တညီတၫြတ္တည္း ေတာင္းဆိုမႈမ်ားျပဳလုပ္ခဲ့ၾကေပမယ့္ ျမန္မာျပည္အစိုးရအဆက္ဆက္တို႔သည္ သွ်မ္းနီတိုင္းရင္းသားမ်ားကို မွတ္ပုံတင္ ထည့္ သြင္းေရးသားခြင့္ မျပဳခဲ့ေၾကာင္း သိရသည္။ https://burmese.shannews.org/archives/27504

၂၇။ သွ်မ္းအမ်ိဳးသားေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ လိုအပ္
March 25, 2022

သွ်မ္းျပည္ေတာင္ပိုင္းအတြင္း ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕ႏွင့္ RCSS တို႔ နယ္ေျမစိုးမိုးေရး တိုက္ပြဲမ်ားေၾကာင့္ ပိတ္ထားခံ ရသည့္ သွ်မ္းအမ်ိဳးသားေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ ျပည္သူမ်ားက ေတာင္းဆိုလိုက္သည္။ ထိုေက်ာင္းမ်ားသည္ သွ်မ္း ျပည္ေတာင္ပိုင္း ေက်းသီး၊ မိုင္းကိုင္၊ လဲခ်ားႏွင့္ ပင္လုံၿမိဳ႕နယ္တို႔တြင္ ရွိေနေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ၂၀၂၁ ႏွစ္ကုန္ပိုင္းမွ စတင္ကာ ယခု ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ေဒသခံျပည္သူမ်ားစစ္ေရွာင္ေနရၿပီး ေဒသခံ ကိုယ္ထူကိုယ္ထ တည္ေဆာက္ထားေသာ သွ်မ္းအမ်ိဳးသားေက်ာင္း ၅၀ ေက်ာ္လည္း ပိတ္ထားခဲ့ရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

အဆိုပါေက်ာင္းမ်ားသည္ ေဒသခံမ်ားမွ ကိုယ္ထူကိုယ္ထစနစ္ျဖင့္ေဆာက္ထားသည့္ေက်ာင္းမ်ားျဖစ္ၿပီး ကိုဗစ္ကာလ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈေၾကာင့္ စီးပြါးေရးခက္ခဲသည့္ ေဒသခံမ်ားက ေက်ာင္းဆရာ/ဆရာမ မ်ားအတြက္ လုပ္အားခ၊ ဉာဏ္ပူေဇာ္ခ အျပည့္ အဝ မေပးႏိုင္ခဲ့ေၾကာင္းလည္း အထက္ပါေက်ာင္းဆရာ က ေျပာသည္။ သွ်မ္းျပည္အတြင္း သွ်မ္းကိုယ္စားျပဳလက္နက္ကိုင္ တပ္ဖြဲ႕ ၂ ဖြဲ႕က ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ဆရာ/ ဆရာမမ်ားႏွင့္ ေဒသခံမ်ား စစ္ေရွာင္ေနရၿပီး တခ်ိဳ႕ျပည္သူ မ်ားသည္ ထိုင္းႏိုင္ငံသို႔ ထြက္ေျပးေနရသည္။ လက္ရွိအခ်ိန္တြင္ တိုက္ပြဲမ်ား ၿငိမ္ေနၿပီျဖစ္ေသာ္လည္း ႐ြာသားမ်ားအေနျဖင့္ ျပန္လည္ထူေထာင္မႈမ်ား လုပ္ေဆာင္ေနရေသာေၾကာင့္ ပိတ္ထားရသည့္ေက်ာင္းမ်ား ျပန္မဖြင့္ႏိုင္ေသးေပ။

ထို႔ေၾကာင့္ မိုင္းလင္းေက်း႐ြာအုပ္စုမွ သွ်မ္းအမ်ိဳးသားေက်ာင္း အပါအဝင္ ေက်းသီး၊ မိုင္းကိုင္၊ လဲခ်ား၊ ပင္လုံ ၿမိဳ႕နယ္မ်ား အတြင္းရွိ ပိတ္ထားရသည့္ သွ်မ္းအမ်ိဳးသားေက်ာင္းမ်ားအတြက္ ဆရာ/ဆရာမ မ်ားႏွင့္ ေက်ာင္းသုံးပစၥည္းမ်ားအား ကူညီပံ့ပိုး ေပးမည့္ အလႉရွင္/အဖြဲ႕အစည္းမ်ားရွိပါက ေဒသတြင္းကေလးငယ္မ်ား တိုးတက္ေရးေရွးရႈ၍ ေက်ာင္းမ်ားျပန္လည္ ဖြင့္လွစ္လို ေၾကာင္း ေဒသခံမ်ားက ေျပာဆိုလိုက္သည္။ လက္ရွိ သွ်မ္းအမ်ိဳးသားေက်ာင္းမ်ားပိတ္ခံထားရသည့္ေနရာသည္ သွ်မ္းျပည္ တိုးတက္ေရးပါတီ၊ သွ်မ္းျပည္တပ္မေတာ္ (SSPP/SSA) တို႔ နယ္ေျမစိုးမိုးထားသည့္ေနရာျဖစ္ေၾကာင္း သိရသည္။ သွ်မ္းျပည္ ေတာင္ပိုင္း ေက်းသီး၊ မိုင္းကိုင္၊ လဲခ်ား၊ ပင္လုံ၊ မိုင္းေနာင္ စသည့္ၿမိဳ႕နယ္အသီးသီးတြင္ မူလတန္းႏွင့္ မူလြန္အဆင့္ သွ်မ္းအမ်ိဳး သားေက်ာင္းမ်ားစြာရွိေနၿပီး ေဒသတြင္းေက်း႐ြာေန ကေလးသူငယ္မ်ား၏ ပညာသင္ယူရာ ျဖစ္ေၾကာင္းလည္း သိရသည္။
https://burmese.shannews.org/archives/27500
*******************
၂၈။ တပ္မေတာ္ေန႔တစ္ရက္တည္းတြင္ ကရင္နီျပည္နယ္မွာ တိုက္ပြဲ ၄ ေနရာထက္မနည္း ျဖစ္ပြားခဲ့
March 28, 2022

မေန႔က (မတ္လ ၂၇ရက္)ေန႔ တပ္မေတာ္ေန႔မွာ နံနက္ ၅နာရီခြဲအခ်ိန္ကစၿပီး ပြန္ေခ်ာင္းအနီးက စစ္ေကာင္စီတပ္စခန္းကို KA၊ KNDF ပူးေပါင္းတပ္ဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ စစ္ေကာင္စီဖက္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိသလို ဂ်က္ ေလယာဥ္ ပ်ံဝဲတာေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

၂၇ရက္ေန႔မွာပဲ ဒီးေမာ့ဆို ကုန္းသာဖက္မွာ နာရီဝက္ၾကာ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ေဒါငံခါး၊ လမ္းခြမွာလည္း ေနအိမ္မီးရႈိ႕တာေတြ ရွိတယ္လို႔ သိရပါတယ္။ အဲ့ဒီေန႔မွာပဲ ေျခာက္မိုင္အနီးတစ္ဝိုက္မွာ စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္နဲ႔ KNDF/B-09 တို႔ ထိေတြ႕တိုက္ခိုက္မႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

စစ္ေကာင္စီက မေန႔က (မတ္လ ၂၇ရက္) ေန႔နဲ႔ ဒီကေန႔ ( မတ္လ ၂၈ ရက္ေန႔) မွာ လြိဳင္ေကာ္-ဒီးေမာ့ဆို လမ္းမႀကီးအတိုင္း စစ္ကားအစီး ၄၀ေက်ာ္ အင္အားျဖည့္တင္းတာေတြရွိတယ္လို႔ KNDF/B-09 က ဒီကေန႔မွာ ထုတ္ျပန္ထားပါတယ္။ ဖ႐ူဆိုၿမိဳ႕နယ္ အေျခစိုက္ ခမရ ၄၂၈ တပ္ရင္းကိုလည္း KNDF ပူးေပါင္းတပ္ဖြဲ႕တို႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဖက္က ထိခိုက္ဆုံးရႈံး မႈရွိခဲ့တယ္လို႔ သိရပါတယ္။ https://www.kantarawaddytimes.org/
********************
၂၉။ ကရင္နီျပည္ ဖ႐ူဆိုၿမိဳ႕နယ္ ေငြေတာင္႐ြာသစ္ေက်း႐ြာမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္အက်အဆုံးရွိခဲ့
March 26, 2022

မတ္လ ၂၄ ရက္ေန႔က ကရင္နီျပည္ ဖ႐ူဆိုၿမိဳ႕နယ္ ေငြေတာင္႐ြာသစ္ေက်း႐ြာမွာ စစ္ေၾကာင္းထိုးလာတဲ့ အင္အား ၅၀ ခန႔္ ဝန္း က်င္ရွိတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္အက်အဆုံးရွိခဲ့တယ္လို႔ KNDF B-15 တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

မတ္လ ၂၄ရက္ေန႔ ညေန ၂နာရီမွာ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ၅နာရီခြဲအထိ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။ တိုက္ပြဲအတြင္း စစ္ေကာင္ စီက ေဒသခံ ေနအိမ္ေတြကို မီးရႈိ႕ဖ်က္စီးတာေတြရွိေနၿပီး အေရအတြက္ အတိအက်ကိုေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။ ေငြေတာင္႐ြာသစ္ေက်း႐ြာနဲ႔ အနီးအနားေက်း႐ြာက ေဒသခံေတြကေတာ့ စစ္ေဘးေရွာင္ေနၾကပါတယ္။ အခုလို စစ္ေကာင္စီက ဖ႐ူဆိုဖက္ကို စစ္ေၾကာင္းထိုလာတာဟာ ရိကၡာပို႔ေဆာင္ဖို႔ ျဖစ္ႏိုင္တယ္လို႔ KNDF B-15 တာဝန္ရွိသူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၂ရက္ေန႔မွာလည္း ေငြေတာင္႐ြာသစ္ေက်း႐ြာအနီးရွိ ထူးလြီးဘီလာေက်း႐ြာမွာ စစ္ေၾကာင္းထိုးလာၿပီး ကင္းပုန္း တိုက္ခိုက္ခံရတဲ့ စစ္ေကာင္စီတပ္သားေတြဟာ ေဒသခံေနအိမ္ႏွစ္လုံးကို မီးရႈိ႕ခဲ့ပါတယ္။
https://www.kantarawaddytimes.org/
******************
၃၀။ KNDFတပ္ရင္း တစ္ခု ထပ္မံ တိုးခ်ဲ႕ဖြဲ႕စည္း၊ တပ္ရင္း ၁၉ ရင္းရွိလာ
March 25, 2022

ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္(KNDF)ကေနၿပီး KNDF/ B-21 တပ္ရင္းတစ္ခုကို ဒီမတ္ အတြင္းမွာပဲ ထပ္မံတိုးခ်ဲ႕ ဖြဲ႕စည္းခဲ့တယ္လို႔ KNDF ရဲ႕ ဦးေဆာင္ေကာ္မတီဝင္ ကိုသိုက္ကေျပာပါတယ္။

KNDFမွာဆိုရင္ အေရအတြက္ အားျဖင့္ တပ္ရင္း(၁၈)ခုရွိၿပီးခဲ့ၿပီး ခုတိုးခ်ဲ႕ ဖြဲ႕စည္းလိုက္တဲ့ KNDF/ B-21 အပါအဝင္ဆိုရင္ ၁၉ ရင္းထိ ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ(၁)ရက္ေန႔က ထုတ္ျပန္လိုက္တဲ့ KNDFရဲ႕ ထုတ္ျပန္ခ်က္တစ္ခုမွာ တပ္ဖြဲ႕အင္အားေပါင္း ၆ေထာင္ေက်ာ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ KNDFဟာဆိုရင္ ၂၀၂၁၊ ဇြန္လ(၇)ရက္ေန႔မွာ ဖြဲ႕စည္းတည္ေဆာက္မႈဆိုင္ရာ မူဝါဒ ေရးဆြဲအတည္ျပဳႏိုင္ခဲ့ၿပီး ဦးေဆာင္ေကာ္မတီကိုလည္း ဖြဲ႕စည္းခဲ့ပါတယ္။

KNDFဟာဆိုရင္ အာဏာသိမ္းၿပီးေနာက္ပိုင္းမွ ေပၚေပါက္လာတဲ့ လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုျဖစ္ၿပီး ကရင္နီတပ္မေတာ္(KA) ရဲ႕ စစ္ဦးစီးမႈေအာက္မွာ တိုက္ပြဲဝင္ေနတဲ့ အဖြဲ႕တစ္ခုျဖစ္သလို PDFျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔လည္း ခ်ိတ္ဆက္ၿပီး စစ္ေကာင္စီတပ္ေတြကို ခုခံတိုက္ခိုက္ေနပါတယ္။ https://www.kantarawaddytimes.org/
******************
၃၁။ KNU တပ္မဟာ ၆ နယ္ေျမတြင္ ႏွစ္ရက္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဝ ဦးခန႔္ က်ဆုံးဟုဆို
March 29, 2022

ကရင္အမ်ိဳးသားအစည္းအ႐ုံး-ေကအဲန္ယူ တပ္မဟာ ၆ နယ္ေျမ၊ ျမဝတီၿမိဳ႕ေတာင္ဘက္ရွိ ေသ့ေဘာဘိုး႐ြာအနီးတြင္ ျဖစ္ပြား ခဲ့ေသာ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ပူးေပါင္း တပ္ဖြဲ႕တို႔အၾကား ႏွစ္ရက္ အတြင္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဝ ဦးခန႔္က်ဆုံးကာ လက္နက္ခဲ ယမ္းအေျမာက္အမ်ားလည္းသိမ္းဆည္းရမိသည္ဟု ေတာ္လွန္ေရးပူးေပါင္းအင္အားစုအဖြဲ႕ဘက္က တာဝန္ရွိသူမ်ားက ေျပာဆိုသည္။

စစ္ေကာင္စီ၏ တပ္မ ၄၄ ႏွင့္ ျမဝတီေဒသအေျခစိုက္နယ္ျခားေစာင့္တပ္ (BGF) ပူးေပါင္းတပ္ဖြဲ႕မ်ားမွ တပ္ဖြဲ႕အင္ အား ၃ဝဝ ေက်ာ္သည္ မတ္လ ၂၇ ရက္ေန႔က ျမ၀တီ-ေဝါေလလမ္းမ ဘလယ္ဒို႔ေက်း႐ြာအနီးတြင္ ထိုးစစ္ဆင္လာၿပီး ေတာ္လွန္ ေရးပူးေပါင္း အင္အားစုအဖြဲ႕ႏွင့္ မတ္လ ၂၇ ရက္တြင္ တစ္ႀကိမ္၊ ၂၈ ရက္ေန႔တြင္ ၂ ႀကိမ္ထိေတြ႕ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက ယေန႔မတ္လ ၂၉ ရက္ေန႔တြင္ ေျပာသည္။

အဆိုပါ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္မွ ေလယာဥ္ျဖင့္ လာေရာက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီး တိုက္ပြဲေၾကာင့္ ဘလယ္ဒို႔ ေက်း႐ြာႏွင့္ အနီးဝန္းက်င္ေက်း႐ြာမ်ားမွ ေဒသခံ ၂ဝဝဝ ေက်ာ္ထိုင္းဘက္သို႔ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ဟု KNU တပ္မ ဟာ ၆ ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ https://kicnews.org/2022/03/
*******************
၃၂။ စစ္ေကာင္စီ၏ တပ္မေတာ္ေန႔တြင္ ေကအဲန္ယူထိန္းခ်ဳပ္နယ္ေျမအတြင္း ေလေၾကာင္းတိုက္ခိုက္မႈ(၃)ႀကိမ္ျပဳလုပ္
March 28, 2022

ယမန္ေန႔က က်င္းပသည့္ စစ္ေကာင္စီ၏ (၇၇)ႏွစ္ေျမာက္ တပ္မေတာ္ေန႔တြင္ ေကအဲန္ယူ-ကရင္အမ်ိဳးသား အစည္းအ႐ုံး ထိန္း ခ်ဳပ္နယ္ေျမ မူေၾတာ္ခ႐ိုင္ တပ္မဟာ(၅)ႏွင့္ ဒူးပလာယာခ႐ိုင္ တပ္မဟာ(၆)တြင္ စစ္ေကာင္စီ က ေလေၾကာင္းျဖင့္ ဗုံးႀကဲ တိုက္ခိုက္မႈ (၃)ႀကိမ္ ျပဳလုပ္သြားခဲ့သည္ဟု သိရသည္။ မူေၾတာ္ခ႐ိုင္၊ လူေသာၿမိဳ႕နယ္ ေပးေကးေက်း႐ြာအုပ္စုတြင္ မတ္လ ၂၇ရက္ နံနက္(၂)နာရီအခ်ိန္တြင္ ေလယာဥ္ ၂ စင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္သြားသည့္အျပင္ ေန႔လည္ ၁နာရီခြဲအခ်ိန္ႏွင့္ ညေန ၅နာရီေက်ာ္အခ်ိန္တြင္ ဒူးပလာယာခ႐ိုင္ ျမဝတီေတာင္ဘက္ ဘလက္ဒိုေက်း႐ြာတြင္ ဟတ္စကီးေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ ခိုက္သြားျခင္းျဖစ္သည္။

စစ္ေကာင္စီ ေလယာဥ္ႏွစ္စင္းျဖင့္ ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္သြားသည့္ မူေၾတာ္ခ႐ိုင္တြင္ ေဒသခံလူထုထိခိုက္ေသဆုံးမႈ မ်ားမရွိေသာ္လည္း ေဒဘူႏို အထက္တန္းေက်ာင္းဝင္းေဟာင္းရွိ စာသင္ေက်ာင္းအေဆာက္အဦးႏွင့္ လူသူမဲ့ေနအိမ္အခ်ိဳ႕ ပ်က္စီးမႈမ်ားရွိခဲ့သည္ဟု KNU က သတင္းထုတ္ျပန္ထားသည္။ ထို႔အျပင္ စစ္ေကာင္စီတပ္မွ ေလေၾကာင္းတိုက္ခိုက္မႈ ျပဳလုပ္ သည့္အျပင္ ေျမျပင္တိုက္ခိုက္မႈလည္း ျပင္းထန္လာကာ ယမန္ေန႔တြင္ ျမဝတီ အာရွလမ္းမေပၚရွိ ေတာေနာ္ေရတံခြန္ အနီး တြင္လည္း တိုက္ပြဲျပင္းထန္ၿပီးေနာက္ ျမဝတီ-ေဝါေလ ကားလမ္းမေပၚရွိေသ့ေဘာဘိုးေက်း႐ြာဘက္တြင္ စစ္ကူတက္လာသည့္ စစ္ေကာင္စီစစ္ေၾကာင္းကို နယ္ေျမခံ KNLA ပူးေပါင္းတပ္က တိုက္ခိုက္သည့္အတြက္ တိုက္ပြဲျပင္းထန္ၿပီး စစ္ေကာင္စီတပ္ ဘက္မွ ထိခိုက္က်ဆုံးမႈမ်ားျပားခဲ့ေၾကာင္းလည္း သိရသည္။

ၿပီးခဲ့သည့္ မတ္လ ၂၅ ႏွင့္ ၂၆ ရက္ေန႔မ်ားတြင္လည္း ေကအဲန္ယူ ဒူးပလာယာခ႐ိုင္ ေကာ့ကရိတ္ၿမိဳ႕နယ္(ျမဝတီ ေတာင္ဘက္) တြင္ရွိသည့္ ေမာခီးႏွင့္ စုကလိေက်း႐ြာအုပ္စုမ်ားတြင္ စစ္ေကာင္စီတပ္မွ ေလယာဥ္ႏွင့္ ဗုံးႀကဲ တိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့သျဖင့္ ေဒသခံေနအိမ္အေဆာက္အဦးအခ်ိဳ႕လည္း ထိခိုက္ပ်က္စီးခဲ့သလို ေက်း႐ြာ ၈ ႐ြာထက္မနည္းမွ ေထာင္ႏွင့္ခ်ီေသာ ေဒသခံျပည္ သူမ်ားသည္ အသက္ေဘးလြတ္ရာထိုင္းနယ္စပ္ဘက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကသည္။ https://kicnews.org/2022/03/
*******************
၃၃။ ဘလယ္ဒို-ေသ့ေဘာဘိုး တိုက္ပြဲ စစ္ေကာင္စီတပ္ ၆၁ ဦး က်ဆုံးၿပီး ၁၅ ထိခိုက္ဒဏ္ရာရ၊ တပ္ေနာက္ျပန္ဆုတ္ေန
March 28, 2022

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆ နယ္ေျမ (ျမဝတီၿမိဳ႕ေတာင္ဘက္) ေက်ာက္ခက္-ေသေဘာဘိုးေက်း႐ြာၾကားရွိ ဘလယ္ဒိုေက်း႐ြာတိုက္ပြဲတြင္ ယမန္ေန႔ မတ္လ ၂၇ရက္ေန႔က စစ္ေကာင္စီ တပ္ဘက္မွ ၆၁ ဦးက်ဆုံးၿပီး ၁၅ ဦးထိခိုက္ ဒဏ္ရာရခဲ့သည္ဟု ေျမျပင္သတင္းအရ သိရသည္။ ေဝါေလေဒသဘက္ အင္အား ၃၀၀ ေက်ာ္ပါ စစ္ေကာင္စီစစ္ေၾကာင္းအား ကရင္မ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ KNLA ပူးေပါင္းတပ္မ်ားက ၾကားျဖတ္တိုက္ခိုက္ခဲ့ရာတြင္ အက်အဆုံးမ်ားျပား သျဖင့္ ဘလယ္ဒိုေက်း႐ြာလမ္းမွ ေက်ာက္ခက္ေက်း ႐ြာဘက္သို႔ စစ္ေၾကာင္းျပန္ဆုတ္သြားခဲ့ရသည္ဟု တိုက္ပြဲအတြင္း ပါဝင္ သည့္ KNLA ပူးေပါင္းတပ္ဖြဲ႕မွ တပ္မႉးတစ္ဦးက ေကအိုင္စီသို႔ ေျပာသည္။

ယမန္ေန႔က ျဖစ္ပြားသည့္ တိုက္ပြဲတြင္ ေသဆုံးဒဏ္ရာရရွိမႈအမ်ားအျပားရွိလာသည့္အတြက္ ေလေၾကာင္းပစ္ကူ ရဟတ္ယာဥ္ ၂ စီးျဖင့္ ၂ ႀကိမ္လာေရာက္ ပစ္ကူခဲ့ၿပီးေနာက္ပိုင္း ဘလယ္ဒိုေက်း႐ြာလမ္းမွ ေက်ာက္ခက္ ေက်း႐ြာ ဘက္သို႔ စစ္ေၾကာင္း ေနာက္ျပန္ဆုတ္သြားခဲ့ၿပီး ယေန ေန႔လည္ပိုင္းအထိ စစ္ေၾကာင္းတက္လာျခင္းမရွိ ေသးေၾကာင္း ေျမျပင္သတင္းအရ သိရသည္။
အဆိုပါ တိုက္ပြဲေၾကာင့္ ေက်ာက္ခက္ ၊ ဘလယ္ဒို ၊ ေသ့ေဘာဘိုး၊ ဆုံဆည္းၿမိဳင္ အနီးဝန္းက်င္ေနထိုင္သူ ေဒသခံ ၂၀၀၀ ေထာင္ခန္႔ ထိုင္းႏိုင္ငံဘက္ ေသာင္ရင္းျမစ္ေဘးေနရာသို႔ ယာယီထြက္ေျပးတိမ္းေရွာင္ေနခဲ့ရၿပီး ယေန႔ နံနက္ပိုင္း ထိုင္းႏိုင္ငံ နယ္ျခားစစ္တပ္မွ တိုက္ပြဲၿငိမ္ခ်ိန္ ျမန္မာျပည္ဘက္ ျပန္ၾကရန္ သတိေပးမႈမ်ားေၾကာင့္ စစ္ေဘးေရွာင္ေဒသခံမ်ား မိမိေနရပ္ျပန္ေနထိုင္ရန္ အခက္အခဲမ်ားရွိေနေၾကာင္း စစ္ေရွာင္မ်ားက ေျပာသည္။

KNU တပ္မဟာ ၆ စစ္ေရးနယ္ေျမအတြင္း စစ္အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္လာေနသည့္ စစ္ေကာင္စီ တပ္မ်ားအား ေဒသတြင္း KNLA၊ KNDO ႏွင့္ ေဒသတြင္း ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ ေနရာစုံတြင္ တိုက္ပြဲမ်ား ေနစဥ္ျဖစ္ ပြားေနၿပီးေဒသ ေက်း႐ြာ ၃၀ ေက်ာ္မွ စစ္ေဘးေရွာင္ ၃ ေသာင္းခန္႔အထိျမင့္ တက္လာ ေနေၾကာင္း စစ္ေဘးေရွာင္ အကူအညီေပး ေရးအဖြဲ႕မ်ား ေကာက္ခံထားသည့္ စာရင္းမ်ားအရ သိရသည္။ https://kicnews.org/2022/03/
*******************
၃၄။ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း ေဘလီတံတားအနီး ပ႐ိုေဘာက္ယာဥ္ တစ္စီးပစ္ခတ္ခံရၿပီး ယာဥ္ေပၚပါ အမ်ိဳးသား တစ္ဦး ေသဆုံး
March 28, 2022

ျမဝတီ-ေကာ့ကရိတ္အာရွလမ္း ေဘလီတံတားအနီးတြင္ ယေန႔ နံနက္ပိုင္းက ျမဝတီဘက္က ဆင္းလာသည့္ ပ႐ိုေဘာက္ယာဥ္ တစ္စီး ပစ္ခတ္ခံရၿပီး ယာဥ္ေပၚပါ အမ်ိဳးသားတစ္ဦးေသးဆုံးသြား ေၾကာင္း သိရသည္။ ယေန႔ နံနက္ ၈း၂၀ အခ်ိန္ခန႔္က ျဖစ္ပြားသည့္ အဆိုပါ ပစ္ခတ္ခံရျဖစ္စဥ္အတြင္း ေသဆုံးသူမွာ ေမာ္လၿမိဳင္တြင္ေနထိုင္သူျဖစ္ၿပီး လက္ရွိ ေသဆုံးသူ၏ ႐ုပ္အ ေလာင္းကို ေကာ့ကရိတ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ေကာ့ကရိတ္ၿမိဳ႕ ပုလဲျဖဴ လူမႈကယ္ဆယ္ေရး အဖြဲ႕ ထံမွ သိရသည္။

ထို႔အျပင္ ယေန႔ နံနက္ပိုင္းတြင္ အဆိုပါေနရာမွပင္ ေကာ့ကရိတ္ဘက္က တက္လာသည့္ ယာဥ္တစ္စီး ထပ္မံပစ္ခတ္ခံရၿပီး လူထိခိုက္မႈေတာ့ မရွိခဲ့ေၾကာင္း သဃၤန္းညီေနာင္ လူမႈကယ္ဆယ္ေရးအဖြဲ႕က ေျပာသည္။

အဆိုပါ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းအား မတ္လ ၂၇ ရက္ေန႔မွစ၍ လမ္းအသုံးျပဳ၍ ကုန္သြယ္မႈႏွင့္ ခရီးသြားလာျခင္း မျပဳလုပ္ၾကရန္ ဒူးပလာယာခ႐ိုင္ (KNU တပ္မဟာ ၆ ) ေကာ့ကရိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က ျပည္သူမ်ားသို႔ ေမတၱာရပ္ခံစာ ထုတ္ျပန္ထားသည္။ https://kicnews.org/2022/03/
*******************
၃၅။ ေဝါေလဘက္သို႔ စစ္ကူတက္လာသည့္ စစ္ေကာင္စီတပ္ႏွင့္ KNLA တပ္မ်ား တိုက္ပြဲျပင္းထန္ေန၊ စစ္ေကာင္စီ တပ္မ်ားအထိနာဟု ေျပာ
March 27, 2022

ျမဝတီၿမိဳ႕ေတာင္ဘက္ရွိ ဖလူးေဒသမွ ေဝါေလဘက္သို႔ စစ္ကူတက္လာသည့္ စစ္ေကာင္စီ စစ္ေၾကာင္းအား မတ္လ ၂၇ ရက္ နံနက္ပိုင္းတြင္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ -KNLA ပူးေပါင္းတပ္မ်ားက ၾကားျဖတ္ တိုက္ခိုက္ေနသည့္အတြက္ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားေနေၾကာင္း စစ္ေရးနယ္ေျမ သတင္းအရင္းအျမစ္ေျပာစကားအရ သိရသည္။ အဆိုပါ တိုက္ပြဲအ တြင္း စစ္ေကာင္စီဘက္က အထိနာသလို ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းဘက္တြင္လည္း တိုက္ပြဲျဖစ္ပြားေနသည့္အတြက္ စစ္ေကာင္စီေလယာဥ္ ၂ စင္းတက္လာေသာေၾကာင့္ ေျပာက္က်ားစနစ္ျဖင့္သာ လႈပ္ရွားေနၾကရသည္ဟု ၎ KNLA ပူးေပါင္း တပ္မ်ား ႏွင့္ နီးစပ္သည့္ ေျမျပင္ သတင္းအရင္းအျမစ္က ဆက္ေျပာသည္။

ေဝါေလ ေဒသ အတြင္းရွိ စစ္ေကာင္စီ စစ္အင္အားတိုးခ်ဲ႕ နယ္ေျမ ေက်ာ္လြန္ ဝင္ေရာက္တိုက္ ခိုက္လာေနသည္မွာ ေဖေဖာ္ဝါ ရီလကတည္းက ျဖစ္ၿပီး ယခု မတ္လကုန္ပိုင္းအထိ KNU တပ္မဟာ၆ နယ္ေျမအတြင္း ေကာ့ကရိတ္ ေတာင္ပိုင္းေဒသ ၊ ေတာင္ၾကာအင္းေဒသ၊ ၾကာအင္းဆိပ္ႀကီးေဒသ၊ေလးေကေကာ္ ၊ ဖလူးေဒသႏွင့္ ယခု ေဝါေလ ေသ့ေဘာဘိုး၊ ကနဲေလး ေဒသအထိ တိုက္ခိုက္မႈမ်ား ေနရာစုံ ဆက္တိုက္ ျဖစ္ပြားလ်က္ရွိသည္။

ထို႔အျပင္ ဘုရားသုံးဆူ ေဒသဘက္တြင္လည္း ႏွစ္ဖက္ စစ္ေရးတင္းမာမႈမ်ား ေၾကာင့္ ေဒသတြင္း လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ား ေျပာစကားအရ သိရသည္။ တိုက္ပြဲျပင္းထန္လာသည့္ ျမဝတီေတာင္ဘက္ ေဒသ ဘက္တြင္ မတ္လ ၂၅ရက္ႏွင့္ ၂၆ရက္ေန႔မ်ားတြင္ စစ္ေကာင္စီဘက္က ေလေၾကာင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈ မ်ားလုပ္ေဆာင္ ခဲ့သျဖင့္ လူေနအိမ္အေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈရွိခဲ့သည္။ ထို႔အတူ ယေန႔ နံနက္ ၂ နာရီအခ်ိန္တြင္လည္း ေကအဲန္ယူ မူေၾတာ္ခ႐ိုင္၊ လူေသာၿမိဳ႕နယ္ထဲတြင္ စစ္ေကာင္စီက ဂ်က္ေလယာဥ္ ၂စင္းျဖင့္ လာေရာက္ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ လူေနအိမ္ အေဆာက္အဦးအခ်ိဳ႕ ပ်က္စီးမႈရွိခဲ့သည္ဟု ေကအဲန္ယူဘက္က ထုတ္ျပန္ထားသည္။ https://kicnews.org/2022/03/
*******************
၃၆။ မင္းတပ္-မတူပီလမ္းတြင္ CDF- Mindat ႏွင့္္ စစ္ေကာင္စီတပ္တို႔ၾကား တိုက္ပြဲျဖစ္ပြား၊ စစ္ေကာင္စီဘက္က အက်အ ဆုံးအရွိ
MARCH 29, 2022

ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕မွ မတူပီၿမိဳ႕သို႔ ထြက္ခြါသည့္ တင့္ကား ၂ စီးပါ စစ္ေကာင္စီယာဥ္တန္းႏွင့္ CDF-Mindat တပ္ဖြဲ႕တို႔ မတ္လ ၂၆ ရက္ေန႔ကစ၍ ႏွစ္ဖက္ထိေတြ႕မႈ စတင္ျဖစ္ပြားေနၿပီး စစ္ေကာင္စီဘက္က အက်အဆုံးရွိ ခဲ့သည္ဟု သိရသည္။ စစ္ေကာင္စီတပ္ႏွင့္ CDF-Mindat တပ္ဖြဲ႕တို႔သည္ မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္း မိုင္တိုင္အမွတ္ ၁၆ တြင္ မတ္လ ၂၆ ရက္ေန႔က တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ၅ ဦးခန႔္ေသဆုံးခဲ့သည္ဟု CDF-Mindat ကထုတ္ျပန္သည္။

ယခုလက္ရွိတြင္ မင္းတပ္-မတူပီလမ္းေၾကာင္းတစ္ေလွ်ာက္ရွိ ဖုန္းလိုင္းမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕က ျဖတ္ေတာက္ထားၿပီး တိုက္ပြဲျဖစ္ပြားမႈအေသးစိတ္ကိုမူမသိရေသးေၾကာင္း CDF- Mindat မွ ေျပာေရး ဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။ မေကြးတိုင္း၊ ေက်ာက္ထုဘက္မွ မင္းတပ္ၿမိဳ႕သို႔ေရာက္ရွိလာသည့္ တင့္ကားႏွစ္စီးႏွင့္ ကားအစီး ၈၀ ေက်ာ္ပါေသာ စစ္ေကာင္စီ ယာဥ္တန္းသည္ မင္းတပ္ၿမိဳ႕မွ မတူပီၿမိဳ႕သို႔ မတ္လ ၂၅ ရက္ေန႔က ဆက္လက္ထြက္ခြါကာ CDF-Mindat တပ္ဖြဲ႕ႏွင့္ တိုက္ပြဲ ျဖစ္ပြားေနျခင္းျဖစ္သည္။

စစ္ေကာင္စီယာဥ္တန္းသည္ မတ္လ ၂၇ ရက္ေန႔က မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္း မိုင္တိုင္အမွတ္ ၂၃- ၂၄ တြင္ ညအိပ္ကာ ယေန႔နံနက္ပိုင္းတြင္ ဆက္လက္ထြက္ခြါလာၿပီး ႏွစ္ဖက္ထိေတြ႕မႈမ်ားေတာက္ေလွ်ာက္ျဖစ္လာႏိုင္သည္ဟု သိရ သည္။ မင္းတပ္ၿမိဳ႕ႏွင့္ မတူပီၿမိဳ႕သည္ ၁၀၂ မိုင္ ခန႔္ကြာေဝးၿပီး စစ္ေကာင္စီယာဥ္တန္းသည္ ယေန႔ညတြင္ မင္းတပ္ၿမိဳ႕ နယ္အတြင္း မိုင္တိုင္ ၃၀၊ ၃၁ တြင္ ညအိပ္ၾကမည္ဟု ခန႔္မွန္းရၿပီး မတူပီၿမိဳ႕သို႔ ဝင္ေရာက္ရန္ အနည္းဆုံး ရက္သတၱပတ္ႏွင့္ ဆယ္ရက္ခန႔္ ၾကာျမင့္ႏိုင္ေၾကာင္း CDF- Mindat ေျပာေရးဆိုခြင့္ရွိသူကေျပာသည္။ https://khonumthung.org/
*****************
၃၇။ ဟားခါးၿမိဳ႕နယ္ သီနမ္းေက်း႐ြာက လူေနအိမ္ ၉ လုံးကို စစ္ေကာင္စီက မီးရႈိ႕
MARCH 29, 2022

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္ ဟားခါး- ဂန႔္ေဂၚကားလမ္းမေပၚတြင္ရွိေသာ သီနမ္းေက်း႐ြာမွ လူေနအိမ္ ၇ လုံး ႏွင့္ ျပည္သူပိုင္ အေဆာက္အဦး ၂ လုံး စုစုေပါင္း ၉ လုံးကို စစ္ေကာင္စီတပ္ဖြဲ႕က ယေန႔ မတ္လ ၂၈ ရက္ မနက္ပိုင္း ၁၀ နာရီခန႔္က မီးရႈိ႕ ဖ်က္ဆီးခဲ့သည္ဟု သိရသည္။

အင္အား ၁၅၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕သည္ မတ္လ ၂၆ ရက္ေန႔က သီနမ္းေက်း႐ြာသို႔ဝင္ေရာက္လာၿပီး ႏွစ္ျခင္း ဘုရားေက်ာင္းႏွင့္ ယုံၾကည္သူမ်ားအသင္းေတာ္ဘုရားေက်ာင္းတြင္ ၂ အိပ္ၾကၿပီးေနာက္ ယေန႔မတ္လ ၂၈ ရက္ေန႔တြင္ လာမ္သုတ္ေက်း႐ြာဘက္သို႔ ျပန္လည္ထြက္ခါနီးတြင္ လူေနအိမ္မ်ားကိုမီးရႈိ႕ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။ ဟားခါးၿမိဳ႕မွ ၃၆ မိုင္ခန႔္ ေဝးေသာ သီနမ္းေက်း႐ြာသည္ အိမ္ေျခ ၁၀၅ အိမ္ရွိၿပီး လူဦးေရ ၇၀၀ ဝန္းက်င္ခန႔္ေန ထိုင္ၾကသည္။ ၎တို႔ေက်း႐ြာသို႔ စစ္ေကာင္စီတပ္ဖြဲ႕မ်ား မဝင္ေရာက္ခင္ကတည္းက သတင္းရရွိၾကသည့္အတြက္ တ႐ြာလုံးေတာထဲသို႔ ထြက္ေျပးတိမ္း ေရွာင္ေန ၾကရသည္ဟု သီနမ္းေဒသခံကေျပာသည္။

အင္အား ၁၅၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕သည္ မတ္လ ၁၇ ရက္ေန႔ကတည္းက ဟားခါး-ဂန႔္ေဂါလမ္းဘက္သို႔ စစ္ေၾကာင္း ခ်ီလာၿပီး ဒီရက္ပိ္ုင္းအတြင္း ဇိုခြါ၊ ႐ြာဗန္းေက်း႐ြာဘက္တြင္ ခ်င္းအမ်ိဳးသားတပ္မေတာ္ CNA, CDF-Hakha တပ္ဖြဲ႕တို႔ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ၾကသည္ဟု သိရသည္။ အဆိုပါတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ဟားခါး-ဂန႔္ေဂါလမ္းမေပၚရွိ နီပီး၊ ဇိုခြါး၊ ႐ြာဗန္၊ သီနမ္း၊ မာလ္ေဆာမ္စသည့္ ေက်း႐ြာမွ ေဒသခံျပည္သူမ်ားသည္ အိုးအိမ္စြန႔္ခြါကာ ေတာထဲသို႔ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။ https://khonumthung.org/
******************
၃၈။ ကန္ပက္လက္ၿမိဳ႕တြင္းတိုက္ပြဲ စစ္ေကာင္စီဘက္ တစ္ဦးေသဆုံးဟု ဆို
MARCH 29, 2022

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕တြင္ မတ္လ(၂၆)ရက္ေန႔ နံနက္ ၁ဝး၃၀ ဝန္းက်င္ခန႔္က ၿမိဳ႕တြင္းကင္းပုန္းဝတ္ေနရာ ယူထားေသာ CDF – Kanpetlet ရဲေဘာ္မ်ားႏွင့္ စစ္ေကာင္စီတပ္အၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့သည္။

ထိုတိုက္ပြဲတြင္ စစ္ေကာင္စီ ရဲတပ္သားတစ္ဦး ေသဆုံးၿပီး တစ္ဦးျပင္းထန္ ဒဏ္ရာရရွိခဲ့သည္ဟု CDF-Kanpetlet က ထုတ္ျပန္သည္။

ယင္းတိုက္ပြဲတြင္ ၿမိဳ႕မရဲစခန္းႏွင့္အ.ထ.က ေက်ာင္းတြင္တပ္စြဲထားေသာစစ္ေကာင္စီတပ္မ်ားမွ လက္နက္ႀကီး၊လက္နက္ငယ္ ပစ္ကူခဲ့ေသာေၾကာင့္ ၿမိဳ႕တြင္းေနအိမ္အခ်ိဳ႕ႏွင့္ ၿမိဳ႕နီးနားရွိေက်း႐ြာမ်ားတြင္ လက္နက္ႀကီးက်ေရာက္မႉေၾကာင့္ ျပည္သူေနအိမ္ အခ်ိဳ႕ထိခိုက္ပ်က္စီးခဲ့ၿပီး CDF-Kanpetlet ရဲေဘာ္မ်ားအထိခိုက္မရွိဆုတ္ခြာႏိုင္ခဲ့သည္ဟု သိရသည္။
https://khonumthung.org/
******************
၃၉။ Guys from Chin အဖြဲ႕မွ မီဇိုရမ္ရွိ စစ္ေဘးေရွာင္စခန္း (၄) ခု တြင္ ႐ူပီး ၁၂ သိန္း သြားေရာက္လႉဒါန္း
MARCH 29, 2022

Gyus from Chin အဖြဲ႕က သီခ်င္းေဖ်ာ္ေျဖျခင္းအားျဖင့္ ရရွိေသာ ရံပုံေငြ ႐ူပီး ၁၂ သိန္းကို မီဇိုရမ္ျပည္နယ္ရွိ အကူအညီလို အပ္ေနေသာ စစ္ေဘးေရွာင္ (၄) ခုထံ သြားေရာက္ ကူညီခဲ့ၾကေၾကာင္း သိရသည္။

Guys From Chin အဖြဲ႕မွ ႏိုင္ငံေက်ာ္ အဆိုေတာ္ ေဒးဗစ္လိုင္ႏွင့္ ေယာကီးတို႔ ကိုယ္တိုင္ သြားေရာက္ကူညီခဲ့ေသာ စစ္ေဘး ေရွာင္စခန္းမွာ မီဇိုရမ္ျပည္နယ္ ဆိုင္းဟားခ႐ိုင္အတြင္းရွိ Hawhrei, Chapi, Lopu, Khaikhy ေက်း႐ြာရွိ စစ္ေဘးေရွာင္ စခန္းမ်ားျဖစ္သည္။

အဆိုေတာ္ ေဒးဗစ္လိုင္ႏွင့္ ေယာကီးတို႔သည္ CDMs၊ စစ္ေဘးေရွာင္ ျပည္သူမ်ား ေတြ႕ဆုံပြဲ အခမ္းအနားကိုလည္း ျပဳလုပ္ခဲ့ၾကၿပီ အားေပးစကားေျပာၾကားျခင္း၊ စစ္ေဘးေရွာင္မ်ားကို ေဖ်ာ္ေျဖေပးျခင္းမ်ားလည္း ျပဳလုပ္ခဲ့ၾကသည္။
https://khonumthung.org/
******************
၄၀။ အိႏၵိယေရာက္ ျမန္မာႏိုင္ငံသားမ်ား နယူးေဒလီၿမိဳ႕ UNHCR ႐ုံးေရွ႕တြင္ ဆႏၵေဖာ္ထုတ္
MARCH 29, 2022

အိႏၵိယႏိုင္ငံတြင္ ခိုလုံေနၾကသည့္ စစ္ေဘးဒုကၡသည္မ်ားအား လူသားခ်င္းစာနာမႈႏွင့္ အကာအကြယ္ရရွိေရးအတြက္ နယူးေဒလီ ၿမိဳ႕ရွိ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး (UNHCR) ႐ုံးေရွ႕တြင္ ယေန႔ မတ္လ ၂၈ ရက္ေန႔က ျမန္မာႏိုင္ငံသား လူဦးေရ ၅၀၀ ေက်ာ္က ဆႏၵျပေတာင္းဆိုခဲ့ၾကသည္။

ျမန္မာ့ႏိုင္ငံေရး၊ စစ္ေရးအေျခအေနေၾကာင့္ အိႏၵိယႏိုင္ငံသို႔ စစ္ေဘးဒုကၡသည္ အျဖစ္ ထြက္ေျပးတိမ္းေရွာင္လာသူဦးေရ တေန႔ ထက္တေန႔တိုးမ်ားလာေနၿပီး ယင္းစစ္ေဘးဒုကၡသည္မ်ားအား ကာကြယ္မႈေပးရန္ႏွင့္ လူသားခ်င္းစာနာမႈဆိုင္ရာ အေထာက္ အပံ့မ်ားေပးအပ္ရန္အတြက္ ဆႏၵျပေတာင္ဆိုခဲ့ၾကျခင္းျဖစ္သည္ဟု နယူးေဒလီအေျခစိုက္ Myanmar Refugee Demand Committee အဖြဲ႕မွတာဝန္ရွိသူ မစင္ဒီက ေျပာသည္။

နယူးေဒလီၿမိဳ႕အေျခစိုက္ UNHCR ႐ုံးေရွ႕တြင္ ယေန႔ျပဳလုပ္ေသာ ဆႏၵျပပြဲတြင္ လူဦးေရ ၅၀၀ ခန႔္ပါဝင္ၿပီး အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ခဲ့ၾကသည္ဟု သိရသည္။ လက္ရွိတြင္ အိႏၵိယႏိုင္ငံ နယူးေဒလီတြင္ စစ္ေဘးဒုကၡသည္ ၆၀၀၀ ေက်ာ္ ရွိေၾကာင္း သိရ သည္။ https://khonumthung.org/
******************

မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

 

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No. 23,March 29 , 2022)
၁။ မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်
၂။ ကင်းလှည့် စစ်ကား မိုင်းခွဲခံရမှုတွင် စစ်ကောင်စီ ဒုရဲမှူးတစ်ဦး‌ သေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ ပြည်သူ ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ
၃။ သတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်
၄။ စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ
၅။ တနိုင်း တရုန်ကျေးရွာအနီး စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
၆။ ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေသုံးဦးဒဏ်ရာရ
၇။ စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်
၈။ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး
၉။ မွန်ပြည်နယ်အတွင်း ဆားကြမ်းတစ်ပိဿာ ၃၀၀ကျပ်ထိ ဈေးတက်
၁၀။ မြဝတီမှ မော်လမြိုင်သို့ပြန်လာသည့်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး
၁၁။ မွန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားခြင်းကြောင့် အုတ်လုပ်ငန်းများ အရှုံးပေါ်
၁၂။ လျှပ်စစ်မီးကို မေလအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်
၁၃။ စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများ ပါတီဖျက်သိမ်းသည်အထိ လုပ်ဆောင်နိုင်ကြောင်း UEC ပြော
၁၄။ ထိုင်းနိုင်ငံထုတ် ရသေ့ဆေးတွင် စတီးရွိုက်များစွာပါဝင်နေ၍ သုံးစွဲရန်မသင့်ဟု ထုတ်ပြန်
၁၅။ နမ္မတူမြို့နယ် ရှရှားတောင်အနီး ပစ်ခတ်မှုဖြစ်
၁၆။ မူဆယ်မြို့နယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ စစ်ဆေးမှုပြုလုပ်နေ
၁၇။ သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ အကြောင်းပြ အိမ်ထောင်စုစာရင်း လိုက်လံကောက်နေ
၁၈။ နမ့်ခမ်းမြို့ သင်္ချိုင်း အုတ်ဂူများ ဖျက်ဆီး သံများခိုးယူသွား
၁၉။ မုံးကိုး စစ်ရှောင် ၈၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
၂၀။ ရွာငံမြို့နယ် လူမနေသည့်အိမ် စစ်ကောင်စီ ဖောက်ထွင်း ပစ္စည်းများ ယူဆောင်သွား
၂၁။ သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိသေဆုံး
၂၂။ ရွာငံမြို့ဖမ်းဆီးခံထားရသည့် NLD အမတ် နေအိမ် ချိတ်ပိတ်ခံရ
၂၃။ တောင်ကြီးမြို့ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦးဖမ်းဆီးခံရ
၂၄။ တောင်ကြီးမြို့ပေါ် UG လှုပ်ရှားနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ
၂၅။ ဆီဆိုင်စစ်ရှောင် သွားကူသည့် အသက် ၁၈ နှစ်အောက် အပါအဝင် လူငယ်(၆)ဦး ဖမ်းဆီး ခံရ
၂၆။ သျှမ်းနီလူမျိုး စစ်ကောင်စီဖျောက်ရန် ကြိုးစားနေဟု သျှမ်းနီများ ဝေဖန်ပြောဆို
၂၇။ သျှမ်းအမျိုးသားကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် လိုအပ်
၂၈။ တပ်မတော်နေ့တစ်ရက်တည်းတွင် ကရင်နီပြည်နယ်မှာ တိုက်ပွဲ ၄ နေရာထက်မနည်း ဖြစ်ပွားခဲ့
၂၉။ ကရင်နီပြည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့
၃၀။ KNDFတပ်ရင်း တစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်း၊ တပ်ရင်း ၁၉ ရင်းရှိလာ
၃၁။ KNU တပ်မဟာ ၆ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့် ကျဆုံးဟုဆို
၃၂။ စစ်ကောင်စီ၏ တပ်မတော်နေ့တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု(၃)ကြိမ်ပြုလုပ်
၃၃။ ဘလယ်ဒို-သေ့ဘောဘိုး တိုက်ပွဲ စစ်ကောင်စီတပ် ၆၁ ဦး ကျဆုံးပြီး ၁၅ ထိခိုက်ဒဏ်ရာရ၊ တပ်နောက်ပြန်ဆုတ်နေ
၃၄။ မြဝတီ-ကော့ကရိတ်အာရှလမ်း ဘေလီတံတားအနီး ပရိုဘောက်ယာဉ် တစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သေဆုံး
၃၅။ ဝေါလေဘက်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်များ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ တပ်များအထိနာဟု ပြော
၃၆။ မင်းတပ်-မတူပီလမ်းတွင် CDF- Mindat နှင့်် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအ ဆုံးအရှိ
၃၇။ ဟားခါးမြို့နယ် သီနမ်းကျေးရွာက လူနေအိမ် ၉ လုံးကို စစ်ကောင်စီက မီးရှို့
၃၈။ ကန်ပက်လက်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီဘက် တစ်ဦးသေဆုံးဟု ဆို
၃၉။ Guys from Chin အဖွဲ့မှ မီဇိုရမ်ရှိ စစ်ဘေးရှောင်စခန်း (၄) ခု တွင် ရူပီး ၁၂ သိန်း သွားရောက်လှူဒါန်း
၄၀။ အိန္ဒိယရောက် မြန်မာနိုင်ငံသားများ နယူးဒေလီမြို့ UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်
********************

၁။ မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်
28th March 2022

မြစ်ကြီးနား စီတာပူရပ်ကွက် နောင်ရာကွင်းအနီး ဇေယျာမင်းဆီဆိုင်ရှေ့တွင် ကားမောင်းလာသော ပြည်သူတစ်ဦးကို လူငယ် ၃ ဦးမှ သေနတ်ထောက်ကာ ကားဓါးမြတိုက်ယူသွားကြောင်း သိရသည်။ ဓါးမြတိုက်သူများမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၃ ဦးဖြစ်ကြပြီး 125 ဆိုင်ကယ်နှစ်စီးဖြင့် ရှေ့နောက် ပိတ်ဆို့ကာ ကားဓါးပြတိုက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ လုယူသွားသော ကားအထဲတွင် ကားပိုင်ရှင်၏ ယာဉ်မောင်းလိုင်စင်နဲ့ နိုင်ငံသားမှတ်ပုံတင်လည်း ပါသွားကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် လုယက်မှုနှင့် ဓါးထိုးမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကလည်း မြစ်ကြီးနား၊ ရမ်ပူရပ်ကွက်တွင် သံတိုသံစနဲ့ ဘီယာဘူးခွံ လိုက်ဝယ်နေသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ဓားမြတိုက်ခံရပြီး ဓားထိုးမှုကြောင့် သေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ သာမက မြန်မာတနိုင်ငံလုံးအဆင့် မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှု ကျယ်ကျယ် ပြန့်ပြန့် ရှိလာသည့်အပြင် လုယက်မှု၊ သတ်ဖြတ်မှုများလည်း ပိုမိုများပြားလာနေပါသည်။

မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်


*******************
၂။ ကင်းလှည့် စစ်ကား မိုင်းခွဲခံရမှုတွင် စစ်ကောင်စီ ဒုရဲမှူးတစ်ဦး‌ သေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ ပြည်သူ ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ
28th March 2022

ဗန်းမော်မြို့တွင်း ယနေ့ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားခဲ့ရာ ရဲအရာရှိအပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူဘက်ကလည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက် ခရိုင် ရဲစခန်း ဒုရဲမှူး ၁ ဦး သေဆုံးသည့်အပြင် ရဲတပ်သား ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဒေသခံပြည်သူ ဒဏ်ရာရှိခဲ့သည့် ၅ ဦးအနက် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဒေါ်ရေဟာနာ (ခ) ဒေါ်ဘောက်နူးဆိုသူသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၈နာရီဝန်းကျင် ဗန်းမော်မြို့တွင်း သံတဲ ဧည့်ရိပ်သာအနီး ပထမအကြိမ်ပေါက်ကွဲမှုတွင် လူထိခိုက်မှု မရှိသော်လည်း နံနက် ၁၀ နာရီ နာရီစင်အနီး ဒုတိယအကြိမ် မိုင်းပေါက်ကွဲရာ စစ်ကောင်စီတပ်ဘက်မှ ၃ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။ ထို့နောက် နံနက် ၁၁ နာရီဝန်းကျင် သူနာပြုကျောင်းရှေ့ ကင်းပတ်နေသည့် စစ်ကောင်စီ၏ ယာဉ်တန်း ထပ်မံ မိုင်းခွဲခံရချိန်တွင် စစ် ကောင်စီတပ်ဘက်မှ ဒုရဲမှူး ၁ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ NUG အစိုးရမှ တစ်နိုင်ငံလုံး အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဗန်းမော် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ရန်နှင့် စစ်ကောင်စီ ယာဉ်တန်းများ၊ ရုံးအဆောက်အဦးများ၊ ကင်းစခန်းများနှင့် အနီးတစ်ဝိုက် သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တစ်ချို့ ထုတ်ထားကြောင်း သိရသည်။ https://burmese.kachinnews.com/2022/03/28/mar-28-z1-2/
*********************
၃။ သတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်
28th March 2022

ဖားကန့်မြို့မှ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ ဖားကန့် တရားရုံးမှ ယနေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့် လူငယ်များ နှင့် နီးစပ်သူများထံမှ သိရသည်။

အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် ၂၀၂၁ ခုနှစ် ဧပြီလ (၉) ရက်နေ့က သတင်းယူနေစဉ် ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွက် ဖမ်းဆီးခံရပြီး၊ နောက်ထပ် ဖားကန့်သတင်းများကို ရေးသားနေသော ကိုဇော်ဝင်းမောင်သည်လည်း ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်ည လုံးခင်း သပိတ်သို့ သတင်းသွားယူရန် ပြင်ဆင်ရင်း နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ယနေ့ ဖားကန့်မြို့နယ် တရားရုံးတွင် ဖမ်းဆီးခံထားရသူများထဲမှ ကိုနောင်ရိုး၊ ကိုဇော်ဝင်းမောင်၊ ကိုမျိုးဦး၊ ရန်နိုင်ထွန်း၊ မွန်း နောင်၊ ကိုအောင်သူ၊ ကျော်မျိုးဦး စုစုပေါင်း (၇) ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်သည်။ ဖားကန့် မြို့နယ်တွင် နွေဦး တော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံထားရသူ (၄၀) ကျော်ရှိကြောင်းသိရသည်။

သတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်


*********************
၄။ စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ
27th March 2022

ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုအများအပြားရှိနေသော်လည်း လက် လုပ်လက်စားအများစု လုပ်ကိုင်စားသောက်နေသော အာလမ်(ALAM) ကျေးရွာတစ်ခုကိုသာ စစ်ကောင်စီတပ်က ဖမ်းဆီးမှု ပြုလုပ်နေသည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူတစ်ဦးက ထောက်ပြ ပြောဆိုသည်။ မြစ်ကြီးနားမြို့ရှိ အာလမ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ လက်လုပ်လက်စားရွှေတူးဖော်မှုများနှင့် စက်ယန္တရားအချို့ကို စစ်ကောင်စီတပ်မှ မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။

မတ်လ ၂၅ ရက်နေ့ စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးရာတွင် အာလမ်ကျေးရွာမှ ဘက်ဖော ၂ စီး အပါအဝင် ဒေသခံ ပြည်သူ များ၏ တစ်လုံးထိုးစက် ၁၀ လုံးကျော် သိမ်းဆည်းသွားပြီး ဒေသခံ ၅ ဦးကိုလည်း ဖမ်းဆီးထားသည်။ ထို့အပြင် မတ်လ ၂၆ ရက်ညအထိ မြစ်ကမ်းဘေးတွင် ရဲနှင့်စစ်သားကို တပ်ချထားသည်ဟု သိရသည်။

အာလမ်ကျေးရွာပြည်သူများ၏ အသေးစား ရွှေတူးစက်များနှင့် ဖောင်များကို အထက်အမိန့်အရ အထက်သို့ တင်ပြရမည်ဟု ဆိုကာ မြစ်ချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ပြောသည်ဟု ဒေသခံများ ဆိုသည်။ အာလမ်ကျေးရွာတွင် ဘတ်ဖော်ဖြင့် ရွှေတူးဖော်သူ တစ်ဦးရှိပြီး အများစုမှာ ဒေသခံပြည် လက်လုပ်လက်စား အသေး စားလုပ်ကွက်ဖြင့် ရွှေတူးဖော်နေသူများဖြစ်သည်ဟု ဆိုသည်။

စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ


*********************
၅။ တနိုင်း တရုန်ကျေးရွာအနီး စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
26th March 2022

တနိုင်းမြို့နယ် တရုန်ကျေးရွာသို့ တပ်ချိန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ ယနေ့ ၁၂ နာရီဝန်းကျင်ခန့်တွင် တရုန်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ် ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တရုန်ကျေးရွာ၏ တရုန်ချောင်းကူးတံတားပေါ်တွင် တပ်စွဲထားသည့် တပ်စခန်းတွင် တပ်အပြောင်းအလဲ ပြုလုပ်ရန် တနိုင်းမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တရုန်ချောင်းအနီးတွင် KIA နှင့် PDF အဖွဲ့က ၄ကြိမ်ထက်နည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုအပတ် မတ်လ ၂၄ ရက်နေ့ တိန်ကောက်ကျေးရွာဘက်မှ စစ်အင်အား ၅၀ ဝန်းကျင်ခန့်ဖြင့် ထွက်လာသော ခလရ ၂၆၀ တပ်ရင်းမှ စစ်သားများဖြစ်သည်ဟု သူက ဆက်ဆိုထားသည်။ အဆိုပါ စစ်ကောင် စီတပ်ဖွဲ့သည် မတ်လ ၂၄ ရက်နေ့ တနိုင်းမြို့အဝင် ၈ မိုင် လမ်းတောင့်တစ်နေရာတွင် ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ https://burmese.kachinnews.com/2022/03/26/mar-26-y1/
********************
၆။ ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေသုံးဦးဒဏ်ရာရ
26th March 2022

ထီးချိုင့်မြို့အဝင် ကက္ကိုကုန်းလမ်းဆုံ ဂိတ်ကို ယနေ့ နံနက်ပိုင်းက ထီးချိုင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၂ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများအထိုင်ချထား အဆိုပါ ဂိတ်ကို ထီးချိုင့် PDF မိုင်းဖြင့် နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

အဆိုပါဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း လမ်းသွားလမ်းလာ ပိတ်ထားခြင်းမျိုးမရှိပဲ ပုံမှန်သွားလာခွင့်ပြုထားဆဲဖြစ်သည်။ တိုက်ခိုက်ခံရသည့် ယင်းဂိတ်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး ခန့်ရှိကြောင်းလည်းသိရသည်။

ထီးချိုင့် PDF အနေဖြင့် စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်းကို တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ယခု ၃ ဦး အပါအဝင် ၂၀ ကျော်အထိရှိပြီ ဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေ သုံးဦးဒဏ်ရာရ


*******************
၇။ စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂ စီး ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်
25th March 2022

ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် နှစ်ညစခန်းချခဲ့သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘော အထက်ဝဲကြီးရွာအ ရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ရှော့တိုက်ဒုန်းဖြင့် စောင့်ကြိုပစ်ခတ်မှုကို ခံရကြောင်း သိရသည်။ ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် မိုးတားလေးကျေးရွာမှ ထွက်လာသည့် ယင်းစစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောကို သံပုရာကုန်းရွာနှင့် အထက်ဝဲကြီးရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၄ ရက် ည ၉ နာရီခန့်တွင်လည်း ခတက်ချောင်ရွာနှင့် မင်းလယ်ရွာကြား၌ သင်္ဘောလုံခြုံရေးယူထားသည့် ခြေလျှင်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်မှ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ ကသာအထက်ပိုင်း ဗန်းမော်၊ ရွှေကူနယ်တစ်ဝိုက်တွင် မတ်လ ၁၄ရက်နေ့မှစကာ နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်၏ ရိက္ခတင် သဘော်အပြင်လုံခြုံရေးယူပေးသည့် ခြေလျင်စစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကသာနယ်အထက်ပိုင်း မြစ်ကြောင်းတစ်လျှောက်သည် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်း ရာတွင် အဓိကအသုံးပြုသည့် ရေကြောင်းတစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဘက်မှလည်း ယခင်ထက်လုံခြုံရေးအင်အား တိုးမြင့်လာကြောင်း သိရသည်။ https://burmese.kachinnews.com/2022/03/25/mar-25-z1/
*******************
၈။ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး
(၂၀၂၂၊ မတ်လ ၂၈)

ရေးမြို့နယ် တူးမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၏ အစ်မဖြစ်သူ မတ်လ ၂၇ ရက်က နံနက်ပိုင်းတွင် နေအိမ်၌ သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ သိရသည်။ ဦးသန်းထွန်းကို သေနတ်ဖြင့် လာရောက်ပစ်ခတ်စဥ် အစ်မဖြစ်သူ၏ ရင်ဘက်တွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းမှာ ရေးမြို့ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် အလိုရှိကြောင်း ကြေငြာခံထားရသည့် ရေးဘီလူးအဖွဲ့ဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က အစင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသေးသည်။

ရေးဘီးလူးအဖွဲ့က သတင်းပေးဟု စွပ်စွဲခံရသူ ပရဟိတလုပ်ကိုင်ဆောင်ရွက်သူ တပ်မတော် အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်း ဆရာ ၁ ဦးအပါအဝင် အနည်းဆုံး ၃ ဦးထက်မနည်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ https://burmese.monnews.org/
******************
၉။ မွန်ပြည်နယ်အတွင်း ဆားကြမ်းတစ်ပိဿာ ၃၀၀ကျပ်ထိ ဈေးတက်
(၂၀၂၂ မတ်လ ၂၈)

မွန်ပြည်နယ်အတွင်း ဆားကွင်းများ ပျက်စီးခဲ့သောကြောင့် ဆားကြမ်း တစ်ပိဿာ ငွေကျပ် ၃၀၀ ထိ ဈေးမြင့်တက်လာခဲ့ကြောင်း ဆားတောင်သူများထံက သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မုန့်တိုင်းကြောင့် မိုးရွာသွန်းမှုများ ရှိခဲ့ပြီး ဆားကွင်းများ ထပ်မံ ပျက်စီး ခဲ့ရခြင်းဖြစ်သည်။

ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဆားကွင်း ပျက်စီးခဲ့ရခြင်း ဖြစ်သောကြောင့် ပြည်နယ်အတွင်း ဆားဈေးနှုန်းများလည်း တက်လာကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ တစ်ဦးက ပြောသည်။ မွန်ပြည်နယ်အတွင်း တတိယအကြိမ်မြောက် ဆားဖျက်မိုးရွာပြီးနောက် ဆားကြမ်းတစ်ပိဿာ ၃၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ဆားချော တစ်ပိဿာ ၂၅၀ကျပ်ထိ ပေါက်ဈေး ရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ် ပင ကျေးရွာတွင် ဆားကွင်းဧကပေါင်း ၂၉၀၀ ခန့်ရှိပြီး မိုးမဖျက်ပါက ဆားပိဿာချိန် ၅၀၀‌ ကျော်ခန့် ပုံမှန် ထွက်လေ့ရှိကြောင်း သိရသည်။ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်အတွင်း၌လည်း နေလှန်းဆားလုပ်ငန်းများ လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။ https://burmese.monnews.org/
****************
၁၀။ မြဝတီမှ မော်လမြိုင်သို့ပြန်လာသည့်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး
(၂၀၂၂ မတ်လ ၂၈)

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ယာယီဘေလီတံတားအနီးတွင် ယနေ့ (မတ်လ ၂၈ရက်) နံနက်ပိုင်းက မြဝတီမှ မော်လမြိုင်သို့ ဆင်းလာသည့် အိမ်စီးကားတစ်စီး အပစ်ခံရပြီး ကားပေါ်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပုလဲဖြူလူမှု ကယ်ဆယ်ရေးထံမှ သိရသည်။ အမျိုးသား ၅ ဦး လိုက်ပါစီးနင်းလာသည့် အနက်ရောင် Probox အမျိုးအစား ကားပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ပြီး ကားနောက်ခန်းတွင် ထိုင်သည့် သုံးဦးအနက် အလယ်မှ အမျိုးသား ကျည်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကျည်ထိမှန်သူကို ၎င်းတို့ကိုယ်တိုင် ကော့ရိတ်ဆေးရုံသို့ ပိုဆောင်ခဲ့ပြီး သေဆုံးသူ အမျိုးသားအလောင်းကို မော်လမြိုင်သို့ ပြန်လည်ယူဆောင်သွားကြောင်း လူမှုကယ်ဆယ်ရေး တာဝန်ခံက မွန်သတင်းအေဂျင်စီကို ပြောသည်။ သေဆုံးသူဘေးမှ အမျိုးသား ကွမ်းတံတွေးငုံ့ထွေးနေစဉ် ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပုလဲဖြူလူမှု ကယ်ဆယ်ရေးအသင်းထံမှသိရသည်။ အဆိုပါ ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေလမ်းကို ဖြတ်သန်းသွား လာခြင်းမပြုရန် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ ဒူးပလာယာခရိုင်က မတ်လ ၂၇ရက်နေ့တွင် စာထုတ်ပြန် ထားသည်။

ယမန်နေ့က အဆိုပါကားလမ်းတွင် သွားလာသည့် ကားမရှိသော်လည်း ယနေ့ နံနက်ပိုင်းတွင် ကားအသေးအချို့နှင့် ကုန်တင် ယာဉ်အချို့ ဖြတ်သန်းသွားလာခဲ့သည်။ ကရင်ပြည်နယ်တွင် စစ်တပ်နှင့် KNU၊ KNLA၊ PDF တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး Probox ကားအပြင် ကုန်တင်ယာဉ်အချို့လည်း ကျည်ထိမှန်မှုများရှိခဲ့ကြောင်း သိရသည်။ https://burmese.monnews.org/
**********************
၁၁။ မွန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားခြင်းကြောင့် အုတ်လုပ်ငန်းများ အရှုံးပေါ်
(၂၀၂၂ မတ်လ ၂၆)

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားလာခဲ့သောကြောင့် အုတ်လုပ်ငန်း လုပ်ကိုင်သူများ အရှုံးပေါ်နေကြောင်း အုတ်လုပ်ငန်းရှင်များက ပြောသည်။

ဆောက်ရေးလုပ်ငန်းနှင့် ပြင်ဆင်ရေး လုပ်ငန်းများရပ်နားထားသောကြောင့် အုတ်ဝယ်လိုအား သိသိသာသာ ကျဆင်းလာခဲ့ ကြောင်း မုဒုံမြို့နယ်က အုတ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ အုတ်လုပ်ကိုင်ရာမှာ အဓိက အသုံးပြရသော ထင်း ရှားပါး လာသောကြောင့် ဝယ်ယူရာမှာလည်း ဈေးပိုပေးနေရကြောင်း မော်လမြိုင်မှ အုတ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းက မော်လမြိုင်၊ မုဒုံ၊ ကျိုင်မရောနှင့် ရေးမြို့နယ်တို့တွင် အုတ်လုပ်ငန်းကို အများဆုံး ထုတ်လုပ် လုပ်ကိုင်‌နေ ကြောင်း သိရသည်။ ထို့ပြင် မွန်ပြည်နယ်မှ ထွက်ရှိလာသော အုတ်များကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်နှင့် ပြည်နယ်အသီးသီးသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။ https://burmese.monnews.org/
******************
၁၂။ လျှပ်စစ်မီးကို မေလအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်
(၂၀၂၂ မတ်လ ၂၅)

လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည့်အတွက် လျှပ်စစ်မီးကို မတ်လအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်ဟု နစကကောင်စီက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ မတ်လ ၂၄ရက်နေ့က နေ့ပြည်တော်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။ လျှပ်စစ်ဓါတ်အား တိုးမြှင့်ပေးနိုင်ရန် ဓါတ်ငွေ့ပိုက်လိုင်းတိုးချဲ့ခြင်း၊ ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် တာပိန် (၁) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အား ၁၂၀ မဂ္ဂါဝပ်အား ဝယ်ယူနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး ဘီလူးချောင်း ရေအားလျှပ်စစ်မှထွက်ရှိမည့် ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ် နိုင်ရန်နှင့် ဖျက်ဆီးခံထားရသည့် တာဝါတိုင်များကိုလည်း ပြန်လည် ပြင်ဆင်လျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Home


***************
၁၃။ စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများ ပါတီဖျက်သိမ်းသည်အထိ လုပ်ဆောင်နိုင်ကြောင်း UEC ပြော
(၂၀၂၂၊ မတ်လ ၂၄)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၁ ခုနှစ် သြဂုတ်လကစပြီး နိုင်ငံရေးပါတီများအား စစ်ဆေးခဲ့ရာ အစစ် အဆေးမခံသည့်ပါတီများကို (၃)နှစ်အထိ ယာယီရပ်ဆိုင်းနိုင်သည့်အပြင် ဖျက်သိမ်းနိုင်သည်အထိ လုပ်ဆောင်နိုင်ကြောင်း UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။

မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် နစက ကောင်စီသတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၈၃ ပါတီရှိသည့်အနက် စစ်ဆေးရန်ကျန်နေသောပါတီ ၉ ပါတီကို ဆက်လက်စစ် ဆေးမည်ဟုလည်း ဆိုခဲ့သည်။ ပါတီ၏ ပစ္စည်းစာရင်း၊ ပါတီဝင်နှင့် ငွေစာရင်းများအား UEC အနေဖြင့် လိုအပ်ပါက မိမိတို့ရုံးတွင် လာရောက်စစ်ဆေးနိုင်ပြီး ညွှန်ကြားသည့်နေရာသို့ သွားရောက်အစစ်ဆေးမခံနိုင်ကြောင်း ယခင်က ပြောကြားထားသည်။

စုံညီအစည်းအဝေးကို UEC အဖွဲ့ဝင်များ စုံညီစွာဖြင့် ကျင်းပရန်ရှိနေပြီး အဆိုပါစုံညီအစည်းအဝေးတွင် အစစ်ဆေးမခံသော နိုင်ငံရေးပါတီများကို အရေးယူနိုင်ရေးကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။ နစကကောင်စီက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်စီစဥ်နေပြီး မလုပ်နိုင်သည့် ဒေသများတွင်မလုပ်ဘဲ လုပ်နိုင်သည့်ဒေသတွင်လုပ်မည်ဖြစ်ကြောင်း ယနေ့ မတ်လ ၂၄ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုတိယဝန် ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ https://burmese.monnews.org/
****************
၁၄။ ထိုင်းနိုင်ငံထုတ် ရသေ့ဆေးတွင် စတီးရွိုက်များစွာပါဝင်နေ၍ သုံးစွဲရန်မသင့်ဟု ထုတ်ပြန်
(၂၀၂၂ မတ်လ ၂၅)

မြန်မာနိုင်ငံရှိ အနုပညာရှင်အချို့ ကြော်ငြာပေးနေသည့် ထိုင်းနိုင်ငံထုတ် ရသေ့ဆေး (သို့) ထိုင်းဗိန္တောဆေးတွင် ကလီစာကို ထိခိုက်စေနိုင်သည့် စတီရွိုက်များစွာပါဝင်နေသည့်အတွက် သုံးစွဲရန်မသင့်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန် ခဲ့သည်။

ရသေ့ဆေး ထုတ်လုပ်သည့်စက်ရုံကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် FDA တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးရည်ပုလင်း တစ်ပု လင်းတွင် စတီးရွိုက်ဆေးပြား အပြား ၇၀နှင့် အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ ထည့်သွင်းထားကြောင်း ထိုင်းနိုင်ငံ သတင်းများတွင်‌ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ဆေးများကို လူမှုကွန်ရက်စာမျက်နှာမှ ထိုင်းရောက်မြန်မာအချို့က မြန်မာ နိုင်ငံကို တင်ပို့ရောင်းချနေပြီး ရောင်းအားကောင်းသည့် ပစ္စည်းဆေးတစ်မျိုးဖြစ်ကာ ဆေးအညွှန်းတွင် နို့တိုက်မိခင်နှင့် ကိုယ်ဝန် ဆောင်များ သောက်သုံးရန်မသင့်ကြောင်းနှင့် ဆေးကို စွဲမသောက်ရန် ရေးသားထားသည်။

ဆေးရည်အမျိုးအစားဖြစ်ပြီး အစာစားပြီးတိုင်း တစ်နေ့ နှစ်ကြိမ်သောက်ရမည်ဖြစ်ပြီး ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရော ဂါရှိသူများကို ၁၅ ရက်ထက် ပိုမသောက်ရန် အွန်လိုင်းတွင် ဆေးရောင်းချသူများက ပြောသည်။ အွန်လိုင်းပေါက်စျေးများအရ အဆိုပါ ရသေ့ဆေးရည် တစ်ဘူးလျင် မြန်မာငွေ ၆၀၀၀ကျပ်မှ ၁၀၀၀၀ကျော်အထိ ပေးဝယ်နေရသည်။ သို့ရာတွင် ဆေးတွင် စတီးရွိုက်ပမာဏပါဝင်နေပြီး လူ့အသက်အန္တရာယ်ရှိတာကြောင့် ထိုင်းအစိုးရက ဝင်ရောက်ဖမ်းဆီး ပိတ်သိမ်းလိုက်ပြီဖြစ် ကြောင်း ထိုင်းနိုင်ငံ သတင်းများအရ သိရသည်။ https://burmese.monnews.org/
*****************
၁၅။ နမ္မတူမြို့နယ် ရှရှားတောင်အနီး ပစ်ခတ်မှုဖြစ်
March 28, 2022

သျှမ်းပြည်မြောက်ပိုင်း ရှရှားတောင် အနီးတစ်ဝိုက်တွင် လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် ဘော်တွင်း နှင့် ရုရှားတောင် အနီးတစ်ဝိုက် တွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး လက်နက်ကြီးပစ်ခတ်သံများပါ ကြားရကြောင်း နမ္မတူမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ရုရှားတောင်နားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ် ခြင်းဖြစ်သည်ဟုသာ သိရပြီး မည်သည့် အဖွဲ့အစည်း ဆိုတာတော့ အတည်ပြုချက် မရရှိသေးပါ။

နမ္မတူမြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် TNLA တပ်ဖွဲ့၊ SSPP/SSA တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။ https://burmese.shannews.org/archives/27549
*******************
၁၆။ မူဆယ်မြို့နယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ စစ်ဆေးမှုပြုလုပ်နေ
March 28, 2022

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တော်ရွက်ကျေးရွာအုပ်စု ဟိုဆောင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် များက လမ်းသွားလမ်းလာများအား စစ်ဆေးမှု ပြုလုပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လအတွင်းမှစပြီး မူဆယ် မြို့ ဟိုဆောင်ကျေးရွာထိပ်နှင့် မင်္ဂလာမူဆယ်အဝင်ပေါက်တို့တွင် ပြည်သူ့စစ်များ စစ်ဆေးနေကြောင်း၊ ထိုနေရာတွင် စစ်ကောင် စီပိုင် Mytel တာဝါတိုင်ရှိထားကြောင်းလည်း မူဆယ်မြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပြည်သူ့စစ်များသည် သွားလာသည့် ပြည်သူများကို မှတ်ပုံတင်စစ်ဆေးနေလျက်ရှိပြီး ခြိမ်းခြောက်မှုများလည်း ရှိနေသဖြင့် ဒေသခံများက သွားလာရန်အတွက် စိုးရိမ်မှုများဖြစ်ရကြောင်း စစ်ဆေးမှုခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုစစ်ဆေးမှု ပြုလုပ်နေသည့် ပြည်သူ့စစ်များ၏ လက်မောင်းသူ နမ့်ခမ်း(၁) ဆိုသည့် တံဆိပ်ပါကြောင်း သိရသည်။ မူဆယ်မြို့ နယ်အတွင်း ပြည်သူ့စစ်များ စစ်ဆေးနေသည့်အပြင် စစ်ကောင်စီတို့၏ စစ်ဆေးရေးဂိတ်များလည်း များစွာရှိနေကြောင်း သိရသည်။ ထိုစစ်ဆေးရေးဂိတ်များသည် မှတ်ပုံတင်များကို စစ်ဆေးပြီး မပါရှိပါက ငွေကြေးတောင်းယူမှုများလည်း ရှိနေကြောင်း သိရသည်။ https://burmese.shannews.org/archives/27546
*****************
၁၇။ သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ အကြောင်းပြ အိမ်ထောင်စုစာရင်း လိုက်လံကောက်နေ
March 28, 2022

သျှမ်းပြည်အတွင်း စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး အိမ် ထောင်စု စာရင်းများကို လိုက်လံကောက် စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီက ပြုလုပ်မည့် ရွေး ကောက်ပွဲအတွက် အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က ယခု မတ်လအတွင်း အိမ်ထောင်စုတွင်းရှိ လူစာရင်းများကို လိုက်လံ ကောက်ယူနေကြောင်း နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ယူနေသော်လည်း ပြည်သူတစ်ချို့က စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ ကြောင့် နာမည်စာရင်းသွားရောက်ပေးသွင်းခြင်းမရှိကြောင်း သိရသည်။ ထိုနည်းတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်၊ ကျိုင်းတုံ ဘက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ထွေအုပ်တို့က ယူနီဖောင်းမပါဘဲ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်စု စာရင်း လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်းက လာရောက်စစ်ဆေးသည့် ထွေအုပ်များသည် အထက်က အမိန့်အတိုင်း လာရောက်စစ်ဆေး ကောက်ယူသွားပြီး မည်သည့် ကိစ္စကြောင့်လာရောက်စစ်ဆေးသည်ကို မသိရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကတည်းက ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းပြီး ပြည်သူ များကို မှတ်ပုံတင်လိုက်လံလုပ်ပေးခဲ့ကြောင်း သိရသည်။ ထိုစီမံချက်ထဲတွင် အသက် (၁၆)နှစ်ပြည့်သူတိုင်း တရားဝင်မှတ်ပုံ တင်ဖြင့် ခရီးသွားလာရန်အတွက် အကြောင်းပြပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
https://burmese.shannews.org/archives/27540
*****************
၁၈။ နမ့်ခမ်းမြို့ သင်္ချိုင်း အုတ်ဂူများ ဖျက်ဆီး သံများခိုးယူသွား
March 28, 2022

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတစ်ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူများက အုတ်ဂူများကို ဖျက်ဆီးပြီး သံများကို ခိုးယူ သွားကြကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူ များပြားလာပြီး သင်္ချိုင်းအုတ်ဂူ (၁၀)ခုကျော် ဖျက်ဆီးသွားကြောင်း ယမန်နေ့ (မတ် ၂၈ ရက်) သွားရောက် ဖမ်းဆီးသူထဲမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

နမ့်ခမ်းမြို့ထဲ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲလာသူ များပြားလာခြင်း၊ လောင်းကစားများ ပိုမိုများပြားလာပြီး သူခိုးများလည်း ယခင်ကထက် များပြားလာကြောင်း နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ မြို့နယ်များတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာခြင်း၊ လောင်းကစား အများအပြား ရှိလာခဲ့ပြီး သူခိုးဓါးမြလဲ ယခင်ကထက် ပိုမိုများပြားလာသည်။
https://burmese.shannews.org/archives/27535
********************
၁၉။ မုံးကိုး စစ်ရှောင် ၈၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
March 28, 2022

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သတင်းသိရသည်။ မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရောက်ရှိလာသည့် ကျေးရွာ ၇ ရွာမှ ဒေသခံများအတွက် ဆန် နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန်အတွက် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တားမြစ်စစ်ဆေးမှုများ၊ ဆဲဆိုမှုများ ရှိနေသည့်အတွက်ကြောင့် တချို့ ပရဟိတသမားနှင့် အလှူရှင်များ ကလည်း သွားလာရန် ကြောက်လန့်နေကြောင်း သိရသည်။

လက်ရှိ မုံးကိုးမြို့ပေါ်ရှိ စစ်ရှောင်စခန်းထဲသို့ ကြံစိုက်ခင်းလုပ်ကိုင်သည့် ဒေသခံများလည်း အလုပ်မဖြစ်သည့်အတွက် စားဝတ် နေရေးခက်ခဲကာ လာရောက်မှီခိုနေရသည်။ မုံးကိုးမြို့ ဒေသအတွင်းတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ် လကုန်ပိုင်းမှစတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ဒေသခံ ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀ ခန့်က မုံးကိုးမြို့ပေါ်ရှိ ဘာသာရေး ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ယနေ့အချိန်ထိ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။ https://burmese.shannews.org/archives/27531
********************
၂၀။ ရွာငံမြို့နယ် လူမနေသည့်အိမ် စစ်ကောင်စီ ဖောက်ထွင်း ပစ္စည်းများ ယူဆောင်သွား
March 28, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင် လူမနေထိုင်သည့် နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ပဲရင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ့နေအိမ်များနှင့် ကြောက်လန့်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ့နေအိမ် များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖောက်ထွင်းခံရသည့် ပြည်သူ့နေအိမ် အနည်းဆုံး ၅ လုံးခန့် ရှိနေပြီး အများစုမှာ တိုက်အိမ်နှင့် စီးပွားရေး အသင့်အသင့်ရှိသည့် အိမ်များကို စစ်သားတို့က ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူသွားကြောင်း သိရသည်။

ပဲရင်းတောင်ကျေးရွာအတွင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဆက်စပ်သူတို့ ရှိနေသည့် သံသယဖြင့် ဒေသခံ ရွာသားများကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် ယမန်နေ့ မတ်လ ၂၆ ရက်နေ့တွင်လည်း ရွာငံမြို့နယ်ရှိ နန်းခုန်ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်သားတို့က တစ်အိမ်ချင်းလိုက်လံစစ်ဆေး ခဲ့ကြောင်းလည်း သိရသည်။ https://burmese.shannews.org/archives/27529
******************
၂၁။ သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိသေဆုံး
March 28, 2022

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်ယန်းအုပ်စု ကောင်းဟုန်းကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံးခဲ့ပြီး ကျန်ရစ်သူ မိသားစုဝင်များ စားဝတ်နေရေးအတွက် များစွာအခက်အခဲရှိနေကြောင်း သတင်းသိရသည်။ မတ်လ ၂၆ ရက် မနက် ၆ နာရီကျော်တွင် ကောင်းဟုန်းကျေးရွာမှ စိုင်းဘရွှေ နှင့် တခြားဒေသခံနှစ်ဦးတို့သည် ကောင်းဟုန်းကျေးရွာ အပြင်ဘက်ရှိ တောင်ယာ သွားခုတ်ရှင်းလင်းစဥ် စိုင်းဘရွှေ က မိုင်းနင်းမိကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ စိုင်းဘရွှေသည် အသက် ၄၀ နှစ်ရှိ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး လက်ရှိတွင် သူ၏အမျိုးသမီးနှင့် သား တစ်ယောက်၊ သမီးတစ်ယောက်ကျန်ရှိနေပြီး ရှေ့ဆက် စားဝတ်နေရေးအတွက် များစွာ အခက်အခဲရှိနေကြောင်း သတင်းသိ ရသည်။ စိုင်းဘရွှေ၏ ရုပ်အလောင်းကို ရွာသူကြီးဦးဆောင်မှုဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့် ရွာသားများ စုပေါင်းပြီး မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှာပင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အပါအဝင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတော်တော်များများတွင် မြေမြှုပ် မိုင်းများကို အသုံးပြုမှုရှိခဲ့ကြပြီး ပြန်ထွက်ခွာချိန်တွင် မိုင်းများကို ပြန်လည် ရုတ်သိမ်းပေးမှု မရှိသောကြောင့် ပြည်သူများက မြေစာပင်အဖြစ် မိုင်းနင်းမိ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိနေကြသည်။ ထိုသို့ သေဆုံးမှုများရှိနေသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/27526
******************
၂၂။ ရွာငံမြို့ဖမ်းဆီးခံထားရသည့် NLD အမတ် နေအိမ် ချိတ်ပိတ်ခံရ
March 26, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) လွှတ်တော် အမတ်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း သတင်းရရှိသည်။

မတ်လ ၂၂ ရက်တွင် စစ်သားနှင့်ရဲသားတချို့က ဖမ်းဆီးခံထားရသည့် NLD အမတ်၏ နေအိမ်ကို ကားတစ်စီးဖြင့် ရောက်ရှိလာပြီး အိမ်တွင်း ပစ္စည်းတချို့ ယူဆောင်ကာ ဦးစိုင်းဝဏ္ဏ၏ နေအိမ်ကို ချိတ်ပိတ်စာကပ်သွားကြောင်း ဒေသခံများက သျှမ်းသံတော် ဆင့်ကို ပြောသည်။ ဦးစိုင်းဝဏ္ဏနှင့် မိသားစုဝင် ၄ ဦးကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သားတို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင် ၃ ဦးက ပြန်လည်လွတ်မြောက်လာသော်လည်း ဦးစိုင်းဝဏ္ဏနှင့် နောက်ထပ် မိသားစုဝင် တစ်ဦးက ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သတင်းသိရသည်။

ရွာငံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်သားတို့၏ အပြစ်မဲ့ပြည်သူများကို သံသယမှုဖြင့် ရိုက်နှက် ဖမ်းဆီးထောင် ချမှုများ တစ်နေ့တစ်ခြား များပြားလာသည့်အပြင် လက်ရှိအချိန်အထိ ချိတ်ပိတ်ခံရသည့် ပြည်သူ့နေအိမ်လည်း ၁၀ လုံး နီးပါးရှိ နေကြောင်းသိရသည်။ https://burmese.shannews.org/archives/27517
***************
၂၃။ တောင်ကြီးမြို့ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦးဖမ်းဆီးခံရ
March 26, 2022

သျှမ်းတောင် တောင်ကြီးမြို့ ရှိ DNNA အမည်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦး ကို စစ်ကောင်စီ မှ ဖမ်းဆီးခံသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( မတ်လ ၂၆) ရက် ည အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ခွာညိုလမ်း နှင့် သဇင်လမ်းတွင် နေထိုင်သည့် DNNA ကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဆရာမဒေါ်နွဲ့နွဲ့အေးနှင့် ၎င်းတူမ ဖြစ်သူတို့ကို စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးက လာရောက်ရှာဖွေကြောင်း သိရသည်။

ဟန်ငြိမ်းဦး ဆိုသည့် တယ်ရီဂရမ် အကောင့်တွင် DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် အပါအ၀င် အမျိုးသမီး (၈)ဦးသည် PDFတပ်ဖွဲ့ကိုထောက်ပံ့နေသည်ဟု စွပ်စွဲရေးသား သတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ခံများက ပြောဆိုသည်။ ဟန်ငြိမ်းဦး တယ်ရီဂရမ်မှ ကျောင်းအုပ်ဆရာမကြီး၏ သမီးနှင့် တူမများက ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အတွက် အလှူငွေများကောက်ခံပြီး ထောက်ပို့တာဝန်ယူနေကြောင်း မတ်လ ၂၅ ရက်၊ ညနေပိုင်းအချိန်က ဖော်ပြထားပြီးနောက် စစ်တပ်နှင့်ရဲများက အဆိုပါနေအိမ်အား တံခါးဖျက်၍ ဝင်ရောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် နေအိမ်တွင် ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် စစ်သားနှင့် ရဲတို့က အနီးပတ်ဝန်းကျင်ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေ ခြင်းနှင့် တခြားရပ်ကွက်များကိုလည်း ပိုက်စိပ်တိုက် ရှာဖွေခြင်းများ ပြုလုပ်ပြီး ယနေ့ (မတ်လ ၂၆ ) ရက် မနက် ၂ နာရီတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့အေး နှင့် မိန်းကလေး ၈ ယောက်တို့ကို ၎င်းတို့ ပုန်းခိုနေသည့် ချမ်းမြရပ်ကွက်မှ နေအိမ်အ တွင်းတွင် ဖမ်းဆီးရမိကြောင်းသိရသည်။ ကျောင်းအုပ်ဆရာမကြီးကို မဖမ်းမိသေးသည့် အချိန်တွင် DNNA ကျောင်းမှာ စာသင် ကြားနေသည့် ကျောင်းဆရာတစ်ဦးကိုလည်း စစ်ကောင်စီတို့က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
https://burmese.shannews.org/archives/27514
**************
၂၄။ တောင်ကြီးမြို့ပေါ် UG လှုပ်ရှားနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ
March 26, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် UG လှုပ်ရှားနေသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီမှ ရှာဖွေဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက် နေ့လည်ပိုင်းတွင် တောင်ကြီးမြို့မှ မန္တလေးနှင့် ရန်ကုန်သို့ ပို့ဆောင်သည့် ဖောက်ခွဲရေးပစ္စည်းများ လမ်းမှာစစ်ဆေးဖမ်းဆီးခြင်းခံရပြီးနောက် တောင်ကြီးမြို့မှ UG များကို စစ်ကောင်စီတို့က ခြေရာခံလိုက်နိုင်ပြီး ညပိုင်းတွင် အမျိုးသားတစ်ယောက် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။

လက်ရှိ တောင်ကြီးမြို့မှ UG သမားများအနေဖြင့် ဘေးလွှတ်ရာသို့ အချိန်မှီရှောင်တိမ်းနိုင်ခဲ့သော်လည်း ဆက်စပ်သူများနှင့် မသက်ဆိုင်သူများကိုပါ စစ်ကောင်စီကဖမ်းဆီးမှုများ ပြုလုပ်‌နေသည့်အတွက် သတိပြုနေထိုင်ကြရန်နှင့် တချို့လူငယ်များလည်း ကြိုတင်ရှောင်တိမ်းသင့်ကြောင်း တက်ကြွလှုပ်ရှားနေသည့် လူငယ်တစ်ဦးက ပြောသည်။

ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ပေါ်ရှိ နိုင်ငံရေးလှုပ်ရှားမှုများ မရှိသော်လည်း အာဏာသိမ်းခါက စစ်ကောင်စီဆန့်ကျင် ကြောင်းဆန္ဒပြ သပိတ်များတွင် ပါဝင်ဖူးသည့် လူငယ်အယောက်၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းလည်း သိရ သည်။ https://burmese.shannews.org/archives/27511
*****************
၂၅။ ဆီဆိုင်စစ်ရှောင် သွားကူသည့် အသက် ၁၈ နှစ်အောက် အပါအဝင် လူငယ်(၆)ဦး ဖမ်းဆီး ခံရ
March 26, 2022

သျှမ်းတောင် ဆီဆိုင်မြို့ရှိ စစ်ရှောင်များကို အလှူပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည့် အသက် (၁၈)နှစ်အောက် အပါအ၀င် လူငယ်များနှင့်ကားသမား စုစုပေါင်း (၆)ဦးကို စစ်ကောင်စီအုပ်စုမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းဆီးမှုသည် ပြီးခဲ့သည့် မတ် ၂၃ ရက်က ဆီဆိုင်မြို့ ရှိ စစ်ရှောင်များကို သွားရောက်ကူညီခဲ့ပြီး တောင်ကြီးသို့ ပြန်လာချိန် နောင်ထော် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုနည်းတူ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင်လည်း တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ ဆန့်ကျင်ကြောင်း ဆန္ဒပြ သပိတ်များတွင် ပါဝင်ခဲ့ဖူးသူများနှင့် စစ်ရှောင်အတွက် အလှူငွေကောက်ခံနေသူများကိုလည်း စစ်ကောင်စီ တပ်သားများက လိုက်လံဖမ်းဆီး နေကြောင်း သတင်းသိရသည်။ လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများ မရှိသော်လည်း အာဏာသိမ်းခါက စစ်ကောင်စီဆန့်ကျင် ကြောင်းဆန္ဒပြ သပိတ်များတွင် ပါဝင်ဖူးသည့် လူငယ်အယောက်၂၀ ကျော် ဖမ်းဆီးခံထားရပြီး ကျန်နေသည့် လူငယ်များအ နေဖြင့် တိမ်းရှောင်သင့်ကြောင်း အထက်ပါ လူငယ်က ဆက်ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် PNA များနှင့် ပူးပေါင်းပြီး လူငယ်များကို ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်သည့်အပြင် ယနေ့ မတ်လ ၂၅ ရက်နေ့တွင်လည်း တောင်ကြီးမြို့ ၏ အထင်ကရနှင့် လမ်းကြိုလမ်းကြား နေရာများတွင် PNA စစ်သားနှင့် စစ်ကောင်စီ စစ်သားများက စောင့်ကြပ်စစ်ဆေးနေကြောင်း သိရသည်။ လာမည့် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အတွက် လုံခြုံရေးပိုမို တင်းကြပ်ထားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။
https://burmese.shannews.org/archives/27508
*******************
၂၆။ သျှမ်းနီလူမျိုး စစ်ကောင်စီဖျောက်ရန် ကြိုးစားနေဟု သျှမ်းနီများ ဝေဖန်ပြောဆို
March 25, 2022

သျှမ်းနီတိုင်းရင်းသားများ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်တွင် ပါရှိသည့် လူမျိုး ဆိုသည့်နေရာတွင် ဗမာဟု သုံးနှုန်းရေး သားခြင်းသည် လူမျိုး နှင့် လူမျိုးနာမည်ဖျောက်ရန် ကြိုးစားမှုဖြစ်သည်ဟု သျှမ်းနီလူမျိုးများက ဝေဖန်ပြောဆိုနေကြသည်။ မတ်လ ပထမပတ်အတွင်းမှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) အဖွဲ့သားများသည် သျှမ်းနီတိုင်းရင်းသားများ ရှိရာဒေသများသို့ ကွင်းဆင်းပြီး မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်း၊ လှဲလှယ်ပေးခြင်းတို့ကို ပြုလုပ်ရာ လူမျိုးဆိုသည့်နေရာတွင် ဗမာ ဟု အတင်းရေးသားထည့်သွင်းကြောင်း ကြုံတွေ့ရသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းနီတိုင်းရင်းသားတို့သည် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းတို့လုပ်ရာတွင် မိမိတို့၏ ပင်ကိုယ်လူမျိုးဖြစ်သည့်အတိုင်း သျှမ်းနီဟု ထည့်သွင်းခွင့်မရရှိခဲ့သည့်အပြင် သျှမ်းဗမာ၊ သျှမ်း + ဗမာ ဟု ထည့်သွင်းခံလာရပြီးနောက် ယခုတခါတွင် “ဗမာ” ဟု ထည့်သွင်းရေးသားခံရကြောင်း သိရသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် လူမျိုးအမည်ဖျောက်ရန် ကြိုးစားမှုဖြစ်ပြီး မှတ်ပုံတင်မှာ “ဗမာ” လူမျိုးဟု ပြောင်းလဲ ခံရသည့် သျှမ်းနီလူမျိုးများအတွက် ပြန်လည်ဖြေရှင်းပေးရန် လိုအပ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းနီတိုင်းရင်းသားများကို “ဗမာ” ဟု ပြောင်းလဲရေးသားခြင်းနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတို့၏ နိုင်ငံရေး အမြတ်ထုတ်ချင်သည့် ရည်ရွယ်ချက်လည်းပါဝင်သည်ဟု သျှမ်းနီတိုင်းရင်းသား လူငယ် တစ်ဦးကလည်း ပြောသည်။ သျှမ်းနီတိုင်း ရင်းသားများက သျှမ်းနီလူမျိုး တရားဝင်သတ်မှတ်ပေးရေးကို သျှမ်းနီအမျိုးသားညီလာခံမှ တစ်ဆင့် တညီတညွတ်တည်း တောင်းဆိုမှုများပြုလုပ်ခဲ့ကြပေမယ့် မြန်မာပြည်အစိုးရအဆက်ဆက်တို့သည် သျှမ်းနီတိုင်းရင်းသားများကို မှတ်ပုံတင် ထည့် သွင်းရေးသားခွင့် မပြုခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/27504

၂၇။ သျှမ်းအမျိုးသားကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် လိုအပ်
March 25, 2022

သျှမ်းပြည်တောင်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့ နယ်မြေစိုးမိုးရေး တိုက်ပွဲများကြောင့် ပိတ်ထားခံ ရသည့် သျှမ်းအမျိုးသားကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြည်သူများက တောင်းဆိုလိုက်သည်။ ထိုကျောင်းများသည် သျှမ်း ပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချားနှင့် ပင်လုံမြို့နယ်တို့တွင် ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ ယခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများစစ်ရှောင်နေရပြီး ဒေသခံ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော သျှမ်းအမျိုးသားကျောင်း ၅၀ ကျော်လည်း ပိတ်ထားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါကျောင်းများသည် ဒေသခံများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့်ဆောက်ထားသည့်ကျောင်းများဖြစ်ပြီး ကိုဗစ်ကာလ၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွါးရေးခက်ခဲသည့် ဒေသခံများက ကျောင်းဆရာ/ဆရာမ များအတွက် လုပ်အားခ၊ ဉာဏ်ပူဇော်ခ အပြည့် အဝ မပေးနိုင်ခဲ့ကြောင်းလည်း အထက်ပါကျောင်းဆရာ က ပြောသည်။ သျှမ်းပြည်အတွင်း သျှမ်းကိုယ်စားပြုလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့က ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆရာ/ ဆရာမများနှင့် ဒေသခံများ စစ်ရှောင်နေရပြီး တချို့ပြည်သူ များသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးနေရသည်။ လက်ရှိအချိန်တွင် တိုက်ပွဲများ ငြိမ်နေပြီဖြစ်သော်လည်း ရွာသားများအနေဖြင့် ပြန်လည်ထူထောင်မှုများ လုပ်ဆောင်နေရသောကြောင့် ပိတ်ထားရသည့်ကျောင်းများ ပြန်မဖွင့်နိုင်သေးပေ။

ထို့ကြောင့် မိုင်းလင်းကျေးရွာအုပ်စုမှ သျှမ်းအမျိုးသားကျောင်း အပါအဝင် ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ မြို့နယ်များ အတွင်းရှိ ပိတ်ထားရသည့် သျှမ်းအမျိုးသားကျောင်းများအတွက် ဆရာ/ဆရာမ များနှင့် ကျောင်းသုံးပစ္စည်းများအား ကူညီပံ့ပိုး ပေးမည့် အလှူရှင်/အဖွဲ့အစည်းများရှိပါက ဒေသတွင်းကလေးငယ်များ တိုးတက်ရေးရှေးရှု၍ ကျောင်းများပြန်လည် ဖွင့်လှစ်လို ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းအမျိုးသားကျောင်းများပိတ်ခံထားရသည့်နေရာသည် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နယ်မြေစိုးမိုးထားသည့်နေရာဖြစ်ကြောင်း သိရသည်။ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ မိုင်းနောင် စသည့်မြို့နယ်အသီးသီးတွင် မူလတန်းနှင့် မူလွန်အဆင့် သျှမ်းအမျိုး သားကျောင်းများစွာရှိနေပြီး ဒေသတွင်းကျေးရွာနေ ကလေးသူငယ်များ၏ ပညာသင်ယူရာ ဖြစ်ကြောင်းလည်း သိရသည်။
https://burmese.shannews.org/archives/27500
*******************
၂၈။ တပ်မတော်နေ့တစ်ရက်တည်းတွင် ကရင်နီပြည်နယ်မှာ တိုက်ပွဲ ၄ နေရာထက်မနည်း ဖြစ်ပွားခဲ့
March 28, 2022

မနေ့က (မတ်လ ၂၇ရက်)နေ့ တပ်မတော်နေ့မှာ နံနက် ၅နာရီခွဲအချိန်ကစပြီး ပွန်ချောင်းအနီးက စစ်ကောင်စီတပ်စခန်းကို KA၊ KNDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိသလို ဂျက် လေယာဉ် ပျံဝဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၇ရက်နေ့မှာပဲ ဒီးမော့ဆို ကုန်းသာဖက်မှာ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေါငံခါး၊ လမ်းခွမှာလည်း နေအိမ်မီးရှို့တာတွေ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနေ့မှာပဲ ခြောက်မိုင်အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF/B-09 တို့ ထိတွေ့တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီက မနေ့က (မတ်လ ၂၇ရက်) နေ့နဲ့ ဒီကနေ့ ( မတ်လ ၂၈ ရက်နေ့) မှာ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးအတိုင်း စစ်ကားအစီး ၄၀ကျော် အင်အားဖြည့်တင်းတာတွေရှိတယ်လို့ KNDF/B-09 က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဖရူဆိုမြို့နယ် အခြေစိုက် ခမရ ၄၂၈ တပ်ရင်းကိုလည်း KNDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ထိခိုက်ဆုံးရှုံး မှုရှိခဲ့တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/
********************
၂၉။ ကရင်နီပြည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့
March 26, 2022

မတ်လ ၂၄ ရက်နေ့က ကရင်နီပြည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့် ဝန်း ကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ KNDF B-15 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မတ်လ ၂၄ရက်နေ့ ညနေ ၂နာရီမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၅နာရီခွဲအထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင် စီက ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေရှိနေပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ငွေတောင်ရွာသစ်ကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတွေကတော့ စစ်ဘေးရှောင်နေကြပါတယ်။ အခုလို စစ်ကောင်စီက ဖရူဆိုဖက်ကို စစ်ကြောင်းထိုလာတာဟာ ရိက္ခာပို့ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ KNDF B-15 တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့မှာလည်း ငွေတောင်ရွာသစ်ကျေးရွာအနီးရှိ ထူးလွီးဘီလာကျေးရွာမှာ စစ်ကြောင်းထိုးလာပြီး ကင်းပုန်း တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံနေအိမ်နှစ်လုံးကို မီးရှို့ခဲ့ပါတယ်။
https://www.kantarawaddytimes.org/
******************
၃၀။ KNDFတပ်ရင်း တစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်း၊ တပ်ရင်း ၁၉ ရင်းရှိလာ
March 25, 2022

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကနေပြီး KNDF/ B-21 တပ်ရင်းတစ်ခုကို ဒီမတ် အတွင်းမှာပဲ ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့တယ်လို့ KNDF ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ကပြောပါတယ်။

KNDFမှာဆိုရင် အရေအတွက် အားဖြင့် တပ်ရင်း(၁၈)ခုရှိပြီးခဲ့ပြီး ခုတိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ KNDF/ B-21 အပါအဝင်ဆိုရင် ၁၉ ရင်းထိ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့က ထုတ်ပြန်လိုက်တဲ့ KNDFရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ တပ်ဖွဲ့အင်အားပေါင်း ၆ထောင်ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ KNDFဟာဆိုရင် ၂၀၂၁၊ ဇွန်လ(၇)ရက်နေ့မှာ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ မူဝါဒ ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ဦးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

KNDFဟာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ကရင်နီတပ်မတော်(KA) ရဲ့ စစ်ဦးစီးမှုအောက်မှာ တိုက်ပွဲဝင်နေတဲ့ အဖွဲ့တစ်ခုဖြစ်သလို PDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။ https://www.kantarawaddytimes.org/
******************
၃၁။ KNU တပ်မဟာ ၆ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့် ကျဆုံးဟုဆို
March 29, 2022

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုးရွာအနီးတွင် ဖြစ်ပွား ခဲ့သော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့တို့အကြား နှစ်ရက် အတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့်ကျဆုံးကာ လက်နက်ခဲ ယမ်းအမြောက်အများလည်းသိမ်းဆည်းရမိသည်ဟု တော်လှန်ရေးပူးပေါင်းအင်အားစုအဖွဲ့ဘက်က တာဝန်ရှိသူများက ပြောဆိုသည်။

စစ်ကောင်စီ၏ တပ်မ ၄၄ နှင့် မြဝတီဒေသအခြေစိုက်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့အင် အား ၃ဝဝ ကျော်သည် မတ်လ ၂၇ ရက်နေ့က မြ၀တီ-ဝေါလေလမ်းမ ဘလယ်ဒို့ကျေးရွာအနီးတွင် ထိုးစစ်ဆင်လာပြီး တော်လှန် ရေးပူးပေါင်း အင်အားစုအဖွဲ့နှင့် မတ်လ ၂၇ ရက်တွင် တစ်ကြိမ်၊ ၂၈ ရက်နေ့တွင် ၂ ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့မတ်လ ၂၉ ရက်နေ့တွင် ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲကြောင့် ဘလယ်ဒို့ ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံ ၂ဝဝဝ ကျော်ထိုင်းဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု KNU တပ်မ ဟာ ၆ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ https://kicnews.org/2022/03/
*******************
၃၂။ စစ်ကောင်စီ၏ တပ်မတော်နေ့တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု(၃)ကြိမ်ပြုလုပ်
March 28, 2022

ယမန်နေ့က ကျင်းပသည့် စစ်ကောင်စီ၏ (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်း ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)နှင့် ဒူးပလာယာခရိုင် တပ်မဟာ(၆)တွင် စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်သွားခဲ့သည်ဟု သိရသည်။ မူတြော်ခရိုင်၊ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စုတွင် မတ်လ ၂၇ရက် နံနက်(၂)နာရီအချိန်တွင် လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည့်အပြင် နေ့လည် ၁နာရီခွဲအချိန်နှင့် ညနေ ၅နာရီကျော်အချိန်တွင် ဒူးပလာယာခရိုင် မြဝတီတောင်ဘက် ဘလက်ဒိုကျေးရွာတွင် ဟတ်စကီးလေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်သွားခြင်းဖြစ်သည်။

စစ်ကောင်စီ လေယာဉ်နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည့် မူတြော်ခရိုင်တွင် ဒေသခံလူထုထိခိုက်သေဆုံးမှု များမရှိသော်လည်း ဒေဘူနို အထက်တန်းကျောင်းဝင်းဟောင်းရှိ စာသင်ကျောင်းအဆောက်အဦးနှင့် လူသူမဲ့နေအိမ်အချို့ ပျက်စီးမှုများရှိခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ် သည့်အပြင် မြေပြင်တိုက်ခိုက်မှုလည်း ပြင်းထန်လာကာ ယမန်နေ့တွင် မြဝတီ အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန် အနီး တွင်လည်း တိုက်ပွဲပြင်းထန်ပြီးနောက် မြဝတီ-ဝေါလေ ကားလမ်းမပေါ်ရှိသေ့ဘောဘိုးကျေးရွာဘက်တွင် စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို နယ်မြေခံ KNLA ပူးပေါင်းတပ်က တိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ နှင့် ၂၆ ရက်နေ့များတွင်လည်း ကေအဲန်ယူ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်(မြဝတီ တောင်ဘက်) တွင်ရှိသည့် မောခီးနှင့် စုကလိကျေးရွာအုပ်စုများတွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဒေသခံနေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာ ၈ ရွာထက်မနည်းမှ ထောင်နှင့်ချီသော ဒေသခံပြည် သူများသည် အသက်ဘေးလွတ်ရာထိုင်းနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ https://kicnews.org/2022/03/
*******************
၃၃။ ဘလယ်ဒို-သေ့ဘောဘိုး တိုက်ပွဲ စစ်ကောင်စီတပ် ၆၁ ဦး ကျဆုံးပြီး ၁၅ ထိခိုက်ဒဏ်ရာရ၊ တပ်နောက်ပြန်ဆုတ်နေ
March 28, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ (မြဝတီမြို့တောင်ဘက်) ကျောက်ခက်-သေဘောဘိုးကျေးရွာကြားရှိ ဘလယ်ဒိုကျေးရွာတိုက်ပွဲတွင် ယမန်နေ့ မတ်လ ၂၇ရက်နေ့က စစ်ကောင်စီ တပ်ဘက်မှ ၆၁ ဦးကျဆုံးပြီး ၁၅ ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟု မြေပြင်သတင်းအရ သိရသည်။ ဝေါလေဒေသဘက် အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား ကရင်မျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် အကျအဆုံးများပြား သဖြင့် ဘလယ်ဒိုကျေးရွာလမ်းမှ ကျောက်ခက်ကျေး ရွာဘက်သို့ စစ်ကြောင်းပြန်ဆုတ်သွားခဲ့ရသည်ဟု တိုက်ပွဲအတွင်း ပါဝင် သည့် KNLA ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးဒဏ်ရာရရှိမှုအများအပြားရှိလာသည့်အတွက် လေကြောင်းပစ်ကူ ရဟတ်ယာဥ် ၂ စီးဖြင့် ၂ ကြိမ်လာရောက် ပစ်ကူခဲ့ပြီးနောက်ပိုင်း ဘလယ်ဒိုကျေးရွာလမ်းမှ ကျောက်ခက် ကျေးရွာ ဘက်သို့ စစ်ကြောင်း နောက်ပြန်ဆုတ်သွားခဲ့ပြီး ယနေ နေ့လည်ပိုင်းအထိ စစ်ကြောင်းတက်လာခြင်းမရှိ သေးကြောင်း မြေပြင်သတင်းအရ သိရသည်။
အဆိုပါ တိုက်ပွဲကြောင့် ကျောက်ခက် ၊ ဘလယ်ဒို ၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင် အနီးဝန်းကျင်နေထိုင်သူ ဒေသခံ ၂၀၀၀ ထောင်ခန့် ထိုင်းနိုင်ငံဘက် သောင်ရင်းမြစ်ဘေးနေရာသို့ ယာယီထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ယနေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ နယ်ခြားစစ်တပ်မှ တိုက်ပွဲငြိမ်ချိန် မြန်မာပြည်ဘက် ပြန်ကြရန် သတိပေးမှုများကြောင့် စစ်ဘေးရှောင်ဒေသခံများ မိမိနေရပ်ပြန်နေထိုင်ရန် အခက်အခဲများရှိနေကြောင်း စစ်ရှောင်များက ပြောသည်။

KNU တပ်မဟာ ၆ စစ်ရေးနယ်မြေအတွင်း စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာနေသည့် စစ်ကောင်စီ တပ်များအား ဒေသတွင်း KNLA၊ KNDO နှင့် ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့များနှင့် နေရာစုံတွင် တိုက်ပွဲများ နေစဥ်ဖြစ် ပွားနေပြီးဒေသ ကျေးရွာ ၃၀ ကျော်မှ စစ်ဘေးရှောင် ၃ သောင်းခန့်အထိမြင့် တက်လာ နေကြောင်း စစ်ဘေးရှောင် အကူအညီပေး ရေးအဖွဲ့များ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။ https://kicnews.org/2022/03/
*******************
၃၄။ မြဝတီ-ကော့ကရိတ်အာရှလမ်း ဘေလီတံတားအနီး ပရိုဘောက်ယာဉ် တစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သေဆုံး
March 28, 2022

မြဝတီ-ကော့ကရိတ်အာရှလမ်း ဘေလီတံတားအနီးတွင် ယနေ့ နံနက်ပိုင်းက မြဝတီဘက်က ဆင်းလာသည့် ပရိုဘောက်ယာဉ် တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေးဆုံးသွား ကြောင်း သိရသည်။ ယနေ့ နံနက် ၈း၂၀ အချိန်ခန့်က ဖြစ်ပွားသည့် အဆိုပါ ပစ်ခတ်ခံရဖြစ်စဉ်အတွင်း သေဆုံးသူမှာ မော်လမြိုင်တွင်နေထိုင်သူဖြစ်ပြီး လက်ရှိ သေဆုံးသူ၏ ရုပ်အ လောင်းကို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကော့ကရိတ်မြို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေး အဖွဲ့ ထံမှ သိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာမှပင် ကော့ကရိတ်ဘက်က တက်လာသည့် ယာဉ်တစ်စီး ထပ်မံပစ်ခတ်ခံရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းအား မတ်လ ၂၇ ရက်နေ့မှစ၍ လမ်းအသုံးပြု၍ ကုန်သွယ်မှုနှင့် ခရီးသွားလာခြင်း မပြုလုပ်ကြရန် ဒူးပလာယာခရိုင် (KNU တပ်မဟာ ၆ ) ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများသို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။ https://kicnews.org/2022/03/
*******************
၃၅။ ဝေါလေဘက်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်များ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ တပ်များအထိနာဟု ပြော
March 27, 2022

မြဝတီမြို့တောင်ဘက်ရှိ ဖလူးဒေသမှ ဝေါလေဘက်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။ အဆိုပါ တိုက်ပွဲအ တွင်း စစ်ကောင်စီဘက်က အထိနာသလို မြဝတီ-ကော့ကရိတ် အာရှလမ်းဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီလေယာဥ် ၂ စင်းတက်လာသောကြောင့် ပြောက်ကျားစနစ်ဖြင့်သာ လှုပ်ရှားနေကြရသည်ဟု ၎င်း KNLA ပူးပေါင်း တပ်များ နှင့် နီးစပ်သည့် မြေပြင် သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ဝေါလေ ဒေသ အတွင်းရှိ စစ်ကောင်စီ စစ်အင်အားတိုးချဲ့ နယ်မြေ ကျော်လွန် ဝင်ရောက်တိုက် ခိုက်လာနေသည်မှာ ဖေဖော်ဝါ ရီလကတည်းက ဖြစ်ပြီး ယခု မတ်လကုန်ပိုင်းအထိ KNU တပ်မဟာ၆ နယ်မြေအတွင်း ကော့ကရိတ် တောင်ပိုင်းဒေသ ၊ တောင်ကြာအင်းဒေသ၊ ကြာအင်းဆိပ်ကြီးဒေသ၊လေးကေကော် ၊ ဖလူးဒေသနှင့် ယခု ဝေါလေ သေ့ဘောဘိုး၊ ကနဲလေး ဒေသအထိ တိုက်ခိုက်မှုများ နေရာစုံ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ဘုရားသုံးဆူ ဒေသဘက်တွင်လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများ ကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီဖြစ်ကြောင်း ဒေသခံများ ပြောစကားအရ သိရသည်။ တိုက်ပွဲပြင်းထန်လာသည့် မြဝတီတောင်ဘက် ဒေသ ဘက်တွင် မတ်လ ၂၅ရက်နှင့် ၂၆ရက်နေ့များတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု များလုပ်ဆောင် ခဲ့သဖြင့် လူနေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ထို့အတူ ယနေ့ နံနက် ၂ နာရီအချိန်တွင်လည်း ကေအဲန်ယူ မူတြော်ခရိုင်၊ လူသောမြို့နယ်ထဲတွင် စစ်ကောင်စီက ဂျက်လေယာဉ် ၂စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် အဆောက်အဦးအချို့ ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။ https://kicnews.org/2022/03/
*******************
၃၆။ မင်းတပ်-မတူပီလမ်းတွင် CDF- Mindat နှင့်် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအ ဆုံးအရှိ
MARCH 29, 2022

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှ မတူပီမြို့သို့ ထွက်ခွါသည့် တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းနှင့် CDF-Mindat တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့ကစ၍ နှစ်ဖက်ထိတွေ့မှု စတင်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိ ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်နှင့် CDF-Mindat တပ်ဖွဲ့တို့သည် မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ တွင် မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့်သေဆုံးခဲ့သည်ဟု CDF-Mindat ကထုတ်ပြန်သည်။

ယခုလက်ရှိတွင် မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်ရှိ ဖုန်းလိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ဖြတ်တောက်ထားပြီး တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်ကိုမူမသိရသေးကြောင်း CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ မကွေးတိုင်း၊ ကျောက်ထုဘက်မှ မင်းတပ်မြို့သို့ရောက်ရှိလာသည့် တင့်ကားနှစ်စီးနှင့် ကားအစီး ၈၀ ကျော်ပါသော စစ်ကောင်စီ ယာဉ်တန်းသည် မင်းတပ်မြို့မှ မတူပီမြို့သို့ မတ်လ ၂၅ ရက်နေ့က ဆက်လက်ထွက်ခွါကာ CDF-Mindat တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၇ ရက်နေ့က မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၂၃- ၂၄ တွင် ညအိပ်ကာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွါလာပြီး နှစ်ဖက်ထိတွေ့မှုများတောက်လျှောက်ဖြစ်လာနိုင်သည်ဟု သိရ သည်။ မင်းတပ်မြို့နှင့် မတူပီမြို့သည် ၁၀၂ မိုင် ခန့်ကွာဝေးပြီး စစ်ကောင်စီယာဉ်တန်းသည် ယနေ့ညတွင် မင်းတပ်မြို့ နယ်အတွင်း မိုင်တိုင် ၃၀၊ ၃၁ တွင် ညအိပ်ကြမည်ဟု ခန့်မှန်းရပြီး မတူပီမြို့သို့ ဝင်ရောက်ရန် အနည်းဆုံး ရက်သတ္တပတ်နှင့် ဆယ်ရက်ခန့် ကြာမြင့်နိုင်ကြောင်း CDF- Mindat ပြောရေးဆိုခွင့်ရှိသူကပြောသည်။ https://khonumthung.org/
*****************
၃၇။ ဟားခါးမြို့နယ် သီနမ်းကျေးရွာက လူနေအိမ် ၉ လုံးကို စစ်ကောင်စီက မီးရှို့
MARCH 29, 2022

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားခါး- ဂန့်ဂေါ်ကားလမ်းမပေါ်တွင်ရှိသော သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူပိုင် အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂၆ ရက်နေ့က သီနမ်းကျေးရွာသို့ဝင်ရောက်လာပြီး နှစ်ခြင်း ဘုရားကျောင်းနှင့် ယုံကြည်သူများအသင်းတော်ဘုရားကျောင်းတွင် ၂ အိပ်ကြပြီးနောက် ယနေ့မတ်လ ၂၈ ရက်နေ့တွင် လာမ်သုတ်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခါနီးတွင် လူနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ဟားခါးမြို့မှ ၃၆ မိုင်ခန့် ဝေးသော သီနမ်းကျေးရွာသည် အိမ်ခြေ ၁၀၅ အိမ်ရှိပြီး လူဦးရေ ၇၀၀ ဝန်းကျင်ခန့်နေ ထိုင်ကြသည်။ ၎င်းတို့ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ မဝင်ရောက်ခင်ကတည်းက သတင်းရရှိကြသည့်အတွက် တရွာလုံးတောထဲသို့ ထွက်ပြေးတိမ်း ရှောင်နေ ကြရသည်ဟု သီနမ်းဒေသခံကပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၇ ရက်နေ့ကတည်းက ဟားခါး-ဂန့်ဂေါလမ်းဘက်သို့ စစ်ကြောင်း ချီလာပြီး ဒီရက်ပိ်ုင်းအတွင်း ဇိုခွါ၊ ရွာဗန်းကျေးရွာဘက်တွင် ချင်းအမျိုးသားတပ်မတော် CNA, CDF-Hakha တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဟားခါး-ဂန့်ဂေါလမ်းမပေါ်ရှိ နီပီး၊ ဇိုခွါး၊ ရွာဗန်၊ သီနမ်း၊ မာလ်ဆောမ်စသည့် ကျေးရွာမှ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွါကာ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ https://khonumthung.org/
******************
၃၈။ ကန်ပက်လက်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီဘက် တစ်ဦးသေဆုံးဟု ဆို
MARCH 29, 2022

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် မတ်လ(၂၆)ရက်နေ့ နံနက် ၁ဝး၃၀ ဝန်းကျင်ခန့်က မြို့တွင်းကင်းပုန်းဝတ်နေရာ ယူထားသော CDF – Kanpetlet ရဲဘော်များနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီ ရဲတပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် မြို့မရဲစခန်းနှင့်အ.ထ.က ကျောင်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်များမှ လက်နက်ကြီး၊လက်နက်ငယ် ပစ်ကူခဲ့သောကြောင့် မြို့တွင်းနေအိမ်အချို့နှင့် မြို့နီးနားရှိကျေးရွာများတွင် လက်နက်ကြီးကျရောက်မှူကြောင့် ပြည်သူနေအိမ် အချို့ထိခိုက်ပျက်စီးခဲ့ပြီး CDF-Kanpetlet ရဲဘော်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
https://khonumthung.org/
******************
၃၉။ Guys from Chin အဖွဲ့မှ မီဇိုရမ်ရှိ စစ်ဘေးရှောင်စခန်း (၄) ခု တွင် ရူပီး ၁၂ သိန်း သွားရောက်လှူဒါန်း
MARCH 29, 2022

Gyus from Chin အဖွဲ့က သီချင်းဖျော်ဖြေခြင်းအားဖြင့် ရရှိသော ရံပုံငွေ ရူပီး ၁၂ သိန်းကို မီဇိုရမ်ပြည်နယ်ရှိ အကူအညီလို အပ်နေသော စစ်ဘေးရှောင် (၄) ခုထံ သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။

Guys From Chin အဖွဲ့မှ နိုင်ငံကျော် အဆိုတော် ဒေးဗစ်လိုင်နှင့် ယောကီးတို့ ကိုယ်တိုင် သွားရောက်ကူညီခဲ့သော စစ်ဘေး ရှောင်စခန်းမှာ မီဇိုရမ်ပြည်နယ် ဆိုင်းဟားခရိုင်အတွင်းရှိ Hawhrei, Chapi, Lopu, Khaikhy ကျေးရွာရှိ စစ်ဘေးရှောင် စခန်းများဖြစ်သည်။

အဆိုတော် ဒေးဗစ်လိုင်နှင့် ယောကီးတို့သည် CDMs၊ စစ်ဘေးရှောင် ပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြပြီ အားပေးစကားပြောကြားခြင်း၊ စစ်ဘေးရှောင်များကို ဖျော်ဖြေပေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။
https://khonumthung.org/
******************
၄၀။ အိန္ဒိယရောက် မြန်မာနိုင်ငံသားများ နယူးဒေလီမြို့ UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်
MARCH 29, 2022

အိန္ဒိယနိုင်ငံတွင် ခိုလုံနေကြသည့် စစ်ဘေးဒုက္ခသည်များအား လူသားချင်းစာနာမှုနှင့် အကာအကွယ်ရရှိရေးအတွက် နယူးဒေလီ မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးရှေ့တွင် ယနေ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသား လူဦးရေ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့် အိန္ဒိယနိုင်ငံသို့ စစ်ဘေးဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင်လာသူဦးရေ တနေ့ ထက်တနေ့တိုးများလာနေပြီး ယင်းစစ်ဘေးဒုက္ခသည်များအား ကာကွယ်မှုပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့များပေးအပ်ရန်အတွက် ဆန္ဒပြတောင်ဆိုခဲ့ကြခြင်းဖြစ်သည်ဟု နယူးဒေလီအခြေစိုက် Myanmar Refugee Demand Committee အဖွဲ့မှတာဝန်ရှိသူ မစင်ဒီက ပြောသည်။

နယူးဒေလီမြို့အခြေစိုက် UNHCR ရုံးရှေ့တွင် ယနေ့ပြုလုပ်သော ဆန္ဒပြပွဲတွင် လူဦးရေ ၅၀၀ ခန့်ပါဝင်ပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ခဲ့ကြသည်ဟု သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် ရှိကြောင်း သိရ သည်။ https://khonumthung.org/
******************

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **