• Today is: Thursday, March 28, 2024

CDM စုဖွဲ့မှု အားကောင်းရန်နှင့် အခက်အခဲများအတွက် ကူညီဖြေရှင်းပေးနိုင်ရန် KSCC CDM ကော်မတီဖွဲ့စည်း

ဖက်ဒရယ်ဂျာနယ်၊ မေ ၃၁

ကရင်ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ကရင်နီပြည်အတွင်းရှိ CDMများအတွက် စုဖွဲ့မှု ပိုမိုအားကောင်းအောင်နဲ့ ချိတ်ဆက်မှု လုပ်ငန်းစဉ် တွေမှာ ပိုပြီးမြန်ဆန်ဖို့ရန်နှင့် ကြုံတွေ့နေရသော အခက်အခဲများကို တက်စွမ်းသမျှ ကူညီဖြေရှင်းပေးနိုင်ရန် အတွက် KSCC CDM ကော်မတီကို ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်ထဲ ဖွဲ့စည်းနိုင်ခဲ့ကြောင်း KSCC CDM ကော်မတီ တာဝန်ခံက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက် ကရင်နီပြည် CDM ဝန်ထမ်းများဟာ အခြားပြည်နယ်နှင့်တိုင်းတွေ နဲ့ယှဉ်ရင် ကရင်နီ ပြည်နယ် CDM ဝန်ထမ်းများဟာ လူဦးရေအချိုးအစားနဲ့ယှဉ်ရင် CDM ဝန်ထမ်း အများဆုံးပြည်နယ် ဖြစ်ပါ သည်။ KSCC ကနေ ကရင်နီပြည်အတွင်းရှိ CDMများအတွက် စုဖွဲ့မှု ပိုမိုအားကောင်းအောင်နဲ့ ချိတ် ဆက်မှု လုပ်ငန်းစဉ် တွေမှာ ပိုပြီးမြန်ဆန်ဖို့ရန် နှင့် ကြုံတွေ့နေရသော အခက်အခဲများကို တက်စွမ်းသရွေ့ ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် KSCC CDM ကော်မတီကို ရည်ရွယ်ပြီး ဖွဲ့စည်းရခြင်း ဖြစ်တယ်” ဟု ပြောပါတယ်။

KSCC CDM ကော်မတီအနေရဲ့ CDMနဲ့ပတ်သက်တဲ့ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆက်လက် ရေးဆွဲနေတယ်လို့ သိရပါတယ်။

“KSCC CDM ကော်မတီအနေနဲ့ လက်ရှိ CDMနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ရေးဆွဲနေတယ်၊ ရှေ့ဆက်လည်း ပိုပြီးအားကောင်းသွားအောင် ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။ KSCC CDM ကော်မတီအနေနဲ့ သက်ဆိုင်ရာ ကဏ္ဏအလိုက် CDMတွေ ပြည်သူလူထုတွေကို အထောက်အကူပြုဖို့နဲ့ ရှေ့လုပ်ငန်းစဉ်များ အတွက်ပါ ရည်ရွယ်ပြီး လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ထို့အတူ KSCC CDM ကော်မတီနဲ့ NUG တို့အကြား ချိတ်ဆက်မှု အချို့လည်း လုပ်ဆောင်နေပါတယ်” ပြောပါတယ်။

CDM များရဲ့ စိန်ခေါ်မှုသည် စားဝတ်နေရေးနဲ့ အလုပ်အကိုင်တို့ဖြစ်ပြီး အလှူရှင်များရဲ့ အကူအညီများကို လိုအပ်နေဆဲဖြစ်ပါတယ်။

“အခက်ခဲဆုံးက စားဝတ်နေရေးနဲ့ အလုပ်အကိုင်ပါပဲ၊ တော်လှန်ရေးနဲ့အတူ ဖြတ်သန်းနေကြတော့လေး၊ CDM လည်း လုပ်နေကြတယ် စစ်လည်းရှောင်နေကြတယ်ဆိုတော့လေး၊ နောက်တချက်က တပြည်နယ်လုံး နီးပါး တိုက်ပွဲများကြောင့် အခြားဒေသများနဲ့မတူပဲ တော်တော်လေး ခက်ခဲနေကြပါတယ်။ တဆက်တည်း အလှူရှင်အဖွဲ့အစည်းများ အနေနဲ့လည်း CDM ကိစ္စများကို ထောက်ပံ့ကူညီပေးကြဖို့ ထပ်ဆင့် တောင်း ဆိုပါတယ်” ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်း ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်မှု အားကောင်းလွန်း၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်၍ မရနိုင်ခဲ့သာကြောင့် (၉၀)ရာခိုင်နှုန်းခန့် ရပ်နား သွားရတယ်လို့ သိရပါတယ်။