• Today is: Friday, March 29, 2024

ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

(တိုက်ပွဲကြောင့်ထွက်ပြေးသိမ်းရှောင်နေရသည့် ပြည်သူများ)

ဖက်ဒရယ်ဂျာနယ် ဇွန်လ – ၂

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ မဘီကြီးကျေးရွာအနီး ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခလရ-၂၀၊ ခမရ-၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ တို့နှင့် ယနေ့ နေ့လည်(၁၂)နာရီ မိနစ်(၂၀)တွင် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

(တိုက်ပွဲကြောင့်ထွက်ပြေးသိမ်းရှောင်နေရသည့် ပြည်သူများ)

ယင်းပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ချသောကြောင့် လူဦးရေ(၁၄၃)ဦးရှိသည့် မဘီကြီးကျေးရွာမှ ကျေးရွာသူ/ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရ သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထာသည်။ ပစ်ခတ်မှုတွင်း ထိခိုက်ကျဆုံးမှု ရှိ/မရှိ မသိရသေးကြောင်းဆိုသည်။