• Today is: Thursday, April 25, 2024

NUCC အဖွဲ့ဝင်ကိုယ်စားလှယ် လွေးပိုးငယ်နဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်း (၂)

“အရင်အတိုင်းပဲ အရင်ပုံစံအတိုင်းပဲ တပြည်ထောင်စနစ်ကို ကျမတို့ အကောင် အထည်ဖော်ခြင်တယ်ဆိုလို့ရှိရင်တော့ အချိန်ယူပြီး NUCC မှာ လာစုဖွဲ့စရာမလိုဘူး” အပိုင်း (၂)

“စု၊ ရွေး၊ လွှတ် ပေါ်လစီကို ယနေ့ချိန်ထိ ယုံကြည်နေသေးလို့ NUCC က ချမှတ်ထားသည့် ဖက်ဒရယ်ချာတာကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့အတွက် အခက်အခဲရှိသာလား မေးခွန်းမေးစရာရှိတယ် ကျမ အတွက်ကတော့ပေါ့နော်”

“စု၊ ရွေး၊ လွှတ် ပေါ်လစီသည် သေချာသာ တခုကတော့ ဖက်ဒရယ်ချာတာနဲ့ ဆန့်ကျင်တယ် အရင်ပုံစံအတိုင်း (၂၀၀၈)မှာ အကောင်အထည်ဖော်ခဲ့တဲ့အတိုင်း (၂၀၀၈)ရဲ့ ရလဒ်ကို ဆုပ်ကိုင်ပြီး နိုင်ငံရေး၊ တော်လှန်ရေးကို လုပ်ချင်တယ်ဆိုရင်တော့ ဒါလုံး၀ဖက်ဒရယ်ချာတာနဲ့လည်း ဆန့်ကျင်ပြီးတော့မှ ကျမတို့သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့အတွက်က စိန်ခေါ်မှုကြီးတရပ်ဖြစ်တယ်လို့ သုံးသပ်တယ်”

လွေးပိုးငယ်

NUCC အဖွဲ့ဝင်ကိုယ်စားလှယ်၊

အထွေထွေအတွင်းရေးမှူး-၂၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)

ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့် ဆက်သွယ်မေးမြန်းတင်ဆက်ချက်ကို ပြန်လည်

ဖတ်ရှုနိုင်ပြီ။

————-

မေး ။ ။ NLD ရဲ့ဗဟိုသုတေသနအဖွဲ့ကနေ အစီရင်ခံချက်ထဲမှာ ပါတီ၊ လွှတ်တော်၊ အစိုးရ သုံးချောင်းထောက်ပုံစံနဲ့ သွာားသင့်တယ် ဆိုပြီး ထောက်ပြထား၊ ဆိုလိုတာက NUCC ရဲ့အခန်းကဏ္ဍကို မလိုအပ်ဟုသုံးသပ်ရတယ်၊၊ ဆရာမကော် ဘယ်လိုသဘောရလဲ။

ဖြေ ။ ။ NLD ကိုယ်တိုင်က ဘာဖြစ်လို့ NUCC မှာ မပါနိုင်လဲဆိုတာ ကျမကိုယ်တိုင်လည်း မေးခွန်းထုတ်ချင်တယ်။ စု၊ ရွေး၊ လွှတ်ပေါ်လစီကို ဆုပ်ကိုင်ထားသေးလို့ သူတို့က NUCC ရဲ့ FDC ကို အကောင်ထည်ဖော်ဖို့အခက်ခဲ ရှိတာလား။ သေချာတာကတော့ စု၊ ရွေး၊ လွှတ် ပေါ်လစီသည် ဖက်ဒရယ်ချာတာကို ဆန့်ကျင်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဒီတော်လှန်ရေးကြီးကို ဆင်နွှဲမယ် ဆိုရင် စိန်ခေါမှုတွေက တော့အများကြီး ရှိလာမှာ အမှန်ပဲ။ အရင်တုန်းလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလိုမျိုးကနေ ဖက်ဒရယ်ုဒီမိုကရေစီကို အကောင်ထည်ဖော်မည်ဆိုရင် ဒါက ကျမတို့ အိမ်မက်မက်နေတာမဟုတ်ဘူး လို့ပဲပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်သေ၊ သင်ခန်းစာတွေ အများကြီးရှိပါတယ်။ အမျိးသမီးတွေကို လုပ်ခဲ့သလို နင်တို့ အမျိုးသမီးတွေ နောက်မှလာပါ ဆိုတာမျိုး။ ဖက်ဒရယ်အရေးဆိုတာလည်း ။

ဒီနွေဦးတော်လှန်ရေးမှာပဲ ကျမတို့ အကောင်ထည် ဖော်ရပါမယ်။ အဲ့တာကြောင့်မို့လို့လည်း ဖက်ဒရယ်ချာတာကို အချိန်ယူပြီး ပြန်လည်သုံးသပ်ပြီးမှ ဖက်ဒရယ်မူတွေကို ချမှတ်နိင်အောင် ကြိုးစားရမှာ ဖြစ်တယ်။ အရင်အတိုင်းပဲ တစ်ပြည်ထောင်စနစ်ကို လိုချင်တယ် ဆိုရင်တော့ NUCC မှာလည်း လာစုဖွဲ့စရာ မလိုပါဘူး။ NLD အာဏာရရေးကို ဝိုင်းလုပ်ကြမည်ဆိုရင်ကိုပဲ ရပြီလေ။ ဒါပေမယ့် ကျမတို့အခုတော်လှန်ရေးလုပ်နေတာသည် တစ်ပြည်ထောင်စနစ်ကို လိုချင်လို့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပြည်ထောင်စနစ်က နိုင်ငံရေးကို ဖြေရှင်းနိုင်မှာ မဟုတ်လို့ပဲ။ အဲ့ဒီအတိုင်းဆိုရင် စစ်တပ်က လွှတ်တော်ထဲမှာ ၂၅% လား ၃၀ % လား ရှိနေဦးမှာပဲ။

တိုင်းရင်းသားဒေသတွေမှာ ဘာဖြစ်လို့ နှစ်ပေါင်း ၇၀ ကျော်ကြာ ထိုးစစ်ဆင်ခြင်းခံနေရတာလဲ၊ ဒီတိုင်းရင်းသားတွေကို ဘာကိုလိုချင်နေကြလဲ ဆိုတဲ့ အကြောင်းအရာတွေကိုလည်းး ကျမတို့ ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်။ ကျမတို့လိုချင်တာက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်တယ်။ အဲ့ဒီတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာ ဖက်ဒရယ်အရင်မရဘဲ နဲ့ အကောင်ထည်ဖော်လို့မရဘူး။ ဒာကြောင့် စု၊ ရွေး၊လွှတ် နဲ့ဆိုရင်ကျမတို့လိုချင်တဲ့ တန်းတူရေးရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အနေနဲ့လည်း သူတို့ဟာတစ်ကယ်ပဲ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းချင်တာလား ဆိုတာ ရှင်းလင်းဖို့လိုပာတယ်။ အခု တိုင်းရင်းသားဒေသက လွတ်မြောက်နယ်မြေတွေဆိုတာသည် တစ်ကယ့်လွတ်မြောက်နယ်မြေမဟုတ်ပာဘူး။ စစ်ကောင်စီဖက်ကနေ ဘယ်တော့ထိုးစစ်ဆင်မလဲ၊ ဘယ်တော့ပစ်ခတ်မလဲ ဆိုတာအာမ မနိုင်တဲ့အနေထားမှာရှိတေပာတယ်။ သို့သော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကောင်စီရဲ့ ပစ်မှတ်ထားရှာဖွေခြင်း ခံနေရတဲ့သူတွေလာရောက်ခိုလှုံနေရတယ်။ အဲ့တာကို ကြည့်ချင်းအားဖြင့် ကျမတို့နိုင်ငံသည် တကယ်လို့သာ ဖက်ဒရယ်ကို အခြေခံကျကျကျင့်သုံးတဲ့ နိုင်ငံဆိုရင် စစ်တပ်က ဘယ်မှာ အာဏာသိမ်းမလဲ။ နေပြည်တော်ကို သိမ်းမလား၊ ဒာဆိုရင်နေပြည်တော်ကိုပဲ ရမည်။ သို့သော် တစ်ပြည်ထောင်စနစ်ကို သုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်နာရီတောင်မကြဘူး မန္တလေးကို သိမ်းတာ တစ်တိုင်းပြည်လုံးပြကျသွားတယ်။ အဲ့တာကြောင့် ကပြောတဲ့ စစ်အာရှင်စနစ်ပပျောက် ရေး နှင့် စစ်တပ်ကိုလည်း နိုင်ငံရေးနယ်ပယ်ကနေ ဖယ်ထုတ် ဆိုတာသည် သေချတယ်၊ ဖက်ဒရယ်ကိုအကောင်အထည်မဖော်ဘဲနဲ့ မရနိုင်ပာဘူး။ ဒာကြောင့် စု၊ ရွေး၊ လွှတ် ပော်လစီကိုတော့ ဘယ်လိုမှ ဆုပ်ကိုင်လို့မရပာဘူး။ ဒါကြောင့်ပဲ ကျမတို့က ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းခေါင်းဆောင်းမှု နှင့် အတူတ ကွ စုပေါင်းတည်ဆောက်ကြရအောင် ဆိုပြီးပြောနေတာဖြစ်တယ်။

မေး ။ ။ အဲ့ဒီအစီရင်ခံစာထဲမှာ NUCC ရဲ့ စုဖွဲ့မှုဟာ နိုင်ငံရေးကိုယ်စားပြုမှုမရှိသော/အားနည်းသော အဖွဲ့စည်း(CDM ဦးဆောင်သူများ၊ သပိတ်အဖွဲ့များ၊ သမဂ္ဂများ) တွေနဲ့ ဖောင်းပွတယ်၊ ဒီလိုစုဖွဲ့မှုဖောင်းပွခြင်းက နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့အခါ အခက်ခဲစိန်ခေါ်မှု ပိုကြီးနိုင်တယ်လို့ ဖော်ပြထားတယ်။ ဒီအကြောင်းပေါ်မှာကော် ဘယ်လို တုံ့ပြန်ချင်သလဲ။

ဖြေ ။ ။ နိုင်ငံရေးတရားဝင်မှုမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ၊ ကျမမေးခွန်းပြန်ထုတ်ချင်တယ်။ အခုချိန်ဟာ တော်လှန်ရေးကာလဖြစ်တာနှင့်အညီ NUCC ရဲ့ စုဖွဲ့မှုက dejure နှင့် defeto နှင့် သွားနေတာဖြစ်တယ်။ ကျမအနေနဲ့တော့ လွှတ်တော်ကိုယ်စားလှယ်တွေသည် ပြည်သူလူထုက မဲပေးရွေးချယ်တင်မြောက်ထားတဲ့ တရားဝင်မှု ရှိတယ်၊ သို့သော် ၂၀၀၈ ကို ဖျတ်လိုက်ပြီ ဆိုကတည်းက အဲ့ဒီ ၂၀၀၈ ကနေ စီးဆင်းလာတဲ့ ဘယ်အရာမဆို ကျမတို့ ဆက်ပြီးကိုင်စရာ မရှိတော့ဘူးလို့ မြင်တယ်။ ဒါကြောင့် ပြည်သူက မဲပေးပြီး ရွေးကောက်တင်မြောက်ထားမှ မဟုတ်ဘဲ ပြည်သူလူထုထောက်ခံမှုရရှိတဲ့ အစုအဖွဲ့တွေမှာလည်း တန်းတူတဲ့အခွင့်အရေးတွေ ရှိတယ်လို့ကျမ ခံယူတယ်။

ပြည်သူလူထုထောက်ခံမှုဆိုတာ မဲပေးခြင်းတစ်ခုနှင့်ပဲ တိုင်းတာလို့ မရပါဘူး။ ဥပမာ – ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် တိုင်းရင်းသားဒေသ အသီးသီးက အမျိုးသမီးတွေစုပေါင်းပြီး ၁၉၉၉ ကတည်း စတင်ဖွဲ့စည်းတယ်။ နိုင်ငံရေးအမျိုးသမီးအဖွဲ့လို့လည်း ကိုယ့်ကိုယ်ကို ကြေညာထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လှုပ်ရှားနေတယ်။ ကျမတို့ အခုချိန်ထိ ရပ်တည်နေတယ်ဆိုတာ ပြည်သူလူထုထောက်ခံမှု မရှိဘဲ နှင့် မဖြစ်နိုင်ဘူး။ နောက်ပြီး ကျမဟာ တအာန်းလူမျိုးဖြစ်ပြီးတော့ တအန်းအမျိုးသမီးအဖွဲ့က ဖြစ်တယ်။ ဒီအဖွဲ့အစည်းကို ထောက်ခံတဲ့ ပြည်သူတွေ ထောင်ပေါင်းများစွာရှိတယ်။ ဒါကြောင့် ကျမတို့ရဲ့တရားဝင်မှုဟာလည်း ပြည်သူလူထုကနေ လာတာဖြစ်တယ်။ ဒီတရားဝင်မှုအကြောင်းကို လက်တွေ့ကျတဲ့ လက်ခံနိုင်မှုနဲ့ စဉ်းစားဖို့လိုပါတယ်။ ဒီမှာပြောချင်တာကတော့ ၂၀၀၈ အငွေ့အသက်ကို သယ်လာတဲ့ ဘယ်သူ့ကိုမဆို ကျမတေို့ ဆက်ပြီးတော်လှန်နေရ ဦးမှာပါ။ ကျမကိုယ်တိုင်သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်တော့မှ အယုံအကြည်မရှိလို့ မေးမပေးခဲ့ပါဘူး။ ထို့အတူ NUCC မှာ ဒီလိုအဖွဲ့အစည်းတွေ ပါဝင်နေလို့ စုဖွဲ့မှုဖောင်းပွတယ်ဆိုတာ ကျမကတော့ လက်မခံပါဘူး။

မေး ။ ။ အဲ့ဒီအစီရင်ခံစာထဲမှာပဲ NUG CRPH သည် NLD ကနေပြီးတော့ ဆင်းသက်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုထားတယ်။ ဆရာမ အနေနဲ့ကော် NUCC NUG CRPH ထဲမှာ ဘယ် အဖွဲ့က အမြင့်ဆုံးအာဏာရှိတယ်လို့ခံယူလဲ။

ဖြေ ။ ။ ဖက်ဒရယ်ချာတာ အရတော့ NUCC ရဲ့ အခန်းကဏ္ဍသည် နိုင်ငံရေးအရ ဦးစီးဦးဆောင်မှု ပေးဖို့ဖြစ်တယ်။ NUG သည် အစိုးရ ဖြစ်တဲ့အတွက် သူ့ရဲ့ အခန်းကဏ္ဍသည် NUCC ကချမှတ်တဲ့ မူတွေကို အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်တယ်။ CRPH သည် လွှတ်တော်ကိုယ်စားပြု ကော်မတီဖြစ်တဲ့ အတွက်ကြောင့် NUCC က ချမှတ်တဲ့ မူတွေနှင့် ပတ်သက်ပြီးတော့ ဘယ်ဥပဒေကတော့ ပယ်ဖျက်သင့်တယ်၊ ဘဘ်ဥပဒေတွေကို အကောင်အထည်ဖော်သင့်တယ် ဆိုတဲ့ကိစ္စတွေကို လုပ်ရမည့် တာဝန်ရှိပါတယ်။ ဒီလိုမျိုးလုပ်ဆောင်တဲ့ နေရာမှာ ဖက်ဒရယ်ချာတာကို ကျော်လွန်ပြီးတော့ လုပ်ဆောင်ခွင့် မရှိဘူးပေါ့။

မေး ။ ။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း(၂) အခန်း(၅) အရ NUCC ရဲ့လုပ်ပိုင်ခွင့်မှာ ပဋိညာဉ်ပါနိုင်ငံရေးမဟာဗျူဟာများ နှင့် လမ်းပြမြေပုံတို့ကို အကောင်ထည်ဖော်ရာတွင် ဒီမိုကရေအင်အားစုအသီးသီး ပူးပေါင်းပါဝင်လာစေရန် ပေါင်းစပ်ညိုနိုင်းခြင်း ဆိုပြီးဖော်ပြထားတယ်။ ဒီမိုကရေစီအင်းအားစုကြီးအဖြစ် နာမည်ရှိခဲ့တဲ့ NLD က ပူးပေါင်းပါဝင်မှု အားနည်းသွားတယ်ဆိုရင် ဒီပေါင်းစပ်ညှိနှိုင်းရေး က မျော်လင့်ထားသလို ခရီးရောက်မှာလား။

ဖြေ။ NUCC ရဲ့ ပေါ်လစီကတော့ အခုပါဝင်နေတဲ့ အဖွဲ့တွေနှင့်အတူ မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေကိုလည်း စည်းရုံးမည်ဆိုပြီး ရှင်းရှင်းလင်းလင်းပါပါတယ်။ NUCC ထဲ ကနေ NLD ထွက်သွားခြင်းသည် တော်လှန်ရေးအတွက် စိန်ခေါ်မှုတစ်စုံတစ်ရာ တွေ့ကောင်းတွေ့ရနိုင်ပါတယ် ။ ဒါပေမယ့် သူတို့ပါရေး ပါရေးမပါရေးဆိုတာသည် သူတို့အဖွဲ့ပေါ်မှာပဲ မူတည်ပါတယ်။သူတို့အနေနဲ့ ဖက်ဒရယ်ချာတာကို ယုံကြည်တန်ဖိုးထားတယ်ဆိုရင် တစ်နည်းနည်းနဲ့ ပါဝင်လာမည်လို့ မျှော်လင့်မိပါတယ်။ NUCC အနေနဲ့ကတော့ ဘယ်အဖွဲ့ ပါ၏မပါ၏ အပေါ်မှာ မမူတည်ပဲ လုပ်စရာရှိတာကို ဆက်ပြီးတော့ လုပ်ဆောင်သွားရပါလိမ့်မည်။ တစ်ဖက်မှာ လည်း စည်းရုံးရေးတွေကိုတော့ အဆက်မပြတ်လုပ်သွားမည်။ နောက်ပြီး ဒီ NUCC မှာ ပါဝင်မှပဲ တော်လှန်ရေးလုပ်တယ် ဆိုတာမဟုတ်တဲ့အတွက် ဖက်ဒရယ်ဘုံတူညီချက်အတွက် အလုပ်လုပ်တဲ့ မည်သူမဆို တော်လှန်ရေးအတွက် အာလုံးပူးပေါင်းပြီး ဆောင်ရွက်နေရမှာ ဖြစ်တယ်။

မေး ။ ။ အခုကာလက အားလုံးကမျှောမှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အခိုင်အမာ အုတ်မြစ်ချရမည့်ကာလလို့ အားလုံးက လက်ခံထားကြတယ်။ သို့သော် NUCC နှင့် NUG တို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရမည့်ဆိုရင် ဗဟိုအခြေပြုကိုယ်းစာပြုဦးဆောင်မှုက များပြားပြီး ပြည်နယ်အခြေခံတဲ့ ဦးဆောင်မှုတွေ မရှိတာတွေ့ရတယ်။ ဒီအပေါ်မှာ NUCC အဖွဲ့ဝင်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်သလဲ။

ဖြေ ။ ။ လက်ရှိအချိန်မှာတော့ အဲ့သဘောမျိုး သက်ရောက်နေတယ်။ NUG အနေနဲ့က ဖက်ဒရယ်အစိုးရက လုပ်ဆောင်ရမည့် အလုပ်တွေကို သူကပဲ လုပ်ဆောင်နေရတဲ့ ကာလလိုဖြစ်နေတယ်။ တဖက်မှာလည်း ပြည်နယ်အစိုးရရှိလာပြီး အားကောင်းဖို့လည်း လိုပါတယ်။ အဲ့ဒီလိုအားကောင်းဖို့ဆိုရင် အာဏာခွဲဝေရေးတွေနှင့် ပတ်သက်ပြီး သေချာပြဌာန်းထားဖို့လိုပါတယ်။

လောလောဆယ်မှာတော့ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်တွေက ပေါ်ပေါ်လွင်မရှိသေးဘူး။ အားကောင်းတဲ့ ပြည်နယ်တွေကနေပြီးတော့မှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မှာ ဖြစ်ပါတယ်။ NUCC မှာလည်း ဒီအာဏာခွဲဝေရေးတွေကို သေချာပြန်လည်ဆွေးနွေးရမှာ ဖြစ်ပြီး NUCC အဖွဲ့ဝင်မဟုတ်တဲ့သူတွေ အနေနဲ့လည်း အာဏာခွဲဝေရေး နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ရှိဖို့လိုပါတယ်။ ဖက်မှာလည်းပဲ ကျမတို့သည် ဖက်ဒရယ်ကို အခုမှပဲအရသာ စမ်းကြည့်ဖူးတာ ဖြစ်တဲ့အတွက် NUG နှင့် CRPH အနေနဲ့လည်း အရာအားလုံးမှာ သွားပြီးမစွက်ဖက်သင့်ပါဘူး။ ပြည်နယ်တွေအနေနဲ့လည်း မိမိပြည်နယ်တွေမှာ ပြည်နယ်သူ ပြည်နယ်သားတွေကို ပြည့်ပြည့်ဝဝကိုယ်စားမှုပြုတဲ့ လူတွေနှင့် ပြည်နယ် အစိုးကို ဖွဲ့စည်းသင့်ပါတယ်။ ဟိုကလူလုပ်ပေးမှ၊ NUG လုပ်ပေးမှ ဆိုတဲ့ အစွဲတွေမရှိဖို့လည်း လိုအပ်ပါတယ်။

မေး ။ ။ NUCC အဖွဲ့ဝင်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ပြည်သူလူထုကို ဘာများမှာကြားချင်လဲ။

ဖြေ ။ ။ ပြည်သူလူထုတွေဟာ နွေဦးတော်လှန်ရေးကာလမှာ အခန်းကဏ္ဍပေါင်းစုံကနေ ပါဝင်ကြတဲ့လူတွေ ဖြစ်တယ်။ ကိုယ့်အသက်တွေကိုမှ မငဲ့ညာပဲ မိမိတက်နိုင်တဲ့ ဖက်ကနေ အာလုံးတော်လှန်ခဲ့ကြလို့ တာဝန်လည်းကျေပါတယ်။ ဆက်ပြီးတော့လည်း ပါဝင်ဖို့တော့လိုပါတယ်။

ခေါင်းဆောင်ဖြစ်တဲ့ သူတွေအနေနဲ့လည်း တာဝန်ကျေဖို့ လိုပါတယ်။ စစ်ကောင်စီဖက်ကနေ ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတယ်။ ကျောင်းတွေလည်း ဖွင့်ဖို့ကြိုးစားနေပြီ။ ဒီအရာတွေကို မိမိဒေသအသီးသီးကနေ ပြည်သူတွေ၊ တိုင်းရင်းသားပါတီ နှင့် အထူးသဖြင့် NLD အနေနဲ့ မပူးပေါင်းဖို့၊ သပိတ်မှောက်ဖို့လိုပါတယ်။ အဲ့ဒါမှ သာလျှင် ကျမတို့ အမှန်တယ်လိုချင်တောင့်တနေတဲ့ ဖက်ဒရယ်ပန်းတိုင်ကို ရရှိနိုင်မှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ဆက်ပြီးတော့ ပါဝင်တော်လှန်ကြဖို့ ကျမအနေနဲ့ တောင်းဆိုချင်ပါတယ်။