• Today is: Saturday, April 20, 2024

စစ်ကောင်စီရဲ့ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးဟာ ပုံရိပ်မြင့်တင်ချင်တဲ့ သဘောသာဖြစ်ကြောင်း ICNCC ပြော

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၄

 
စစ်ကောင်စီရဲ့ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးမှာ ပုံရိပ်မြင့်တင်ချင်တဲ့ သဘောသာဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)ဘက်က ပြောပါတယ်။
“စစ်ကောင်စီကနေပြီးတော့ ထန်တလန်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ဆိုတာ တဘက်ကကြည့်ရင်တော့ ပြည်သူလူထုအချင်းချင်းကို သွေးခွဲတဲ့နည်းလမ်းလို့ပဲ ကျနော်မြင်တယ်။ တချို့ပြည်သူတွေကလည်း ပြန်လုပ်ရင် ကောင်းမယ်ဆိုတဲ့အယူအဆလည်း ရှိရင်ရှိနိုင်တယ်လေ၊ ပြည်သူအများစုကတော့ ဒီတော်လှန် ရေးမပြီး မချင်းကတော့ ပြန်လည်ထူရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းတွေ မလုပ်သင့်ဆိုတဲ့ ဘူးဆိုတဲ့ဟာ လည်းရှိတယ်။ ဘာလို့ဆိုအခုချိန်လုပ်ရင် တရားမျှတမှု ဘယ်လိုမှ မရနိုင်ဘူးလို့ ယူဆကြ တာပေါ့။ ပြီးတော့ စစ်ကောင်စီက ပြန်လည်ထူထောင်ရေးကို လုပ်ပါတယ်ဆိုတဲ့ သူတို့ရဲ့ ပုံရိပ်ကိုပြန်လည် မြင့်တင်ချင်တဲ့ သဘောထားဖြစ်ပါတယ်” ဟု (ICNCC) အတွင်းရေးမှူးအဖွဲ့ဝင် ဆရာပြည်မင်းက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။
 
စစ်ကောင်စီက ပြုလုပ်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ချင်းပြည်သူများမပါဝင်ကြဖို့ ICNCC ဘက်တော့ လိုလားနေပါတယ်။
 
“ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ တော်လှန်ရေး မပြီးမချင်းကတော့ စစ်ကောင်စီရဲ့ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို လက်မခံသင့်ဘူးလို့ပြောလိုပါတယ်” ဟု (ICNCC) အတွင်းရေးမှူး အဖွဲ့ဝင် ဆရာပြည်မင်းက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။
 
ဒါ့အပြင် “အတွင်းကူးပြောင်းမှု တရားမျှတမှုဖြစ်စေဖို့ဆိုတာက ထန်တလန်မြို့ ပြည်သူများရဲ့ ဆုံးရှုံးနစ်နာမှု တွေကို ရရှိနိုင်ရေးအတွက် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ကြားခံဆောင်ရွက်တာ လောက်ဆိုရင် အမှန်တကယ် နစ်နာတဲ့သူတွေဆီ ထိထိရောက်ရောက်ဖြစ်ချင်မှ ဖြစ်ပါမယ်” ဟု သူက ဆက်ပြောပါတယ်။
 
ထန်တလန်မြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာတွင် အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု (transitional justice) ဆိုင်ရာလုပ်ငန်းစဥ်များမှာ မဖြစ်မနေပါဝင်ရမည်ဖြစ်ပြီး အဲဒီပြန်လည်ထူထောင်ရေး စီမံချက်ကို ချထားပြီး ဖြစ်တယ်လို့ ICNCC ဘက်ကလည်း ဆိုပါတယ်။
 
စစ်ကောင်စီက လုပ်မယ့် အသွင်ကူးပြောင်းရေး၊ တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဥ်ဟာ ၎င်းတို့ကို ဆန့်ကျင်ခုခံနေသည့် ပြည်သူများကို သာလွန်အင်အားများဖြင့် မြေပြင်မှာ နည်းပေါင်းစုံဖြစ် တိုက်ခိုက်နေချိန် ဖြစ်သာကြောင့် အဲဒီအစီအစဉ်က မှန်ကန်တဲ့ အစီအမံ မဖြစ်နိုင်ဘူးဟု ICNCC ဘက်က သုံးသပ်ပြထားပါတယ်။
 
စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ပြီး ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေး နှင့် ပြန်လည် တည်ဆောက်ရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယမန်နေ့ ဇွန်လ (၃၀) ရက်နေ့ က ဟားခါးမြို့၌ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် ထန်တလန်မြို့ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရခြင်းမှာ သဘာဝဘေးကြောင့် မဟုတ်ပါ။ စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ရက်စက်စွာမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်းတို့ ကြောင့် ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဇွန်လ (၂၃) ရက်နေ့အထိ ထန်တလန်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အဦများ အပါအဝင် ပြည်သူပိုင်အဆောက်အဦများ၊ ပုဂ္ဂလိကနေအိမ်များ (၁၃၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း ICNCC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။