• Today is: Thursday, March 28, 2024

ကော်သူးလေမှာ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ KNU ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၅

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့ များနှင့် အာဏာသိမ်း စစ်ကောင်စီ တပ်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ ကေအဲန်ယူ−ဗဟိုဘက်က သတင်းထုတ်ပြန်ထားသည်။

ဇွန်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၆၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)များဘက်မှ တပ်ဖွဲ့ဝင်(၄၁၀) ဦး သေဆုံးပြီး (၃၃၅) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်များ (၁၇) ဦး ကျဆုံးမှုရှိခဲ့ပြီး (၂၈) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်ဟု KNU ဘက်က ဆိုထားသည်။

ဒါ့အပြင် ဒူပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြု့နယ်တောင်ပိုင်း၊ ဥကရစ်ထဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ကာ ဇွန်လ နောက်ဆုံးပတ် (၂၆ မှ ၃၀) ရက်သတ္တပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း (၉၄) ကြိမ် ထက် မနည်း ပြုလုပ်ခဲ့သည်ဟု KNU ဘက်က သတင်းထုတ်ပြန်ထားသည်။