• Today is: Thursday, March 28, 2024

မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ CNO ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၅

 
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ချင်းအမျိုးသား ကာကွယ် ရေးတပ်(CNDF)တို့ကြား မေလနှင့် ဇွန်လအတွင်း ထိတွေ့မှု တိုက်ပွဲပေါင်း(၁၁)ကြိမ် ဖြစ်ပွားခဲ့သည်ဟု ချင်းအမျိုးသား အဖွဲ့ချုပ်ဘက်က ထုတ်ပြန်ထားသည်။
 
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ (၆၆)ဦးရှိခဲ့သည်ဟု CNO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့အတူ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ ရဲဘော် (၂)ဦး ကျဆုံးခဲ့သလို (၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNO ဘက်က ဆိုထားသည်။
 

ဒါ့အပြင် မေလအတွင်း ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ်(၁၀)လုံး၊ တလန်ဇာရ် ကျေးရွာမှ နေအိမ်(၁၇)လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ်(၆)လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ်(၅)လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်ဟု CNO ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။