• Today is: Thursday, March 28, 2024

လူငယ်တို့၏ ဖက်ဒရယ်ခေါ်သံ 

“လူငယ်တို့၏ ဖက်ဒရယ်ခေါ်သံ”  

မိကောင်းစံပယ်   

၂၀၂၁ ခု ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်အပေါ်တွင်  နိုင်ငံရေးရပ်တည်ချက်အပေါ်မူတည်ပြီး လူငယ်တို့ကြားတွင်လည်း အုပ်စုများကွဲပြားလာသည်ကိုတွေလာရ  ပါသည်။ အာဏာရှင်စနစ်ကို ထောက်ခံသော လူငယ်အုပ်စု၊ အာဏာသိမ်းသည့် လုပ်ရပ်အပေါ်တွင် တိတ်ဆိတ်  စွာလက်ခံပေးနေသောလူငယ်များ၊ အခြေအနေအပေါ် မီစင်ကြည့်ကနေသောလူငယ်များ၊ နိုင်ငံရေး သည် မိမိတို့  နှင့်လုံးဝမသက်ဆိုင်သောလူငယ်များ စသည်ဖြင့်နိုင်ငံရေးရပ်တည်ချက် ကွဲပြားလာ ကြသည်ကို တွေ့နေရပါသည်။ ထို့အတူ မွန်နိုင်ငံရေးဖြစ်စဉ်ကြားမှာလည်း လူငယ်တို့၏နိုင်ငံရေး ရပ်တည် ချက် ကွဲပြားလာပါသည်။  အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချေမှုန်းကြမည့် လူငယ်တော်လှန်ရေး သမားများ၊ မွန်လက်နက်ကိုင်ပါတီနှင့်အတူ  ရပ်တည်နေသည့် လူငယ်အုပ်စု၊မွန်နိုင်ငံရေးပါတီ ကိုအားပေး ထောက်ခံ ပေးနေသည့် လူငယ်အုပ်စု၊ တိတ်ဆိတ်  စွာဖြင့် ခြံစည်းရိုးခွထားသည့် လူငယ်အုပ်စုနှင့် မိမိတို့ယုံကြည်သည့် ဘာသာရေး ခေါင်းဆောင်များ၏လွှမ်းမိုးမှု အရှိန်အဝါအောက်တွင် ရပ်တည်နေသည့် လူငယ်များလည်း ရှိပါသည်။ 

 ဤသို့ နိုင်ငံရေး ရပ်တည်ချက်ကွဲပြားလာရခြင်းသည် မိမိတို့တည်ရှိနေသည့် ပတ်ဝန်းကျင်နှင့်ဖြတ်သန်း  လာသည့် နိုင်ငံရေးအတွေ့အကြုံ၊ လေ့လာသင်ယူမှုများ အပေါ်တွင်များစွာသက်ရောက်နေသည်ဟု ဆိုရမည်  ဖြစ်ပါသည်။ ယနေ့ နိုင်ငံရေးဖြစ်စဉ်ထဲတွင် ရောက်ရှိနေသည့် လူငယ်များသည် အများအားဖြင့် ၂၀ရာစုနှောင်း  ပိုင်းနှင့်၂၁ရာစုအစောပိုင်းအတွင်း ဖြစ်တည်လာသည့် နိုင်ငံရေးဖြစ်စဉ်များနှင့်အလှမ်း မဝေး သောသူများ ဖြစ်ပါ  သည်။ ထိုသူတို့သည် မြန်မာနိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သော လူအုပ်စု ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ခေါင်း  ဆောင်များဟု ရိုးစင်းစွာ ဆိုရပါမည်။

မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံရေးပြောင်းလဲလာမှုမျာဟုခေါ်  နိုင်ငံရေးရပ်တည်ချက် သည့်ကုန်ဈေးနှုန်း မြင့်တက်လာမှု ပြဿာနာမှအစပျိုးဖြစ်ပေါ်လာ  သည့် သံဃာတော်များဦးဆောင်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်  ရေး၊ ၉၉ရာခိုင်နှုန်းကျော်သော လူထုထောက်ခံမှုရရှိခဲ့သည် ဟူ  သော စစ်အုပ်စု၏ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ၊  ပြည်ခိုင်ဖြိုးပါတီမှ၇၆ဒဿမ ၅ရာခိုင်နှုန်းသောမဲအများဆုံးရ ရှိ  သည့် ပါတီဟုဆိုပြီး ဦးသိန်းစိန်ကို စစ်ဝတ်မှအရပ်ဝတ်လဲစေပြီး  သမ္မတတင်မြောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၊ ပြောင်းလဲချိန် တန် ပြီးဟူသောကြွေးကြော်သံဖြင့်ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်  သည့် NLD ပါတီက ၇၇ ဒဿမ ၁ ရာခိုင်နှုန်းမဲဖြင့် ဦးထင်ကျော် ကိ  သမ္မတတင်မြှောက်နိုင်ခဲ့သည့် ၂၀၁၅ခု ရွေးကောက်ပွဲ၊၂၀၂၀ ခုနှစ်တွင် တိုင်းရင်းသား ဒေသများအထိတစ်နိုင်  ငံလုံးနီမြန်းခဲ့သည့် NLD ပါတီမှ ၈၃ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲနှင့်  NLD မှ မဲမသမာမှုပြုလုပ်ခဲ့သည့် အကြောင်းပြချက် ဖြင့် စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခု နိုင်ငံရေး  အခင်းအကျင်းများ ဖြစ်ကြပါသည်။ 

ယနေ့လူငယ်များသည် ယင်းဖြစ်စဉ်များကို အဆင့်ဆင့်ဖြတ်သန်းလာခဲ့ကြပြီး စစ်ပွဲဒဏ်၊ သဘာဝဘေး ဒဏ်များ  နှင့်တစ်ပြိုင်နက်ထဲ ပြောင်းလဲလာသည့် နိုင်ငံရေးဖြစ်စဉ်နှင့်အတူ အနည်းငယ်ပွင့်လင်းလာသည့် လွတ်လပ်စွာ  ထုတ်ဖော်ပြောဆိုခြင်း၊ ထုတ်ဖော်ရေးသားခွင့်၊ ကိုယ်စားလှယ်လောင်း ရွေးကောက် တင်မြောက် ခွင့်စသည့်ဒီမို  ကရေစီ၏အနှစ်သာရကို အငွေ့အသက်သဖွယ် ခံစားလာခဲ့ဖူးပါသည်။ နိုင်ငံရေး အသိအမြင်ကြားမှာလေ့လာ  ခွင့်မရဘဲ နိုင်ငံရေးဖြစ်စဉ်ထဲ မရေလည်သေးသည့် လူငယ်များအနေဖြင့် နိုင်ငံသား တစ်ယောက်၏ အခွင့်အရေး  များကို မသိမနားလည်သလို တွင်ကျယ်လာသည့် ဒီမိုကရေစီ၊ ဖက်ဒရယ်ဟူသော ဝေါဟာရအဓိပ္ပါယ်များ၊ဖွင့်ဆို  ချက်များ၊ စည်းကမ်းစည်းချက်များအကြားတွင် သတ်မှတ်ချက်ကိုယ်စီနှင့်ဒွိဟများ ဖြစ်စေခဲ့ပါသည်။ 

 စာရေးသူအနေဖြင့် ဖက်ဒရယ်ဟူသောခေါ်ဆိုသံနှင့် ပက်သက်သော အတွေ့အကြုံများကိုမဖော်ပြမှီဖက်ဒ  ရယ်နှင့် တိုက်ရိုက်ဆက်စပ်နေနေသည်ဟု ဆိုရမည့် ပင်လုံစာချုပ်အကြောင်းကို အတန်းပညာ ဆည်းပူးတုန်း က  အလွတ် ကျက်မှတ်ခဲ့ပါသည်၊၊ မွန်တိုင်းရင်းသားခလေးတစ်ယောက်ပီပီ ထိုစဉ်အခါက ဗမာဘာသာဖြင့် ကျက်  မှတ်ရသောကြောင့် မည်သည့်အဓိပ္ပါယ်ဆိုလိုသည်ကို မသိခဲ့ရသော်လည်း ပင်လုံဟူသော စကားလုံး ကိုငယ်စဉ်  ကတည်းက ကြားဖူးနားဝရှိခဲ့ပါသည်၊၊ 

အမ်အယ်ဒီ အစိုးရလက်ထက်မှာတော့ ၂၁ရာစု ပင်လုံညီလာခံကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ  အကြိမ်စသည်ဖြင့် အကြိမ်ကြမ် ကျင်းပလာကြသည်ကို သတင်းများမှတဆင့်ကြားခဲ့ရပြီး ယင်းသည် ဖက်ဒရယ်  ပြည်ထောင်စုတည်ထောင်နိုင်ရန် ကြိုးစားနေကြဟူ ကြားမှတ်ခဲ့ရပါသည်။ လူငယ်အများစု ကြားတွင်၎င်း၏ ရှု ထောင့်များ၊အတွေးအမြင်များ ပိုမိုစီးဝင်လာသလို နိုင်ငံရေးစကားဝိုင်းများတွင် ဖက် ဒရယ် စကားလုံးများကလေ  ထဲတွင် အမျိုးမျိုးပျံ့နှံ့လာနေခဲ့ပါသည်။ စကားဝိုင်းအမျိုးမျိုးထဲတွင် ဖက် ဒရယ်၏အနှစ်သာရ အဓိပ္ပါယ်များ လည်း 

အမျိုးမျိုး ထွက်ပေါ်လာသည်ကို သတိထားမိလာပြီး ခေါင်းဆောင်များ၏  ဖက်ဒရယ်စနစ်လိုအပ်ပုံချင်း မတူညီမှုများသည် လူငယ်များအတွက်ရှေ့  ဆက် လေ့လာဖို့အတွက် ခေါင်းစားစေခဲ့ပါသည်။ စေ့ဆော်မှု ဖြစ်ပေါ်လာ  စေပါသည်။ 

သတင်းမီဒီယာတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းကို တွန်းအားပေးနေသည့်သတင်းရှူ  တောင့်များအများအပြားထုတ်ဝေလာခဲ့ကြပါသည်။ ထိုနည်းတူစွာလူမှုမီ  ဒီယာကနေတဆင့် ဖက်ဒရယ်ဆိုင်ရာသုံးသပ်ချက်များ၊ ဝေဖန်ပြောဆိုမှုများ ပျံ့နှံ့လာခြင်းလည်း လူငယ်တို့၏  စိတ်ဝင်စားမှုကိုပိုမိုရရှိ လာခဲ့ပါသည်။ မွန်လူထုအကြားမှာတော့ သီချင်းစာသားများတွင် ဖက်ဒရယ် စကားလုံး  များသုံးနှုန်းလာသလို ပြက်လုံးများတွင်လည်းဖက်ဒရယ်ဟူသည်ကိုဟာသသဖွယ် အသုံးအနှုန်း လည်းတဖြေး  ဖြေးနှင့်သုံးစွဲ လာပါသည်။ မည်သို့ပင် ဖက်ဒရယ်ဟူသောစကားလုံးကို နေရာအတော်များ များတွင်ပြောဆို သုံး  နှုန်း နေပေသော်လည်း ၎င်း၏ အနှစ်သာရအဓိပ္ပါယ်ကွဲပြားနေတာတွေက ပြဿာနာတစ်ခုလို ဖြစ်ပေါ်စေသည် ဟုမြင်မိပါသည်။ ယင်းကွာဟချက်ကိုစူးစမ်းဆင်ခြင်၊ သုံးသပ်လိုသည့် လူငယ်တစ်ချို့တို့ သဘာဝအကြား စဉ်း  စားစေသည့်အတွေးအခေါ်များ၊လုပ်ရပ်များ၊ လေ့လာမှုများနှင့် ၎င်းတို့၏ ဖက်ဒရယ်အပေါ်နက်နဲလာသည့် စိတ်  ဝင်စားမှုများကို ပိုမိုဖန်တီးနေပါသည်။ 

 ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ခြင်းသည်သာ မြန်မာပြည်၏ပဋိပက္ခ ကိုဖြေရှင်းနိုင်မည်လား၊ ဖက်ဒရယ် စနစ်ကျင့်  သုံးနိုင်ခြင်းသည်သာ တိုင်းရင်းသားတို့၏အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များရရှိနိုင် မည်လား၊ မိမိကံကြမ္မာဖန်တီး  နိုင်ခြင်းသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှသာ ရောက်ရှိနိုင်မည်လား၊ အမျိုးသမီးနှင့် ခလေးသူငယ်များ အပေါ်  လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုနှင့် မတရားလုပ်ကြံမှု များသည် ဖက်ဒရယ် စနစ်က ဖြေရှင်းနိုင်မည်လား၊မြန် မာပြည်၏ပညာရေးစနစ်သည် ဖက်ဒရယ်စနစ်က ပြုပြင်နိုင် မည်လား၊ အနာဂတ်လူငယ်ဖွံ့ဖြိုးရေးသည် ဖက်ဒ  ရယ်စနစ်အပေါ်တွင် မှီတည်နေတာလား၊ ဖက်ဒရယ်\စနစ်ကသာ မြန်မာပြည်အတွင်း မြည်ဟိန်းနေသည့်သေ  နတ်သံများ တိတ်ဆိတ်သွားနိုင်မည်လားစသည်များအပေါ် ဖြေရှင်းနိုင်မည့် နိုင်ငံဆွေးနွေးပွဲများ၊ ပညာရှင်တို့၏  စကားဝိုင်းများ၊ သတင်းမီဒီယာဖြန့်ဝေမှုများမှတဆင့် အဖြေထွက်လာမည်ဟု မျှော်လင့်ရင်းနှင့်တဖြေးဖြေးချင်း  ဝေးလံလာခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေကာမှု မွန်လူငယ်ထုတွင်ဤကဲ့သို့သော မေးခွန်းများစီးဝင်လာခြင်းသည် ကောင်းသောရ  လဒ်ဟုဆိုရမည်ဖြစ်ပါသည်။ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များ၊ အဆင့်ဆင့်သော ပင်လုံညီလာခံများ၊ အရပ်  ဖက်လူမှုအဖွဲ့အစည်းများ၏ ရက်တို၊ရက်ရှည်သင်တန်း အစီအစဉ်များမှ တဆင့်လူငယ်တိုကြား စနစ် ကျကျစီးဝင်  လာသည့်ဖက်ဒရယ်ရေစီးကြောင်းသည်အရှိန်ပိုမြင့်လာခဲ့ပါပြီး။ စစ်တပ်မှအာဏာသိမ်း လိုက် ခြင်း သည်လူငယ်  များအကြား ဖက်ဒရယ်စိတ်ဓါတ်များ ပိုမိုပြင်းထန်လာခဲ့သည်ကို ဖက်ဒရယ် စကား ဝိုင်းတွင်လူငယ်များ ပိုမိုပါဝင်  လာခြင်းကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါသည်။ မိမိတို့၏အနာဂတ် အိမ်မက်များပြန်လည် အစပျိုးတည်ဆောက်  နိုင်ရန်အတွက် မိမိတို့၏လုပ်ပိုင်ခွင့်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်များ မိမိလက်ထဲတွင်ရှိနေဖို့ရန် လိုအပ်သည်ကိုမို  ပိုသိရှိလာသည်ဟု ဆိုရမည်ဖြစ်ပါသည်။ 

 မွန်လူငယ်များအတွက် လက်လွှတ်ဆုံးရှုံးသွားခဲ့ရသည့် အနာဂတ်ပညာရေးစနစ်၊ အလုပ်အကိုင်အခွင့် အလမ်း၊  လုံ့ခြုံရေး၊ဖွံ့ဖြိုးရေးများ၊ဖူးပွင့်စအနာဂတ်ကို ဖျက်ဆီးလိုက်သည့် အခြေအနေများ အကြား၊ အမျိုး သားရေးပြဿနာ၊ နိုင်ငံရေးပြဿနာကို ပါဝင်အားဖြည့်ဖြေရှင်းလိုသည့် ဆန္ဒများဖြစ်ပေါ်စေပါသည်။ မွန်လူငယ်ထုတို့၏အနာ  ဂတ်ရပ်တည်ချက်နှင့် နိုင်ငံရေးအပေါ် သက်ဝင်ယုံကြည်လာမှုများသည်လည်းပို မိုနက်နဲလာသည့်အကြောင်းများမှာ လွတ်လပ်မှုတရားမျှတမှု လုံခြုံမှု လုပ်ပိုင်ခွင့်အခွင့်အလမ်း ဆုံးဖြတ် ချက်ချ ပိုင်ခွင့်အာဏာတည်မြဲမှု ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို ပိုမိုမက်မော လာခြင်းဖြစ်ပါသည်။  ဖက်ဒရယ်ပြည်ထောင်စု  တည်ထောင်နိုင်ခြင်းသည်သာ တစ်ခုတည်းသောနိုင်ငံတော်ဖြေ  ရှင်းမှုနှင့် လူငယ်တို့၏ အနာဂတ်ထွက်ပေါက် လမ်းစဉ်များကိုထွင်းဖောက်  နိုင်ပါမည်။ယင်းဆာလောင်မှုအသံများ ပိုမိုကျယ်လောင်လာရန် လိုအပ် သ  လို ရေရှည်တည်တံ့သွားနိုင်ရန်လည်း အရေးကြီးသောကြောင့် နောင်မျိုး  ဆက်သစ်များ အတွက် တူညီသည့်အသံထွက်ပေါ်လာရန်အတွက် လိုအပ်သည့်ပြင်ဆင်မှု၊ လေ့လာမှုများ၊ ဝေငှ  မှုများ၊ နေရာပေးမှုများ၊ လက်တွဲမှုများကို အဖက်ဖက်ကနေ ဖန်တီးပေးရန်လိုအပ်ပါသည်။ ထိုမှသာ နိုင်ငံရေးကို  စိတ်ဝင်စားနေသည့် လူငယ်များအတွက် အမျိုးသားရေးနိုင်ငံရေ ခရီးများဆက်နိုင်ရန် ဖြစ်ပါသည်။  လူငယ်များသည် မနက်ဖန်အနာဂတ်အတွက် ခေါင်းဆောင်များပြီး မိမိတို့နိုင်ငံ ငြိမ်းချမ်းရေး အတွက် ရှေ့  ဆက်ကြမည့် အနာဂတ်ခရီးသည်များဖြစ်ပါသည်။ ဖက်ဒရယ်ခေါ်သံနှင့်အတူခရီးဆက်ကြမည့် ဖက်ဒရယ်လူ  ငယ်ခရီးသည်များကို ဖေးမကူညီလက်ကမ်းကြိုဆိုရန်လိုအပ်ပါသည်။ မွန်ပြည်သူများ အနေဖြင့် လူငယ်တို့၏  အသံကို နားစွင့်ရန်အရေးကြီးသလို ၎င်းအသံ၏နက်နဲသည့် အဓိပ္ပါယ်များ ကို နားလည်အောင် ကြိုးစားပေးပါ  ရန် တိုက်တွန်းရင်း အနာဂတ်ဖက်ဒရယ်ခရီးစဉ်ကို တတ်နိုင်သည့် ကဏ္ဍတွင် အတူချီတက်ကြပါစို့ဟု ဖိတ်ခေါ်  လိုက်ပါသည်။