• Today is: Friday, March 29, 2024

ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသောဖက်ဒရယ်ပြည်ထောင်စု  တည်ဆောက်ရေးသည်တိုင်းပြည်၏အဖြေဖြစ်သည်

ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသောဖက်ဒရယ်ပြည်ထောင်စု  တည်ဆောက်ရေးသည်တိုင်းပြည်၏အဖြေဖြစ်သည်

မင်းမွန်ဆောင်း  

 ၂၀၂၁ ခုနှစ်၏ နွေဦးကာလများသည်ကာ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုများနှင့်အတူ ဖက်ဒရယ်ဒီမိုက  ရေစီဟူသောအသံများ ဆယ်စုနှစ်များစွာအကြာအချိန်တွင် ကျယ်ကျယ်လောင်လောင် ကြားရသော ကာလများ  ဖြစ်သည်။ စစ်အုပ်စုက ပြောသောဖက်ဒရယ် ၊ CRPH နှင့် NUG ကပြောသောဖက်ဒရယ်၊ အမျိုးသား တန်းတူရေး အတွက် ဆယ်စုနှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့သည့် လူမျိုးစုများကပြောသော ဖက်ဒရယ် စသဖြင့်တိုင်းပြည်ကခရီး  ဆက်နေဆဲဖြစ်သည်။ ပြည်သူလူထုအနေဖြင့်စစ်အုပ်ချုပ်ရေးကို အညံ့မခံပဲ ပုံစံမျိုးစုံဖြင့်ကြံ့ကြံ့ ခံတွန်းလှန်နေ  သည်မှာယခင်ကာလများထက်ပိုမိုအားကောင်းလျှက်ရှိသည်။ ပြည်သူ လူထု၏ ဆန့်ကျင်တော်လှန်မှုများကို  ရင်ဆိုင်နေရသော၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်အုပ်စုသည် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်တည်ဆောက်လို  ကြောင်း မက်လုံးပေးပြောဆိုမှုများနှင့် အတူလမ်းပြမြေပုံ များချမှတ်ကာဝါဒဖြန့်လျှက်၊ တိုင်းပြည်အာဏာကို

တည်ဆောက်လျှက်ရှိပြီးများစွာအခက်ကြုံနေရကြောင်း/ ၎င်းတို့ခေါင်းဆောင်ကာချုပ်မင်းအောင်လှိုင်ကိုယ်  တိုင် လူလုံးထွက်ပြခဲ့ရသည့် “တိုင်းရင်းသားခေါင်းဆောင်ကြီးများအား ကျွန်တော်ကိုယ်တိုင် တွေ့ဆုံပါ မည်”ဟူ  သော အစချီမိန့်ခွန်း အဖြစ်အပျက်ကိုကြည့်မြင်နိုင်ပါသည်။ 

 ထိုဖြစ်ရပ်နှင့်အတူ ကာချုပ်မင်းအောင်လှိုင်ဦးဆောင်ပြီး (၁၂)ပြည်နယ်ကို အခြေခံသော ဖက်ဒရယ်ဒီမိုက  ရေစီတိုင်းပြည်တည်ဆောက်မည့်အကြောင်း ဝါဒဖြန့်မှုများတစ်ဆက်ထဲ ပေါ်ပေါက်လာသည်မှာ အံ့ဩ စရာမရှိ  ပေ။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နှစ်ပေါင်းများစွာဖျက်ဆီး၊ ပြည်သူလူထုကို မတရားဖမ်းဆီးသတ်  ဖြတ်၊ ကျေးရွာပေါင်းမြောက်များစွာကို မီးလောင်တိုက်သွင်းစသည်တို့သည် စစ်အုပ်စု ၏ ရာဇဝတ်မှုမှတ်တမ်းများ  ဖြစ်သည်။ ထိုပုဂ္ဂိုလ်များနှင့်အတူ ဖက်ဒရယ်ရေးရာဆွေးနွေးမှုများ ပြုလုပ်၍ မရနိုင်ကြောင်း သမိုင်းကြောင်းဖြစ်ရပ်  များ၊ လက်ရှိဖြစ်ရပ်များက သက်သေပြလျှက်ရှိသည်။

၂၀၂၁ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့်အတူ ပေါ်ပေါက်လာခဲ့သောCRPH၊NUGမှ  လည်း ဖက်ဒရယ်ဒီမိုကရေစီကိုပုံဖော်လျှက်ရှိပြီး ၎င်းတို့နှင့်အတူ တိုင်းရင်းသားလူမျိုးစုအားလုံးပါ ဝင်လာရန်  ပြောဆိုစည်းရုံးလျှက်ရှိသည်။ တိုင်းရင်းသားလူမျိုးစုတို့မှလည်းစစ်အာဏာရှင်အပါအဝင်မဟာလူမျိုးကြီးဝါ ဒကို ပါအမြစ် ဖျက် ရမည်ဖြစ်ကြောင်းကြွေးကြော်လျှက်ရှိသည်။ တစ်နှစ်ကြော်ကြာအချိန်ကာလအတွင်း ယုံကြည်မှုခိုင်မာအောင် မတည်ဆောက်နိုင်သေးကြောင်ဖြစ်ရပ်တချို့ကမီးမောင်းထိုး ပြလျှက်ရှိသည်။ NLD  အစိုးရကာလ အတွင်း တိုင်းရင်းသားပြည်သူများကို ဆက်ဆံခဲ့ပုံများ ၊စစ်အုပ်စုနှင့်ရင်ကြားစေ့ရေးကို ရှေ့ရှုပြီး  တိုင်းရင်းသား လူထုနှင့်လက်တွဲဖြုတ်ခဲ့သောNLD ၏လုပ်ရပ်များကိုယခု CRPH နှင့် NUGတွင် ပါဝင်လျှက်ရှိသော  ပုဂ္ဂိုလ်များ က မည်မျှပြန်လည် အဖက်ဆယ်နိုင်မည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများ  ဘက်တွင် လည်း စစ်ကောင်စီနှင့်ပူးပေါင်းသောအစုအဖွဲ့နှင့် NUG၊ NUCC တွင် ပူးပေါင်းပါဝင်သော အစုအဖွဲ့  ဟူ၍ဝိဝါဒကွဲပြားလျှက်ရှိသည်။ ခေတ်အဆက်ဆက်တိုင်း ပြည်အစိုးရ နေရာတွင် ဗမာနိုင်ငံရေးအင်အားစုတချို့  ၏ ဖက်ဒရယ် အပေါ်မျက်ကွယ်ပြုမှု၊ လူမျိုးစု တော်လှန်ရေး အပေါ်အထင်မြင်သေးမှုစသည်တို့ကား ယခု ကာလ  ယုံကြည် မှုခိုင်မာအားကောင်းအောင် မတည် ဆောက်နိုင်ခြင်း၏ ပင်မရေသောက်မြစ် ဖြစ်သည်။  NLD အစိုးရကာလနှင့်လက်ရှိ NUG ဝန်ကြီးတချို့၏ ပြောဆိုမှုများ၊ လုပ် ရပ်များကိုကြည့်ရှုခြင်းအားဖြင့် ၎င်းတို့သည် ဖက်ဒရယ်အနှစ်သာရနှင့်အဓိ  ပ္ပါယ်ကို ကောင်းစွာနားမလည် သေးကြောင်း မြင်တွေ့ရသည်။များမကြာမီ  ကဖြစ်ပေါ်ခဲ့သော ကရင်နီပြည် အုပ်ချုပ်ရေးအဖွဲ့ ကိစ္စရပ်သည်လည်းနဂို  ရှိနှင့်ပြီးသား အဆင်မပြေမှုများကို ပိုမိုကြီးထွားလာစေခဲ့ပါသည်။ 

တော်လှန်ရေးလှုပ်ရှားမှုနှင့်တိုင်းပြည်အာဏာတခုတည်းကိုဗဟိုပြု ပြီးအာဏာသိမ်းမှုကို ဆန့်ကျင်သော တန်ပြန် လှုပ်ရှားမှုသည်ကား  ကွဲလွဲမှုများ စွာရှိနေသေသည်။ သို့သော်ထိုကိစ္စရပ်များကို ဒီမိုကရေစီ  ဘက်တော်သား အချင်းချင်းပြေလည်အောင်ဆွေးနွေး ဖြေရှင်းကြရမည်ဖြစ်သည်။ အနာဂတ် ဖက်ဒရယ် ပြည်  ထောင်စုနှင့်ပတ် သက်ပြီး NLD၊ CRPH နှင့် NUG ၏ သဘောထားကို ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ လမ်းပြမြေပုံ ၁၂ ချက်ကို ထုတ်ဖော်ပြသထားသော်လည်း လက်တွေ့ကျသော ဆောင်ရွက်မှုများ လိုအပ်နေဆဲဖြစ် သည်။

 အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ အဆုံးအဖြတ်ဖြင့်အမျိုးသား ညီညွတ်ရေးအစိုးရ  (NUG) ပေါ်ပေါက်လာသော်လည်း NUCC ၏အခန်းကဏ္ဍနှင့် လုပ်ဆောင်ချက်များမှာ NUG နှင့်စာလျှင်ပြည် သူလူထုနှင့်အလှမ်းကွာနေဆဲဖြစ်သည်။ NUCC၏အစုအဖွဲ့ပါဝင်မှု၊ လုပ်ဆောင်မှုများကို ပြည်သူလူထုထံ  သတင်းစကား ဖြန့်ဝေရန်ယခုထက်ပိုမိုလိုအပ်နေပေသေးသည်။ ဤစာစုသည်ဒီမိုကရေစီဘက်တော်သားများ သို့ ရည်ညွန်းရေးသားခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံရေးမရိုးသားမှု၊ လူမျိုးကြီးဝါဒကိုအခြေခံပြီး  အာဏာတည်ဆောက်လိုမှုတို့ကြောင့်သာတိုင်းပြည်၏အကျပ် အတည်းသည် ယခုအခြေအနေသို့ ကျရောက်  ခဲ့ရခြင်းဖြစ်သည်။ အရိုးစွဲနေသောလူမျိုးကြီးဝါဒအတွေးအခေါ်များနှ င့်နိုင်ငံရေးသမားများ၏ အာဏာအပေါ် တပ်မက်မှု၊ စစ်အုပ်စု၏  အာဏာအပေါ်ဖက်တွယ်ထားမှုတို့သည် တိုင်းပြည် ပဋိပက္ခများ၏  ရေသောက်မြစ် ဖြစ်သည်။ 

 ပြည်သူလူထုထံဖက်ဒရယ်ရေးရာသဘောတရားများ၊ဒီမိုကရေ စီ ရေးရာသဘောတရားများ ပျံ့နှံ့ စိမ့်ဝင်နေ အောင် လုပ်ဆောင်ရမည့်  နည်းတူအနာဂတ်ခရီးကိုမျှော်ကြည့်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်  ဆောက် ရေးအတွက် အတားအဆီးဖြစ်နေသော အနှောင့်အယှက်အ ဟန့်အတားများကိုလည်း ဖယ်ရှားရှင်းလင်းကြရ မည်ဖြစ်သည်။ ကိုယ့်ကြမ္မာဖန်တီးခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို  အာမခံသော ဖက်ဒရယ်ပြည်ထောင် စုတည် ဆောက်ရေးသည်သာ ကျွန်ုပ်တို့တိုင်းပြည်၏ အဖြေဖြစ်သည်ကို  မမေ့မလျော့ ဂရုပြုသင့် ပါသည်။