• Today is: Saturday, April 20, 2024

အထူးကွန်မန်ဒိုတပ်ခွဲ ဖွဲ့စည်းကြောင်း KRU ကြေညာ

ဓါတ်ပုံ – KRU

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁၂

အထူးကွန်မန်ဒိုတပ်ခွဲ ဖွဲ့စည်းကြောင်း ကရင်နီပြည်သူ့ တော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union – KRU) ဘက်က ယနေ့ ဇူလှိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။

“အထူးကွန်မိန်ဒိုတပ်ခွဲအနေဖြင့် တပ်ပေါင်းစု၏ စစ်ရေး၊ နိုင်ငံရေးလမ်းညွန်မှုကို ခံယူကာ အကြမ်းဖက် စစ်ကောင်စီတပ် အမြစ်ပြတ်သည်အထိ လက်နက်မချစတမ်း တိုက်ပွဲ ဝင်သွားမည်။ ပြည်သူ့ကာကွယ် ရေး ရဲဘော်များ လိုက်နာအပ်သော စစ်ရေးကျင့်ဝတ်များကို ချွင်းချက်မရှိ စောင့်ထိန်းပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစမ်နှင့် လုံခြုံရေးကို ဦးထိပ်ထားကာ တာဝန်ထမ်းဆောင်သွားမည်ဟု ပြည်သူလူထု ထံ ကတိပြု အသိပေးအပ်ပါသည်” ဟု KRU တပ်ပေါင်းစု ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ကရင်နီပြည်သူ့ တော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union – KRU) သည် ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သာဖြစ်ပြီး ယင်းကရင်နီပူးပေါင်းတပ်ဖွဲ့တွင်

– Karenni Generation – Z (KGZ)

– Karenni Democratic Front (KDF)

– Fight for Justice (JPDF)

– GZ – 21 (Loikaw)

– Medic Unit

– Southern Shan People Defense Force (SSPDF)

စသည့်အဖွဲ့များက ပါဝင်ကြသာဖြစ်ပါတယ်။