• Today is: Saturday, April 20, 2024

လွတ်လပ်တဲ့ ငွေကြေးပေးချေမှုစနစ်တခု ပိုင်ဆိုင်နိုင်ဖို့ တိုင်းရင်းသားပညာရှင်များအဖွဲ့ ဖန်တီးထားတဲ့ အွန်လှိုင်းငွေပေးချေနိုင်သည့် N-Wallet App ကို မိတ်ဆက်

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁၅ 

လွတ်လပ်တဲ့ ငွေကြေးပေးချေမှုစနစ်တခု ပိုင်ဆိုင်နိုင်ဖို့ တိုင်းရင်းသားပညာရှင်များအဖွဲ့က သူတို့ဖန်တီးထားတဲ့ အွန်လှိုင်းငွေပေး ချေနိုင်သည့် N-Wallet App ကို စတင်မိတ်ဆက် လိုက်ပါတယ်။

“တိုင်းပြည်ငွေကြေးကို တစ်စုံတစ်ဦးက မတရားချုပ်ကိုင်ပြီး လွတ်လပ်စွာ ငွေကြေးပေးချေမှုကို ကန့်သတ် တာတွေ၊ ထိန်းချုပ်တာတွေကနေ ကင်းလွတ်ပြီး လုပ်ဆောင်ခွင့် ရစေချင်တာပါ။ ပြီးတော့ ငွေကြေး လှူဒါန်းတာတွေကို စိတ်ကြိုက်လှူဒါန်းနိုင်ဖို့၊ အကူအညီ လိုအပ်နေတဲ့ စစ်ဘေးရှောင်စခန်း၊ ဆေးခန်းလို နေရာတွေဆီကို ကမ္ဘာနေရာအနှံ့ က အကူအညီတွေ ရောက်ရှိစေချင်တာပါ” ဟု N-Wallet တာဝန်ရှိသူ တဦးက သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ဖက်ဒရယ်ဂျာနယ်သို့ အခုလိုပြောပါတယ်။

N-Wallet ဖန်တီးသူများဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားများဖြစ်ကြပြီး အဲဒီအဖွဲ့က လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က Independent ဖြစ်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လွတ်လပ်တဲ့ နေရာတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားတွေ စုပြီး လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာမှာ အသုံးအများဆုံး Stable Coin ဖြစ်သည့် USDT ပေါ်မှာ အခြေပြုထားလို့ ခိုင်မာမှု အမြင့်ဆုံးမှာ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောပါတယ်။

အသုံးပြုလို့ ရမည့် နေရာဒေသကို မေးရာမှာတော့ ……

“တကမ္ဘာလုံး ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူတွေက Google လုပ်ခြုံမှု အတိုင်း အပြည့်အဝ လုံခြုံမှု ရှိနေမှာပါ။ ကျွန်တော်တို့က အသုံးပြုသူတွေကို Gmail တစ်ခုနဲ့ပဲ register လုပ်ခိုင်း ထားတာ၊ Gmail အမည်ကလွဲပြီး မသိနိုင်ပါဘူး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း သုံးစွဲသူ၏ ကိုယ်ရေး အချက်အလက် ဘာတစ်ခုမှ မသိနိုင်ဘူးလို့ ပြောချင်တာပါ။ အပြင်သွားလာချိန်မှာ App ကို ဖျက်ထားလို့ ရပြီး၊ သုံးချင်သည့်အချိန်မှာ one click နှိပ်ပြီး ပြန်သုံးနိုင်ပါတယ်” ဟု N-Wallet ဘက်က ဆိုပါတယ်။

N-Wallet App ဟာ Gmail အကောင့် တခု ရှိရုံဖြင့် မှတ်ပုံတင်ပြီး လူတိုင်း စတင်သုံးစွဲနိုင်ကြောင်းလည်း သိရပါတယ်။ N-Wallet ဟာ NUG Pay လို ကိုယ်ပိုင် ငွေကြေးစနစ်တော့ မရှိသေး ပေမယ့်၊ NUG Pay လိုပဲ Crypto စနစ်ကို အခြေခံထားပြီး ပုဂ္ဂလိကဘဏ်စနစ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ကြောင်း နားလည် ရပါတယ်။

အဲဒီ N-Wallet ရဲ့ အားသာချက်ကတော့ လူတိုင်းသုံးနိင်ဖို့ တိုင်းရင်းသားဘာသာစကားများကို N-Project က အထူးအလေးထား ထည့်သွင်း ထားသလို N-Token လို့ခေါ်တဲ့ ဂိမ်းတွေဆော့ပြီး တိုကင်ရနိုင်သလို၊ ရတဲ့ token ကို USDT လို့ခေါ်တဲ့ ငွေကြေးအဖြစ်ပြောင်းလဲလို့ရမှာ ဖြစ်ပါတယ်။

—————————–

Wallet ကိုအရင်ဒေါင်းပြီးရင် ဂိမ်းကို ဆော့မယ်၊ ကြေငြာကြည့်ပေးရုံပါပဲ (Account မှာ Wallet Register Email ထည့်ပေး ရပါမယ်)

Play Store – https://play.google.com/store/apps/details…

Game download — https://nwallet.me/daar.apk

အသေးစိတ်ကို YouTube မှာလေ့လာနိင်ပါတယ် –