• Today is: Friday, March 29, 2024

မိုးဗြဲမြို့ အနီးတဝှက် တိုက်ပွဲ ပြင်းထန်နေ

ဓါတ်ပုံ – Mobye PDF

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁၈

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ အနီးတဝှက်တွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ KNDF ပူးပေါင်းတို့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။

“တိုက်ပွဲကတော့ ဒီမနက် ၂ နာရီလောက်ကနေ စဖြစ်တယ်လို့ သိရတယ်၊ ကျနော်တို့ နေတဲ့ ရွာနဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်နေကြတယ်၊ အခုထိပဲ လက်နက်ကြီး ၇၄ မမ၊ ၁၀၅ မမ အသံတွေကြားနေရတယ်၊ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်း ရှင်းပေးတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်လို့တော့ ကြားသိထားရတယ်” ဟု ဒေသခံ တဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

“မိဘပြည်သူများမလိုအပ်ပဲ အိမ်ထဲမှအပြင် မထွက်ကြဖို့ နှင့် လုံခြုံသောနေရာတွင် နေထိုက်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်” ဟု Mobye Rescue Team ဘက်ကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

“မြို့အတွင်းတွင်ရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန် နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ဘက်ကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

“စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သားရှိရာဘက်သို့ ကျရောက် ပေါက်ကွဲပြီး မိုးဗြဲမြို့ စည်ကား (1)ရပ်ကွက်က နေအိမ်အတွင်း နေထိုင်နေသော အရပ်သားပြည်သူ တစ်ဦး ထိမှန်သွားသည်” ဟု Mobye Rescue Team ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။