• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

                                                                                 ဇူလိုင် – ၁၉ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့ထိ အသက်သေဆုံးခဲ့ရတဲ့ ပြည်သူ (၂၀၂၉) ဦးအထိ ရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရမှု (၁၄၇၃၆)ဦးအထိရှိခဲ့ပြီး (၁၁၆၆၈)ဦး မှာ လက်ရှိချိန်ထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

 

  • ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာ တိုက်ပွဲမှာ JPDF တပ်ရင်းမှ ရဲဘော် တဦး မိုင်းနင်းမိပြီး စိုးရိမ်ဒဏ်ရာရသွားတယ်လို့ JPDF တပ်ရင်းက ပြောပါတယ်။ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီက ကုန်းသာကျေးရွာမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ နာရီဝက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း   စစ်ကောင်စီဘက်မှ ထိခိုက် ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ဆိုပါတယ်။ JPDF တပ်ရင်း တာဝန်ရှိသူက “စစ်ကောင်စီ ဘက်က စစ်ကြောင်း ထိုးလာတာကို ကင်းတက် ထောက်ရင်း နင်းမိုင်းထိတာ။ ခြေထောက်တဖက် ပြတ်သွား တယ်။ ဆေးဝါး ကုသထားတယ်။ ဆေးရုံကတော့ နည်းနည်းဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။

 

  • မြစ်ကြီးနားမြို့ ပြည်သူများလိုက်နာရန် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ဆောင်ရွက်မည့် မစ်ရှင်နှင့် ပတ်သက်ပြီး မြစ်ကြီးနား ပြည်သူ့ကာကွယ်ရေးတပ်မှ သတိပေးချက်မေတ္တရပ်ခံချက်တစ်စောင်အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင်” မစ်ရှင်အချိန်မရွေးဖြစ်လာနိုင် သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ခွေးကင်းလှည့်သည့်ကားနောက် ကပ်မလိုက်ရန်၊ ပေါက်ကွဲသံ သို့မဟုတ် ပွဲကနေစဉ် လိုင်းပေါ်တင်ခြင်းမပြုလုပ်ကြရန်နှင့် CCTV မှတ်တမ်းများ ပိတ်ချ ပေးရန်၊စစ်ခွေး‌အပေါင်းအပါများအတွက်ဟု ယူဆရသော မသင်္ကာဖွယ်အထုပ်များတွေ့လျှင် မစပ်စု၊ မဖွင့်ဖောက်ကြရန်” တောင်းဆိုထားသည်။

 

  • မင်းတပ်မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ဖို့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို တည် ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုရေး/မပြုရေးအတွက် CDF-Mindat နဲ့ဆွေးနွေးညှိနှိုင်းပြီး အများပြည်သူအကျိုးကိုထောက်ရူလို့တင်ဒါအောင်တဲ့ဒေသခံကုမ္ပဏီတွေကိုဆောင်ရွက်ခွင့်ပြုရန် သဘောတူညီခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၈ ရက်စွဲနဲ့ ထုတ်ပြန် ထားပါတယ်။ တင်ဒါအောင်တဲ့ကုမ္ပဏီတွေရဲ့လုပ်ဆောင်ချက်များ စံချိန်စံညွှန်းသတ်မှတ်ချက်များ ပြည့်မှီ ခြင်းရှိမရှိကို စိစစ်စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 

  • တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု ပိန္နဲတောင်ရွာကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာ နေ ပြည်သူ ကိုဇင်ဝိုင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Dawei Information Center အဖွဲ့ထံမှ သိရသည်။ ပိန္နဲတောင်ရွာကို ပုလော အခြေစိုက် အမှတ် ၂၈၅ တပ်ရင်း မှ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာထဲသို့ ကျရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

  • တနိုင်း လီဒိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေအတွင်းရှိသော ချောင်းဆုံ ရွှေမှော်အနီး ကနွယ်သူမှော်တွင် အခြေစိုက်ထားသော KIA တပ်စခန်းကို ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ရှဒူးဇွပ်ဒေသခံများ ထံမှ သိရသည်။ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင် ခန့်တွင် ရှဒူးဇွပ် ပြည်သူ့စစ်ခေါင်း ဆောင် မင်းဇင်သန့် ဦးဆောင်သောအဖွဲ့သည် KIA စစ်သား ၇ဦးခန့်သာရှိသော ကနွယ်သူ KIA တပ် စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ၂ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည် ဟု ပြည်သူ့စစ်နှင့် နီးစပ်သည့် ရှဒူးဇွပ်ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်ဟု ဖော်ပြ ထားသည်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇူလိုင် ၁၉ ရက်နေ့က အာဇာနည်နေ့ အထိမ်းအမှတ် အနေဖြင့် ကျဆုံးသွားသော အာဇာနည် ကိုးဦး နှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသော တိုင်းရင်း သားတော်လှန်ရေး တပ်ဖွဲ့များမှ အာဇာနည်များ၊ နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခြင်းနှင့် စစ်အာဏာရှင်န်ေ့ကျင်ရေး သပိတ်ပြုလုပ်ကြသည်။ ဆန္ဒပြပြည် သူများက “အာဇာနည်တွေကို ဦီးညွတ်လို့ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်စို့ “ စာသား ကိုင်ဆောင် ကာ KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ NUG အစိုးရဒို့အစိုးရ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖမ်းဆီး ထားသော နိုင်ငံ့ခေါင်းဆောင်များနှင့်ပြည်သူများ ချက်ချင်းလွတ်၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါ်က်ရေး ဒို့ အရေး ဟု ကြွေးကြော် သပိတ်မှောက်ကြသည်။

 

  • ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်သော KAWTHOOLEI ARMY (ကရင့်ပြည်သူ့တပ်မတော်)ကို ဖွဲ့စည်း တည်ထောင်ထားပြီး Venom အနေဖြင့် အဖွဲ့ဝင် စစ်ကြောင်းတစ်ခုအဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု စောဝင်းမြင့် ဦးဆောင်သော Venom ကွန်မန်ဒိုစစ်ကြောင်းက ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ KAWTHOOLEI ARMY ကို ဗိုလ်မှူးချုပ်နယ်ဒါးမြက ဦးဆောင်ကာ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး Venom ကွန်မန်ဒိုစစ်ကြောင်းသည်လည်း ကရင်ပြည်သူ့တပ်မတော်၏ အဖွဲ့ဝင်စစ်ကြောင်းတခုအဖြစ် ရပ်တည်ပြီး စစ်ကောင်စီကို စွမ်းစွမ်းတမံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကရင့်ပြည်သူ့တပ်မတော်ကို ထောက်ခံကြိုဆို ပေးပါရန် ယနေ့တရားဝင် ထုတ်ပြန်လိုက်သည်။

 

  • ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့ဝင်များက လာရောက် ဝန်းရံခဲ့ကြောင်း သိရသည်။

 

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၌ ဒေသခံ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများ “အာဇာနည်စိတ်ဓါတ်နှင့် အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး” စာတန်းကိုင်ဆောင်ပြီး အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသူ၊ ကျောင်းသားများ လွတ် မြောက်နယ်မြေ တစ်နေရာတွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနား ကို အာဇာနည် ခေါင်းဆောင်ကြီးများ၊ အညတရ ရဲဘော်များအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ ကျဆုံးသွားခဲ့ရသော အာဇာနည်သူရဲကောင်းတို့အား အောက်မေ့ခြင်း အထိမ်းအမှတ် ၁ မိနစ်ငြိမ်သက် ခြင်း၊ သမိုင်းဖြစ်စဉ်အား မျှဝေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ၇၅ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် အမျိုးသမိီးများ၊ LGBT အဖွဲ့အစည်းများ၊ အခြေခံပညာ ကျောင်းသူ/သား များ နှင့် လူငယ်များ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရေဖြူမြို့နယ် ဘဝါရွာသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်​ပြည့် အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • သရက်ချောင်းမြို့နယ်တွင် သရက်ချောင်းမြို့နယ် သပိတ်ကော်မတီမှ ဦးဆောင်ပြီး ကျောင်းသား လူငယ်များ တော်လှန်ရေး လူငယ်များ ပြည်သူများနှင့် LGBT လူငယ်များ ပေါင်းကာ အာဇာနည်(၉)ဦး နှင့် တကွ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများအား သတိရတမ်းတ ဂုဏ်ပြုခြင်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကရင်ပြည်နယ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ခွဲ (၁) ရဲဘော်များက ဗိုလ်ချုပ်အောင်ဆန်း၊ အာဇာနည်ခေါင်းဆောင်ကြီးနှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီအတွင်းဝယ် ကျဆုံး ကြလေကုန်သော သူရဲကောင်းအပေါင်းတို့ကို အောက်မေ့အလေးပြုခြင်းကို အစီအစဉ် (၅)ချက် ဖြင့် ပြုလုပ် အလေး ပြုကြသည်။

 

  • သထုံခရိုင်၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု (TPDF) နှင့် စခန်းတွင်းရှိ တကသ၊ အကသ သမဂ္ဂရဲဘော်များ ဦးဆောင်ကာ ၇၅ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားနှင့် ခေတ် အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများအား အလေးပြု ခြင်းကို တောတွင်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု TPDFကထုတ်ပြန်ထားသည်။

 

  • ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နဲ့ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည် ရဲဘော်သူရဲကောင်း (၁၂) ဦးကို  ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း၂ က ဦးညွှတ် အလေးပြုကြောင်း ယနေ့ ဇူလိုင် (၁၉) ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

  • ကလေးမြို့ ပင်မ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် အာဇာနည်နေ့ လုံခြုံ​ရေးတင်းကျပ်ထားချိန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက် သပိတ်​ မှောက်ကြသည်။ စစ်ကောင်စီက အာဇာနည်နေ့အခမ်းအနား ပြုလုပ်နေချိန် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်(ဗကသများအဖွဲ့ချုပ်)နဲ့ North Dagon Oppressed People’s Strike Colition တို့ပူး ပေါင်း ပြီး “လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ အာဇာနည် ဟာကိုးဦးမက” စာသားပါ bannerအားကိုင်စွဲကာ ရန်ကုန်မြို့တစ်နေရာမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှား မှုတစ်ရပ် ပြုလုပ်ကြသည်။

 

  • ရန်ကုန် လှိုင်သာယာမြို့ရှိ‌ စာသင်ကျောင်းတစ်ခုတွင် လှိုင်သာယာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ဂုဏ်ထူး ဦးမောင်မောင် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အင်းစိန်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်း၍ “လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်မြို့ တာမွေမြို့နယ် အထက ၂ ကျောင်းရှေ့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၌ စစ်ကျွန် ပညာရေး အလိုမရှိကြောင်း စာတန်းချိတ်ဆွဲခဲ့သည်ဟု သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် “အာဇာနည် သူရဲကောင်းများအား လေးစားဦးညွတ်၍ အာဇာနည်သူရဲကောင်းတို့စိတ်ဓာတ် စွဲကိုင်တိုက်ပွဲဝင်ကြ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းက  သပိတ်တော်လှန်မှု ၄၄၃ ရက်မြောက်နေ့အဖြစ် “အာဇာနည်မျိုး သေရိုးမရှိ” စာသားပါ ဘန်နာကိုစွဲကိုင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်ကြသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်စစ်ကြောင်းနှင့် ပြည်သူများ လူထုတို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့ အလေးအပြုအခမ်းအနား ကျင်းပ ခြင်းနှင့် အာဇာနည် ၉ ဦးကျဆုံးချိန်ဖြစ် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲ ငြိမ်သက်ခြင်း အခမ်း အနားကျင်းပခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် မုံရွာလူငယ် အစည်းအရုံးတို့ ပူးပေါင်းကာ ၇၅ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက် ဆက် မတရားမှုကိုတွန်းလှန်ရင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား လေးစားဂုဏ်ပြု သောအားဖြင့် ”အာဇာနည်မျိုး သေရိုးမရှိ” စာတန်း ကိုင်စွဲကာ ချင်းတွင်းမြစ်တစ်ဖက်ကမ်းတွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ ရဲဘော်များသည် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြကြသည်။

 

  • ပဲခူးတက္ကသိုလ်ကျောင်းသူများ အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် သပိတ်မှောက်ခဲ့ကြသည်။

 

  • ပဲခူးတွင် “၁၉ ဇူလိုင်မမေ့နိုင် အာဇာနည်နေ့ ဒို့မမေ့” စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်ကို သွေးကြွေး ဆပ် ကြရန် လှုံ့ဆော်မှုတစ်ရပ်ကို တက်ကြွလှုပ်ရှားသူများက ယနေ့ နံနက်ပိုင်း လုပ်ဆောင်ကြသည်။ “ဘောမနေတုန်းလားပဲခူး သွေးပေါင်းများစွာကျခဲ့တဲ့ပဲခူးမြေမှာ သွေးကြွေးဆပ်ပြီးပီလား ” ဟူသော လူထု နှိုးဆော်သပိတ် စာတန်းကို အာဇာနည်နေ့ လုံခြုံရေးတင်းကျပ်သည့်ကြားမှ ပဲခူး-ရန်ကုန်- မန္တလေး ရထားလမ်းဆုံ တစ်နေရာတွင် ပြုလုပ်ကြသည်။

 

  • မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်ကြီးတံခွန် သပိတ်အင်အားစုများနှင့် ဒေသခံ ပြည်သူများစုပေါင်းကာ ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေများဖြင့် အလေးပြုပြီး အကြမ်းဖက် စစ်အာဏာရှင်တော် လှန်ရေး လူအင်အားထောင်ချီဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်​ပြည့် အာဇာနည်နေ့ အခမ်းအနား အလေးပြုပွဲ အခမ်းအနားနှင့် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အခမ်းအနားကို အာဇာနည် ၉ ဦးနှင့်တကွ ခေတ်အဆက်ဆက် ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများအား အလေးနီပြုခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း စသည့် အခမ်းအနားအစီအစဥ် များဖြင့် ပြုလုပ်ခဲ့ပြီး သပိတ်စစ်ကြောင်းကို မုံရွာ လူငယ်များ အစည်းအရုံမှ အဖွဲ့ဝင်တချို့လာရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။

 

  • ဧရာဝတီ တပ်စုမှ တော်လှန်ရေး ရဲဘော်များ ဦးဆောင်ကာ တောတွင်း တစ်နေရာ၌ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်​ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • လက်ပံတန်းမြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ “စစ်(၃)စစ်ကိုတိုက်ဖျက်ကြ အာဇာနည်ဟာ (ကိုး)ဦးမက” စာတန်း ချိတ်ဆွဲ ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ကနီမြို့နယ်ရှိ‌ ကျေးရွာတစ်ရွာတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို နယ်မြေမငြိမ်မသက်ဖြစ်နေသည့်ကြားမှ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ ဦးဆောင်၍ ချီတက်ခဲ့ကြသည်။ အာဇာနည်နေ့ အခမ်းအနား တွင် NUG ကာကွယ်ရေးအလံတော်ကို အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ​ကျဆုံးသွား သောအာဇာနည်ရဲဘော်များကို အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့်နွေဦးတော်လှန်ရေးတွင်ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ် အလေးပြု ခြင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်း အားလုံးတို့အား လွမ်းဆွတ် တမ်းတသတိရသောအား ဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း ၊ သွေးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင် သီဆိုခြင်းများပြုလုပ်ခဲ့ပြီး သပိတ်ဦးဆောင်သူများနှင့်တော်လှန်ရေးအင်အားစုများမှလည်း အာဇာနည် နေ့နှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး တရားများ အသီးသီး ဟောပြောခဲ့ကြသည်။

 

  • မိတ္ထီလာမြို့နယ် ရေလယ်ကျွန်း ပြည့်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ တွင်တော်လှန်ရေး အတွင်း ကျဆုံးခဲ့သော တပ်ဖွဲ့ဝင် ရဲဘော် တစ်ဦး၏ အုတ်ဂူရှေ့တွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုမြို့နယ်တွင် ရွှေခွန်မြေ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ပခုက္ကူမြို့နယ်တွင် ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ)မှ ဦးဆောင်ကာ ပြည်သူများ ပူးပေါင်းပါဝင်ပြီး အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဘုတလင်မြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ခင်ဦးမြို့နယ်တွင် NUG အစိုးရ ပညာရေး ကျောင်းတစ်ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ၇၅ နှစ်​ပြည့် အာဇာနည်နေ့ အလေးပြုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ပုလဲ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လွတ်လပ်ရေးခေတ်ဦးမှသည် တော်လှန်ရေးခရီးကြမ်းတလျှောက် မြင့်မြတ်စွာကြွေလွင့်ခဲ့ပြီးဖြစ်သော အာဇာနည်များသို့ အောက်မေ့တသခြင်းအခမ်းအနားကို ၁၉ ရက် ဇူလိုင်လ ၂၀၂၂ ရက်နေ့တွင် People’s Revolution Alliance (PRA-Magway) ဌာနချုပ်စခန်းမှာ ကျန်နေခဲ့သည့်ရဲဘော်များနှင့် ကျင်းပခဲ့သည်။

 

  • ရွှေလယ်ကျွန်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်​ပြည့် အာဇာနည်နေ့ အောက်မေ့ အလေးပြုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရ သည်။ အခမ်းအနားတွင် အာဇာနည် ၉ ဦးနှင့် ခေတ်အဆက်ဆက် တောင်တန်းပြည်မမှ ကြွေလွင့် ခဲ့သော အာဇာနည်များ၊ နွေဦးတော်လှန်ရေးသူရဲကောင်းများကို သတိရအောက်မေ့အလေးပြုခဲ့ကြပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျကြိုးတံတားပေါ်မှာ ဒီနေ့ ဇူလိုင် ၁၉ ရက် မနက် ၇ နာရီ လောက်က YBS ဘတ်စ်ကားတစ်ဦး မီးလောင်ခဲ့ပြီး အင်းစိန်နဲ့လှိုင်သာယာမီးသတ်စခန်းက မီးသတ် ယာဥ်တစ်စီးစီနဲ့ ရေသယ်ယာဥ်တစ်စီးအပါအ၀င် ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦ စီးဌာန က သတင်းထုတ်ပြန်လာပါတယ်။ ၇ နာရီ ၄၉ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ယာဥ်ပေါ်ပါတဲ့ ခရီးသည် တွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

 

  • ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ကျောင်းသူ/ကျောင်းသားများ အာဇာနည်နေ့ အလေးပြုခြင်းအခမ်းနားများနှင့် NUG အစိုးရပညာရေးဝန်ကြီးဌာနက ကျင်းပသော စာစီစာကုံး ပြိုင်ပွဲ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) T2 ဇုံတွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို ယနေ့ ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းတွင် မိုးညိုတော်လှန်ရေးအင်အားစု MNRF နှင့် မဟာမိတ်တပ်ဖွဲ့များက ၃ ကြိမ် မိုင်းခွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်း MNRF က သတင်းထုတ် ပြန်သည်။ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ ၁၁ စီးပါ ယာဉ်တန်း၏ ၅ စီးမြောက်ယာဉ်ကို မြင်းမူမြို့ နယ်၊ နပဲကြူးဇရပ်နှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်း ၆ လုံးဖြင့်လည်းကောင်း၊ အဆိုပါ ၅ စီးမြောက် စစ်ကားကို ကန်ဖျားဇရပ်အနီးတွင် မိုင်း ၄ လုံးဖြင့်လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်းအကျဉ်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/

မှတ်ချက်။       သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။