• Today is: Friday, March 29, 2024

ဇူလိုင်လ တတိအပတ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁၄ ဦး သေဆုံးဟု KNDF ထုတ်ပြန်

ဓါတ်ပုံ – KNDF

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၂

ဇူလိုင်လ တတိအပတ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ (၁၄)ဦး သေဆုံးဟု KNDF ထုတ်ပြန်ပါတယ်။

ဇူလိုင် (၁၆) ရက်နေ့ ဖရူဆိုတိုက်ပွဲတွင် (၁) ဦး၊ ဇူလှိုင်လ (၁၆) ရက်နေ့ ဒီးမော့ဆို တိုက်ပွဲတွင်(၃) ဦး၊ ဇူလှိုင်လ (၁၈) ရက်နေ့ ဒီးမော့ဆို တိုက်ပွဲတွင် (၂)ဦး၊ ဇူလှိုင်လ (၁၈) ရက်နေ့ ဖယ်ခုံမြို့နယ် မိုးဗြဲ တိုက်ပွဲတွင် (၃)ဦး၊ ဇူလှိုင်လ (၁၈) ရက်နေ့ မိုးဗြဲမြို့ ပွဲကုန်းသုံးရပ်ကွက်အတွင်းတိုက်ပွဲတွင် (၄)ဦး၊ ဇူလှိုင်လ (၂၁) ရက် ဖယ်ခုံအရှေ့ဘက်ခြမ်း တိုက်ပွဲတွင် (၉) ဦး၊ ဇူလှိုင်လ (၂၁) ရက် ဖယ်ခုံ ဝါရီဆူ ပလှိုင်ကျေးရွာ တိုက်ပွဲတွင် (၁)ဦး စုစုပေါင်း (၁၄) ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ KNDF က ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကတော့ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဖယ်ခုံ မြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖရူဆို မြို့နယ်မှာတော့ စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိသလို ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာလည်း စစ်ကောင်စီတပ်က မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားနေသာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလှိုင် ၁၈ ရက်နေ့က မိုးဗြဲမြို့၊ ပွဲကုန်းသုံးရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး၊ ရဟန်း၊ သီလရှင်များနှင့် ဘာသာဝင်များ၊ ကလေးသူငယ်များကို ဓါးစာခံ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဇူလိုင်လ တတိအပတ်က အဲဒီတိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေ၊ ခြေကုတ် ယူထားတဲ့ တပ်စခန်း နေရာတွေမှာ KNDF တပ်ဖွဲ့များနဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။