• Today is: Friday, April 19, 2024

မတူပီCDF ပစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၅

CDF-Matupi တပ်ဖွဲ့ဝင်များနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီကနေ့ ဇူလိုင် ၂၅ ရက်၊ နံနက်၁၁ နာရီခန့်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု မတူပီ CDFကသတင်းထုတ်ပြန်ထားသည်။

လေမျိုချောင်းတံတားအနီးတစ်ဝိုက်၌ဖြစ်ပွားခဲ့သည် ထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၅) ဦးကျဆုံးပြီး (၄) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မတူပီ CDF ဘက်က ဖော်ပြထားသည်။

၄င်းထိတွေ့ပစ်ခတ်မှုဖြစ်စဥ်တွင် CDF-Matupi တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်း နှင့် CDF-Matupi လှုပ်ရှားရာဒေသအတွင်း ထိတွေ့ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနိုင်ကြောင်း Chinland Defense Force – Matupiက အသိပေးထုတ်ပြန်ထားသည်။