• Today is: Thursday, April 25, 2024

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးအပေါ် စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ICNCC ပြစ်တင်ဝေဖန်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၅

“ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း သတင်းရေးသားဖော်ပြချက်အတိုင်းမှန်ကန်ပါက ယင်း လုပ်ရပ်သည် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသည့်ပြည်သူများ၏ ဆန္ဒသဘောထားကို လုံးဝမျက်ကွယ်ပြုငြင်းပယ်လိုက်ခြင်းဖြစ်သည်သာမက၊ စစ်ကောင်စီအနေဖြင့် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့်အထွေထွေနိုင်ငံရေးအခြေအနေကို တရားမျှတစွာဖြေရှင်းလိုစိတ်မရှိဘဲ ရက်စက်ယုတ်မာစွာ ဖိနှိပ်ဖြေရှင်းရန်သာ ဆန္ဒရှိကြောင်း ထပ်မံ၍ အတိအလင်းဖော်ပြနေခြင်းပင်ဖြစ်သည်”ဟု ICNCC ဘက်က ဆိုသည်။

“စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် မိမိတို့ကောင်စီအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခု ကဲ့သို့ပြုမူဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စစ်ကောင်စီ အပေါ် ဆန့်ကျင်တော်လှန်လိုစိတ် ပိုမိုနက်ရှိုင်းကျယ်ပြန့်လာဖို့သာရှိပြီး ရှေ့ဆက်မြန်မာနိုင်ငံ၏အခြေအနေသည် ပိုမိုဆိုးရွားလာဖို့သာရှိကြောင်း အလေးအနက်သတိပေးသည်”ဟုလည်း ထုတ်ပြန်ချက်က ဆိုထားသည်။