• Today is: Wednesday, September 27, 2023

ပင်လည်ဘူးမြို့တွင် KIA ကြီးကြပ်သော ဒေသခံ PDF နွင့် စစ်ကောင်စီတပ် တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်

September 24, 2021/ Federal Journal

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် ကောလင်းဘက်မှလာသော စစ်ကောင်စီ အင်အား ၁၀၀ ခန့်ပါသော စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြီးကြပ်သော ဒေသခံ PDF များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် အင်္ဂါးကျေးရွာနှင့် ဆားတော်ငပုံကျေးရွာကြားတွင် ကောလင်းမြို့နယ် လာကာကျေးရွာ ဘက်မှလာသော အာဏာသိမ်းတပ်သား ၁၀၀ ခန့်ပါသောစစ်ကြောင်းကို KIA ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး PDF တို့ ယနေ့ နေ့လည် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ယနေ့ ည ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၅ ဦးအထက် ကျဆုံးပြီး ထိခိုက်မှုများပြားကာ နောက်ဆုတ်သွားသည်ဟု ထုတ်ပြန်ထားသည်။ PDF ဘက်မှလည်း ၅ ဦး ဒဏ်ရာ ရရှိထားကြောင်း ဆိုသည်။