• Today is: Thursday, September 21, 2023

KNDF တိုက်ပွဲသတင်းထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ်

နေ့စွဲ။ ။၂၀၂၁ ခုနှစ်၊ နိုဝင်လဘာလ (၄) ရက်နေ့

 

ယနေ့ နိုဝင်ဘာလ (၄) ရက်နေ့ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ လွယ်ဝှဲရွာ နှင့် စက်‌တော် ကျေးရွာတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါသည်။ ယနေ့ နံနက်ပိုင်း (၈းဝဝ) နာရီမှ စ၍ ယခု ကြေညာချက် ထုတ်ပြန်သည့်အချိန်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

 

တိုက်ပွဲအတွင်း ဖယ်ခုံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။ သို့သော် အရေအတွက်ကို အတည်မပြုနိုင်သေးပေ။ လက်နက်ကြီးများ လွင့်စင် ထိမှန်မှုကြောင့် မိမိတို့ဘက်မှ ရဲဘော် အချို့ မစိုးရိမ်ရ‌သော ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

 

တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် များကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ခုခံ တိုက်ခိုက်လျက် ရှိပါသည်။