• Today is: Saturday, April 20, 2024

NDAA မိုင်းလားအဖွဲ့ နေပြည်တော်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေး

                                                                                 ဖက်ဒရယ်ဂျာနယ် ဇွန် – ၄

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(မိုင်းလား) ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ ဇွန်လ (၄)ရက်နေ့တွင်  ငြိမ်းချမ်းရေးကိစ္စအတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရပါတယ်။

ဒု- ဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယမန်နေ့ဇွန် ၃ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်(မြောက်ပိုင်း)၊ကျိုင်းတုံမြို့မှ မွန်းလွဲပိုင်းတွင်နေပြည်တော်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။