• Today is: Thursday, March 28, 2024

NLD ဗမာတိုင်းရင်းသားပါတီဟာ သစ္စာဖောက်တိုင်းရင်းသားပါတီဖြစ်

NLD ဗမာတိုင်းရင်းသားပါတီဟာ သစ္စာဖောက်တိုင်းရင်းသားပါတီဖြစ်


၂၀၁၀ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့တုံးက ၂၀၁၀ ရွေးကောက်ပွဲပါဝင်သည့် ဗမာပါတီ USDP + NBF တိုင်းရင်းသားညွန်းပေါင်းပါတီနှင့် ၂၀၀၈ ဥပဒေကို ကန့်ကွက်ကြသည့် ဗမာပါတီ NLD + UNA တိုင်းရင်းသား ညွန်းပေါင်း ပါတီးဟူ၍ရှိကြသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားညွန်ပေါင်းပါတီ NBF အဖွဲ့ဝင်ထဲမှာ ချင်းအမျိုးသားခေါင်းဆောင် ဦး ဇိုဇမ် ဦးဆောင်သည့် ချင်းအမျိုးသားပါတီ CNDP ခေါ် ချင်းအမျိုးသား ဒီမိုကရေစီပါတီ နဲ့ ဒေါက်တာ နိုးထန်ကပ် ဦးဆောင် သော CPP ခေါ် ချင်းတိုးတက်ရေးပါတီတို့လဲပါဝင်ခဲ့ကြသည်။ သို့သော် ၂၀၀၈ ဥပဒေကို ဆန့်ကျင်ခဲ့ကြသည့် UNA တိုင်းရင်းသာ ညွန့်ပေါင်းပါတီဝင်ထဲတွင် ချင်းဥပဒေပညာရှင် ဦး ငိုင်ဆဒ် ဦးဆောင်သော ချင်းဒီမိုကရေစီပါတီ CLD ခေါ် ချင်းဒီမိုကရေစီပါတီ ပါဝင်ခဲ့သည်။ ယင်း UNA ညွန့်ပေါင်းပါတီသည် ၂၀၀၈ ဥပဒေကို အသစ်ပြန်လည် မရေးဆွဲသရွေ့ ရွေးကောက်ပွဲမဝင်ကြရန် မဟာမိတ် NLD ဗမာပါတီကြီးနဲ့ အခိုင်အမာ သန္ဒိထန်ချကြသည်။

သို့သော်လဲပဲ ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် NLD ဗမာပါတီသည် မဟာမိတ် UNA တိုင်းရင်းသားညွန့်ပေါင်းပါကို ညှိနှိုင်းတိုင်ပင် အကြောင်းကြားခြင်းမရှိပဲ ၂၀၁၅ ရွေးကောက်ပွဲကို ရုတ်တရက် ဝင်ရောက်ယှာပြိုင်ရန် ဆုံးဖျက်ပြီး မဟာမိတ် UNA တိုင်းရင်းသားပါတီငယ်များလဲ အလန့်တကြားဖြစ်ကုန်ကြပြီး ဇဝေဇဝါဖြစ်ကုန်ကြသည်။ နောက်ဆုံး မထူးတော့သဖြင့် UNA တိုင်းရင်းသားပါတီငယ်များလဲ ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဆုံးဖျက်လိုက်ကြတော့သည်။

မြန်မာ့သမိုင်း ခေတ်အဆက်ဆက်၌ မြန်မာ/ဗမာခေါင်းဆောင် ဗမာပါတီများသည် ပြည်ထောင်စုအပေါ် အကြိမ်ကြိမ် သစ္စာဖောက်ကြပြီး လူနည်းစုတိုင်းရင်းသားလူမျိုး ၊ပါတီ ၊ ခေါင်းဆောင်များအပေါ်လေးစားကြည်ညိုမှု မထားရှိပဲ တိုင်းရင်းသားလူနည်းစုပါတီ ခေါင်းဆောင်များမပါလဲရတယ် ဆိုတဲ့သဘောဖြင့် နိုင်ငံတော်နဲ့ ပါတီ အဖွဲ့အစည်းများ အပေါ် မကြာခဏ သစ္စာဖောက်လေ့ရှိကြသည်မှာ တိုင်းရင်းသားလူမျိုးများ မြန်မာ/ဗမာခေါင်းဆောင်များအပေါ် သတိရှိရှိဆက်ဆံကြဖို့လိုသည်။

Chin Land Voices
အောက်ချင်း





မြန်မာ့သမိုင်း ခေတ်အဆက်ဆက်၌ မြန်မာ/ဗမာခေါင်းဆောင် ဗမာပါတီများသည် ပြည်ထောင်စုအပေါ် အကြိမ်ကြိမ်သစ္စာဖောက်ကြပြီး လူနည်းစုတိုင်းရင်းသားလူမျိုး ၊ပါတီ ၊ ခေါင်းဆောင်များအပေါ်လေးစားကြည်ညိုမှု မထားရှိပဲ တိုင်းရင်းသားလူနည်းစုပါတီ ခေါင်းဆောင်များမပါလဲရတယ် ဆိုတဲ့သဘောဖြင့် နိုင်ငံတော်နဲ့ ပါတီ အဖွဲ့အစည်းမျာအပေါ် မကြာခဏ သစ္စာဖောက်လေ့ရှိကြသည်မှာ တိုင်းရင်းသားလူမျိုးများ မြန်မာ/ဗမာခေါင်းဆောင်များအပေါ် သတိရှိရှိဆက်ဆံကြဖို့လိုသည်။

Chin Land Voices
အောက်ချင်း