• Today is: Tuesday, April 16, 2024

NLD သည် နိုင်ငံရေးအရ ဘုံရည်မှန်းချက်တစ်ခုကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လက်တွဲပြီး ဖြေရှင်းတာမျိုး ယနေ့အထိမရှိဘူးဆိုတဲ့ ဦးမောင်မောင်စိုး နှင့် တွေ့ဆုံခြင်း

NLD သည် နိုင်ငံရေးအရ ဘုံရည်မှန်းချက်တစ်ခုကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လက်တွဲပြီး ဖြေရှင်းတာမျိုး ယနေ့အထိမရှိဘူးဆိုတဲ့

ဦးမောင်မောင်စိုး နှင့် တွေ့ဆုံခြင်း

 

ဦးမောင်မောင်စိုးသည် ထင်ရှားသည့် စာရေး ဆရာတစ်ဦးဖြစ်ပြီး အထူးသဖြင့် နိုင်ငံရေးစာအုပ် များစွာ ရေးသားထားသူဖြစ်ပါသည်။ သူ၏စာအုပ် များစွာထဲမှ ‘မြောက်ဦးစစ်တမ်း’အမည် ရှိ စာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့သူ လည်း ဖြစ်ပါသည်။ ထို့အပြင် သူသည် နိုင်ငံ ရေးလေ့လာသုံးသပ်သူအဖြစ်လည်းကောင်း၊ နိုင်ငံရေးဆောင်းပါးများစွာကိုလည်း ဂျာနယ် များစွာတွင် ရေးသားနေသူအဖြစ် လည်း ကောင်း၊   ရုပ်သံသတင်းများစွာတွင်လည်း နိုင်ငံရေး ဆွေးနွေးတိုင်ပင်သူအဖြစ် လည်း ကောင်းထင်ရှားသည်။ ဦးမောင် မောင်စိုး၏ နိုင်ငံရေး သုံးသပ်မှုများသည် အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေးရှုထောင့်မှ ဖက်ဒရယ် အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးများကို ဆွေးနွေးနေသည့်   နိုင်ငံရေးသုံးသပ်သည့် စာရေးဆရာတစ်ဦး ဖြစ်ပါသည်။

အခု ပြည်သူလူထုရွေးကောက်တဲ့ အစိုးရသက်တမ်း ကလည်း ကုန်တော့မယ်။ နောက်ရွေးကောက်ပွဲ လည်း နီးကပ်လာနေပြီဆိုတော့ လွန်ခဲ့တဲ့ ၂၀၁၅-၂၀၂၀ ယနေ့အထိ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရွေ့ ကို ဘယ်လိုများ သုံးသပ်မိလဲ။

မြန်မာ့ဒီမိုကရေစီအခွင့်အလမ်းကတော့ လွတ် လပ်စွာပြောဆိုခွင့်တို့ ဘာတို့ကတော့ အရင်ထက် ပိုမိုကောင်းလာတယ်လို့ ပြောလို့ရပါ တယ်။ အစိုးရ ဘက်ကလည်း ပွင့်လင်းမြင်သာမှု အရင်ကထက် နည်းနည်းတော့ ရှိလာတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူတာ တွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အဓိက NLD အစိုးရလက်ထက်မှာ မအောင်မြင်ဘူးလို့ ပြောလို့ ရတာတွေကတော့   ငြိမ်းချမ်းရေး   လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် အခွင့်အရေးနဲ့ ပတ်သက်တာတွေကို ယနေ့ထိ မလုပ်နိုင်တာကို တွေ့ရပါတယ်။

အခု အစိုးရဖြစ်နေတဲ့ NLD က ၂၀၁၅ ရွေး ကောက်ပွဲ ကြေညာစာတမ်းမှာ ဖွဲ့စည်းပုံပြင် မယ်၊ ငြိမ်းချမ်းရေး လုပ်မယ်၊ အဂတိတရား တိုက်ဖျက်မယ် စသည်ဖြင့် လုပ်ဆောင်မယ့် အရာတွေ ပြောခဲ့ပါတယ်။ လက်တွေ့ မှာရော ဘယ်လောက်အထိ အကောင်အထည်ဖော်မှု တွေ လုပ်ဆောင်ခဲ့ပြီလဲ။

ပွင့်လင်းလွတ်လပ်မှုနဲ့ တိုင်းပြည်ဖွံ့ဖြိုးဖို့ အတွက် ကြိုးစားတာတွေ့ရပါတယ်။ အဂတိလိုက် စားမှုနဲ့ပတ်သက်ပြီး အရေးယူမှုတချို့တော့ ပြပေ မယ့် အဂတိလိုက်စားမှုတွေက အစိုးရ အဖွဲ့အစည်း အားလုံးမှာ ရှိနေဆဲပဲ။ အောင် မြင်ဖို့ ခက်ခဲပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ NLD အစိုးရ တက်လာတဲ့ အချိန်မှာ ဗျူရို ကရေစီယန္တရားကို မောင်းနှင် ဖို့အတွက် အစိုးရဝန်ကြီးအဖွဲ့ အပါအဝင် ကျန်တဲ့ နေရာတွေ မှာ ဗျူရိုကရက် အရာရှိဟောင်း တွေကိုပဲ   ပြန်သုံးခဲ့တယ်။ တစ်ဖက်မှာတော့ ဗျူရိုကရက် အဟောင်းတွေကို ပြန်သုံး လိုက်တဲ့အတွက် ယန္တရားကတော့ လည်ပတ်နိုင်တယ် လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီလူတွေဟာ ပုံစံခွက် အဟောင်းထဲမှာပဲ ရှိနေကြသေးတဲ့အခါကျတော့ အပြောင်းအလဲလုပ်ဖို့ကျတော့ ခက်ခဲတာပေါ့။ အမှန် တော့ ဝန်ကြီးရာထူးဆိုတာတွေကတော့ နိုင်ငံရေး သမားတွေ၊ ဒီမိုကရက်ဘက်တော်သား၊ ပညာတတ် တွေကို ခန့်ခဲ့ရင်တော့ အပြောင်းအလဲ ဒီထက်လုပ် နိုင်တာ များနိုင်တယ်။ NLD အစိုးရက လွန်ခဲ့တဲ့ သူ့သက်တမ်းအတွင်းမှာ အဓိကအားဖြင့် အပြောင်း အလဲ အများကြီးဖော်ဆောင်ဖို့ထက် ဗျူရိုကရေစီ ကောင်းကောင်းလည်ပတ်နိုင်ဖို့ကိုပဲ ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။

ဆရာ့အနေနဲ့က တိုင်းရင်းသားအရေး၊ လက်နက်ကိုင် အရေး   အမြဲသုံးသပ်လေ့ရှိတာ   တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာရော တိုင်းရင်းသားတွေနဲ့ NLD ပါတီတို့ရဲ့ နိုင်ငံရေးဆက်ဆံမှုက ၁၉၉၀၊ ၂၀၁၅ တွေမှာ ဘယ်လိုပြောင်းလဲမှုရှိပြီးတော့ ၂၀၂၀ မှာ ဘယ်လိုအခြေအနေများ ဖြစ်နိုင်ခြေရှိလဲ။

၁၉၉၀ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲ အပြီး နဝတအစိုးရက လွှတ်တော်ခေါ်မပေးတဲ့ကာလ မှာ NLD နဲ့ ရွေးကောက်ခံတိုင်းရင်းသားပါတီတွေ ဟာ CRPP ဖွဲ့စည်းပြီး အတူရပ်တည်ခဲ့ကြတာ ရှိ တယ်။ ဒါပေမဲ့ ၂၀၁၂ ရွေးကောက်ပွဲဝင်ကတည်းက NLD ဟာ အရင် လက်တွဲခဲ့တဲ့ တိုင်းရင်းသားပါတီ တွေနဲ့ မဟာမိတ်ဆိုတာ မရှိတော့ဘူး။ လက်ရှိ NLD ပါတီကိုပဲ ပြည်ထောင်စုပါတီ အနေနဲ့ သဘောထားပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ် နိုင်ငံလုံးမှာ ပြိုင်လာတာပေါ့။ ဒီလို ဖြစ်လာတော့ တိုင်းရင်း သားပါတီတွေနဲ့ မဟာမိတ် ဆိုတဲ့ ဆက်ဆံရေးက ပျောက် သွားတာပေါ့။ နိုင်ငံရေးအရ ဘုံရည်မှန်းချက်တစ်ခုကို တိုင်း ရင်းသားခေါင်းဆောင်တွေနဲ့ လက်တွဲပြီး ဖြေရှင်းတာမျိုး ယနေ့အထိ မရှိဘူး။ ၂၀၁၅ တုန်းက ရွေးကောက်ပွဲ အပြီးမှာ အာဏာရလာချိန်မှာလည်း တိုင်းရင်းသား ပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ မရှိတော့ဘူး။ သူ တစ်ပါတီတည်းပဲ သွားနေတယ်။ တိုင်းရင်းသား ပါတီတွေပေါ်မှာထားတဲ့ NLD မူဝါဒ က ဘာဖြစ် သွားပြီလဲဆိုတော့ NLD ဟာ တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုပါတီ ဖြစ်တယ်၊ သီးခြားတိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီတွေရဲ့ တည်ရှိမှုကို အသိအမှတ် မပြုဘူးပေါ့။ အဲဒါကြောင့်ပဲ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးဟာ ယနေ့အထိမှာ ဘာမှမရှိတော့တဲ့ အနေအထား ဖြစ်သွားတာပေါ့။ ဟိုတလောက NLD ပါတီကနေ တိုင်းရင်းသား ကော်မတီဖွဲ့စည်းတယ်လို့ ကြားတယ်။ အခုထိတော့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံတာတို့ ဘာမှ မကြားရသေးတော့ ဒီအတိုင်းပဲ ပြည်ထောင်စုပါတီအနေနဲ့ တစ်ပါတီတည်း ဆက် သွားမယ်လို့တော့ သုံးသပ်ရပါတယ်။

ပြည်သူတွေမျှော်လင့်နေတဲ့ ၂၀ဝ၈ ပြင်ဆင်ရေးခရီး ဟာ ၂၀၂၀ ရွေး ကောက်ပွဲမတိုင်ခင်မှာ ပြင်ဆင်နိုင် တဲ့ဖြစ်နိုင်ခြေ ဘယ်လိုများရှိလဲ။

မျှော်လင့်ထားခဲ့တာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေ ပြင်နိုင်ဖို့ မျှော်လင့်ပေ မယ့် အခုတော့ တော်တော် ခက်သွားပါတယ်။ အခု ပြင်ဖို့ ကော်မတီကတင်လာတဲ့ဟာကလည်း မဲများလို့ အခုထိ ရောက်လာတာပေါ့။ ဖွဲ့စည်းပုံပြင်ဖို့က ဘာပဲ ဖြစ်ဖြစ် ၇၅ ရာခိုင်နှုန်းထက် လိုအပ်တယ်ဆိုတော့ NLD နဲ့ တပ်နဲ့ ညှိနှိုင်းမှပဲ ပြင်လို့ရမယ့် အနေ အထားဖြစ်ပါတယ်။ နောက်တစ်ခုက အခုလက်ရှိ NLD ပြင်ချင်တဲ့အရာတွေကတော့ အဓိကအားဖြင့် ဒီမိုကရေစီနဲ့ဆိုင် တဲ့ အချက်တွေကို ဦးစားပေးပြီး တော့ ဖက်ဒရယ်နှင့်ပတ်သက်တဲ့ ချက်တွေကို ထည့် သွင်းထားတာ သိပ်မတွေ့ရဘူး။ အခု လွှတ်တော် မှာ တပ်မတော်က အဆိုပြုထားတဲ့ ၂၆၁ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ် တော်က ရွေးချယ်တင်မြှောက် ရန်ဆိုတဲ့ အချက်တွေ ကိုတောင် NLD ကချန်လှပ်ထားတာတွေ့ရပါတယ်။ ဆိုတော့ ဖက်ဒရယ်တောင်းဆိုတဲ့ တိုင်းရင်းသား တွေရဲ့ ယုံ ကြည်မှုရဖို့လည်း ခက်ခဲမယ်ထင်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုအခြေအနေလောက် အလားအလာ ဘယ်လိုဖြစ်လာပြီလဲ။

NLD လက်ထက်မှာ အပစ်ရပ်အဖွဲ့ နှစ်ဖွဲ့တိုးလာ တယ်။ မွန် ပြည်သစ်ပါတီနဲ့ လားဟူအဖွဲ့ပေါ့။ အမှန် တော့ အဓိကကျတဲ့ဟာတွေကို မညှိနှိုင်းနိုင်တဲ့ ပြဿနာပေါ့။ နိုင်ငံရေးအရဆိုရင် တိုင်းရင်းသား တွေကလည်းပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေး တင်ထား တယ်။ တပ်က လည်း ခွဲမထွက်ရေးဆိုတဲ့ဟာနဲ့ ပြန်တောင်းဆိုတာပေါ့။ ဒါ မညှိနှိုင်း ဘူး။ နောက်ပြီး တပ်ပိုင်းဆိုင်ရာကို ပြောရမယ်ဆိုရင်လည်း တစ်ခု တည်းသော တပ်မတော်နဲ့ ပတ်သက်လာရင်လည်း NLD ၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ သဘောထားက ကွဲကုန်တော့ ငြိမ်းချမ်းရေး ညီလာခံတစ်နှစ်ကျော်ရပ်သွားတာပေါ့။ အခု အလွတ် သဘော တွေ့ဆုံမှုတွေကနေ အခုမှ တရားဝင်အစည်း အဝေးလေးတွေ ပြန်လုပ်လာတာတွေတော့ တွေ့ရ တာပေါ့။ အခုက အချိန် သိပ်မကျန်တော့ဘူး။ UPDJC ၊ JMC ၊ အမျိုးသားအဆင့် ဆွေးနွေးပွဲ တွေ လုပ်ဖို့လည်း လိုဦးမယ်ဆိုတော့ ဧပြီလမကုန်မီ လုပ် မယ့် ပင်လုံ ညီလာခံက တော်တော်လေး အချိန်ကပ် လာတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဧပြီလ နောက်ပိုင်းဆိုရင် ရွေးကောက်ပွဲနဲ့ အလုပ် ရှုပ်တော့ မှာမို့ မြန်မြန်လုပ်ချင်ပုံတော့ ရတယ်။ ဒါမှ နောက် တက်လာမယ့် အစိုးရက ဆက်လုပ်လို့ရမှာဆိုတော့ အစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရော လုပ်ချင်ကြတယ်။ လုပ်နိုင်ခဲ့ရင်လည်း အရေး ကြီး သဘောတူညီချက်တွေ ရနိုင်ဖို့တော့ သိပ် မလွယ်ဘူး။

လာမည့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ အနေအထား ဘယ်လိုဖြစ်နိုင်မလဲ။ ပြည်ထောင်စုမှာ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်တဲ့ အခြေအနေမျိုး ဖြစ် လာနိုင်တယ်လို့ သုံးသပ်မှုတွေအပေါ်မှာ ဆရာ့အနေ နဲ့ ဘယ်လိုထင်မြင်မိလဲ။

ရခိုင်နဲ့ ရှမ်းတို့က ၁၉၄၈ ကတည်းက ဥပဒေ အတွင်း နိုင်ငံရေး အားကောင်းတယ်လို့ ပြောလို့ရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းရင်းသားဒေသတွေ မှာကျတော့ ၂၀၁၅ တုန်းကဆိုရင် NLD မယှဉ်နိုင်ခဲ့ ဘူး၊ ကြံ့ခိုင်ရေး မယှဉ်နိုင်ခဲ့ဘူးဆိုတဲ့ အနေအထား ဖြစ်ခဲ့တာပေါ့။ အဲဒီတုန်းကလည်း တိုင်းရင်းသားပါတီ တွေ အကွဲကွဲအပြားပြား ဖြစ်ခဲ့တာကြောင့်လည်း ပါတယ်။ အခုဆိုရင် ကရင်ပါတီတွေ ပေါင်းတယ်၊ မွန်ပါတီတွေ ပေါင်းတယ်၊ ကချင်ပါတီတွေ၊ ချင်းပါတီ တွေ၊ ကယား ပါတီတွေနဲ့ ‘ဝ’ပါတီတွေ ပေါင်းတယ်။ ဒီလိုအနေအထားမျိုးမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ထည့်သွင်းစဉ်းစားဖို့ ဖြစ်လာပါတယ်။ ပအို့ဝ်ပါတီ တို့၊ တအာန်းပါတီတို့ကလည်း မိမိတို့သက်ဆိုင်ရာဒေသ မှာ NLD ထိုးဖောက်ဖို့က မလွယ်ဘူး။ ၂၀၁၅ ရွေး ကောက်ပွဲအရ ပြည်ထောင်စု မှာ NLD ပါတီဟာ ၅၈ ရာခိုင်နှုန်း၊ စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီက ၉ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးက ၇ ရာခိုင်နှုန်းခန့် စီရခဲ့ကြတယ်။ အဲဒါကြောင့် NLD ပါတီက လွတ်လွတ် ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်တာပေါ့။ ၂၀၂၀ မှာ တိုင်းရင်း သားပါတီတွေသာ အားကောင်းလာလို့ရှိရင် တိုင်းရင်း  သားပါတီတွေရဲ့ အခန်းကဏ္ဍဟာအစိုးရဖွဲ့ စည်းရေး မှာ အလွန်အရေးကြီးလာမှာဖြစ်ပါတယ်။ တိုင်းရင်း သား နယ်မြေမှာ မဲဆန္ဒနယ်မြေဟာ ၃၀ ရာခိုင်နှုန်း ကျော်ရှိနေတယ်။ အဲထဲက တိုင်းရင်းသားပါတီတွေ ဟာ ၂၀ ရာခိုင်နှုန်း အနိုင်ရကြတယ်ဆိုရင် တပ်က ၂၅ ရာခိုင်နှုန်းရှိပြီးသားဆိုတော့ ကြံ့ခိုင်ရေးကလည်း သူ့ ပရိသတ်နဲ့သူရှိတော့ ၇ ရာခိုင်နှုန်းလောက်တော့ နိုင်နိုင်သေးတယ်ဆို တော့ ဒီအခြေအနေမျိုးဖြစ်သွား ရင် NLD ပါတီကလည်း တစ်ပါတီ တည်းအစိုးရဖွဲ့လို့ မရတော့ဘူးဖြစ်သွားမယ်။ ဒါဆိုရင် ဘယ်သူတွေ ညွန့်ပေါင်းဖွဲ့ကြမလဲဆိုတဲ့ မေးခွန်းပေါ်လာတာပေါ့။ ဒါပေမဲ့ NLD ကတော့ လွတ်လွတ်ကျွတ်ကျွတ် အနိုင် ရနိုင်သေးတယ်ဆိုတဲ့ အမြင်မျိုးရှိပုံရတယ်။ သူ့ပါတီ ကိုလည်း ပြည်ထောင်စုပါတီလို့ ယူဆပြီး တစ်နိုင်ငံ လုံး အရွေးခံမယ့်သဘောမျိုးတော့ ရှိနေတုန်းပဲလို့ ထင်ရပါ တယ်။

ပြည်မဘက်မှာရော NLD ကပဲ အပြတ်အသတ်အနိုင် ရမယ့် အနေ အထားရှိနိုင်သေးလား။ USDP ၊ UBP ၊ PPP ၊ ပြည်သူ့ပါတီတို့ ရှိလာတော့ ဘယ်လိုအနေ အထားဖြစ်လာနိုင်မလဲ။

ကြားဖြတ်ရွေးကောက်ပွဲအခြေအနေတွေအရ ပြောရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD အနိုင်ရခဲ့တဲ့ ဆိပ်ကမ်းမြို့နယ် နဲ့ ကလေးမြို့နယ်မှာ ၂၀၁၈ ကြားဖြတ်မှာတော့ NLD ရှုံးသွားတာ တွေ့ရတယ်။ ဘာအရေးကြီးသလဲဆိုတော့ ၂၀၁၅ လို နိုင်ဖို့ဆိုရင်တော့ အကုန်လုံးက ဝန်းရံမယ်ဆိုတဲ့ ဟာမျိုးရှိမှ ရမယ်။ မရှိရင် NLD အတွက်လည်း အခက်အခဲရှိတယ်။ အခုဆိုရင် ၂၀၁၅ တုန်းက NLD ကို ဝန်းရံထောက်ခံခဲ့ကြတဲ့ တိုင်းရင်းသားတွေနဲ့ မြို့ပေါ်ပညာရေး ဒီမိုကရက်တွေက လျော့ကျသွား တာ တွေ့ရတယ်။ ဥပမာ ဧရာဝတီ တိုင်းဆိုရင် ပြည်မ ခုနစ်တိုင်းဒေသကြီးတွေထဲမှာ NLD မဲမပြတ် ဘဲ အနိုင်တဲ့ဒေသပါ။ ကျန်တဲ့ ပြည်မဒေသနေရာ များမှာ အနိုင်ရနိုင်ပါ တယ်။ ဒါပေမဲ့ မဲမပြတ်တဲ့ ဒေသတွေကိုတော့ ဝန်းရံတဲ့အင်အားစု ထွက်လာတဲ့ အပေါ်မှာ စောင့်ကြည့်ရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ဘယ်လိုရလဒ်ထွက်ပေါ် ပြီး ဘယ်လိုအပေးအယူတွေ ဖြစ်လာရင်တော့ဖြင့် ဖက်ဒရယ်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးတို့ကို ဖော်ဆောင်နိုင်မလဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ အားကောင်းလာ ပြီးတော့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်တဲ့ အနေအထားကနေ ညှိနှိုင်းအဖြေ ရှာကြတယ်ဆိုရင် တော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအရွေ့ဟာ ပိုမြန်လာ မယ်ထင်တယ်။ တကယ်လို့ တိုင်းရင်းသားတွေ အား မကောင်းဘဲ တစ်ပါတီတည်းက အစိုးရဖွဲ့နိုင်တယ် ဆိုရင် တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်က ခက်ခဲဦးမယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် ပြည် နယ်အသီးသီးမှာ ရှိနေကြတဲ့ တိုင်းရင်းသားပါတီ တွေရဲ့ အနိုင်ရခြင်း ဟာ တိုင်းရင်းသားတွေ တောင်း ဆိုနေတဲ့ ဖက်ဒရယ်ခရီးအတွက် အဖြေ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

NLD သည္ ႏိုင္ငံေရးအရ ဘံုရည္မွန္းခ်က္တစ္ခုကို တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ လက္တြဲၿပီး ေျဖရွင္းတာမ်ိဳး ယေန႔အထိမရွိဘူးဆိုတဲ့

ဦးေမာင္ေမာင္စိုး ႏွင့္ ေတြ႕ဆံုျခင္း

ဦးေမာင္ေမာင္စိုးသည္ ထင္ရွားသည့္ စာေရး ဆရာတစ္ဦးျဖစ္ၿပီး အထူးသျဖင့္ ႏိုင္ငံေရးစာအုပ္ မ်ားစြာ ေရးသားထားသူျဖစ္ပါသည္။ သူ၏စာအုပ္ မ်ားစြာထဲမွ ‘ေျမာက္ဦးစစ္တမ္း’အမည္ ရွိ စာအုပ္ျဖင့္ အမ်ိဳးသားစာေပဆုရရွိခဲ့သူ လည္း ျဖစ္ပါသည္။ ထို႔အျပင္ သူသည္ ႏိုင္ငံ ေရးေလ့လာသံုးသပ္သူအျဖစ္လည္းေကာင္း၊ ႏိုင္ငံေရးေဆာင္းပါးမ်ားစြာကိုလည္း ဂ်ာနယ္ မ်ားစြာတြင္ ေရးသားေနသူအျဖစ္ လည္း ေကာင္း၊   ႐ုပ္သံသတင္းမ်ားစြာတြင္လည္း ႏိုင္ငံေရး ေဆြးေႏြးတိုင္ပင္သူအျဖစ္ လည္း ေကာင္းထင္ရွားသည္။ ဦးေမာင္ ေမာင္စိုး၏ ႏိုင္ငံေရး သံုးသပ္မႈမ်ားသည္ အထူးသျဖင့္ တိုင္းရင္းသား ႏိုင္ငံေရး႐ႈေထာင့္မွ ဖက္ဒရယ္ အေရး၊ ဒီမိုကေရစီအေရး၊ ၿငိမ္းခ်မ္းေရးမ်ားကို ေဆြးေႏြးေနသည့္   ႏိုင္ငံေရးသံုးသပ္သည့္ စာေရးဆရာတစ္ဦး ျဖစ္ပါသည္။

အခု ျပည္သူလူထုေရြးေကာက္တဲ့ အစိုးရသက္တမ္း ကလည္း ကုန္ေတာ့မယ္။ ေနာက္ေရြးေကာက္ပြဲ လည္း နီးကပ္လာေနၿပီဆိုေတာ့ လြန္ခဲ့တဲ့ ၂၀၁၅-၂၀၂၀ ယေန႔အထိ ျမန္မာျပည္ရဲ႕ ဒီမိုကေရစီအေရြ႕ ကို ဘယ္လိုမ်ား သံုးသပ္မိလဲ။

ျမန္မာ့ဒီမိုကေရစီအခြင့္အလမ္းကေတာ့ လြတ္ လပ္စြာေျပာဆိုခြင့္တို႔ ဘာတို႔ကေတာ့ အရင္ထက္ ပိုမိုေကာင္းလာတယ္လို႔ ေျပာလို႔ရပါ တယ္။ အစိုးရ ဘက္ကလည္း ပြင့္လင္းျမင္သာမႈ အရင္ကထက္ နည္းနည္းေတာ့ ရွိလာတယ္လို႔ ေျပာလို႔ ရပါတယ္။ ဒါေပမဲ့ အဲဒါေတြနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးအေရးယူတာ ေတြကေတာ့ ရွိေနဆဲ ျဖစ္ပါတယ္။ အဓိက NLD အစိုးရလက္ထက္မွာ မေအာင္ျမင္ဘူးလို႔ ေျပာလို႔ ရတာေတြကေတာ့   ၿငိမ္းခ်မ္းေရး   လုပ္ငန္းစဥ္နဲ႔ ဖက္ဒရယ္ အခြင့္အေရးနဲ႔ ပတ္သက္တာေတြကို ယေန႔ထိ မလုပ္ႏိုင္တာကို ေတြ႕ရပါတယ္။

အခု အစိုးရျဖစ္ေနတဲ့ NLD က ၂၀၁၅ ေရြး ေကာက္ပြဲ ေၾကညာစာတမ္းမွာ ဖြဲ႕စည္းပံုျပင္ မယ္၊ ၿငိမ္းခ်မ္းေရး လုပ္မယ္၊ အဂတိတရား တိုက္ဖ်က္မယ္ စသည္ျဖင့္ လုပ္ေဆာင္မယ့္ အရာေတြ ေျပာခဲ့ပါတယ္။ လက္ေတြ႕ မွာေရာ ဘယ္ေလာက္အထိ အေကာင္အထည္ေဖာ္မႈ ေတြ လုပ္ေဆာင္ခဲ့ၿပီလဲ။

ပြင့္လင္းလြတ္လပ္မႈနဲ႔ တိုင္းျပည္ဖြံ႕ၿဖိဳးဖို႔ အတြက္ ႀကိဳးစားတာေတြ႕ရပါတယ္။ အဂတိလိုက္ စားမႈနဲ႔ပတ္သက္ၿပီး အေရးယူမႈတခ်ိဳ႕ေတာ့ ျပေပ မယ့္ အဂတိလိုက္စားမႈေတြက အစိုးရ အဖြဲ႕အစည္း အားလံုးမွာ ရွိေနဆဲပဲ။ ေအာင္ ျမင္ဖို႔ ခက္ခဲပါတယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ NLD အစိုးရ တက္လာတဲ့ အခ်ိန္မွာ ဗ်ဴ႐ို ကေရစီယႏၱရားကို ေမာင္းႏွင္ ဖို႔အတြက္ အစိုးရဝန္ႀကီးအဖြဲ႕ အပါအဝင္ က်န္တဲ့ ေနရာေတြ မွာ ဗ်ဴ႐ိုကရက္ အရာရွိေဟာင္း ေတြကိုပဲ   ျပန္သံုးခဲ့တယ္။ တစ္ဖက္မွာေတာ့ ဗ်ဴ႐ိုကရက္ အေဟာင္းေတြကို ျပန္သံုး လိုက္တဲ့အတြက္ ယႏၱရားကေတာ့ လည္ပတ္ႏိုင္တယ္ လို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ ဒီလူေတြဟာ ပံုစံခြက္ အေဟာင္းထဲမွာပဲ ရွိေနၾကေသးတဲ့အခါက်ေတာ့ အေျပာင္းအလဲလုပ္ဖို႔က်ေတာ့ ခက္ခဲတာေပါ့။ အမွန္ ေတာ့ ဝန္ႀကီးရာထူးဆိုတာေတြကေတာ့ ႏိုင္ငံေရး သမားေတြ၊ ဒီမိုကရက္ဘက္ေတာ္သား၊ ပညာတတ္ ေတြကို ခန္႔ခဲ့ရင္ေတာ့ အေျပာင္းအလဲ ဒီထက္လုပ္ ႏိုင္တာ မ်ားႏိုင္တယ္။ NLD အစိုးရက လြန္ခဲ့တဲ့ သူ႔သက္တမ္းအတြင္းမွာ အဓိကအားျဖင့္ အေျပာင္း အလဲ အမ်ားႀကီးေဖာ္ေဆာင္ဖို႔ထက္ ဗ်ဴ႐ိုကေရစီ ေကာင္းေကာင္းလည္ပတ္ႏိုင္ဖို႔ကိုပဲ ဦးစားေပး ေဆာင္ရြက္ခဲ့ပါတယ္။

ဆရာ့အေနနဲ႔က တိုင္းရင္းသားအေရး၊ လက္နက္ကိုင္ အေရး   အၿမဲသံုးသပ္ေလ့ရွိတာ   ေတြ႕ရပါတယ္။ လက္ရွိအေျခအေနမွာေရာ တိုင္းရင္းသားေတြနဲ႔ NLD ပါတီတို႔ရဲ႕ ႏိုင္ငံေရးဆက္ဆံမႈက ၁၉၉၀၊ ၂၀၁၅ ေတြမွာ ဘယ္လိုေျပာင္းလဲမႈရွိၿပီးေတာ့ ၂၀၂၀ မွာ ဘယ္လိုအေျခအေနမ်ား ျဖစ္ႏိုင္ေျခရွိလဲ။

၁၉၉၀ ေရြးေကာက္ပြဲကာလနဲ႔ ေရြးေကာက္ပြဲ အၿပီး နဝတအစိုးရက လႊတ္ေတာ္ေခၚမေပးတဲ့ကာလ မွာ NLD နဲ႔ ေရြးေကာက္ခံတိုင္းရင္းသားပါတီေတြ ဟာ CRPP ဖြဲ႕စည္းၿပီး အတူရပ္တည္ခဲ့ၾကတာ ရွိ တယ္။ ဒါေပမဲ့ ၂၀၁၂ ေရြးေကာက္ပြဲဝင္ကတည္းက NLD ဟာ အရင္ လက္တြဲခဲ့တဲ့ တိုင္းရင္းသားပါတီ ေတြနဲ႔ မဟာမိတ္ဆိုတာ မရွိေတာ့ဘူး။ လက္ရွိ NLD ပါတီကိုပဲ ျပည္ေထာင္စုပါတီ အေနနဲ႔ သေဘာထားၿပီးေတာ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ တစ္ ႏိုင္ငံလံုးမွာ ၿပိဳင္လာတာေပါ့။ ဒီလို ျဖစ္လာေတာ့ တိုင္းရင္း သားပါတီေတြနဲ႔ မဟာမိတ္ ဆိုတဲ့ ဆက္ဆံေရးက ေပ်ာက္ သြားတာေပါ့။ ႏိုင္ငံေရးအရ ဘံုရည္မွန္းခ်က္တစ္ခုကို တိုင္း ရင္းသားေခါင္းေဆာင္ေတြနဲ႔ လက္တြဲၿပီး ေျဖရွင္းတာမ်ိဳး ယေန႔အထိ မရွိဘူး။ ၂၀၁၅ တုန္းက ေရြးေကာက္ပြဲ အၿပီးမွာ အာဏာရလာခ်ိန္မွာလည္း တိုင္းရင္းသား ပါတီေတြနဲ႔ ညႇိႏိႈင္းေဆာင္ရြက္တာေတြ မရွိေတာ့ဘူး။ သူ တစ္ပါတီတည္းပဲ သြားေနတယ္။ တိုင္းရင္းသား ပါတီေတြေပၚမွာထားတဲ့ NLD မူဝါဒ က ဘာျဖစ္ သြားၿပီလဲဆိုေတာ့ NLD ဟာ တိုင္းရင္းသားလူမ်ိဳး ေပါင္းစံုပါဝင္တဲ့ ျပည္ေထာင္စုပါတီ ျဖစ္တယ္၊ သီးျခားတိုင္းရင္းသားလူမ်ိဳးေတြကို ကိုယ္စားျပဳတဲ့ တိုင္းရင္းသားပါတီေတြရဲ႕ တည္ရွိမႈကို အသိအမွတ္ မျပဳဘူးေပါ့။ အဲဒါေၾကာင့္ပဲ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံေရးဟာ ယေန႔အထိမွာ ဘာမွမရွိေတာ့တဲ့ အေနအထား ျဖစ္သြားတာေပါ့။ ဟိုတေလာက NLD ပါတီကေန တိုင္းရင္းသား ေကာ္မတီဖြဲ႕စည္းတယ္လို႔ ၾကားတယ္။ အခုထိေတာ့ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆံုတာတို႔ ဘာမွ မၾကားရေသးေတာ့ ဒီအတိုင္းပဲ ျပည္ေထာင္စုပါတီအေနနဲ႔ တစ္ပါတီတည္း ဆက္ သြားမယ္လို႔ေတာ့ သံုးသပ္ရပါတယ္။

ျပည္သူေတြေမွ်ာ္လင့္ေနတဲ့ ၂၀ဝ၈ ျပင္ဆင္ေရးခရီး ဟာ ၂၀၂၀ ေရြး ေကာက္ပြဲမတိုင္ခင္မွာ ျပင္ဆင္ႏိုင္ တဲ့ျဖစ္ႏိုင္ေျခ ဘယ္လိုမ်ားရွိလဲ။

ေမွ်ာ္လင့္ထားခဲ့တာကေတာ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံကေန ျပင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေပ မယ့္ အခုေတာ့ ေတာ္ေတာ္ ခက္သြားပါတယ္။ အခု ျပင္ဖို႔ ေကာ္မတီကတင္လာတဲ့ဟာကလည္း မဲမ်ားလို႔ အခုထိ ေရာက္လာတာေပါ့။ ဖြဲ႕စည္းပံုျပင္ဖို႔က ဘာပဲ ျဖစ္ျဖစ္ ၇၅ ရာခိုင္ႏႈန္းထက္ လိုအပ္တယ္ဆိုေတာ့ NLD နဲ႔ တပ္နဲ႔ ညႇိႏိႈင္းမွပဲ ျပင္လို႔ရမယ့္ အေန အထားျဖစ္ပါတယ္။ ေနာက္တစ္ခုက အခုလက္ရွိ NLD ျပင္ခ်င္တဲ့အရာေတြကေတာ့ အဓိကအားျဖင့္ ဒီမိုကေရစီနဲ႔ဆိုင္ တဲ့ အခ်က္ေတြကို ဦးစားေပးၿပီး ေတာ့ ဖက္ဒရယ္ႏွင့္ပတ္သက္တဲ့ ခ်က္ေတြကို ထည့္ သြင္းထားတာ သိပ္မေတြ႕ရဘူး။ အခု လႊတ္ေတာ္ မွာ တပ္မေတာ္က အဆိုျပဳထားတဲ့ ၂၆၁ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မ်ားကို သက္ဆိုင္ရာလႊတ္ ေတာ္က ေရြးခ်ယ္တင္ေျမႇာက္ ရန္ဆိုတဲ့ အခ်က္ေတြ ကိုေတာင္ NLD ကခ်န္လွပ္ထားတာေတြ႕ရပါတယ္။ ဆိုေတာ့ ဖက္ဒရယ္ေတာင္းဆိုတဲ့ တိုင္းရင္းသား ေတြရဲ႕ ယံု ၾကည္မႈရဖို႔လည္း ခက္ခဲမယ္ထင္ပါတယ္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးညႇိႏိႈင္းမႈအေျခအေနေလာက္ အလားအလာ ဘယ္လိုျဖစ္လာၿပီလဲ။

NLD လက္ထက္မွာ အပစ္ရပ္အဖြဲ႕ ႏွစ္ဖြဲ႕တိုးလာ တယ္။ မြန္ ျပည္သစ္ပါတီနဲ႔ လားဟူအဖြဲ႕ေပါ့။ အမွန္ ေတာ့ အဓိကက်တဲ့ဟာေတြကို မညႇိႏိႈင္းႏိုင္တဲ့ ျပႆနာေပါ့။ ႏိုင္ငံေရးအရဆိုရင္ တိုင္းရင္းသား ေတြကလည္းျပည္နယ္ဖြဲ႕စည္းပံုေရးဆြဲေရး တင္ထား တယ္။ တပ္က လည္း ခြဲမထြက္ေရးဆိုတဲ့ဟာနဲ႔ ျပန္ေတာင္းဆိုတာေပါ့။ ဒါ မညႇိႏိႈင္း ဘူး။ ေနာက္ၿပီး တပ္ပိုင္းဆိုင္ရာကို ေျပာရမယ္ဆိုရင္လည္း တစ္ခု တည္းေသာ တပ္မေတာ္နဲ႔ ပတ္သက္လာရင္လည္း NLD ၊ စစ္တပ္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေတြရဲ႕ သေဘာထားက ကြဲကုန္ေတာ့ ၿငိမ္းခ်မ္းေရး ညီလာခံတစ္ႏွစ္ေက်ာ္ရပ္သြားတာေပါ့။ အခု အလြတ္ သေဘာ ေတြ႕ဆံုမႈေတြကေန အခုမွ တရားဝင္အစည္း အေဝးေလးေတြ ျပန္လုပ္လာတာေတြေတာ့ ေတြ႕ရ တာေပါ့။ အခုက အခ်ိန္ သိပ္မက်န္ေတာ့ဘူး။ UPDJC ၊ JMC ၊ အမ်ိဳးသားအဆင့္ ေဆြးေႏြးပြဲ ေတြ လုပ္ဖို႔လည္း လိုဦးမယ္ဆိုေတာ့ ဧၿပီလမကုန္မီ လုပ္ မယ့္ ပင္လံု ညီလာခံက ေတာ္ေတာ္ေလး အခ်ိန္ကပ္ လာတာ ေတြ႕ရတယ္။ ဘာလို႔လဲဆိုေတာ့ ဧၿပီလ ေနာက္ပိုင္းဆိုရင္ ေရြးေကာက္ပြဲနဲ႔ အလုပ္ ႐ႈပ္ေတာ့ မွာမို႔ ျမန္ျမန္လုပ္ခ်င္ပံုေတာ့ ရတယ္။ ဒါမွ ေနာက္ တက္လာမယ့္ အစိုးရက ဆက္လုပ္လို႔ရမွာဆိုေတာ့ အစိုးရေရာ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ ေရာ လုပ္ခ်င္ၾကတယ္။ လုပ္ႏိုင္ခဲ့ရင္လည္း အေရး ႀကီး သေဘာတူညီခ်က္ေတြ ရႏိုင္ဖို႔ေတာ့ သိပ္ မလြယ္ဘူး။

လာမည့္ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြရဲ႕ အေနအထား ဘယ္လိုျဖစ္ႏိုင္မလဲ။ ျပည္ေထာင္စုမွာ ညြန္႔ေပါင္းအစိုးရ ဖန္တီးႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္ လာႏိုင္တယ္လို႔ သံုးသပ္မႈေတြအေပၚမွာ ဆရာ့အေန နဲ႔ ဘယ္လိုထင္ျမင္မိလဲ။

ရခိုင္နဲ႔ ရွမ္းတို႔က ၁၉၄၈ ကတည္းက ဥပေဒ အတြင္း ႏိုင္ငံေရး အားေကာင္းတယ္လို႔ ေျပာလို႔ရ တယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔တိုင္းရင္းသားေဒသေတြ မွာက်ေတာ့ ၂၀၁၅ တုန္းကဆိုရင္ NLD မယွဥ္ႏိုင္ခဲ့ ဘူး၊ ႀကံ့ခိုင္ေရး မယွဥ္ႏိုင္ခဲ့ဘူးဆိုတဲ့ အေနအထား ျဖစ္ခဲ့တာေပါ့။ အဲဒီတုန္းကလည္း တိုင္းရင္းသားပါတီ ေတြ အကြဲကြဲအျပားျပား ျဖစ္ခဲ့တာေၾကာင့္လည္း ပါတယ္။ အခုဆိုရင္ ကရင္ပါတီေတြ ေပါင္းတယ္၊ မြန္ပါတီေတြ ေပါင္းတယ္၊ ကခ်င္ပါတီေတြ၊ ခ်င္းပါတီ ေတြ၊ ကယား ပါတီေတြနဲ႔ ‘ဝ’ပါတီေတြ ေပါင္းတယ္။ ဒီလိုအေနအထားမ်ိဳးမွာ ၂၀၂၀ ေရြးေကာက္ပြဲမွာ ထည့္သြင္းစဥ္းစားဖို႔ ျဖစ္လာပါတယ္။ ပအို႔ဝ္ပါတီ တို႔၊ တအာန္းပါတီတို႔ကလည္း မိမိတို႔သက္ဆိုင္ရာေဒသ မွာ NLD ထိုးေဖာက္ဖို႔က မလြယ္ဘူး။ ၂၀၁၅ ေရြး ေကာက္ပြဲအရ ျပည္ေထာင္စု မွာ NLD ပါတီဟာ ၅၈ ရာခိုင္ႏႈန္း၊ စစ္တပ္က ၂၅ ရာခိုင္ႏႈန္း၊ တိုင္းရင္းသား ပါတီက ၉ ရာခိုင္ႏႈန္း၊ ႀကံ့ခိုင္ေရးက ၇ ရာခိုင္ႏႈန္းခန္႔ စီရခဲ့ၾကတယ္။ အဲဒါေၾကာင့္ NLD ပါတီက လြတ္လြတ္ ကြ်တ္ကြ်တ္အစိုးရဖြဲ႕ႏိုင္တာေပါ့။ ၂၀၂၀ မွာ တိုင္းရင္း သားပါတီေတြသာ အားေကာင္းလာလို႔ရွိရင္ တိုင္းရင္း  သားပါတီေတြရဲ႕ အခန္းက႑ဟာအစိုးရဖြဲ႕ စည္းေရး မွာ အလြန္အေရးႀကီးလာမွာျဖစ္ပါတယ္။ တိုင္းရင္း သား နယ္ေျမမွာ မဲဆႏၵနယ္ေျမဟာ ၃၀ ရာခိုင္ႏႈန္း ေက်ာ္ရွိေနတယ္။ အဲထဲက တိုင္းရင္းသားပါတီေတြ ဟာ ၂၀ ရာခိုင္ႏႈန္း အႏိုင္ရၾကတယ္ဆိုရင္ တပ္က ၂၅ ရာခိုင္ႏႈန္းရွိၿပီးသားဆိုေတာ့ ႀကံ့ခိုင္ေရးကလည္း သူ႔ ပရိသတ္နဲ႔သူရွိေတာ့ ၇ ရာခိုင္ႏႈန္းေလာက္ေတာ့ ႏိုင္ႏိုင္ေသးတယ္ဆို ေတာ့ ဒီအေျခအေနမ်ိဳးျဖစ္သြား ရင္ NLD ပါတီကလည္း တစ္ပါတီ တည္းအစိုးရဖြဲ႕လို႔ မရေတာ့ဘူးျဖစ္သြားမယ္။ ဒါဆိုရင္ ဘယ္သူေတြ ညြန္႔ေပါင္းဖြဲ႕ၾကမလဲဆိုတဲ့ ေမးခြန္းေပၚလာတာေပါ့။ ဒါေပမဲ့ NLD ကေတာ့ လြတ္လြတ္ကြ်တ္ကြ်တ္ အႏိုင္ ရႏိုင္ေသးတယ္ဆိုတဲ့ အျမင္မ်ိဳးရွိပံုရတယ္။ သူ႔ပါတီ ကိုလည္း ျပည္ေထာင္စုပါတီလို႔ ယူဆၿပီး တစ္ႏိုင္ငံ လံုး အေရြးခံမယ့္သေဘာမ်ိဳးေတာ့ ရွိေနတုန္းပဲလို႔ ထင္ရပါ တယ္။

ျပည္မဘက္မွာေရာ NLD ကပဲ အျပတ္အသတ္အႏိုင္ ရမယ့္ အေန အထားရွိႏိုင္ေသးလား။ USDP ၊ UBP ၊ PPP ၊ ျပည္သူ႔ပါတီတို႔ ရွိလာေတာ့ ဘယ္လိုအေန အထားျဖစ္လာႏိုင္မလဲ။

ၾကားျဖတ္ေရြးေကာက္ပြဲအေျခအေနေတြအရ ေျပာရရင္ေတာ့ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက NLD အႏိုင္ရခဲ့တဲ့ ဆိပ္ကမ္းၿမိဳ႕နယ္ နဲ႔ ကေလးၿမိဳ႕နယ္မွာ ၂၀၁၈ ၾကားျဖတ္မွာေတာ့ NLD ႐ံႈးသြားတာ ေတြ႕ရတယ္။ ဘာအေရးႀကီးသလဲဆိုေတာ့ ၂၀၁၅ လို ႏိုင္ဖို႔ဆိုရင္ေတာ့ အကုန္လံုးက ဝန္းရံမယ္ဆိုတဲ့ ဟာမ်ိဳးရွိမွ ရမယ္။ မရွိရင္ NLD အတြက္လည္း အခက္အခဲရွိတယ္။ အခုဆိုရင္ ၂၀၁၅ တုန္းက NLD ကို ဝန္းရံေထာက္ခံခဲ့ၾကတဲ့ တိုင္းရင္းသားေတြနဲ႔ ၿမိဳ႕ေပၚပညာေရး ဒီမိုကရက္ေတြက ေလ်ာ့က်သြား တာ ေတြ႕ရတယ္။ ဥပမာ ဧရာဝတီ တိုင္းဆိုရင္ ျပည္မ ခုနစ္တိုင္းေဒသႀကီးေတြထဲမွာ NLD မဲမျပတ္ ဘဲ အႏိုင္တဲ့ေဒသပါ။ က်န္တဲ့ ျပည္မေဒသေနရာ မ်ားမွာ အႏိုင္ရႏိုင္ပါ တယ္။ ဒါေပမဲ့ မဲမျပတ္တဲ့ ေဒသေတြကိုေတာ့ ဝန္းရံတဲ့အင္အားစု ထြက္လာတဲ့ အေပၚမွာ ေစာင့္ၾကည့္ရပါလိမ့္မယ္။

ေနာက္ဆံုးအေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲဟာ ဘယ္လိုရလဒ္ထြက္ေပၚ ၿပီး ဘယ္လိုအေပးအယူေတြ ျဖစ္လာရင္ေတာ့ျဖင့္ ဖက္ဒရယ္အေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီအေရးတို႔ကို ေဖာ္ေဆာင္ႏိုင္မလဲ။

၂၀၂၀ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားေတြ အားေကာင္းလာ ၿပီးေတာ့ ညြန္႔ေပါင္းအစိုးရဖြဲ႕ႏိုင္တဲ့ အေနအထားကေန ညႇိႏိႈင္းအေျဖ ရွာၾကတယ္ဆိုရင္ ေတာ့ ဖက္ဒရယ္နဲ႔ ဒီမိုကေရစီအေရြ႕ဟာ ပိုျမန္လာ မယ္ထင္တယ္။ တကယ္လို႔ တိုင္းရင္းသားေတြ အား မေကာင္းဘဲ တစ္ပါတီတည္းက အစိုးရဖြဲ႕ႏိုင္တယ္ ဆိုရင္ တိုင္းရင္းသားေတြလိုခ်င္တဲ့ ဖက္ဒရယ္က ခက္ခဲဦးမယ္လို႔ ျမင္ပါတယ္။ အဲဒါေၾကာင့္ ျပည္ နယ္အသီးသီးမွာ ရွိေနၾကတဲ့ တိုင္းရင္းသားပါတီ ေတြရဲ႕ အႏိုင္ရျခင္း ဟာ တိုင္းရင္းသားေတြ ေတာင္း ဆိုေနတဲ့ ဖက္ဒရယ္ခရီးအတြက္ အေျဖ ျဖစ္ပါတယ္။

ေက်းဇူးတင္ပါတယ္။