• Today is: Sunday, February 25, 2024

စစ္ေကာင္စီႏွင့္ အာဆီယံအက်ပ္အတည္း

စစ္ေကာင္စီႏွင့္ အာဆီယံအက်ပ္အတည္း

၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွစတင္ကာ ႏိုင္ငံေတာ္အာဏာကို ေခတၱ ထိန္းသိမ္းလိုက္ျခင္းျဖစ္သည္ဟု စစ္ေကာင္စီမွ အႀကိမ္ႀကိမ္ထုတ္ျပန္ေၾကညာခဲ့ေသာ္လည္း ျပည္သူလူထုကမူ စစ္တပ္က ႏိုင္ငံ့အာဏာကို မတရား သိမ္းပိုက္ခဲ့သည္ဟုသာ ယူဆခဲ့ၾကသည္။

ျပည္သူလူထု၏ ယူဆခ်က္ကို မွန္ကန္ေၾကာင္း သက္ေသျပလိုက္သည္က အာဏာသိမ္းၿပီး ရွစ္လအၾကာတြင္ျပဳလုပ္သည့္ ေနုျပည္ေတာ္ အထူးတရားခြင္၌ျဖစ္သည္။ ႏိုင္ငံေတာ္သမၼတႀကီး ဦး၀င္းျမင့္အား ပုဒ္မ ၅၀၅ ျဖင့္ စြဲခ်က္တင္ထားသည့္အမႈကို သမၼတႀကီးကိုယ္တိုင္ ေလွ်ာက္လဲခ်က္ေပးရာ၌​ အာဏာသိမ္းသည့္ နံနက္ခင္းတြင္ စစ္တပ္အရာရွိႏွစ္ဦး သမၼတအိမ္ေတာ္သို႔ ေရာက္ရွိလာကာ က်န္းမာေရးမေကာင္းသျဖင့္ သမၼတရာထူးမွ ႏုတ္ထြက္ေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း၊ ႏုတ္ထြက္ျခင္းမျပဳပါက ပုဂိၢဳလ္ေရး ထိခိုက္ႏုိင္သည္ဟု ၿခိမ္းေျခာက္သြားေၾကာင္း ထြက္ဆိုသြားခဲ့သည္ဟု သိရွိရသည္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ အစိုးရႏွင့္ စစ္တပ္ပိုင္သတင္းမ်ား၌မူ ဒုသမၼတ ဦးျမင့္ေဆြက ႏိုင္ငံေတာ္အာဏာကို ကာကြယ္ေရးဦးစီးခ်ဳပ္ထံ လႊဲအပ္သည္ဟု ေဖာ္ျပပါရွိခဲ့သျဖင့္ ႏိုင္ငံေတာ္သမၼတႀကီးကိုယ္၌က အာဏာလႊဲေပးျခင္းမဟုတ္ေသာ အာဏာရယူမႈမွာ အေျခခံဥပေဒႏွင့္မညီေသာ အာဏာသိမ္းမႈဟုသာ ယူဆရမည္ျဖစ္ေပသည္။

၁၉၅၈ ခုႏွစ္ စက္တင္ဘာ ၂၆ ရက္ေန႔ ျမန္မာႏိုင္ငံသမိုင္းတြင္ ပထမဆံုး စစ္တပ္က အာဏာသိမ္းခဲ့သည့္ အျဖစ္အပ်က္မ်ားကိုလည္း ျပန္ၾကည့္ႏုိင္ပါသည္။ ထိုေန႔နံနက္ ၉ နာရီေက်ာ္ေက်ာ္ေလာက္တြင္ ႏိုင္ငံေတာ္၀န္ႀကီးခ်ဳပ္ ဦးႏု၏ ေနအိမ္သို႔ ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္၊ ဗိုလ္မွဴးခ်ဳပ္ ေအာင္ႀကီး၊ ဗိုလ္မွဴးခ်ဳပ္ တင္ေဖတို႔ ေရာက္ရွိလာၾကသည္။

ဦးႏုက “ခင္ဗ်ားတို႔ ၿမိဳ႕တြင္းမွာ တင့္ကားေတြနဲ႔ ဘာလုပ္ၾကတာလဲ” ဟုေမး၏။ “တပ္မေတာ္က အာဏာသိမ္းလိုက္ပါၿပီ။ အခ်က္အခ်ာက်တဲ့ေနရာေတြမွာ တပ္စြဲထားပါတယ္။ အဲဒါေၾကာင့္ ၀န္ႀကီးေတြ ႐ုန္းမတက္ၾကပါနဲ႔”ဟု စစ္ဗိုလ္မ်ားက ေျပာသည္။ ဦးႏုက “အာဏာမသိမ္းၾကနဲ႔၊ တပ္ေရာ တိုင္းျပည္ပါ နာမည္ပ်က္မယ္။ လက္ရွိအစိုးရကို လက္မခံႏိုင္ရင္ တရားမွ်တတဲ့ ေရြးေကာက္ပြဲကို က်င္းပေပးပါ့မယ္လို႔ ကတိေပးရင္ စစ္တပ္ကို အာဏာလႊဲေပးပါ့မယ္” ဟု ဆိုခဲ့သည္။ ထိုအေၾကာင္းအခ်က္ကို ၾကည့္ျခင္းအားျဖင့္ စစ္တပ္သည္ ပထမဆံုးအႀကိမ္ အာဏာသိမ္းစဥ္ကပင္ ၀န္ႀကီးခ်ဳပ္ဦးႏုက အာဏာလႊဲေျပာင္းမေပးခဲ့ပါက အာဏာသိမ္းရန္ ျပင္ဆင္ၿပီးသားျဖစ္ေနသည္ကို ေတြ႕ႏိုင္သည္။

ယခုလည္း သမၼတႀကီး ဦး၀င္းျမင့္ထံမွ အာဏာလႊဲေျပာင္းေပးရန္ ၿခိမ္းေျခာက္ေတာင္းဆိုခဲ့ၿပီး မရသည့္အခါ ဒုတိယသမၼတ ဦးျမင့္ေဆြထံမွ လႊဲေျပာင္းရယူသေယာင္ ေဆာင္ခဲ့သည့္ အာဏာသိမ္းပြဲပင္ျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္း ကုလသမဂၢ အေထြေထြညီလာခံ၌ စစ္ေကာင္စီကိုယ္စားလွယ္ တက္ေရာက္ အမွာစကားေျပာၾကားခြင့္ မရရွိျခင္းနဲ႔အတူ ႏိုင္ငံတကာမ်က္ႏွာစာ၌ စစ္ေကာင္စီဘက္တြင္ အဆံုးအ႐ံႈးမ်ားစြာ ျဖစ္ေပၚခဲ့ၿပီးေနာက္ ယခု ေအာက္တိုဘာလအတြင္း ေရာက္ရွိလာသည့္အခါတြင္လည္း အာဆီယံမ်က္ႏွာစာ၌ အဆံုးအ႐ံႈးမ်ား ရွိလာႏုိင္ေပသည္။

ကုလသမဂၢ၊ တရုတ္ႏွင့္ အေနာက္ႏုိင္ငံမ်ားက ၿပီးခဲ့သည့္ ဧၿပီလအတြင္းက က်င္းပခဲ့သည့္ အာဆီယံထိပ္သီးအစည္းအေ၀းတြင္ စစ္ေကာင္စီဥကၠ႒ကိုယ္တိုင္ တက္ေရာက္ သေဘာတူထားသည့္ ဘံုသေဘာတူညီခ်က္ ၅ ရပ္အေပၚတြင္ အေလးထား၍ ျမန္မာႏိုင္ငံ၏ အက်ပ္အတည္းကို ေျဖရွင္းေစလိုၾကသည္။ ထို႔အတြက္ အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ဘ႐ူႏိုင္း ႏိုင္ငံျခားေရး၀န္ႀကီး (၂)ကို ခန္႔အပ္ကာ ဘံုသေဘာတူညီခ်က္ ၅ ရပ္အနက္ နံပါတ္ ၅ အခ်က္ျဖစ္သည့္ ျမန္မာ့ႏို္င္ငံေရးျပႆနာအား ဘက္ေပါင္းစံုမွ ပါ၀င္သင့္သူ ပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးေရးပင္ ျဖစ္သည္။

စစ္ေကာင္စီသည္ အာဆီယံအထူးကိုယ္စားလွယ္ လာေရာက္ေရးအား အခ်ိန္မ်ားစြာဆြဲခဲ့ၿပီး ေနာက္ဆံုးတြင္ အာဆီယံႏိုင္ငံအခ်ဳိ႕က စစ္ေကာင္စီအေနျဖင့္ ဘံုသေဘာတူညီခ်က္အား မလိုက္နာခဲ့ေသာ္ ထိပ္သီးအစည္းအေ၀း တက္ေရာက္ခြင့္မျပဳႏိုင္ဟု ေလသံထြက္လာသျဖင့္ အထူးကိုယ္စားလွယ္အား လာေရာက္ခြင့္ျပဳလိုက္သည္။

အထူးကိုယ္စားလွယ္က ဘက္ေပါင္းစံုမွ ေတြ႕ဆံုသင့္သည့္သူမ်ားႏွင့္ ေတြ႕ဆံုေရးဆိုသည့္ သေဘာတူညီခ်က္ႏွင့္အညီ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆံုေရး ေတာင္းဆိုခဲ့ေသာ္လည္း စစ္ေကာင္စီမွ ေတြ႕ဆံုခြင့္မျပဳသျဖင့္ အာဆီယံကိုယ္စားလွယ္ ေနျပည္ေတာ္ေရာက္ရွိေရးမွာ အထမေျမာက္ျဖစ္ပံု ရေနေပသည္။

စစ္ေကာင္စီက ေတြ႕ဆံုခြင့္ေပးမည့္ ႏိုင္ငံေရးပါတီမ်ားမွာလည္း စစ္တပ္က တည္ေထာင္ထားသည့္ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီႏွင့္ အျခား ျပည္သူလူထုေထာက္ခံမႈမရွိေသာ ပါတီ၀င္မ်ားျဖစ္ေနသျဖင့္ အာဆီယံကိုယ္စားလွယ္အတြက္ ျမန္မာႏုိင္ငံေရးအက်ပ္အတည္းကို တစ္ဖက္သတ္ေျဖရွင္းရမယ့္ အေျခအေနရွိေနၿပီး ထိုသို႔ ေတြ႕ဆံုပါကလည္း အာဆီယံအသင္းႀကီး၏ ဂုဏ္သိကၡာမွာ ေရစံုေမ်ာဖို႔သာ ရွိေနေပသည္။

ၿပီးခဲ့သည့္ သီတင္းပတ္က က်င္းပခဲ့ေသာ ဘင္းစတက္အစည္းအေ၀းတြင္ စစ္ေကာင္စီ၏ ႏိုင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္က မိန္႔ခြန္းေျပာၾကားရာတြင္ ျမန္မာႏုိင္ငံ၏ အေျခအေနမွာ တည္ၿငိမ္ေနပါၿပီဆိုေသာ္လည္း ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္း အေနာက္ေျမာက္ပိုင္းသို႔ စစ္တပ္အင္အား မ်ားျပားစြာေစလႊတ္ကာ စစ္ဆင္ေရးႀကီး ျပဳလုပ္ေနျခင္းကပင္ တည္ၿငိမ္မႈႏွင့္ မ်ားစြာ ေ၀းကြာေနေၾကာင္း ေဖာ္ျပလ်က္ရွိသည္။

ယခုအတိုင္း စစ္ေကာင္စီဘက္မွ အာဆီယံဘံုသေဘာတူညီခ်က္မ်ားကို ေဖာ္ေဆာင္ျခင္းမရွိဘဲ ဆက္လက္တင္းမာေနဦးမည္ဆိုလွ်င္ ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္းမွာ အာဆီယံထံမွ ကုလသမဂၢ သို႔မဟုတ္ အီးယူႏွင့္ အေနာက္ႏုိင္ငံမ်ားထံ ျပန္လည္ေရာက္ရွိသြားႏိုင္ၿပီး စစ္ေကာင္စီဘက္မွ အစဥ္အၿမဲရပ္တည္ခဲ့ၾကသည့္ တ႐ုတ္ႏွင့္ ႐ုရွားႏုိင္ငံတို႔မွာလည္း ၾကား၀င္ရန္ ခက္ခဲလာမည္ျဖစ္သည္။

ႏိုင္ငံေတာ္သမၼတ၏ ေလွ်ာက္လဲထြက္ဆိုခ်က္အရလည္း စစ္တပ္၏ အာဏာသိမ္းမႈမွာ အေျခခံဥပေဒႏွင့္ မကိုက္ညီဘဲ ႏိုင္ငံေတာ္ပုန္ကန္မႈ သက္ေရာက္ေနသျဖင့္ စစ္ေကာင္စီအတြက္ ေရွ႕ဆက္ေလွ်ာက္မည္ဆိုလွ်င္ ေခ်ာက္ကမ္းပါးသို႔သာ ေရာက္ႏိုင္ေၾကာင္း သံုးသပ္ရေပသည္။

ေမာဂၢလိ

စစ်ကောင်စီနှင့် အာဆီယံအကျပ်အတည်း

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံတော်အာဏာကို ခေတ္တ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီမှ အကြိမ်ကြိမ်ထုတ်ပြန်ကြေညာခဲ့သော်လည်း ပြည်သူလူထုကမူ စစ်တပ်က နိုင်ငံ့အာဏာကို မတရား သိမ်းပိုက်ခဲ့သည်ဟုသာ ယူဆခဲ့ကြသည်။

ပြည်သူလူထု၏ ယူဆချက်ကို မှန်ကန်ကြောင်း သက်သေပြလိုက်သည်က အာဏာသိမ်းပြီး ရှစ်လအကြာတွင်ပြုလုပ်သည့် နေုပြည်တော် အထူးတရားခွင်၌ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အား ပုဒ်မ ၅၀၅ ဖြင့် စွဲချက်တင်ထားသည့်အမှုကို သမ္မတကြီးကိုယ်တိုင် လျှောက်လဲချက်ပေးရာ၌ အာဏာသိမ်းသည့် နံနက်ခင်းတွင် စစ်တပ်အရာရှိနှစ်ဦး သမ္မတအိမ်တော်သို့ ရောက်ရှိလာကာ ကျန်းမာရေးမကောင်းသဖြင့် သမ္မတရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ နုတ်ထွက်ခြင်းမပြုပါက ပုဂ္ဂိုလ်ရေး ထိခိုက်နိုင်သည်ဟု ခြိမ်းခြောက်သွားကြောင်း ထွက်ဆိုသွားခဲ့သည်ဟု သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အစိုးရနှင့် စစ်တပ်ပိုင်သတင်းများ၌မူ ဒုသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်သည်ဟု ဖော်ပြပါရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်၌က အာဏာလွှဲပေးခြင်းမဟုတ်သော အာဏာရယူမှုမှာ အခြေခံဥပဒေနှင့်မညီသော အာဏာသိမ်းမှုဟုသာ ယူဆရမည်ဖြစ်ပေသည်။

၁၉၅၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံး စစ်တပ်က အာဏာသိမ်းခဲ့သည့် အဖြစ်အပျက်များကိုလည်း ပြန်ကြည့်နိုင်ပါသည်။ ထိုနေ့နံနက် ၉ နာရီကျော်ကျော်လောက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ နေအိမ်သို့ ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးချုပ် တင်ဖေတို့ ရောက်ရှိလာကြသည်။

ဦးနုက “ခင်ဗျားတို့ မြို့တွင်းမှာ တင့်ကားတွေနဲ့ ဘာလုပ်ကြတာလဲ” ဟုမေး၏။ “တပ်မတော်က အာဏာသိမ်းလိုက်ပါပြီ။ အချက်အချာကျတဲ့နေရာတွေမှာ တပ်စွဲထားပါတယ်။ အဲဒါကြောင့် ဝန်ကြီးတွေ ရုန်းမတက်ကြပါနဲ့”ဟု စစ်ဗိုလ်များက ပြောသည်။ ဦးနုက “အာဏာမသိမ်းကြနဲ့၊ တပ်ရော တိုင်းပြည်ပါ နာမည်ပျက်မယ်။ လက်ရှိအစိုးရကို လက်မခံနိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပါ့မယ်လို့ ကတိပေးရင် စစ်တပ်ကို အာဏာလွှဲပေးပါ့မယ်” ဟု ဆိုခဲ့သည်။ ထိုအကြောင်းအချက်ကို ကြည့်ခြင်းအားဖြင့် စစ်တပ်သည် ပထမဆုံးအကြိမ် အာဏာသိမ်းစဉ်ကပင် ဝန်ကြီးချုပ်ဦးနုက အာဏာလွှဲပြောင်းမပေးခဲ့ပါက အာဏာသိမ်းရန် ပြင်ဆင်ပြီးသားဖြစ်နေသည်ကို တွေ့နိုင်သည်။

ယခုလည်း သမ္မတကြီး ဦးဝင်းမြင့်ထံမှ အာဏာလွှဲပြောင်းပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့ပြီး မရသည့်အခါ ဒုတိယသမ္မတ ဦးမြင့်ဆွေထံမှ လွှဲပြောင်းရယူသယောင် ဆောင်ခဲ့သည့် အာဏာသိမ်းပွဲပင်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက် အမှာစကားပြောကြားခွင့် မရရှိခြင်းနဲ့အတူ နိုင်ငံတကာမျက်နှာစာ၌ စစ်ကောင်စီဘက်တွင် အဆုံးအရှုံးများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခု အောက်တိုဘာလအတွင်း ရောက်ရှိလာသည့်အခါတွင်လည်း အာဆီယံမျက်နှာစာ၌ အဆုံးအရှုံးများ ရှိလာနိုင်ပေသည်။

ကုလသမဂ္ဂ၊ တရုတ်နှင့် အနောက်နိုင်ငံများက ပြီးခဲ့သည့် ဧပြီလအတွင်းက ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် တက်ရောက် သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ရပ်အပေါ်တွင် အလေးထား၍ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းစေလိုကြသည်။ ထို့အတွက် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂)ကို ခန့်အပ်ကာ ဘုံသဘောတူညီချက် ၅ ရပ်အနက် နံပါတ် ၅ အချက်ဖြစ်သည့် မြန်မာ့နိုင်ငံရေးပြဿနာအား ဘက်ပေါင်းစုံမှ ပါဝင်သင့်သူ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးရေးပင် ဖြစ်သည်။

စစ်ကောင်စီသည် အာဆီယံအထူးကိုယ်စားလှယ် လာရောက်ရေးအား အချိန်များစွာဆွဲခဲ့ပြီး နောက်ဆုံးတွင် အာဆီယံနိုင်ငံအချို့က စစ်ကောင်စီအနေဖြင့် ဘုံသဘောတူညီချက်အား မလိုက်နာခဲ့သော် ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုနိုင်ဟု လေသံထွက်လာသဖြင့် အထူးကိုယ်စားလှယ်အား လာရောက်ခွင့်ပြုလိုက်သည်။

အထူးကိုယ်စားလှယ်က ဘက်ပေါင်းစုံမှ တွေ့ဆုံသင့်သည့်သူများနှင့် တွေ့ဆုံရေးဆိုသည့် သဘောတူညီချက်နှင့်အညီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီမှ တွေ့ဆုံခွင့်မပြုသဖြင့် အာဆီယံကိုယ်စားလှယ် နေပြည်တော်ရောက်ရှိရေးမှာ အထမမြောက်ဖြစ်ပုံ ရနေပေသည်။

စစ်ကောင်စီက တွေ့ဆုံခွင့်ပေးမည့် နိုင်ငံရေးပါတီများမှာလည်း စစ်တပ်က တည်ထောင်ထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပြည်သူလူထုထောက်ခံမှုမရှိသော ပါတီဝင်များဖြစ်နေသဖြင့် အာဆီယံကိုယ်စားလှယ်အတွက် မြန်မာနိုင်ငံရေးအကျပ်အတည်းကို တစ်ဖက်သတ်ဖြေရှင်းရမယ့် အခြေအနေရှိနေပြီး ထိုသို့ တွေ့ဆုံပါကလည်း အာဆီယံအသင်းကြီး၏ ဂုဏ်သိက္ခာမှာ ရေစုံမျောဖို့သာ ရှိနေပေသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော ဘင်းစတက်အစည်းအဝေးတွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်နေပါပြီဆိုသော်လည်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းသို့ စစ်တပ်အင်အား များပြားစွာစေလွှတ်ကာ စစ်ဆင်ရေးကြီး ပြုလုပ်နေခြင်းကပင် တည်ငြိမ်မှုနှင့် များစွာ ဝေးကွာနေကြောင်း ဖော်ပြလျက်ရှိသည်။

ယခုအတိုင်း စစ်ကောင်စီဘက်မှ အာဆီယံဘုံသဘောတူညီချက်များကို ဖော်ဆောင်ခြင်းမရှိဘဲ ဆက်လက်တင်းမာနေဦးမည်ဆိုလျှင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အာဆီယံထံမှ ကုလသမဂ္ဂ သို့မဟုတ် အီးယူနှင့် အနောက်နိုင်ငံများထံ ပြန်လည်ရောက်ရှိသွားနိုင်ပြီး စစ်ကောင်စီဘက်မှ အစဉ်အမြဲရပ်တည်ခဲ့ကြသည့် တရုတ်နှင့် ရုရှားနိုင်ငံတို့မှာလည်း ကြားဝင်ရန် ခက်ခဲလာမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လျှောက်လဲထွက်ဆိုချက်အရလည်း စစ်တပ်၏ အာဏာသိမ်းမှုမှာ အခြေခံဥပဒေနှင့် မကိုက်ညီဘဲ နိုင်ငံတော်ပုန်ကန်မှု သက်ရောက်နေသဖြင့် စစ်ကောင်စီအတွက် ရှေ့ဆက်လျှောက်မည်ဆိုလျှင် ချောက်ကမ်းပါးသို့သာ ရောက်နိုင်ကြောင်း သုံးသပ်ရပေသည်။

မောဂ္ဂလိ