• Today is: Tuesday, March 19, 2024
ကျွန်ုပ်တို့ အကြောင်း

ဖက်ဒရယ်ဂျာနယ်မြန်မာ မူဝါဒ

ဖက်ဒရယ်ဂျာနယ်မြန်မာသည်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင်အထောက်အကူပြုရန်။

တိုင်းရင်းသားလူမျိုးစုတန်းတူညီမျှရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိရေးဆောင်ရွက်ရန်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်အထောက်အကူပြုရန်။

တိုင်းရင်းသားလူမျိုးစုဒေသများရှိလူ့အခွင့်အရေးချိုးဖောက်ခံရမှုများကိုဖော်ထုတ်ရန်။

တိုင်းရင်းသားလူမျိုးစုများ၏နိုင်ငံရေးအသိအမြင်မြှင့်မားလာစေရန်နှင့်စည်းလုံးညီညွတ်ရေးကိုဖော်ဆောင်နိုင်ရန်။

အနာဂတ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးအခန်းကဏ္ဍတွင်တိုင်းရင်းသားလူမျိုးစုများ၏ပါဝင်မှုမြှင့်တင်လာနိုင်ရန်။

တိုင်းရင်းသားလူမျိုးစုများ၏ ခံယူချက်များ၊ အယူအဆများကို ပြည်သူလူထုတစ်ရပ်လုံး သိမြင်စေရန်။

ရည်မှန်းချက်၊ ပန်းတိုင်

ဖက်ဒရယ်ဂျာနယ်မြန်မာသည်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာတွင်အဓိကကျသောတိုင်းရင်းမီဒီယာပလက်ဖောင်းတစ်ခုအနေနှင့်ရပ်တည်သွားမည်ဖြစ်ပြီးမြန်မာပြည်သူလူတို့၏ရပိုင်ခွင့်အခွင့်အရေးများကိုကာကွယ်ပေးရန်နှင့်မြှင့်တင်ပေးနိုင်ရန်လည်းရည်ရွယ်သည်။

ဖက်ဒရယ်ဂျာနယ်မြန်မာ၏မိခင်အဖွဲ့အစည်းဖြစ်သည့်ချယ်ရီဖောင်ဒေးရှင်းသည်မတူကွဲပြားမှုကိုလေးစားတန်ဖိုးထားသည့်အားလျော်စွာတိုင်းရင်းမီဒီယာပလက်ဖောင်းဖြစ်သည့်ဖက်ဒရယ်ဂျာနယ်မြန်မာတွင်ပါဝင်နေသော်ဝိုင်းတော်သားများသည်မြန်မာပြည်အနှံအပြားမှသွေးချင်းတိုင်းရင်းညီအစ်ကိုမောင်နှမများဖြစ်ကြသည်။

ချယ်ရီဖောင်ဒေးရှင်းနှင့် ဖက်ဒရယ်ဂျာနယ်မြန်မာ ဝိုင်းတော်သားများသည် မြန်မာနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကို အန္တိမပန်းတိုင်အဖြစ် သတ်မှတ်ပြီး မဏ္ဏိုင်တစ်ရပ်အနေဖြင့် ရပ်တည်ကာ ဆက်လက် လှမ်းချီသွားမည် ဖြစ်သည်။   

ဆက်သွယ်ရန်federaljournalnews@gmail.com