• Today is: Saturday, May 18, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်

လူမျိုးပေါင်းစုံသတင်း

(No. 73, September 12, 2023)

၁။ ဖားကန့်မြို့နယ်၊ဟောင်ပါးကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ
   September 11, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာမှာ ဒီကနေ့ မနက် ၄ နာရီခွဲလောက်ကတည်းက ကချင်လွတ်လပ် ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဟောင်ပါးကျေးရွာက KIA တပ်တွေရှိတဲ့ ဘက်ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာ လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက KIA , PDF ဘက်ကို လာပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်ပြီး လာ တိုက်ခိုက်နေတယ်။ လေးနာရီခွဲလောက်ကတည်းကအခုချိန်ထိပဲ။”ဒေသခံကဆိုပါတယ်။ ဟောင်ပါးကျေးရွာက မြောက်ကျောင်း လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။  “မနက်က တည်းကနေ ဟောင်ပါးက ဘုန်းကြီးကျောင်း မြောက်ကျောင်းဆိုတဲ့နေရာမှာ ဖြစ်နေတာ။ ဟောင်းပါးရွာသားတွေကို ရွှေ့ခိုင်းထား တယ်တဲ့။ အခု တာမခန်က စစ်တပ်လည်း ပစ်နေတာ။” လို့ဆိုပါတယ်။

ဟောင်ပါးဒေသခံတွေကို ဘေးလွှတ်ရာရွှေ့ဖို့ ပြောဆိုထားပေမဲ့ တိုက်ပွဲဖြစ်ပွားနေလို့ ပြောင်းရွှေ့မရသေးတာကြောင့် ပုန်းခိုနေရတယ်လို့ ကြားသိရကြောင်းလည်း ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ KIA တပ်ရင်း ၂၆ နယ်မြေဖြစ်ပြီး KIA ကပဲ လှုပ်ရှားတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ကလည်း နမ့်မှော်-တာမခန်သွားတဲ့လမ်းက စစ်ကောင်စီရဲ့ ကသိုင်းတောင် တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်တာရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=319907 890716211&set=a.266001999440

၂။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးဟု  KNU ထုတ်ပြန်
   September 11, 2023

အာဏာသိမ်းစစ်တပ်က အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၄ ဦးသေဆုံးပြီး ကျောင်းသား ၅ ဦးနှင့် အရပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရသည်ဟု ကရင်အမျိုးသား အစည်း အရုံး (KNU) က (စက်တင်ဘာ ၁၁) ထုတ်ပြန်သည်။ ယခုလ ၇ နှင့် ၈ ရက်နေ့တို့တွင် KNU ၏ တပ်မဟာ ၅ ထိန်းချုပ်ရာနယ် မြေဖြစ်သော ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ အရပ်ဘက်အဆောက်အအုံများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စာသင်ကျောင်း ၁ ခု၊ ကျောင်းသားများနေထိုင်ရာ အဆောင် ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ခုနှင့် လူနေ အိမ် ၁၀ လုံးပျက်စီးသည်ဟု KNU ကဆိုသည်။ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီက ခေးပူအမည်ရ အခြေစိုက်စခန်းကို KNU ပူးပေါင်းတပ်များက ယခုလ ၆ ရက်နေ့ တွင် တိုက်ခိုက်သိမ်းယူပြီးနောက် သေသူးခီး ၊ ဂယ်ယူဒဲ ၊ ထီးဂေါ်တာ၊ ကော်ရော်ဘောထာ၊ တာဒဲဒဲ စသည့်ရွာများကို နှစ်ရက် ဆက်ကာ ရှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က လေကြောင်းအသုံးပြုကာ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ထိရောက်ပြီး လက်တွေ့ကျသည့်နည်း လမ်းများဖြင့် အရေးယူဆောင်ရွက်ပေးရန်လည်း KNU က တောင်းဆိုထားသည်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်း ၁၁ ကျောင်းပိတ်ထားရသည်ဟုလည်း ယမန်နေ့တွင် KNU ကထုတ်ပြန်ခဲ့သည်။ နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အရပ်သား များပါမချန် လေကြောင်း အသုံးပြု တိုက်ခိုက်နေသည်။ https://www.facebook.com/photo/?fbid=683643987131683&set=a.591127766383306

၃။ ဒီးမော့ဆိုမြို့နယ်ထဲက စခန်း ၂ ခု ခြေကုပ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေလို့ စစ်ရေးတင်းမာ
    September 11, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂ ရက်က ကရင်နီ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ သေးဆူလဲနဲ့ ပူးဖား စခန်း ၂ ခုကို စစ်ကောင်စီက ပြန်လည် ခြေကုပ်ယူဖို့ ကြိုးစားနေလို့ စစ်ရေး တင်းမာနေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က ခလရ (၉) ဒုတပ်ရင်းမှူး ရဲလင်းနိုင် ဦး‌ဆောင်တဲ့ အဆိုပါ စခန်း ၂ ခုကို ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော်-KA ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး-ကလလတ၊ အလယ်ပိုင်းတိုင်း ကရင်နီ(ကယား) စစ်ဒေသခွဲ တပ်ရင်းတွေ နဲ့ ကရင်နီ အမျိုး သားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး လက်နက် အများအပြား ရရှိခဲ့ပါတယ်။ ၄ နာရီကျော် ကြာ မြင့်ပြီး ဒုတပ်ရင်းမှူး ထွက်ပြေးတဲ့ သေးဆူလဲနဲ့ ပူးဖားစခန်း တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေ စခန်းမထိုင်နိုင်ဖို့ စစ်ကောင်စီက တိုက်လေယာဥ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခဲ့သလို တော်လှန်ရေး အင်အားစုက မြေပြင် အသာစီးရထားလို့ စစ်တပ် ဘက်ကလည်း ပြန်မထိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“စကစက လူအင်အား ထပ်မဖြည့်နိုင်တော့ဘူးနဲ့ တူတယ်။ သူတို့ (စစ်ကောင်စီ) လည်း ကပ်လို့မရ၊ ငါတို့လည်း ကပ်လို့ မရတော့ဘူး။ ဒီ ၂ ရက်တော့ လိုင်းတွေ ပြတ်နေတာနဲ့ ၂ ရက်စာတော့ မသိရသေးဘူး” လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူက ရှင်းပြပါတယ်။ ဒီးမော့ဆိုမြို့နယ်ထဲမှာ အခုလို စစ်ရေးတင်းမာနေပေမယ့် စစ်ကောင်စီဘက်က လူအင်အား ထပ်ဖြည့်ပြီး စစ်ရေး လှုပ်ရှားတာ၊ စစ်ကြောင်းထိုးတာတွေ မရှိသေးလို့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ သူကဆိုပါတယ်။ ဒီးမော့ဆို မြို့နယ်မှာ စက်တင်ဘာ ၂ ရက်က သေးဆူလဲနဲ့ ပူးဖားစခန်းတွေအပြင် ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ကရင်နီ တော်လှန်ရေးတပ်‌ပေါင်းစု- KRU က ၀င်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို အပါအ၀င် ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ https://www.facebook.com/photo/?fbid=334566895596428& set=a.285900490463069

၄။ ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်ကြတဲ့ မယ်စဲ့စစ်ရှောင် ၆၀၀ ကျော် နေရပ်ပြန်
   September 11, 2023

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင် ဆောင် ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်နီစစ်ရှောင် ၆၀၀ ကျော်ဟာ စက်တင်ဘာလအစောပိုင်းကစပြီး မယ်စဲ့မြို့နယ် အတွင်းကို ပြန်ကြတယ်လို့ သိရပါတယ်။ နေရပ်ပြန်ကြတဲ့စစ်ရှောင်တွေဟာ မိမိဆန္ဒအလျောက်နေရပ်ပြန်ကြသူတွေနဲ့၊ ထိုင်း အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့်ပြန်ကြသူတွေ ဖြစ်တယ်လို့ စစ်ရှောင်တွေနဲ့နီးစပ်သူတွေဆီကနေ သိရှိရပါတယ်။“ပြန်ပို့ တာဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော။ နေလို့ထိုင်လို့ အဆင်မပြေတဲ့ အတွက်ကြောင့်မလို့ ပြန်ရတာရှိပါတယ်။ အဲ့တော့ ဦးဆုံးအသိပေးချင်တာက ပြန်ပို့တာရှိတယ်။ တချို့နေလို့ထိုင်လို့ အဆင်မပြေတာက ထိုင်းအစိုးရကနေ အပြည်ပြည် ဆိုင်ရာအဖွဲ့တွေ Humanitarian ကိစ္စတွေ ပေးတဲ့နေရာမှာ အကန့်အသတ်တွေ ပိုများတယ်။ ထိန်းချုပ်မှုတွေ တအားများတယ်။ နောက် နေဖို့ထိုင်ဖို့ တော်တော်လေး အဆင်မပြေတဲ့ဟာ ကြုံရတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ တချို့က ပြန်ရင်ကောင်းမလား ဆိုပြီးတော့မှ စဉ်းစားတဲ့သူရှိတယ်လို့ ကျနော်တို့ သိရတယ်။” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

စက်တင်ဘာလ အစောပိုင်းကနေစပြီး တသုတ်ချင်းအလိုက် ထိုင်း-မြန်မာ နယ်စပ်ဖက်က စစ်ရှောင်စခန်းကို ပြန်ကြတာ ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ နေရပ်ပြန် စစ်ရှောင် ဦးရေ ၆၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။ နေရပ်ပြန် သွားတဲ့ စစ်ရှောင်တွေကတော့ မယ်စဲ့မြို့နယ်ထဲက နဂို စစ်ရှောင်စခန်းမှာပဲ ပြန်လာနေကြတာဖြစ်ပြီး၊ မယ်စဲ့မြို့အတွင်းကို ပြန်လာနေ ထိုင်ကြတာမရှိသေးဘူးလို့ သိရပါတယ်။ တဖက်မှာလည်း မယ်စဲ့မြို့နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ ကင်းထောက်ယာဉ် ပျံဝဲမှုကလည်း ရှိနေတာကြောင့် စစ်ရှောင်လူထုတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ “နံပါတ်နှစ် တချက် ကတော့ စားနပ်ရိက္ခာပါပဲ။ အခုချိန်ထိ ထိုင်းဖက်ကလည်း စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့မှ ကန့်သတ်မှုတွေ တအားများတဲ့ အတွက်ကြောင့်မလို့၊ ဒီစားနပ်ရိက္ခာ အခက်အခဲကို ပြည်တွင်းမှာရောက်ရင် ပြန်ကြုံနိုင်ခြေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်တွင်းကနေ မယ်စဲ့ဖက်ကို သယ်လို့မရဘူးပေါ့နော၊ လမ်းမကြီးတောက် လျှောက်လည်း တိုက်ပွဲတွေဖြစ်နေတယ် အခြား တဖက်မှာလည်း ဈေးအရမ်းကြီးနေတယ်ပေါ့ အဲ့ဒါကြောင့်မလို့ ထိုင်းဖက်ခြမ်းကိုပဲ အားကိုးရတဲ့အခြေအနေရှိပါတယ်။”လို့ ဦးဗညားက ဆက်ပြောပါတယ်။ https://www.kantaraw addytimes.org/%e1%80%91%e1%80%ad%e1%80%af%e1% 80%84%e1%80%ba% 

၅။ ခလားယန် (Hkala Yang)မှာ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်းအထိနာနေ
    September 11, 2023

စစ်ရေးတင်းမာနေတဲ့ နမ်ဆန်ယန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ခလားယန် (Hkala Yang) မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး အထိနာနေတယ်လို့  ဒေ့ါဖုန်းယန်ဒေသခံ တွေ ဆီကနေ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲရောက်ရှိနေတဲ့ စစ်ကောင်စီ ယာဉ်တန်း ၂၅ စီးဟာ စက်တင်ဘာလ ၉ ရက်နေ့ ဒေါ့ဖုန်းယန်အထက်ဘက်ကို ပြန်လည်ထွက်ခွာလာတဲ့အချိန် ၂ မိုင်လောက် အကွာမှာရှိတဲ့ ခလားယန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က လမ်းကြောင်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာဖြစ်ပါ တယ်။ KIA ဘက်ကနေ စစ်ကောင်စီယာဉ်တန်းတွေကို အထက်ကိုတက်လို့သွားလို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တဲ့ အတွက် စစ်ကောင်စီရဲ့ စစ်ရိက္ခာတင် စစ်ကား ၃ စီး တစ်စစီ မီးလောင်ပျက်စီးသွားပြီး ထိခိုက်သေဆုံးတာတွေရှိသလို စစ်ကား တစ်ချို့မှာ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေါ့ဖုန်းယန် ဒေသခံအမျိုးသားတစ် ယောက်က ပြောပါတယ်။

“အခုတက်လာတဲ့ စစ်ကားတွေထဲကနေ ၃ စီးက မီးလောင်ပျက်စီးသွားပြီ။ ခလားမှာတိုက်ခိုက်ခံရတော့ ပျက်စီးသွား တဲ့ ကားတွေလည်းများတယ်။ မောင်းလို့ရသေးတဲ့စစ်ကားတွေက ဒေါ့ဖုန်းယန် တပ်စခန်းမှာ ပြန်မောင်းလာတာရှိတယ်။ ပြီး သူတို့ဘက်ကနေ မောင်းပြန်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ လုပ်နေကြတယ်။ မနေ့ည မောင်းလာတဲ့ထဲမှာဆိုရင် ဒဏ်ရာရတဲ့ စစ်သားတွေလည်းပါတယ်”လို့ပြောပါတယ်။ ခလားယန်မှာ KIA တပ်တွေရဲ့ ပိတ်ဆို့ပြီး တိုက်ခိုက်ခံရတဲ့ထဲမှာ ထိခိုက်သေဆုံး သွားတဲ့ တပ်သားတွေကို ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲကို လာရောက်ပို့ဆောင်ထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ https://ww w.facebook.com/photo/?fb id=694622056032402&set=pcb.694622352699039

၆။ ပုလောက ပိတပ်ရွာမှာ တိုက်ပွဲဖြစ်၊ ရွာသားတစ်ဦးကို ပစ်သတ်ကာ ရွာသားတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး       သွား
  September 11, 2023

ပုလောမြို့နယ်၊ ပိတပ်ရွာမှာ ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပြီးနောက် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ် ကာ တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ တိုက်ပွဲဟာ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ် ရင်းတို့ ဖြစ်ပွားခဲ့တာပါ။ မနက် ၅ နာရီခွဲဝန်းကျင်ကနေ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ပစ်ခတ်ခဲ့ကြတယ်လို့ အမှတ် (၁) တပ်ရင်းက ထုတ်ပြန် ပါတယ်။ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “ကျနော်တို့ဘက် က ရှေ့ထွက်မိုင်းကို သွားစစ်တဲ့ အချိန် သူတို့ဘက်ကရောက်ပြီး ကင်းပုန်းဝပ်နေတာ။ ရဲဘော်ကိုမြင်တာနဲ့ပစ်ရော။ အဲဒါ မိုင်းခွဲပြီးပြန်ပြေးလာရာက စတာပဲ။”လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးတာအပြင် ရေတပ်စစ် သင်္ဘောတွေကပါ အမြောက်ပစ်ကူပေးတာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။  ဒေသခံအမျိုး သားတစ်ဦးက “ပိတပ်ဘုန်းကြီးကျောင်းနားမှာ လယ်ကဇင်း ကြီး(တဘောင်)ဆိုတာရှိတယ်။ ပင်လယ်ရေဝင်မှာစိုးလို့တားထားတာ။ အဲဒီဘက်ကနေ စစ်တပ်တွေတက် လာတာ။ အိမ်တွေရဲ့ နောက်ဖေးဘက်ကနေ တပ်ဖြန့်ပြီး တခါတည်းထွက်လာကြတာ။ ပျူတွေလည်းပါတယ်။”လို့ ပြောပြပါတယ်။

အဆိုပါ တိုက်ပွဲကနေ နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ပြန်ဆုတ်သွားချိန် ဒေသခံတချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပိတပ်ရွာက အသက် ၂၀ ဝန်းကျင်အရွယ် ကိုရုပ်ဆိုး ဆိုတဲ့ အရပ်သားတစ်ဦးကို လည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး သူ့အိမ်က လက်ဝတ်ရတနာတွေကိုလည်း ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါ တယ်။ စစ်ကောင်စီတပ်ဟာ ပိတပ်ရွာက မထွက်ခွါမီအရပ်သားနေအိမ်တွေကို ရိုက်ဖြိုဖျက်ဆီးတာ၊ ဝင်ရောက်မွှေနှောက်တာ တွေ လုပ်ဆောင်ခဲ့ပြီး အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အထည်၊ အစားအသောက်တွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင် သွားတယ်လို့လည်း သိရပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ PDF တပ်ဖွဲ့ ဝင်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ အမှတ် (၁) တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပုလောမြို့နယ်ထဲက ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုထဲက ရွာတွေနဲ့ ပလမြို့၊ ပိတပ်၊ မြဒေါင်၊ ကျောက္ကား စတဲ့ ပင်လယ်နဲ့နီးတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်‌ရေးအင်အားစုတွေကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ လေးရက်လောက်ကတည်းက နေ့စဥ်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။ https://www.facebook.com/photo?fbid=332517245832698&set=a.19621 2682796489

၇။ ကျောက်ဖြူ ကျောက်တစ်လုံးမွတ်ဆလင် ဒုက္ခသည်စခန်းတွင် ရေအမြဲပြည့်နေ
    September 11, 2023

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးမွတ်ဆလင် ဒုက္ခသည်စခန်းတွင် စခန်းတွင်း ရေအတက်ကျမရှိဘဲ အမြဲတမ်းရေပြည့်နေသည့်အတွက် နေထိုင်ရေးအခက်ခဲများ ဖြစ်လျှက်ရှိသည်ဟု စခန်းမှ တာဝန်ရှိသူများက ပြောသည်။ လက်ရှိ ပြောင်းရွေ့နေထိုင်ရသည့်နေရာမှာ ရေဝပ်‌ဒေသဖြစ်ပြီး ရေစီးလမ်းကြောင်းများ သေချာဖောက်လုပ်ပေး ထားမှုမရှိသောကြောင့် စခန်းတွင်းတွင်ရေအမြဲပြည့်လျှံလျှက်ရှိနေသည်ဟု စခန်းတာဝန်ရှိသူကပြောသည်။ “ဒီနေရာကရေဝပ်တာကြောင့်ရေစီးကြောင်း သေချာစနစ်တကျဖောက်ပေးဖို့လိုမယ်။ အခုကအဲ့လိုမျိူး မလုပ်ပေးထားဘူး။ ဒါကြောင့် ရေကအမြဲပြည့်နေတယ်။ ရေဝပ်နေ တယ်ဆိုတော့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း အကောင်ပလောင်တွေ ဖောက်ဖွားတဲ့ပြဿနာကလည်းရှိလာတော့ ကျန်းမာရေး ပြဿနာ တွေလည်းရှိလာတယ်”ဟုပြောသည်။ ကျောက်တစ်လုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှာ ယခင်ကျောက်ဖြူမြို့ ကျောက်တစ်လုံး ဘုရားအနီးတွင် ရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလအတွင်းက ကျောက်ဖြူမြို့နှင့် ၃ မိုင်ကွာသည့် နေရာသစ်သို့ စစ်ကောင်စီမှ ပြောင်းရွေ့ပေးခဲ့ရာမှ ယခုကဲ့သို့ နေထိုင်ရေးအခက်ကြုံနေကြရခြင်းဖြစ်သည်။

ရေပြည့်လျှံနေမှုကြောင့် စခန်းတွင်နေထိုင်နေရသူများအနေဖြင့် အခက်ခဲများစွာဖြစ်ရသည့်အတွက် တာဝန်ရှိသူများ အနေဖြင့် စနစ်တကျ လုပ်ဆောင်ပေးစေလိုသည်ဟု စခန်းတွင်နေထိုင်သူ မွတ်ဆလင်တစ်ဦးက ပြောသည်။ “စခန်းပြောင်းပြီးက တည်းက လာကြည့်တာမရှိပါဘူး။ မပြောင်းခင်တော့ အပြောင်းဖြစ်ဖို့အရေး လာလာကြည့်တာနဲ့ တူပါတယ်။ ကျနော်တို့တောင်း ဆိုချင်တာကတော့ မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေရေက အမြဲပြည့်နေတယ်။ ဒီလိုဖြစ်နေတာ အကုန်လုံးအတွက် အဆင် မပြေပါဘူး။ ဒါကိုရှင်းပေစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ကျနော်တို့ကို နေရာ‌ ဟောင်းမှာ ပြန်နေရာချပေးစေချင်ပါတယ် ” ဟုဆိုသည်။ ကျောက်ဖြူ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီး ထိုအထဲမှ နေအိမ် ၁၀၀ ခန့်သာ ရေလွတ်ပြီး ကျန် ၂၀၀ ကျော်မှာ ရေအမြဲပြည့်သည့်ဖက်တွင် နေထိုင်နေကြရခြင်းဖြစ်သည်ဟု သိရသည်။ ကျောက်ဖြူရှိ ကျောက် တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ကျောက်ဖြူမြို့ အရာရှိ၊ ပိုက်သည်၊ တမန်ချောင်း၊ ပြင်ဖြူမော်စသည့်ရပ်ကွက်မှ မွတ်ဆလင်များကို နေရာချထားပေးခြင်းဖြစ်ပြီး အဆိုပါစခန်းတွင် အိမ်ထောင်စု ၃၈၆ စုနှင့် လူဦး ရေ ၁၅၀၀ ကျော်နေထိုင်လျှက်ရှိသည်။ https://www.facebook.com/photo/?fbid=742829407856488&set=pcb.7428296 64523129

၈။ သထုံမြို့ခံ လင်မယားနှစ်ဦး စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်တွေရဲ့ လှုံ့ဆော်မှုကြောင့် ဖမ်းဆီးခံရ
    September 11, 2023

စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေရဲ့လှုံ့ဆော်မှုကြောင့် သထုံမြို့မဈေးအတွင်းရှိ “လင်းလက်”အရုပ်နှင့်စာရေး ကိရိယာ အရောင်းဆိုင်ပိုင်ရှင် သထုံမြို့ခံ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ လေးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့ သိမ်ကုန်း ရပ်ကွက်ရှိ (၃၁) နှစ်အရွယ် ကိုမင်းဇေယျာချိုနဲ့ အသက် (၃၄) နှစ်အရွယ်ရှိ မဟန်ကျော်သက် တို့ရဲ့  နေအိမ်မှာ အင်အား အလုံး အရင်းနဲ့ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။“အဲ့ဒီညနေကသူတို့အိမ်ကိုလာဝိုင်းပြီးဖမ်းသွားတယ်ကြားတယ်၊ တယ်လီဂရမ်က လှုံ့ဆော်တယ်လို့ သတင်းထွက်တာရှိတယ်၊ အရပ်ထဲမှာတော့ မနာလိုလို့ ချောက်ချတယ်လို့လည်း ပြောနေကြတာရှိတယ် ” ဟု ၎င်းတို့နှင့်နီးစပ်ရာ မြို့မဈေးအတွင်းမှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ မဟန်သက်ကျော်ဟာ ပန်ဆယ်လိုရဲ့ ပိုစ်အောက်မှာ “လေယာဉ်ပုံစံ Drone ဆိုပီး မနဲရှင်းပြနေတာ တအား ရီချင်တာ” ဟု ကွန့်မန့် ဝင်ရေးခဲ့သည်ကို စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များမှ စလယ်ဆုံး ရဲရဲတောက်တွေဖြစ်တယ်ဆို ပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ လင်မယားနှစ်ဦးကို စစ်ကြောရေးသို့ ပိုဆောင်ထားကြောင်းသာ သိရှိရပြီး မည်သည့်နေရာမှာ ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေသည်ကို ခုချိန်ထိမသိရသေးပါဘူး။ မိသားစုဝင်တွေအနေဖြင့် မဟန်သက်ကျော် တို့ နှစ်ဦးနှင့် အဆက်အသွယ် ရရှိနိုင်ရန် ကြိုးစားနေပေမယ့် ယနေ့အထိ အဆက် အသွယ်မရရှိသေးဘူးလို့ နီး စပ်သူတစ်ဦးကဆိုပါတယ်။ စစ်တပ်ထောက်ခံ တပ်လီဂရမ်ချန်နယ်များတွင် ဖမ်းဆီးခံရသူ လင်မယားနှစ်ဦးအား စစ်တပ်/ရဲ နှင့် အစိုးရဝန်ထမ်းများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းရယူပြီး NUG/PDF ထံ သတင်းပေးပို့နေသူများအဖြင့် ပုံဖော်ဝါဒ ဖြန့်နေတာတွေ ရှိနေပါတယ်။ https://www.facebook.com/p hoto?fbid=655648906670263&set=a.606834888218332

၉။ ရခိုင်ရှိ လက်နက်ကိုင်နှစ်ဖွဲ့စလုံးကို ပြည်သူတွေ အခွန်ပေးနေကြရ
   September 11, 2023

ရခိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခပြည်သူ့အစိုးရလို့ဆိုတဲ့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကြား အာဏာအားပြိုင်နေကြသ လိုနှစ်ဖွဲ့စလုံးကိုအခွန်တွေပေးဆောင်နေကြရတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ ရခိုင်ပြည်ထဲသို့အဝင် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွေကနေ မောင်တောမြို့နယ် မြောက်ပိုင်းထိ ကားလမ်းမတွေမှာ နှစ်ဖွဲ့ စလုံးရဲ့ စစ်ဆေးရေးဂိတ်တွေရှိနေတယ်လို့လည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ မိုခါအလွန် ရခိုင်ပြည်သူလူထုတစ်ရပ်လုံး ဟာ ကုန်စျေးနှုန်းကြီးမြှင့်တဲ့ဒဏ်တွေကိုသာမက အခွန်အခပေးဆောင်နေကြရမှုဒဏ်တွေကိုလည်း ကြုံတွေ့ခံ စားနေကြရတယ် လို့ ဆိုကြပါတယ်။ ”စစ်တပ်ဂိတ်တွေကတော့ ကုန်ပစ္စည်းကိုကြည့်ပြီးတောင်းတယ်။ သူတို့ကိုဘယ်လောက်ပေး အဲဒီသဘော မျိုးပါ။ မပေးရင်လုံးဝဂိတ်ဖြတ်ခွင့်မပေးဘူး။”လို့ ရခိုင်မှကုန်ပို့ကိုယ်စား လှယ်တစ်ဦးက ပြောပါတယ်။ အဲဒီလိုနှစ်ဖွဲ့စလုံးကို အခွန် ပေးဆောင်နေကြရတာမို့ ငွေကြေးကုန်ကျမှုတွေများပြားသလို ကုန်စျေးနှုန်းတွေမြှင့်တက်နေရတာလို့ ရခိုင်ပြည်သူတွေကဆိုကြ ပါတယ်။ ”နှစ်ဖွဲ့စလုံးက အဲလိုကောက်နေတော့ ကျနော်တို့မှာ ကုန်တစ်ခေါက်ရောက်ဖို့ မနည်းကုန်ကျရပါတယ်။ ဒါကြောင့် ပုံမှန်စျေးနဲ့ရောင်းဖို့မဖြစ်နိုင်တော့ဘူး။ အမြတ်ရမယ့်ငွေတွေက အခွန်ပေးနေရတာနဲ့ညီမျှတယ်ဆိုတော့ ကျနော်တို့ နောက်ထပ် အမြတ်နည်းနည်းရဖို့ စျေးကို တင်ရောင်းနေရတာဖြစ်တယ်။”လို့ ရခိုင်ကုန်သည်တစ်ဦးက ပြောပါတယ်။

ရခိုင်မှာရက္ခိုင်တပ်တော် ထိန်းချုပ်နယ်မြေတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်ကောက်ခံနေသလို မြို့ပေါ် စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီက အခွန်ကောက်ခံနေပြီး ကုန်ကားသမားတွေကတော့ နှစ်ဖွဲ့စလုံးကို အခွန်ပေးနေ ကြရတယ်လို့ ဆိုကြပါတယ်။ ရခိုင်သို့ အထွေထွေကုန်ပစ္စည်းတွေလာပို့ကြတဲ့ ကု န်ကားတွေဆီကနေ ရက္ခိုင့်တပ်တော် (AA) က ကုန် စည်တန်ဖိုးရဲ့သုံးရာခိုင်နှုန်းကို ကောက်ခံနေတယ်လို့ ကုန်ကားသမားတွေက ဆိုကြပါတယ်။ “အေအေက ကောက်တာပါ။ သယ်ယူလာတဲ့ ကုန်ပစ္စည်းတန်ဖိုးက ၃% (ရာခိုင်နှုန်း) ကောက်တယ်။ သိန်းတစ်ထောင်ဖို့သယ်ယူလာတဲ့ကုန်ပစ္စည်းတွက် သိန်း သုံးဆယ်ပေးနေရတာပါ။”လို့ ရခိုင်သို့ ကုန်စည်သယ်ယူပို့ဆောင်ပေးနေတဲ့ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။ အဲဒီအပြင် စစ်ကောင်စီဂိတ်တွေကလည်း ကုန်ကားတွေမှာ သယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကိုကြည့်ပြီး တောင်းယူနေကြတယ်လို့ ဆိုကြပါ တယ်။ ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ရက္ခိုင်တပ်တော် (AA) တို့ကြား အခွန်ကောက်ခံမှုနှစ်ခုဖြစ်နေတာမို့ တချို့ကုန် စျေးနှုန်းတွေမတက်သင့်ဘဲတက်ကာ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါ တယ်။ https://www.facebook.c om/photo?fbid=634673248801698&set=a.583120797290277

၁၀။ TNLA တပ်ဖွဲ့ရှိရာ မိုးကုတ် ကုန်းစံရွာအနီးသို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်
     September 11, 2023

မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ၄ မိုင်ခန့်ဝေးတဲ့ ကုန်းစံကျေးရွာအထက်က ဘုရားကုန်းမှာ တအာင်းတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ TNLA ရှိရာသို့ စစ်ကောင်စီ တပ် က စစ်အင်အား ဖြည့်တင်းလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။“တိုက်ပွဲ က ၂ နာရီလောက်တော့ ကြာမယ်။ ကုန်းစံနဲ့ ဖြူရောင်ကြားပေါ့။ ကုန်းစံမှာက ဘုရားကုန်းရှိတယ်လေ။ အဲပေါ်မှာ TNLA တို့ နေရာယူထားတယ်။ တောင်မြင့်တဲ့နေရာကို နေရာယူထားတော့ တပ်မ ၃၃ လားမသိဘူး။ အောက်ကနေ တက်လာတော့ ဘုရား ကုန်း လည်းရောက်ရော တိုက်ပွဲ ဖြစ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရှိရသလို TNLA ဖက်ကလည်း ထုတ်ပြန်ထား တာ မရှိပါဘူး။ စက်တင်ဘာ ၈ ရက် ညပိုင်းမှာလည်း TNLA နဲ့ စစ်တပ်တို့ တောင်နီနဲ့ လယ်ကြီးကျေးရွာကြားမှာ ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သလို လက်နက်တချို့ကိုလည်း TNLA က သိမ်းဆည်းရမိခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၁၁ ရက်အထိ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၃၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fb id=631439519163316&set=a.40450 321519 0282

၁၁။  တိုက်ပွဲဖြစ်ပွားမှုနည်းသည့် တပ်မဟာနှစ်ခုအပါအဝင် တပ်မဟာသုံးခုမှတပ်မဟာမှူးများကို KNLA အပြောင်း         အလဲပြုလုပ်
    September 11, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တွင် တပ်မဟာမှူး သုံးဦးနှင့်ဗျူဟာမှူး သုံးဦး အသစ်ခန့်အပ်လိုက်ကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြခဲ့ရာ KNU သတင်းရင်း မြစ်က အတည်ပြုသည်။ ယခုရက်ပိုင်းအတွင်းပြုလုပ်ပြီးစီးခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၆ လ ပတ် တပ်မှူးများ အစည်းအဝေးတွင် တပ်မဟာ (၇) ၊ တပ်မဟာ (၆)၊ တပ်မဟာ (၄) တို့၏ တပ်မဟာမှူးများကို အသစ်ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ တပ်မဟာသုံးခုအနက် တပ်မဟာ (၇)နှင့် တပ်မဟာ(၄)တပ်များသည် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသည့် တပ်မဟာများဖြစ်သည်ဟု KNUက ထုတ်ပြန်သည့် တိုက်ပွဲသတင်းများအရ သိရသည်။ တပ်မဟာ (၄)၏ တပ်မဟာမှူးအသစ်မှာ ဒုတိယဗိုလ်မှူးကြီးစောဖိုးလေးဖြစ်ပြီး တပ်မဟာ (၆)၏ တပ်မဟာမှူးမှာ ဗိုလ်မှူးကြီးစောကို့ထူး၊ တပ်မဟာ (၇)၏ တပ်မဟာမှူးမှာ  ဗိုလ်မှူးကြီး စောဒိကွယ်ထူး တို့ဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။ ယခင် တပ်မဟာမှူးများမှာ တပ်မဟာ(၄)တွင် ဗိုလ်မှူးချုပ်စောလေးမူ၊ တပ်မဟာ(၆)တွင်  ဗိုလ်မှူးချုပ်စောဆာမိစေးဖိုး တပ်မဟာ (၇)တွင် ဗိုလ်မှူးချုပ်စောဖောဒို တို့ ဖြစ်သည်။ ထို့ပြင် တပ်မဟာ (၇)၏ ဗျူဟာမှူးအသစ်မှာ စောဖိုးဒူ ၊တပ်မဟာ (၆)၏ ဗျူဟာ မှူးအသစ်မှာ စောနယ်ဒါးထူး၊ တပ်မဟာ (၄)၏ ဗျူဟာမှူးအသစ်မှာ စောလေးသေ့ ဖြစ်သည်ဟုဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာမှူးအဆင့်သည် ဗိုလ်မှူးချုပ်ဖြစ်ပြီး တပ်မဟာ ဗျူဟာမှူး အဆင့်သည် ဗိုလ်မှူးကြီးဖြစ်သည်ဟု ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။ “ထူးခြားတာကတော့ လူငယ်နဲ့လူကြီး ဆိုတော့ အဲဒါထူးခြားတာပေါ့။ စစ်သားဆိုတာ အနည်းဆုံး အသက် ၇၀ဆိုတာ တာဝန်မယူရတော့ဘူးလေ”ဟု KNU သတင်းရင်း မြစ်ကပြောသည်။  တပ်မဟာမှူး အသစ်များအနက် တပ်မဟာ(၆)နှင့် တပ်မဟာ(၇) တပ်မဟာမှူးများသည် ယခင်က ဗျူဟာမှူး အဖြစ် တာဝန်ယူခဲ့ကြသူများ ဖြစ်သည်။ ဗျူဟာမှူးသည် တပ်မဟာတွင် တပ်ပိုင်းဆိုင်ရာ ဒုတိယအဆင့်ရှိသည့် ခေါင်းဆောင်ဖြစ် သည်။ တပ်မဟာမှူးအပြောင်းအလဲပြုလုပ်ရန် သက်ဆိုင်ရာ တပ်မဟာများ၌ သဘောထားရှိပြီးဖြစ်သကဲ့သို့ ပြီးခဲ့သည့် (၁၇)ကြိမ် မြောက် KNU ကွန်ကရက်တွင်လည်း ဆွေးနွေးမှုရှိခဲ့ပြီး ယခု KNLA တပ်မှူးများအစည်းအဝေး၌ လက်တွေ့ အကောင်အထည် ဖော်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ တပ်မဟာမှူးအပြောင်းအလဲက စစ်ရေးအပေါ်သက်ရောက်မှု ရှိ၊မရှိ မေးမြန်းရာ KNU သတင်းရင်းမြစ်က “တပ်မဟာမှူး အပြောင် းအလဲက စစ်ရေးအခြေအနေကတော့ သက်ရောက်မှုရှိတာပေါ့။ လူငယ်ဆိုတော့ နည်းနည်းပိုပြီးတော့ တွေးခေါ်မှုပိုင်းကျတော့ လူကြီးထက်ပိုမြန်တာပေါ့။”ဟု ပြောပြသည်။ https://www.facebook.com/p hoto/?fbid=644490 184416444&set=pcb.644491324416330

၁၂။ မြစ်ကြီးနားက ဘာသာရေးခေါင်းဆောင်များ စစ်ကောင်စီနှင့် ပူးပေါင်းရန်ပြော
    September 11, 2023

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင်ရှိသော ဘာသာရေးခေါင်းဆောင်များအနေဖြင့်  စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပြောသည်။ ဒေါ်ဒွဲဘူသည် ရှေ့နေနှင့် နိုင်ငံရေးသမားတဦးဖြစ်ပြီး ကချင်ပြည် နယ်ပြည်သူ့ပါတီ (KSPP) ၏ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသူ ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အသစ်ဖွဲ့စည်းသော စစ်ကောင်စီ၌ အဖွဲ့ဝင်အဖြစ် ပါဝင်လာသူလည်း ဖြစ်သည်။ ဒေါ်ဒွဲဘူအပါအဝင် ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာ ၁၀ ရက်တွင် မြစ်ကြီးနားမြို့ စိန်ကိုလန် ဘန်ကသီဒြယ် ကက်သလစ် အသင်း တော်၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ (MCC)၊ စီတာပူ နှစ်ခြင်းအသင်းတော်၊ လော်ဝေါ်နှစ်ခြင်းအသင်းတော်၊ လီဆူနှစ်ခြင်း အသင်းတော်၊ လွတ်လပ်သောတိုင်း ခရစ်ယာန်အသင်းတော်နှင့် ခရစ်တော်၏ တပည့်တော်များ အသင်းတော်တို့ နှင့် တွေ့ဆုံပြီး အလှူငွေများ ပေးအပ်ခဲ့ကြောင်း မြန်မာ့အလင်းသတင်းတွင် ဖော်ပြထားသည်။

ထို့သို့ တွေ့ဆုံစဉ်တွင် ဒေါ်ဒွဲဘူက တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ငြိမ်းချမ်းရေး ရရှိရေးအပြင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောသည်။ စစ်ကောင်စီသည် မြစ်ကြီးနားတွင် ဘာသာရေးခေါင်းဆောင်များကို စည်းရုံးနေသော်လည်း တဖက်တွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းဖြစ်သူ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ် ချထားသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် ခရီးသွားစဉ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် မန္တလေး လေဆိပ်၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရပြီး  မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲ ထောင်ချခံခဲ့ရသည်။ https://www. facebook.com/photo/?fbid=69869622897023 4&set=a.600722605434264

၁၃။ ရှမ်းမြောက်ပြည်သူ့စစ်ခေါင်းဆောင်များကို ‌စစ်ကောင်စီဥက္ကဋ္ဌ စည်းရုံးနေ
    September 11, 2023

အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ပြည်သူ့စစ် အဖွဲ့များမှ ခေါင်းဆောင်များကို ယမန်နေ့က တွေ့ဆုံ စည်းရုံးနေကြောင်း စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။ စစ်ကောင်စီဥက္ကဋ္ဌသည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် နမ့်ခမ်းမြို့မပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့စစ် ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့ကို ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံရာ၌ (ကြည်း၊ ရေ ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နယ်ခြားစောင့် တပ် ကြီးကြပ်ရေး ခေါင်းဆောင် ဗိုလ်မှူးကြီး ဝေဆန်း (အငြိမ်းစား)နှင့် အခြားသော ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများပါ တက်ရောက်ကြောင်း သိရသည်။ ပြည်သူ့စစ်များသည် နိုင်ငံ တော်အတွက် လုံခြုံရေးအရ အင်အားဖြည့် ပေးနေသည့် အင်အားစုဖြစ်ပြီး မိမိဆန္ဒအလျောက် မိမိနယ်မြေတည်ငြိမ်ရေး ဆောင်ရွက်နေသောအဖွဲ့များ ဖြစ်သဖြင့် လေးစား အသိအမှတ်ပြုကြောင်း၊ မိမိဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ၎င်းကပြောသည်။

စစ်ရေးလေ့လာသူတဦးကမူ စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့၏ တပ်များကို ထုတ်နုတ်ထားရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် စစ်ရေးတင်းမာလာသည့်အတွက် ပြည်သူ့ စစ်များ ကို ပိုမိုစည်းရုံးလာခြင်းဖြစ်ကြောင်း ဆိုသည်။ ၎င်းက “ရှမ်းမြောက်မှာ KIA နဲ့လည်း တိုက်ပွဲ ဖြစ်သလို TNLA နဲ့ လည်း တိုက်ပွဲ ပြန်ဖြစ်တယ်။ ကိုးကန့်နဲ့လည်း အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်လာနိုင်တဲ့အခြေအနေမှာ သူက ပြည်သူ့စစ်တွေကို ပိုပြီး အမှီသဟဲ ပြုလာတာ ဖြစ်တယ်လို့ပြောရမယ်။ ပြည်သူ့စစ်ခေါင်းဆောင်တွေကိုတွေ့ပြီး အခွင့်အရေးပေးပြီးတော့ သူ့ဘက်ပါအောင် စည်းရုံး တာပေါ့။ ဒီတိုင်း တွေ့ရုံတင်မကဘူး။ တချို့ အခွင့်အရေးတွေ ပေးလိမ့်မယ်ထင်တယ်။ စီးပွားရေးမက်လုံးပေးပြီး သူ့ရဲ့ ကျောရိုး အဖြစ် အသုံးချဖို့ ပိုကြိုးစားလာတာ ဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။ စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံသည့် ပြည်သူ့စစ် ခေါင်း ဆောင်များသည် ရှမ်းမြောက်ဘက်မှ ပြည်သူ့စစ်များဖြစ်ပြီး အဖွဲ့အများစုမှာ စစ်ကောင်စီ၏ အမာခံပြည်သူ့စစ်များဖြစ်ကြောင်း ၎င်းကပြောသည်။ https://www.facebook.com/ph oto?fbid=698622098977647&set=pcb.698622225644301

၁၄။ စစ်တွေဒေသခံ ၂ ဦးကို အေအေနှင့် ဆက်နွှယ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
     September 11, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဒေသခံ ၂ ဦးကို ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်ကောင်စီ တရားရုံးက စက်တင်ဘာ ၁၁ ရက် နေ့မှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုက ပြောပါတယ်။ ထောင် ဒဏ်ချမှတ် ခံလိုက်ရသူတွေဟာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား ဦးဘသိန်း (၅၇ နှစ်) နဲ့ သက္ကယ်ပြင်ရွာနေ ဦးဆော်လိမ် (ခေါ်) မောင်မောင်ခင် (၅ဝ နှစ်) တို့ဖြစ်ပြီး နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ တဦးကို ထောင် ၂ နှစ်စီ ချမှတ် ခံရတာပါ။ ထောင်ဒဏ်ချမှတ်ခံရသူရဲ့ မိသားစုဝင်တဦးက “တယောက်ကို ထောင်နှစ်နှစ်စီ ချလိုက်တာပါ။ ထောင်ချချင်လို့ ပုဒ်မ တွေပြောင်းပြီး မတရား တရားစွဲတင်ခဲ့ကြတာ။ သက်သေ အထောက်အထား ဘာမှမရှိပါဘူး” လို့ ပြောပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲကာလ ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်က စစ်တွေရှိ စစ်ကောင်စီ ရေတပ်အရာရှိ ၁ ဦးနဲ့ တပ်သား ၁ ဦးတို့ကို အေအေက ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့က အရပ်သား ၂၁ ဦးကို ဖမ်းဆီးခဲ့ရာမှာ သူတို့ ၂ ဦးလည်း ပါဝင်သွားခဲ့တာပါ။ အဆိုပါဖမ်းဆီးခံခဲ့ရသူ ၂၁ ဦးအနက် တချို့က လွတ်မြောက်သွားခဲ့သူတွေရှိသလို လက်ရှိအချိန်ထိ အေအေနဲ့ ဆက်စပ်သံသယနဲ့ တရားစွဲခံနေရသေးသူတွေလည်း ရှိနေသေးတယ်လို့ စစ်တွေမြို့မှ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ ရခိုင်ဒေသမှာ လက်ရှိအချိန်ထိ အေအေနဲ့ ဆက်စပ်သံသယနဲ့ တရားရင်ဆိုင်နေရသူပေါင်း  ၁ဝဝ ကျော်ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေသူ အရပ်သားနဲ့ ဝန်ထမ်း ၅၀၀ ကျော်ရှိတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ စာရင်းအရ သိရပါတယ်။ https://burmese.dvb.no/post/614456

၁၅။ စယ်လန်ရွာနီးမှာ စစ်တပ် နဲ့ TNLA ဘက်က စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ
     September 11, 2023

မူဆယ်မြို့နယ် စယ်လန်ကျေးရွာမှာ ဒေသခံတွေ စစ်ရှောင်နေရာကနေ နေရပ်ပြန်လာကြပေမယ့် ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့အတွက် စိုးရိမ်စိတ် နဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မူဆယ် နဲ့ နမ့်ခမ်းမြို့နယ်ကြား စယ်လန်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် ဒေသခံလူဦးရေ ၁ ထောင်ကျော် နီးစပ်တဲ့ မြို့ ကျေးရွာတွေကို ဩဂုတ် ၂၉ ရက်နေ့က စစ်ရှောင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၄ ရက်နေ့မှာ စစ်ရှောင်အားလုံး နေရပ်ပြန်လာနေ ထိုင်ကြပေမယ့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုစိုးရိမ်နေရတယ်လို့ စယ်လန်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။“ရွာသားတွေ အားလုံးတော့ ပြန်လာကြပါပြီ။ ဒါပေမဲ့ ရွာဝင်ရွာထွက် ဘေးပတ်ဝန်ကျင်တစ်ခုလုံးက စစ်တပ်နဲ့ TNLA နှစ်ဖက် စလုံး နီးနီးကပ်ကပ် လှုပ်ရှားသွားလာနေကြသေးတော့ ကျနော်တို့လည်း သတိနဲ့ စိုးရိမ်စိတ်နဲ့ပဲနေနေရတာပေါ့။ အခုက လုပ်ကိုင် စား သောက်ရေး ၊ သွားလာလှုပ်ရှားရေးမှာလည်း လမ်းတွေမှာ နှစ်ဖက်စလုံးက စစ်ဆေးရေးတွေ တင်းကြပ်တာတွေ အမျိုးမျိုးရှိ နေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲသံငြိမ်သက်သွားလို့ နေရပ်ပြန်လာကြပေမဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေက ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေ၊ အရပ်သားနေအိမ်တွေမှာ ဝင်ရောက်နေထိုင်မှုတွေ လုပ် ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ စယ်လန့်ကျေးရွာအနီးပတ်ဝန်းကျင် အခြေအနေနဲ့ ပတ်သက်ပြီး  ဒေသခံအမျိုးသား တစ်ဦးက  “လက်ရှိမှာတော့ တိုက်ပွဲအခြေအနေတင်းမာနေတာလည်း မဟုတ်ဘူး။ TNLA ဘက်ကလည်း ပြည်သူနေအိမ်တွေထဲ ကြိုက်သလို ဝင်နေရာယူ ဝင်အိပ်ပြီး အချင်းချင်းအရမ်းချောင်းမြောင်းကြသလို ပုံဖော်ပြီး တကယ်တော့ သူတို့အချင်းချင်းက နီးနီး ကပ်ကပ်ပဲလေ။ ကျနော်တို့ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေ နေတဲ့နေရာတွေမှာ ရည်ရွယ် ချက်ရှိရှိ နေထိုင်ဖို့ ကြပ်တည်းအောင် လိုက်လုပ်နေတယ်လို့ ပဲမြင်တယ်။”လို့ စယ်လန်ကျေးရွာဒေသခံက ပြောဆိုပါတယ်။ https://burmese.kachinnews.com/2023/09/11/ld1-60/

၁၆။ စကစ ငြိမ်းချမ်းရေးကြိုးပမ်းမှုအကြောင်း ကရင်လူထုများအား မန်းငြိမ်းမောင် လာရောက်ရှင်းပြခဲ့
     September 11, 2023

ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအခမ်းအနား တွင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်းတို့ စစ်ကောင်စီ ငြိမ်းချမ်းရေး ကြိုးပမ်းပေး နေမှုအခြေ အနေများ ကို ဒေသခံလူထုများအား လာရောက်ချပြရှင်းလင်းသွားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည် ချက်(၉) ရပ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပေးနေမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအပြင် စစ်ကောင်စီ၏ သဘာထားများ ပါ လူထုတွေ့ဆုံပွဲ တက်ရောက်လာကြသည့် ကရင်လူထုများနှင့် မြို့မိမြို့ဖများကို မန်းငြိမ်းမောင် က ရှင်းလင်းပြောကြားသွားခဲ့ သည်ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ပါတီနိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက ပြောသည်။“နစကအစိုးရရဲ့သဘော ထားတွေ လာပြီးရှင်းပြသွားတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှု ကြီးကြီးကျယ်ကျယ် ဖြစ်တယ်ဆိုတာ သူရှင်းပြတယ်ပေါ့လေ။ ဒုတိယအပိုင်းမှာတော့ NCA နဲ့ပတ်သက်တဲ့ဟာလာပြောတယ်။ အရင်ပြောနေကြအတိုင်းပါပဲ။ သိပ်ထူးတာမတွေ့ရဘူး”ဟု ပြောသည်။

၎င်းတွေ့ဆုံပွဲသို့ တက်ရောက်လာသူများက ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအကြောင်း အရာများနှင့် တိုင်းရင်းသားစာပေ သင်ကြားမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး အကြောင်း အရာများကို တင်ပြဆွေးနွေးခဲ့ ကြပြီး မန်းငြိမ်းမောင်က တောင်သူများအတွက် မြေဩဇာအချို့ကို ထောက်ပံ့ ပေးသွားခဲ့သည်ဟု မြို့ခံလူထုများက ပြောသည်။ စစ်ကောင်စီခန့် မန်းငြိမ်းမောင်နှင့်အဖွဲ့ဝင်များသည် လေကြောင်းခရီးစဉ်ဖြင့် မော်လမြို့တွင် ဆင်းသက်ပြီး မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့နှင့် ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်တို့ထံလာရောက်တွေ့ဆုံပြီးနောက် တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ၊ ဘားကပ်၊ မြိုင်ကလေး၊ ကော့ထမလိန်၊ ကော့လှိုက်၊ ရသေ့ပျံ၊ တော်ပုံကျေးရွာ အသီးသီးရှိ တောင်သူများအား မြေဩဇာအိတ် ၁ဝဝ နှင့် သဘာဝမြေဩဇာအိတ် ၁ဝဝ လာရောက်ပေးအပ်သွားခဲ့ ကြောင်း တောင်သူများထံမှ သိရသည်။ https://kicnews.org /2023/09/%e1%80%85%e1%80%8 0%e1%80%85-%e1%80%84%e1%80%bc%e1%80%ad%

၁၇။ အင်းလေး လူမှုရေးအသင်း နိုင်ငံရေး နှင့်ပတ်သက်ပြီး ပြောဆိုပါက အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
     September 11, 2023

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ လူမှုကူညီရေးအသင်းများ နိုင်ငံရေး နှင့် ပတ်သက်ပြီး ပြောဆိုမှုရှိပါက အဖွဲ့အစည်းကို ဖျက်သိမ်းပြီး အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း အင်းလေးဒေသအတွင်း နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ မီဒီယာများထံ ဖြေကြားပေးသည့်အပြင် နိုင်ငံရေး နှင့် ပတ်သက်စပ်ဆက်မှုရှိပါက အဖွဲ့အစည်းဖျက်သိမ်း ခံရမည်ဖြစ်ပြီး အရေးယူခံရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ အစည်းအဝေးခေါ်ယူကာ ပြောဆိုခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အခု ကျနော်တို့ ပရဟိတ အလုပ်လုပ်နေတော့ မြို့နယ်မှူးက အစည်းအဝေးခေါ်ပြီးပြောတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မပြောဖို့၊ တကယ်လို့ နိုင်ငံရေးနဲ့ ပတ်သက်လာမယ်ဆိုရင် ပရဟိတအဖွဲ့ ဖျက်သိမ်းခံရမယ်။ နောက်ပရဟိတ ထဲက အကြီးပိုင်းတွေ အရေးယူခံရမယ်လို့ ပြောထား တယ်”ဟု ၎င်းက ပြောသည်။

လာမည့်သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အင်းလေး ဘုရားပွဲတော် အတွင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။“အင်းထဲမှာ ဘုရားပွဲလုပ် ပြီး နောက်ညောင်ရွှေမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ခိုင်းတယ်။ ပျော်ပွဲ ရွှင်ပွဲလုပ်ခိုင်းတာက သူတို့ ပိုက်ဆံ ရတယ်လေ။ လောင်းကစား တွေလည်း သူတို့ ပိုက်ဆံအများကြီးရတယ်။ အဲ့ကြောင့် အခုအဲ့ဒါတွေ လုပ်ဖို့စီစဉ်နေတာ”ဟု အင်းလေးဒေသခံအမျိုးသား တစ်ဦး က ပြောသည်။ ထို့အပြင် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က လှုပ်ရှားနေလျက်ရှိပြီး ငါးရှေ့ာတိုက်သူကို ဖမ်းဖို့ အတွက် စက်လှေခဆိုပြီး တစ်အိမ်လျှင် ကျပ်ငွေ ၂ ထောင်ကျပ် ကောက်ခံမှုရှိနေကြောင်း၊ စစ်သင်တန်း စားရိတ်အတွက် တစ်အိမ်လျှင် တစ်လ ကျပ်ငွေ ၂,၅၀၀ ကောက်ခံနေကြောင်း သိရသည်။ https://burmese.shannews.org/archives/36659

၁၈။  တပ်ပြေးနဲ့ CDM ပြုလုပ်တဲ့ စစ်ကောင်စီတပ်သား များလာပြီးနောက် လွိုင်ကော်မြို့ထဲ စစ်ဆေးမှု ပိုတင်းကြပ်          လာ
     September 11, 2023

ကရင်နီပြည် လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက် နေရာတွေမှာ တပ်ပြေးနဲ့ CDM ပြုလုပ်တဲ့ စစ်ကောင်စီတပ်သားများလာ ပြီးတဲ့နောက် စစ်ဆေးမှုတွေ ပိုတင်းကြပ်လာတယ်လို့ မြို့နေပြည်သူတွေဆီက သိရပါတယ်။ အရင်ကတည်းက လွိုင်ကော်မြို့ထဲ စစ်ဆေးတာ တင်းကြပ်ခဲ့ပေမယ့် စက်တင်ဘာလ ဒုတိယအပတ်မှာတော့ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နဲ့ ဖုန်းတွေကိုပါ စစ်ဆေးတဲ့ အခြေအနေအထိ ဆိုးလာတယ်လို့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ကား ဆိုင်ကယ်တွေတားပြီး စစ်တယ်။ ဘာမှ မသင်္ကာစရာ မတွေ့တော့ လိုင်စင် စစ်တယ်။ ပြီးရင် သက်တမ်းကုန်နေပြီ ဘာညာပေါ့။ ဒီမှာပဲ ပိုက်ဆံ ပေးသွားမလား။ ရုံးအထိ အလုပ်ပျက်ခံပြီး လိုက်ဆောင်မလားပေါ့။ မော်တော်ပီကေ တစ်ယောက်မှ မပါဘူးနော်။ စခ (စစ်ကောင်စီ)တွေ သေနတ် တကားကားနဲ့ လုပ်စားနေတာ” စစ်ဆေးခံရတဲ့အချိန်မှာ ဒဏ်ငွေ ၁ သောင်းကျပ်ကနေ ၃ သောင်းကျပ်အထိ ပေးဆောင်ရပြီး ဖုန်း စစ်ဆေးရင်း ဖမ်းခံရတဲ့ လူငယ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ နာနတ်တော လမ်းဆုံ၊ ဂေါက်ကွင်း တက္ကသိုလ် အဝိုင်းပတ် စတဲ့နေရာအပြင် မြို့နေရာအနှံ့မှာ စစ်ကောင်စီတပ် အင်အား ၂၀ ခန့်နဲ့ ရှောင်တခင် လှည့်ပတ်စစ်ဆေးတာတွေလည်း ရှိတယ်လို့ မြို့ခံပြည်သူတွေက သတင်းပေးပို့ထားပါတယ်။ “တပ်ထဲမှာ ထွက်ပြေးတဲ့သူ ရှိနေတာကော၊ သူတို့မြို့ထဲမှာ နေထိုင်ရတာ မလုံမခြုံ ဖြစ်လာတာကြောင့်ကောပါမယ်။ ဘယ်အချိန် မြို့ထဲဝင်ပြီး သူတို့ကို လာဝင်တွယ်(တိုက်ခိုက်) သွားမလဲ စိုးရိမ်နေရတော့ ပြည်သူတွေကို မဲပြီးဒုက္ခပေးနေတာပေါ့။ ကုလားမနိုင် ရခိုင်မဲတာပေါ့” မြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လွိုင်ကော်မြို့သို့ ဩဂုတ် ၁၆ ရက်မှာ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ် စိုးဝင်း ရောက်လာပြီးတဲ့နောက်ပိုင်းကစပြီး ည ၉ နာရီကျော် အပြင်ထွက်တဲ့သူတွေကို စစ်ဆေးမေးမြန်းမှုမရှိဘဲ ပစ်မိန့် ပေးထားတယ်လို့ သိရပါတယ်။ https://www.facebook.com/p hoto/?fbid=631494099157858&set=a.404503215190282

၁၉။ ZRA က CDF-Tonzang စခန်းတစ်ခုကို တိုက်ခိုက်၊ CDF-Tonzang ရဲဘော်တစ်ဦးကျဆုံး
     September 11, 2023

စက်တင်ဘာ ၁၀ ရက်နေ့၊ မနက်ပိုင်း ၁၀ နာရီ ၀န်းကျင်မှာ ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်ရှိ CDF-Tonzang အမှတ် (၂) စခန်းကို အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် အခြေဆိုက် Zomi Revolutionary Army (ZRA) အဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ CDF-Tonzang ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း CDF-Tonzang က ထုတ်ပြန်ပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ZRA အဖွဲ့ ဖက်က ဒဏ်ရာရရှိမှုများကာ လုံတပ်ကျေးရွာဖက်သို့ တပ်ဆုတ်သွားကြောင်း၊ လုံတပ်ရွာ ဒေသခံများရဲ့ ဆိုင်ကယ် ၇ စီးကို ZRA အဖွဲ့၀င်များက လုယူထွက်ပြေးသွားကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ZRA အဖွဲ့က ခရစ်ယာန်တွေရဲ့ နေ့ထူး နေ့မြက်ဖြစ်သော တနင်္ဂနွေနေ့ကို မရှောင်ပဲ လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲတွင် CDF-Tonzang ရဲဘော်တစ်ဦး ကျဆုံးရသည့်ဖြစ်စဉ်ဟာ ဇိုမျိုးနွယ်စုသမိုင်းမှာ မမေ့အပ်သော သွေးစွန်းနေ့တစ်နေ့ ဖြစ်တယ်လို့  CDF-Tonzang က ထုတ်ပြန်ပါ တယ်။

ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ZRA နှင့် စစ်ကောင်စီပူးပေါင်းတပ်က CDF-Tonzang တပ်ဖွဲ့ရဲ့ ယာယီစခန်းတစ်ခုကို စီးနင်းသိမ်းပိုက်ခဲ့ပြီး CDF-Tonzang တပ်ဖွဲ့၀င်တစ်ဦး ကျဆုံးခဲ့ပါတယ်။ ZRA အဖွဲ့ကို အခြေအနေအရ မဖြစ်မနေ လက်တုန့်ပြန် တိုက်ခိုက်မည်ဟု စက်တင်ဘာ ၅ရက်နေ့က CDF-Tonzang က ထုတ်ပြန်ကြေညာခဲ့ပြီး ယနေ့ စက်တင် ဘာ ၁၀ရက်နေ့၊ တနင်္ဂနွေနေ့မှာ ZRA ဖက်က လက်ဦးမှုရယူကာ CDF-Tonzang အမှတ် (၂)စခန်းကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ https://www .facebook.com/photo?fbid=834399815359307&set=a.7166549 70467126

၂၀။  TNLA နဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီအများအပြား သေဆုံးတယ်လို့ မန္တလေး PDF အသိပေး
     September 12, 2023

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းပြုလုပ်တဲ့ “ကနောင်စစ်ဆင်ရေး” အတွင်း စစ်ကောင်စီအများအပြားသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါ တယ်။ ကနောင်စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကနေ စတင်ပြီး မတ္တရာ၊ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်တွေအတွင်းမှာ ပြုလုပ်ခဲ့တာလို့ မန္တလေး PDF က ကနဦးထုတ်ပြန်ပါတယ်။ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်(၁၀၁၄)ကို ဇူလိုင် ၁၅ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးခဲ့ပြီး စစ်ကူလာတဲ့ ကားကိုလည်း လုံးဝ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ PDF တစ်ဦးလည်း ကျဆုံးခဲ့ပါတယ်။ နောင်ချိုမြို့အနီးမှာ သြဂုတ် ၁၄ ရက်က စစ်ကောင်စီယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်မှာ ပါတဲ့ အရာရှိတစ်ဦးအပြင် ၁၅ ယောက်လုံးသေဆုံးခဲ့ပြီး လက်နက်တွေပါသိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ခုဟာ PDF ပူးပေါင်းအဖွဲ့နောက်လိုက်ကို စစ်ကြောင်းထိုးခဲ့တာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁၀ ယောက်သေဆုံးတယ်လို့ သိရပါတယ်။ သြဂုတ် ၂၆ ရက်မှာ စစ်ကောင်စီ တပ်နဲ့ အသင့်နေရာယူထားတဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ယောက်သေဆုံးတယ်လို့ ဆိုပါတယ်။ ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ် တောင်နီကျေးရွာအနီးက တာဝါတိုင်ကုန်းကို စက်တင်ဘာ ၈ ရက်မှာ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ယောက်သေပြီး PDF တစ်ဦး ကျဆုံးခဲ့ပါတယ်။ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်များမှာ စက်တင်ဘာ ၁၀ ရက်အထိ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ တပ်မ ၉၉၊ တပ်မ ၁၀၁ လက်အောက် ခံတပ်တွေဖြစ်တဲ့ ခလရ ၂၅၂၊ ခလရ ၂၅၇ နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ် (စကခ-၁) လက်အောက်ခံ ခမရ ၅၀၂ တို့က ပူးပေါင်း အင်အား ၄၀၀ ခန့်နဲ့ ထိပ်တိုက်စစ်ဆိုင်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ https://www.facebook.com/photo/?fbid=3350674 02213044&set=pcb.33506 8195546298

၂၁။ မြို့လှ KPDF ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ကျပ်နှစ်သိန်းစီပေးပြီး နေရပ်ပြန်ခွင့်ပြု
    September 11, 2023

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်း လှုပ်ရှားနေကြသည့်  တပ်မ (၈၈) လက်အောက်ခံ စစ်ကောင်စီတပ်များမှ တပ်ဖွဲ့ ဝင် သုံးဦးသည် ရွှေကူအခြေစိုက် မြို့လှ KPDF သို့ ခိုလှုံလာကြောင်း မြို့လှ KPDF က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။  တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၈) တပ်ရင်းမှ တပ်သား ရဝေအောင်၊ နိုင်လင်းဦး နှင့် ခလရ (၄၃၇) မှ ဇော်မင်းထွေး တို့သုံးသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၈)၊ အမှတ် (၅) တပ်ရင်း၊ မြို့လှ KPDF တပ်ရင်းသို့ ခိုလှုံလာ ခြင်းဖြစ်ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လက်နက်မပါ၊ ဒီတိုင်းထွက်ပြေးလာတာ။ ကျွန်တော်တို့ တပ်ရင်းကနေ တစ်ယောက်ကို ငွေသားနှစ်သိန်းစီပေးတယ်။ ပြီးတော့သူတို့နယ်မြေ၊ သူတို့မိသားစုဆီကို ပြန်ခွင့်ပေးတယ်။ ဒီနယ်မြေမှာတော့ မနေရဘူး။” အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် ဗန်းမော်မြို့နယ်အတွင်းရှိ မံမလင်းကျေးရွာအုပ်စုနှင့် ပါပေါင်းကျေးရွာအုပ်စုများတွင် လှုပ်ရှားနေသည့် စစ်ကြောင်း များ ထွက်ပြေးလာပြီး CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက်နေ့က ရွှေကူမြို့ နယ်၊ ကျောက်ကြီး ကျေးရွာရဲစခန်းနှင့် စစ်ကောင်စီစခန်းကို မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတစ်ဦးကိုလည်း ထောက်ပံ့ငွေများပေးအပ်ပြီး  နေရပ်သို့ပြန်ခွင့်ပေးလိုက်ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=699694588861101&set=a.605896064 907621

၂၂။ မြိတ်က ဆိပ်ခံဘောတံတားမှာ အမြန်ရေယာဥ်ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
     September 11, 2023

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ယောကြီးဝဆိပ်ခံဘောတံတားမှာ အမြန်ရေယာဉ်ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီတပ် က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တနင်္သာရီမြို့နယ်၊ ပဝရွာက အသက် ၃၁ နှစ်အရွယ် စာရေးမ မဇာခြည်နဲ့ သာရဖုံ(အနောက်)ရွာက အသက် ၃၀ ဝန်းကျင်အရွယ်အမြန်ယာဥ်မောင်းအမျိုးသားတို့ဖြစ်ပြီး မနေ့က မနက် ၁၀ နာရီလောက်မှာ အဖမ်းခံရတာလို့ သိရပါတယ်။ သူတို့ဟာ တနင်္သာရီမြို့နယ်၊ ပဝရွာဘက်ကနေ မြိတ်မြို့ဘက်ကို ထွက်ခွာသွားတဲ့ အမြန်ရေယာဥ်ပေါ်မှာလိုက်ပါသွားပြီး ဆိပ်ကမ်းကပ်ချိန် ရဲနဲ့ရေတပ်ကစစ်ကောင်စီတပ်သားတွေက မြိတ်မြို့ရဲ စခန်း ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

အဲဒီအမြန်ရေယာဥ်ထဲမှာ စားဆီငါးပိဿာဝင် အဝါရောင်ပုံးထဲမှာ ဘိန်းစာမှုန့် ၃၅ ထုပ်၊ ဟင်းသီးဟင်းရွက်ထုပ်ထဲမှာက ဘိန်းစာမှုန့် ၅ ထုပ်နဲ့ ဘိန်းစာရွက်ပြုတ်ရည်ထည့်ထားတဲ့ ကိုကာကိုလာဘူးကြီးတစ်ဘူးပါလာတာဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ လည်း ရှိပါတယ်။  အဖမ်းခံရတာလား ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခုက လုပ်ကြံ ထားသလိုမျိုး ဖြစ်နေတယ်။ ပစ္စည်းတွေလည်း တစ်ယောက်မှ လှေထဲဆင်းမကြည့်ဘဲနဲ့ လှေစာရေးနဲ့ ပဲ့နင်းကို ဗြုန်းစားကြီးဝင်ဖမ်းတယ်။ ဖမ်းပြီးမှ လှေဝန်းထဲကနေ အဲဒါတွေယူထုတ်သွားတာ”လို့ တနင်္သာရီမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဖမ်းခံရတဲ့နေ့ညနေမှာပဲ မဇာခြည်ကပြန်လွတ်လာပြီး အမြန်ယာဥ်မောင်းအမျိုးသားကတော့ ဒီကနေ့ထိ မြိတ်ရဲ စခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ https://www.facebook .com/photo/?fbid=332486439169112&set=a.196 212682796489

၂၃။ ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို ရဲ့ ဖခင်ကိုစစ်တပ်ကဖမ်းဆီး
    September 11, 2023

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင် ဦးကျော်အေးကို စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်း က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်သုံးဦးကနေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့  မိသားစုဝင်တွေ နဲ့ နီးစပ်သူတွေကပြောပါတယ်။ အသက် ၆၈ နှစ်အရွယ်ရှိ ဦးကျော်အေးကို တာမွေမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်တပ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က နဲ့ တရားစွဲဆိုလိုက်တယ်လို့သိရှိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်သုံးဦးဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ် လို့လည်း သိရှိရပါတယ်။

ကိုကျော်ကိုကို၏ ဖခင်  ဦးကျော်အေး ဟာပြီးခဲ့တဲ့ ရက်ပိုင်းကမှ မျက်စိခွဲစိတ်ကုသမှု ခံယူထားပြီး တခြားရောဂါတွေ အတွက်လည်းဆေးသောက်နေရသူတစ်ဦးဖြစ်တယ်လို့ မိသားစုဝင်တွေ နဲ့ နီးစပ်သူတွေက ပြောပါတယ်။  ကျောင်းသားခေါင်း ဆောင်ဟောင်းတစ်ဦးလည်းဖြစ် General Strike Committee – GSC မှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်တဲ့ ကိုကျော်ကိုကို  ကို အာဏာသိမ်းစစ်ကောင်စီက  ၅၀၅(က)နဲ့ ၂၀၂၁၊ မတ်လဆန်းပိုင်းကတည်းက ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။ https://www.fa cebo ok.com/photo/?fbid=737332415074834&set=a.501239188684 159

၂၄။ တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်ဘေးဒုက္ခသည် ငါးထော်ကျော်တိုးလာ
     September 11, 2023

တနင်္သာရီတိုင်းမှာ ဩဂုတ်လအတွင်း စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲတွေကြောင့်  စစ်ဘေးဒုက္ခ သည် ငါးထောင်ကျော် တိုးလာတယ်လို့ ဒုက္ခသည်တွေကိုကူညီနေတဲ့ ဒေါနတနင်္သာရီအဖွဲ့က စက်တင်ဘာလ ၁၁ ရက်မှာ ထုတ် ပြန်ပါတယ်။ ၂၀၂၃ ခုနှစ် ရှစ်လတာအတွင်းမှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးမှု ဒုတိယအများဆုံးလ ဖြစ်ပါတယ်။ အာဏာသိမ်း ချိန်ကနေ လက်ရှိအချိန်အထိ တနင်္သာရီတိုင်းအတွင်း စစ်ဘေးဒုက္ခသည် သုံးသောင်းခွဲနီးပါး ရှိလာပါပြီ။ ဒေါနတနင်္သာရီအဖွဲ့ရဲ့ စာရင်းတွေအရ ပုလောမြို့နယ်မှာ ၁၀၀၀၀ ကျော်၊ ရေဖြူမြို့နယ်မှာ ရှစ်ထောင်ဝန်းကျင်၊ လောင်းလုံးမြို့နယ်မှာ ၆၅၀၀ ကျော်၊ တနင်္သာရီမြို့နယ်မှာ လေးထောင်ကျော်၊ သရက်ချောင်းမြို့နယ်မှာ သုံးထောင်ကျော်၊ ထားဝယ်မြို့နယ်မှာ နှစ်ထောင် ကျော်နဲ့ ကော့သောင်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်ရာကျော် ရှိပါတယ်။

ဒီစာရင်းတွေဟာ မြေပြင်က အချက်အလက်တွေနဲ့ မီဒီယာတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ကောက်ယူ ထားပြီး ခေတ္တတိမ်းရှောင်နေရသူတွေနဲ့ အမြဲတမ်းတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ပါဝင်နေတယ်လို့ ဒေါနတနင်္သာရီက ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၉ ရက်အထိ တနင်္သာရီတိုင်းအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ဆယ်ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ https://www.fa cebook.com/photo/?fbid =701823945312344&set=a.583637430464330

၂၅။ စစ်တပ်က ဖားကန့်ပြည်သူ ၁၀ ဦးထက်မနည်းဖမ်းဆီး၊ အသတ်ခံရသည့် အမျိုးသားအလောင်းတွေ့
     September 12, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်မနက်က  ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ တာမခံကျေးရွာကနေ ဟောင်ပါးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA- PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်  ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဒေသခံ အမျိုးသားတဦးက  “မနက် အစောကြီး ၅ နာရီလောက် တာမခံမှာရှိတဲ့တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ် ပြီး အင်အား ၅၀ လောက်က ဟောင်ပါးရွာကို စစ်ကြောင်းထိုးလာတယ်။ အဲ့ဒီ စစ်ကြောင်းနဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေ  တိုက်ပွဲ ဖြစ်လိုက်သေးတယ်။  စစ်တပ်ဘက်က အခြေအနေ မကောင်းဘူးထင်တယ်။ အဲ့ဒါ ရှေ့ဆက်မတက်ဘဲ ပြန်ဆုတ်ပြီး လမ်းမှာတွေ့ တဲ့ ပြည်သူ ၁၀ ဦးလောက်ကို ဖမ်းသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တာမခံကျေးရွာဘက်ကနေ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် ဟောင်ပါး ကျေးရွာ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ဟောင်ပါးကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြ ရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်ကလည်း ဆိုင်းတောင်ကျေးရွာ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ KIO အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တဲ့အတွက် ၃ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရပြီး အယောက် ၃၀ ထက်မနည်း ဖမ်းဆီးသွား ခဲ့ပါသေးတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်း စီးဓားပြတိုက်မှု၊ လုယက် သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အတော်များများကို  ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။ https://burmese.dvb.no/p ost/614523

၂၆။ ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
     September 12, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုရားမဲ စစ်ဆေးရေး ဂိတ်ကို DGRF တပ်ခွဲ ၂ နှင့် ဥသြစစ်ကြောင်းတို့က စနိုက်ပါဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ် အနီး လမ်းလျှောက်နေသည့် စစ်သား ၃ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာလာစဥ် ၇၉ ၁ လုံး၊ ၈၀ မမ ၃ လုံး ဂိတ်အတွင်းကို ပစ်ထည့်ခဲ့ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=663352839225659&set=a.568142255413385

၂၇။ ရခိုင်မှာ ကူညီခွင့်ရသော်လည်း ကချင်နှင့် နိုင်ငံအရှေ့တောင်ပိုင်းတွင် ကန့်သတ်ခံထားရဆဲဟု ကုလပြော
     September 11, 2023

လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များ ရခိုင်မှာကူညီခွင့်ရရှိထားသော်လည်း ကချင်ပြည်နယ်နှင့်နိုင်ငံ အရှေ့ တောင်ပိုင်းဖြစ်သည့် ရှမ်း(တောင်)၊ ကရင်နီ (ကယား)၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ တို့တွင် ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း UN က စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။ ရခိုင်ပြည်အတွင်း မိုခါမုန် တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့်ဖြန့်ဝေရေးအစီအစဉ်များ ခွင့်ပြုချက်ရရှိထားပြီဖြစ်ကြောင်းနှင့် ကယ်ဆယ် ရေးပစ္စည်းအချို့ကိုလည်း ဖြန့်ဝေထားကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဆိုသည်။  မိုခါမုန်တိုင်းတိုက်ခတ်ပြီးကတည်းက ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအား ကူညီထောက်ပံ့ခွင့်ရရှိရေးကို UNOCHA က စစ်ကောင်စီထံသို့ ၃ လကျော်ကြာသည်အထိ ဆက်တိုက်တောင်းဆိုခဲ့ပြီးနောက် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။ ရခိုင်က မုန်တိုင်းသင့်ဒေသခံများမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီများပိုမိုပေးသွားရန်လို အပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်က ပြောသည်။ ယင်းအပြင် ကချင်ပြည် နယ်နှင့် နိုင်ငံအရှေ့တောင်ပိုင်းဖြစ်သည့် ကရင်နီ၊ ကရင်နှင့် ပဲခူးတိုင်း ဒေသတို့တွင် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာသောကြောင့် နေရပ်စွန့်ခွာရသူများနှင့် ဘေးဒဏ်သင့်ရပ်ရွာဒေသခံများအား အချိန်နှင့်တစ်ပြေးညီ အကူအညီများ ထိရောက်စွာ ပေးအပ်နိုင် ရေးကို အဟန့်အတားဖြစ်နေကြောင်း UNOCHA က ဆိုသည်။

ယခုအခါ နိုင်ငံတစ်ဝှမ်းက လူဦးရေ ၁ ဒသမ ၉ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်း ရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိကြောင်း UNOCHA က ပြောသည်။  စစ်ကောင်စီ အနေဖြင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များ လျှော့ပေါ့ပေးခြင်းနှင့် ရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကို တုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်နေသည်။ ၂၀၂၃ ခုနှစ်၏ ၈ လတာ ကာလ အတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဥ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းကိုသာ ရရှိထားသေးကြောင်း UNOCHA က ဆိုသည်။  မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ကြောင်းနှင့် ယင်းအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းကျော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများသည်။ https://www.facebook.com/photo?fbid=74282 4721190290&set=a.6827319 67199566

၂၈။ ပူတာအိုတွင် ဗိုလ်မှူး ၁ ဦးက ဒေသခံများ၏ မြေ ၁၀ ဧကကို မတရားသိမ်းယူ
    September 11, 2023

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတယောက်က  ပူတာအိုဒေသခံတွေရဲ့ မြေကွက် ၁၀ ဧက ကို မှောင်ခိုမြေဂရမ်တွေပြုလုပ်ကာ မတရားသိမ်းယူခဲ့ပါတယ်။ ပူတာအိုမြို့ ရဝမ်မနောကွင်းနားက မြေယာတွေဟာ ၁၉၈၀ ပြည့် နှစ်ကတည်းက ဒေသခံတွေရဲ့ တောင်ယာမြေဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကစတင်ကာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး စောထွန်းဆိုသူက မတရားသိမ်းဖို့ကြိုးစားနေတာဖြစ်တယ်လို့ မြေသိမ်းခံရတဲ့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။“ဗိုလ်မှူး ဆိုတဲ့သူက နေပြည်တော်မှာပဲနေတယ်လို့ သိရတယ်။ ဒီကိစ္စကို ကိုယ်တိုင်တွေ့ပြီး ဖြေရှင်းဖို့ တောင်းဆိုထားတာ အဲ့လူက မလာ နိုင်ဘူးလို့ပြောတယ်။ ခုက ဗိုလ်မှူးဆိုသူရဲ့ ကိုယ်စားလှယ်နဲ့ပဲ စကားပြောရတယ်။ သူတို့က ‌ဘယ်သူမှမသိအောင်‌ မှောင်ခို မြေ ဂရမ်တွေလုပ်ပြီး မြေကွက်တွေရောင်းဖို့ လုပ်နေတာပါ။” ဗိုလ်မှူးစောထွန်း သိမ်းထားတဲ့‌ မြေနေရာဟာ ပူတာအိုမြို့ ဒုတ္တန် ရပ်ကွက်နေ ဒေသခံတွေ နှစ်ပေါင်းကြာရှည်စွာ တောင်ယာစိုက်ခင်းပြုလုပ်ကာ အသက်‌မွေးဝမ်း‌ကျောင်း ပြုတဲ့နေရာ ဖြစ်တယ် လို့ ဒုတ္တန်ရပ်ကွက်‌နေ လူကြီးတဦးကလည်း ပြောပါတယ်။

“ဒီမြေကွက်တွေပေါ်မှာ တောင်ယာစိုက်ပျိုးရေးလုပ်လာတာ ကြာပြီ။ စိုက်ခင်းတွေရှိနေတော့ ခြံတွေ ကာထားရတာ ပေါ့။ ခုတော့ အဲခြံတွေ ဖယ်ရှားဖို့ပြောလာတယ်။ သူတို့မြေကွက်တွေဖြစ်လို့ အမြန်ဆုံး ဖယ်ရှားပေးရမယ်လို့ ခြိမ်းခြောက်ပြောဆို နေတာရှိတယ်။ သူတို့က စစ်တပ်အသိုင်းအဝိုင်းဆိုတော့ ဘယ်သူမှစကားမပြောရဲလို့ ခုလိုအနိုင်ကျင့်ခံရတယ်။ မြေကွက်သိမ်း ခံရတဲ့ မိသားစုဝင်တွေ ဝမ်းနည်းနေကြတယ်။” စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကို မြေဂရမ်ရအောင် ကူညီပေးတဲ့သူ‌တွေ ဟာ ပူတာအိုခရိုင်ထဲက စစ်တပ်အသိုင်းအဝိုင်းတွေ ဖြစ်တယ်လို့ ပူတာအို တက်ကြွလူငယ်တဦးက ပြောပါတယ်။ ပူတာအိုခရိုင် မှာ မြေယာသိမ်းခံရတဲ့အပြင် နွားခိုးခံရတဲ့ဖြစ်စဉ်တွေ မကြာခဏ တွေ့ကြုံရလို့ နေစရာမကောင်းတော့ဘူးလို့ ပူတာအို ဒေသခံ လူကြီးတဦးက ပြောပါတယ်။“ဒီနှစ်ထဲ ပူတာအိုမှာ မြေယာတွေသိမ်းခံရတယ်။ ရွှေ‌တူးဖို့ ချောင်းတွေ ဖျက်ဆီးခံရတယ်။ သူခိုး တွေပေါလာတယ်။ မူးယစ်ဆေးသမားတွေ ပေါလာတယ်။ ဘာတခုမှ အဆင်မပြေတော့လို့ နေစရာမကောင်းတော့ဘူး။ မြေကွက် သိမ်းခံရတဲ့ ကိစ္စကို ဆန္ဒပြဖို့ လုပ်နေကြတာ သူတို့က စစ်အာဏာရှင်တွေဆိုတော့ အသတ်ခံရမှာ၊ ဖမ်းဆီးခံရမှာကြောက်လို့ ခုထိငြိမ်နေရတယ်။” ပူတာအိုဒေသခံ ပြည်သူတွေက မတရားသိမ်းဖို့ ကြိုးစားတဲ့ မြေကွက်တွေကို ပြန်လည်ပေးဖို့ ရိုးရာအသင်း အဖွဲ့တွေကတဆင့် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/614447

၂၉။ တရုတ်ဘက်ကနေ ထွက်လာတဲ့ ‌ဒေသခံတွေကို ကျန်းမာရေးဌာနက ကိုဗစ်ပိုးစစ်ခဆိုပြီး မစစ်ဆေးပေးဘဲ ငွေ            တောင်းနေ
   September 11, 2023

မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ နန်းတော်ပေါက်နဲ့ဆင်ဖြူပေါက်မှာ တရုတ်ပြည်ကနေ ထွက်လာတဲ့ ‌ဒေသခံတွေကို စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနက ငွေကြေး ကောက်ခံနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မူဆယ်မှာ တရုတ်ပြည်ထဲဝင်ဖို့ အလည်အပတ်ကဒ် (TBP)ကို စလုပ်ပေးတဲ့ရက်ကစပြီး တရုတ်ပြည်ကနေ ထွက်လာတဲ့ ဒေသခံတွေကို ကိုဗစ် စစ်ပေးမယ်ဆိုပြီး မြန်မာလူမျိုးကို ၁ သောင်းခွဲ၊ တရုတ်လူမျိုးကို တရုတ်ယွမ်ငွေ ၅၀ ကောက်ခံနေတာပါ။“ကျန်းမာရေး စစ်ဆေးဖို့ဆိုပြီး ပိုက်ဆံတောင်းတာ ကိုဗစ်ပိုး စစ်ဖို့ပေါ့။ အဲဒီနန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်မှာ မြန်မာပဲထွက်ထွက် တရုတ်ပဲ ထွက်ထွက် မြန်မာဆိုရင် တစ်သောင်းခွဲ တရုတ်ဆိုရင် ၄၀ ယွမ် ၅၀ ယွမ် တောင်းတယ်။ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက တောင်းတာ။ လူ ဒုက္ခ ရောက်တယ်ပေါ့လေ။ ၁ သောင်းခွဲဆိုတော့ နည်းတဲ့ပိုက်ဆံမှမဟုတ်တာ”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကိုးဗစ်ပိုး စစ်‌ဆေးဖို့ဆိုပြီး ကောက်တယ်လို့ ပြောပေမယ့် ရောဂါပိုးကို စစ်ဆေးပေးတာမရှိပဲ ငွေသာ ကောက်သွားတယ် လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။“ဟုတ်ပါတယ်။ အပေါက်ဝမှာ လူစည်နေတာပဲ။ ဆက်ဆံရေးလည်း မကောင်းဘူး အော် တယ်။ ဟောက်တယ် ဆဲတယ် ဆူတယ်။ ကိုဗစ်စစ်ဖို့ဆိုပြီး ပြောတာပဲ။ ဒါပေမဲ့ ကိုဗစ်လဲ မစစ်ဘူး။ ဘယ်နှာခေါင်းမှလဲ မနှိုက် ဘူး။ ဒီအတိုင်းပဲ ပိုက်ဆံ ယူ ယူသွားတာ” တရုတ်ပြည်ထဲဝင်ရင် ကိုဗစ်ပိုးနဲ့ ကျန်းမာရေးကဒ်တွေ ဖြည့်စွက်ဖို့ မလိုတော့ပေမယ့် တရုတ်ပြည်ထဲက ထွက်လာတဲ့လူတွေကို ကျန်းမာရေးဌာနက ကိုဗစ်စစ်ဖို့ဆိုပြီး ငွေကြေး ကောက်ခံနေတာပါ။ တရုတ်နိုင်ငံထဲ ဝင်ထွက်သွားလာမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးဖို့ မလိုတော့တဲ့အပြင် တရုတ်ပြည် ဝင်ထွက်ခွင့် ကျန်းမာရေး ကဒ်မှာလည်း ဖြည့်စွက်ဖို့ မလိုတော့ကြောင်း ပြီးခဲ့တဲ့ ဩဂုတ် ၃ဝ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ https://www.face book.com/photo/?fbid=631335632507038&set= a.404503215190282

၃၀။ စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားများ ပညာသင်ကြားရန် အခက်အခဲရှိနေ
     September 11, 2023

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းမှ အဝေးသင် တက္ကသိုလ်ကျောင်းသား/သူတချို့မှာ ကုန်ဈေးနှုန်းနှင့် ပညာသင် စရိတ် မြင့်တက်နေမှုကြောင့် ပညာသင်ကြားရန် အခက်အခဲများရှိနေကြောင်း သိရသည်။“ဒီနှစ်တော့ ကျောင်းတက်ဖြစ်တော့ မှာ မဟုတ်ဘူး။ မိဘတွေလည်း အလုပ်အကိုင်အဆင်မပြေ၊ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတော့ ကျောင်းဆက်တက်ဖို့ တော်တော်အခက်အခဲရှိနေတယ်”ဟု ရသေ့တောင်မြို့၊ ရွှေပါရမီစစ်ဘေးရှောင်စခန်းနေ အရှေ့တိုင်းအထူးပြု ဒုတိယနှစ်ကျောင်း သူ မခင်မြတ်ဝေက ပြောသည်။ ပြီးခဲ့သည့်နှစ်က အဝေးသင်ကျောင်းသားတစ်ဦးလျှင် အဆောင်နေစရိတ် ငွေကျပ် ငါးသောင်း၊ ထမင်းစားစရိတ် ခုနစ်သောင်းကျပ်နှင့် ကျူရှင်လခ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်သာရှိခဲ့သည်။ ယခုနှစ်တွင် အဆောင်နေ စရိတ် ရှစ်သောင်းကျပ်၊ ထမင်းစားစရိတ် တစ်သိန်းနှစ်သောင်းနှင့် ကျူရှင်လခမှာလည်း နှစ်သိန်းဝန်းကျင်အထိ ဈေးမြင့်တက် နေကြောင်း ကျောင်းသား/သူများထံမှ သိရသည်။ “စာသင်စရိတ်က ဈေးကြီးတော့ ကိုယ့်အနေနဲ့ မတတ်နိုင်ဘူးဖြစ်နေတယ်။ စစ်ဘေးရှောင်ကျောင်းသားတွေ အတွက် စာသင်စရိတ်ထောက်ပံ့မှုတွေ ပေးမယ်ဆိုပြီးတော့ စာရင်းကောက်တာတွေရှိပေမယ့် အခုထိ ဘာမှထူးလာမသေးဘူး။ ဒီအခြေအနေနဲ့ ကျောင်းတက်ဖို့ကမသေချာဘူး”ဟု ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေး ရှောင်စခန်းမှ မြန်မာစာအထူးပြု ဒုတိယနှစ်ကျောင်းသူတစ်ဦးက ပြောသည်။ “ကျနော့်မှာ သားတစ်ယောက် အဝေးသင်တက်ဖို့ သွားရတော့မယ်။ ပိုက်ဆံ ဘယ်ကရှာရမလဲ မသိသေးဘူး။ အခုလည်း နေ့တိုင်းထမင်းစားနိုင်ဖို့ ပန်းရံလုပ်တယ်၊ မျှစ်သွားချိုးရ တယ်။ လူတွေမသွားရဲတဲ့နေရာတွေ တောထဲကိုသွားပြီး ဟင်းရှာရောင်းပြီး ပိုက်ဆံစုနေရတယ်” ဟု ကျောက်တော်မြို့၊ မီးရထား ဘူတာ စစ်ဘေးရှောင်စခန်းက ဦးဦးစောသိန်းက ပြောသည်။

လက်ရှိတွင် ပထမအသုတ် သိပ္ပံတွဲကျောင်းသား/သူများ တက်ရောက်နေကြပြီး ဒုတိယအသုတ် ဝိပ္ပံတွဲနှင့် တတိယ အသုတ် ဝိဇ္ဇာတွဲ ကျောင်းသား/သူများမှာ မကြာမီကျောင်းတက်ရတော့မည်ဖြစ်သည်။ ပညာသင်စရိတ်မှာ တစ်နှစ်ထက် တစ်နှစ် ကြီးမားသဖြင့် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်အပါအဝင် တက္ကသိုလ်ကျောင်းသား/သူတချို့မှာ ပညာဆက်မသင်တော့ဘဲ ပြည်ပသို့ထွက်ခွာမှုများရှိပြီး တချို့မှာလည်း မိမိဒေသအတွင်း ကြုံရာကျပန်းလုပ်ကိုင်ကာ ပညာသင်ကြားနိုင်ရေးကြိုးစားနေကြ သည်။“မိဘတွေမှာ အလုပ်မရှိကျပ်တည်းတော့ ကျောင်းတက်ဖို့ နေ့စားအလုပ်လုပ်ပြီးပိုက်ဆံစုနေတယ်။ အခု ကျောင်းတက်ဖို့ ပိုက်ဆံက မပြည့်သေးဘူး။ အမေကတော့ သူများဆီကချေးဖို့စီစဉ်နေတယ်။ နောက်နှစ်တော့ ရန်ကုန်သွားပြီး အလုပ်လုပ်တော့ မယ်။ မဟုတ်ရင် ကျောင်းဆက်တက်နိုင်မှာ မဟုတ်ဘူး” ဟု မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင် စခန်းမှ သမိုင်း အထူးပြု ဒုတိယနှစ်ကျောင်းသား ကိုကျော်လင်းဌေးက ပြောသည်။ ရခိုင်နှင့်ပလက်ဝဒေသတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၆ သောင်း နီးပါးရှိနေသေးပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် စိန်ခေါ် မှုများနှင့် ရင်ဆိုင်နေကြသည်။ https://www.facebo ok.com/photo/?fbid=695677995939133&set=a.643209801185953

၃၁။ ယာဉ်မှတ်ပုံတင်ခကို ၃ ဆ ပိုတိုးမြှင့်ပြီး ကောက်ခံဖို့စီစဉ်နေသည်ဟု စစ်ကောင်စီကြေညာ
     September 11, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း အခြေခံလစာနှုန်းမြှင့်တက်လာပြီး ယာဉ်စီးအရေအတွက်သည် လည်း တိုးမြင့်လာသောကြောင့် ယာဉ်မှတ်ပုံတင်ခကို ၃ ဆ ပိုတိုးမြှင့် ကောက်ခံရန် စီစဉ်သွားမည်ဟု စစ်ကောင်စီ၏ ကြေညာ ချက် အရ သိရသည်။ ခေတ်ကာလ နှင့် လျော်ညီမှုမရှိတော့သည့်အတွက် တိုးမြှင့်ကောက်ခံသင့်သည့် ကာလတစ်ခုသို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း၊ အခြေခံ လစာနှုန်းများသည် ယခင်ထက် တိုးမြှင့်လာခြင်း၊ ယာဉ်စီးရေသည်လည်း ယခင်ထက်များစွာ တိုးမြင့်လာသည့်အပြင် ယာဉ်တန်ဖိုးများလည်း မြင့်တက်လာခြင်းကြောင့် ယာဉ်မှတ်ပုံတင်ခကိုလည်း တိုးမြှင့်ကောက်ခံသွား မည်ဟု စက်တင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ယာဉ်မှတ်ပုံတင်ခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး မှတ်ပုံတင်သွားရောက် သက်တမ်းတိုးသည့် အချိန်၌ ကုန်ကျ စရိတ်ပိုများလာပြီး တစ်ဖက်တွင် ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်နေကာ ယာဉ်မှတ်ပုံတင် ပြုလုပ်ရန် ပိုခက်ခဲလာနိုင် ကြောင်း တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။“အခု လောလောဆယ်တော့ အားလုံးခက်ခဲနေတာ ၃ ဆ ဆို တော့ ပိုဆိုးမှာပေါ့။ ကားသက်တမ်းတိုးတုန်းက ၁ သိန်းလောက် ကုန်တာ။ ၃ ဆဆို မလွယ်ဘူး။ ၄ သိန်းလောက်ကုန်တယ်။ သက် တမ်း မတိုးဘူးဆိုရင်လည်း သက်တမ်းလွန်ဆိုပြီး ခေါင်းဖြူတွေ (ယာဥ်ထိန်းရဲ) စားကွက်ဖြစ်မှာပေါ့။ သူတို့တောင်းသလောက် ပေးနေရမယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။ ယခင် စစ်ကောင်စီ သတ်မှတ်ထားသည့် သုံးဘီးဆိုင်ကယ် သက်တမ်း (၂) နှစ် နှင့် ယာဉ်စစ်ဆေးခကို စုစုပေါင်း ၁၃,၀၀၀ ကျပ် ကုန်ကျရာ လက်ရှိမှာ ၄၃,၀၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်သည်။ https://burmese.shannews.org/arc hives/36667

၃၂။ ပုလောတွင် လက်နက်ကြီးကျည်စထိမှန်ပြီး PDF ရဲဘော်တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ
     September 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) က ယနေ့ စက်တင်ဘာလ ၁၂ရက် နံနက်တွင် ထုတ်ပြန် သည်။ ပလမြို့ တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်နှင့် စစ်သင်္ဘောများက လက်နက်ကြီးဖြင့် မြဒေါင်ကျေးရွာသို့ စက်တင်ဘာ ၁၁ ရက် ညဦးအချိန်မှ ညနက်သည်အထိ ပစ်ခတ်ခဲ့ကြောင်း အထက်ပါတပ်ရင်းနှင့် ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ့ကာကွယ်ရေးအမှတ် (၁) တပ်ရင်းမှ အသက် ၃၀ နီးပါးအရွယ် တပ်စိတ်မှူး ရဲဘော်ဇင်ကို ကျဆုံးခဲ့ပြီး အနီးရှိ ရဲဘော်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးအမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်နက်ကြီးလာကျပြီး ရဲဘော်ဇင်ကို ကျသွားတယ်။ ကျန်တဲ့နှစ်ဦးလည်း ထိပြီး တစ်ဦးက အနည်းငယ် စိုးရိမ်ရပါ တယ်” ဟု ၎င်းက ပြောဆိုသည်။ စက်တင်ဘာ ၁၁ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က မြဒေါင်ရွာသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် မွန်းလွဲချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲအ တွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးကျဆုံးပြီး လေးဦးဒဏ်ရာရကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထား သည်။ ယင်းနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး အဝေးမှ လက်နက်ကြီးများဖြင့် ညနက်သည်အထိ ပစ်ခတ်ခဲ့ ခြင်း ဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။   https://www.facebook.co m/photo/?fbid=676177354661616&set=a. 591171916495494

၃၃။ ပင်းဘောကျေးရွာအုပ်စု  ထုံးရေပေါက်ပြည်သူ့စစ်ဂိတ်တွင် လူငယ်နှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးဒဏ်ရာ               ပြင်းထန်ဟုဆို
    September 12, 2023

ကချင်ပြည်၊ မိုးကောင်းမြို့နယ် ၊ ပင်းဘောကျေးရွာအုပ်စု  ထုံးရေပေါက်ပြည်သူ့စစ်ဂိတ်အနီးတွင်  စက်တင်ဘာလ (၁၀) ရက်၊ ည (၁၂)နာရီအချိန်မှာ  လူငယ်နှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ်။ “ ထုံးရေပေါက်ရွာမှာ သူတို့က ရန်သွားဖြစ်ကြတာ လူငယ်တွေ ရန်ဖြစ်ပြီးပြန်လာတဲ့အခါကျတော့ ပြန်တဲ့အချိန်ကလည်း ၁၂ နာရီ ကျော်ပြီလေ ဂိတ်ကတားတဲ့အခါကျတော့ သူတို့ကမကြားတာလား ဘာလားတော့မသိဘူး မောင်းရင်းနဲ့ ကင်းပုန်းဝပ်တဲ့ဟာက ပစ်ခဲ့တာသူတို့ကို”ဟု ဖြစ်စဉ်ကိုသိရှိသူ ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။  ကျည်ထိမှန်သွားသူ လူငယ်နှစ်ဦးတွင် တစ်ဦးမှာ လက်မောင်းကို ထိမှန်ပြီး နောက်တစ်ဦးက တင်ပါးဆုံကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တင်ပါးဆုံထိမှန်သူလူငယ်က စိုးရိမ် ရတဲ့ အခြေအနေရှိနေတယ်လို့ စုံစမ်းသိရပါတယ်။ သေနတ်ပစ်ခံရပြီး ကျည်ထိမှန်သွားသူ နှစ်ဦးမှာ အသက်(၁၆)နှစ် ဝန်းကျင် သာရှိသေးတဲ့ ကုန်းတန်းကြီးကျေးရွာက  လူငယ်များဖြစ်တယ်လို့ ဟု သိရပြီး ၎င်းတို့ကို ပြည်သူ့စစ်များက ပစ်ခတ်ခဲ့တာလို့လည်း  ကုန်းတန်းကြီးကျေးရွာသားတွေက အတည်ပြုပါတယ်။

ဖြစ်စဉ်ဟာ ပစ်ခတ်ခံရတဲ့  လူငယ်နှစ်ဦးအပါအဝင် လူငယ် (၈)ဦးခန့်ဟာ  ထုံးရေပေါက်ကျေးရွာမှာ ခိုက်ရန်ဖြစ်ပွားပြီး နောက် ပြန်လာရာ အဆိုပါဂိတ်အရောက်မှာ ပြည်သူ့စစ်တွေက  အော်ဟစ်တားဆီးပေမယ့်လည်း  ဆိုင်ကယ်ကိုရပ်တန့်ခြင်းမရှိ ကြတာကြောင့် ပစ်ခတ်ခဲ့တာဖြစ်သည်ဟု ဒေသခံတွေဆီကနေသိရပါတယ်။ ထိခိုက်သူလူငယ် နှစ်ဦးကို ပင်းဘောပြည်သူ့ဆေးရုံ ကနေ  မြစ်ကြီးနားဆေးရုံသို့ ပြောင်းရွှေ့ကာ ခွဲစိတ်မှု ပြုလုပ်နေတယ်လို့သိရပါတယ်။ https://www.facebook.com/pho to/?fbid=740544558083564&set=a.681589937312360

၃၄။ သထုံမြို့နယ် စစ်ကောင်စီ၏ ပိန္နဲတောစခန်း တစ်ပတ်အတွင်း လေးကြိမ်ထက်မနည်း တိုက်ခိုက်ခံရ
     September 11, 2023

သထုံမြို့နယ် ပိန္နဲတော ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ပိန္နဲတော စစ်စခန်းအား တော်လှန်ရေး အင်အားများမှ နေ့စဉ် ရက် ဆက်နီးပါး သွားရောက်ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။ KNU တပ်မဟာ (၁) KNLA + PDF  တပ်ရင်း(၂) တပ်ခွဲ(၃) ၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့ နှင့် တပင်ရွှေထီးစစ်ကြောင်း တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့မှ ပြီးခဲ့တဲ့ စက်တင် ဘာ လ ၃ ၊ ၄ ၊ ၅ နဲ့ ၉ ရက်နေ့တွေမှာ ၎င်း စစ်ကောင်စီ၏ ပိန္နဲတော စစ်စခန်းအား ဆက်တိုက်ဆိုသလို သွားရောက်တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်နေတာတော့ လေးငါးရက်လောက်ရှိပြီး ၉ ရက်နေ့ကဆို မနက်ရှစ်နာရီလောက်ကစပြီး ဒရုန်းတွေနဲ့ စတိုက်တယ်၊ ဒီကောင်တွေဘက်က ကျွန်တော်တို့ ရှိနိုင်မယ့်‌နေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပြန် ပစ်နေတာတွေလည်း ရှိတယ် ” လို့ စစ်ဆင်ရေးတွင် ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ၏ စကခ (၈) ဗျူဟာ (၃) လက်အောက်ခံ ၎င်း ပိန္နဲတော စစ်စခန်းအား ပူးပေါင်း တပ်ဖွဲ့တွေမှ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၊ ၄၊ ၅၊ ရက်နေ့ တွေမှာလည်း Drone ဗုံးသီး (၄၂) လုံးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်မှ အနည်းဆုံး တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုနိုင်ပြီး မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ ပူးပေါင်းတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။ ထိခိုက်ဒါဏ်ရာ ရရှိခဲ့သူများကို စက်တင်ဘက်လ (၆) ရက်နေ့တွင် ပိန္နဲတော စခန်းမှ ညောင်တုန်း BGF စခန်းသို့ သွားရောက်ပို့ဆောင်ခဲ့သည်ကို သိရှိခဲ့ရပြီး ၎င်းတို့အပြန်ကို ဒုံသမိချောင်း ဖောင်ကူးဆိပ်တွင် လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၃) ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ဆက် ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ၊ ၂၉ နဲ့ ၃၀ ရက်နေ့ တွေကလည်း ၎င်းပိန္နဲတော စစ်စခန်းနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲ ထားတဲ့ ပိန္နဲတောအလယ်ရွာ အနီးကို ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါသေးတယ်။ တပင်ရွှေထီး စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အတွင်း ဖြစ်ပွားခဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၀ ဦး ထပ်မနည်း သေဆုံးနိုင်ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ https://www.facebook.com/photo?fbid=656576969910790&set=a.606834888218332

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။