• Today is: Friday, April 26, 2024

ကယားျပည္နယ္မွ ႏိုင္ငံေရးတက္ျြကလႈပ္ရွားသူတစ္ဦးနဲ႔ ေတြ႕ဆံုျခင္း

ကယားျပည္နယ္မွ ႏိုင္ငံေရးတက္ျြကလႈပ္ရွားသူတစ္ဦးနဲ႔ ေတြ႕ဆံုျခင္း

 

လက္ရွိမွာဆိုရင္ စကစက အာဏာသိမ္းတာဟာ ငါးလတာကို ေက်ာ္ခဲ့ၿပီ။ အေရးေတာ္ပံုမွာ ပါဝင္ေနတဲ့ တိုင္းရင္းသားလူငယ္တစ္ေယာက္အေနနဲ႔ ျမန္မာႏိုင္ငံ ရဲ႕ အေျခအေနကို ဘယ္လိုမ်ား သံုးသပ္မိပါသလဲ။

ျမန္မာႏိုင္ငံရဲ႕ အေျခအေနကေတာ့ စစ္ကြ်န္ဘဝ က ႐ုန္းထြက္လို႔မရသမွ် ဒီလိုအျဖစ္မ်ိဳးနဲ႔ ႀကံဳေနရမွာပဲ။ လူမ်ိဳးႀကီးစိတ္အေျခခံတဲ့ ႏိုင္ငံေရးကိုသြားေနသမွ် ဒီလိုအျဖစ္ဆိုးနဲ႔ပဲ ႀကံဳေန ရဦးမွာပဲ။ ဒီငါးလအေတာ အတြင္းမွာ စစ္တပ္ရဲ႕ပံုရိပ္မွန္ကိုျမင္သူေတြဟာ တိုင္း ရင္းသားခုခံစစ္ကို ကိုယ္ခ်င္းစာတက္လာတယ္။ ဒါက လည္း ေကာင္းတဲ့အပိုင္းပဲ။ ဒီလိုမ်ိဳး ကိုယ္ခ်င္းစာရာ ကေန တဆင့္ သူတို႔ကိုယ္တိုင္ လက္နက္ဆြဲကိုင္လာ တာမ်ိဳးလည္း ရွိလာတယ္။ ဒီလို ႏိုင္ငံေရး ျပႆနာကို စုေပါင္းေတာ္လွန္ေျဖရွင္းလိုက္တာက စစ္အာဏာ ရွင္စနစ္ ျမန္ျမန္ျပဳတ္က်သြားဖို႔အတြက္ နည္းလမ္း တစ္ခုပဲလို႔ ယူဆတယ္။

စကစက အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံအဝန္းမွာ နည္း လမ္းမ်ိဳးစံုနဲ႔ ေတာ္လွန္ေရး လႈပ္ရွားမႈေတြ ေပၚေပါက္ လာတယ္။ အခုထိလည္း ဆက္တိုက္ျဖစ္ေပၚေနတုန္း ပါပဲ။ ဒီေတာ္လွန္ေရးလႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး ဆရာ့အျမင့္ကို ေျပာျပေပးပါ။

မတရားတာေတြက ဥပေဒျဖစ္လာရင္ ေတာ္လွန္ ဖို႔က ကြ်န္ေတာ္တို႔တာဝန္ပဲေလ။ အဏာသိမ္းၿပီးက တည္းက လုပ္သမွ်အားလံုးက မတရားမႈေတြပဲဆိုေတာ့ ေတာ္လွန္ရမွာပဲ။ ဒါေပမဲ့ ေတာ္လွန္တဲ့အခါမွာ တစ္ခု ေကာင္း တစ္ေယာက္ေကာင္း ေတာ္လွန္လို႔ေတာ့ မရဘူး။ လမ္းေပၚထြက္ ဆႏၵခ်ည္းပဲ ျပလို႔မရသလို CDM ခ်ည္းပဲနဲ႔လည္း မရဘူး။ လမ္းေပၚလည္းထြက္ရမယ္ CDM လည္း ဆက္လုပ္ရမယ္။ ႏိုင္ငံတကာ ေထာက္ခံ မႈရေအာင္လည္း လုပ္ရသလို လက္နက္ဆြဲကိုင္ၿပီး ေတာ့လည္း ေတာ္လွန္ရမယ္။ ဒါေတြက တစ္ခုၿပီးမွ တစ္ခုလုပ္လို႔မရဘူး အားလံုးတစ္ၿပိဳင္တည္း လုပ္မွ ရမွာ။

ျမန္မာျပည္ရဲ႕ အာဏာသိမ္းမႈျဖစ္စဥ္နဲ႔အၿပိဳင္ CRPH ဆိုတာ ေပၚလာတယ္။ အဲဒီေနာက္ NUG ဆိုၿပီး ဆက္ လက္ျဖစ္ေပၚလာတယ္။ လက္ရွိအေနအထားေတြအရ အဲဒီအဖြဲ႕အစည္းေတြရဲ႕ ျမန္မာ့ေႏြဦးေတာ္လွန္ေရး အေပၚ ဦးေဆာင္ဦးရြက္ျပဳႏိုင္မႈနဲ႔ လုပ္ေဆာင္ခ်က္လုပ္ ငန္းစဥ္ေတြအေပၚ ဘယ္လိုအက်ိဳးျဖစ္ထြန္းမႈေတြ ရွိ ေနလဲဆိုတာ ေဆြးေႏြးေပးပါ။

CRPH ပဲေျပာေျပာ NUG ပဲေျပာေျပာ NUCC ပဲေျပာေျပာ ဒါေတြအားလံုးက လူထုက အတင္းတြန္း လို႔ ျဖစ္လာတာပဲ။ သူတို႔အေတြးအေခၚနဲ႔ဆိုရင္ အခုထိ စလံုးေရး စေနတုန္းပဲရွိဦးမွာ။ နည္းလမ္းမွန္မွန္နဲ႔ စိတ္ ေစတနာမွန္မွန္နဲ႔လုပ္ဖို႔ လိုအပ္တယ္။ ငါတို႔က ေရြး ေကာက္ခံေတြပဲဆိုၿပီး မာနတက္လို႔မရဘူး။ ေတာ္လွန္ ေရးလုပ္ရင္ အားလံုး လက္ရည္တစ္ျပင္တည္း လုပ္ ရမွာပဲ။ ဒါ့ေၾကာင့္ ခုနကေျပာခဲ့တဲ့ အစုသံုးစုရဲ႕ ဦးေဆာင္မႈကို အားမရတာေတာ့ အမွန္ပဲ။

ျမန္မာ့ေႏြဦးေတာ္လွန္ေရးနဲ႔ ပတ္သက္ၿပီး EAOs ေတြရဲ႕ ရပ္တည္ခ်က္၊ သသေဘာထားေတြအေပၚမွာ ေရာ ဘယ္လိုသံုးသပ္မိပါသလဲ။

EAI ကေတာ့ EAO အေတြး ေတြးမွာပဲ။ ကြ်န္ေတာ္တို့ေမ့ထားလို႔ မရတာကေတာ့ ေႏြဦးေတာ္ လွန္ေရးမတိုင္ခင္ ဆယ္စုႏွစ္မ်ားစြာကတည္းက အဲဒီ အဖြဲ႕ေတြက ရည္မွန္းခ်က္ ရည္ရြယ္ခ်က္ေတြ အမ်ား ႀကီးနဲ႔ဖြဲ႕စည္းထားၿပီး အဖြဲ႕အစည္းျဖစ္တယ္ဆိုတာ ကိုပဲ။ အခု ေႏြဦးေတာ္လွန္ေရးရဲ႕ ရည္ရြယ္ခ်က္က သူတို႔နဲ႔အနည္းငယ္ ဆင္ရင္လည္းဆင္မယ္ တူရင္ လည္း တူမယ္။ ဒါေပမဲ့ အလံုးစံု ႀကီးေတာ့ သြားတူမေန ဘူး။ ဥပမာ ကရင္ေတာ္လွန္ေရးဆိုရင္ လြတ္လပ္ေရး စယူ ကတည္းက ျဖစ္ေပၚလာတဲ့ေတာ္လွန္ေရးဗ်ာ၊ KNU မွာ ေစာဘဦးႀကီးခ်မွတ္ထား တဲ့မူေတြ ရွိတယ္ ဗ်ာ၊ သူတို႔က အဲဒီမူေတြနဲ႔ လႈပ္ရွားေနတာဗ်။ အခု ေႏြဦးေတာ္လွန္ေရး မွ ထလုပ္ေနၾကတာမွမဟုတ္ဘဲ။ အဲဒီေတာ့ သူတို႔နဲ႔တူတာကိုစုၿပီး လုပ္၊ မတူတာကိုခြဲၿပီး လုပ္႐ံုပဲရွိမယ္။ ေသခ်ာတာကေတာ့ အားလံုးက အာဏာရွင္စနစ္ အျမစ္ျပတ္ေရးကိုပဲ လုပ္ေနၾကတာ ပါပဲ။

လက္ရွိ ျမန္မာ့အေရးေၾကာင့္ အနာဂတ္ဖက္ဒရယ္ျပည္ ေထာင္စုျဖစ္လာဖို႔ ဘယ္လိုအခက္အခဲေတြ ျဖစ္ေပၚ လာႏိုင္မလဲ။ ျမန္မာႏိုင္ငံသားေတြအတြက္၊ တိုင္းရင္း သားမ်ားအတြက္ ဖက္ဒရယ္ျပည္ေထာင္စု တည္ ေဆာက္ေရးအေပၚ ဘယ္လိုအက်ိဳးဆက္ေတြ ဆက္ ျဖစ္လာႏိုင္မယ္လို႔ ျမင္မိပါသလဲ။

လက္ရွိအေနအထားအရေတာ့ ဖက္ဒရယ္ ျပည္ ေထာင္စုဆိုတဲ့ ပန္းတိုင္ကိုသြား ဖို႔က ဒီတိုင္းျပည္မွာ ရွိေနတဲ့သူေတြကိုယ္တိုင္ ျပည္ေထာင္စုကို အယံု အၾကည္ရွိေန ဖို႔လည္း လိုအပ္ေသးတာကိုးဗ်။ ၁၉၄၈ မွာ စျဖစ္လာတဲ့ ျပည္ေထာင္စုဆိုတာက ျပည္ေထာင္စု ရဲ႕ အႏွစ္အရသာမွ မရွိဘဲနဲ႔။ ၁၈၈၅ မတိုင္ခင္ သမိုင္း ပံုျပင္တခ်ိဳ့ကို စိတ္ကူးယဥ္ၿပီး တည္ေဆာက္ခဲ့ၾကတဲ့ အခါမွာ အလိုလိုေနရင္း ဗမာက ေခါင္းေဆာင္ ျဖစ္လာတာပဲေလ။ ဆိုေတာ့ဗ်ာ ဖယ္ဒရယ္ရဲ႕ အႏွစ္သာရ ကိုယ္တိုင္မွာကိုက လြတ္လပ္ ၿပီး သီးျခားတည္ရွိေနတဲ့ တိုင္းျပည္ေတြက ကိုယ့္သေဘာ ကိုယ့္အက်ိဳးစီးပြား အရ စုေပါင္းေနထိုင္ၾကဖို႔ လိုအပ္တဲ့အတြက္ လုပ္ပိုင္ ခြင့္အခ်ိဳ႕ကို ခြဲေဝေပးအပ္ၿပီး စုေပါင္း ေနထိုင္ၾကျခင္းပဲ မဟုတ္လား။ ေနာင္ အနာဂတ္ ဖက္ဒရယ္ႏိုင္ငံျဖစ္ဖို့ ဆိုရင္ အရင္ဆံုး အသိသြင္းေပးရမွာက ေနရာေဒသ အသီးသီး နယ္ေျမအသီးသီးဟာ လြတ္လပ္ေသာ နယ္ေျမမ်ားျဖစ္ၾကတယ္ဆိုတာကို နားလည္လက္ခံ လာေအာင္ လုပ္ရမွာပဲ။

ႏိုင္ငံတကာကလည္း ျမန္မာ့အေရးကို ေစာင့္ၾကည့္ ေနၾကတာ ေတြ႕ရပါတယ္။ ျမန္မာလူထုကေတာ့ သိပ္ အားမရဘူးေပါ့။ ဆရာ့အေနနဲ႔ ျမန္မာအေရးနဲ႔ပတ္ သက္ၿပီး ႏိုင္ငံတကာရဲ႕အျမင္ကို ဘယ္လိုသံုးသပ္ခ်င္ပါ သလဲ။

ႏိုင္ငံတကာနဲ႔ ပတ္သက္ရင္ေတာ့ အခုလုပ္ေန တဲ့ ျပည္ပအသိအမွတ္ျပဳမႈ ေလာက္ကိုပဲ ဒီထက္မ်ား သထက္မ်ားလာေအာင္ အတည္ယူႏိုင္ရင္မဆိုးပါဘူး။ စစ္အုပ္စုဖက္ကေတာ့ ႐ုရွားနဲ႔ တ႐ုတ္တို႔ကေန အသိအမွတ္ျပဳမႈေရာ စစ္လက္ နက္ေရာ ရေနတာဆိုေတာ့ ဒီစစ္လက္နက္ကိုယွဥ္ႏိုင္မယ့္ ပံုစံမ်ိဳးပဲေမွ်ာ္လင့္ပါတယ္။ ကြ်န္ေတာ္တို႔သိရမွာတစ္ခုက ကြ်န္ေတာ္တို႔ဟာ ပြန္းပဲ့တဲ့အနာကို ေဆးထည့္ၿပီး ေပ်ာက္ေအာင္လုပ္ေန ရတဲ့ အေျခအေနမဟုတ္ဘူး ႏွစ္ေပါင္း ၇၀ နီးပါး စြဲကပ္ လာ တဲ့ ျပည္တည္နာကို ရွင္းရွင္းေပ်ာက္ေအာင္ ကုခ်င္ တာျဖစ္တယ္။ ဒါေၾကာင့္ ဓားနဲ႔ျခစ္ ထုတ္ရခ်င္လည္း ျခစ္ရမယ္၊ ျဖတ္ထုတ္ရမယ္ဆိုရင္လည္း ျဖတ္ထုတ္ရမွာပဲ။

 

Unicode

ကယားပြည်နယ်မှ နိုင်ငံရေးတက်ြွကလှုပ်ရှားသူတစ်ဦးနဲ့ တွေ့ဆုံခြင်း

 

လက်ရှိမှာဆိုရင် စကစက အာဏာသိမ်းတာဟာ ငါးလတာကို ကျော်ခဲ့ပြီ။ အရေးတော်ပုံမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလူငယ်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေကို ဘယ်လိုများ သုံးသပ်မိပါသလဲ။

မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ စစ်ကျွန်ဘဝ က ရုန်းထွက်လို့မရသမျှ ဒီလိုအဖြစ်မျိုးနဲ့ ကြုံနေရမှာပဲ။ လူမျိုးကြီးစိတ်အခြေခံတဲ့ နိုင်ငံရေးကိုသွားနေသမျှ ဒီလိုအဖြစ်ဆိုးနဲ့ပဲ ကြုံနေ ရဦးမှာပဲ။ ဒီငါးလအတော အတွင်းမှာ စစ်တပ်ရဲ့ပုံရိပ်မှန်ကိုမြင်သူတွေဟာ တိုင်း ရင်းသားခုခံစစ်ကို ကိုယ်ချင်းစာတက်လာတယ်။ ဒါက လည်း ကောင်းတဲ့အပိုင်းပဲ။ ဒီလိုမျိုး ကိုယ်ချင်းစာရာ ကနေ တဆင့် သူတို့ကိုယ်တိုင် လက်နက်ဆွဲကိုင်လာ တာမျိုးလည်း ရှိလာတယ်။ ဒီလို နိုင်ငံရေး ပြဿနာကို စုပေါင်းတော်လှန်ဖြေရှင်းလိုက်တာက စစ်အာဏာ ရှင်စနစ် မြန်မြန်ပြုတ်ကျသွားဖို့အတွက် နည်းလမ်း တစ်ခုပဲလို့ ယူဆတယ်။

စကစက အာဏာသိမ်းပြီးနောက် နိုင်ငံအဝန်းမှာ နည်း လမ်းမျိုးစုံနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက် လာတယ်။ အခုထိလည်း ဆက်တိုက်ဖြစ်ပေါ်နေတုန်း ပါပဲ။ ဒီတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဆရာ့အမြင့်ကို ပြောပြပေးပါ။

မတရားတာတွေက ဥပဒေဖြစ်လာရင် တော်လှန် ဖို့က ကျွန်တော်တို့တာဝန်ပဲလေ။ အဏာသိမ်းပြီးက တည်းက လုပ်သမျှအားလုံးက မတရားမှုတွေပဲဆိုတော့ တော်လှန်ရမှာပဲ။ ဒါပေမဲ့ တော်လှန်တဲ့အခါမှာ တစ်ခု ကောင်း တစ်ယောက်ကောင်း တော်လှန်လို့တော့ မရဘူး။ လမ်းပေါ်ထွက် ဆန္ဒချည်းပဲ ပြလို့မရသလို CDM ချည်းပဲနဲ့လည်း မရဘူး။ လမ်းပေါ်လည်းထွက်ရမယ် CDM လည်း ဆက်လုပ်ရမယ်။ နိုင်ငံတကာ ထောက်ခံ မှုရအောင်လည်း လုပ်ရသလို လက်နက်ဆွဲကိုင်ပြီး တော့လည်း တော်လှန်ရမယ်။ ဒါတွေက တစ်ခုပြီးမှ တစ်ခုလုပ်လို့မရဘူး အားလုံးတစ်ပြိုင်တည်း လုပ်မှ ရမှာ။

မြန်မာပြည်ရဲ့ အာဏာသိမ်းမှုဖြစ်စဉ်နဲ့အပြိုင် CRPH ဆိုတာ ပေါ်လာတယ်။ အဲဒီနောက် NUG ဆိုပြီး ဆက် လက်ဖြစ်ပေါ်လာတယ်။ လက်ရှိအနေအထားတွေအရ အဲဒီအဖွဲ့အစည်းတွေရဲ့ မြန်မာ့နွေဦးတော်လှန်ရေး အပေါ် ဦးဆောင်ဦးရွက်ပြုနိုင်မှုနဲ့ လုပ်ဆောင်ချက်လုပ် ငန်းစဉ်တွေအပေါ် ဘယ်လိုအကျိုးဖြစ်ထွန်းမှုတွေ ရှိ နေလဲဆိုတာ ဆွေးနွေးပေးပါ။

CRPH ပဲပြောပြော NUG ပဲပြောပြော NUCC ပဲပြောပြော ဒါတွေအားလုံးက လူထုက အတင်းတွန်း လို့ ဖြစ်လာတာပဲ။ သူတို့အတွေးအခေါ်နဲ့ဆိုရင် အခုထိ စလုံးရေး စနေတုန်းပဲရှိဦးမှာ။ နည်းလမ်းမှန်မှန်နဲ့ စိတ် စေတနာမှန်မှန်နဲ့လုပ်ဖို့ လိုအပ်တယ်။ ငါတို့က ရွေး ကောက်ခံတွေပဲဆိုပြီး မာနတက်လို့မရဘူး။ တော်လှန် ရေးလုပ်ရင် အားလုံး လက်ရည်တစ်ပြင်တည်း လုပ် ရမှာပဲ။ ဒါ့ကြောင့် ခုနကပြောခဲ့တဲ့ အစုသုံးစုရဲ့ ဦးဆောင်မှုကို အားမရတာတော့ အမှန်ပဲ။

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး EAOs တွေရဲ့ ရပ်တည်ချက်၊ သသဘောထားတွေအပေါ်မှာ ရော ဘယ်လိုသုံးသပ်မိပါသလဲ။

EAI ကတော့ EAO အတွေး တွေးမှာပဲ။ ကျွန်တော်တို့မေ့ထားလို့ မရတာကတော့ နွေဦးတော် လှန်ရေးမတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက အဲဒီ အဖွဲ့တွေက ရည်မှန်းချက် ရည်ရွယ်ချက်တွေ အများ ကြီးနဲ့ဖွဲ့စည်းထားပြီး အဖွဲ့အစည်းဖြစ်တယ်ဆိုတာ ကိုပဲ။ အခု နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်က သူတို့နဲ့အနည်းငယ် ဆင်ရင်လည်းဆင်မယ် တူရင် လည်း တူမယ်။ ဒါပေမဲ့ အလုံးစုံ ကြီးတော့ သွားတူမနေ ဘူး။ ဥပမာ ကရင်တော်လှန်ရေးဆိုရင် လွတ်လပ်ရေး စယူ ကတည်းက ဖြစ်ပေါ်လာတဲ့တော်လှန်ရေးဗျာ၊ KNU မှာ စောဘဦးကြီးချမှတ်ထား တဲ့မူတွေ ရှိတယ် ဗျာ၊ သူတို့က အဲဒီမူတွေနဲ့ လှုပ်ရှားနေတာဗျ။ အခု နွေဦးတော်လှန်ရေး မှ ထလုပ်နေကြတာမှမဟုတ်ဘဲ။ အဲဒီတော့ သူတို့နဲ့တူတာကိုစုပြီး လုပ်၊ မတူတာကိုခွဲပြီး လုပ်ရုံပဲရှိမယ်။ သေချာတာကတော့ အားလုံးက အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုပဲ လုပ်နေကြတာ ပါပဲ။

လက်ရှိ မြန်မာ့အရေးကြောင့် အနာဂတ်ဖက်ဒရယ်ပြည် ထောင်စုဖြစ်လာဖို့ ဘယ်လိုအခက်အခဲတွေ ဖြစ်ပေါ် လာနိုင်မလဲ။ မြန်မာနိုင်ငံသားတွေအတွက်၊ တိုင်းရင်း သားများအတွက် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအပေါ် ဘယ်လိုအကျိုးဆက်တွေ ဆက် ဖြစ်လာနိုင်မယ်လို့ မြင်မိပါသလဲ။

လက်ရှိအနေအထားအရတော့ ဖက်ဒရယ် ပြည် ထောင်စုဆိုတဲ့ ပန်းတိုင်ကိုသွား ဖို့က ဒီတိုင်းပြည်မှာ ရှိနေတဲ့သူတွေကိုယ်တိုင် ပြည်ထောင်စုကို အယုံ အကြည်ရှိနေ ဖို့လည်း လိုအပ်သေးတာကိုးဗျ။ ၁၉၄၈ မှာ စဖြစ်လာတဲ့ ပြည်ထောင်စုဆိုတာက ပြည်ထောင်စု ရဲ့ အနှစ်အရသာမှ မရှိဘဲနဲ့။ ၁၈၈၅ မတိုင်ခင် သမိုင်း ပုံပြင်တချို့ကို စိတ်ကူးယဉ်ပြီး တည်ဆောက်ခဲ့ကြတဲ့ အခါမှာ အလိုလိုနေရင်း ဗမာက ခေါင်းဆောင် ဖြစ်လာတာပဲလေ။ ဆိုတော့ဗျာ ဖယ်ဒရယ်ရဲ့ အနှစ်သာရ ကိုယ်တိုင်မှာကိုက လွတ်လပ် ပြီး သီးခြားတည်ရှိနေတဲ့ တိုင်းပြည်တွေက ကိုယ့်သဘော ကိုယ့်အကျိုးစီးပွား အရ စုပေါင်းနေထိုင်ကြဖို့ လိုအပ်တဲ့အတွက် လုပ်ပိုင် ခွင့်အချို့ကို ခွဲဝေပေးအပ်ပြီး စုပေါင်း နေထိုင်ကြခြင်းပဲ မဟုတ်လား။ နောင် အနာဂတ် ဖက်ဒရယ်နိုင်ငံဖြစ်ဖို့ ဆိုရင် အရင်ဆုံး အသိသွင်းပေးရမှာက နေရာဒေသ အသီးသီး နယ်မြေအသီးသီးဟာ လွတ်လပ်သော နယ်မြေများဖြစ်ကြတယ်ဆိုတာကို နားလည်လက်ခံ လာအောင် လုပ်ရမှာပဲ။

နိုင်ငံတကာကလည်း မြန်မာ့အရေးကို စောင့်ကြည့် နေကြတာ တွေ့ရပါတယ်။ မြန်မာလူထုကတော့ သိပ် အားမရဘူးပေါ့။ ဆရာ့အနေနဲ့ မြန်မာအရေးနဲ့ပတ် သက်ပြီး နိုင်ငံတကာရဲ့အမြင်ကို ဘယ်လိုသုံးသပ်ချင်ပါ သလဲ။

နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ အခုလုပ်နေ တဲ့ ပြည်ပအသိအမှတ်ပြုမှု လောက်ကိုပဲ ဒီထက်များ သထက်များလာအောင် အတည်ယူနိုင်ရင်မဆိုးပါဘူး။ စစ်အုပ်စုဖက်ကတော့ ရုရှားနဲ့ တရုတ်တို့ကနေ အသိအမှတ်ပြုမှုရော စစ်လက် နက်ရော ရနေတာဆိုတော့ ဒီစစ်လက်နက်ကိုယှဉ်နိုင်မယ့် ပုံစံမျိုးပဲမျှော်လင့်ပါတယ်။ ကျွန်တော်တို့သိရမှာတစ်ခုက ကျွန်တော်တို့ဟာ ပွန်းပဲ့တဲ့အနာကို ဆေးထည့်ပြီး ပျောက်အောင်လုပ်နေ ရတဲ့ အခြေအနေမဟုတ်ဘူး နှစ်ပေါင်း ၇၀ နီးပါး စွဲကပ် လာ တဲ့ ပြည်တည်နာကို ရှင်းရှင်းပျောက်အောင် ကုချင် တာဖြစ်တယ်။ ဒါကြောင့် ဓားနဲ့ခြစ် ထုတ်ရချင်လည်း ခြစ်ရမယ်၊ ဖြတ်ထုတ်ရမယ်ဆိုရင်လည်း ဖြတ်ထုတ်ရမှာပဲ။