• Today is: Friday, May 17, 2024

ကျွန်တော်တို့ ရည်မှန်းတဲ့ အမျိုးသားနိုင်ငံရေး

    “ကျွန်တော်တို့ ရည်မှန်းတဲ့ အမျိုးသားနိုင်ငံရေး”

ဘဝမျက်နှာစာမှာ

သွေး၊ ယမ်း အသက်အငွေ့တွေကြားမှာ

ကျုပ်ဖြတ်သန်းခဲ့တယ်။

အချို့တွေဟာ ငတ်မွတ်ကြသည်

အချို့တွေက ဒုက္ခိတဘဝအား လက်ခံလိုက်ရသည်

အချို့အချို့တွေဟာ မိသားစုတွေနဲ့ သေကွဲရှင်ကွဲပေါ့။

ထို့ကြောင့်တစ်နေ့ တော့—-

ဤပညာ၊ ဤအတွေ့အကြုံမှ

အမျိုးသားတန်းတူရေးလို့ဆိုတဲ့

တိုင်းရင်းသားရင်ကြားစေ့ရေးအား

ဖက်ရယ်ဒီမိုကရေစီ ပြည်ထောင်စုနှင့်အတူ

ရည်မှန်းတဲ့ ပန်းတိုင်အရောက်

မနားတမ်း ကျွန်တော်တို့ ဆက်ကာလျှောက်မယ်။

မွန်ချမ်း (ရာမည)