• Today is: Friday, April 26, 2024

နေ့စဉ်သတင်းအကျဉ်း

#Photo-Credit

#Federaljournal

၁၇ – အောက်တိုဘာ -၂၀၂၁

 

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်သပိတ်စစ်ကြောင်းနှင့် သံမဏိနှင်းဆီအမျိုးသမီးမဟာမိတ်အဖွဲ့တို့ စုပေါင်းပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ယနေ့အောက်တို့ဘာ ၁၇ ရက်နေ့တွင် စုပေါင်းဆန္ဒဖော်ထုတ်။

 

  • ထားဝယ်မြို့ရှိ လူငယ်များ ဦးဆောင်ကာ ယနေ့ အောက် တိုဘာလ ၁၇ ရက်နေ့တွင် “ဓမ္မကိုဂုဏ်ပြုပူဇော် အဓမ္မကို လောင်ကျွမ်း” ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ထားဝယ်ခရိုင် ရေဖြူမြို့ နယ် အောက်ဖက်ကျေးလက်ဒေသတွင် ယနေ့ အောက်တို ဘာလ ၁၇ ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ တော် လှန်ရေး ပြည်သူများ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီအား အင်အားအများပြားနဲ့ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဒီနေ့မှာလည်းဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

  • ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် မြို့နယ်နေ လူငယ်တစ်စုမှ အကြမ်းဖက် ဖက်စစ်စစ်တပ်အလိုမရှိ၊ စစ်အာဏာရှင်စနစ်ကျရှုံးပါစေ ဆိုသည့် ဆန္ဒပြကြွေးကြော်မှုနှင့်အတူ တာယာများ မီးရှို့ဆန္ဒပြခြင်းကို အောက်တို ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်က ပြုလုပ်ကြသည်။

 

  • ရန်ကုန်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့က “ဓမ္မကို ဂုဏ်ပြုပူဇော် အဓမ္မကို လောင် ကျွမ်း” ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ညသပိတ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့က “တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်” အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးမြို့ မနော်ဟရီလမ်းမကြီးထိ မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ ဗကသများ အဖွဲ့ချုပ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတိုင်း၊ မန္တလေးမြို့နယ်တွင်သမဝါယမတက္ကသိုလ်ကျောင်သား/သူများ သပိတ်စစ်ကြောင်း ၊ မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်း ၊စက်မှု သပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်းနှင့် မန္တလေးမြို့ အခြေစိုက် လူထုသပိတ်စစ်ကြောင်းများထွက်၍ အကြမ်းဖက်ဖက်စစ်အာဏာရှင်ကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၁ ရွာ ရှိ တော်လှန်ကျောင်းသားပြည်သူများသည် အောက်တိုဘာလ ၁၇ ရက် နံနက်တွင် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

  • သွေးအေးမသွားတဲ့ ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်းရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၂၁ ရက်မြောက် ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ “ပြည်သူအားလုံးလွတ်မြောက်ရေး ငါတို့အားလုံးတော်လှန်ပေး” စတဲ့စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့က အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ၂၀၂၁ အောက်တိုဘာ ၁၇ ရက် ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။

 

  • လက်ပံတောင်း‌တောင် ဒေသ ဖောင်းကားကျေးရွာတွင် ပြည်သူ့တရားစီရင်ခန်းစာတန်းများကို ကိုင်၍ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင့်သည့် ဆန္ဒပြပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ် တပ် တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန်ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဝက်လက်မြို့နယ် ကျောင်း သားများသမဂ္ဂနှင့်ဝက်လက်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းပြီး ယနေ့ စစ်အာ ဏာရှင်ဆန့်ကျင်ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ပါတယ်။