• Today is: Saturday, May 18, 2024

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၂၅ – ၂၀၂၂ ခုနှစ်

စစ်ကောင်စီတပ်က အကြမ်းဖက်သတ်မှုကြောင့် ယနေ့ ဧပြီလ ( ၂၅ )ရက်နေ့အထိ အသက်သေဆုံးခဲ့ရသူ ပြည်သူ ( ၁၇၉၄ )ဦးအထိရှိခဲ့ပြီး မတရားဖမ်းဆီးခံခဲ့ရသူမှာ ( ၁၃၃၅၄ )ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုများမှ ဒေသခံ ၃ဝ ကျော်ကို ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဝင်းရော်ဒေသ ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။ စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင် ခြင်းခံရသည့် ရွာသားများသည် ဝင်းရော်ဒေသ၏ အနောက်ဘက် တောင်ညိုတောင်တန်း၏ တောင်ခြေရှိ ရာဘာနှင့် နှစ်ရှည်ဥယျာဉ်ခြံ စိုက်တောင်သူများဖြစ်ပြီး လမ်းပြအဖြစ်နှင့် စစ်တပ် အကာအကွယ်ရရှိရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ဖမ်းဆီးခံရသူများ၏ နီးစပ်သူ များက ပြောသည်။ “ ဒီမနက် ၁၁ နာရီကျော်လောက်မှာ ဖမ်းခံထိကြတာပါ။ စစ်တပ်က သွားတဲ့ လမ်းတစ်လျှောက် တွေ့ရာ လူခေါ်ဆောင်သွားတယ်။ အားလုံး ၃ဝ ကျော်လောက် ဖမ်းခံထိထား တယ်။ အခုထိ အိမ်ပြန် မရောက် လာနိုင်ကြသေးဘူး။ အရမ်းစိတ်ပူတယ်။ ကူညီပေးကြပါ ” ဟု ဖမ်းဆီးခံရသည့်ထဲမှ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောတဲ့အကြောင်း ဒေသအခြေစိုက် ကေအိုင်စီ တသင်းဌာနတွင်ဖော်ပြထားသည်။

 

  • ရခိုင်ပြည်တွင်နေထိုင်ကြသည့် ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင်များ၏ အမျိုးသားကြန်အင် လက္ခဏာ ဘုံသဘောတူညီချက်များ တည်ဆောက်နိုင်ရေးအတွက် ချင်းအရပ်ဖက်အဖွဲ့စည်းများက ဧပြီလ(၂၃)ရက်နှင့် (၂၄)ရက်နေ့အထိ နှစ်ရက်ကြာဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို မြေပုံမြို့နယ်၊ ဥက္ကံကျေးရွာတွင်ကျင်းပခဲ့ပြီး ရခိုင်ရှိ ချင်းအရပ်ဖက်အဖွဲ့အစည်း (၂၄)ဖွဲ့မှ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ KNDO တပ်ရင်း ၄ နယ်မြေ အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုဖြစ်သည့် ကျီးချောင်းစစ်ခစန်းနှင့် ၄၈ မိုင် ကိုးဒေးစခန်းများ အပြီးတိုင် ရုပ်သိမ်းထွက်ခွာဖို့ KNDO တပ်ရင်း ၄ က ယနေ့ ဧပြီ ၂၅ ရက်နေ့တွင် သတိပေးထုတ် ပြန်ထားသည်။ အဆိုပါ စစ်ကောင်စီစခန်းများသည် ကရင်လူထုနှင့် တိုင်းရင်းသားများ ပြည်သူများ အတွက် မည်သည့် အကောင်းကျိုး သက်ရောက်မှုမျှ မရှိသည့်အပြင် လူထုအနေဖြင့် ဥယျာဉ်ခြံ လုပ်ငန်းများ၊ တောင်ယာလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရာ၌ အဟန့်အတား အခက်အခဲဖြစ်နေပြီး လူမှုစီးပွားဘဝများ ထိခိုက်လျက်ရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

  • ယနေ့ နေ့လယ်ပိုင်း တွင် ဟားခါးမြို့မှ ချွန်ကျုံးကျေးရွာကြား ချွန်ကျုံးရွာအ၀င် ဂိတ်တွင် စစ်ကောင်စီတပ်နှင့် CDF-Hakha တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး CDF-Hakha ဘက်မှ (၂)ဦး ကျဆုံးကြောင်း ၄င်းတို့၏မိသားစု၀င်များမှ ဖေ့ဘုတ် လူမှုကွန်ယက်တွင်ဖော်ပြချက်အရသိရသည်။ “တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးတဲ့ ငါ့ညီလေးတို့ သင်တို့ အတွက် ဂုဏ်ယူပါတယ်” ဟု ကျဆုံးသွားသော ရဲဘော်တစ်ဦး၏ မိသားစု၀င် မှ သူ၏ လူမှုကွန်ယက်တွင်ဖော်ပြထားသည်။ ယနေ့ ဧပြီလ ၂၅ ရက် နေ့လည်ပိုင်းတွင် ဟားခါးမြို့ မှနေ၍ စစ်ကောင်စီတပ်မှ အမြှောက်ကြီးများ၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းလည်းသိရသည်။

 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး ထက်မနည်းသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။ သေဆုံးစစ်သားများကို ကျိုက်ထိုမြို့ဘက်သို့ သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာရ စစ်သားများကို သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

 

  • အာဆီယံခေါင်းဆောင်တွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ချက်ကို တစ်နှစ်ပြည့်တဲ့ အထိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်ချက်မှ အကောင်အထည်မဖော်တဲ့ အတွက် မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ်အပေါ် စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပိတ်ဆို့အရေးယူဖို့ အချိန်တန်ပြီလို့ APHR ခေါ် လူ့အခွင့်အရေးအတွက် အာဆီယံ အမတ်များအဖွဲ့က ဧပြီ ၂၄ ရက်နေ့က အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားလိုက်ပါတယ်။ ပထမ အချက်က အာဆီယံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခန့်အပ်ရေးကဏ္ဍနဲ့ ခန့်အပ်မှု လုပ်ငန်းစဉ်ကို ထဲထဲဝင်ဝင် ပြန်လည်သုံးသပ်ဖို့ လိုအပ်ပြီလို့ ထောက်ပြပါတယ်။ တစ်နှစ် တစ်ယောက် ပြောင်းနေတဲ့အတွက် မူဝါဒဆိုင်ရာ အခက်အခဲတွေ ရှိကြောင်းလည်း ဖော်ပြပါတယ်။

 

  • ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေထောက်ပံ့နိုင်ရန် NUG နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်း၍ ငွေတိုက်စာချုပ်များ ရောင်းချသွားရန် စီစဉ်နေကြောင်း NUG ထံမှ စုံစမ်းသိရှိရသည်။ ရောင်းချရသည့် ဘဏ္ဍာငွေ များစီမံခန့်ခွဲမူများအတွက် နှစ်ဖက်ညှိနှိုင်းမူများဆောင်ရွက်နေပြီးဖြစ်၍ မကြာခင်မှာ ပြည်တွင်း/ ပြည်ပ၌ ရောင်းချသွားရန် စီစဉ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG), စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနမှ သိရသည်။

 

  • စစ်ကောင်စီအနေဖြင့် အာဏာသုံးပြီး ပါတီကိုဖျက်သိမ်းအရေးယူမည်ဆိုပါက အရေးယူခံသွားမည် ဖြစ်ပြီး ၎င်းတို့ထံ သွားရောက်စစ်ဆေးခံမည်မဟုတ်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တာဝန်ရှိသူကပြောဆိုသည်။ ထိုသို့စစ်ကောင်စီက ခေါ်ယူစစ်ဆေးခြင်းမှာ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခြင်း၊ စစ်ကောင်စီမှခန့်အပ်သည့် UEC အား အယုံအကြည်မရှိခြင်း၊ မည်သည့် အာဏာရှင်နှင့်မှ ပူးပေါင်းသွားမည်မဟုတ်ဟု မူဝါဒချထားခြင်းကြောင့် ALD ပါတီအနေဖြင့် သွားရောက်စစ်ဆေးမခံခြင်းဖြစ်သည်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်း ကပြောဆို ထားတဲ့အကြောင်း ဒေသအခြေစိုက် DMG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ယ​နေ့ကျ​ရောက်သည့် ၈ နှစ်ပြည့် ကချင်မူး​ယစ်​ဆေးဝါး တိုက်ဖျက်​ရေး​နေ့ အခမ်းအနား ကို ဖားကန့်မြို့နယ်ရှိ ​ကေအိုင်​အေ တပ်မဟာ ၉ ဌာချုပ်မှာ ​ကျင်းပခဲ့ပါသည်။ ဖမ်းဆီးရမည့်သည့် မူးယစ်​ဆေးဝါး​တွေကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။

 

  • လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂမှဦး‌ဆောင်ကာ ကျေးရွာအသီး သီးမှ ပြည်သူများပူးပေါင်းပြီး ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ကျေးရွာ( ၄ ) ရွာကို ဆိုင်ကယ်ဖြင့် ပတ်ပြီး ကျေးရွာသပိတ်များပြန်လည်နိုးထဖို့အတွက် ဆိုင်ကယ်သပိတ်ဖြင့် တတိယအကြိမ် လမ်းပေါ်ထွက်နှိုးဆော်ရင်းစစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ကျောင်းသား လူငယ်တွေစုပေါင်းပြီး “ငါတို့ငြိမ်သက်သွားမှာမဟုတ်”စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ တွင် ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ၄၄၂ ရက်မြောက်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay) ၏ ဝန်းရံမှုနှင့်အတူ ယနေ့ (ဧပြီ ၂၅) မွန်းလွဲပိုင်း၌ ချီတက်ဆန္ဒပြခဲ့သည်။ ကလေးမြို့ပင်မသပိတ်အနေဖြင့် “သို့…တရုတ်အစိုးရ မြန်မာပြည်သူများဆန္ဒကိုအလေးထားပါ”၊ “ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ခံခြင်းကိုရပ်တန်းကရပ်” ၊ “ PDF တွေဘေးရန်ကင်းစေ CDM တွေကို ဖေးကူကြမလေ” စသည့်စာတန်းများကိုင်ဆွဲကာ လူအင်အားအများအပြားဖြင့် စစ်အာဏာရှင်စနစ်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြသည်။

 

  • ရန်ကုန်မြို့တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် “Freedom Is Non-negotiable” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္နပြပွဲကို အထက ၆ အလုံ၊ အထက ၄ အလုံ၊ အထက ၃ သာကေတ၊ စမ်းချောင်းမြို့နယ်၊‌ ကြည့်မြင်တိုင်မြို့နယ်၊ ဒေါပုံမြို့နယ်၊‌ ကျောက်တံတားမြို့နယ်၊ အထက ၁ လသာ၊ အထက ၂ ရန်ကင်း၊ ပန်ကိုယ်ပိုင် အထက်တန်းကျောင်း (ပဲခူး) ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကြည့်မြင်တိုင် လူငယ်များ သပိတ် ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီ တို့မှ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့ တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် တရုတ် အစိုးရ အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထားရန်နှင့် အကြမ်းဖက် စစ်တပ်အား ထောက်ပံ့မှုများ မပြုလုပ်ရန် ညသပိတ် ပြုလုပ် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၁၁ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် ယင်းမာပင် မြောက်ခြမ်းရှိ ကျေးရွာသုံးရွာက ကျေးရွာလူထု အင်အားအများအပြားဖြင့် အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ဒေသ ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် “ဓမ္မကိုသာရွေးချယ်ပါ ၊ သွေးအေးသွားရင်ခွင့်မလွတ်ကြေး” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးတွင် လက်ပံတောင်းတောင် ဒေသ ပင်မ သပိတ်စစ်ကြောင်းမှ အမျိုးသမီးများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် “ဖက်ဆစ်ကိုခြွေ အောင်ပွဲဝေ တော်လှန်သော အမျိုးသမီးတွေ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေးတွင် ကျေးလက်၊ မြို့ပြမှ အမျိုးသမီး ရဲရဲဝံ့ဝံ့ ပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက်ဖက်ဆစ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဧပြီ ၂၅ တွင် ပြုလုပ်ခဲ့သည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် “အရေးတော်ပုံ စိတ်ဓာတ်နဲ့ အနာဂတ်မှန်း” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အတွင်းရှိ အနောက်မြောက် လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ယနေ့ ဧပြီ ၂၅ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နှင့် ကျေးရွာ လူထုတို့ ပါဝင်ပူးပေါင်းကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် “ပြည်သူ ညီရင် အာဏာရှင်ကို မုချနိုင် မည်” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနက လစဉ်ပုံမှန် ဆန်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားတာ အချိန်သုံးလလောက်အထိ ကြာလာတာကြောင့် ဒုက္ခသည် တွေ အခက်အခဲ ဖြစ်နေတယ်လို့ စခန်းတာဝန်ခံတွေက RFA ပြောဆိုခဲ့သည်ဟု သိရပါတယ်။ စစ်ဘေးဒုက္ခသည် တစ်ဦးစီကို ထမင်းတစ်နပ် ဆန်နို့ဆီဘူး တစ်ဘူးနှုန်းနဲ့ စစ်ကောင်စီရဲ့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လစဉ်ထောက်ပံ့နေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း ထောက်ပံ့မှုတွေ ရပ်ဆိုင်းထားတယ်လို့လည်း ဆိုပါတယ်။ လူဦးရေ သုံးထောင်ကျော်ခိုလှုံနေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်းဒုက္ခသည်စခန်းမှာဆိုရင် ရိက္ခာမရောက်လို့ ချေးငှားစားသောက်နေကြရတယ်လို့ စခန်းတာဝန်ခံ ဦးဦးသန်းအေးက ပြောပါတယ်။

 

  • ပြည်သူ့တော်လှန်ရေးတပ်မတော်(People Revolution Army- PRA)၏ အထူးကွန်မန်ဒို သင်တန်း ဆင်းပွဲ အခမ်းအနားကို ဧပြီလ (၂၄)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပေါ်တိုက်ပွဲတွေကို အကောင်းဆုံးဖန်တီးနိုင်ရန် အထူးကွန်မန်ဒို အဖွဲ့(၁)ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားရှိသည်။

 

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဦးဖြိုးမင်းသိန်းထံမှ ရွှေ ခုနှစ် ပိဿာနှင့် ဒေါ်လာ ခြောက်သိန်း ရယူခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲပြီးတရားစွဲဆိုထားသည့် အဂတိမှုကို မနက်ဖြန် (အင်္ဂါနေ့) တွင် အမိန့်ချမည်ဖြစ်ကြောင်း နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းထံမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနှင့်ပတ်သက်၍ ဧပြီ ၂၆ ရက်တွင် အမိန့်ချမည်ဖြစ် ကြောင်း ပြီးခဲ့သည့် အပတ်ကတည်းက ဆုံးဖြတ်ထားခြင်းဖြစ်ပြီး တရားသူကြီးက ယနေ့ရုံးချိန်း တွင် ယင်းကိုထပ်မံအတည်ပြုပြောဆိုခဲ့ကြောင်း သိရသည်။

 

  • ကချင် – စစ်ကိုင်း နယ်စပ် ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၈ ရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် လက်ရှိ ဘေးလွတ်ရာ တိမ်းရှောင်နေသည့် ကျေးရွာပေါင်း ၄၀ ကျော် အထိ ရှိကြောင်း ဝန်းသို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၅၀ ခန့် သည် ဧပြီ ၂၃ ရက်နေ့မှ စ၍ ဝန်းသိုနယ် အတွင်းသို့စစ်ကြောင်းထိုး ဝင်ရောက်လာကာ လူနေအိမ် များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wonto Revolution_WR တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်ဟု KNG သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်းရှစ် ရွာမှာ စိန်လည်၊ သပြေသာ၊ အောင်ကုန်း၊ ရှမ်းစု ကျေးရွာနှင့် ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ လယ်ခုံ၊ ရွှေတောင်ကျေးရွာ တို့ဖြစ်ကြောင်းသိရသည်။

 

  • ကယားပြည်နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာအပြင် ရေရှားပါးမှုပါ ရင်ဆိုင်နေရ ကယားပြည်နယ် အတွင်းရှိ စစ်‌ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်မှုအပြင် ရေရှားပါးမှုဖြင့်ပါရင်ဆိုင်နေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများထံမှသိရသည်။ “မြို့ပေါ်မှာတော့ အရမ်းကြီးခက်ခဲတာမျိုး မရှိဘူး။ အဓိက ဒီးမော့ဆိုအနောက်ဘက်မှာ ရေအခက်အခဲဖြစ်နေပါတယ်။ အရင်ကတည်းက ရေရှားတဲ့ဒေသဖြစ်တော့ အခုလို လမ်းကြောင်း ပိတ်ခံရတာတွေ မိုးရာသီမဟုတ်တာတွေကြောင့် ရေကတော်တော်လေးအခက်အခဲဖြစ်တယ်။ တချို့ရွာတွေဆို သောက်စရာ‌တောင်မရှိတဲ့ အနေအထားဖြစ်နေတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေဆို သွားဖို့အခက်အခဲရှိလို့ သွားကူလို့လဲမလွယ် ဘူး”ဟု ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။ ထို့ပြင် စစ်ရှောင်များအနေဖြင့် စားနပ်ရိက္ခာ နှင့် ဆေးဝါးအကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

 

  • မန္တလေး၊ သင်ပန်းကုန်းမြို့သစ် ညည ၉၂ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ ၂ ဦး ယနေ့ ဧပြီလ ၂၅ ရက်တွင် ရှင်းလင်းခံရကြောင်း သတင်းရရှိသည်။ သင်ပန်းကုန်း ည ၉၂ ရပ်ကွက်အတွင်း နေသော ပျူ ဒလန် ဗိုက်ကလေးနှင့် တပည့်တဦး နေအိမ်၌ ရှိနေစဉ် သွားရောက်ရှင်းလင်းခဲ့ကြောင်း Dragon Rangers Mandalay အဖွဲ့က ဗွီဒီယိုဖိုင်ဖြင့် ထုတ်ပြန်ချက်အရ သိရှိရသည်။