• Today is: Saturday, May 18, 2024

ဗျူဟာ (၁)နယ်မြေအတွင်းရှိ ကျေးရွာသူ၊သားများ စစ်ကောင်စီ ထောက်တိုင်အဖြစ် မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို အသိပေး မေတ္တာရပ်ခံ

ဓါတ်ပုံ – ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၅

 

ဗျူဟာ (၁)နယ်မြေအတွင်းရှိ ကျေးရွာသူ၊သားများ စစ်ကောင်စီ ထောက်တိုင်အဖြစ် မပြုလုပ်ဖို့၊ စစ်ကောင်စီ ယန္တယားလည်ပတ်မှု ဖြစ်စေသော မည်သည့် ကိစ္စရပ်များကိုမဆို ကျေးရွာသူ၊သားများ အားလုံး လုံး၀ (လုံး၀) ရှောင်ရှားပေးဖို့ ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆိုဘက်က အသိပေး မေတ္တာရပ်ခံထားပါတယ်။

 

အသိပေး မေတ္တာရပ်ခံချက်ကို လက်နာမှုမရှိဘဲ စစ်ကောင်စီ ယန္တယားလည်ပတ်မှု ဖြစ်စေသော အပြုအမူမျိုး ဆက်လက်လုပ်ဆောင်နေပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူသွားမည်လို့ ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆိုဘက်က အတိအလင်း သတိပေးပြောဆိုလိုက်သာပါ။

 

“တချို့ရွာက ရွာသားတွေ သူတို့အိမ်ကို ရံဖန်ရံခါ ပြန်လာကြတယ်၊ ရိုးရိုးသားသားနဲ့ ပြန်နေတယ်၊ အခုရွာက ရွာသားတချို့က စစ်ကောင်စီနဲ့ စကားပြောနေပြီ၊ စစ်ကောင်စီအဖွဲ့နဲ့စကားပြောတဲ့ရွာဆို ကျွန်တော်တို့ မစ်ရှင်လုပ်တဲ့ နေရာမှာ သတင်းအရင်ပေါက်နေတာမျိုး ဖြစ်နေတယ်၊ ဆိုလိုချင်သာက အခု ရွာက စစ်စုံထဲမှာ ရှိပါတယ်၊ ရွာရဲ့ဘေးမှာလည်း စစ်ကောင်စီ စခန်းတွေရှိပါတယ်၊ အခြားရွာလည်းရှိတယ်၊ ဒါပေမယ့် အခြားရွာက လူတွေက စစ်ရှောင်ကုန်ပါပြီ၊ အခုဆက်လက်နေထိုင်နေကြသည့် ရွာဘက်ပေါ့ ကျနော်တို့ အဖွဲ့တွေ မစ်ရှင်လုပ်ဖို့ ညအချိန် ဖြတ်သွားလို့ ခွေးဟောင်ရင် အဲဒီရွာသူ၊သားတွေ ထွက်ကြည့်ကြတယ်၊ အဲဒါ ကျနော်တို့အဖွဲ့ ရွာပြင်ရောက်တာနဲ့တော့ လက်နက်ကြီးကလာတော့ဘဲ၊ ရွာသားတွေ မတွေ့တဲ့ ရက်ဆိုဘာမှမဖြစ် ဘူးပေါ့” ဟု DMO local PDF ပြန်ကြားရေး တာဝန်ခံက ၎င်းတို့အဖွဲ့ ကြုံနေရသည့် ဖြစ်စဉ်ကို အခုလို ပြောပြပါတယ်။

 

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို တို့ကြား တိုက်ပွဲများ မကြာမကြာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို နှင့် ပူးပေါင်းတပ်ဖွဲ့တို့ဟာ ပျေက်ကြားတိုက်ခိုက်မှုများလည်း ဆက်လက်လုပ်ဆောင်နေကြသာ ဖြစ်ပါတယ်။