• Today is: Tuesday, April 30, 2024

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိဟု AA ထုတ်ပြန်

ဓါတ်ပုံ- AA (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၅

စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော်တို့ကြား သြဂုတ် (၁၃) ရက်နေ့က ရက္ခိုင်ဒေသအတွင်း (၃) နေရာ နှင့် ချင်းပြည်နယ် ပလက်ဝ ဒေသအတွင်း (၁) နေရာ စုစုပေါင်း (၄) နေရာတို၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ပထမဆုံးသောတိုက်ပွဲသည် ရက္ခိုင်ပြည်၊ ရသေ့တောင်မြိုနယ်၊ ဒုံးပိုက် ကျေးရွာ၏ မြောက်ဖက် (၁.၅) ကီလိုမီတာအကွာအဝေး၌ စစ်ကောင်စီ နှင့် နယ်ခြားစောင့်တပ်တို ပူးပေါင်းထားသော စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့် တပ်တော်တို့ကြား ဖြစ်ပွားခဲ့သာပါ။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ သြဂုတ်(၁၃) ရက်၊ နံနက် (၇) နာရီ (၃၅) မိနစ်မှ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်အထိ နှစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲ ဖြစ်ခဲ့သလို စစ်ကောင်စီနှင့် ၎င်းတို၏ ပူးပေါင်းတပ်တို့သည် ရက္ခိုင့် တပ်ဖွဲ့ ဝင်များ ရှိရာနေရာသို့ ဝင်ရောက်လာသာကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူ (၃၁) ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ရက္ခိုင့် တပ်ဖွဲ့ဝင်တချို့ကလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်များဖြစ်သည့် ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒုတိယတိုက်ပွဲမှာတော့ ရက္ခိုင်ပြည်၊ မောင်တောမြိုနယ်၊ ကျောက်ပန်းဒူကျေးရွာ၏ မြောက်ဖက် (၂.၂) ကီလိုမီတာ အကွာအဝေး၌ သြဂုတ်လ (၁၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် စစ်ကောင်စီတပ် ခလရ (၂၇၀) နှင့် ရက္ခိုင့်တပ်တော်တို ထပ်မံဖြစ်ပွားခဲ့ ဖြစ်ခဲ့ပါတယ်။

တစ်နာရီခွဲကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဒုတိယတိုက်ပွဲမှာလည်း စစ်ကောင်စီတပ် လက်နက်ငယ် (၄) လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်းရခဲ့တယ်ဆိုပါတယ်။ ရက္ခိုင်တပ်ဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ နှစ်ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် တတိယတိုက်ပွဲမှာတော့ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက် (၁) ကီလိုမီတာ အကွာအဝေးတွင် သြဂုတ် (၁၃) ရက်၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်က စစ်ကောင်စီတပ် ခမရ (၃၅၂) တပ်ရင်း စစ်ကြောင်းက ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ စခန်းသို့ တိုက်ခိုက်လာသောကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့သလို ချင်းပြည်နယ် ပလက်၀မြို့နယ် သူဌေးကုန်းကျေးရွာ မြောက်ဘက်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် စခန်း (၃) နေရာကို ထိုးစစ်ဆင်တိုက်ခိုက် ကြိုးစားလာသာ ကြောင့် ညနေ (၅) နာရီကျော်မှ (၈)နာရီ ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ ပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် အချို၊ ပီစတို (၂) လက်၊ MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ Jammer (၁) ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာ အမြောက် အမြားပါဝင်သော ခြင်းကျားအလုံး (၃၀) ကျော်ကိုသိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

လက်တလော်အတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သာကြောင့် ရခိုင်ပြည်သူ များအနေဖြင့် စစ်ရေးသတိ၊ အသွားအလာသတိ၊ အထူးဂရုပြုကြပါရန် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်မှ ထပ်မံ တိုက်တွန်း ထားပါတယ်။