• Today is: Sunday, May 19, 2024

ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး

ဓါတ်ပုံ – KRU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၆

ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာအနီး KRU၊ မဟာမိတ် DMO PDF နှင့်စစ်‌ကောင်စီတပ် တို့ ကြား ဩဂုတ် ၂၄ ရက်၊ ၂၅ ရက် နှစ်ရက်တာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု(KRU) ဘက်က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားသည့် ငွေတောင်အနီးနေရာဘက်သို့ ဩဂုတ် ၂၄ ရက်နေ့က အင်းအား၂၀၀ကျော်ဖြင့် အလုံးအရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့နှင့် ကယား (ကရင်နီ)တော်လှန်ရေး တပ် ပေါင်းစု KRU နှင့် DMO pdf ဗျုဟာ( ၃ )တို့ ပူးပေါင်းအဖွဲ့တို့ကြား ညနေ 4:15ဝန်းကျင်ထိ တိုက်ပွဲ ပြင်းထန်ခဲ့သာပါ။

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးခဲ့၊ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားခဲ့တယ်လို့ KRU က ဆိုပါတယ်။

အလားတူ ဩဂုတ် ၂၅ ရက် နေ့ နံနက် 11.15 မိနစ်ခန့်မှာလည်း ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာအနီးမှာ ဒုတိယအကြိမ် မိနစ် ၂၀ ခန့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပါတယ်၊ အဲဒီထိတွေ့မှုမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ပေမယ့် အတည်ပြု မရနိုင်သေးဘူးလို့ KRU က ဆိုပါတယ်။

နှစ်ရက်တာ တိုက်ပွဲအတွင်းမှာ KRU၊ မဟာမိတ် DMO PDF ပူးပေါင်းတပ်ဖွဲ့ရဲဘော်များ တစုံတရာ ထိခိုက်မှုမရှိဘဲ ပြန်လည် ခုခံနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေသည့် အနီးတစ်ဝိုက် ကျေးရွာများတွင် အချိန်မရွေး တိုက်ပွဲ ပြင်းထန် လာနိုင် သာကြောင့် ရွာသူရွာသားများ အနေဖြင့် ဘေးလွတ်ရာသို့ ရွေ့‌ပြောင်းနေထိုင်ကြပါဖို့ ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု(KRU) က ထပ်မံ သတိပေး သတင်းထုတ်ပြန်ထားပါတယ်။