• Today is: Sunday, May 19, 2024

ဟားခါးမြို့နယ် စုပေါင်းရုံး မီးလောင်ပြန်

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၈

ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ စုပေါင်းရုံးအဆောက်အအုံ ဒီကနေ့ အောက် တိုဘာ ၁၈ ရက်နေ့ နံနက်ပိုင်း ၂နာရီခန့်မှာ မီးလောင်သွားခဲ့တယ်လို့ သိရပါ တယ်။

မြို့နယ် လ၀က၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျေးလက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တို့ဟာ ဟားခါးမြို့နယ် စုပေါင်းရုံးဝန်းအတွင်း စုပေါင်းရုံး ထိုင်ကြတာပါ။

ဒီကနေ့ နံနက်ပိုင်း ၂ နာရီခန့်က သေနက်ပစ်ခတ်သံတွေကြားလိုက်ရပြီး၊ အဲဒီ နောက်တော့ မီးလောင် သွားတာလို့ ဒေသချင်း သတင်းဌာနကို မြို့ခံတွေက ပြောပြကြပါတယ်။

ပြီးခဲ့တဲ အောက်တိုဘာ ၁၆ရက် နံနက်ပိုင်းကလည်း ဟားခါးခရိုင် မီးသတ်ရုံး အပါအဝင် မီးသတ်ကား နှစ်စီး မီးလောင် ပျက်စီးသွားခဲ့တယ်လို့ မြို့ခံတွေက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြကြပါတယ်။

ယမန်နေ့ အောက်တိုဘာ ၁၇ရက် နံနက်ပိုင်းတွင်မှာ ဟားခါးမြို့ ကျော်ဘုတ် ရပ်ကွက်ဘက်တွင် ဟားခါး-ကာကွယ်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။