• Today is: Tuesday, May 21, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာရဲ့ အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

(No. 15, February 21, 2023)

 

၁။ ကချင်ပြည်နယ်ရှိ SNDP ပါတီကို ရွေးကောက်ပွဲ မဝင်ရန် KIA သတိပေး
     February 20, 2023

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP-ကျားဖြူပါတီ)ကို ရွေးကောက်ပွဲ မဝင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။ KIA ၏ ခေါ်ယူ သတိပေးမှုကို မိမိတို့ ပါတီဝင် များ ပြောပြချက်အရသိရကြောင်း၊ လွတ်လပ်စွာ ရွေးကောက်ပွဲပြိုင်ခွင့်ပြုရန် မေတ္တာရပ်ခံချင်ကြောင်း SNDP မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က ပြောသည်။ စိုင်းအိုက်ပေါင်း က “ကျနော်တို့ကတော့ နံပါတ် ၁ အချက်က အတိအကျတော့ ကျနော်တို့ မသိ ဘူး၊ ကျနော်တို့ လူတွေပြောပြလို့ ကျနော် သိရတယ်၊ သူတို့လည်း ကြောက်နေတယ်။ ကျနော်တို့က မေတ္တာရပ်ခံချင်တာတော့ ပါတီတွေ အားလုံးပေါ့၊ ပါတီတွေအားလုံး လွတ်လွတ်လပ်လပ် ပြိုင်ခွင့်ပြု စေချင်တယ်၊ ကချင်ပြည်နယ်မှာလည်းနော်၊ လွတ်လွတ် လပ်လပ် မကြောက်မလန့်၊ မစိုးရိမ်ရဘဲနဲ့ လွတ်လွတ်လပ်လပ် ပြိုင်ခွင့်ပြုပါလို့ ကျနော်အဲဒီလိုပဲ မေတ္တာရပ်ခံချင်တယ်” ဟု ပြောသည်။

KIA အနေဖြင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံဟု ပြောဆိုခြင်းမျိုး တွေ့ရှိရကြောင်း ကချင်နိုင်ငံရေး သမား ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။ ၎င်းက “KIA ကတော့ ကျနော်ထင်တယ် သူတို့ ကြေညာပြီးသားပဲ ရွေးကောက်ပွဲကို သူတို့ အနေနဲ့ လက်မခံဘူး ဆိုတဲ့ဟာမျိုးကို ကျနော် တွေ့မြင်နေရတယ်။ ဆိုတော့ ဒီကျားဖြူပါတီပဲ မဟုတ်ပါဘူး။ တခြားဟာတွေ လည်း ကျနော်ထင်တာ သူတို့အတိအလင်း သတိပေးတာတို့၊ ဘာတို့ ဖြစ်လိမ့်မယ်ထင် တယ်။ ဒါကတော့ ကျားဖြူပါတီရယ်လို့ မဟုတ်ပါဘူး။ ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့ လက်လှမ်းမီတဲ့ အပိုင်းတွေကတော့ သူတို့ သတိပေးမယ်၊ နောက်ဆုံးမှာ အရေးယူ နိုင်တဲ့အဆင့်ပါ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။ SNDP သည့် လာမည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုထက် မနည်း ဝင်ရောက် ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။ https://www.facebook.com/ChannelNe wsIndependent/photos/a.101896655466109/503692471953190/

၂။ ကောင်းခါးမှာ စစ်ကောင်စီနဲ့ TNLA တို့ စစ်ရေးတင်းမာ၊ ရွာခံအားလုံး တိမ်ရှောင်နေရ
    February 20, 2023

ကွတ်ခိုင်မြို့နယ် ကောင်းခါးမှာ စစ်ကောင်စီနဲ့ TNLAတို့ စစ်ရေးတင်းမာနေပြီး ကောင်းခါးရွာခံအားလုံးဟာ ဘာသာရေး အဆောက်အအုံတွေထဲ တိမ်းရှောင်ထားကြရပါတယ်။ KDA တပ်ဖွဲ့ ဌာနချုပ်ရှိရာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာထဲ TNLA တပ်ဖွဲ့ ရှိနေပြီး ဖေဖော်ဝါရီလ ၂၀ ရက် မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာ တာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်လို့ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းနဲ့ ကတ်သလစ် ဘုးရားကျောင်းတို့မှာ တိမ်းရှောင်နေ ကြရပါတယ်။ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ ကောင်းခါးရွာထဲ စတင်ဝင်ရောက်လာ တာဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိမ်းရှောင်နေ ရတာဖြစ်တယ်လို့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။ “TNLA တစ်ဖွဲ့ ရွာထဲရောက်နေတာ ဒီနေ့ဆို ၃ ရက်ရှိပြီ။ ဒီမနက်ဘဲ စစ်ကောင်စီက ကောင်းခါးဘက် တက်လာ တယ်ပြောလို့ တိုက်ပွဲဖြစ်မှာ ကြောက်တယ် လေ။ ကောင်းခါးရွာသူကြီးကလဲ ဘုရားကျောင်းတွေမှာ ရှောင်ကြဖို့ ပြောတယ်။ တစ်ခါမှ တာမျိုးမဖြစ် ခဲ့ဘူးလေ။ ကြောက်လို့ လာရှောင်တာ”လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားလျှင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေကြတယ်လို့ဆိုပါ တယ်။ ကျေးရွာထဲ လက်နက်ကိုင်တပ်ဖွဲ့ မရှိစေချင်သလို ရွာအတွင်း တိုက်ပွဲဖြစ်မှာကိုလည်း စိုးရိမ်နေတယ်လို့ဆို ပါတယ်။ ဖေဖော်ဝါရီ ၂၀ ညနေ ၂ နာရီခွဲအထိ စစ်ကောင်စီတစ်ဖွဲ့ အင်အား ၁၀၀ ခန့်ဟာ ကွတ်ခိုင်-ကောင်းခါးလမ်းမ နောင်ပစ်ရွာထဲ ရောက်ရှိနေပြီး TNLA တစ်ဖွဲ့နဲ့ အလွန်နီးကပ်နေပါတယ်။ ကောင်းခါးရွာထဲ TNLA တပ်ဖွဲ့ ဝင်ရောက် နေထိုင်တာနဲ့ ပတ်သတ်ပြီး ရွာခံတွေစိုးရိမ်တစ်ကြီးဖြစ်နေကြတဲ့အပေါ် TNLA ရဲ့ တပ်မဟာ ၅ တပ်ရင်း ၃၅ ကို မေးမြန်းကြည့်ရာမှာတော့ အခုလိုပြောပါ တယ်။ “ကျွန်တော်တို့က လုံခြုံရေးလာယူပေးနေတာ ဖြစ်ပါတယ်။ အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုတစ်ဖွဲ့တွေ နယ်မြေလှည့်လည် နေတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့ကနေလဲ ရွာခံတွေကို အသိပေးပြီးသား ဖြစ်တယ်။ မကြာပါဘူး ကျွန်တော်တို့ ကောင်းခါးရွာကနေ ပြန်လည် ဆုတ်ခွာတော့မှာပါ” TNLA တပ်ဖွဲ့က ကောင်းခါးရွာထဲ အသွားအလာစစ်ဆေး ငွေကောက်ခံမှုတွေ ရှိနေတယ်လို့ ရွာခံအချို့ပြောဆိုနေပါတယ်။ https://www.facebook.com/photo/?fbid=518487080458561&set=pcb.51 8487873791815

၃။ ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ
    February 21, 2023

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ တပ်စွဲထားပြီး ကင်းလှည့်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တို့အကြား ဖေဖော်ဝါရီ ၁၉ ရက်ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ယောက်လောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU က ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေထံက MA-1 သေနတ် တလက် ၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၂၅ တောင့်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု KRU ဘက်က သိမ်းဆည်းရမိပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KRU လက်အောက်ခံ GZ-21 ( Loikaw) မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။ http://burmese.dvb .no/archives/579921

၄။ ကော့ကရိတ်တောင်ပိုင်း ကေအန်ယူ တပ်မဟာ ၆ နယ်မြေကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်၊ မြို့နယ်အတွင်း လူငယ်များကို စစ်ဆေးဖမ်းဆီး
    February 20, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မနက်က ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ မိဖညား ကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံတွေ ထိခိုက်မှု ရှိမရှိကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ အဲဒီနေရာက အာဏာသိမ်းပြီးတဲ့ အချိန်တည်းက ဒီနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ စစ်ကောင်စီ စစ်ကြောင်းလည်း မရောက်နိုင်တဲ့ရွာဖြစ်ကာ အရင်ကတည်း က ကျေးရွာအနီးနားကို လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ လို့ အိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားဖို့ ရွာလူကြီးက မှာထား တာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက တပ်မဟာ ၅ နယ်မြေနဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တည်းမှာတင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၇ ကြိမ် လုပ်ခဲ့‌တယ်လို ကေအန်ယူ က ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် မြို့နယ်ထဲရှိ ကျေးရွာတွေက လူငယ်တွေ ကို အဓိကထား စစ်ဆေးဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရပြီး ၂ ဦးကတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းဖြစ်နေတာကြောင့် ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၁၃ ဦးကိုတော့ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ကော့ကရိတ်မြို့ထဲမှာ နယ်ခြားစောင့်တပ် (BGF) တပ်တွေက စစ်ဆေးရေး လုပ်နေပြီး မသင်္ကာရင် စစ်ကောင်စီလက်ထဲကိုအပ်ကာ အနီးနားကျေးရွာတွေကိုလည်း အကြောင်းမဲ့ ဝင်ရောက်ပြီး ဖမ်းဆီးစစ်ဆေးနေလို့ အပြင်မထွက် ရဲကြတော့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်ပိုင်း စစ်ကောင်စီတပ်က မနက်ပိုင်း ဈေးရောင်းဈေးဝယ် လာသူတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မြို့ထဲမှာလည်း ကင်းလှည့်စစ်ဆေးနေလို့ ပြည်သူတွေ အနေနဲ့ စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။ http://burmese.dvb.no/archives/579894

၅။ စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ကဒဲရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်
    February 20, 2023

အခုလ ၁၅ ရက်နေ့ညက စွန့်လွှတ်ခဲ့ရတဲ့ ပုလောမြို့နယ်၊ ကဒဲရွာမှာရှိတဲ့ ယာယီစခန်းနဲ့ နယ်မြေကိုပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီလို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်‌ရေးတပ်သားတွေက ပြောပါတယ်။ ၁၈ ရက်နေ့ က ပြန်လည်သိမ်းယူနိုင်ခဲ့ တာဖြစ် ပြီး နယ်မြေကိုလည်းစိုးမိုးထားနိုင်ပြီလို့ သိရပါတယ်။ “သူတို့လာသိမ်းတဲ့နေ့ကတည်းက အနီးကပ်ဆုံးကနေပြီး မိုင်းရရင် မိုင်းဆွဲ၊ သေနတ်နဲ့ပစ်လို့ရရင်ပစ်ပြီး နေခဲ့တာ။ အင်အားအလုံးအရင်းနဲ့ အလစ်ငိုက်တိုက်ခံရတော့ အင်အား မမျှလို့သာဆုတ်ခဲ့တာ။ ပစ္စည်းတွေတော့ ဆုံးရှုံးသွားတာပေါ့။ ရဲဘော်ကျဆုံးလုံးဝမရှိခဲ့ဘူး” လို့ စခန်းပြန်လည်သိမ်းယူ ရာမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ် ရေးတပ်သားတစ်ဦးက ပြောပါတယ်။ စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာရောက်သိမ်းယူခဲ့တဲ့ ညကလည်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ချိန်မှာ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေး အင်အား စုတွေက အတည်ပြုပြောဆိုပါတယ်။

ကဒဲရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေ နယ်မြေစိုးမိုးပြီးနောက် ရွာသားအနည်းစု ရွာထဲပြန်ဝင်နေကြတာရှိပေမဲ့ စစ်ကောင်စီတပ်က ရွာထကိုလက်နက်ကြီးနဲ့ အချိန်မရွေးပစ်နေတဲ့အတွက် အများစုကတော့ ရွာထဲ မဝင်ရဲဘဲ နီးစပ်ရာတော၊ တောင်ထဲ ရှောင်ပြေးနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးကတော့ “ အေးချမ်းလုံခြုံမှ ပြန်နေရဲမယ်။ တချို့တော့ လည်း ပြန်ဝင်နေကြပြီ။ အနည်းအကျဥ်းပေါ့။ အိမ်မီးရှို့ခံလိုက်ရတဲ့ သူတွေကတော့ ဘုံပျောက်နေပြီ ”လို့ ကဒဲရွာသားတစ်ဦးက ပြောပါတယ်။ စစ်တပ်က ကဒဲရွာကို နယ်မြေစိုးမိုးခဲ့တဲ့ ၂ ရက်အတွင်း ကျေးရွာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၆၅ ဆောင် နဲ့ ပြည်သူပိုင်ပစ္စည်းအများအပြားကို မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။ ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာတဲ့ အခုလ ၂ ရက်နေ့ ကစလို့ မြို့နယ်အတွင်းရှိ တိုကျေးရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာ၊ မှော်ကြောင်းရွာ၊ မြဒေါင်ရွာ စတဲ့ရွာတွေကို စစ်ကောင်စီ တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ၊ အိမ်မီးရှို့တာတွေပြုလုပ်ပါတယ်။ https://www.facebook.com/pho to/?fbid=2277961829 71472&set=a.196212682796489

၆။ ခလရ (၂၆၉) မှ စစ်ကောင်စီတပ်သား ၂ ဦး ဟားခါး CDF ထံ အလင်းဝင်
    February 21, 2023

ချင်းပြည်နယ် ထန်တလန်အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်လာကြောင်း ဟားခါး ချင်းကာကွယ်ရေးတပ် (CDF) က ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးနှင့်အတူ MA – 3 သေနတ် ၂လက် ၊ ကျည် ၆၇၄ တောင့် ၊ ကျည်အိမ် ၉ခု ၊ လက်ပစ်ဗုံး ၄ လုံးနှင့် (၆၀) မမ ဗုံးသီး ၃ ခုနှင့် တခြားသော လက်နက်ခဲယမ်းများလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ ၎င်းတို့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုဘဲ တော်လှန်ရေးတွင် ပါဝင်လိုသည့်အတွက် ယခုလို အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ CDF ဟားခါးအနေဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ဦးအား ငွေကျပ် သိန်း ၃၀ စီပေးအပ်၍ လုံခြုံသည့် နေရာသို့ ရောက်သည်အထိ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ https://www.facebook.com/theirrawaddyburmese/pho tos/pcb.6514596005251163/6514595 261917904/

၇။ ပဋိပက္ခဖြစ်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ အမြန်ဆုံးတွေ့ဆုံဖြေရှင်းရန် တနင်္သာရီတိုင်း ကရင်လူထု တောင်းဆို
    February 20, 2023

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) နဲ့ ကော်သူးလေတပ်မတော် (KTLA) တို့ဘက်က တာဝန်ယူထားတဲ့ အမြင့်ဆုံးသော ပုဂ္ဂိုလ်တွေ အနေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုတွေက ဖေဖော်ဝါရီ ၂၀ ရက် နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဘယ်ကရင်လက်နက်ကိုင်အဖွဲ့အစည်း ကိုမဆို ရန်လိုသောစိတ်၊ အနိုင် အထက်စီးနင်လိုသောစိတ်၊ ကရင်အမျိုးသားတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ အကျိုးကို လစ်လျူရှုပြီး မိမိပုဂ္ဂလိကနဲ့ သက်ဆိုင်ရာ အဖွဲ့ငယ်တို့ရဲ့ အကျိုးစီးပွားကိုသာ ကြည့်ရှုတဲ့ ခေါင်းဆောင်တွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း ထုတ်ပြန် ထားပါတယ်။ တနင်္သာရီတိုင်းအတွင်း ကရင်ပြည်သူ လူထုတွေ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ပစ်ခတ်မှုတွေ မဖြစ်အောင်ထိန်းသိမ်းဖို့ သတိပေးတောင်းဆို ထုတ်ပြန်တဲ့ကြားက လက်နက်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာလို့ တနင်္သာရီတိုင်း အတွင်းရှိ ကရင်ပြည်သူလူထုများ ကိုယ်စား ပြောခွင့်ရသူ နော်ဝါးဝါးက ပြောပါတယ်။

“ကျမတို့ ဖေဖော်ဝါရီလ ၇ ရက်နေ့တုန်းက ကျမတို့ ဒီလိုမျိုးတင်းမာမှုတွေ ဖြစ်လာမှာစိုးလို့ နှစ်ဖက်စလုံးက အဖြေရှာဖို့ အတွက် ကျမတို့ ပထမဆုံး ထုတ်ပြန်ချက်ကို မေတ္တာရပ်ခံချက်အနေနဲ့ ကျမတို့ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ကျမတို့ မေတ္တာရပ်ခံ ထုတ်နေရင်းတန်းလန်းမှာပဲ ပစ်ခတ်မှုဖြစ်တယ်ပေါ့နော်။ နှစ်ဖက်စလုံးက လက်နက်နဲ့ ဖြေရှင်းကြတယ်ပေါ့နော်။ ဖြေရှင်းတဲ့ အခါမှာ နှစ်ဖက်စလုံးက ထိခိုက်မှုရှိတယ်။ ရွာသူရွာသားတွေလည်း ထိခိုက်မှု ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ကျမတို့ ပြည်သူ လူထုအနေနဲ့ သူတို့ လက်နက်အားဖြင့် မဖြေရှင်းကြဘဲနဲ့ အဖြေရှာဖို့ အတွက် ထပ်မံပြီးတော့ တိုက်တွန်းတဲ့အနေနဲ့ ဒီလိုထပ် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။” ဒီကနေ့ထုတ်ပြန်ချက်မှာ တနင်္သာရီ ပြည်သူလူထုတွေနဲ့အတူ ပြည်ပမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း ဒီသဘောထားရပ်တည်ချက်နဲ့ ပူးပေါင်းထုတ်ပြန်တောင်းဆိုထားပါတယ်။ ကရင်အမျိုးသား အစည်းအရုံး- ကေအန်ယူ လက်အောက်ခံ တပ်မဟာ (၄)နဲ့ ကော်သူးလေတပ်မတော်တို့အကြား လတ်တလောထွက်ပေါ်လာတဲ့ အပြန်အလှန် ထုတ်ပြန်ချက်တွေကြောင့် တဖက်နဲ့ တဖက် ဆက်ဆံရေးပိုမိုတင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်ဖက်အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပဋိပက္ခကြီးထွားလာပါက၊ ကရင်အမျိုးသားအတွင်းသာမက ကရင်မဟုတ်တဲ့ လူမျိုးစုတွေအကြား မလိုလား အပ်တဲ့ တင်းမာမှု၊ မုန်းတီးမှုတွေဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထု အကြား စိတ်ဝမ်းကွဲမှု၊ မယုံကြည်မှုတွေကိုလည်းဖြစ်ပေါ် စေနိုင်တယ်လို့လည်း ကရင်လူထုက သတိပေးထားပါတယ်။ အဆိုပါကျေးရွာတွေမှာ ဝိုင်ဒင်းကျေးရွာ၊ အေးမြမင်္ဂလာ ကျေးရွာနဲ့ တပ်ဦးမြိုင်ကျေးရွာတို့ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့ နယ်မြေကျေးရွာတွေဖြစ်ကာ KNU နဲ့ ပြည်သူ့ကာကွယ်‌ ရေး ပူးပေါင်းတပ်ဖွဲ့ က စိုးမိုးထားတဲ့နယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/579858

၈။ AA သံသယနှင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅ ဦး ချုပ်ရက်စေ့၍ လွတ်မြောက်လာ
    February 21, 2023

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားပါ ၅ ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ချုပ်ရက် စေ့၍ ပြန်လည်လွတ်မြောက်လာကြသည်။ ကျောက်ဆိပ်ကျေးရွာသား ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ် တို့မှာ ယနေ့နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်မှ ပြန်လွတ်လာခြင်းဖြစ်သည်။ လွတ်မြောက်လာသူ ကိုညီညီအောင် က “ကျန်နေသေးတဲ့ AA နဲ့ပတ်သက်လို့ အကျဉ်းကျနေသူတွေကိုလည်း လွတ်စေချင်တယ်။ သူတို့ အခက်အခဲတွေ အများကြီးရှိ နေကြတယ်။ ဒီနေ့ လွတ်လာပေမယ့် မဟုတ်မမှတ်ဘဲ ပေးဆပ်ခဲ့ရတဲ့အတွက် ဝမ်းနည်းမိတယ်။ ဒါပေမယ့် ကိုယ့်လူမျိုးအတွက် ပေးဆပ်ခဲ့ ရတဲ့အတွက် ဂုဏ်ယူတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး (၃၃) ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်(၅)ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့သည်။ ၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ် ကာလအတွင်း တပ်မတော် သားများက ရေယာဉ် ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်ကာ နှိပ်စက်မေးမြန်းနေသည့်ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။

ထို့နောက်တွင် ကျောက်ဆိပ်ရွာသား ၅ ဦးကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ ဖြင့် တရားစွဲဆိုခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၀(က)ဖြင့် ငြိစွန်းမှုမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သော်လည်း ၅၂(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရသည်။ “ဒီနေ့လွတ်လာလို့ ဝမ်းသာမိတယ်။ ကျနော်တို့လိုအမှုတွေနဲ့ (အကျဉ်းထောင်)အထဲမှာရှိနေတဲ့ လူတွေကိုလည်း လွတ်စေချင် တယ်” ဟု လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ကိုမောင်ချေက ပြောသည်။ https://www.facebook.com/dmgnewsagenc y/photos/a.466679383484478/2529 748593844203/

၉။ တန့်ယန်းမြို့အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၁ ဦး သေဆုံး
    February 20, 2023

သျှမ်းပြည် တန့်ယန်းမြို့ ရပ်ကွက် ၂ ထဲတွင် မြေမြှုပ်မိုင်း တူးမိရာမှ ပေါက်ကွဲပြီး ကလေး ၁ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် ၂ ထဲတွင် ကလေးငယ် ၂ ဦး ခြံအတွင်း ကန်စွန်းဥ သွားတူးရာမှ မြေမြှုပ်မိုင်း တူးမိပြီး ပေါက်ကွဲမှု ဖြစ်ပွာကား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ “သူတို့ ၂ ယောက် ခြံထဲမှာ ဆော့ကစားနေကြတာ။ အကြီးကောင်ကျတော့ ခြေထောက် နဲ့ ရင်ဘတ်ထိပြီးတော့ အဲ့နေရာမှာပဲ ချက်ချင်းသေဆုံးသွားတာ။ အငယ် တစ်ယောက်တော့ ခါးနားထိသွားတယ်။ အခုတော့ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်” ဟု တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦး ပြောသည်။ ထိုမြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးသွားခဲ့ပြီး၊ တစ်ဦးက ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထို မြေမြှုပ်မိုင်းကို ထောင်ထားသည့်သူများက လာရောက်တာဝန်ယူပြီး ပြန်လာတူးဖော်ပေးရန် အတွက် ဒေသခံများက တောင်းဆိုလိုက်သည်။ တန့်ယန်းမြို့အတွင်း မြေမြှုပ်မိုင်းများ ရှိထားသည့်အတွက်ကြောင့် ဒေသခံ ပြည်သူများက ခြံသွားရန် လည်း စိုးရိမ်နေကြကြောင်း တန့်ယန်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ “ လုံခြုံရေးအတွက်တော့ စိုးရိမ်ရတာ ပေါ့။ ဘယ်သူတွေ လာထောင်ထားလဲ မသိဘူးလေ။ အသွားအလာတွေ ၊ ခြံတွေ သွားလာရတာလည်း စိုးရိမ်ရတယ်။ မြို့ အနီး တစ်ဝိုက်တွေမှာလည်း မြေမြှုပ်မိုင်း ရှိတယ်ဆိုတော့ တစ်ခြား ဘယ်နေရာတွေ ထပ်ရှိမလဲမသိဘူး။ ကျနော်တို့ကလည်း မမြင်နိုင် ဘူးလေ” ဟု ၎င်း အုပ်ချုပ်ရေးမှူးက ပြောသည်။ တန့်ယန်းမြို့နယ်ထဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA၊ ပြည်သူ့စစ်များ နှင့် စစ်ကောင်စီတို့က သွားလာ လှုပ်ရှား သည့် နယ်မြေဖြစ်သည်။ https://www.facebook.com/shan newsburmese/photos/a.341540565938393/59530652081

၁၀။ AA နှင့် အပစ်ရပ်စဲထားစဉ် ကျောက်ဖြူပင်လယ်တွင် စစ်ကောင်စီက လက်နက်ကြီးများစမ်းသပ်ပစ်ခတ်
      February 20, 2023

ရက္ခိုင့်တပ်တော် (AA) အပစ်အခတ်ရပ်စဲထားစဉ် ကျောက်ဖြူနှင့် မြေပုံမြို့နယ်အကြားရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီ က လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၉ ရက်က ကျောက်ဖြူနှင့် မြေပုံမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီက လက်နက်ကြီးသံ (၁၀) ချက်ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ရခိုင် တွင် အပစ်အခတ်ရပ်စဲထားချိန် ယခုကဲ့သို့ လက်နက်ကြီး ပစ်ခတ် စမ်းသပ်မှုများ ကြောင့် လူထုကို အထိတ်တလန့်ဖြစ်စေသလို ငြိမ်းချမ်းရေး ကိုလည်း ထိခိုက်လာနိုင်သည်ဟု ကျောက်ဖြူမြို့မှ အမည်မဖော်လိုသည့် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ “သေချာအသိပေးတာမျိုးလည်းမရှိဘဲ အခုလို အေးချမ်းနေတဲ့ကာလမှာတော့ ပစ်သံခတ်သံတွေ ကြားနေရတာမျိုးက မဖြစ်သင့် ပါဘူး။ ဒါက ပြည်သူလူထု အထိတ်တလန့်လည်း ဖြစ်စေသလို၊ လက်ရှိငြိမ်းချမ်းရေးကိုလည်း ထိခိုက်လာစေနိုင်တယ်။ နောက် တစ်ခုက ရေသယံဇာတ ထိခိုက်မှုတွေပါ ဖြစ်စေတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကြိုတင်သတိပေးမှုမရှိဘဲ လက်နက်ကြီး ပေါက်ကွဲသံများ ကြားခဲ့ရ၍ ဒေသခံများအကြား အထိတ်တလန့် ဖြစ်ကာ စိုးရိမ်မှုများရှိခဲ့ကြောင်း နောက်ထပ်ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ “သေချာဘာမှ အသိပေးတာ၊ သတိပေး တာလည်းမရှိဘူးလေ။ နောက်မှ သိရတာတော့ လက်နက်ကြီးလေ့ကျင့်တာပြောတာပဲ။ အုပ်ချုပ်ရေးမှူးရုံး ကိုတော့ စာပေးထား တယ်ပြောပါတယ်။ ဘာဖြစ်မှန်းမသိတော့ ဒေသခံတွေမှာတော့ ကြောက်တာပေါ့”ဟု ပြောသည်။ အဆိုပါ ပစ်ခတ်မှုသည် ကျောက်ဖြူမြို့နယ်ထဲမှ မာန်အောင်ကျွန်းတစ်ဝိုက်နှင့် မြေပုံမြို့နယ်၊ ကျွန်းသာယာတစ်ဝိုက်မှာ စစ်ကောင်စီရေတပ် ဇက်နေဗီ က လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ သည် ၂၀၂၂ ခုနှစ်တွင် တကျော့ပြန်တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ (၂၆) ရက်၌ လူသားချင်းစာနာမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်ခဲ့ကြသည်။ အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီက လူအင်အား၊ လက်နက် အင်အားနှင့် ရိက္ခာဖြည့်တင်းမှုများကို ကြေး၊ ရေ၊ လေကြောင်းတို့ဖြင့် ဆက်တိုက်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း စစ်ကြောင်းလှည့်လည်မှုများနှင့် လက်နက်ကြီး၊ လက်နက်ငယ် စမ်းသမ်းပစ်ခတ်မှုများကြောင့် ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ပွဲ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်မှုများရှိနေကြသည်ဟု သိရသည်။ https://burmese.narinjara.com/…/63f32f88f1ba4 0570938a7ed

၁၁။ သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီး
      February 20, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၄၀ ဦးကို စစ်ကောင်စီတပ် နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဝဲကလိကျေးရွာ ကွင်းအမှတ် ၉၀၂ လမ်းအတိုင်း လမ်းလျှောက် လာသည့် ရိုဟင်ဂျာအမျိုးသား ၂၅ ဦး ၊အမျိုသမီး ၁၂ ဦးနှင့်ကလေးငယ် ၃ ဦးကို ဖမ်းဆီးခဲ့တာဖြစ်သည် ဟု မြို့ခံတစ်ဦးက ပြော သည်။ “တောလမ်းအတိုင်း လူအများကြီး လမ်းလျှောက်လာတာဆိုတော့ ဒေသခံတွေက စစ်တပ်ကို အကြောင်းကြားလိုက်တာ စစ်တပ်နဲ့အဖွဲ့တွေ လာခေါ်သွားတာ”ဟု ပြောသည်။ စစ်ကောင်စီတပ်နှင့်အဖွဲ့က ရိုဟင်ဂျာ ၄၀ဦးကို ကမာဝက်နယ်မြေရဲစခန်း ကို ခေါ်ဆောင်သွားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။ https://www.facebook.com/phot o/?fbid=16829589929612 1&set=a.121904663935245

၁၂။ ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲတစ်ရာနီးပါးဖြစ်ပွား
     February 20, 2023

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ (၅) ဒေသမှာ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်း တိုက်ပွဲတစ်ရာနီးပါးဖြစ်ပွားခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့ KNU လက်နက်ကိုင်တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲ ၉၁ ကြိမ် ဖြစ်ပွားခဲ့ တဲ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၁၈ ကြိမ်ပစ်ခဲ့သလို လေကြောင်း ကနေ ဗုံးအလုံး ၄၀ ကြဲချခဲ့တယ်လို့ KNU တပ်မဟာ(၅) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ဒီတိုက်ခိုက်မှု တွေကြောင့် စာသင်ဆောင်၊ နေအိမ်နဲ့ အဆောက်အအုံ ၂၆ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း တဘောကော်ဒဲရွာ ဒေသခံ စောမောင်နူး သေဆုံးခဲ့ပြီး KNU တပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ၂၈ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မဟာ (၅) နယ်မြေဟာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ အများဆုံးလုပ်တဲ့ ဒေသတစ်ခုဖြစ်နေပြီး မြေပြင် ထိုးစစ်၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ပြောက်ကျား တိုက်ခိုက်မှုတွေကိုပါ တွေ့နေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိလာပြီလို့ KNU ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ https://www.rfa.org/burmese/news/battles-in-karen-022 02023025811.html

၁၃။ ပိုခက်ခဲပြီး မိသားစုဦးရေများတဲ့စစ်ရှောင်တွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ ဆန်ရိက္ခာထုတ်ပေး
      February 20, 2023

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တစ်ရက်မှာ ပိုခက်ခဲပြီး လူဦးရေပိုများတဲ့ စစ်ရှောင်မိသားစုတွေကို တစ်ဦးလျှင် ဆန် နှစ်ဘူးခန့် ထုတ်ပေးရတယ်လို့ စစ်ရှောင်စခန်း ကော်မတီဝင် တစ်ဦး က ပြောပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၆၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော် နေထိုင်လျက်ရှိပြီး နောက်ပိုင်းတွေမှာ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေ နည်းပါးလာသလို လူဦးရေများတာကြောင့် ပိုခက်ခဲတဲ့သူတွေကို အပတ်စဉ် ဆန်ထုတ်ပေး တယ်လို့ အခုလိုပြောပါတယ်။ “နောက်ပိုင်းမှာ အလှူရှင်တွေက ပိုပြီးပါးလာတယ်ပေါ့နော်။ အိမ်ခြေလည်းများ လူဦးရေလည်း များတော့ တချို့အလှူရှင်တွေက မတတ်နိင်ဘူး ဆိုပြီးတော့မှ ပြန်လှည့်ပြန်တာတွေလည်း ရှိတယ်။ တော်တော်များများက အ့လိုမျိုးတွေ ရှိဖူးတယ်ပေါ့နော်။ လူဦးရေ တအားများတော့ အခက်အခဲ တွေတော့ အများကြီး ကြုံတွေ့ရတယ်ပေါ့နော်။ ကျမတို့ ကော်မတီတွေကနေပြီးတော့ ဆန်ပုံမှန် မဖြန့်ဝေနိုင်တော့ သူတို့ကို တစ်ပတ်ကို ဗုဒ္ဓဟူးနေ့ တစ်ရက်အပတ်စဥ် ဗုဒ္ဓဟူးနေ့ မှာ သူတို့ ရိက္ခာ အခက်အခဲ ရှိတဲ့လူတွေကိုထုတ်ပေးတယ် “လို့ စစ်ရှောင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ပုံမှန်အလှူရှင်မရရှိတော့ဘဲ သုံးလတစ်ကြိမ်၊ ၅ လတစ်ကြိမ် စသဖြင့်သာ ရရှိတယ်လို့ သိရပါ တယ်။ ဒါကြောင့် အလှူရှင်အဖွဲ့အစည်းတွေကိုသာ မှီခိုနေရတဲ့ လက်လုပ်လက်စားစစ်ရှောင်တွေ ဝင်ငွေမရရှိတဲ့ စစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၀ နေ့မှာ အဆိုပါစစ်ရှောင်စခန်းရှိရာကို နည်းပညာထောက်ပံရေး အဖွဲ့မှ ဆန်၊ဆီ၊ဆား၊ ရိက္ခာခြောက်များကို သွားရောက် လှူဒါန်းခဲ့ပြီး ကျောင်းနေအရွယ်ကလေးတွေကို လည်း အာဟာရမှုန့်အချို့ ဝေပေးခဲ့တယ်လို့ သိရပါတယ်။ “အဓိက တော့ သူတို့လိုအပ်ချက်တွေအရ ကျနောတို့ သွားလှူ ဖြစ်တယ်ပေါ့နော်။ စစ်ရှောင်မှာ လိုအပ်ချက်တွေကတော့ သူတို့ စာနပ်ရိက္ခာပိုင်းဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီတွေ ကြက်သွန်ဖြူတွေပေါ့။ အဓိကတော့ ကုန်ခြောက်တွေပေါ့။အ့ဒါလေးတွေကို ကိုယ်နိုင်တဲ့ တဖက်တစ်လမ်းကနေ ကူညီပေးတယ်။ ပြည်ပ အလှူရှင် တွေနဲ့ ပြည်တွင်း အလှူရှင် တွေ နဲ့ ကူညီနိုင်သလောက်ပေါ့နော် ကူညီပေးတယ်ပေါ့နော် “လို့ လာရောက် လှူဒါန်းပေးတဲ့ ကိုအုပ်ကြီးက ပြောပါ တယ်။ စစ်ရှောင်စခန်း စားနပ်ရိက္ခာလိုအပ်ချက်အပြင် ကျန်းမာရေးစောင့်ရှောက်မှု အပြည့် အဝမရရှိတာ၊ လမ်းခရီး အခက် အခဲတွေကြောင့် ဆေးရုံဆေးခန်းမပြသနိုင်တဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေမှာ မွေးခင်းစကလေး သေဆုံးတာ တွေလည်း ရှိခဲ့ဖူးတယ်လို့ သိရတယ်။ https://www.kantarawaddytimes.org/%e1%80%95%e1%80%ad% e1%80%af%e1%80%81%e1%80%80% e1%80%

၁၄။ ဆိုင်းတောင် စစ်တပ်ကုန်းကို KIA၊ PDF က ဒရုန်းဖြင့် တိုက်ခိုက်
      February 20, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီစစ်တပ်ကုန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ည ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူများမှ သိရသည်။ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ ရပ်ကွက် ၂ အနီးရှိ စစ်ကောင်စီ စစ်တပ်ကုန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ”ညကသွားပစ်တာ ဟုတ်တယ်တဲ့ ၇၉ မမ တွေ၊ ပြီးပဒိန် လက်နက်တွေနဲ့သွားပစ်တာတဲ့ ဟိုဘက်က အကျအရှုံးတော့ရှိမယ် လို့သိရတာ သေချာစီစဥ် ပြီး သွားပစ်တာဆိုတော ညကြီးဆိုတော့ဘယ်လောက်ကျလဲ အတိအကျမသိရသေးဘူး”ဟုပြောသည်။ သွားရောက်ပစ်ခတ်မှု တွင် မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီ ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဆိုင်းတောင် စစ်တပ် ကုန်းသည် ယခုနောက်ပိုင်း မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းနှင့် အရပ်သားပြည်သူများကို ဝင်ရောင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။ https://burmese.kachin news .com/2023/02/20/az1-131/

၁၅။ ချင်းလူမျိုးအတွင်း စည်းလုံးညီညွတ်ရေးနဲ့ အဖိနှိပ်ခံလူမျိုးတွေ အားလုံးအတွက် အစွမ်းကုန်ကာကွယ်မယ်လို့ CDF-Asho ထုတ်ပြန်
      February 20, 2023

ချင်းလူမျိုးအတွင်း စည်းလုံးညီညွတ်ရေးနဲ့ အဖိနှိပ်ခံ လူမျိုးတွေ အားလုံးအတွက်ပါ အစွမ်းကုန် ကာကွယ်သွားမယ်လို့ မနေ့က ထုတ်ပြန်တဲ့ ချင်းကာကွယ်ရေးတပ် CDF-Asho ရဲ့ (၇၅) ကြိမ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ ချင်းလူမျိုးတို့ရဲ့ ရဲစွမ်းသတ္တိကို အခြေတည်လျက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ ချင်းတစ်မျိုးသားလုံးရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူအခွင့်အရေး ရရှိရေး၊ လူမျိုးအတွင်း စည်းလုံး ညီညွတ်ရေးနဲ့ အဖိနှိပ်ခံ လူမျိုးတွေအားလုံးအတွက်ပါ အစွမ်းကုန် ကာကွယ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေး စစ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုး-NUG၊ ချင်းအမျိုးသား တပ်ဦး-CNF၊ ချင်းကာကွယ်ရေးတပ်တွေ၊ ဘုံရန်သူတူညီတဲ့ တော်လှန် ရေး အင်အားစုတွေ အားလုံးနဲ့ အပြန်အလှန် လေးစား ယုံကြည်မှုထားကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း CDF- အရှို ကဆိုပါတယ်။ နွေဦးတော်လှန်ရေး အတွင်းအသက်ပေးသွားခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေကို ဦးညွှတ်အလေးပြု ပြီး အခက်ခဲ အကြပ်အတည်းဒဏ်ကို ရင်ဆိုင်လျက် တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်တွေ အားလုံးနဲ့ ပြည်တွင်း ပြည်ပမှ ထောက်ပို့ ရဲဘော်တွေနဲ့ ဒုက္ခပေါင်းစုံ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြည်သူလူထု အပေါ် လေးစား လေးနက်စွာ မှတ်တမ်းပြုပါတယ်လို့လည်း ဆိုပါတယ်။

နွေဦးတော်လှန်ရေးဟာ ဒေသတစ်ခု လူမျိုးစုတစ်ခုမှ တော်လှန်နေသရွေ့ မအောင်မြင်နိုင်သလို ပြည်သူလူထုအခြေပြု ပြည်သူ့တော်လှန်ရေး ဖြစ်တာနဲ့အညီ တောင်ပေါ်မြေပြန့် ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံးအနေနဲ့ မိမိတို့ လူမျိုး အချင်းချင်း အပြန်အလှန်လေးစားမှု အပြန်အလှန် အသိအမှတ်ပြုမှုတွေနဲ့ မျိုးနွယ်စုများပြားလှတဲ့ ချင်းတစ်မျိုး သားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့လည်း CDF- အရှိုက တိုက်တွန်းထားပါတယ်။ (၇၅) ကြိမ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနားကို မနေ့က CDF-Asho ဌာနချုပ်၊ ကုက္ကလိုင်ကွင်းမှာ တော်လှန်ရေးညီနောင် မဟာမိတ် PRA-Magway နဲ့ ပူးပေါင်းကျင်းပ ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအခမ်းအနားကို EAO နဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေ PRA-Magway၊ PIO/PIA၊ SAF၊ PRF(WEST)၊ PLF အပြင် မိုးကြိုးပြောက်ကျား စတဲ့ တော်လှန်ရေး မဟာမိတ်အဖွဲ့တွေက တာဝန်ရှိ သူတွေနဲ့ ရဲဘော်ရဲဘက်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/MeKongNew\sMM/phot os/pcb.1184570148869587/1184569968869605/

၁၆။ ထားဝယ်−မေတ္တာကားလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ဟု သံမဏိ ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်
      February 20, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အရှေ့တောနယ်ဒေသရှိ ထားဝယ်−မေတ္တာကားလမ်းပိုင်းတွင် ဖေဖော်ဝါရီ လ(၁၅)ရက် နေ့လည်(၁)နာရီတွင် စစ်ကောင်စီတပ်နှင့် ကော်သူးလေအာမီ (KTLA) ပူးပေါင်းတပ်ဖွဲ့များအကြား တစ်နာရီခန့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန် ထားသည်။ အဆိုပါ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သံမဏိပြောက်ကျား(နဘယံ)အဖွဲ့၊ ကော်သူးလေတပ်မတော် (KTLA) ဆာက ဆောတပ်မဟာတပ်ရင်း-၂ (ခွဲ ၃)၊ တပ်ရင်း-၃ (ခွဲ ၆၊ ၇) တို့နှင့်အတူ မဟာမိတ်ပူး ပေါင်းအဖွဲ့ ဝင်များဖြစ်သော Dawei Defense Force (D.D.F) အဖွဲ့တို့ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သံမဏိပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

သံမဏိပြောက်ကျားတပ်ဖွဲ့၏တာဝန်ခံတစ်ဦးက “ ၅ ယောက်သေသွားတယ်။ တော်တော်များများက ထိခိုက်ဒဏ်ရာရ တယ်။ ကျနော်တို့နဲ့တိုက်ပွဲမှာပါတာက ကော်သူးလေအာမီ (KTLA) ပါတယ်၊ KTLA တပ်ရင်း ၂ ခွဲ(၃)ပါတယ်၊ ခွဲ ၆ ပါတယ်၊ ခွဲ(၇) ပါတယ်။ နောက်တစ်ရက်မှာဆိုရင် ဥသြစစ်ကြောင်း ပါတယ်။ တိုက်ပွဲမှာ ဥသြစစ်ကြောင်းက တစ်ယောက်ကျတယ်။ ဒဏ်ရာရ တာတွေလည်းရှိတယ်”ဟု ပြောသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲသည့် ထားဝယ်− မေတ္တာကားလမ်းပိုင်းတွင် စစ်ကောင်စီတပ် ဘက်မှ အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေပြီး နယ်မြေခံပူးပေါင်း တပ်ဖွဲ့များအနေဖြင့် ထိုလမ်းပိုင်းကို အသုံးမပြုရန် သွားလာနေသည့်ကားများနှင့် ပြည်သူများကို သတိပေးထား ကြောင်း သံမဏိပြောက်ကျား တပ်ဖွဲ့၏တာဝန်ခံက ဆက်ပြော သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ KTLA ဘက်မှလည်း သတင်းထုတ်ပြန်ထားသလို အခြား ပူးပေါင်းတပ်ဖွဲ့များ လည်း အသီးသီး သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းတွေ့ရ သည်။ https://kicnews.org/2023/02/%e1%80%91%e1%80%ac%e1%80%b8%e1%80%9d%e1%80%9a%e1%80%b

၁၇။ စစ်ကောင်စီကို ဖိအားပေးတိုက်စစ်ဆင်နိုင်တဲ့ မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေး KNDF အသုံးပြု
      February 20, 2023

ကရင်နီပြည်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ဖိအားပေးတိုက်စစ်ဆင်နိုင်ပြီး တိုက်ပွဲအတွင်းမှာလည်း မြေပြင်တပ်ဖွဲ့ တွေကို ကူညီနိုင်တဲ့ မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေးကို အသုံးပြုနေတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “မြေပြင်အဖွဲ့တွေ မသွားနိုင်တဲ့ နေရာတွေမှာ စစ်ကောင်စီအား ဖိအားပေး တိုက်စစ်ဆင်နိုင်ပြီး တိုက်ပွဲ အတွင်း မြေပြင်တပ်ဖွဲ့ကိုလည်း အကူအညီပေးနိုင်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအောင်မြင်လာတဲ့အခါ ရန်သူ‌တပ် စွဲထားတဲ့တည်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တဲ့အထိ ထိရောက် လာနိုင်ပါတယ်။” လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကတည်းက Unmanned Aerial Vehicle ( UAV ) မောင်းသူမဲ့လေကြောင်း ကို ဖွဲ့စည်းခဲ့ပြီး လက်ရှိ မြေပြင်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ မြေပြင် စစ်အင်အားတိုးချဲ့ပြီး နည်းပညာ အဆင့်မြှင့်တင်မှုတွေကို လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ နည်းမျိုးစုံကို အသုံးပြု နေပြီး ဒီ UAV ကို ဖွဲ့စည်းပြီး တိုက်ခိုက်ခြင်းဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်တဲ့အတွက် ကူညီပံ့ပိုးမှုတွေ လိုအပ်နေ တယ်လို့ သိရပါတယ်။

မောင်းသူမဲ့ လေကြောင်းစစ်ဆင်ရေးဆိုတာ ဒရုန်းတွေနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို သွားရောက်တိုက်ခိုက် တာမျိုးလို့ သိရပါတယ်။ လွိုင်ကော် PDF ကလည်း Falcon Wings drone အဖွဲ့ နဲ့အတူ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ တပ်စွဲ ထားတဲ့နေရာတွေ၊ ရုံးတွေကို ဒရုန်းတွေနဲ့ အသုံးပြုတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံး မှုတွေလည်း ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80% 85%e1%80%ba%e1%80%80%e1%80 b1%e1%80

၁၈။ တောင်ကြီး တပ်ပိုင်ဈေးဆိုင်ခန်းများ ဘူဒိုဇာဖြင့် ဖြိုဖျက် အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံး
      February 20, 2023

သျှမ်းပြည် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင် တပ်ပိုင် ဈေးဆိုင်ခန်း နှင့် တိုက်ခန်းများ ဘူဒိုဇာဖြင့် ဖြိုဖျက်ခံရ ပြီး အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ဌာနဆိုင်ရာများပူးပေါင်းပြီး သျှမ်းရိုးမတိုက်တန်းမှ ဆိုင်ခန်းများ ကို “တပ်ပိုင်မြေမကျူး ကျော်ရ” ဆိုပြီး စာစောင်ကပ်ထားကာ လူသွားလမ်းများ ပိတ်ထားကြောင်း၊ 212 ဈေးရှိ ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် ဖြိုဖျက်ပျက် စီးခဲ့ကြောင်း ကျောင်းကြီးစု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။ ထိုသို့ မဖြိုဖျက်ခင် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆိုင်ခန်းထဲ ရှိ ပစ္စည်းသိမ်းယူနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံးသွားကြောင်း ၎င်းက ပြောသည်။ “သူတို့ ဆိုင်ခန်းကို ဖျက်ယူနေရင်း အုတ်နံရံ ပြိုကျလာတာ။ အဲ့ဒီ တစ်ယောက်က ဖိနပ်ကျန်ခဲ့လို့ ပြန်ယူတဲ့အချိန် ပိသွားတာဗျ၊ ဦးခေါင်းပွင့်သွားတယ်။ ဈေးကတော့ အကုန်ဖျက် ပြီးသွားပြီ၊ ချက်ချင်း သံဆူးကြိုးကာထားတယ်။ သျှမ်းရိုးမတိုက်တန်းက အင်းဝဘဏ်တစ်ခုဘဲ ကျန်တယ်။ ကျန်တာ အကုန်ထွက်ရပြီး တပ်မြေမကျူးကျော်ရ ကပ်သွားတယ် “ ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှ ဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများကို ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထားကာ အပြီးအစီး ရွှေ့ပြောင်း ခိုင်းနေသဖြင့် အချိန်မှီ ပစ္စည်းရွှေ့ပြောင်းနေသည့် အမျိုးသားတစ်ဦး အုတ်တံတိုင်း ပိပြီး သေဆုံးခဲ့ရသည်။ “အခြေ ပျက်ကုန် တာပေါ့၊ ပိုက်ဆံရှိ သမားတွေလည်း ခံရမှတော့ မရှိသမားဆို ပိုဆိုးပေါ့ဗျာ။ အမျိုးမျိုးသော ဒုက္ခတွေ ကြုံနေရတာပေါ့။ ဆိုင်ခန်း အသစ်ထပ်ဖွင့်ဖို့လည်း မတတ်နိုင်တော့ဘူး။ အခုက ဆိုင်ခန်းခလည်း ဈေးကြီးတယ်”ဟု ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။ သျှမ်းရိုးမတိုက်တန်းအတွင်း နေထိုင်သူများသည် စစ်တပ်နှင့် စာချုပ်နှစ် ၃၀ ချုပ်ပြီး ငှားထားကြောင်းလက်ရှိ စာချုပ် မပြီးသေးချိန် ၁၀ နှစ်ကျော် ကျန်သေးချိန်မှာ စစ်တပ်က ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် လာရောက် ဖြိုဖျက်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/sha nnewsburmese/photos/pcb.5952715801487480/5952715278154199/

၁၉။ ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲများ ရွှေ့ပြောင်းရန် ဖိအားပေးနေ
     February 21, 2023

ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲ ၁၅၀ ခန့်ကို ယခုသီတင်းပတ်အတွင်း ရွှေ့ပြောင်းပေးကြရန် ဖိအားပေးခံနေသည်ဟု သိရသည်။ “ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက် ကျလာ ခဲ့လို့ ရွှေ့ပြောင်းခိုင်းတယ်လို့ ပြောပါတယ်၊ အခုရက်ပိုင်းအတွင်း ရွှေ့ရမယ်လို့ ပြောလာခဲ့ပါ တယ်“ဟု ယင်းနေရာတွင် နေထိုင်သူ တစ်ဦးက ပြောသည်။ နေအိမ်တဲများအား ရွှေ့ပြောင်းရန် ဖေဖော်ဝါရီလ ၁၀ ရက်ဝန်းကျင်မှစကာ လာရောက်ပြောဆိုထားပြီး မည်သည့်အဖွဲ့အစည်းမှန်း ပြောင်းရွှေ့ခိုင်းသည်ကို တိတိကျကျ မသိရသေးပေ။ ဒေသခံများ၏ ပြောဆိုချက်အရ ရွှေ့ပြောင်း ပေးသူများအား ၁၅ ပေခန့်ကျယ်ဝန်းသည့် မြေနေရာ အစားထိုးပြန်လည်ပေးမည်ဟု ဆိုထားပြီး နေအိမ်တဲ တစ်လုံးလျှင် ငွေကျပ် တစ်သိန်းစီ အလျော်ပေးမည်ဟု ပြောဆို ထားကြောင်း သိရသည်။ “မျောချောင်းဆိုတာက မိုးရာသီကာလရောက်လာတဲ့ချိန်ဆို ရင်‌တော့ ကုန်းမြင့်တွေက‌နေ ရေစီးတဲ့‌ နေရာဖြစ်တဲ့အတွက် လူမပြောနဲ့အိမ်တွေတောင် အလုံးလိုက်ကျွတ်ပါသွားမယ့်နေရာတွေ ဖြစ်တာကို သိထားလို့ မနေရဲတာ“ဟုပြည်သူတစ်ဦးကပြောသည်။

လက်ရှိ ပြောင်းရွှေ့ပေးရန်ဆိုထားသည့်မြေနေရာတွင် နေထိုင်သူများသည် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်း ထန်ဆုံးဖြစ်သည့် စစ်ကိုင်းဒေသဘက်မှ ပြောင်းရွှေ့လာသူအများဆုံးပါဝင်ကာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ အပါအဝင် လူဦးရေ ငါးရာဝန်းကျင်ရှိ‌ကြောင်း သိရသည်။ “ဒီမှာလာနေတာ ခုဆိုရင်တစ်နှစ်ကျော်ရှိပြီ။ အများစုက စစ်ကိုင်းတိုင်းထဲကပေါ့ ကိုယ့်ရပ်ရွာက ဒုက္ခရောက်လို့ ဖားကန့်ကို လာခဲ့တာ၊ အခုနေအိမ်လေးပါ ဖျက်ရမယ်ဆိုတော့ အများကြီးဒုက္ခရောက်တာပေါ့ဗျာ “ဟု ကိုမောင်မြင့်(အမည်လွှဲ)က လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကိုပြောသည်။ စစ်တပ်အာဏာသိမ်းယူပြီးသည့်နောက် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် စက်ယန္တယားကြီးများဖြင့် ကျောက်စိမ်း တူးဖော်နေမှုများအား ပိုမိုပြုလုပ်နေပြီး၊ လုပ်ကွက် အနီးပါတ်ဝန်းကျင်ရှိ နေအိမ်များကိုရွှေ့ပြောင်းစရိတ်များပေး၍ ကျောက်စိမ်းတူးဖော်နေကြကြောင်း သိရသည်။ ရှရော်ခကျေးရွာ သည် အိမ်ခြေ ရှစ်ရာကျော်ရှိပြီး၊ လူဦးရေ ၄၀၀၀ ကျော်နေထိုင်သော ကျေးရွာတစ်ခု ဖြစ်သည်။ https://burmese.kachinn ews.com/2023/02/21/az1-132/

၂၀။ ဟားခါးမြို့ပေါ်တွင် စနေ၊ တနင်္ဂနွေ ဝတ်ပြုကိုးကွယ်မှုအစီစဉ် ကြိုတင်ခွင့်တောင်းစရာမလိုပဲပြန်လည်ခွင့်ပြု
     February 21, 2023

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စနေနှင့် တနင်္ဂနွေနေ့နှစ်ရက်အတွက် ဘုရားကျောင်းဝတ်ပြုအစည်းအဝေးများကို စစ်ကောင်စီထံကြိုတင်ခွင့်တောင်းစရာမလိုပဲ ပြန်လည်ခွင့်ပြုလိုက်ပြီဟု ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော် ဆောင်များအဖွဲ့ (HCMF) ထံမှသိရသည်။ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံအမှုတော်ဆောင်များအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ် များသည် ဟားခါးမြို့ အခြေစိုက် စစ်ဗျူဟာမှူး ကို သွားရောက်တွေ့ဆုံပြီး ဘုရားကျောင်းတက်နိုင်ရေး တင်ပြတောင်း ဆိုရာမှာ ခုလိုပြန် လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့က ဓမ္မအမှုတော်ဆောင်ဆရာတော်တစ်ပါးကပြောသည်။ “ ဘုရားကျောင်းဘယ်နေရာ မှာရှိသလဲ၊ တာဝန်ခံ သင်းအုပ်ဆရာ တော်ကဘယ်သူလဲ ဆက်သွယ်နိုင်မယ့် ဖုန်းနံဘတ်ပေါ့ နော် အသင်းတော်မှာပုံမှန် ဝတ်ပြု ကိုးကွယ်တဲ့လူဦးရေ ဘယ် လောက်ရှိသလဲဆိုတာအကြမ်းဖျင်းတင်ပြထားတယ် အဲဒီ တင်ပြတဲ့အပေါ်မှာ လက်ခံပေးပြီးတော့ ခွင့်ပြုပေးတာဖြစ်တယ်’’ ဟု ဓမ္မအမှုတော်ဆောင်ဆရာတော် ကပြော သည်။ ဟားခါးမြို့ပေါ်တွင် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ် ခြင်းအစီစဉ်နှင့် အခြားအစီစဉ်များကို မနက် ၇ နာရီမှ ညနေ ၄ နာရီ အထိခွင့်ပြုထားပြီး စနေနေ့အတွက် ဝတ်ပြုခြင်း၊ သီချင်း တိုက်ခြင်းနှင့် အခြားအစီစဉ်များကို မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ စစ်ကောင်စီကခွင့်ပြုထားကြောင်း ဟားခါးခရစ်ယာန် ဂိုဏ်းပေါင်းစုံအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါခွင့်ပြုချက်သည် ဟားခါးမြို့ပေါ်အခြေစိုက်ဘုရားကျောင်းများအတွက်သာဖြစ်ပြီး စနေနှင့် တနင်္ဂနွေ နေ့ရက် အချိန်များတွင်သာ မြို့အုပ်ချုပ်ရေးမှူးရုံးထံ ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ သတ်မှတ်ချိန်အတွင်း လွတ်လပ်စွာ ဝတ်ပြုနိုင်မည် ဟုသိရသည်။ သို့သော်လည်း ဘုရားကျောင်းတွင် ဘာသာရေးနဲ့ သက်ဆိုင်သည့် အစည်းအဝေးများ၊ သင်တန်းများ၊ မင်္ဂလာဆော င်ပွဲများ နှင့် ဆုတောင်းပွဲများအတွက် စနေ၊ တနင်္ဂနွေနေ့မကျလျှင် သတ်မှတ်ပုံစံအတိုင်း စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးရုံးတွင် ၅ ရက်ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်သည်ဟု သိရသည်။ ထို့အပြင် နာရေးကိစ္စရပ်များတွင်လည်း ခွင့်ပြုချက် ရယူရန်ဖြစ်ပြီး မိဘပြည်သူများအနေနဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း နာရေးကိစ္စရပ်များတွင် အခက်ခဲရှိပါက HCMF ကိုလည်း အကူညီ တောင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။ စစ်ကောင်စီသည် ချင်းပြည်နယ်၏ မြို့နယ် ၇ မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး နောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာထားသော ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ကန်ပ က်လက်နဲ့ မတူပီမြို့နယ်တို့မှာ ညမထွက်ရအမိန့်နှင့် လူ ၅ ဦးထက် ပိုမစုရ အမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့သည်။ https://www.facebook.com/KhonumthungBurmese/photos/a.1681578358776866/33 70454166555935/

၂၁။ ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းရောဂါဖြစ်နေ၊ တစ်ဦးသေဆုံး
     February 21, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဗူးပြားရွာမှာ ဒေသခံနှစ်ဦးအပါအဝင် ကလေးငယ် ၂၀ ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ခုနစ်လအရွယ် ကလေးတစ်ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အဲဒီရွာမှာ အိမ်ခြေ ၅၁ လုံးနဲ့ လူဦးရေ ၃၀၀ ကျော်နေထိုင်ပြီး ကယားပြည်နယ် အတွင်းက ထွက်ပြေး လာ ရတဲ့ စစ်ဘေးဒုက္ခသည်တွေပါ ရှိနေတယ်လို့ ဆိုပါတယ်။ ကလေးငယ်အများစုဟာ အသက်အရွယ်အလိုက် ပုံမှန်သောက်သုံးရတဲ့ ကာကွယ်ဆေး မရတာကြောင့် ဝမ်းရောဂါ ပိုအဖြစ်များနေတယ်လို့ မိုးဗြဲ ကူညီရေးအဖွဲ့ (Mobye Rescue Team) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ကလေးတွေက အရင်စဖြစ်တာပေါ့။ အဲဒီကနေ လူကြီးတွေကိုပါ ကူးစက်တာ။ ဖြစ်တဲ့ သူအများစုရဲ့ ဝမ်းတွေက အဖြူရောင်တွေ။ တကယ်လို့ ပုံမှန်အခြေ အနေမှာဆိုရင် ဓာတ်ခွဲခန်းကိုယူပြီး စစ်ပြီးရင် ခဏလေးနဲ့ ပြန်ထိန်းချုပ်လို့ ရတယ်။ အခုက ဓာတ်ခွဲ ခန်းလည်းမရှိ၊ ဆေးဝါးလည်း အများကြီး သယ်လို့မရတဲ့အခါကျတော့ ကုသရေးဟာ ခက်ခဲနေပြီး ကလေးတွေ အသက်သေဆုံးတဲ့ အထိ ဖြစ်နေတာ” ဗူးပြားရွာကနေ တခြားရွာတွေကို ဝမ်းရောဂါ ထပ်မကူးစက်နိုင်အောင် ရောဂါ ထိန်းချုပ်မှု တချို့ကိုတော့ စီမံထားတယ်လို့လည်း မိုးဗြဲကူညီရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ဝမ်းရောဂါဖြစ်နေတဲ့ ကလေးငယ်တွေထဲမှာ အသက် ခုနစ်လကနေ ၁၄ နှစ်အရွယ်အထိ ပါဝင်ပြီး လူကြီး နှစ်ဦးကတော့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနဲ့ အမျိုးသား ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်း-ကယား နယ်စပ်တွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည် တွေလည်း အခုလို ရေရှားပါးတဲ့ နွေရာသီမှာ သောက်သုံးရေမသန့်ရှင်း တာကြောင့် နောက်ဆက်တွဲ ဝမ်းရောဂါတွေ နှစ်စဉ်ဖြစ်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ https://www.rfa.or g/burmese/news/pekhon-20children-diarrhea-died-02212023045155.html

၂၂။ သံတောင်ကြီးရှိ မိုင်းလွန်အောက်ကျေးရွာ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက် ခံရ၍ သေဆုံးမှုများပြား
    February 21, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ မိုင်းလွန်အောက်ကျေးရွာ စစ်ကောင်စီစခန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂) ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်သဖြင့် ယင်းတပ်စခန်း တစ်ခုလုံး နီးပါးကျသွားကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ)ကာကွယ်ရေး တပ်ဖွဲ့ (NTDF)က ပြောသည်။ ကေအဲန်ယူ တပ်မဟာ (၅) ဘက်မှ တောင်ငူခရိုင် တပ်မဟာ(၂)တွင် ဒရုန်းသင်တန်း များပို့ချပေးခဲ့ရာ သင်တန်းဆင်း သည့်အနေဖြင့် ထိုကဲ့သို့မစ်ရှင်ဖော် ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတပ်စခန်းအား ဒရုန်းဖြင့် ဗုံး (၁၅) လုံးခန့်ကြဲချခဲ့မှု ကြောင့် စစ်ကောင်စီ တပ်သား(၂)ဦးသာ လွတ်မြောက်၍ စခန်းတစ်ခုလုံးနီးပါးကျသွားကြောင်း NTDF ၏ ပြန်ကြားရေး တာဝန်ခံ ဦးမုတ်ဆိတ် က ပြောသည်။ ၎င်းက “ကေအဲန်ယူ တပ်မဟာ(၂)ကို တပ်မဟာ(၅)က ဒရုန်းသင်တန်းလာပေး တယ်။ ပြီးတော့ သင်တန်းဆင်းပွဲဘာညာ လုပ်တော့ လက်တွေ့ဆင်းရင်းနဲ့ မစ်ရှင်ဖော်ဆောင် တဲ့အနေနဲ့ မိုင်းလွန် အောက်တပ်စခန်းကိုသွားတိုက်တာ။ စစ်ကောင်စီဘက်က အထိ အခိုက် တော်တော်များတယ်။ ကျသွားတဲ့ အလောင်းတွေကိုတောင် မနေ့ကမှ လာကောက်ရတယ်။ ကျနော်သိရသလောက်က တော့ နှစ်ယောက်ပဲပြေးလို့ လွတ်တယ်၊ အဲဒီစခန်းက ကျန်တာအကုန်ကျသွားတယ်ကြားတယ်။” ဟု ပြောသည်။

အဆိုပါ ကျေးရွာနှင့်နီးစပ်သော ဒေသခံတစ်ဦးက “လောလောဆယ် အဲဒီရွာကလူတွေ ထွက်ပြေးပုန်းရှောင်နေရတဲ့ အနေအထားဆိုတော့ သူတို့နဲ့အဆက်အသွယ် လုပ်လို့မ ရဘူး။ လမ်းကိုတော့ပိတ်မထားဘူး၊ သွားတဲ့သူတွေတော့ ရှိနေတာပဲ။ ရွာသားတွေ ကတော့ မနေရဲဘူး၊ အဲဒီရွာနားမှာ သေတဲ့စစ်သားအလောင်းတွေကို စစ်ကားတွေနဲ့ လာကောက်သွားတယ်လို့လည်း ကြားမိတယ်။ တချို့ပြေးတဲ့ရွာ သားတွေကပြေးတယ်။ ရွာထဲမှာ လူသိပ်မရှိတော့ဘူး။” ဟု ၎င်းက ပြောသည်။ https://kicnew s.org/2023/02/%e1%80%9e%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1

၂၃။ မိုးမိတ်မြို့နယ်ထဲက တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်
     February 21, 2023

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်တပ်စခန်းတွေ ဖြစ်ကြတဲ့ ၂၂၃၊ ၂၇၆၊ ၃၄၈ တပ်ရင်းတွေကို တော်လှန် ရေးအင်အားစုတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက် ၈ နာရီ လောက်က တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ မိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၂ နဲ့ အတူ မိုးကုတ်ဗျူဟာ လက်နက်ကြီး အဖွဲ့တို့ဟာ စစ်ကောင်စီရဲ့ မိုးမိတ်တပ်ရင်းတွေကို ၆၀ မမ စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာတပ်ရင်းက ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရင်း ၂၂၃ နဲ့ ၂၇၆ ကြားကို တစ်ကြိမ်၊ ဂိတ်စခန်းနားကို တစ်ကြိမ်နဲ့ ဗျူဟာရုံးနားမှာ တစ်ကြိမ် ပစ်ခတ်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ထိခိုက် သေဆုံး ဒဏ်ရာရရှိမှုအခြေအနေကို လက်ရှိအချိန်တွင် မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်က ညနေ ၃ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှု တွေရှိခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေ အထိခိုက်အကျဆုံး မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို တိုက်ခိုက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ စစ်ကောင်စီရဲ့ နောက်တန်းတပ်စခန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေရဲ့ အသက် အာမခံချက် မရှိတော့ဘူးဆိုတာ သိစေဖို့အတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ https://ww w.faceboo k.com/watch?v=3565031997117054

၂၄။ တိုက်ပွဲမဖြစ်ပွားတဲ့နေရာ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ
     February 21, 2023

လွိုင်ကော်မြို့နယ် ကျောက်ကြီးရွာတံတားအနီး မှာ ဒီကနေ့ (ဖေဖော်ဝါရီလ ၂၁ရက်) ညနေ ၃နာရီအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၀ အရွယ် ဦးအောင်ဖေ ကို ထိမှန်ခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ ဖေ့ဘုတ်လူမှု ကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကို လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပါတယ်။ တောင်ယာကနေ ပြန်လာနေတဲ့ ဦးအောင်ဖေ ကို လက်နက်ကြီးစထိမှန်ခဲ့ပြီး ညာဖက် တင်ပါးမှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူက နွားလဝိုးကျေးရွာအုပ်စု အောင်သပြေကုန်းရွာဒေသခံ ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူကို ရွှေလွိုင်ကော်ပရဟိတအသင်းက လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက် နေ့မှာလည်း လွိုင်ကော်မြို့နယ်အတွင်းရှိ လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မဘီဗျားနာ ဘယ်ဘက်လက်သန်း ပြတ်ထွက် ဒဏ်ရာ နဲ့ အသက် ၁၃ နှစ်အရွယ် မောင်လမင်းမောင်မောင် ညာဘက်နားရွက်နား မှာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။ https://www.kantarawaddytimes.org/%e1%80%90%e1%80%ad%e1% 80%af%e1%80%8 0%e1%80%ba%e1%80

၂၅။ တမူးမြို့က ဒေသခံနေအိမ် ၈ လုံးကို စစ်ကောင်စီချိပ်ပိတ်
     February 21, 2023

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံနေအိမ် ၈ လုံးကို ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းတချို့ ဦးဆောင်ပြီး ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ တမူးမြို့၊ ဈေးတန်း ၉ ရပ်ကွက် က ဦး‌မြင့်ဇော်ဦး ရဲ့နေအိမ်၊ ဈေးတန်း ၁၀ ရပ်ကွက်က ဦးဝင်းနိုင် ရဲ့နေအိမ်၊ စော်ဘွား ၉ ရပ်ကွက်က ဦးဇော်မင်းဦး ရဲ့နေအိမ်နဲ့ စော်ဘွား ၁၀ ရပ်ကွက်က ကိုခိုင်မင်းထွန်း ရဲ့နေအိမ် အပါအဝင် နေအိမ် ၈ လုံးကို စစ်ကောင်စီ ဘက်က PDF နဲ့ ဆက်စပ်တယ် ဆိုပြီး ချိပ်ပိတ်သွားတာဖြစ်ပါတယ်။ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေမှာ “ဤအဆောက် အဦးနှင့် မြေနေရာသည် အကြမ်းဖက်အဖွဲ့ အစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည် ဖြစ်သော ကြောင့် မကျူးကျော်ရ/ ရောင်းချခြင်း/ရောင်းဝယ် ခြင်းမပြုရ” လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေချိတ်သွားပါတယ်။ တမူးမြို့ခံတဦးက “အဲ့ဒီနေ့က ချိပ်ပိတ်သွားတာက များတယ်။ ချိပ်ပိတ်သွားတဲ့အိမ်တွေမှာ လူတွေမနေကြဘူး။ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ချိပ်ပိတ်သွားတာပဲ။”

တမူးဒေသခံ ဗမာ့ကျောင်းသားတပ်မတော်ရဲ့ တာဝန်ခံရဲ‌ဘော် ကိုအောင်ဖြိုးကြွယ် က “တမူးမှာက အခုလက်ရှိကတော့ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တတွေပေါင်းပြီး ထင်ရာစိုင်းနေတဲ့ သဘောပေါ့ဗျာ။ စစ်(–)ထက် ပျူစောထီး၊ ပြည်သူ့စစ် တွေကို ပြည်သူတွေကကြောက်နေရတယ်။ လက်ရှိ နိုင်ငံတော်အာဏာကို မတရားလုယူထားတဲ့ စကစနဲ့ လက်ပါးစေ တွေဟာ သူတို့ ကောင်းစားရေးအတွက် အခုလိုပဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်လုယူနေကြဦးမှာပါ” လို့ ပြောပါတယ်။ မနှစ် ဒီဇင်ဘာ ၆ ရက်ကလည်း တမူးမြို့ ဈေးတန်း ၈ ရပ်ကွက် ကံ့ကော်လမ်းမှာရှိတဲ့ တမူး PDF တပ်ဖွဲ့ဝင် ဗိုလ်စက္ကူရဲ့ဇနီး ဟောင်း နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါသေးတယ်။ http://burmese.dvb.no/archives/580055

၂၆။ သမိုင်းဝင် N’dum Latep တွင် အကြီးစားရွှေတူးဖော်နေမှု အမြန်ရပ်တန့်ရန် တတိအကြိမ် ထပ်မံ သတိပေး
     February 21, 2023

ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စု ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဝင်နေရာ N’dum Latep (အင်ဒွမ် လတပ်) တွင် အကြီးစားရွှေတူးဖော်နေသော လုပ်ငန်းရှင်များ တစ်ပတ်အတွင်း အမြန်ထွက်ခွာသွားရန် ဒေသခံများ သွားရောက် သတိပေးခဲ့သည်ဟု သိရသည်။ အာဏာသိမ်းပြီးနောက် ထိုနေရာတွင် စက်ယန္တရားဖြင့် ရွှေတူးနေမှုကို ရပ်တန့်ပေးရန် ယခင်နှစ် က ဒေသခံများ သွားရောက် ကန့်ကွက်ခဲ့ဖူးသော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ပြီးခဲ့သည့်အပတ် ဖေဖော်ဝါရီလ ၁၈ ရက် နေ့တွင် ပူတာအိုဒေသခံ ၅၀ ဦးခန့်ဖြင့် တတိယအကြိမ် သွားရောက် ဆန္ဒပြထုတ်ဖော်ကာ သတိပေးခဲ့သည်ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ပူတာအိုဒေသခံတစ်ဦးက ပြောသည်။ “အဲ့ဒီနေရာမှာ ရွှေတူးဖော်နေကြတဲ့ လုပ်ငန်းရှင်တွေကို ထွက်သွားကြဖို့ အရင် ၂ ခေါက်လည်း သွားပြောခဲ့တယ်။ ဒါပေမယ့် မထွက်ဘူး ဆက်တူးနေကြတယ်။ အဲ့ကြောင့် တစ်နေ့က ပြန်ပြီးတော့ထွက် မှာလား မထွက်ဘူးလား မထွက်ဘူးဆိုရင် စက်ဆိုင်းတွေအကုန်လုံး ငါတို့ရွှေ့ပေးလိုက်မယ်လို့ သွားပြောတော့ သူတို့ရွှေ့ ပေးမယ် တဲ့။ တစ်ပတ်အတွင်း ရွှေ့ပေးဖို့ပြောထားတယ်။ တကယ်လို့မရွေ့ဘူးဆိုရင် တရားဥပဒေအရ လုပ်တော့မယ်လို့ သတိပေးခဲ့တ ယ်”ဟုပြောသည်။

N’dum Latep တွင် ရွှေတူးဖော်မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ဦးခေါ်သားနှင့် ကျော်ဇင်းမင်း လုပ်ငန်းရှင် ၂ ဦးမှ စတင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင် လုပ်ငန်းရှင် ၈ ဦး ထက်မနည်း တိုးချဲ့လာသည့်အပြင် မြေဧက ၁၀၀ ကျော်ကိုလည်း တူးဖော် ဖျက်ဆီးလိုက်ကြပြီဟု သိရသည်။ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သောအဖွဲ့မှာ ပူတာအို ဂျိမ်းဖော့ စာပေ နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅၊ ၁၆ ရက်တွင် ပထမ အကြိမ်၊ ဒီဇင်ဘာလ ၂၅၊ ၂၆ တွင် ဒုတိယ အကြိမ် နှင့် ယခု ၂၀၂၃ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တတိယအကြိမ် အဖြစ် သွားရောက် ဆန္ဒပြထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုနေရာတွင် ရွှေတူးဖော်မှုကို ကချင်လွတ်လပ် ရေးအဖွဲ့ KIO က ခွင့်ပြုထားသောကြောင့် အဆိုပါ ရွှေတူးဖော်မှုကို အမြန်ဆုံး ရုတ်သိမ်းပေးရန် ဒေသခံများသည် KIO ထံသို့ စာတင်ပြတောင်းဆိုထားသည်ဟုလည်း ဆိုသည်။ N’dum Latep နေရာသည် ယခင် နှစ်ပေါင်းများစွာက ကချင်လူမျိုးများ ဆင်းသက်လာစဉ် မလိခမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း တံတိုင်းများဆောက်လုပ်ကာ ဘိုးဘေးစဉ်ဆက် အသုံးပြုသွားလာခဲ့ရသည့် ကချင်လူမျိုးများ၏ အမှတ်အသားနေရာတစ်ခုဖြစ် ကြောင်း ဒေသခံများ ပြောဆိုသည်။ လက်ရှိ ထိုနေရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရွှေတူးဖော်ရန် လုပ်ငန်းရှင်များကို မြေနေရာခွဲ ဝေပေးထားပြီး လုပ်ငန်းရှင်များမှာ စစ်ကောင်စီထံလည်း အခွန်ပေးဆောင်နေရသည်ဟု သိရသည်။ https://burm ese.kachinnews.co m/2023/02/21/yl1-59/

၂၇။ ရွှေသွားရောင်းသည့် သားမိခင်နှစ်ဦး ဓားပြတိုက်ခံရ၊ သမီးဖြစ်သူ ကျည်ထိမှန်
     February 21, 2023

သျှမ်းပြည် နမ့်ခမ်းမြို့မှ ဟင်လုံကျေးရွာရှိ စျေးထဲ ရွှေသွားရောင်းသည့် သားအမိ နှစ်ဦးဓားပြတိုက်ခံရပြီး၊ သမီးဖြစ်သူ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဓားပြတိုက်အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက်ကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် နမ့်ခမ်းမြို့ နှင့် ၇ မိုင် ခန့် ဝေးကွာသော ဟင်လုံကျေးရွာသို့ ရွှေသွားရောင်းရန်သွားသည့် သားအမိနှစ်ဦးသည် ဓားပြတိုက်ခံရပြီး ကျပ်ငွေသိန်း (၁၀၀) ကျော်နှင့် ရွှေအများပြား ပါသွားကြောင်း နမ့်ခမ်းဒေသခံ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။ ဓားပြတိုက် သည့် အမျိုးသားတစ်ဦးဖြစ်ပြီး၊ အရပ်သားအဝတ်ဖြင့် သေနတ်ကိုင်ထားရာ ၎င်းသားအမိနှစ်ဦးတို့ကို ဓားပြတိုက်ပြီးနောက် သေနတ်ဖြင့် ထပ်မံပစ်ဖောက်ခဲ့သဖြင့် သမီးဖြစ်သူ ကျည်ထိမှန်ခဲ့သည်။ “ဒီတစ်ပတ် ဟင်လုံဈေးကျတယ်ဆိုပြီး ဆိုင်ကယ်နဲ့ ရွှေသွားရောင်းတာ။ လမ်းမပေါ်မှာ ဓားပြတိုက်ခံရတာဗျ။ အိတ်ထဲက ကျပ်ငွေ သိန်း (၁၀၀) ကျော်၊ ရွှေတွေလည်း အများအပြား ပါသွားတယ်။ ပြီးလည်းပြီးရော ဓားပြတိုက်တစ်ယောက်က သေနတ်ပစ်ဖောက်လိုက်တယ်။ သူ့သမီးရဲ့ ခြေထောက်ကျည်မှန် သွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသူမှာ နန်းဖောင်နွန်း ဆိုသူဖြစ်ပြီး ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် နမ့်ခမ်းဆေးရုံ ကို ပို့ဆောင်ထားပြီး ဆေးဝါးကုသမှု ခံယူထားကြောင်း သိရသည်။ “အခုချိန်မှာ ဘယ်လက်နက်ကိုင်မှ ဒေသခံတွေကို မကာကွယ် ပေးဘူး။ ခဏနေ သျှမ်းလက်နက်ကိုင်က ဝင်လာလိုက်၊ TNLA ဝင်လာလိုက်၊ ပြည်သူ့စစ်က မြို့ကိုဖြတ်သွားလိုက်၊ စစ်တပ် မြို့ကို ဖြတ်သွားလိုက်နဲ့ ဘယ်လက်နက်ကိုင်မှ ဒေသခံတွေကို လုံခြုံရေး မလုပ်ပေးဘူး “ ဟု နမ့်ခမ်းဒေသခံ အမျိုးသားက ထပ်လောင်း ပြောသည်။ နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ စစ်ကောင်စီတပ်ဖွဲ့၊ စစ်ကောင်စီ လက် အောက်ခံရဲတပ်ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားသည့် ဒေသဖြစ်သော်လည်း ဓားပြတိုက်မှု၊ ခိုးမှုသည် နေ့စဥ်နှင့်အမျှ ရှိနေကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ https://www.facebook.com/shannewsburmese/ph otos/a.341540565938393/5956145074477886/

၂၈။ မုဒုံကန်ကြီးတွင် ရေဆင်းကူးရာမှ သားအဖ ၂ ဦး ရေနစ်သေဆုံး
     February 20, 2023

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မုဒုံကန်ကြီးတွင် ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်က သားအဖနှစ်ဦး ရေဆင်း ကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT) ထံမှ သိရသည်။ “သူတို့က ပုံမှန် ရေလာကူးနေကြ။ အဲ့ဒီနေ့က သားက ပထမရေနစ်တယ်။ သားရေနစ်နေတဲ့အချိန်မှာ အဖေက ဆင်းဆယ်တာ။ သွားကယ် ရင်းနဲ့ သားအဖနှစ်ယောက်စလုံး ရေနစ်သွားတာ” ဟု မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေး အဖွဲ့ (MERT) တာဝန်ရှိသူက ပြောသည်။ သေဆုံးသွားသည့်သားအဖနှစ်ဦးမှာ မုဒုံမြို့၊ ကုက္ကိုတန်းရပ်ကွက်၊ ဇီဇဝါလမ်းတွင်နေထိုင်သူ အသက် ၅၃ နှစ် အရွယ် ဦးရွှေမြင့်နှင့် သားဖြစ်သူ အသက် ၁၂ အရွယ် မောင်သိန်းထူးဇော် တို့ဖြစ်ကြောင်း သိရသည်။ “ဖိနပ်နဲ့စက်ဘီးတွေကျန်နေတယ်။ ပုံမှန်ရေကူး နေတဲ့လူနှစ်ယောက် ပျောက်နေတယ်လို့ ပတ်ဝန်းကျင် ကအကြောင်းကြားလို့ ကျနော်တို့ သွားရှာတာ။ ၅ နာရီ ၁၅ မိနစ်လောက် မှာ ပြန်ရှာတွေ့တယ်။ ပြန်တွေ့တော့ အဖေဖြစ်သူက ကမ်းပေါ်ရောက်တာနဲ့ဆုံးနေပြီ။ သားဖြစ်သူကတော့ အသက်ငွေ့ငွေ့လေး ကျန်နေသေးလို့ လုပ်နိုင်သမျှလုပ်ပေးပေမယ့် ဆေးရုံမရောက်ခင် လမ်းမှာပဲ ဆုံးသွားပါတယ်” ဟု အဖွဲ့-MERT တာဝန်ရှိသူက ပြောသည်။ https://www.facebook.com/mizzimaplustv/photos/pcb.3333376883645751/3333376116979161/

၂၉။ ဖားကန့်သို့ ဆန်ကား မဝင်သေးသဖြင့် ဆန်ပြတ်လပ်ပြီး အရောင်းဆိုင်များလည်း ပိတ်ထားရ
     February 21, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဆန်တင်ပို့ခွင့် ပိတ်ဆို့ခံထားရသည့်အတွက် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဆန်ဆိုင်များလည်း ပိတ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ နန့်ယား စစ်တပ်ဂိတ်တွင် ထပ်မံပိတ်ဆို့လိုက်သောကြောင့် ဆန်အဝင်မရှိတော့ဘဲ ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦး ပြောသည်။ “မနေ့က အထိတော့ ဆန်တွေအိတ်လိုက်နဲ့ ဝယ်လို့ရသေးတယ်။ ဒီမနက်မှာ တော့ အိတ်လိုက်နဲ့ဆိုမရောင်းပေးတော့ဘူး။ ပြီးတော့ ဆန်ဆိုင်တွေလည်း ပိတ်ထား ကြတယ် တစ်ချို့ကတော့ ဖွင့်တော့ဖွင့်တယ် အိတ်လိုက်မရောင်းတာပဲရှိတယ်။ ဆန်သည်တွေပြောတာက ဆန်တွေမဝင်တော့လို့တဲ့”ဟု ပြောသည်။

ယမနေ့အထိ ငွေတိုးဆန်တစ်အိတ်တွင် ၁၀၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ် ၁၅၀၀၀၀ အထိ စျေးမြင့်တက်သွားခဲ့ ပြီး ယနေ့တွင် ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟုသိရသည်။ “ငွေတိုးနဲ့ ချင်းတုံးဆိုရင် တစ်အိတ်ကို တစ်သိန်း တစ်သောင်းအထိရှိတယ်။ ပေါ်ဆန်းမွေးကတော့ ၁ သိန်းခွဲအထိရှိသွားပြီ။ ဒါတောင် အိတ်လိုက်မရောင်း တော့ဘူး။ တစ်ပြည်နဲ့ နှစ်ပြည် အဲ့လောက်ပဲ ရောင်းပေးတော့တယ်။ ကိုယ်က အိတ်လိုက်ဝယ်ချင်ရင်တောင် မရောင်းပေးတော့ဘူး”နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။ ဖားကန့်မြို့သို့ ဆန်တင်ပို့ခွင့်ကို စစ်တပ် နယ်လုံဝန်ကြီး၏အမိန့်အရ တားမြစ်ထားဟုလည်း သိရသည်။ https://burmese.kachinnews.com/2023/02/21/az3-19/

၃၀။ ကျောက်မဲတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွား
      February 21, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက် ရေးတပ် TNLA တို့ အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး၊ဒဏ်ရာရပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှ စတင်၍ စစ်ကောင်စီလက်အောက်ခံ လားရှိုးအခြေစိုက် စကခ (၁၆) ၊ ခလရ (၆၈) တို့မှ အင်အား (၆၀) ခန့်ဖြင့် နန်းခုံကျေးရွာနှင့် လမ်းဆုံ ကျေးရွာအနီးရှိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသည့် အတွက် TNLA ဘက်မှ ပြန်လည်ပစ်ခတ်ရင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်တစီး၊ ရဟတ်ယာဉ် တစီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ဖြင့်ပါ ဆက်တိုက် ပစ်ကူ တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သေနတ် ၂လက် ၊ စက်သေနတ် (၁) လက် ၊ လက်ပစ်ဗုံးနှင့် စစ်အသုံးအဆောင် ပစ္စည်း များ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦး ကျဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု ကြောင့် ပန်ဝိုးကြီးကျေးရွာရှိ နေအိမ် ၂ လုံး လက်နက်ထိမှန် ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ https://www.faceboo k.com/their rawaddyburmese/photos/pcb.6514851278558969/6514850928559004/

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။