• Today is: Tuesday, May 21, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 38, May 12, 2023)

၁။   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)  ဦးဆောင်ကော်မတီမှ မွန်ပြည်သစ်ပါတီ နုတ်ထွက်မည်
      May 11, 2023

တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်ကော်မတီမှ နုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ(NMSP)က စာတင်ထားကြောင်း NMSP နှင့် နီးစပ် သူထံမှ သိရသည်။ “အစစအရာရာစဉ်းစားပြီး စာတင်လိုက် တာပါ။ ပြီးတော့ ပါတီကနေ PPST မှာ တာဝန်ယူထားရတာ လည်း တစ်နှစ်မကတော့ဘူး။ အဖွဲ့ဝင်အားလုံးရဲ့အလိုကိုလိုက်ပြီး တာဝန်ယူနေရတာဆိုတော့ ဒီတာဝန် တွေကို ခေါင်းမခံချင်တဲ့ပုံစံပေါ့လေ။ ပြီးတော့ အခု PPST က လက်နက်ကိုင်တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရတော့ဘူး။ ကျန်တဲ့အင်အားကြီးတွေက အကုန်ပစ်နေကြတာ။ ဒီထဲက အဖွဲ့ဝင်ခုနစ်ခု နဲ့ ကျန်တဲ့သုံးဖွဲ့ကပဲ စစ်တပ်နဲ့ဆွေးနွေးနေလို့ မြန်မာနိုင်ငံပဋိပက္ခက ပြီးသွားမှာမဟုတ်ဘူး လေ” ဟု NMSP နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။ ပြီးခဲ့သည့်မေလဆန်းပိုင်းက ဦးဆောင်ကော်မတီမှနုတ်ထွက်ရန် စာတင်ထားသော်လည်း NMSP အနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်မည့်လုပ်ငန်းများတွင် PPST နှင့်ပူးပေါင်းကာ လုပ်ငန်းစဉ်အချို့တွင် ချိတ်ဆက်ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “နုတ်ထွက်တယ်ဆိုပေမယ့်လည်း ချိတ်ဆက်မှုက ရှိမှာပါ။ ကရင်(KNU) တို့ CNF တို့ဆိုလည်း ထွက်ပြီး PPST plus3 အနေနဲ့ပါ ပါတယ်။ အဲဒီသဘောမျိုးပေါ့။ အခု ဥက္ကဋ္ဌအနေနဲ့ နိုင်အောင်မင်းလည်းနုတ် ထွက်ထားလိုက်ပြီ။ ပါတီအနေနဲ့လည်း အဲဒီလိုမျိုးနုတ်ထွက်ပြီး plus သဘောမျိုးပဲဆက်ဆံသွားပါမယ်။ တခြားအဖွဲ့တွေလိုပဲ ပေါ့။ အဆက်တော့ မပြတ်ပါဘူး။ ဆက်ပြီး ခေါင်းမခံတော့တဲ့သဘောမျိုးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

PPST မှ နုတ်ထွက်ခြင်းကိစ္စနှင့်ပတ်သက်၍ NMSP သည် အဖွဲ့ခေါင်းဆောင်နေရာမှ နှုတ်ထွက်လိုခြင်း သာဖြစ်ပြီး ရိုးရိုး အဖွဲ့ဝင်အနေဖြင့် ဆက်လက်ပါဝင်သွားမည်ကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ “အဓိကကျတဲ့တာဝန်တွေမှာ မပါဝင်နိုင်တဲ့သဘောပါတယ်။ PPST ထဲမှာလည်း ပြဿနာ လေးတွေရှိ တယ်လေ။ တစ်ဖွဲ့ခြင်းပြဿနာတို့၊ အများနဲ့ပတ်သက်တဲ့ပြဿနာတို့ အဲဒီလိုပြဿနာလေးတွေမှာလည်း တာဝန်ယူ ဖို့၊ တာဝန်ခံဖြေရှင်းဖို့ သိပ်မအားမလပ်ဖြစ်တဲ့အခါကျတော့ နည်းနည်းလေး ပါဝင်မှုကိုလျှော့ချ လိုက်တဲ့သဘောပါ။ အဆင်ပြေ တဲ့နေရာမှာပါမယ်၊ မပြေတဲ့နေရာမပါသေးဘူး။ အဖွဲ့ခေါင်းဆောင်တို့၊ ဘာတို့မှာ ခေါင်းမခံချင်ဘူးပေါ့။ ဒါပေမယ့် ပူးပေါင်း ဆောင်ရွက်မှုရှိနေပါတယ်”ဟု ခွန်ဥက္ကာ က ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကို ၂၀၁၅ ခုနှစ်တွင် စတင် ဖွဲ့ စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊  ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/ KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တပ်ဦး (ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) တို့ပါဝင်ဖွဲ့စည်းထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးအခင်းအကျင်းများ ကြောင့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် KNU, CNF နှင့်  RCSS တို့ သုံးဖွဲ့ သည် PPST တွင် ပါဝင်မှုကိုလျှော့ချကာ PPST plus3 အနေဖြင့်သာ ရှိနေပြီး ABSDF မှလည်း ပူးပေါင်းဆောင် ရွက်မှုများလျှော့ ချထားသည်။ https://www.facebook.com/MizzimaDaily/photos/a.3 20351647999747/6689177434450438/

၂။   KNU ထိန်းချုပ်နယ်မြေတွင် လေးလအတွင်းတိုက်ပွဲ ၁၆၀၀ ကျော်ဖြစ်ပွားကာ၊ စစ်ကောင်စီနှင့် BGF ၁၇၀၀            ကျော်သေဆုံး
     May 11, 2023

KNU ထိန်းချုပ်နယ်မြေတွင် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ တိုက်ပွဲပေါင်း ၁၆၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီနှင့် BGF ၁၇၃၆ ဦး သေဆုံးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ လေးလတာတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် BGF ဘက်မှ သေဆုံးခဲ့ သူ ၁၇၀၀ ကျော်တွင် တပ်ရင်းမှူး ၄ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦးပါဝင်ပြီး၊ KNLA နှင့် KNDO ဘက်မှ ၅၉ ဦးကျဆုံးခဲ့ကာ၊ ၁၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “အခုရက်ပိုင်းတော့ နည်းနည်းလေးငြိမ်နေတယ်။ ကျွန်တော်တို့ဘက်ကလဲ ပြင်ဆင်စရာတွေ ထက် ပြီးပြင်နေတယ်။ သတင်းထူးတွေ ပြည်သူတွေကြားရမှာပါ” ဟု KNU ၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရဲဘော် တစ်ဦးက ပြော သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ BGF များမှ စစ်ရေး လှုပ်ရှားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူ လေးသိန်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ကဆိုသည်။

ထို့ပြင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခြင်းနှင့် စစ်ကောင်စီတပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ တစ်သိန်းကျော်၏ လုပ်ငန်းခွင်များပျက်စီးခဲ့ရပြီး ပြည်သူအများစုသည် စားဝတ်နေရေးနှင့် ပတ်သက်သည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ မှ စတင်ကာ ပြည်သူ ၈၅၀၀၀ အတွက် စားနပ်ရိက္ခာများကို KNU မှ ထောက်ပံ့ပေး လျက်ရှိသည်ဟု ဆိုသည်။ လက်ရှိတွင် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို ကူညီပံ့ပိုးပေးလိုသူများအနေဖြင့် KNU ဗဟိုသို့ ဆက်သွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ https://www.facebook.com/photo?fbid=21411 5594714151&set=a.121904670601911

၃။    ဟားခါး ဆဲန်ထန် CDF ဌာနချုပ်ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲ
       May 11, 2023

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ခွာပီးကျေးရွာအနီးမှာရှိတဲ့ ဆဲန်ထန် ချင်းဒေသကာကွယ်ရေး အဖွဲ့ (Senthang CDF) ဌာနချုပ်စခန်းနဲ့ ခွာပီးကျေးရွာထဲကို မေလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF ဆဲန်ထန်အဖွဲ့က ပြောပါတယ်။ ခွာပီးကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDF Senthang ရဲ့ တာ၀န်ရှိ သူတစ်ဦးက ပြောပါတယ်။ “ဒီနေ့ နေ့လယ်မှာ လာကြဲတာ၊ လေယာဉ်နဲ့။ အထိအခိုက်တော့ ဘယ်လောက်ရှိလဲ မသိရသေးဘူး။ အရင်တစ်ခေါက်လည်း ဗုံးလာကြဲသေးတယ်။ အခုက ဒုတိယအကြိမ် ပေါ့” အခုလက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ဆဲန်ထန် ဒေသ ကာကွယ်ရေးတို့ စစ်ရေးတင်းမာနေပြီး ဟားခါး- မတူပီကားလမ်းမကြီးကို မေလ ၁၁ ရက်နေ့ကစပြီး အသုံးမပြုဖို့ CDF Senthang က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီက ဆဲန်ထန် CDF ဌာနချုပ်စခန်းနဲ့ ခွာပီးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ တပ်ခွဲမှူး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ https://w ww.rfa.org/burmese/news/airstrike-senthang-cdf-05112023062729.html

၄။    ညောင်ရွှေ-အောင်ပန်းလမ်းခွဲ အင်းတိန်ဂိတ်မှာ စစ်ကောင်စီနဲ့ PNO တပ် ကားသမားတွေထံက ငွေသိန်းချီ               တောင်းနေ
       May 11, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ မြောက်ဘက် ညောင်ရွှေ-အောင်ပန်း လမ်းခွဲ မှာရှိတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းဂိတ်မှာ ကားသမားတွေဆီက ငွေကျပ်သိန်းချီ စီးပွားဖြစ်တောင်းရမ်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်၊ ရဲနဲ့ PNO ပြည်သူ့စစ် အင်အား ၂၀ ခန့်နဲ့ အင်းလေး အနောက်ဘက်ကမ်း အင်းတိန်ကျေးရွာ မြောက်ဘက် လမ်းသုံးခွ နေရာမှာ ဂိတ်ဖွင့်ပြီး တောင်းစားနေတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကုန်ကား အမျိုးအစားပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ တောင်းတယ်ဗျ။ ဘိလပ်မြေသယ်တဲ့ ကားတွေဆို အဲ့ဂိတ်ရောက်တာနဲ့ ၁၀ အိတ်ဆွဲချထားတာပဲ။ ဆန်တွေဆို တစ်အိတ် တစ်သောင်း ပေးရတယ်။ ဒီဇယ် တွေဆို တစ်ပီပါ ၂ သောင်း ပေးရတယ်” လို့ ကားသမား တစ်ဦးက ပြောပါတယ်။ အဲ့ဒါအပြင် လုပ်ငန်းမှာသုံးဖို့ ကိုယ်ပိုင်ငွေ သိန်း တစ်ထောင် သယ် လာတဲ့ အိမ်စီးကား တစ်စီးကိုလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ငွေ ၄ သိန်းကျပ် တောင်းယူခဲ့တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ လထဲမှာဆို ငွေသိန်းတစ်ထောင် သယ်လာတဲ့ အိမ်စီးကား တစ်စီးကိုတောင်မှ ဘာအပြစ်မှမရှိဘဲနဲ့ အဲ့ဂိတ်ကို ၄ သိန်း ပေးလိုက်ရတယ်။ အဲ့ဒါမှသူတို့က ဆက်သွားခွင့်ပေးတယ်”လို့ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “ကျွန်တော် သယ်တာက ကင်တာ (Canter) ကားနဲ့ပဲ သယ်တာ။ အိမ်ဆောက်ဖို့ သယ်တာ။ အဲ့ဒါလည်း ၁၀ အိတ် အသိမ်းခံရ တယ်။ ပိုက်ဆံ ၃ သောင်းပေးလည်း မရဘူး” လို့ ဘိလပ်မြေ ၁၀ အိတ် ပေးလိုက်ရတဲ့ ကားသမားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် တစ်ခြား အိမ် ဆောက်ပစ္စည်းတွေ၊ ဆိုလာပြားတွေ၊ စားသောက်ကုန်ခြောက်တွေကိုလည်း စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က သိမ်းယူနေ တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “ဆီတွေဆို ၁၀ ပိဿာပုံး တစ်ပုံးထက် မပေးသယ်ဘူး။ အကုန်လုံးက သူတို့ လုပ်စားပေါက်တွေ ဖြစ်ကုန်တယ်။ သူတို့တွေက လက်နက်တွေနဲ့လေ။ အဆင်ပြေအောင် မဆက်ဆံရင် လည်း PDF လို့ စွပ်စွဲပြီး ဖမ်းချင်တိုင်း ဖမ်းနေတော့ လူထုက ဘာမှပြန်မပြောရဲဘူး” လို့ ညောင်ရွှေမြို့နယ် ဒေသခံတစ်ဦးက ပြော ပါတယ်။ အဲ့ဒီ အင်းတိန် ကျေးရွာနားက ဂိတ်ဟာ အင်းလေး အနောက်ဘက်ကမ်း၊ ကန်ပတ်လမ်းပေါ်မှာ တည်ရှိပြီး ညောင်ရွှေ-အောင်ပန်း လမ်းခွဲ လမ်းသုံးခွဆုံတဲ့ နေရာဖြစ်လို့ ပြည်သူတွေ အသုံးပြုမှု များပြားပါတယ်။ https://www.facebook.com/MeKongNewsMM/p hotos/a.373 965523263391/1224731644853437/

၅။    လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ကူညီရန် NUG နှင့် EROs တို့မှ               အာဆီယံကို တိုက်တွန်း
       May 11, 2023

မြန်မာနိုင်ငံပြည်သူအားလုံးကို လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအထောက်အပံ့များ ကူညီခွင့်ပြုပေးရန် အာဆီယံကို  တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ EROs နှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က  မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားပါသည်။ လက်ရှိအခြေအနေတွင်နိုင်ငံတစ်ဝှမ်း၌ ပြည်သူ ၁.၅ သန်းကျော်သည် လူသား ချင်းစာနာထောက်ထားမှုအကူအညီများ နယ်မြေအနှံအပြားတွင်လိုအပ်နေပါသည်။  လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်နေခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကပ်ဘေးရင်ဆိုင်နေရသည့် အခြေအနေဖြစ်ကြောင်းပါရှိပါသည်။  လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများ ဆောင်ရွက်နေ ကြသော လွတ်လပ်သည့် ဒေသခံအဖွဲ့အစည်းများက ဆောင်ရွက်နေပါသော်လည်း ယင်းတို့အတွက် အရင်းအမြစ်လိုအပ်ချက် လွန်စွာကြီးမားနေပြီး အာဆီယံ- AHA Centre ကြိုးပန်းအား ထုတ်မှုများသည် ထိုအကြပ်အတည်းကို အသိအမှတ်ပြုကာ အကူ အညီ လိုအပ်သည့်ပြည်သူအချို့အား  အကူအညီပေးနိုင်ရန်နားလည်ကြိုဆိုကြောင်းဖော်ပြပါသည်။

လွန်ခဲ့သော ၂ နှစ်ကျော် စစ်ကောင်စီ အာဏာသိမ်းစဥ်မှစ၍ ဖိနိပ်မှုအမျိုးမျိုးကိုခံခဲ့ရသည့် နိုင်ငံတစ်ဝှမ်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်သည့် ပြည်သူများ၏အခွင့်အရေး ကာကွယ်ရန်အတွက် EROs များနှင့် NUG က ဆန့်ကျင့်တွန်းလှန်နေ ခြင်းဖြစ်ပြီး တော်လှန်ရေးမှာလည်း အဆင့်ဆင့်ပြောင်းလဲခဲ့ကြောင်း ဟုဆိုပါသည်။  စစ်ကောင်စီတပ်များသည် ရွာများ၊ စစ်ဘေး ရှောင်စခန်းများ၊စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ဘာသာရေးအဆောက်အအုံများ၊ အရပ်သားပြည်သူများကို လက်နက် ကြီးများ၊ ကုန်းကြောင်း လေကြောင်း ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အပစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခံရ၍ နေအိမ်များ စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းလုပ်ငန်းကို နိုင်ငံ တစ်ကာမှ အသိအမှတ်ပြုပြီး အာဆီယံထိပ်သီးအစည်းအဝေးများတွင် ဘုံသဘောတူညီခဲ့ကြသည့်အချက် ၅ ချက် အကောင် အထည်ဖော်မှုအား  ပြန်လည်သုံးသပ်သည့် အစီးအဝေး၏ ဆုံးဖြတ်ချက် ၁၅ ချက်အနက် အမှတ် ၁၃ အရ လူသားချင်းကူညီမှု လုပ်ငန်းတွင် ကုလသမ္မဂနှင့် ပြင်ပမိတ်ဖက်အဖွဲ့များနှင့်အတူ ကျယ်ကျယ်ပြန့်ပြန်ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူလူထု ကိုယ်စား EROs နှင့် NUG တို့မှ အာဆီယံခေါင်းဆောင်များကို  တိုက်တွန်းထားပါသည်။ https://www.facebook.com/KhamSarNgor/photo s/a.625260164310576/2330529720450270/

၆။    နေအိမ်ထဲ နေထိုင်ခွင့် မပေးသည့် အိမ်ရှင်ကို TNLA တပ်ဖွဲ့က သေနတ်မောင်းတင် ခြိမ်းခြောက်
       May 11, 2023

သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်းတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ သည် နေအိမ်ထဲစခန်းချနေထိုင်ခွင့်မပြုသည့် အိမ်ရှင်များကို သေနတ်မောင်းတင် ခြိမ်းခြောက်ကြောင်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် နမ့်ခမ်းမြို့နယ် ဟိုပုံ (ဝၢၼ်ႈႁူဝ်ပုင်ႇ)ကျေးရွာ အတွင်းသို့ TNLA စစ်ကြောင်း ဝင်ရောက်လာပြီး ပြည်သူ့နေအိမ် ထဲ စခန်းချ နေထိုင်ခွင့်တောင်းရာ အိမ်ရှင်က ယခုတကြိမ်ကို သက်ညာပေးစေလိုကြောင်း ပြောလိုက်သည့်အတွက် သေနတ် မောင်းတင် ခြိမ်းခြောက်လိုက်ကြောင်း ဖြစ်စဥ်ကို သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ “ TNLA စစ်သားတွေက သူ့အိမ်ကို လာနေတာ ၃ ကြိမ် ရှိနေပြီ၊ အခုတကြိမ်နဲ့ ဆိုရင် ၄ ကြိမ်မြောက်သွားပြီ။ ဒါကြောင့် သူက အခုတကြိမ်မှာတော့ ဒီနေရာမှာ မနေပါနဲ့၊ တခြားနေရာမှာ သွားနေဖို့ သူက ပြောတယ်။ TNLA ကသေနတ်မောင်းတင် ခြိမ်းခြောက်ပြပြီးတော့ ဖုန်းဆက်ပြီး တခြားနေရာကို ဆက်သွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ TNLA စစ်သားများသည် ပြည်သူ့နေအိမ်ထဲ ဝင်ရောက်နေထိုင်မှု အချိန်တိုင်း၌ အိမ်ရှင်၏ ခွင့်ပြုချက်မတောင်းပဲ စားစရာများ၊ အသုံးအဆောင်ပစ္စည်းများကို စိတ်တိုင်းကျ ယူဆောင် သုံးစွဲနေကြကြောင်း ဒေသခံများက ပြောသည်။

နေအိမ်ထဲ TNLA တပ်ဖွဲ့ စခန်းချ နေထိုင်ခွင့် မပေးသည့် အိမ်ရှင်သည် TNLA စစ်သားတို့၏ သေနတ်မောင်းတင် ခြိမ်း ခြောက်မှုကို ခံရသည့်အတွက် ရန်ပြုခံရမှာကို စိုးရိမ်ကြောက်လန့်နေရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြော သည်။ “သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်ခံရတော့ အိမ်ရှင်မိသားစုလည်း ကြောက်သွားတယ်၊ ပြီးတော့ သူတို့ ပလောင် (တအာင်း) စကားနဲ့ တစ်နေရာရာကို ဖုန်းဆက်ပြီး ပြောတာလည်းရှိတော့ တွေးကြောက်ရတာပေါ့နော်၊ အခုထိလည်း အဲ့ပတ် ဝန်းကျင်မှာ TNLA စစ်သားတွေက သွားလာလှုပ်ရှားနေတယ်” ဟု ၎င်းက ဆက်ဆိုသည်။ အလားတူပင် ပြီးခဲ့သည့် မေလ ၁၀ ရက်၌ နမ့်ခမ်းမြို့နယ် နမ့်မကျေးရွာမှာလည်း TNLA စစ်ကြောင်း ဝင်လာပြီး၊ ဒေသခံ နေအိမ်များ၌ စခန်းချ နေထိုင်ပြီး စားစရာ များ၊ အဝတ်အထည်များ နှင့် အသုံးအဆောင် တချို့ကိုယူဆောင်ကြကြောင်းသိရသည်။ TNLA စစ်သားများ နေအိမ်ထဲ ဝင်ရောက် စခန်းချမှုကြောင့် သမီးပျိုရှိသည့် အိမ်ရှင်များ၊ အမျိုးသမီးအိမ်ရှင်များကအိမ်ကို အဆိုပါ စစ်သားများကို နေခိုင်းပြီး၊ ၎င်း အမျိုး သမီးများသည် တခြား နေအိမ်များထံသို့ သွားရောက် နေထိုင်ရကြောင်းလည်းသိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီလ အတွင်း၌ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်းမှာလည်း TNLA တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များ ထံမှ ဆန်များ တောင်းယူခဲ့ကြောင်း သိရသည်။ လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာ အတွင်း ဝင်ရောက် နေထိုင်ခြင်း၊ လူထုနှင့်အတူ ရောနှောနေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့် အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်းလည်းသိရသည်။ https://burmese.shannews.org/archives/34655

၇။   KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်စီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့်        စာသင် ကျောင်းများ အပါအဝင် အရပ်သားနေအိမ်များစွာ ပျက်ဆီး
      May 11, 2023

KNU တပ်မဟာ ၃ ခလယ်လွီထူးခရိုင် လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်စီးမှုကြောင့် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ကျောင်း၊ စာသင်ကျောင်း ၁ကျောင်း အပါအဝင် နေအိမ် ၄၂ လုံးကို ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း KNU မှ ထုတ်ပြန်ထားပါတယ်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် လယ်ဝိုင်ကြီးကျေးရွာမှ အိမ်ရှင်များမှာ (၁) နော်ဖိုးကြီး၊ (၂)စောမောင်စီဖိုး၊ (၃)စောလောသော်၊ (၄)စောဖိုးမွှေး၊ (၅)နော်လှထူး၊ (၆)စောအောင်မြင့်ရွှေ၊ (၇)နော်ချူဒေး၊ (၈) စောတင်မောင်သန်း၊ (၉)စောမောင်ဇော်ဇော်၊ (၁၀)စောဆိလာဟဲ၊ (၁၁)စောတာတေ၊ (၁၂)နော်ဘောဖိုး၊ (၁၃)စောကျားဖိုး၊ (၁၄) စောထူးထူးမြင့်၊ (၁၅)စောမောင်ဖေ၊ (၁၆)စောရန်ဇွယ်ဦး၊ (၁၇)စောလှထွေး၊ (၁၈)စောပို၊ (၁၉)စောကွယ်နော်၊ (၂၀) စောအုန်းတင်၊ (၂၁)စောကွာစေး၊ (၂၂)နော်လယ်ဖော၊ (၂၃)စောမြင့်အူး၊ (၂၄)နော်မာကီ၊ (၂၅)စောဝါးလော်အယ်၊ (၂၆) စောမောင်လော်တီ၊ (၂၇)စောရွှေမိုး၊ (၂၈)စောကပေးထူး၊ (၂၉)စောဇော်လွင်၊ (၃၀)စောတာမူး၊ (၃၁)စောခင်မောင်ဝင်း၊ (၃၂) စောဖားဝါး၊ (၃၃)စောနိုင်ဖိုး၊ (၃၄)နော်မာအူး၊ (၃၅)နော်တဘွဲစေး၊ (၃၆)စောမောင်ရှား၊ (၃၇)စောမောင်တင်ဝင်း၊ (၃၈) နော်လကွယ်၊ (၃၉)နော်ပိုကြည်၊ (၄၀)နော်ပျို၊ (၄၁)စောဝင်းလှိုင်၊ (၄၂)နော်ပူးလူးမာ တို့၏နေအိမ်များဖြစ်ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနှင့် ဘုံပစ္စည်းထားရာနေရာ အဆောက်အဦးအား လုံးကို လည်းမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပိုးလိုးနိုဖိုးကျေးရွာမှ (၁)နော်ဆောလိုနှင့် (၂)နော်ဝါးစက်ကူ တို့ ၏နေအိမ် (၂) လုံးကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့ပြင် မေလ(၄)ရက်နေ့တွင်လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ-မူးမြို့နယ်၊ ရန်မျိုးအောင် ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့်  လူနေအိမ်(၁၈)လုံး မီးလောင် ပြာကျခဲ့ရပြီး အဆိုပါ ရန်မျိုးအောင်ကျေးရွာမှ မီးလောင်ပြာကျသွားသည့် အိမ်ရှင်များမှာ (၁)စောမောင်ဒိုးဒိုး၊ (၂)စောတာဝါးဖိုး၊ (၃)စောအေးဖေးစု၊ (၄)နော်မီလား၊ (၅)စောလယ်စေး၊ (၆)စောလယ်ဆော၊ (၇)စောမောင်ချမ်းသိန်း၊ (၈)နော်ဒါးမူ၊ (၉)စောဖားတိုတေး၊ (၁၀)စောဖားလေခို၊ (၁၁) နော်ရှားရီ၊ (၁၂)စောဘောဖိုး၊ (၁၃)စောဖားရှော့ထူး၊ (၁၄)စောမောင်သန်းထွန်း၊ (၁၅)စောဖားလားမယ်၊ (၁၆)ညားနော်ထွေး၊ (၁၇)ညားနော်တကွီးထူး၊ (၁၈)နော်သေလာဝါးဖောတို့ဖြစ်ကြောင်း သိရပါတယ်။ ထို နေအိမ်များ မီးဆွဲလောင်ချိန်၌ ကျေးရွာ ပြည်သူလူထုများ မီးငြိမ်းရန် ပြန်ခဲ့ကြသော်လည်း ကျေးရွာတွင်းတွင် အာဏာ သိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ ရှိသော ကြောင့် မပြန်ရဲကြကြောင်း သိရပါတယ်။ KNU လယ်ဒိုမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုးနိုဖိုးကျေးရွာတွင် အိမ်ခြေ စုစုပေါင်း (၁၂၁) လုံး ရှိကာ လူဦးရေစုစုပေါင်း (၁၂၀၆)ဦး ရှိပြီး မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၄၇) လုံး ရှိကာလူဦးရေစုစုပေါင်း (၁၀၂၀) ဦး ရှိကြောင်း သိရပါတယ်။ https://www.facebook.com/photo/?fbid=7133318 27464082&set=pcb.713332 130797385

၈။    ကျိုက်ထိုမြို့ခံ ၂ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုဖြင့်စွပ်စွဲပြီး နေအိမ်နှင့် ဆိုင်များကို ချိပ်ပိတ်
       May 12, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပေါ်ရပ်ကွက် နေသူ တဦးနဲ့ စစ်တောင်းရွာနေသူ တဦးရဲ့ နေအိမ်နဲ့ ဆိုင်တွေကို စစ်တပ် က မေ ၁၀ ရက်မှာ ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်ဖက်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ ကျိုက်ထို မြောက်ပိုင်းရပ်ကွက်က ထက်ဥက္ကာလင်း(ခ)ဥက္ကာရဲ့ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်နဲ့ နေအိမ်၊ စစ်တောင်းကျေးရွာနေ နေလင်းထိုက်(ခ) အာမီပိုင်ဆိုင်တဲ့ ပန်းတော်ဦး ကုန်စုံဆိုင်ကို ချိတ်ပိတ်လိုက်တာပါ။  ထက်ဥက္ကာလင်း ကို စစ်တပ်က ဖမ်းဆီးပြီး တလကျော်အကြာမှာ အခုလိုနေအိမ်နဲ့ ဆိုင်ကိုပါတပါတည်း ချိတ်ပိတ်လိုက်ပြီး သူ့နဲ့အတူ ပန်းတော်ဦးကုန်စုံဆိုင်ကိုပါ ချိတ်ပိတ် ခဲ့တာပါ။ ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ်က ချိပ်ပတ်ခံရတဲ့ နေအိမ် ၁၀ လုံးထိ ရှိပါတယ်။ https://burmese.dvb.no/archive s/592843

၉။    တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု မြင့်တက်
       May 12, 2023

တနင်္သာရီတိုင်းမှာ ဧပြီလက အရပ်သားသေဆုံးမှု ၃၈ မှုဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှုပမာဏ အများဆုံး မြင့်တက်ခဲ့တယ်လို့ တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်တွေကို လစဉ်မှတ်တမ်းတင် အစီရင်ခံစာထုတ်ဝေနေတဲ့ FE5 Tanintharyi Report Series မှတ်တမ်းအဖွဲ့ရဲ့ ဧပြီလအတွက် အစီရင်ခံစာအရ သိရပါတယ်။ သေဆုံးမှု ၃၈ ခုမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေကြောင့် သေဆုံးမှု ၈ ခုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေး လုပ်ငန်း စဉ်ကြောင့် သေဆုံးမှု ၁၅ ခုအပြင် လက်သည်မပေါ်ဘဲ အသတ်ခံရမှု ၁၅ ခုရှိခဲ့တာ ဖြစ်ပါတယ်။ လောင်းလုံမြို့နယ်မှာ ၈ မှု၊ ထားဝယ်မြို့နယ်မှာ ၇ မှုနဲ့ တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု ပမာဏအများဆုံး မြို့နယ်တွေ ဖြစ်နေပါတယ်။

ထူးခြားဖြစ်စဉ်အနေနဲ့ ထားဝယ် ကျောက်မဲတောင် ယာယီရဲစခန်းမှူးရဲ့ သမီးနဲ့ အမေဖြစ်သူ လိုက်ပါလာတဲ့ကားကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရပ်တန့်စစ်ဆေးရာ မရပ်တဲ့အတွက် ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်ပါသူ လေးဦး သေဆုံးမှု၊ ဆိုင်ကယ်စီးခွင့် ပိတ်ခံထားရတဲ့ ကံပေါက်ဒေသ၊ ဇာဒီရွာမှာ ဆိုင်ကယ်စီးအမျိုးသားတဦးကို မောရဝတီရေတပ်က ပစ်သတ်မှုနဲ့ ရေဖြူမြို့နယ် ထွေအုပ်ဝန်ထမ်းဟောင်းတဦးရဲ့ကားကို စစ်တပ်က ပစ်ခတ်တဲ့အတွက် အဲဒီဝန်ထမ်းဟောင်းအမျိုးသား သေဆုံးမှု တွေပါဝင်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှုပမာဏ အနေနဲ့ ဇန်နဝါရီလမှာ ၂၇ ဦး၊ ဖေဖော်ဝါရီလမှာ ၃၃ ဦး၊ မတ်လမှာ ၂၆ ဦးနဲ့ ဧပြီလမှာ ၃၈ ဦးအထိ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ပမာဏများတဲ့ လတွေအနေနဲ့ ၂၀၂၂ ဇွန်လမှာ ၃၁ ဦး၊ ၂၀၂၃ ဖေဖော်ဝါရီလမှာ ၃၃ ဦးနဲ့ ဧပြီလမှာ ၃၈ ဦးတို့ ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း တနင်္သာရီတိုင်းမှာ ပဋိပက္ခဖြစ်စဉ်တွေကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားသေဆုံးမှု ၈၇ မှုရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ အရပ်သားသေဆုံးမှု ၂၄၈ မှုအထိ သိသိသာသာ တိုးလာခဲ့ပါတယ်။ https://burmese.dvb.no/archive s/592823

၁၀။   ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ သောက်သုံးရေ ရရှိဖို့ ကိုယ်ထူကိုယ်ထ ရေသွယ်ယူ
        May 11, 2023

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ လူဦးရေ ၂ ထောင် ဝန်းကျင် သောက်သုံး ရေ ရရှိရေးအတွက် ၇ မိုင်နီးပါးကွာဝေးတဲ့ ရေထွက်တဲ့နေရာကနေ ကိုယ်ထူကိုယ်ထနည်းနဲ့ ရေသွယ်ယူနေကြတယ်လို့ စစ်ရှောင် စခန်းရဲ့ ရေရရှိရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ရေကိုအစက ဒီမှာလဲ ဒီကလောကုန်းစစ်ရှောင်စခန်းမှာ အိမ် ထောင်စု စုစုပေါင်းက (၂၅၀) (၂၆၀) နီးပါးလောက်ရှိတယ်။ လူဦးရေက (၁၀၀၀)ကျော် (၂၀၀၀) ပတ်ဝန်းကျင်လောက်ရှိတယ်‌။ နောက် ရေက အလှမ်းဝေးတဲ့ ဒေသဖြစ်နေလို့ အဲ့ကြောင့်မို့လို့ ရေကရက်တိုင်း ကားနဲ့သယ်ရလဲ ဒါကရေရှည်အတွက်ဆို အဆင်မ ပြေဘူးထင်တယ် ဘာညာဆို အဲ့ဒါရည်ရွယ်ချက်နဲ့ ပိုက်နဲ့ပဲဆက်လုပ်ဖြစ်တော့မှ အဲ့ဒါရေရှည်အတွက်ဆို ပိုပြီးသက်သာမလားလို့ အဲ့လိုမျိုးပဲရည်ရွယ်ထားတာ ” လို့ အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်ရှောင်စခန်းမှာ လူဦးရေများလာသလို ရေသယ် ယူရတာ ဝေးတဲ့အတွက် အခုလို ရေပိုက်နဲ့သွယ်ပြီး ရေရရှိရေးအတွက် ကြိုးစားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်က စစ်ရှောင် စစ်ရှောင်စခန်းအရောက် ရေရောက်ရှိမယ်ဆိုရင် ၂၄ နာရီအတွက် ရေလီတာ တစ်သောင်းကျော်ရရှိမှာဖြစ်ပြီး လူဦးရေ ၁၆၀၀ အတွက် အဆင်ပြေနိုင်မယ်လို့ သူက ပြောပါတယ်။

ရေစုကန် မဆောက်နိုင်သေးတဲ့အတွက် မိုးကာနဲ့ ယာယီဆောက်လုပ်ထားတဲ့ ရေကို သိုလှောင်ပြီး သုံးနေရပါတယ်။ ရေသွယ်ယူရေးအတွက် အလှူရှင် မ တည်ငွေနဲ့ ကျေးရွာသူရွာသား၊ စစ်ရှောင်၊ တစ်ဦးချင်းအလှူငွေနဲ့ လုပ်ဆောင်နေပေမယ့် လိုအပ်ချက်ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ “ဒီရေသွယ်နေတဲ့နေရာကို လိုအပ်ချက်တွေအများကြီး ထပ်လိုအပ် သေးတယ်ပေါ့နော်။ အခုကလဲ ဒီ သွယ်တော့လဲ ဒါကဖြစ်သလိုနဲ့ပဲ ရှိတဲ့ ဘတ်ဂျက်နဲ့ပေါ့ အဲ့ဒါနဲ့ပဲ မဖြစ်ဖြစ်အောင် ဒါပဲအသုံးချ နေလို့ အဲ့ကြောင့်မို့ အခုလဲ အများကြီးလိုအပ်တာတွေ အချိုင့်ဆုံးနေရာဆိုလဲ အဲ့မှာ အမှိုက်ရှင်းဘား တစ်ခုထပ်လိုသေးတယ်။ နောက် အမြင့်ဆုံးနေရာလဲ ဒါက လေရှူဘား ပေါ့နော်။ နောက်ဒီအုတ်ကန် ရေစစ်ကန်အရင်းပိုင်းမှာလဲ ဒီမှာလဲ အခုလဲ ယာယီ ပြောရမှာပါ့နော်။ လာမယ့် မိုးတွင်းလဲမလွယ် အန္တရာယ်လဲအမျိုးမျိုးလာအုံးမှာ။ ဒီမှာလဲ ဆက်ပြုပြင်ဖို့လဲအများကြီး လိုအပ်သေး တယ်။ နောက် ဟို့ရွာမှာရောက်လဲ စစ်ရှောင်စခန်းမှာရောက်လဲ ဒီ စက်အင်ဂျင်တစ်လုံးရယ် နောက်ရေတင်စက်တွေလဲ ထပ်လို အပ်သေးတယ်။အခုက main (အဓိက) ရောက်တဲ့အထိက အဲ့ဒါ အကုန်လုံးလဲမဖြန့် နိုင်ရသေးဘူး‌ပေါ့နော်။ အဝေးကနေ လာခပ် ရသေးတယ်။ အဲ့ဒါလဲ အများကြီးထပ်လိုအပ်သေးတယ်” လို့ အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။ ကရင်နီပြည်မှာ စစ်ဘေး ရှောင်ကာလ ကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာရရှိရေး၊ သောက်သုံးရေးရရှိရေး၊ ဆေးဝါးရရှိရေး စတဲ့လိုအပ်ချက်ရှိနေဆဲ ဖြစ်ပါတယ်။ https://www.kantara waddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80% 

၁၁။   လဲချားမြို့ရောက် စစ်ဘေးရှာင် တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်
        May 11, 2023

သျှမ်းပြည် လဲချားမြို့နယ်မှ စစ်ဘေးရှောင်များ အချို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် လဲချားမြို့ရောက် စစ်ရှောင် ၅၀၀ ကျော်တို့မှ ဟော်ခမ်းကျောင်းတိုက်၊ ကျောင်းခမ်း ကျောင်း တိုက်နှင့် ဆလိုင်းခုမ်ကျောင်းတိုက်မှ စစ်ဘေးရှောင်တို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း စစ်ရှောင်ကူညီပေးနေသူ အမျိုးသား တစ်ဦးက ပြောသည်။ “အခုဆိုရင် တိုက်ပွဲသံတွေကလည်း ငြိမ်လာပြီဆိုပေမဲ့ စိုးရိမ်စိတ်ကတော့ ရှိသေးတာပေါ့၊ ဒါပေမဲ့ မပြန်လို့လည်း လုပ်ငန်းက လုပ်ရမှာဆိုတော့ စိုးရိမ်စိတ်နဲ့ ပြန်ကြတာ၊ အခုကလည်း လုပ်ငန်းတွေ စလုပ်ရမဲ့ အချိန်ဖြစ် နေပြီလေ၊ အဲ့ကြောင့်ပြန်သွားတာ၊ ဝါဆိုကျောင်းတိုက်ကပဲ အနည်းငယ်ကျန်တယ်” ဟု စစ်ရှောင်ကို ကူညီပေးနေသူ တစ်ဉီးက ပြောသည်။ လက်ရှိတွင် လဲချားမြို့ပေါ်ရောက် စစ်ဘေးရှောင်များ အနက်မှ စစ်ရှောင် ၅၀၀ နီးပါး ပြန်သွားပြီး ဝါဆိုကျောင်း တိုက်တွင် စစ်ဘေးရှောင် ၂၀ ကျော် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် လုပ်ကိုင် စားသောက်ရေးအတွက် နေရပ်ပြန် သွားရသော်လည်း စစ်ရေး အခြေအနေများကို နားစွင့်နေရသေးကြောင်းလည်း အထက်ပါ စစ်ရှောင် ကူညီပေးနေသူက ပြောသည်။ “ဒီနှစ်မလုပ်ထားရင် လည်း နောက်နှစ် စားစရာ မရှိပဲ ဖြစ်မှာစိုးလို့ သူတို့က နေရပ်ပြန်ပြီး လုပ်ကိုင် စားသောက်ဖို့ ပြင်ဆင်ရတာပေါ့နော်၊ ဒါပေမဲ့ လယ်/ယာ သွားကြလည်း ကြောက်နေရပါတယ်၊ သေနတ်သံတွေ ထပ်ကြားရ မလား၊ မိုင်းတွ ပေါက်ကွဲမလား၊ အဲ့လိုတွေ သတိထားနေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုသည်။ နေရပ်မပြန်နိုင်သေးသည့် ဝါဆိုကျောင်းတိုက်မှ စစ်ဘေးရှောင် ၂၀ ကျော်သည် ကလေးအများစု ဖြစ်နေပြီး အမျိုးသမီး နှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်းလည်း ၎င်းက ဆက်ဆိုသည်။ ပြီးခဲ့ သည့် ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ်ဖြစ်သည့် (RCSS နှင့် SSPP) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၅၀၀ ကျော်တို့သည် လဲချားမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးလာရခြင်း ဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲသံ များ ငြိမ်သက်သွားသော်လည်း အဆိုပါ နယ်မြေ ဒေသအတွင်း၌ လက်နက်ကိုင် တပ်ဖွဲ့များက သွားလာ လှုပ်ရှားနေကြပြီး၊ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။ https://burm ese.shannews.org/archives/34670

၁၂။    မြိတ်−တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့                  သတိပေး
       May 12, 2023

တနင်္သာရီတိုင်း၊ မြိတ်−တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ပြည်သူများအနေဖြင့်မေလ(၁၂)ရက်နေ့ စ၍ နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၁၁ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။ အဆိုပါ လမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားကားများကို အသုံးပြု၍ ရိက္ခာတင်လျက်ရှိပြီး ကုန်တင်ကားများကိုလည်း အကာအကွယ်ယူကာ ယာဉ်သွားလာမှုများပြုလုပ်နေသောကြောင့် ၎င်းလမ်းပိုင်းကို ပိတ်ပင်တားမြစ် ရခြင်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလို ပြောသည်။ “စကစဘက်ကနေပြီး အရပ်သားကားတွေကို အသုံးပြုပြီး ရိက္ခာတင်ပို့နေတာရှိသလို ခရီးသည် တင်ကား၊ ကုန်ကားကိုကာဗာယူပြီး ယာဉ်တန်းတက် လာတာလည်း ရှိပါတယ်။ ဒါကြောင့်ပြည်သူများကို သတိပေး ထုတ်ပြန်ခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ မြိတ်− တနင်္သာရီလမ်းမကြီးတွင် မြိတ်ခရိုင်တပ်ရင်း(၂)၊ တနင်္သာရီစစ်ဒေသခွဲ−ကွပ်ကဲရေးအဖွဲ့၊ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က စစ်ရေးလှုပ်ရှားနေလျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးတားမြစ်ထားခြင်း အပေါ် ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိပါက ထိခိုက်ပျက်စီးမှုများကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဘက်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း မြိတ်−ပကဖအဖွဲ့က ဆက်လက် ပြောဆိုထားသည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်ရာတွင် ပြည်သူများ ထိခိုက်မှုမရှိအောင် စစ်ကောင်စီတပ်၏ ယာဉ်တန်းနှင့် ဝေးသည့်နေရာမှ သွား လာကြရန်လည်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။ ၎င်းက“ပြည်သူ့ကို ပြောချင် တာက ကျနော်တို့အနေနဲ့ မစ်ရှင်တစ်ခုလုပ်တဲ့အခါမှာ အရပ်သားပြည်သူထိခိုက်မှု မရှိအောင်နှင့် စကစယာဉ်တန်းနဲ့ ခပ်ကွာကွာ လိုက်ပေးပါဖို့လည်း အသိပေးလိုပါတယ်”ဟု ပြောသည်။ https://kicnews.org/20 23/05/%e1%80%99%e1%80%bc%e1 %80%ad%e1%80%90%e1%80%ba%e2 

၁၃။   မြေပုံမြို့နယ်က ပြည်သူ ၂,၀၀၀ ကျော်ကို မုန်တိုင်းဘေးလွတ်ရာသို့ AA ပို့ဆောင်
       May 12, 2023

ရခိုင်ပြည်၊ မြေပုံမြိုနယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကပြည်သူများ မုန်တိုင်းဘေးတိမ်းရှောင်နိုင်ရန် မေလ ၁၁ ရက် နေ့ကစပြီး ရက္ခိုင့်တပ်တော် (ULA/AA)က ကူညီပို့ဆောင်ပေးနေသည်။ “AA တပ်တော်က လူတွေလာပြီးတော့ ကူညီပို့ဆောင် နေကြပါတယ်။ စက်လှေမရှိတဲ့လူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာကိုလည်း တွေ့ရပါတယ်။ အခုကျနော်တို့တစ်ကျွန်းလုံးမှာ လူမရှိသလောက် ဖြစ်သွားပါပြီ” ဟု ငမန်းရဲကျွန်း ဒေသခံတစ်ဦးက ပြောသည်။ ငမန်းရဲကျွန်းရှိ လွန်းလုံပိုက်၊ မြောက်ကြိမ် ပိုက်ဆိပ်၊ တံတားဦး၊ ညောင်တော၊ ပြင်ချောင်း စသည့် ကျေးရွာသားများမှာ မေလ ၁၀ ရက်ကစပြီး မုန်တိုင်းဘေးလွတ်ရာသို့ ကိုယ်ပိုင်စက်လှေများဖြင့် ကြိုတင်ရှောင်တိမ်းနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာအတွင်း ကျန်ရှိနေသေးသူ ၂,၀၀၀ ကျော်ကို မင်းပြားမြို့နယ် ကြပ်စင်ကျွန်းသို့ ULA/AA က ကူညီပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ တိမ်းရှောင်လာသူများမှာ ကြပ်စင်ကျွန်းရှိ ပျဉ်းတောင်၊ ရန်တိုင်၊ ရွာဟောင်း၊ ရွာသစ် စသည့် ကျေးရွာများရှိ ဘုန်းကြီး ကျောင်းနှင့် ဆွေးမျိုးနေအိမ်များတွင် ခိုလှုံနေကြပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်အခဲများရှိကြောင်း သိရဿည်။

 “အများစုကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။ ရိက္ခာပါလာတဲ့လူတွေရှိပေမယ့် တချို့ကျတော့လည်း ပါမလာကြဘူး။ စားရေးသောက်ရေးအတွက် အခက်အခဲ ဖြစ်နေပါတယ်” ဟု မြောက်ကြိမ် ပိုက်ဆိပ်ရွာမှ ရှောင်တိမ်းလာသူ မခင်မာရွှေ က ပြောသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော “မိုခါ (MOCHA)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။  ထို့ကြောင့် ULA/AA အနေဖြင့် မုန်တိုင်းဖြတ်သန်းမည့်ဒေသများကို အချိန်နှင့်တပြေးညီ သတိပေးခြင်းများ ပြုလုပ်ပေးနေပြီး လိုအပ်သည်များကို ကူညီသွားရန်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောသည်။ “မြေပုံမြို့နယ်ထဲမှာ မုန်တိုင်းဖြတ်ရာမှာ အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာသားတွေ၊ မသန်စွမ်းတဲ့သူတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေကို ဦးစားပေး ပြီး ကူညီပေးနေတာဖြစ်ပါတယ်။ ရွာမှာကျန်နေခဲ့တဲ့ သူတွေကိုလည်း အသက်ကယ်အင်္ကျီတွေနဲ့ တခြားအကူအညီတွ ပေးထားပါ တယ်။ နောက်လည်း  အဆင့်ဆင့် ကူညီကယ်ဆယ်ရေးတွေ၊ ပြောင်းရွေ့ရေးတွေ လုပ်ဖို့ရှိပါတယ်” ဟု ဦးခိုင်သုခ က ပြောသည်။ https://www.facebook.com/dmg newsagency/photos/pcb.2585085294977199/2585085054977223

၁၄။    ကွတ်ခိုင်ကနေ သိန္နီဘက် ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်း(၁၀)စီး တိုက်ခိုက်ခံရ
        May 12, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့ကနေ သိန္နီဘက် ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်း(၁၀)စီးဟာ ကွတ်ခိုင်နဲ့ မန်ပြိန်းရွာကြား မှာ ဒီ‌နေ့ မေလ ၁၂ ရက် မနက် ၁၁ နာရီက တိုက်ခိုက်ခံခဲ့ရတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်သွားလဲ ဆိုတာကို မသိရသေးဘဲ မိနစ် ၂၀ ကြာ အပြန်အလှန်ပစ်ခတ်တာ ရှိတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ အမည်မဖော်လိုတဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။ “ကေအိုင်အေအဖွဲ့တွေ ပစ်တာဖြစ်မယ်။ အရင်က အဲမှာဖြစ်တိုင်းလည်း သူတို့ပဲလေ။ ထိခိုက် တာတွေ‌ တော့ ဘာမှမကြားမိဘူး။ ဟိုဘက်က အဝေးကနေ ဒီအတိုင်းပဲ ချောင်းပစ်ပြီးဝောာ့ ထွက်ပြေးသွားတယ်” စစ်ကောင်စီ ယာဉ် တန်း တိုက်ခိုက်ခံခဲ့ရတဲ့ အဲဒီနေရာဟာ အရင်ကလည်း မကြာခဏဆိုသလို တိုက်ခိုက်ခံခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာ ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေအပြင် တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA၊ ကချင်တပ်မတော် KIA တို့ သွားလာကြတဲ့နေရာလည်း ဖြစ်ပါတယ်။ https://www.facebo ok .com/photo/?fbid=565292702444665&set=a.404503215190282

၁၅။    စစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင်တွေတောင်းဆို
        May 11, 2023

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ်အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ ထပ်တိုးချမှတ်ဖို့ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် နိုင်ငံတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ မြန်မာ၊ ဘဲလာရုစ်၊ အဲလ်ဂျီးရီးယား သုံးနိုင်ငံရဲ့ လူ့အခွင့်အရေး လေးစား လိုက်နာမှုဆိုင်ရာဆုံးဖြတ်ချက်ကို ဥရောပပါလီမန်အတွင်း မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီ နဲ့ စစ်ကောင်စီရဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို ထပ်တိုးဒဏ်ခတ်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းသုံး တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေကို ရန်တန့်ဖို့၊ အရပ်သားအစိုးရထံ အာဏာပြန်လွှဲ ပေးဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တရားမဝင်အုပ်ချုပ်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းထားတာကို ပြန်လည်ရုပ်သိမ်းဖို့လည်း ပြောထားပါတယ်။ နိုင်ငံ တကာ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ အလုပ်လုပ်တဲ့အခါ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အလုပ်သမား တွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေအ တွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သိသိသာသာ တိုးမြှင့်ပေးဖို့လည်း ပါလီမန်အမတ်တွေက တောင်းဆိုထားပါ တယ်။ ဉရောပ ပါလီမန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံသူ ၄၅၄ ဦး၊ ကန့်ကွက်သူ ငါးဦးနဲ့ ကြားနေသူ ၃၉ ဦးနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ https://www.rfa.org/bur mese/news/eu-junta-05112023122441.ht

၁၆။   ဖယ်ခုံမြို့နယ် တောင်စလုံးတိုက်ပွဲတွင် KNDF တပ်ရင်းမှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ကျဆုံး
        May 12, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးတိုက်ပွဲမှာ မေလ ၈ ရက်နေ့က KNDF တပ်ရင်း ၁၁ မှ တပ်ရင်းမှူး အန်း‌ဂျေလို ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ​ဆေးကုသမှုခံယူရင်း မေလ ၉ ရက်နေ့မှာ ကျဆုံးသွားပါတယ်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ တပ်ရင်းမှူး အန်းဂျေလို ရဲ့ ဈာပနကို မေလ ၁၀ ရက်နေ့မှာ KNDF ရဲဘော် တွေက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ ရှေ့တန်းရဲဘော်တယောက်က “သူက ကွမ်းယာတအားကြိုက်တယ်။ ကနော့်နား ကွမ်းယာရှိသေးလားမေးသေးတယ်။ ကွမ်းတော့တောက်လျှောက်ဝါးတယ်။ ပြီးတော့ သူ့အလုပ်သူလုပ်။ ကျနော်တို့အလုပ် ကျနော်တို့လုပ်ကြတာပေါ့”လို့ ပြောပါတယ်။

တပ်ရင်းမှူး အန်းဂျေလိုက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူ အခွင့်အရေး ရရှိရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးတို့ အတွက် အစွမ်းကုန် ကြိုးစားရင်း တော်လှန်ရေး အတွက် မြင့်မြတ်စွာ အသက်ပေးခဲ့တဲ့အတွက် အာဇာနည် သူရဲကောင်းအဖြစ် KNDF က မှတ်တမ်းတင်ထားပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖယ်ခုံမြို့ နယ်နဲ့ ပင်လောင်းမြို့နယ် နယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး အခုအချိန်ထိ သုံးလနီးပါး တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ သာလွန်အင်အား အသုံးပြုတိုက်ခိုက်နေတယ်လို့သိရပါတယ်။ တိုက်ပွဲကာလပြင်းထန် ကြာမြင့် နေတာကြောင့် ရဲဘော်တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာခြောက်၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေ လိုအပ်နေလို့ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ KNDF တိုက်တွန်းထားပါတယ်။ https://bu rmese.dvb.no/archives/592838

၁၇။    ပင်လောင်း-ဖယ်ခုံနယ်စပ်တလျောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦ အလုံး               ၃၀၀  ထက်မနည်း ပျက်စီး
        May 12, 2023

ပင်လောင်း-ဖယ်ခုံနယ်စပ်တလျောက် ရက်ပေါင်း ၁၀၀ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလအတွင်း စစ်ကောင်စီဟာ အကြိမ် (၁၀၀)ထက်မနည်း လေကြောင်းမှ တိုက်ခိုက်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်ကထုတ်ပြန်ထားပါတယ်။ လုံးပင်၊ တောင်စလုံး၊ မြောက်စလုံး၊ တောင်မဲသင်း၊ လုံးပျဉ် ကျေးရွာများမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆေးရုံ/ဆေးခန်း၊ ဘာသာရေးအဆောက်အဦနဲ့ အရပ်သားနေအိမ် ၃၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ “ကျေးရွာသားတွေကတော့ ပြောင်းကုန်ကြမို့ လေယာဉ်ကြောင့် သေဆုံးတာတော့ မရှိဘူးခင်ဗျ။ ရဲဘော်အချို့ ထိခိုက်တာတော့ ရှိပါတယ်။ ဆေးရုံတွေ၊ အိမ်တွေ အများဆုံး ထိကုန်ကြတယ်။ လေယာဉ်က နေ့တိုင်းလိုလို လာတိုက်ခိုက်ပါတယ်။” လို့ ပအိုဝ့် အမျိုးသားကာကွယ်ရေးတပ် PNDF-KK ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပြပါတယ်။

စစ်ကောင်စီစစ်ကြောင်းများ စတင်ဝင်ရောက်လာတဲ့ မတ်လဆန်းက စလို့ ခေါင်အိ၊ တောင်စလုံး၊ မြောက်စလုံး၊ တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံ၊ နမ့်နိန်း စတဲ့ ကျေးရွာများက ဒေသခံ ၄,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဧပြီ ၂၅ ရက် စစ်ကောင်စီဟာ ဆောင်းဖွေးဆေးရုံကို ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ မေ ၆ ရက်ကလည်း ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ ကျေးရွာတရွာကို လေကြောင်းက တိုက် ခိုက်တာကြောင့် ၁၀ နှစ်အရွယ်ကလေးတဦး အပါအဝင် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ “သူတို့အနေနဲ့က မြေပြင်မှာ အင်အားနည်း လာပြီး ကျတော်တို့ကို ပိုဖိအားပေးချင်တဲ့အခါကျတော့၊ ပြီးတော့ လူထုကိုလည်း ပိုထိတ် လန့်စေချင်တော့ ဒီလေကြောင်းကိုပဲ အားကိုးပြီး နေ့တိုင်းလာတိုက်နေတယ်။” လို့ PNDF KK ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ ။ https://www.facebo ok.com/photo/?fbid=258040690081864&set=pcb.2 58041173415149

၁၈။  ဖားကန့်တွင် PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်သူများအား အလင်းဝင်ရောက်ခဲ့ရင် ကူညီပံ့ပိုးပြီး ဆုကြေး         ငွေများ ချီးမြှင့်မည်ဟု စစ်ကောင်စီမှ လိုက်လံကြေညာ
      May 12, 2023

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အပါအဝင် လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေနဲ့  ဥပဒေပြင်ပရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရင်  ကူညီပံပိုးမှုတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လက်နက်ခဲယမ်း အပ်နှံသူတွေကို ဆုကြေးငွေ ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ ဖိတ်ခေါ်စာတွေကို စစ်ကောင်စီကနေ ကချင်ပြည် နယ်၊ ဖားကန့်မြို့မှာ လိုက်လံဖြန့်ဝေနေပါတယ်။ စစ်ကောင်စီက သူတို့ရဲ့ ဥပဒေဘောင်အတွင်းကို လက်နက်ခဲယမ်း တွေနဲ့အတူ ဝင်ရောက်လာရင် လက်နက်အမျိုးအစားအလိုက် ကျပ် (၂)သိန်းကစပြီး ကျပ်သိန်း(၇၅)အထိ ဆုကြေးငွေထောက်ပံပေးသွား မယ်လို့ မက်လုံးပေးရေးသားထားတာကို တွေ့ရပါတယ်။ ဒီကနေ့မနက်ကစပြီး ဖားကန့်မြို့ ပန်းတင်တံတားနဲ့ ကားမိုင်းမြို့ ဘက်မှာ  အထက်ပါဖိတ်ခေါ်စာတွေကို လိုက်လံဖြန့်ဝေနေတာပါ။ “ ဒီမနက်ကစပြီး ကားမိုင်မြို့ ဘက်မှာ အရမ်းလိုက်ကပ်နေပြီ တဲ့။ ပြီးတော့ ဒီမနက် ၈နာရီလောက်မှာ ဖားကန့်က ပန်းတင်တံတားမှာ စစ်ကောင်စီရဲ ၈ ယောက်က လမ်းသွားလမ်းလာ ပြည်သူ တွေကို ဒီစာရွက်တွေ လိုက်ဝေနေတယ်။ ဆိုင်ကယ် ကားတွေအကုန်ကို ဒီစာရွက်လိုက်ဝေနေတယ်တဲ့”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီစာရွက်မှာ  နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီက CRPH၊NUG နဲ့ NLD အစွန်းရောက် PDF အဖွဲ့တွေကို ဥပဒေမဲ့ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန် နိုင်ငံတော် ဖွံဖြို့တိုးတက်ရေး တည်ငြိမ်အေးချမ်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အတူတကွ ပူပေါင်းဆောင်ရွက်ကြရမယ့် အချိန်အခါဖြစ်တယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီ ကနေ PDF နဲ့ လက်နက်ကိုင်ဆန့်ကျင်တွေကို အလင်းဝင်ပြီး လက်နက်ခဲယမ်းအပ်နှံခဲ့ရင် ဆုကြေးငွေတွေ ချီးမြှင့်သွားမယ့် ကြောင်း အခုရက်ပိုင်းအတွင်း နေရာအနှံအပြားမှာ လိုက်လံကြေညာနေတာလည်း ဖြစ်ပါတယ်။ https://www.facebook. com/myitkyinanewsjournal.mm/photos/a.182072622159000/1

၁၉။    သံတမန်ယာဉ်တန်းတိုက်ခိုက်မှု PNO လုပ်ဆောင်ခြင်းဖြစ်၊ နောက်ကွယ်ကစေခိုင်းမှုရှိဟု PNFC ထုတ်ပြန်
        May 12, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားနယ်မြေသို့ လာရောက်သည့် အာဆီယံလူသားချင်းစာနာမှု ကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန (AHA) သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုကျူးလွန်ခဲ့သူများမှာ ဒေသခံဌာနေအသွင်ပြောင်း ပြည်သူ့ စစ်အဖွဲ့ (PNO) ဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)က ထုတ်ပြန်သည်။ မေလ ၇ ရက်က တောင်ကြီးမှ ဆီဆိုင်မြို့သို့ သွားသည့် သံမတန်ယာဉ်တန်း ဆီဆိုင်မြို့နယ်ရှိ PNO တပ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းအကြား၌ ပစ်ခတ်ခံရ ခြင်းဖြစ်သည်။ ယင်းပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်သူများကို ပြင်းထန်စွာရှုတ်ချကြောင်း PNFC က ထုတ်ပြန်သည်။ အဖြစ် အပျက်ကို မြင်တွေ့ခဲ့ရသော ဒေသခံ ပအိုဝ်းပြည်သူများ၏ ပြောဆိုချက်အရ ဒေသခံ ဌာနေအသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ရာ၌ နောက်ကွယ်ကစေခိုင်းသည့် အခြေအနေ ရှိကြောင်း တွေ့ရသည်ဟု PNFC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း ၎င်းတို့ တပ်ဖွဲ့ က စီစဉ်သည့် အဆိုပါ သံတမန်များ၏ ခရီးစဉ်ကိုတိုက်ခိုက်သူများမှာ PNO နှင့် စစ်ကောင်စီတပ်တို့ ဖြစ်သည်ဟု သံသယရှိ ကြောင်း ပြောကြားထားသည်။ “ပအိုဝ်းဒေသသို့ လာရောက်ကူညီသည့် သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ကိုကြည့်ခြင်း အားဖြင့် အကြမ်းဖက် စစ်ကောင်စီသည် အကူညီလိုအပ်နေသော ပြည်သူအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်ပံ့များပေးရန် ဆန္ဒမရှိကြောင်းနှင့်ဖော်ဆောင်နိုင်သည့် အခြေနေစွမ်းပကားလည်းမရှိကြောင်း တွေ့ရှိရပါ သည်။ စစ်ကောင်စီ၏အကြမ်းဖက် မှုများ ကိုမရပ်ဆိုင်းနိုင်ဘဲ လူသားချင်းစာနာမှုအကူညီများကို ထိထိရောက်ရောက်ပေးနိုင် မည် မဟုတ်ပါ” ဟု PNFC က ထုတ်ပြန်သည်။ ယခု သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ် ရပ် အပေါ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးက တာဝန်ရှိသူများအပါအဝင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စုံစမ်း စစ်ဆေးအရေးယူပေးရန်လည်း PNFCက တောင်းဆိုထားသည်။ https://ww w.facebook.com/photo/?fbid=5801326008 52203&set=a.559396186259178

၂၀။ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ကျောင်းဝင်ခွင့်လျှောက်လွှာများအား မေလ ၂၀ ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီ
     May 12, 2023

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)  ရဲ့ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အထက်တန်းစာမေးပွဲ အောင်မြင်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အခြေခံပညာပြီးစီးကြောင်း (BECA) အောင်မြင်သူတွေအနေနဲ့ ကချင်ပြည်နယ် ပညာရပ် စုံတက္ကသိုလ် ကျောင်းဝင်ခွင့်လျှောက်လွှာတွေကို မေလ ၂၀ ရက်နေ့ကနေ စတင်ထုတ်ယူနိုင်ပြီလို့ သိရပါတယ်။ လျှောက်လွှာကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန မှာ ထုတ်ယူရမှာဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာ နေ့၊ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်လွှာ စတင်တင်သွင်းရမယ့်ရက်နဲ့ လျှောက်လွှာနောက်ဆုံးတင်သွင်းရမယ့် ရက်တွေကို ထပ်မံကြေညာ ပေးသွား မှာဖြစ်ပြီး အသေးစိတ်ကို အီးမေးလ်နဲ့လည်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ( Kachin State Comprehensive University)ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ် ကို ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီး CDM တက္ကသိုလ် ဆရာ/မတွေက ဦးဆောင်ပြီးတော့ NUG ပညာရေး ဝန်ကြီးဌာနရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒနဲ့အညီ သင်ကြားပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ https://www .facebook.com/myitkyinanewsjournal.mm/photos/ a.182072622159000/1893611754338403/

၂၁။   အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ထဲ TNLA က စစ်ဝတ်စုံနဲ့ စစ်သား ဝင်ကောက်
       May 12, 2023

စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၁၀ ထဲမှာ တအာင်းတပ် မတော် (TNLA)က စစ်ယူနီဖောင်းနဲ့ စစ်သား ဝင်ကောက်သွားတယ်လို့ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။ မနေ့ မေလ ၁၁ ရက် မနက် ၄ နာရီဝန်းကျင်မှာ TNLA က အင်အား ၂၀ ဝန်းကျင် ယူနီဖောင်းနဲ့ ဝင်ရောက်ပြီး တပ်သားအဖြစ် ရပ်ကွက် အတွင်းက လူ ၁၁ ဦးကို ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ရပ်ကွက်နေ အမျိုးသားတစ်ဦးက “ဟုတ်တယ် သူတို့လာတာ တချို့က ဝတ်စုံအပြည့်နဲ့။ တချို့ကတော့ အရပ်သား ဝတ်စုံနဲ့ဘဲ။ တံခါးတွေ ဝင်ခေါက်တယ်။ ခေါ်သွားတယ်။ ကလေးရော လူကြီးရော အကုန်ပါတယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ခေါ်ဆောင်သွားတဲ့အထဲမှာ ရပ်ကွက်သူကြီးရဲ့ သားဖြစ်သူလည်းပါဝင်ပြီး သူကြီးက တိုင်ကြားခဲ့လို့ ခေါ်ဆောင်သွားခံရ သူ မိသားစုတွေကို သက်ဆိုင်ရာက ရပ်ကွက်ရုံးသို့ မနေ့က ခေါ်ယူမေးမြန်းခဲ့ပါတယ်။ TNLA က ခေါ်ဆောင်သွားပြီးနောက် မနေ့က ရပ်ကွက်အတွင်း စစ်ကောင်စီတပ်က နေအိမ်တွေကို လိုက်လံရှာဖွေ စစ်ဆေးနေပြီး တရုတ်နတ်စင်အနီးတစ်ဝိုက်မှာ စခန်းချနေရာယူထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “ဒီကိစ္စ ကျနော် မသိရသေးဘူး။ တပ်သား စုဆောင်းတာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေထဲက သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီရင်တော့ စုဆောင်းပါတယ်” လို့ ပြောပါတယ်။ အလားတူ ၂၀၂၁ ခုနှစ်မှာလည်း စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ လုပ်ဆောင်နေချိန် TNLA က လားရှိုး မြို့ရှောင်လမ်းနဲ့ ခေးနင်း၊ မယ်ဟန် စတဲ့နေရာအထိ ဝင်ရောက်ခဲ့ဖူးပါတယ်။ https://www. facebook.com/photo?fbid=565282279112374&set=a.4045032 15190282

၂၂။   မွတ်ဆလင်များအပါအဝင် ရခိုင်က စစ်ဘေးဒုက္ခသည်များ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ပြဆင်ရန် အကူအညီ         များ လိုအပ်နေ
      May 11, 2023

ရခိုင်ပြည်က မွတ်ဆလင်ဒုက္ခသည်များအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည်များမှာ မုန်တိုင်းအန္တရာယ်ကို သိထားသော် လည်း ရွှေ့ပြောင်းရေးနှင့် ကြိုတင်ပြင်ဆင်ရေးကို ပြုလုပ်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။ ဒုက္ခသည်များ၏ နေအိမ်များမှာ အိုဟောင်းယိုယွင်းပျက်စီးနေသည့်အတွက် မုန်တိုင်းဒဏ်ခံနိုင်မည်မဟုတ်ကြောင်းနှင့်လေအနည်းငယ်တိုက်သည် ပင် ပြိုပျက်နိုင်ကြောင်း ဒုက္ခသည်များက ပြောကြသည်။ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်မှ မွတ်ဆလင် IDP များ သည် လေပြင်းတိုက်လျှင်ပင် ပင်လယ်အနီးရှိ၍ ဒီရေတက်ကာ ရေမြှုပ်နိုင်သလို ရခိုင်ရှိ စစ်ဘေးရှောင်စခန်း အများစုမှာ လည်း နေအိမ်များ ပြိုကျပျက်စီးနိုင်သည်ဟုဆိုသည်။ ရခိုင်စစ်ဘေးရှောင်စခန်းများသည် ဓနိ၊ တာလပေါ်များနှင့်အမိုးအကာများကို ပြုလုပ်ထားကာ တိုင်များအတွက်လည်း ဝါးကိုသာ အသုံးပြုထားကြသည့်အတွက် မုန်တိုင်းတိုင်ခတ်လျှင် လုံးဝပြိုကျနိုင်သည်ဟု စစ်ဘေးရှောင်များကပြောသည်။ ရခိုင်စစ်ဘေးရှောင်တစ်ဦးက “အိမ်က အရမ်းပြိုကျနေလို့ မနေ့က အကာတွေ အမိုးတွေကို ဖြိုပြီးပြုပြင်နေတာပါ။ မုန်တိုင်းကနီးလာပြီဆိုတော့ မုန်တိုင်းတိုက်ရင် နေစရာရှိမှာမဟုတ်ပါဘူး။ မုန်တိုင်းမဟုတ်ဘဲ ‌မိုးရွာရင် တောင် ဒုက္ခရောက်ကုန်မှာပါ။ စခန်းမှာလည်း အိမ် အားလုံးဟာ မိုးသည်းရင်ဖြစ်ဖြစ် မုန်တိုင်းလာရင်ဖြစ်ဖြစ် နေစရာအဆင်ပြေ ကြမှာမဟုတ်ပါဘူး” ဟု ပြောသည်။

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယရေးနှင့်ပတ်သတ်၍လည်း သက်ဆိုင်ရာဌာနမှ လာရောက်အ သိပေးခြင်းမရှိသလို အရေးပေါ်အခြေအနေဖြစ်လာပါက မုန်တိုင်းရှောင်ရန်နေရာများလည်းမရှိဟု စစ်ဘေးရှောင်များကပြောသည်။ လူဦးရေ သောင်း ချီ ရှိနေထိုင်ကာ ဘင်္ဂလားပင်လယ်အော်နှင့်ကပ်လျက်ရှိနေသည့် ပေါက်တောမြို့နယ်မှ ငှက်ချောင်း မွတ်ဆလင် IDP မွတ်ဆလင် ဒုက္ခသည်စခန်းသည်လည်း မုန်တိုင်းကြောင့် လှိုင်းကြီးလာပါက ရေနစ်မြှပ်နိုင်သည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူကပြော သည်။ ဒုက္ခသည်စခန်း၏ မြေနိမ်းပိုင်း (ပင်လယ်ဖက်အပိုင်း)တွင် အိမ်ထောင်စု ၄၀၀ကျော်ခန့်ရှိနေပြီး လှိုင်းအတော်အသင့် ကြီး လျှင်ပင် ရေနစ်မြှပ်နိုင်ကာ လှိုင်းအများကြီးလျှင် ပို၍ နစ်မြှပ်နိုင်သည်ဟု ငှက်ချောင်း ဒုက္ခသည်စခန်း ဥက္ကဌ ဦးမောင်နု ကပြော သည်။ “ကြိုတင်ပြင်ဆက်ထားတာ ဘာမှမရှိသေးပါဘူး။ WFP ကတော့ ရိက္ခာတွေကို သေချာသိမ်းထားဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော်တို့မှာ မြေနိမ့်ဖက်က လူတွေက လိုင်းကြီးရင် မြှပ်ကြမှာပါ။ လှိုင်းသာ အရမ်းကြီးရင်တော့ မြေမြင့်ပိုင်းတွေပါ မြှပ်နိုင်ပါ တယ်။ “ဟုပြောသည်။ ရခိုင်မှ IDPs များနှင့် စစ်ဘေးရှောင်ပြည်သူများအပြင် လက်ရှိ မုန်တိုင်းအန္တရာယ်ရှိနေသည့် နေရာအများ စုတွင် စစ်ကောင်စီဖက်က ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်မှုအားနည်းနေသည်ကိုတွေ့မြင်ရသည်ဟု စစ်တွေမြိုမှ လူမှုကယ် ဆယ်ရေး ဆောက်ရွက်နေသူတစ်ဦးကပြောသည်။ GDACS ၏ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်မှ လူဦးရေ ၉၃၀,၀၀၀၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀၊ မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့သည် အန္တရာယ်ရှိသော လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်သည်ဟုဆိုသည်။ https://www.facebook.com/westernnewsagency/p hotos/pcb.76000 6449139195/760005839139256/

၂၃။    မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံကြေညာ
        May 11, 2023

မေလ ၉ ရက်ကနေ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လူဘန်ဘာဂျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးသုံးသပ်ခဲ့ကြပြီး၊ မြန်မာနိုင်ငံက ပဋိပက္ခ တိုက် ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ နည်းလမ်းရှာကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ “မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံလို့မဖြစ်ပါဘူး” မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူ ညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို က ပြောသွားပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်တဲ့ နေရာ မှာ ကြီးမားတဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် ရှေ့ခြေလှမ်းက ဘာဖြစ်မလဲ ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အာဆီယံနိုင်ငံအားလုံးရဲ့ စုစည်းညီညွတ်မှုကို လိုအပ်နေပါတယ်။” တစ်ချိန်တည်းမှာ မြန်မာနိုင်ငံပြဿနာကြောင့် အာဆီယံအသိုက်အဝန်းတည်ထောင် ရာမှာ အတားအဆီး မဖြစ်သင့်ဘူးလို့လည်း သမ္မတ ဂျိုကို ဝီဒိုဒို က ပြောသွားပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် က အာဆီယံအနေနဲ့ အရေးကြီးပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံအရေးကို အရေးတကြီး ဆွေးနွေးပြောဆိုခဲ့ကြပေမယ့်၊ ရှေ့ဘာဆက်လုပ်မလဲဆိုတာ အာဆီယံ နိုင်ငံတွေ အကြားမှာ ဝိဝါဒကွဲပြားနေဆဲ ဖြစ်ပြီး၊ နိုင်ငံအချို့ကတော့ မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးညီလာခံတက်ခွင့်မပြုဘဲဆက် ထား ပြီး၊ စစ်ကောင်စီရဲ့ ထိပ်တန်းသံတမန်တွေနဲ့ ထိပ်တန်းအရာရှိအချို့ကို ထိပ်သီးညီလာခံအစည်းအဝေးတွေ တက်ခွင့်ပေးဖို့ပြော ဆို ခဲ့ကြတဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုတန်ဖိုးတွေဟာ အာဆီယံပဋိညာဉ်ထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ စံတန်ဖိုးတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အရေးမှာ တိုးတက်မှုမရှိပေမယ့် အာဆီယံအနေနဲ့ လက်မလျှော့သင့်ဘူးလို့ ညီလာခံ အပိတ်မိန့်ခွန်းပြောရာမှာ ပြောသွားပါ တယ်။ အစည်းအဝေးအပြီးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတ ဂျိုကို ဝီဒိုဒိုက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းခံလို့ မဖြစ်တော့ကြောင်း ပြောပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီ အဗ္ဗဒူ ကဒီရာက အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအကျပ် အတည်းကို အလေးအနက်ထားကြပေမယ့်၊ အဖွဲ့တစ်ခုလုံးအနေနဲ့ ဘယ် လိုတစ်စုစည်းတည်း ဘယ်လိုတုံ့ပြန်ဆောင်ရွက်ကြမလဲဆိုတာ သဘောတူညီမှုရဖို့ ခက်ခဲနေတဲ့အကြောင်း ရိုက်တာသတင်း ဌာနကိုပြောသွားပါတယ်။ အာဆီယံအဖွဲ့ဝင် အားလုံးက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရမယ့် ဖြေရှင်းနည်းကို ရှာဖွေချင်ကြ ပေမယ့်၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့လည်း လိုသေးတယ်လို့ သူက ပြောပါတယ်။ အာဆီယံအထွေထွေအတွင်းရေးမှူး ကာအို ကင်မ် ဟောင်က အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ ပြင်းပြတဲ့ ဆန္ဒရှိနေပေမယ့် အမှန်တကယ် လုပ်ဖို့မလွယ် ကူဘဲ ဖြစ်နေတဲ့အကြောင်း၊ အချိန်ယူဖို့လည်း လိုတဲ့အကြောင်း ရိုက်တာ သတင်းဌာနကို ညီလာခံပြင်ပမှာ ပြောသွားပါတယ်။ https://www.rfa. org/burmese/program_2/asean-indonesia-myanmar-05112023154212.html

၂၄။   မြစ်ကြီးနားမြို့တွင် လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုသူ ၁၀ ဦးကျော်ကို တရားစွဲဆိုထား
       May 11, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုသူ ၁၀ ဦးကျော်ကို သက်ဆိုင်ရာဌာနကနေ တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။ အဲဒီလို အကွက်ရိုက်ပြီး ရောင်းချသူတွေမရှိအောင်နဲ့ ဝယ်ယူသူတွေမရှိအောင် သက်ဆိုင်ရာ၊ ဝန်ကြီးဌာနနဲ့ ဌာနအဆင့်အဆင့်ကို တရားဝင် တားဆီးစာထုတ်ပြန်တာတွေလုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်ဦးခက်ထိန်နန် ကပြောပါတယ်။ “လုံးဝ မ ဖြစ်စေချင်ဘူး။ ရွာတိုင်း၊ရပ်ကွက်တိုင်း လယ်တောတွေကို ဈေးရလို့ အကွက်ရိုက်ပြီးရောင်းနေတာ နောက်ဆို စားဖို့ရှိတော့မှာ မဟုတ်ဘူး။ ဒါကိုတော့ အထူးကာကွယ်တားဆီးနေတယ်။”လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။ မြေဈေးတွေ ကောင်းလာတဲ့ အတွက် ကချင်ပြည်နယ်အတွင်းရှိ မြို့တွေနဲ့ ရပ်ကွက်၊ ကျေးရွာတိုင်းလိုလိုက လယ်ယာမြေတွေကို လယ်ရှင်တွေသာမက ငွေကြေးရှင်တွေကပါ ဝယ်ယူကြပြီး အကွက်ရိုက် ရောင်းချမှုတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီး နောက် လမ်းညွှန်ချက်နဲ့အညီ ပြည်နယ်အတွင်း လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်၊ ဘယ်သူ့ကိုမှ မပေးထားဘူးလို့ ပြည်နယ်ကောင်စီ ဝန်ကြီးချုပ်ကဆိုပါတယ်။

“ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့ ဘယ်သူ့ကိုမှ လယ်ကိုအခြားနည်းအသုံးပြုခွင့် မပေးဘူး။တစ်ချို့ကလည်း မရရင်လည်း လုပ်နေတဲ့ ဟာတွေရှိတယ်လေ။ နေရာအနှံ့လိုလို အကွက်ရိုက်နေကြတယ်။ အားလုံးကို တားထားတယ်။ ပြီးရင် သူတို့အားလုံးကိုလည်း တရားဥဒေနဲ့အညီ ထုတ်ပေးတာတစ်ခုမှမရှိဘူး။” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ လယ်ကုန်း၊ ရမ်ပူ၊ ခေမာသီရိ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ တပ်ကုန်း၊ စီတာပူ၊ မန်ခိန်၊ ရွှေစက်၊ ပလန စတဲ့ မြစ်ကြီးနားမြို့တွင်းက လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို တရားဝင် ခွင့်ပြုပေးထားတာမရှိဘူးလို့ ဝန်ကြီးချုပ်က ဆက်လက်ပြောပါတယ်။ တရား မဝင် လယ်မြေကို အကွက်ရိုက်ပြီး ရောင်းချသူတွေ၊ ဝယ်ယူပြီး မြေဖို့၊ အိမ်ဆောက်လုပ်နေကြတဲ့ သူတွေကို သက်ဆိုင်ရာဥပဒေနဲ့ အညီ တရားစွဲဆို အရေးယူသွားမှာဖြစ်တဲ့အတွက် ဆက်လက်မလုပ်ဆောင်ဖို့ကိုလည်း အကြံပြု ပြောဆိုခဲ့ပါတယ်။ https://w ww.facebook.com/myitkyinanewsjournal.mm/ photos/pcb.1892392314460347/1892389154460663/

၂၅။   လောက်ကိုင်မြို့မှာ ဘိုးဘွားပိုင်မြေတွေကို မြေဂရံလုပ်ဖို့ ဒေသဦးစီးရုံးသို့ သိန်း(၁ဝဝ)နီးပါး ပေးနေရ
       May 11, 2023

ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ဘိုးဘွားပိုင်မြေတွေကို မြေဂရံလုပ်ဖို့ ဒေသဦးစီးရုံးသို့ သိန်း(၁ဝဝ)နီးပါး ပေးနေရ တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်ကနေ အရပ်ဖက်သို့ အသွင်ကူးပြောင်းလာတဲ့ ဒေသဦးစီးရုံးရဲ့ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေတဲ့ ဦးဇော်မိုးလတ် ဆိုသူဟာ မြေစာရင်းနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ဘိုးဘွား ပိုင်မြေတွေကို ပိုင်ဆိုင်ကြောင်း အထောက်အထားပြခိုင်းပြီး မရှိတဲ့သူတွေကို မြေဂရံ လုပ်ခိုင်းနေတယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ “ဒေသဦးစီးမှာကြတော့ သူက အတွင်းရေးမှူးဆိုတော့ မြေဂရံ လုပ်ချင်တဲ့သူတွေက သူ့လက်မှတ်လို တာကိုး။ တခါထိုးခိုင်းချင်ရင် တရုတ်ငွေ ၂ သောင်း ပေးရတယ်။ အဲမြေတွေက ဘိုးဘွားပိုင်မြေတွေများတယ်။ ဒါပေမဲ့ တချို့ တိုင်းရင်းသားတွေက ဂရံ လုပ်ထားရမယ်မှန်း မသိကြဘူးလေ” လောက်ကိုင်မြို့မှာ မြေအကြောင်း မသိနားမလည်တဲ့ တိုင်းရင်းသားတွေ မြေကို အကွက်ရိုက်ပြီး ရောင်းလိုသူတွေကို ပိုင်ဆိုင်မှု အထောက်အထား ပြခိုင်းနေသလို မြေကွက် ဝယ်လိုတဲ့ တရုတ်လူမျိုးတွေကိုလည်း တခြားအမည်ပေါက်နဲ့ ငွေကြေး အမြောက်အများယူပြီး မြေဂရံ လုပ်ပေးနေတယ်လို့ ၎င်းဒေသခံက ဆက်ပြောပါတယ်။

“တရုတ်တွေ မြေကွက် ဝယ်တယ်ဆိုရင် တခြားလူရဲ့ နာမည်နဲ့ခံပြီးတော့ ငွေနဲ့လုပ်ပေးတာပေါ့။ ကျင်ကျန်း ကုမ္ပဏီက ကုမ္ပဏီပိုင်ဆိုင်မှုအတွက် မြေဂရံလုပ်ဖို့ တရုတ်ငွေ ၂ သိန်း ပေးတယ်။ သူက ငွေ ၂ သိန်း မလိုချင်ဘူးတဲ့။ မြေကွက် ပြန်တောင်း တယ်။ အဲကရတဲ့ မြေကွက်ကို သူ့သား အမည်ပေါက်နဲ့ မြေဂရံလုပ်ပြီး တရုတ်ငွေ ၃၈ သိန်းနဲ့ ပြန်ရောင်းစားတယ်” လို့ သူက ဆက်ပြောပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လောက်ကိုင်မြို့မှ ဒေသဦးစီးရုံးသို့ ဆက်သွယ်မေးမြန်းရာမှာ မြေဂရံ လာလုပ်တဲ့ သူတွေကို ငွေယူတာမျိုး မရှိပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ပေးတဲ့သူတွေ ရှိတယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒေသဦးစီး အတွင်းရေးမှူး ဦးဇော်မိုးလတ် ကိုဒေသခံတွေက ပြောင်းစေချင်နေတာဖြစ်ပြီး စစ်တပ်ကနေအသွင်ကူးပြောင်းလာတဲ့ မိုးကျ ရွှေကိုယ် ဖြစ်တာကြောင့် နေပြည်တော်က အတွင်းဝန်တွေနဲ့ အတော်နီးစပ်ပုံရပြီး ပုံမှန်ဆိုရင် ဒေသဦးစီးရုံးမှာ တာဝန်လာထမ်း ဆောင်တဲ့သူတွေဟာ ၁ နှစ်၊ ၁ နှစ်ကျော်လောက်ပဲ သက်တမ်း ကြာလေ့ရှိပေမယ့် ၎င်းကိုတော့ သက်တမ်းကာလ ၂ နှစ် ကြာလာ တဲ့အထိ အပြောင်းအလဲ မရှိသေးဘူးလို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=564760015831267&set= a.404503215190282

၂၆။   စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်းပြီး အိမ်ထောင်စုစာရင်းမိတ္တူလိုက်လံ သိမ်းဆည်း
       May 12, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပလမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စစ်တပ်နှင့် ပူးပေါင်း၍ လူဦးရေ စစ်ဆေးခြင်းနှင့် အိမ်ထောင်စုစာရင်းမိတ္တူများကို သိမ်းဆည်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ယခုမေလဆန်းပိုင်းမှစတင်ကာ အိမ်ထောင်စုစာရင်းနှင့် လူဦးရေတိုက်စစ်ခြင်း သန်းခေါင်စာရင်း မိတ္တူများကို သိမ်းဆည်းခြင်းများ လုပ်ဆောင် လာသောကြာင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းပလမြို့ခံ တစ်ဦးက ယခုလို ပြောသည်။ ပလမြို့ခံတစ်ဦးက “တရားဝင်လိုက်ကြေညာထား တာမရှိဘူး။ တစ်ဆင့် စကားတစ်ဆင့်နဲ့ပဲ။ ရဲစခန်းကိုပေးသူကပေး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကို ပေးသူကပေးရနဲ့။ အရင်က တော့ အဲ့လိုတွေလုပ်တာမျိုးမရှိဘူး။ စစ်တာက စစ်တယ်ဆိုပေမဲ့ အခုက မိတ္တူတွေပါ တောင်းတာလေ။ အဲ့လိုမပေးပြန်ရင်လည်း သူတို့က ဘာလုပ်မလည်းမသိတော့ ကြောက်ရတာပေါ့။” ဟု ပြောသည်။

ထိုသို့သန်းခေါင်စာရင်းမိတ္တူများကို သိမ်းယူသွားသည့်အပြင် စစ်ဆေးမေးမြန်းမှုများကိုပါ တင်းတင်းကြပ်ကြပ်လုပ် ဆောင်နေကြောင်း ပလမြို့ခံများက ဆိုသည်။ “အိမ်တိုင်းပေးနေရတယ်။ ရွာအထဲဘက်ကလည်း ပေးပြီးပြီ။ ကျမတို့ အလည်ပိုင်း မှာလည်း ပေးပြီးပြီ။ ကျမတို့မှာက တူလေးတွေက အိမ်မှာမရှိတော့ဘူးဆိုတော့ မိသားစု ၃ ယောက်ပဲရှိတယ်လေ။ တူတွေနဲ့ဆို ၅ ယောက်ပေါ့။ သန်းခေါင်စာရင်းစစ်တာက တစ်ပိုင်းနဲ့တစ်ပိုင်းမတူဘူး။ သူတို့မေးတာက ဒီမှာ လူဦးရေ ဘယ်နယောက်ရှိလဲ၊ ယောကျ်ားက ဘယ်သွားလဲ၊ ဘာအလုပ်လုပ်လဲ၊ နိုင်ငံခြားသွားရင် နိုင်ငံခြားသွားတယ်ပေါ့၊ ဘာအလုပ်လုပ်လဲ၊ ပိုက်ဆံဘယ် လောက်ပို့လဲ၊ အဲ့လိုမျိုးပြောတယ်။”ဟု နောက်ထပ်ပလမြို့ခံတစ်ဦးက ပြောသည်။ ပလမြို့နယ်တွင် ယခုလိုအိမ်ထောင်စုစာရင်း မိတ္တူကောက်ခံသိမ်းယူခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း ပလမြို့ခံများက ပြောပြချက်အရ သိရသည်။ အလား တူ ပလမြို့နှင့်ပလောက်မြို့တွင် ဆန်ဝယ်ယူရာတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါမှသာ ဆန်ဝယ်ယူခွင့်ရှိ ခြင်းကြောင့် ဒေသခံများအနေဖြင့် ဆန်အလုံအလောက်မရရှိသည့်အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်းလည်း ဒေသခံများက ဆိုသည်။ https://kicnews.org/2023/05/ %e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80 %ba%e1

၂၇။   ဖာပွန်ရှိ စစ်ကောင်စီ တပ်စခန်းများတွင် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများအပေါ် ကြောက်ရွံ့နေ          ရကြောင်း CDM ရဲဘော်များပြော
      May 12, 2023

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများရှိ စစ်တပ်အရာရှိ အပါအဝင် အခြား အဆင့် ရဲဘော်များအနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ အချိန်မရွေး စစ်ရေးလှုပ် ရှားတိုက်ခိုက်မှုမျိုးစုံကို ခုံခံနေရသည့်အတွက် နေ့စဥ်ကြောက် ရွံ့စွာနေထိုင်နေကြရကြောင်း မကြာသေးခင်က အာဏာဖီဆန် ရေးလှုပ်ရှားမှု(CDM) ပြုလုပ်သည့် ရဲဘော်များက ပြောသည်။ ဖာပွန်မြို့နယ်ရှိ စစ်စခန်းအတွင်း စစ်တပ်အရာရှိများ အပါအဝင် စစ်သည်များသည် KNLA ပူးပေါင်း တပ်များ တိုက်ခိုက်သည့် စနိုက်ပါ သေနတ်၊ ဒရုန်းယာဥ်ဖြင့်ဗုံးကြဲချမှု၊ တိုက်မိုင်း၊ ဆွဲမိုင်း၊ ရှော့တိုက် ဒုံးများဖြင့် တိုက်ခိုက်ခံရမည့်အရေးအချိန်ပြည့် ကြောက်ရွံ့နေထိုင်နေကြရကြောင်း KNLA တပ်မဟာ ၅ ထံ လက်နက် ခဲယမ်းများနှင့်တကွ CDM ပြုလုပ်လာသည့် ဖာပွန်မြို့နယ် နတ်တောင်စစ်ကောင်စီစခန်းရှိ ခြေလျင်တပ်ရင်း-ခလရ ၃၄၁ မှ စစ်သည်ရဲဘော်များက ပြောသည်။ “စစ်တပ်က ကြောက်နေရတာ ကရင်ပူးပေါင်းအဖွဲ့တွေရဲ့ စနိုက်ပါ၊ ဗုံးနဲ့၊ မိုင်းပေါ့၊ ဘယ်မှာ မထွက်ရဲ စခန်းထဲမှာပဲနေ၊ ဖုန်းလိုင်းမမိတော့ အရာရှိတွေက နိုင်ငံရေးသတင်းတွေကို ရေဒီယိုကလာတဲ့ BBC တို့ RFA တို့ နား ထောင်ကြတယ်။ တစ်ဆင့် ပြန်ကြားနေရတာ တစ်ခြားနေရာတွေက တိုက်ပွဲသတင်းတွေ သိနေရတယ်။ စစ်တပ်က မနိုင်ဘူးဆို တာ အရာရှိတွေသိနေကြပြီး။ စခန်းထဲက စစ်သားတွေလည်း ပြေးချင်နေကြပြီ” ဟု ခလရ ၃၄၁ တပ်ရင်းမှ CDM ပြုလုပ်ခိုလှုံလာ သည့် တပ်သားအောင်ပိုင်ဖြိုး က ပြောသည်။

ဖာပွန်တပ်နယ်ထဲရှိ စစ်ကောင်စီအရာရှိများအနေဖြင့် ရှေ့တန်းစစ်မြေပြင်နှင့်စစ်စခန်းများတွင် အခြားအဆင့်နှင့်ရဲဘော် များအပေါ် ဖိနှိပ်မှု၊ ပြစ်ဒဏ်ပေးရိုက်နှက်မှုအစာရေစာအကန့်အသတ်ဖြင့် ပေးဝေမှုများ အပြင် ရဲဘော်များအား လူ့ဂုဏ်သိက္ခာ မဲ့စွာဖြင့် တိုက်ပွဲအတွင်း ကျဆုံးထိခိုက်ဒဏ်ရာရမှုထက် ဝန်ဆောင်လားကောင်များ မထိခိုက်စေရေးနှင့် လက်နက်ခဲယမ်းများ မဆုံးရှုံးစေရေးကိုသာ အဓိကထား လုပ်ဆောင်ကြသည်ဟု CDM ရဲဘော်တိုးတိုး ကလည်း ယခုလိုပြောသည်။ “ကျနော်တို့ အရာ ရှိ တွေက လက်အောက်ငယ်သား ရဲဘော်နဲ့ အခြားအဆင့်တွေကို လားကောင်တို့၊ လက်နက်တို့ထက် အရေးမကြီးဘူး၊ တန်ဖိုး မထားဘူးဆိုတာမျိုး ဆက်ဆံတယ်။ အဲ့ဒီဟာတွေ သေတာပျောက်တာက သူတို့အရာရှိတွေအဖို့ စစ်ပြစ်စစ်ဒဏ်ကြီးတယ်။ လူက သေတာ၊ ထိတာ အရေးမကြီးဘူး၊ တန်ဖိုးမရှိဘူး။ လားက ရိက္ခာသယ်ဖို့၊ လက်နက်ကတော့ ပြေးတဲ့သူ၊ တိုက်ပွဲမှာ ကျဆုံးတဲ့သူနဲ့ ပါသွားရင် လူမလိုဘူး၊ အလောင်းမလိုဘူး။ လက်နက်ပြန်ရဖို့ပဲ လိုတယ်ဆိုတာကို တော်တော်လေး သုံးနှုန်းတယ်။ လူလို မဆက် ဆံချင်ကြဘူး။ စစ်သည်တွေရဲ့ အသက်ခန္ဓာက တန်ဖိုးမရှိဘူး ”ဟု ၎င်းက ပြောသည်။ “ရဲဘော်နဲ့ အခြားအဆင့်တွေ လုပ်လို့မှာ လို့မရဘူး၊ ရဲဘော်တွေဆိုရင် စားစရာက ကန့်သတ်ပြီး တစ်ခါ စား၊ တစ်နပ်စာထမင်းကို ဟန်ကောထမင်း တစ်ချိုင့်ပဲရ တယ်၊ ဟင်းက ကိုယ့်ဘာသာကို ငှက်ပျော်အူ၊ သင်္ဘောသီးကိုပဲ ချက်စားကြရတယ်၊ ၆ လကျော် လောက်ရှိလာပြီဆိုတော့ လာတိုက် တာခံရရင်လည်း ကိုယ်သေမယ်။ ဆက်နေရင်လည်းအဟာရပြတ်ပြီးသေမယ်။ အသေမခံနိုင်ဖိနှိပ်တာမခံနိုင်ဘူး”ဟု ရဲဘော် တိုးတိုး က ပြောသည်။ https://kicnews.org/2023/05/%e1%80%96%e1%80%ac%e1%80%95%e1%80%bd%e1

၂၈။   ကချင်ပြည်နယ်၊ စစ်ဗျူဟာအဖွဲ့အခြေချ (ပူတာအို)မှ တပ်ကြပ်ကြီးတဦး ပြည်သူ့ဘက်ကူးပြောင်းလာ
       May 12, 2023

စစ်ကောင်စီတပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ဗျူဟာအဖွဲ့ (အခြေချ) (ပူတာအို) မှ တပ်ကြပ် ကြီး ရော်တိန် သည် ယခုနှစ်မေလဆန်းပိုင်းတွင် ပြည်သူ့ဘက်ကူးပြောင်းကာ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေတနေ ရာ၌ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူ့ဘက်ကူးပြောင်းလာသည့် စစ်သက်လုပ်သက် နှစ် ၃၀ ကျော် ရှိပြီဖြစ်သော တပ်ကြပ်ကြီး ရော်တိန်က “ပြည်သူတွေကို မတရားဓားပြတိုက်အနိုင်ကျင့်နေလို့ ကျနော် CDM လုပ်ဖို့ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ မင်းအောင်လှိုင် ရဲ့ လုပ်ပုံတွေက ဓားပြထက်အဆင့်နိမ့်နေပါပြီ” ဟု ပြောသည်။ ၎င်း၏မိသားစုတွင် ကလေးငယ်များရှိနေခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများအား စစ်တပ်အရာရှိများက သိမ်းထားခြင်း၊ တပ်ပြင်ထွက်ခွင့်မရခြင်းတို့ကြောင့် အခွင့်သာသည့်ရက်ကို စောင့်နေရသည့်အတွက် ပြည်သူ့ဘက်ကူးပြောင်းလာရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ကအရာရှိအချို့တွေကတော့ နားလည်တယ်။ အချို့တွေ ကတော့ နားမလည်ဘူး။ စစ်တပ်က ကျပ်မပြည့်တော့ဘူး။ ကျပ်ပြည့်တဲ့သူတွေကရှားနေပါပြီ” ဟု ပြောသည်။  အာဏာသိမ်း ပြီးနောက်ပိုင်း တိုက်ပွဲတွင်သေဆုံးသူ၊ ထွက်ပြေးသူနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူများကြောင့် ၎င်းနေထိုင်ခဲ့သည့်တပ်တွင် စစ်သည်အင်အား ၈၁ ဦးသာ ရှိတော့ကြောင်းလည်း တပ်ကြပ်ကြီး ရော်တိန်က ဆိုကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြထားပါသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့် တပ်မတော်သားနှင့်ရဲ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ပြီဖြစ်ကြောင်း ၂၀၂၃ မေ လ ၃ ရက်တွင် ထုတ်ပြန် ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ https://www .facebook.com/photo/?fbid=699651865497923&set=a.499340615529050

၂၉။  KNDF အမှတ်တံဆိပ်သုံးပြီး ခြိမ်းခြောက်ငွေတောင်းတဲ့စာ တွေ့ရှိရမှုအပေါ် KNDF ဆက်လက်စုံစမ်းသွားမည်
      May 11, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သိန္ဒီမြို့က လုပ်ငန်းရှင် မိသားစုတစ်စုဆီကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ်တဲ့ စာတစ်စောင်ကို ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာမှာ တွေ့ရှိရပြီး ဒီဖြစ်စဉ် အပေါ် ဆက်လက်စုံစမ်းသွားမှာဖြစ်တယ်လို့ KNDF ရဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ Investigation Task Force (ITF) မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ အဲနေရာမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့နဲ့ ချိတ်ဆက်ရတာပေါ့နော။ ရှမ်းမြောက်ဆိုတော့ ရှမ်းမြောက် မှာရှိတဲ့ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးမှ လုပ်ဆောင်ရမယ့်အပိုင်းရှိတယ်ပေါ့နော။ နောက်တစ်ခုက ကိုယ့် တပ်ဖွဲ့ထဲမှာပေါ့နော။ ပြန်ပြီးတော့မှ စုံစမ်းရမယ့် ဟာတွေရှိတယ်။ အခုလောလောဆယ်အထိတော့ ကျနော်တို့ သိသလောက် ကတော့ အဲမှာ ကိုယ့်တပ်ဖွဲ့ဝင်တွေ မရှိဘူး။ အဲလိုလုပ်တာ ဘယ်သူလဲဆိုတာလည်း မသိတဲ့ခြေနေမှာရှိတယ် သေချာတာတစ်ခု ကတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မဖြစ်နိုင်ဘူးပေါ့နော။ ဖြစ်ခဲ့ရင်လည်း ကျနော်တို့ကတော့ စစ်ဥပဒေအတိုင်းတော့ အရေး ယူဆောင်ရွက်ဖို့ရှိတယ်ပေါ့နော။ အဲဒီစာမှာ ဗိုလ်နာမည်ရယ် ဒေသပေါ့ အဲတစ်ခုကြည့်ရမယ် နောက်ရှမ်းမြောက်ပေါ့ ဒေသလည်း ကြည့်ရမယ်ပေါ့နော။ အဲသုံးချက်ကြည့်မယ်ဆိုရင်တော့ ဒါကတော့ KNDF မဖြစ်နိုင်ဘူးဆိုတာကတော့ သိသာတယ်ပေါ့။” သိန္ဒီမြို့မှာ KNDF အနေနဲ့ စစ်ရေးအရသော်လည်းကောင်း၊ ဆက်ဆံရေးရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း လုပ်ရှားမှုမရှိဘူး လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ခြိမ်းခြောက်စာထဲမှာတေ့ာ KNDF လက်နက်ခဲယမ်းအတွက် အလှူငွေကောက်ခံတာဖြစ်ကြောင်း၊ သိန္ဒီမြို့ ဟိုဟိန်းခမ်း ရွှေဆိုင်မိသားစုကနေ ကျပ်ငွေ သိန်း(၆၀) ပေးသွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားတဲ့ အချိန်အတွင်း မပေးသွင်း နိုင်ပါက ကလေးသူငယ်အပါအဝင် မိသားစုဝင်တွေကို ဖမ်းဆီးပစ်ခတ်မှာဖြစ်ကြောင်း၊ မပေးပါက အသက် အာမခံမည် မဟုတ် ကြောင်း ဖော်ပြထားပါတယ်။ KNDFရဲ့ မူဝါဒအရ ပြည်သူထံ ခြိမ်းခြောက်ငွေတောင်းခံတာတွေကို ပြင်းထန်စွာ တားမြစ်ထား သလို တော်လှန်ရေးကျင့်ဝတ်အရလုပ်ဆောင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ယခင်က KNDF အမည်အသုံးပြုပြီး စာနဲ့ ခြိမ်းခြောက် မှုဖြစ်စဉ်တွေကို KNDF ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ကနေ ကိုင်တွယ်ဖြေရှင်းမှုရှိခဲ့ပြီး KNDF တပ်ဖွဲ့ထဲက မဟုတ်တဲ့ အတွက် ထပ်မံ မလုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့ ITF အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။ ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုတွေ ရှိခဲ့ရင် KNDF ကို တိုင်ကြားနိုင်သလို စုံစမ်းစစ်ဆေးမှုအရ KNDF တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် အရေးယူတာတွေ၊ တခြားတော်လှန် ရေးတပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် ညှိ့နှိုင်းဆောင်ရွက်ပေးတာတွေ၊ အရပ်သားဖြစ်မယ်ဆိုရင် ကရင်နီပြည် ရဲဌာန ( KSP ) ထံ လွှဲပြောင်း တာတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%9b%e1%80%bd%e1%80 

၃၀။    ကချင် ဘိုးဘွားရိပ်သာအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ
        May 11, 2023

မြစ်ကြီးနားမြို့ နောင်းနန် ဂျော်မဆပ် (Jaw Masat) တွင် ဖွင့်လှစ်ထားသည့် ကချင်ဘိုးဘွားရိပ်သာအတွက် ကူညီ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ဘိုးဘွားရိပ်သာတာဝန်ရှိသူများမှ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာအား မည်သည့်အဖွဲ့ အစည်း၏ ကူညီထောက်ပံ့မှုမှမပါဘဲ သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မေလလဆန်းမှ စတင်ကာ တစ်နိုင်တပိုင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဘိုးဘွားရိပ်သာတာဝန်ရှိသူ ဆရာ ခွန်ဂမ် က ပြောသည်။ “အခုချိန် ဒီလိုမျိုး အသက်ကြီးတဲ့ အဘိုးအဘွားတွေကို မျက်ကွယ်မပြုလိုက်ဘဲ ကျွန်တော်တို့ ပြုစုနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ဖွင့်လစ်လိုက်တာ ဖြစ် တယ်”ဟုပြောသည်။ ပြုစုစောင့်ရှောက်မည့်သူမရှိဘဲ အကူအညီလိုအပ်နေသည့် သက်ကြီးရွယ်အိုများအတွက်သာမက စိတ် ကျန်းမာရေး ထိခိုက်နေသူများနှင့် မသန်စွမ်းသူများအတွက် နောက်ပိုင်းတွင် ဖွင့်လှစ်သွားရန်လည်း ရှိကြောင်းသိရသည်။ ယင်း ဘိုးဘွားရိပ်သာကို ဂျော်ဘွမ်တောင်ခြေတွင် အိမ်ငှားပြင်ဆင်ထားပြီး လက်ရှိတွင် ဆွမ်ပရာဘွမ် နှင့် ဝိုင်းမော်မှ သက်ကြီးရွယ်အို ၅ ဦးကို ကြည့်ရှုနေပြီဖြစ်ရာ ရိပ်သာတွင် အသက် ၇၀ မှ စတင်လက်ခံပြီး အများဆုံး အယောက် ၂၀ ထိ လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဘိုးဘွားရိပ်သာကို စတင်ဖွင့်လှစ်နေပြီဖြစ်သော်လည်း အစားအသောက်၊ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး တို့ကို ကူညီ ထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ဘိုးဘွားရိပ်သာ တာဝန်ရှိသူ ဆရာ ခွန်ဂမ် ကပြောသည်။ “ငွေကြေးပိုင်းဆိုရင်လည်း အများ ကြီးလိုအပ်နေတယ်၊ အားနည်းချက်တွေလည်းရှိနေသေးတယ်၊ အခုချိန် အစားအသောက်ကတော့ နီးစပ်တဲ့ ဆွေးမျိုးတွေဘက် ကနေ ဆန်တွေ၊ ဆီတွေ ကူညီတာတော့ရှိတယ်၊ အသက်ကြီးပြီဆိုတော့ ကိုက်ခဲတာတွေရှိတယ် ဆိုတော့ နှိမ့်ပေးမဲ့သူတွေ ဆေးဝါးတွေလည်း လိုအပ်နေတယ်”ဟုပြောသည်။ အထက်ပါ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများကို ကိုယ်ခန္တာကျန်းမားရေး အတွက် ပြုစုစောင့် ရှောက်ပေးနိုင်ရုံသာမက စိတ်ကျန်းမာရေးအတွက် ဖျော်ဖြေမှုများဖြင့် စိတ်အပန်းဖြေနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။ ကချင်ပြည်နယ်၊ ခရစ်ယာန် အသိုင်းအဝိုင်းတွင် ပထမဦးဆုံး ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာ ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီကြရန် လိုအပ်နေသည် ဖြစ်သည်။  https://burmese.kachinnews.com/2023/05/11/ld1-28/

၃၁။   သျှမ်းပြည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ်များ စောင့်ဆိုင်းပေးနေရ
       May 11, 2023

သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြည်သူ့စစ်များ နှင့် အရာရှိ ဗိုလ်များပါ လာရောက်စောင့်ဆိုင်း ပေးနေရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည် တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင်ထဲရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များထဲ ပြည်သူ့စစ်များလာရောက်စောင့်ပေးနေရကြောင်း ခရီးသွားသူများထံသိရှိရသည်။ အဆိုပါ ပြည်သူ့စစ်များ စောင့်ဆိုင်း ပြီး စစ်ဆေးပေးနေသည့် ဂိတ်များသည် မိုင်းကိုင်နှင့် နမ့်စန်စသည့် မြို့တွင်လည်း ပြည်သူ့စစ်များက သွားရောက် စောင့်ဆိုင်းနေရ ကြောင်း သိရသည်။ “ သျှမ်းပြည်ဘက်မှာကတော့ ပြည်သူ့စစ် နဲ့ တပ်တွေဆိုရင်တော့ ပြည်သူ့စစ်တွေကပဲ လုံခြုံရေးပေးတာ။ ဂိတ်တွေလည်း စောင့်ပေးတယ်။ မိုင်းကိုင်ဘက်မှာ သျှမ်းတပ် ၂ တပ် ရှုပ်နေတုန်းကဆိုရင် ၇၅၈ ပြည်သူ့စစ်က လုံခြုံရေးယူပေး တာ။ ပြီးတော့ မိုင်းနောင် – မိုင်းရှုးလမ်းကြားမှာလည်း တာဝန်ယူပေးတာ။ နမ့်စန်ဘက်ဆိုရင်တော့ SSS က တာဝန်ယူပေးတာ” ဟု လွိုင်လင်မြို့နယ်အတွင်း နေထိုင်သူက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် နိုင်ငံတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နှင့် တိုင်းရင်းသားလက်နက် ကိုင် အချို့ကို စစ်မျက်နှာ ဖွင့်ထားရသည့်အတွက်ကြောင့် တပ်သား အင်းအားနည်းလာကြောင်း သိရသည်။ ထိုသို့ တပ်သား အင်းအားနည်းလာသည့်အပေါ် အောက်ခြေတပ်သားများသည် ရှေ့တန်းထွက်နေရပြီး အရာရှိဗိုလ်များက စစ်ဆေးရေးဂိတ်တွင် စောင့်နေရကြောင်း သိရသည်။ “ ဒီ သျှမ်းပြည်က အောက်ခြေတပ်သားတွေက ရှေ့တန်းထွက်နေရတယ်။ အရာရှိတွေကတော့ ဂိတ်စောင့်ပြီးတော့ တောင်းစားနေကြတယ်။ ကျေးသီး – လားရှိုးလမ်းဖက်တွေမှာ သွားကြည့်လို့ရတယ်။ ၁ ပွင့် ၂ ပွင့်တွေပဲ ဂိတ်ကိုစောင့်နေကြတာ။ ဒါကို ကြည့်မယ်ဆိုရင် အောက်ခြေတပ်သားတွေကတော့ စစ်မြေပြင်မှာ ရောက်နေတယ်လို့ ယူဆရ တယ်”ဟု သျှမ်းပြည်တွင်း ကားမောင်းနေသည့် ကားသမားတစ်ဦးက ပြောသည်။ https://burmese.shannews.org/arch ives/34673

၃၂။   ချင်းပြည်နယ်မြောက်ပိုင်းကို ရိက္ခာသယ်ခွင့် စစ်ကောင်စီတင်းကျပ်
       May 11, 2023

ချင်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေဆီ စားသောက်ကုန်ကားတွေနဲ့ ခရီးသည်တင် ကားတွေ ဖြတ်သန်းသွားလာ ခွင့်ကို ဧပြီလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီက ကန့်သတ် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တီးတိန်၊ တွန်းဇန်၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်တွေကို ကုန်စည်တင်ပို့နေတဲ့ ကလေးမြို့ အနောက်ဘက် ခိုင်ကမ်းမြို့ ကိုးမိုင်စစ်ဆေးရေး ဂိတ်ကနေ ပိတ်ပင်နေတာပါ။ ခရီးသည်တင်ကားတွေတော့ တစ်စီးကို ကျပ်တစ်သိန်းလောက် အဲဒီဂိတ်မှာတာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုပေးရတယ်လို့ ခရီးသွားတွေကပြောပါတယ်။ အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-ခိုင်ကမ်း-သိုင်းငင်လမ်း ကနေသွားရတဲ့ ကလေး-ရိဒ်ခေါဒါရ်ခရီးကို အရင်က သုံးသောင်းလောက်ပဲပေးရပေမယ့် အခု တစ်သိန်းဝန်းကျင်အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ကားခတွေရော၊ စားသောက်ကုန်တွေပါ စျေးတက်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ ၉ ရက်နေ့က ကလေးမြို့ကနေ ဟားခါးမြို့ကိုလာတဲ့ စစ်ကောင်စီတပ်ကို ချွန်ကျုံးရွာမှာ ချင်းဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့သလို၊ မေလ ၁ ရက် နေ့မှာတော့ ဂန့်ဂေါမြို့ကနေ ဟားခါးကိုသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ ဟားခါး-ဂန့်ဂေါ် ကားလမ်းမှာတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီအချိန်ကတည်းက ကလေး-ဟားခါးလမ်းကိုသွားလာလို့မရတာ နှစ်လနီးပါးရှိနေပါပြီ။ ဒါကြောင့် ကုန်စည်စီးဆင်းမှုလည်း မရှိတော့ ဘူးလို့ ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်မှာစိုက်ပျိုးဖို့ ခက်တဲ့ ဆန်စပါးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ သွားတဲ့ လမ်းနဲ့ မကွေးတိုင်း ကျောက်ထုဘက်ကနေသွားတဲ့လမ်းကနေ သယ်ယူတင်ပို့ရတာပါ။ အခုတော့ အဲဒီ လမ်းတွေ အကုန် လုံးကို စစ်ကောင်စီကပိတ်ပင်ကန့်သတ်ထားတာလို့ ဒေသခံတွေကပြောပါတယ်။ အခုလို စားနပ်ရိက္ခာနဲ့၊ ခရီးသွားလာတာတွေ ကန့်သတ်တာဟာ ချင်းလူမျိုးတွေကို စစ်ကောင်စီက ရည်ရွက်ချက်ရှိရှိ ကန့်သတ်ပိတ်ပင်နေတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန် က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာရာဇဝတ်မှုနဲ့ဆိုင်တယ်လို့လည်း သူကပြောပါတယ်။ https://www.rfa.org/burmese/progra m_2/restricted-food-transportation-05112023044801.html

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။