• Today is: Friday, May 17, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 40, May 19, 2023)

၁။   ဘောလခဲမြို့နယ်၊ စောလုံကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ
      May 18, 2023

ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံကျေးရွာကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ် သား ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ (၁၇.၅.၂၀၂၃) ရက်နေ့ ၊ မနက် ၄ နာရီ ဝန်းကျင်ခန့်အချိန်ခန့် ဘောလခဲမြို့နယ်၊ စောလုံကျေးရွာထဲကို စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာပါ။ အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၁၇ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ သက် ကြီးပိုင်း အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ‌ကျေးရွာဆေးပေးခန်း အဆောက် အဦး ၂ လုံး၊ လူနေအိမ် ၆ လုံး ပျက်ဆီးခဲ့ကာ၊ ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ထိခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“လေယာဉ်နဲ့ လာကြဲသွားတာ ၂ ကြိမ်ပါ၊ ရွာကလည်း အိမ်ခြေ (၃၀)လောက်ဘဲရှိတယ်၊ အဲဒီအနီးနားရွာတွေမှာလည်း တိုက်ပွဲမရှိပါဘူး၊ အခြေအနေ ဘာမှထူးခြားမှုမရှိပဲ၊ ဒီလိုဖြစ်သွားတာဗျ၊ ထိခိုက်ဒဏ်ရာရတဲ့ ၄ ယောက်က‌တော့  မစိုးရိမ်းသေး ဘူး” လို့ ဘောလခဲ ပြည်သူ့ ကာ ကွယ်ရေးတပ်က တာဝန်ရှိသူတွေက ပြောပါတယ်။  ဒါ့အပြင် လေကြောင်းဗုံး ထိခိုက်မှုကြောင့် အိမ်မွေး၊ ကျွဲနှင့် နွား ၁၀ ကောင်ခန့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။  ဘောလခဲခရိုင်အတွင်း လူ‌နေကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက ပစ်မှတ်ထား လေယာဉ်ဗုံးကြဲ တိုက်ခိုက်တာဟာ (၃)ကြိမ် အထိရှိလာခဲ့တာဖြစ်ပြီး ပြည်သူများ အနေဖြင့် လေကြောင်းရန် ကာကွယ်မှုကို အသိသတိတို့ဖြင့် ဂရုတစိုက် ပြင်ဆင်ထားကြဖို့ကိုလည်း ဘောလခဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ https://www.face book.com/photo/?fbid=717545680376030&set=pcb .717547290375869

၂။    လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် နန့်ယာကျေးရွာသားများ ပြန်လွတ်
       May 19, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့် – မြစ်ကြီးနားလမ်းမပေါ်မှာရှိတဲ့ နန့်ယာကျေးရွာက ရွာသားတွေကို စစ်ကောင်စီ စစ်ကြောင်းက လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင် ပေါ်တာအဖြစ် အဓမ္မခိုင်းစေပြီးနောက်  မေလ ၁၈ ရက် ညနေ ပိုင်းမှာ အားလုံးပြန်လည်လွတ်မြောက်လာပြီး နေအိမ်တွေကို ပြန်လည်ရောက်ရှိလာပါတယ်။ နန့်ယာကျေးရွာက ဒေသခံတစ်ဦး က “လွတ်တာတော့ အားလုံးပြန်လွတ်လာပြီး။ မနက်ပိုင်းက အမျိုးသမီးနဲ့ ကလေးငယ်ပါတာတွေ လွတ်လာတယ်။ ညနေပိုင်း လောက်တော့ အမျိုးသားတွေကော ပြန်လွတ်လာတယ်။ အားလုံးပြန်ရောက်လာကြပြီ၊ သူတို့(စကစ) ကားတွေ ပြန်စီစဉ်ပေးပြီး ပြန်ခိုင်းလိုက်တာတဲ့”လို့ ပြောပါတယ်။ မေလ ၁၇ ရက် မနက်အစောပိုင်းက ကားမိုင်းမြို့ကို စစ်ကြောင်းနဲ့ သွားတဲ့အချိန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူအားလုံး အယောက် ၂၀ မှာ နန့်ယာကျေးရွာက ၁၆ ယောက်နဲ့ အသက် ၃ နှစ်နဲ့ ၄ နှစ် အရွယ်ကလေးငယ်နှစ်ယောက်ပါဝင်ပြီး ကျန်တဲ့ ၄ ယောက်ကတော့ ကားမိုင်းမရောက်ခင် ရေကာတာက ပြည်သူ တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကားမိုင်းကိုပြန်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှာကိုစိုးရိမ် တာကြောင့် ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ပေါ်တာအနေနဲ့လည်း ဖမ်းသွားတာလို့ နန့်ယာကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ “ပေါ်တာအထမ်းခေါ်သလိုပေါ့ အမျိုးသားတွေကိုတော့ သူတို့မှာပါတဲ့ ခြင်းတောင်းတွေ ထမ်း ခိုင်းတာတဲ့။ လမ်းတလျှောက်လုံး ထမ်းခိုင်တယ်လို့ ပြောတယ်၊ အမျိုးသမီးတွေကိုတော့ ဒီအတိုင်း ခေါ်သွားကြတာ၊ အမျိုးသမီး တွေကိုတော့ လမ်းမှာ တိုက်ခိုက်တာမခံရအောင် ဒိုင်းကာအနေနဲ့ခေါ်တာပေါ့၊ အမျိုးသမီးတွေကိုတော့ မထမ်းခိုင်းဘူးလို့ပြော တယ်”လို့ ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်သားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထမ်းသယ်ခိုင်း ပေမဲ့ လုပ်အားခအနေနဲ့ ငွေကြေးပေးဆောင်တာ မရှိဘူးလို့သိရပါတယ်။ နန့်ယာကျေးရွာက ပြည်သူတွေကို စစ်ကောင်စီ စစ်ကြောင်းတွေက လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ကားမိုင်းကို သွားတဲ့အချိန် ပြည်သူ ၁၅ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။ https://burmese.dvb.no/archives/ 594295

၃။   ကေအန်ယူနယ်မြေတွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသဖြင့် ရွာသား ၈၀၀ ခန့်       ထွက်ပြေးနေ
     May 19, 2023

ကေအန်ယူနယ်မြေအတွင်း စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်မှုတွေကြောင့် ဒေသခံ ၈၀၀ လောက် ကြောက်လန့်ပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူ ဗဟိုက ထုတ် ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၆ ရက်က ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင် တပ်မဟာ-၃၊ မူးမြို့နယ်ထဲက တမာခေါကျေးရွာနဲ့ တောင်စု (အနောက်) ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၂ ယောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ တာလို့ ဆိုပါတယ်။ အဆိုပါ ပြည်သူ ၂ ယောက်ကတော့ အသက် ၄၀ အရွယ် တမာခေါရွာသား စောပူးလူနဲ့ အသက် ၇၀ အရွယ် တောင်စု (အနောက်) ရွာသား စောဝါးထူး တို့ဖြစ်ကြပြီး မေ ၁၇ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ ဆိုပါတယ်။ လတ်တ လောမှာတော့ ဒေသခံပြည်သူတွေ ကြောက်လန့်ကာ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ ကျေးရွာ ၂ ရွာပေါင်း လူဦးရေ ၇၉၀ အထိ ရှိလာနေပြီလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ကေအန်ယူနယ်မြေထဲမှာတော့ အခု ၂၀၂၃ ခုနှစ်၊ ပထမ ၄ လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ စစ်ကောင်စီတပ် တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) တို့ကြား တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နောက်ဆုံးထုတ်ပြန်ထားပါတယ်။ https://b urmese.dvb.no/archives/594263

၄။    မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများ ပြန်လည်ထူထောင်ရန်အတွက် NUG, MNDAA နှင့် KIO တို့မှ AA အား         လှူဒါန်းထောက်ပံ့
       May 18, 2023

ရခိုင်ပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်နိုင်ရန်အတွက် NUG, MNDAA နှင့် KIO တို့မှ AA အား လှူဒါန်းထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ မေ ၁၄ ရက် တွင် အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားပြီး မုန်တိုင်းနောက်ဆက်တွဲ အရေး ပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် လူသားချင်းစာနာထောက်ထားမှုဖြင့် KIO မှ ကျပ်သိန်းသုံးထောင်၊ MNDAA မှ ကျပ်သိန်းတစ်ထောင်၊ NUG မှ ကျပ်သိန်းတစ်ထောင်အား AA သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းဒဏ်ကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခု့ကဲ့သို့ ပံ့ပိုးကူညီမှုများအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကျေးဇူးတင်ကြောင်း AA က ထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ခုတွင် သေဆုံးသူ စုစုပေါင်း ၄၅၅ ဦးအထိရှိလာပြီး၊ အဆိုပါ သေဆုံးသူများတွင် ရခိုင်ပြည်နယ်မှ ၄၃၁ ဦး(အသေးစိတ်စာရင်းများ အတည်ပြုဆဲ)၊ စစ်ကိုင်းတိုင်းတွင် ၄ ဦး၊ မကွေးတိုင်းတွင် ၁၅ ဦး၊ ရန်ကုန်တိုင်းတွင် တစ်ဦး၊ ဧရာ၀တီတိုင်းတွင် တစ်ဦး၊ မန္တလေးတိုင်းတွင် တစ်ဦးနှင့် ရှမ်းပြည် နယ်တွင် ၂ ဦးသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ ထို့ပြင် မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် နေအိမ် ၄၉ လုံးပျက်စီးပြီး၊ လယ်ဧက ၄၂၃၀၀ ပျက်စီးခဲ့ကြောင်း၊ မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် နေအိမ် ၉၁ လုံးပျက်စီးပြီး လယ်၂၁၇ ဧက ပျက်စီးခဲ့ကြောင်း၊ ချင်းပြည် နယ်၊ မြို့နယ် ၈ မြို့နယ်တွင် နေအိမ် ၁၄၂၈ လုံးပျက်စီးခဲ့ကြောင်းလည်း သိရသည်။ https://www.facebook.com/ photo/?fbid=218301387628905&set=pcb.2183036 67628677

၅။     ဘီလင်းမြို့နယ်၊ရွှေအင်ဒုံရွာကိုလက်နက်ကြီးကျ၊ကလေးငယ်တစ်ဦးဒဏ်ရာရ
        May 18, 2023

မွန်ပြည်နယ်၊ဘီလင်းမြို့နယ်၊ရွှေအင်ဒုံရွာထဲကို ယနေ့နေ့လည်ပိုင်းက လက်နက်ကြီးကျခဲ့တာကြောင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ (မေလ ၁၈ ရက်နေ့ )နေ့လည် ၁၂ နာရီခန့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးဟာ ရွှေအင်ဒုံကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့သိရပါတယ်။ လက်နက်ကြီးထိမှန်တဲ့ကလေးငယ်ဟာ အသက် ၁၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လတ်တလောမှာ ဘီလင်းဆေးရုံမှာ ဆေး ကုသမှုခံယူနေတယ်လို့သိရပါတယ်။ “ဒီ​နေ့ ၁၂ နာရီ​လောက်မာ ရွေအင်ဒုံရွာထဲမှာ လက်နက်ကြီး ၃လုံး ကျသံ ကြားတယ်။ ဘယ် က ပစ်လဲ​တော့ အတိကျမသိဘူး။ အခုတော့ငြိမ်နေတယ် “လို့ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။ ကျိုက်ထိုတော်လှန်ရေး အင်အားစု-KRF ရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ နံနက်ပိုင်း ၇ နာရီ ဝန်းကျင်အချိန် ဘီးလင်းမြို့နယ် မဲလံဘက်မှ ဆင်းလာတဲ့ စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ ပူးပေါင်းအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးထားပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့ မေလ ၁၅ နှင့် ၁၆ ရက် ၂ ရက်တာအတွင်းမှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တွေအကြာ ဘီးလင်း မြို့နယ် အစူးချောင်းကျေးရွာအနီးမှာ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု တွေရှိနေခဲ့ပါတယ်။ မွန်ပြည်နယ်၊ဘီလင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေဟာ မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေကို မကြာခဏပြုလုပ်နေတာကြောင့် ကလေးငယ်အများစု ထိမှန်ဒဏ်ရာရရှိနေကြတာ လည်းဖြစ်ပါတယ်။ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတက်တဲ့ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်ဟာ ကလေးငယ်တွေဖြစ် တယ်လို့ ယခုနှစ်ဧပြီလမှာပဲထုတ်ပြန်ထားပါတယ်။ https://www.facebook.com/lagone ainbulletinmon/photos/a.1 07682038109836/547806437430725/

၆။    လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီး ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ လေကြောင်း၊ ကြည်းကြောင်းနဲ့                 အပြင်းအထန် ထိုးစစ်ဆင်
      May 18, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ၂၀၂၃ခုနှစ်၊ မတ်လ ၉ ရက်နေ့ ကနေစတင်ပြီး လွိုင်ကော်မြို့နယ် နဲ့ ဘောလခဲမြို့နယ် တို့ကနေ နှစ်ဖက်ညှပ် စစ်ကြောင်းထိုး နေတာ နှစ်လကျော် ရှိလာနေပြီဖြစ်ပါတယ်။ စစ်ကောင်စီအတွက် အဓိကျတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်းနဲ့ အပြင်းထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပိုပြင်းထန်လာဖို့ပဲရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူ ကပြောပါတယ်။ “တကယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း သူတို့(စစ်ကောင်စီ) နေရာရသွားမယ်ဆိုလို့ရှိရင်တော့ သေချာ တယ် ဒီးမော့ဆို အရှေ့ခြမ်းမှာက ဘောလခဲနဲ့ တိုက်ရိုက်ချိတ်တယ်။ ဖရူဆိုနဲ့ တိုက် ရိုက်သွားလို့ရတယ်။ ရှားတောကို တိုက်ရိုက် သွားလို့ရတယ်။ ဆိုတော့ သူတို့တွေကလည်း အဓိကလမ်းကြောင်းတွေကို အင်အားအလုံးအရင်းတွေ ဆက်ပြီးတော့မှ ထိုးမယ်‌ ပေါ့နော။ ထိုးလည်းထိုးနေတယ်။ တိုက်ပွဲတွေက ဒီထက်ပိုပြီးမှ ပြင်းထန်မယ်။ ကျနော်တို့တွေက အခြားရွေးချယ်စရာတွေ မရှိဘူး။ ခုခံစစ်နဲ့ တန်ပြန်တိုက်စစ်ဆင်နွှဲ ဖို့ကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ကျနော်တို့ ဒီထက်ပိုပြီးတော့မှ တိုက်ပွဲ ပြင်းထန်ဖို့ဘဲ ရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောကြားလိုတယ်။ “ လို့ ခူးရီးဒူက ပြောပါတယ်။ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးဟာ လွိုင်ကော်မြို့နယ်ကနေ ဒီးမော့ဆို -ဘောလခဲ-ဖားဆောင်းမြို့နယ်တွေဆီ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ တွေ ဖြည့်တင်းဖို့ အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ စစ်ကောင်စီစတင် စစ်ကြောင်းထိုးစဉ်ကနေ ဒီကနေ့အထိ နေ့စဉ်နီးပါးဆို သလို KNDF၊ KA၊ PDF ပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေတာပါ။

လွိုင်ကော်မြို့ နဲ့ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်မှ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလားလဲကျေးရွာ၊ ကန်ခုနစ်ဆင့် ဖက်၊ ဒေါတငူးကျေးရွာတောင်ကြောပေါ်တွေအထိ စစ်ကောင်စီတပ် ခလရ (၂၈၇) နဲ့ ခမရ (၅၁၃၊ ၅၁၇) တပ်ရင်း ၃ရင်း ထိုးစစ်ဆင်နေ တယ်လို့ KNDF  စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တို့ တနီးလားလဲ ကျေးရွာအနီး တောင်ပေါ်တွေမှာ တိုက်ပွဲပြန်လည်ပြင်းထန်နေပါတယ်။ မေလ ၁၅ရက်၊ ၁၆ရက်၊ ၁၇ ရက်နေ့ ထိတွေ့တိုက်ပွဲ တွေမှာ စစ်ကောင်စီဖက် လေကြောင်းသုံးတိုက်ခိုက်တာတွေ ရှိနေပြီး လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် တချို့ ပျက်စီးသွားတာလည်း ရှိနေပါတယ်။ “ ဟိုး(၁၆)ရက်နေ့ညအထိတော့ ကျနော်တို့ဖက်က ရဲဘော်တစ်ယောက်၊ နောက် KNDF ဖက်က တစ်ယောက် ကျတယ်။ နောက်ဒဏ်ရာ အားလုံးပေါင်းက လေး၊ ငါး၊ ခြောက်ယောက်လောက်ရတယ်။ “ လို့ ကရင်နီပြည် အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။  ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်လကျော် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေမှာ စစ်ကောင်စီဖက် လေကြောင်း အသုံးပြုတိုက်ခိုက်မှုတွေ ကြောင့် လူနေအိမ်၊ ဆေးရုံ ထိခိုက်ပျက်စီးခဲ့ပါတယ်။   “ ရိက္ခာဖြည့်တာ ၊ လက်နက်ဖြည့်တာ၊ လူအင်အားဖြည့်တင်းတာကတော့ ကျနော်ထင်တယ် သူတို့ ဧပြီလ နောက်ဆုံးပတ်မှာ လုပ်လိုက်တယ်။  တောက်လျောက် ရဟတ်ယာဉ်တွေ သွားလာလုပ်တာက တော့ ကျနော်ထင်တယ် သူတို့ ဝန်ထမ်းတချို့ကို လွိုင်ကော်တို့ ဘာတို့နဲ့ အဲလိုမျိုးပေါ့ အသွားပြန် ကြိုပို့တာ ဖြစ်ကောင်း ဖြစ် နိုင်သလို တခြားရိက္ခာပို့တာတွေ နောက် ခဲယမ်းပို့တာမျိုးတွေ လူအင်အားဖြည့်တာမျိုးတွေလည်း ဖြစ်နိုင်တယ်။ “ လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ www.kantarawaddytimes.org

၇။    စစ်တပ်က ကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုး လက်နက်ဝယ်ခဲ့တယ်လို့ ကုလအစီရင်ခံစာဖော်ပြ
       May 18, 2023

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူတင်သွင်းခဲ့တယ်လို့ မေလ ၁၇ ရက်နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင် ခံစာ မှာ ဖော်ပြထားပြီး ရုရှားနိုင်ငံ နဲ့ တရုတ် နိုင်ငံကနေ အများဆုံးဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ရုရှားကနေ အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုးဝယ်ယူခဲ့တာဖြစ်ပြီး အများဆုံး ဝယ်ယူခဲ့တာ ဖြစ်ပါပြီး SU 30 အပါအဝင် တိုက်လေယာဉ်တွေ အများစုဝယ်ယူခဲ့တာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုး နဲ့ စင်ကာပူကနေ ဒေါ်လာ ၂၅၄ သန်းဖိုး ဝယ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပြီး တိုက်လေယာဉ်တွေ နဲ့ လေယာဉ်အပိုပစ္စည်းတွေ အဓိက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းဖိုး နဲ့ ထိုင်းကနေ ဒေါ်လာ ၂၈ သန်းဖိုး ဝယ်ယူတင်သွင်းခဲ့တယ်လို့ အစီရင်ခံစာ မှာ ထည့်သွင်းထားပါတယ်။ ကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုးရှိတဲ့ အရောင်းအဝယ်မှာ ၉၄ ရာခိုင်နှုန်းအထိ စစ်တပ်က တိုက် ရိုက်ဝယ်ခဲ့တာဖြစ်ပြီး ၆ ရာခိုင်နှုန်းကိုပဲ မြန်မာအခြေစိုက်ကုမ္ပဏီတွေက တစ်ဆင့် ဝယ်ခဲ့တဲ့အကြောင်း အစီရင်ခံ စာမှာဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး Tom Andrews က ဒီအစီရင် ခံစာကို ‘သေမင်းတမန် ကုန်သွယ်မှု’ လို့ အမည်ပေးထားပြီး လူရာချီသေဆုံးခဲ့တဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုကိုပါ ဖော်ပြ ထားပါတယ်။ https://www.bbc.com/burmese/articles/c3gj2wl wn4ro

၈။    စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့
       May 18, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ -၁ ထိန်းချုပ်နယ်မြေ) သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ကျေးရွာအုပ်စုအတွင်းရှိ အရပ်သားများ နေထိုင်သည့် နေရာများသို့ ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် နှစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ထိုနေ့ စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးရှစ်လုံးအနက် တစ်လုံးသည် ပိန္နဲတောကျေး ရွာအုပ်စု၊ သာသနာ ကုန်းရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်အနီးကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၅)နှစ်အရွယ် အမျိုး သားတစ်ဦးကျည်စထိမှန် သေဆုံး၍ အသက်(၅)နှစ်အရွယ် ကလေး ငယ်တစ်ဦးနှင့်အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်က ပြောသည်။ ၎င်းအပြင် လက်နက်ကြီးတစ်လုံးမှာ ပိန္နဲတောအထက်ရွာသို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံအမျိုး သားတစ်ဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့သလို ကျန်ရှိလက်နက် ကြီးများမှာလည်း အလယ်ရွာ၊ ဝမ်းဘဲအင်းရွာနှင့် ထီးညာလူရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ထိခိုက်ပျက်စီးမှုများ လည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုများကြောင့် လူထိခိုက်သေဆုံးမှုများရှိလာသဖြင့် ကျေးရွာနေ ဒေသခံ များ လုံခြုံမှုကင်းမဲ့၍ အသက်အန္တရာယ်စိုးရိမ်ကြောက်လန့်မှုရှိနေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “လက်နက်ကြီး တွေပစ်ခတ်နေတော့ နေထိုင်သွားလာပြီးအလုပ်လုပ်ကိုင်ရတာလုံခြုံမှုမရှိတော့ဘူး။ တချို့အိမ်ထောင်စုတွေဆိုရင်လည်း အိုးအိမ် စွန့်ခွာပြီး ဘေးလွတ်ရာဆွေမျိုးတွေ ဆီသွားနေကြတယ်။” ဟု ၎င်းက ပြောသည်။ ပိန္နဲတောရွာစစ်ကောင်စီတပ်စခန်းအား ပြီးခဲ့ သည့် မေလ(၁၄)ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များ ဒရုန်းဖြင့် နှစ်ကြိမ်တိတိ သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးသေဆုံး၍ (၅)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နောက် စစ်ကောင်စီ ဘက်က ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။ ၎င်းက “တချို့ရွာသားတွေကတော့ လွတ်တဲ့နေရာသွားနေကြတယ်။ ရွာထဲကျန်နေသူတွေကလည်း လွတ်လွတ် လပ်လပ်အလုပ်လုပ်ကိုင်ရတာမျိုးမဟုတ်တော့ စီးပွားရေးကြပ်တည်းပြီး စားဝတ်နေ ရေးခက်ခဲလာတယ်။ ထွက်ပြေးတိမ်းရှောင် ရတဲ့အရေအတွက် တိတိကျကျတော့ ကျနော်တို့ ကောက်ခံနေဆဲပါ။”ဟု ပြောသည်။ https://kicnews.org/2023/05/%e1 %80%85%e1%80%85% e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၉။    စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်လို့ ဖားကန့်ဒေသခံသုံးဦး ဒဏ်ရာရ
       May 18, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တဲ့အတွက် အမျိုးသား သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။ ဖားကန့် ဒေသခံ လူငယ် သုံးယောက်တို့ဟာ ဖားပြင်ရွာ ဆိုင်ဘုတ်နားမှာ ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန် လက်နက် ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ “မနေ့က မနက်ပိုင်း ၄ နာရီလောက်မှာ ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသား လူငယ် သုံးယောက် သွားနေတဲ့အချိန် ဆန်းကြွယ် စေတီကုန်းက (စစ်ကောင်စီတပ်ထိုင်တဲ့ နေရာ) လက်နက်ကြီးပစ်တာ သူတို့ နားမှာထိလို့ ဒဏ်ရာရတာ။ နှစ်ယောက်က ဒဏ်ရာပြင်းထန်လို့ မြစ်ကြီးနားကို ပို့ထားတယ်။ တစ်ယောက်ကတော့ ဖားကန့် ဆေးရုံမှာပဲ” သူတို့ဟာ ကျောက်စိမ်း ရေမဆေးကောက်တဲ့ အမျိုးသားလူငယ်တွေဖြစ်ပြီး သူတို့ သုံးဦးထဲက တစ်ယောက်က ဆီးခုံအစပ်မှာ ဒဏ်ရာရှိတာဖြစ်ပြီး နှစ်ယောက်က ခြေထောက်တွေမှာ ဒဏ်ရာရရှိတာ ဖြစ်တယ် လို့ ပြောပါတယ်။

မေ ၁၄ ရက်၊ ၁၅ ရက် နဲ့ ၁၆ ရက်တွေမှာလည်း ဖားကန့်မြို့ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို နန့်တိန်းကျေးရွာနားမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နန့်တိန်း ကျေးရွာနဲ့ နန်းယားကျေးရွာ တောဘက်မှာ တိုက်ခိုက်ခံရတဲ့ အခု စစ်ကောင်စီ စစ်ကြောင်းက နန့်ယားကျေးရွာနဲ့ ခင်တောင် ကျေးရွာက ကလေး၊ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၀ ကျော်ကို မနေ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားတယ် လို့ နန့်ယားဒေသခံတစ်ဦးက ပြောပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းဖရာရွာက ဒေသခံ ၈၀ ကျော်ကို စစ်ကောင်စီတပ်က ကားနဲ့ ဖမ်းခေါ်သွားပြီး အဲဒီကား တိုက်ခိုက်ခံရတာကြောင့် အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီနှစ်ဆန်းပိုင်းကနေ မေလ ၃ ရက်နေ့အထိ ဖားကန့်မှာ ပစ်သတ်ခံရတဲ့သူ အယောက် ၂၀ ကျော်ရှိပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူး တစ်ဦး၊ KIA တပ်ဖွဲ့ဝင်နှစ်ဦး ပါဝင်ပြီး ကျန်တဲ့သူတွေက တော့ အရပ်သားတွေဖြစ်ပါတယ်။ https://www.rfa.org/burmese /news/phakant-weapon-injured-05182023060611.ht

၁၀။    မိုးဗြဲမြို့အတွင်း လက်နက်ကြီးကျ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
         May 19, 2023

သျှမ်းပြည် မိုးဗြဲမြို့ ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့သည့် အတွက်ကြောင့် ဒေသခံ အမျိုး သားတစ်ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၁၈) မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ကုန်းသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။ “လက်နက်ကြီးတစ်လုံးပဲကျတာပါ။ သူ့ ခြံဝန်းထဲကျတာ။ သူက အိမ်ထဲမှာ အိပ်နေတာ။ မိုင်းစထိသွားတာပါ။ သူ့ခါးတွေ ၊ လက်တွေ၊ ခြေထောက်တွေ ထိသွားတာပါ။ အသက် အန္တရာယ်အထိတော့ မစိုးရိမ်ရပါဘူး” ဟု ရွှေလွိုင်ကော် ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်ကြီး စ ထိမှန်သွားသည့် အမျိုးသားသည် အသက် ၄၀ အရွယ်ရှိနေပြီး၊ ထိုလက်နက်ကြီး ကျသည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်း သိရသည်။ “ တိုက်ပွဲမဖြစ်တာတော့ ၁ ပတ်ကျော် လောက်ကြာနေပြီ။ စစ်ကောင်စီကတော့ လက်နက်ကြီးတွေကို ရမ်းပစ်နေတာတော့ရှိတယ်။ အခုထိသွားတဲ့တစ်ယောက်က ဒီ ၂၀၂၃ ခုနှစ်မှာဆိုရင် ပထမဆုံးလူဖြစ်တယ်။ တိုက်ပွဲဖြစ်တာကတော့ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ် အစပ်တွေမှာပဲ ဖြစ်တာ များတယ်” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။ သျှမ်းပြည် နှင့် ကရင်နီ ‌ဒေသအတွင်း ၂၀၂၃ ခုနှစ်တွင် လက်နက်ကြီးထိ မှန်ပြီး သေဆုံးသွားသူ ၁၂ ဦးရှိခဲ့ပြီး ဖြစ်ကြောင်း ကရင်နီ‌ဒေသတွင်း လှုပ်ရှားသည့် အရပ်သားအဖွဲ့များထံမှ သိရှိရသည်။ https:/ /burmese.shannews.org/archives/34842

၁၁။    မတူပီမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်တွေ ပြန်ပြင်ဖို့ ခက်နေ
         May 18, 2023

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့‌ နေအိမ်တွေကို ပြန်ပြင်ဖို့အတွက် အကူ အညီ တစ်စုံတစ်ရာမှ မရရှိသေးသလို စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ပင်ထားတာကြောင့် အိမ်ပြန်လည် ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေပါ ဝယ်ယူလို့ မရဘူးလို့ မတူပီ ဒေသခံတွေက ပြောပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်တွေ အတွက် အမိုးအကာတွေ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး မတူပီမြို့ထဲ ဝင်လို့မရဘူး ဖြစ်နေတယ်လို့ မတူပီ ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ အိမ်သွပ်ပြားတွေ တော်တော်များများ ပါသွားတယ်။ အဲဒီ သွပ်ပြားတွေကို မြို့ပေါ်မှာ ဝယ်မှရတာ အခု မြို့ပေါ်က အဝင်အထွက် ပိတ်ထားတော့ အဆင်မပြေဘူး။ ဘာမှ ဝယ်လို့မရတာ” မတ်လ ၁၄ ရက်နေ့က ချင်းပြည်နယ်မှာ တစ်နာရီ မိုင် ၅၀ မှ ၇၀ အထိ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ နေအိမ် ၈၈၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) က ထုတ်ပြန် ထားပါတယ်။

ချင်းပြည်နယ်မှာ မုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ အိမ်ခြေ ၈၈၇၊ မင်းတပ်မြို့နယ်မှာ ၃၆၄၊ ပလက်ဝမြို့နယ်မှာ ၂၂၀၊ ကန်ပက်လက်မြို့နယ်မှာ ၁၁၂၊ ဟားခါးမြို့နယ်မှာ ၈၅၊ ဖလမ်းမြို့နယ်မှာ ၇၄၊ ထန်တလန်မြို့နယ်မှာ ၂၇၊ တီးတိန် မြို့နယ်မှာ ၅ လုံး စုစုပေါင်း နေအိမ် ၁၇၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ICNCC က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည် ပြုပြင်ဖို့ အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာနဲ့ တာလပတ်တွေ၊ စပါးကျီ ပျက်စီး သွားတဲ့ဒေသတွေ အတွက် ဆန်ရိက္ခာ၊ အခြေခံ စားသောက်ကုန်နဲ့ အခြေခံ အိမ်သုံးဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်၊ တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါး မြို့နယ် တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။ https://www.rfa.org/ burmese/news/matupi-mocha-demage-05182023064310.html

၁၂။    ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံနေအိမ်နဲ့ ဆန်စပါးပျက်စီးမှုရှိ
        May 17, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာတွေမှာ ယခု မေလဒုတိယအပတ်အတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့နဲ့ သိုလှောင်ထားတဲ့ ဆန်စပါးလည်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကေးလျားကျေးရွာမှာ စစ်ဘေးရှောင် လူဦးရေ ၇၀၀ ကျော်နေထိုင်တာဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တချို့ အမိုးလှန်ပြီး ပျက်စီးသွားတဲ့ထဲ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အိမ်က ခေါင်မိုးလှန်ပြီး ပျက်စီးတယ်။ တစ်ရွာလုံး အတိုင်းအတာနဲ့ စစ်ရှောင်အပါအဝင် ပြောရရင် ၄၀ ရာခိုင်နှုန်းအထိ ပျက်စီးတာပေါ့။ စပါးက ရေစိုတော့ အထားမခံတော့ဘူးပေါ့ ပျက်ကုန်တယ်။ တစ်ချို့အိမ်ဆို ပြန်ပြင်ထားပြီ သစ်ပင်တွေ ဝါးတွေလည်း အအုံ လိုက်လှဲတာရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ နေအိမ်တွေကို ပြန်လည်ပြုပြင်တာလုပ်ဆောင်နေပေမယ့် အမိုးအကာလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ဘေးရှောင်ဟာတွေက ပိုဆိုးတယ်၊ တဲတွေနဲ့ပဲ ဆောက်ထားတော့ ဆိုးတယ်၊ မုန်တိုင်းရဲ့ ဒဏ်မခံနိုင်ဘူးလေး” ဒေသခံတစ်ဦးက ပြောပါတယ်။ ကေးလျားကျေးရွာအတွင်း ဒေသခံနေအိမ် ၃ လုံး၊ စစ်ရှောင်တဲအိမ် (၁၀)လုံးကျော် နဲ့ ဒေသခံ တွေ သိုလှောင်ထားတဲ့ စပါးတွေပျက်စီးခဲ့သလို စာသင်ကျောင်းတစ်ကျောင်းလည်း အမိုးလှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%96%e1%80%9b% e1%80%b0%e1%80%86%e1%80%ad%e1%80

၁၃။   စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂ စီးနဲ့ မြဝတီမြို့ တောင်ဘက်ခြမ်းမှာ ဗုံးကြဲတိုက်ခိုက်
       May 18, 2023

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်းရှိ ကျောက်မိုင်းဒေသမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂ စီးနဲ့ ၃ ကြိမ် ဗုံး ကြဲခဲ့တယ်လို့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။ ကရင်တပ်မတော် (KNU/KNLA)ရဲ့ တပ်မဟာ ၆ နယ်မြေကို မေလ ၁၇ ရက် မနက် ၃ နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်တဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့​ ဆိုပါတယ်။ ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “ဗုံး လာကြဲတာတော့ ဟုတ်တယ်။ လူထိခိုက်တာ ရှိလားတော့ မသိရသေး ဘူး။ ဒီမှာတော့ နေ့တိုင်းပါပဲ လက်နက်ကြီး ထုနေတာ။ မြဝတီရဲ့ တောင်ဘက်ခြမ်းတစ်ခြမ်းလုံးပါဘဲ။ သူတို့ပစ်မှတ်ကတော့ ရွာသားတွေ ရှိတဲ့နေရာဘဲ ပိုများတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကနေ ၁၅ ရက်အထိ ကျောက်မိုင်းနဲ့ လက်ခတ်တောင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings, Golden Eagle စတဲ့ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၁ ဦး သေဆုံးပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့​တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ https://www.faceb ok.com/photo?fbid=56829143 2144792&set=a.404503215190282

၁၄။    စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၉၃၀၀ ကျော်ဖြစ်ပွား
        May 18, 2023

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း အကြိမ်ရေ ၉,၃၀၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းက ကရင်ပြည် နယ်တွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအကြိမ်ပေါင်း ၅,၀၀၀ ကျော်ဖြစ်ပွားခဲ့ကာ ဒုတိယအများဆုံးကတော့ စစ်ကိုင်း တိုင်း အတွင်းမှာဖြစ်ပြီး အကြိမ်ရေပေါင်း ၁,၁၅၉ ကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ ချင်းပြည် နယ် မှာ (၆၃၄) ကြိမ်၊ ကယားပြည်နယ်မှာ (၄၁၃) ကြိမ်၊ ရှမ်းပြည်နယ်မှာ (၃၇၆) ကြိမ်၊ မွန်ပြည်နယ်မှာ (၃၁၅) ကြိမ်၊ ကချင်ပြည် နယ်မှာ (၂၇၃) ကြိမ်၊ ပဲခူးတိုင်းမှာ (၂၆၆) ကြိမ်၊ တနင်္သာရီတိုင်းမှာ (၂၀၅) ကြိမ်၊ မန္တလေးတိုင်းမှာ (၁၀၆) ကြိမ်၊ ရခိုင်ပြည်နယ် (၅၅) ကြိမ်၊ ရန်ကုန်တိုင်းမှာ (၃၂) ကြိမ်နဲ့ ဧရာဝတီတိုင်းမှာ (၁၂) ကြိမ်ရှိခဲ့ပြီး မြေပြင်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကတော့ ဒီထက်ပို များနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအမျိုးအစားတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲ တွေအပါအဝင် စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တိုက်ပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်/ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေပါဝင်တယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းမှုအလွန်မှာ တစ်နိုင်ငံလုံးမြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၀၅ မြို့နယ် ထက်မနည်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအရေအတွက်စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကျော်ကတော့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင်းဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ အခုနှစ် ပထမ ၄ လပတ်အတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၁,၄၀၇ ထက်မနည်းဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားရာမြို့နယ်တွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၄၄၂ ကြိမ် ထက်မနည်းပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှု ၆၉၃ ဦးထက်မနည်းရှိခဲ့တယ် လို့ထုတ်ပြန်ချက်အရ သိရပါတယ်။ https://www.facebo ok.com/MeKongNewsMM/photos/a.373965523263391/12282 09437838991/

၁၅။    သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင် အရပ်သား ၂ ဦး ပစ်ခတ်ခံရ၊ ၁ ဦးသေဆုံး
        May 19, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက အရပ်သားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၈ ရက် နံနက် ၈နာရီအချိန်ခန့်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုသည် အနင်းကျေးရွာ လမ်း မအတိုင်းဝင်လာပြီးနောက် ဆိုင်ကယ်စီးနင်းလာသည့် အနင်းရွာသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အသက် ၂၈ နှစ် အရွယ် ကိုမိုးဇော်ဦး သည် ဦးခေါင်းတွင် ကျည်ထိမှန်ကာ နေရာတွင် သေဆုံးခဲ့ပြီး ကိုထိုက်စိုး (ခ) နိုင်အဒစ်သည် ပေါင်တွင် ကျည် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “သူတို့(လက်နက်ကိုင်လူတစ်စု) မနေ့ မနက် ၈ နာရီလောက် ရွာထဲဝင်လာတယ်။ ၁၂ ယောက် ၁၃ ယောက်လောက်ရှိမယ်။ အားလုံးလက်နက်တွေပါတယ် အရပ်ဝတ်တွေနဲ့ပဲ။ ကျောပိုးအိတ်တွေလည်း ပါတယ်။ ရွာလယ် လမ်းအတိုင်း လမ်းလျှောက်ဝင်လာပြီး ၁၀ မိနစ်လောက်ကြာတော့ လက်နက်ငယ်သံ နှစ်ချက်ကြားတယ်။ ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက်ပစ်ခံထိပြီး တစ်ယောက်သေတယ်။ အနောက်က တစ်ယောက်ဆိုင်ကယ်ကနေ ကျတော့ ကျန်တဲ့တစ်ယောက်က ထွက်ပြေးတာ ပေါင်မှာထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် အနင်းရွာ နယ်မြေရဲစခန်းမှ လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ကိုင်လူတစ်စု သည် အနင်းရွာထဲမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။ “သူတို့ဝင်လာတဲ့အချိန်ကနေ ထွက်သွားတဲ့အချိန်ထိဆို တစ်နာရီ လောက် ကြာတယ်။ အဲ့ဒါပြီးပြီးချင်း အလောင်းကို ဘယ်သူမှ မကောက်ရဲကြဘူး” ဟု ဒေသခံက ပြောသည်။ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကိုမူ မသိရသေးပေ။ “အရပ်၀တ်ဆိုရင်တော့ သေချာ စဉ်းစားဖို့ တော့ လိုပြီး။ စစ်ကောင်စီတပ်ဖွဲ့လား ကျနော်တို့ လားပေါ့။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်။ ကျနော်တို့ဘက်ကပဲဖြစ်ဖြစ် ဟိုဘက် (စစ် ကောင်စီ)ကပဲဖြစ်ဖြစ်။ ပြည်သူလူထုကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်ကို လုပ်နေရင်တော့ အပြစ်ပေးအရေးယူရမှာပဲ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ရက်မတိုင်မီ နှစ်ရက်ခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနင်းရဲစခန်းမှ ကာကွယ်ရေးတပ်််ဖွဲ့များရှိမည်ဟု ယူဆရသည့် နေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအစပ်များသို့ ကျည်ကျရောက်ခဲ့ကြောင်းလည်း သိရသည်။ https://www.facebook .com/MizzimaDaily/photos/a .320351647999747/6716833475018167/

၁၆။  ဟိုပုန်းတွင် SSPP က မီးမြှိုက်နှိပ်စက်ခဲ့သည့် ရွာလူကြီးအား ပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀               တောင်းဆို
      May 19, 2023

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် ဖောင်းဆိုင်ရွာသူကြီး ဦးဝါလအား ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က ကြိုးချည်၍ မီးမြှိုက်နှိပ်စက်ခဲ့ရာ အဆိုပါ ရွာသူကြီး ဦးဝါလ အပါအဝင် မတရား ဖမ်းဆီးခြင်းခံနေရသည့် ပြည်သူများကို ချက်ချင်းလွှတ်ပေး ရန် ပြည်တွင်းပြည်ပနေ တိုင်းရင်းသားကွန်ရက်များနှင့်အရပ်ဘက် အဖွဲ့အစည်း ၃၀ က ယမန်နေ့တွင် သဘော ထား ထုတ်ပြန် တောင်းဆိုသည်။ မေလ ၉ ရက် ဖြစ်ခဲ့သည့် အဆိုပါ မီးမြှိုက်နှိပ်စက်ခဲ့သည့် ဖြစ်ရပ်အပေါ် SSPP ကလည်း ဝန်ခံထားပြီး စစ်ဆေး ခံရသူ အသက်ရှင်လျှက်ရှိကြောင်း၊ ဖြစ်ရပ်အပေါ် တောင်းပန်ကြောင်းနှင့် စစ်ဥပဒေ၊ စစ်သုံ့ပန်း စည်းကမ်းများနှင့်အညီ ဆောင် ရွက်မည်ဟု SSPP ဘက်က အသိပေးထားသည်ဟုဆိုသည်။ SSPP တပ်ဖွဲ့က ဦးဝါလအား ကြိုးချည်၍ မီးမြှိုက်နှိပ်စက်ခဲ့သည့် ရုပ်သံလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့ကြောင်း၊ အလားတူဖြစ်ရပ်များ၊ ထိုထက်ပိုမိုဆိုးရွားသည့် တရားမဲ့ဖမ်းဆီး သတ်ဖြတ် မှုများသည် ရှမ်းပြည်နယ်အတွင်းတွင် ဖြစ်ပျက်နေလျက်ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်း ၃၀ ၏ ထုတ်ပြန်ချက်၌ဖော်ပြသည်။ ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် ပဋိပက္ခဖြစ်ပွားရာ ကျေးရွာများမှ ဒေသခံပြည်သူများအား မတရား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ထို့ပြင် ကျေးရွာမှသွားလာ ခွင့် ထိန်းချုပ်ကန့်သတ်ခြင်း၊ သတင်းမထွက်စေရန် ဖိအားပေးခြိမ်းခြောက်ခြင်းစသည့် နည်းမျိုးစုံဖြင့် ဆက်လက်ကျူး လွန်လျက် ရှိကြောင်း အဖွဲ့ ၃၀ ၏ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

လူ့ဂုဏ်သိက္ခာမဲ့ ဆက်ဆံခြင်း၊ စစ်ဆေးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်း အစရှိသည်တို့ကို စစ်ရေး စစ်ဆင် ရေးအပါအဝင် မည်သည့်အခြေအနေမျိုးတွင်မဆို ကျူးလွန်ဆောင်ရွက်ခွင့်မရှိကြောင်း၊ အဆိုပါလုပ်ရပ်များသည် အပြည်ပြည် ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနှင့် အခြေခံ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဖော်ပြ သည်။ ရှမ်းပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အပါအဝင် ရှမ်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည်အလွန်စိုးရိမ်ဖွယ် အခြေ အနေဖြစ်န ကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် SSPP က နှိပ်စက်ခဲ့သည့်  ဦးဝါလနှင့် မတရား ဖမ်းဆီးခြင်းခံနေ ရသော ပြည်သူများကိုချက်ချင်းလွှတ်ပေါ်ရန်၊ နစ်နာခဲ့သော ပြည်သူများ သတ်ဖြတ်ခြင်းခံခဲ့ရသော ပုဂ္ဂိုလ်များ၏ မိသားစုများ အတွက် တာဝန်ယူပေးရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည် ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေကိုအပြည့်အ၀လိုက်နာရန်နှင့် ဆက်လက်မချိုးဖောက်ရန်အရပ်ဖက်အဖွဲ့အစည်း များက တောင်းဆိုခဲ့သည်။ https://www.facebook.com/photo/?fbid=584052443793552&set=a.559396186259

၁၇။   တော်လှန်ရေးကာလ နှစ်နှစ်အတွင်း DMO-PDF ရဲဘော် (၄၇)ဦးကျဆုံးခဲ့
        May 18, 2023

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်(DMO-PDF) ဟာ တော်လှန်ရေးကာလနှစ်နှစ်အတွင်းမှာ ကျဆုံးရဲဘော် (၄၇)ဦးရှိတယ်လို့ မေလ (၁၀) ရက်နေ့ ရက်စွဲနဲ့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်(DMO-PDF) ထုတ်ပြန်ချက်အရ သိရပါတယ်။ DMO-PDF သတင်းနှင့်ပြန် ကြားရေး တာဝန်ရှိသူတစ်ဦးက “ရဲဘော်ခပ်များများတော့ ၁၉ အထက် ခပ်များများပေါ့နော။ တချို့ ၂၀ ကျော်ရှိတယ်။ တချို့က လည်း ၃၀ ကျော်ရှိတယ်ပေါ့နော။ ပြီးခဲ့တဲ့ ၄၊ ၅ ရက်တုန်းကကျသွားတဲ့ ရဲဘော်ကျတော့ တိုက်ပွဲထဲမှာတော့မဟုတ်ဘူး ကျနော် တို့ လှုပ်ရှားတဲ့ စစ်ကြောင်းမှာ စစ်ကောင်စီဖက်က ဒရုန်းနဲ့ထောက်လားမသိဘူး အပြန်အလှန်ပစ်ခတ်တာမရှိဘဲနဲ့ လက်နက်ကြီး နဲ့ပစ်ပြီးထိသွားတာပေါ့။ အထိအခိုက်ဒဏ်ရာရတာနည်းနည်းများတယ်ပေါ့ သိပ်တော့မစိုးရိမ်ရဘူး။ ဒါမဲ့ တစ်ယောက် ကတော့ ပွဲချင်းပြီး ကျသွားတယ်။ အသက်ကတော့ ၁၉၊ ၂၀ အထက်တွေပါပဲ။ ရဲဘော်ခပ်များများကတော့ တိုက်ပွဲအတွင်းမှာပဲ ကျတာ များတယ်။” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း DMO-PDF နဲ့ အခြားမဟာမိတ်တပ်ပေါင်းစုပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုဟာ မေလ (၁၀)ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေ (၁၅၉)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးကာလ နှစ်နှစ်အတွင်း DMO-PDF မှ ကျဆုံးရဲဘော် (၄၇)ဦးရှိပြီး ထိခိုက်ဒဏ်ရာရ ရဲဘော် (၁၀၁)ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုုံးခဲ့ရတဲ့ ရဲဘော် (၁၉)ဦးထိ ရှိပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအနေနဲ့ ဝက်မွေးမြူတာ၊ ဝါသနာပါတဲ့ ဘာသာရပ်၊ လုပ်ငန်း တွေကို လေ့လာလိုက်စားတာ စတဲ့အခွင့်အလမ်းကို ဆောင်ရွက်ပေးထားတယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ “ကျနော်တို့ အစီအစဉ်လုပ်ထားတာတော့ သိပ်မရှိဘူး ဒါမဲ့ ပြည်ပအကူအညီ အသင်းအဖွဲ့တွေ နည်းနည်း တော့ရှိတယ်။ ဥပမာ- လတ်တလောအတွက်ပဲပေါ့နော သူတို့ ဝက်မွေးချင်လာဆိုပြီးတော့ ဝက်မွေးချင်တဲ့သူလည်း ဝက်တွေ ဝယ်ပေးတာပေါ့ စည်ပင်ဝက်ပဲပေါ့ အဲ့လိုပဲလုပ်ပေးတာရှိတယ်။ ကျန်တဲ့အပိုင်းကတော သူတို့ဝါသနာပါတဲ့ ဘာသာရပ် အလိုက် ပေါ့ ဥပမာ- ကွန်ပျူသင်တန်းပဲဖြစ်ဖြစ် ဖုန်းပြင်တာပဲဖြစ်ဖြစ် အဲ့ဒါမျိုးတွေ လုပ်ထားပေးတာရှိတယ် လတ်တလောပေါ့။” လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်နေပြီး ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံ၊ ပင်လောင်း၊ ဘောလခဲစစ်မျက်နှာအထိ ပူးပေါင်းတိုက်ခိုက်နေတာရှိတယ်လို့ ဆိုပါ တယ်။ https://www.kantaraw addytimes.org/%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%

၁၈။    နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန် စစ်ရှောင်များ             တောင်းဆို
        May 18, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ခုမှ နေရပ်ကြပြန်မည့် စစ်ရှောင်ပြည်သူ များအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် အကူအညီများလိုအပ်နေကြောင်း ဒေသခံများမှသိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံပြည်သူများ တစ်သောင်းနီးပါးခန့်သည် နီးစပ်ရာ တောတောင်များနှင့် လယ်ခင်း နေရာများတွင် တိမ်းရှောင်နေရသည်မှာ ၂ လနီးပါးခန့် ကြာ မြင့်လာပြီဖြစ်သည်။ “ကျွန်တော်တို့က အခု မိုးမကျမှီလေးမှာ နေရပ်ပြန်ချင်နေကြတာ။ မိုးကျလာရင်တော့ လယ်တဲ ယာတဲ တွေမှာတောတောင်တွေမှာ ဆက်နေလို့လည်းအဆင်မပြေဘူးလေ အဲ့ကြောင့် မိုးမကျလာရင် နေရပ်ပြန်ဖို့ စီစဉ်နေကြတာ အိမ်တွေကအားလုံးမီးထဲပါသွားတာဆိုတော့ အများပိုင်းက အစကနေပြန်စ ရမှာ အိမ်တွေပြန်ဆောက်ရမှာ အကူအညီကတော့ အများကြီးဗျာ လိုအပ်တာကတော့”စီသာကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ နေရပ်ပြန်လိုသည့် စစ်ရှောင်ပြည်သူများမှ အိမ်ခြေ ၁၀၀၀ ကျော်အထက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့်အတွက် နေရပ်ပြန်ပြီး နေအိမ်များ ပြန်လည် တည်ဆောက်ရာတွင် သွပ်၊ မိုးကာနှင့် အခြေား အိမ်ဆောက် ပစ္စည်းများ အကူအညီများ လိုအပ်နေကြောင်း ဆက်ဆိုသည်။

လက်ရှိစစ်ရှောင်များသည် မိုးတွင်းကာလာတွင် ရောက်ရှိလာပြီဖြစ်သည့်အတွက် ယခု မေနှင့်ဇွန်လဆန်းပိုင် အပြီးသတ် ပြန်နိုင်ရန် ပြင်ဆင်နေကြသည်ဟု စစ်ရှောင်များပြောသည်။ စစ်ကောင်စီ မီးရှို့ဖျက်ဆီးသွားသော ဒေသခံပြည်သူများ၏ နေအိမ် များသည် များသောအားဖြင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အိမ်အမျိုးအစား အများပိုင်းဖြစ်ပြီး တိုက်အိမ်နှင့် သက်ကယ် မိုးအိမ် အနည်းစုသာပါဝင်ကြောင်းသိရသည်။ “အခုလောလောဆယ် နေရပ်ပြန်ဖို့ ကိုယ်အိမ်ကိုဝင်းလေးတွေကိုတော့စပြီး ရှင်းလင်း နေကြပြီး အားလုံးက နဂိုကိုယ့်ရွာ ကိုယ့်အိမ်ဝန်းမှာပဲပြန်ဆောက်ကြမှာ ဒါပေမယ့်အားလုံးကမီးထဲပါသွားတော့ ရွာသားတွေက ဘာမှမရလိုက်ဘူးလေ အိမ်တွေပြန်ဆောက်ဖို့တော့အကူအညီတွေအများကြီးလိုအပ်နေတယ်။ ဒီမှာက သက်ကယ်ရှားတယ် မရနိုင်ဘူး အဲကြောင့် အမိုးလေးအတွက် သွပ်၊ မိုးကားတွေ တော့မရမ်းလိုအပ်နေတယ်”နောက်ထပ် စစ်ရှောင် အမျိုးသမီးတစ်ဦး ကပြောသည်။ လက်ရှိတွင် မံနား၊ စီသာနှင့် မံဝိန်း ကျေးရွာများမှ အိမ်ခြေ ၆ ခုခန့်သည် ကျေးရွာအတွင်း ယာယီတဲများထိုပြီး ပြန်လည်နေထိုင်ပြီဖြစ်ပြီး စစ်ရေးအခြေအနေ မတည်ငြိမ်သေးသောကြောင့် မီးဘေးသင့် ပြည်သူများသည် စိုးရိမ်မှုများရှိနေ သေးကြောင်း စီသာ စစ်ရှောင်အမျိုးသားက ဆက်ဆိုသည်။ ရွှေကူမြို့နယ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွင် မံဝိန်း ကျေးရွာမှ အိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာမှ အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာမှ အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာမှ အိမ်ခြေ ၄၁ လုံး၊ စီသောင်းရွာမှ အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာမှ အိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာမှ အိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာမှ အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာမှ အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာ အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာမှ အိမ်ခြေ ၃၇ လုံး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ https://burmese.kachinnews.com/2023/05/18/az2-

၁၉။   စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ
       May 18, 2023

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု ဒေသခံ များထံကသိရသည်။ တနင်္သာရီမြို့နယ် ၊ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာကြားတွင် စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို ယမန်နေ့ နံနက် ၈ နာရီခန့်တွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ အဆိုပါ မိုင်းခွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးပြီး ရှစ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။ “ခြေလျင်တက်လာကြတာ။ အထုပ်အပိုးတွေ နဲ့ပေါ့။ မိုင်းကွင်းနား ၁၀ ယောက်လောက် ရောက်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာပါ” ဟု၎င်းက ပြောသည်။ ဘန်းလမွတ် ကျေးရွာမှ ထွက်ခွာလာသော အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။

ယင်းသို့မိုင်းဆွဲ တိုက်ခိုက်မှုအပြီးတွင် တနင်္သာရီမြို့အနီးရှိ စစ်ကောင်စီ အမြောက်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် များက လက်နက်ကြီးဖြင့် ဦးတည်ရာမဲ့ ပစ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့် အနီးကပ်သွားလာခြင်းကို ရှောင်ကျဉ်ကြရန်နှင့် အာရှလမ်းမကြီးအပေါ်တွင် ဖြတ်သန်းမောင်းနှင်ပါက ပြတင်း ပေါက်မှန်ကို ချ၍မောင်းနှင်ပေးပြီး စစ်ရေးထုတ်ပြန်ချက်များကို တိတိကျကျလိုက်နာ ပူးပေါင်းဆောင်ရွက်စေလိုသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လွန်ခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ https://www.fac ebook.com/photo /?fbid=608799531284012&set=a.583749347122364

၂၀။   ဒီးမော့ဆို စစ်ရှောင်အလယ်တန်းကျောင်း ဖတ်စာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်နေ
       May 19, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ကလေးငယ် ၂၅၀ ဝန်းကျင်ကို ကြားကာလ စာသင်ပေး နေတဲ့ စာသင်ကျောင်းမှာ ဖတ်စာအုပ်တွေ သင်ထောက်ကူတွေနဲ့ စာသင်ဆောင်အပြင် ရေလိုအပ်တာတွေရှိနေတယ် လို့ စာသင် ကြားပေးနေတဲ့ ဆရာ/ဆရာမတွေက ပြောပါတယ်။ စစ်ရှောင်စာသင်ကျောင်းမှာ Grade 1 ကနေ Grade 9 အထိ ပညာသင်ကြား ပေးနေပြီး စာသင်ရတဲ့အခါ စာအုပ်မလုံတာနဲ့ သင်ထောက်ကူပစ္စည်းတွေ အကူအညီလိုအပ်နေတယ်လို့ ဆရာမတယောက်က ပြောပါတယ်။

စာသင်ကြားရတဲ့အခါ ဆရာမအရေအတွက် ၁၃ ယောက်ရှိပြီး ကျောင်းသားအရေအတွက် ၂၅၀ နီးပါးရှိတာကြောင့် စာသင်ဆောင်လည်း မလုံလောက်ဘူးလို့ သိရပါတယ်။ ကြားကာလမှာ ပညာသင်ကြားပေးနေပြီး စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခြေနေကြည့်ပြီး ပညာသင်ကြားပေးနေရတယ်လို့  ဆရာမတယောက်က ပြောပါတယ်။ အခက်အခဲများ စွာကြားက ကလေးငယ်တွေရဲ့ ပညာရေးနှောင့်နှေးမှုမရှိစေအောင် ဆက်လက်ပြီးတော့ ပညာသင်ကြားပေးနေကြပြီး ဆရာ/ ဆရာမ တွေအနေနဲ့လည်း နေထိုင်စားသောက်ဖို့ အခက်အခဲအပြင် သွားလာစရိတ်အတွက်ပါ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ https://burmese.dvb.no/archives/594273

၂၁။   ကော့ကရိတ် စစ်ရှောင်ပြည်သူအကြား ငှက်ဖျားရောဂါအဖြစ်များလာ၊ ဆေးဝါးရရှိရန် ခက်ခဲနေ
       May 18, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသတွင် ယခုရက်ပိုင်းအတွင်း မိုးများဆက်တိုက်ရွာ သွန်းပြီးနောက် စစ်ဘေးရှောင် ပြည်သူများအကြားတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များလာပြီး ဆေးဝါးရရှိရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံ ဆေးတာဝန်ရှိ သူများအထံမှ သိရသည်။ အဆိုပါ ငှက်ဖျားရောဂါ ခံစားနေရသည့် စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးများရရှိရန် လမ်းခရီး လုံခြုံမှုမရှိသောကြောင့် ဆေးဝါးလိုအပ်သလောက်ဝယ်ယူ၍ မရရှိ ကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။ “ဖျားနေတဲ့လူတွေ များလာတယ်။ မိုးအေးလို့ ထင်တာပေါ့၊ သွေးစစ်ကြည့်တော့မှ ငှက်ဖျား ရောဂါဖြစ်နေ ကြတယ်၊ အခုကျနော်တို့ နေတဲ့နေရာဆို အယောက် ၃၀ ကျော်ရှိပြီ။ တချို့ကျေးရွာတွေမှာလည်း စစ်ဆေးကြည့် တော့ ငှက်ဖျား ပိုးတွေ့ တယ်။ အခုလူနာနဲ့ ဆေးနဲ့က မမျှဘူး၊ ဝယ်ဖို့ကလည်းလုံးဝ အဆင်မ ပြေဘူး။”ဟု ပြောသည်။

အဆိုပါ ငှက်ဖျားရောဂါဝေဒနာခံစားနေရသည့် စစ်ရှောင်ပြည်သူများကို သက်သာစေရန်အတွက် မပြည့်စုံသည့် ဆေးဝါး များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ဆေးဝါးအကူအညီများလည်း လိုအပ်ချက်ကြီးမားကြောင်းလည်း ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။ ကော့ကရိတ်ဒေသရှိ တော်လှန်ရေးပူးပေါင်း စစ်ကြောင်းမှ ဆေးမှူးတစ်ဦးကလည်း “ငှက်ဖျားကျ တော့လည်း အမျိုးအစားအမျိုးမျိုးရှိတယ်ပေါ့။ သူရဲ့အမျိုးအစား ပေါ်မူ တည်ပြီး ဆေးတိုက်ရတာပေါ့နော်။ အခုအဖြစ်များတာက PV အမျိုးစား အစားပေါ့ နော်။ Primaquine ဆေးက တော်တော်ရှားတယ်။ အခက်လည်းတွေ့နေတယ် ။ ဒီဘက်ခြမ်းဆေးရုံ ဆေးခန်းတွေအတွက်လည်း အဲဒီဆေး မရတာကို အရမ်းအ ရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်နေတယ်ပေါ့”ဟု ပြောသည်။ ငှက်ဖျား‌ ရောဂါပိုးသည် ခြင်ကိုက်ခြင်းမှတဆင့် ကူးစက်နိုင်‌သော ‌ရောဂါ ပိုးတစ်မျိုးဖြစ်ကာ တော‌တောင်ထူထပ် သော‌နေရာများနှင့် စိုစွတ်‌ သော အပူပိုင်းအရပ်‌ဒေသမှ ပေါက်ဖွားသောခြင်အမျိုးစားတစ်မျိုးဖြစ်သည်ဟု သိရသည်။ https://kicnews.org/2023/05/%e1%80%80%e1%80%b1%e 1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1

၂၂။     ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်းဖို့ HRW ပြော
         May 18, 2023

ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပူးပေါင်းလုပ်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ရပ်ဆိုင်းဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ရှေ့ပြေးစီမံကိန်းအနေနဲ့ ရိုဟင်ဂျာအယောက် ၁၁ဝဝ ကို စစ်ကောင်စီက ဒီမေလထဲမှာ ပြန်ခေါ်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ HRW က မေလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ကုလသမဂ္ဂအပါအဝင် ရိုဟင်ဂျာအရေးကူညီပေးနေတဲ့ နိုင်ငံတွေအနေနဲ့လည်း ဒီနေရပ်ပြန်ပို့ရေးအစီအစဉ် ဖျက်သိမ်းရေး ဝိုင်းတောင်းဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ရှိနေတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်‌စေပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ပို့တာဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် ဒုက္ခရောက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ HRW ရဲ့ အာရှသုတေသီ Shayna Bauchner က ပြောကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

ဒီနေရပ်ပြန်ပို့ရေးကိစ္စမှာ တရုတ်အစိုးရလည်း ပါဝင်ပတ်သက်နေပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်ကောင်စီတို့ သုံးပွင့်ဆိုင်ဆွေးနွေးပြီး မိုးဦးမတိုင်ခင် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ သဘောတူထားတာပါ။ မြန်မာနိုင်ငံဘက်ရောက်ရင် ပြန်လည်နေရာချထားပေးမဲ့ မောင်တောမြို့နယ်က လှဖိုးခေါင်စခန်းနဲ့ ကောက်ချောင်းစခန်းတွေကို စစ်ကောင်စီက ဖိတ်ခေါ် ပြသခဲ့ပေမဲ့ အဲဒီစခန်းကို သွားကြည့်ခဲ့တဲ့ ရိုဟင်ဂျာတွေကလည်း ပြန်ဖို့ သင့်တော်တဲ့ အခြေအနေ မဟုတ်သေးဘူးလို့ ပြောကြ ပါတယ်။ အဲဒီပြန်လည်နေရာချထားရေးစခန်းတွေကို ပတ်ပတ်လည်ကာရံထားပြီး စစ်ကောင်စီဘက်က လုံခြုံ ရေးကင်းစခန်းတွေ ဝန်းရံထားတယ်လို့လည်း ပြောကြပါတယ်။ ရိုဟင်ဂျာတွေက ကိုယ့်နေရပ် ရခိုင်ပြည်နယ်ကို ပြန်ချင်ပေမဲ့ လွတ်လပ်စွာသွား လာ ခွင့်၊ လုံခြုံရေး၊ နိုင်ငံသားအခွင့်အရေးတွေ၊ မြေယာနဲ့ အသက်မွေးဝမ်းကျောင်းမှု အာမခံချက်တွေ ရှိမှသာ နေရပ်ပြန်မယ်လို့ ပြောထားကြပါတယ်။ https://www.rfa.org/burmese/news/rohingya-hrw-myanmar-bangladesh-05182023151606.ht

၂၃။    သံ‌တောင်မြို့၁၃ မိုင်မှာ ပြည်သူ ၆ ဦးကို စစ်ကောင်စီက လက်ပြန်ကြိုးတုပ် ရိုက်နှက် ဖမ်းဆီးသွား
        May 19, 2023

ကရင်ပြည်နယ်၊ သံတောင်မြို့၊ ၁၃ မိုင်မှာ ဒီကနေ့ မေလ ၁၉ ရက်၊ မနက်ပိုင်း စစ်ကောင်စီက ပြည်သူ ၆ ဦးကို လက်ပြန် ကြိုးတုပ် ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက် (၁) မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသား ၆ ဦးကို  စစ်ကောင်စီက ရိုက်နှက်ပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါ တယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား ၆ ဦးဟာ သာမန် အရပ်သား ပြည်သူတွေသာဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်ဆက်နွယ် တာ မရှိဘူးလို့ ရပ်ကွက်နေ ပြည်သူတွေက ဆိုပါတယ်။ လက်ရှိမှာ ရပ်ကွက် (၃) မှာလည်း စစ်ကောင်စီတပ်သား ၂၀ ခန့်က လူမရှိ တဲ့ အိမ်တွေကို ရိုက်ဖွင့် စစ်ဆေးတာ၊ ဆဲဆိုတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့ ညနက်ပိုင်းကလည်း ဒေမူးလော်ရပ်ကွက်မှာ ဧည့်စာရင်း စစ်မယ်ဆိုပြီး လူနေအိမ်ပေါ်တက် ရမ်းကားနေတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အခုလို စစ်တပ်က ရမ်းကားနေတာဟာ တောင်ငူ အကျဉ်းထောင်က သေနတ်လု ထွက်ပြေးထွက်ပြေးတဲ့ အကျဉ်းသား ၉ ဦးကို သံတာင်မှာ လိုက်ရှာနေတာ ဖြစ်နိုင်ပြီး ဒီကနေ့ မနက်ပိုင်း ခပေါင်းတံတား၊ စစ်တောင်းမြစ် တံတားနဲ့ ၄ မိုင်ဂိတ် စတဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်မောင်း အမျိုးသားတွေကို အဓိက စစ်ဆေးနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ https://www.facebook.co m/MeKongNewsMM/photos/a.373965523263391/12287008 

၂၄။    ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်လူထုတွေကို လူ့အခွင့်အရေး သင်တန်းပို့ချ
       May 18, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်လူထုတွေထံ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့သင်တန်းကို ပြီးခဲ့တဲ့ ဧပြီလ အတွင်းနဲ့ မေလအတွင်းမှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။ သင်တန်းပို့ချခြင်းရဲ့ အဓိကရည်ရွယ် ချက်ကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု လျော့ချရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရပါက အမြန်တိုင်ကြားနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ လူ့အခွင့်အရေးစာတမ်းပါ အချက် ၃၀ ထဲက အပိုင်း(၂၇)အထိ ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်ခဲ့တဲ့ ကိုဆူရယ် ကတော့ လွတ်လပ်စွာနေထိုင်ခွင့်နဲ့ ပတ်သက်ပြီး ချိုးဖောက်ခံရမှု၊ ခြိမ်းခြောက်မှု၊ လူ့အခွင့် အရေးဆုံးရှုံးမှုတွေကို လေ့လာသိခွင့်ရတယ်လို့ ပြောပါတယ်။ “သင်တန်းတက်တာ ဘယ်လောက်ထိ ကောင်းလဲဆိုတော့ လူတွေ က မသိသေးတာတွေ သိသင့်တဲ့ အခွင့်အရေးတွေ သိလာရတော့ အများကြီး တန်ဖိုးရှိပါတယ်။ မပြောရဲ မဆိုရဲတဲ့ အရာဟူသမျှ ခံစားနေရတဲ့ အရာမှန်သမျှ ပြောခွင့်ရတော့ ကောင်းပါတယ်။ လူအချင်းချင်းပဲ ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မခံရအောင် သိနားလည်ရမယ် ရသင့်ရထိုက်တာကိုပေါ့။ လူသားတိုင်းအတွက်ပေါ့ စစ်ရှောင်နေရတာနဲ့ ပတ်သက်ပြီး အကောင်းဆုံးက ပြည်သူရဲ့ ဒုက္ခကို စဥ်းစားပေးစေချင်တယ်။ တစ်ဖက်သပ်ရယ် မဟုတ်ပဲ အားလုံးက ပြည်သူကို စဥ်းစားပေးဖို့ လိုအပ်တယ်။ အခက်အခဲ ကြုံနေရတဲ့ သူတွေအားလုံးအတွက် လူသားချင်း စာနာမှု အရေးကြီးဆုံး မြင်တယ်။ ဘယ်လောက်ဒုက္ခဖြစ်ပါစေ၊ ကိုယ့်အတွက်ပဲ စဥ်းစားမယ်ဆိုရင် ခက်ခဲတာပေါ့” လို့ ကိုဆူရယ်က ပြောပါတယ်။

တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်အလိုက် အချို့နေရာတွေမှာ သင်တန်းပို့ချတဲ့နေရာရှိသလို မပို့ချနိုင်တဲ့နေရာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သင်တန်းကို စစ်ဘေးရှောင်စခန်းတွေမှာ အဓိက ပို့ချပေးနေပြီး ဖရူဆိုမြို့နယ်မှာ ဧပြီလ အတွင်း (၅) ကြိမ်အထိပို့ချနိုင်ခဲ့သလို မေလမှာတော့ (၃) ကြိမ်အထိ ပို့ချပြီးစီးခဲ့တယ်လို့သိရပါတယ်။ ဖရူဆိုမြို့နယ် ဒီးမော့ဆို မြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ ၅၀ ရာခိုင်နှုန်းအထိရှိနေပြီး ကျောင်းနေအရွယ်ကလေးတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဒေသခံတွေရဲ့ အဆောက်အအုံပျက်စီးမှု စားဝတ်နေရေးအထိပါ ၈၀ ရာခိုင်နှုန်းအထိ ချိုးဖောက်ခံနေရတယ်လို့ သင်တန်းပို့ချပေးသူတွေက ဆိုပါတယ်။ https://www.faceboo k.com/KantarawaddyTimes/photos/pcb.61428502125 00104/6142840502501075/

၂၅။   ဗန်းမော်တွင် PDF တစ်ဦး စစ်တပ်အောက်ရောက် သွားပြီးနောက် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေ
       May 18, 2023

ကချင်ပြည်နယ် ဗန်းမော်မြို့ မြေနုရပ်ကွက်တွင် နေထိုင်သည့် PDF လူငယ်တစ်ဦးသည် စစ်ကောင်စီ လက်အောက်သို့ ရောက်ရှိသွားပြီးနောက် စစ်ကောင်စီတပ်သည် ဗန်းမော်မြို့အတွင်း PDF နှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံ များထံမှ သိရသည်။ စစ်ကောင်စီတပ်သည် မေလ ၉ ရက်နေ့ ရက်စွဲဖြင့် PDF များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာဖို့နှင့် လက်နက်များ ယူဆောင်လာပါက ထိုက်သင့်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဆိုသည့် ထုတ်ပြန်ချက် ထွက်လာပြီးသည့်နောက်တွင် ဗန်းမော်မြို့ မြေနုရပ်ကွက်ရှိ PDF တစ်ဦးသည် စစ်ကောင်စီလက်အောက်သို့ ဝင်သွားကြောင်း ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။ “အဲဒါကလေးက PDF စစ်သင်တန်းဆင်းထားတဲ့ မြေနုကလူတွေပြောတာကတော့ မိဘ တွေ ကိုယ်တိုင်သွားအပ်တာလို့ ပြောကြတယ် အစကတည်းက မိဘတွေက အစိမ်းဘက်ကတဲ့” ဟု ပြောသည်။  အဆိုပါ လူငယ် သည် စစ်ကောင်စီတပ်လက်အောက်သို့ ဝင်သွားပြီးနောက် စစ်ကောင်စီတပ်သည် သိမ်တော်ကြီးနောက်တွင် နေထိုင်သည့် အသက် ၂၀ ဝန်းကျင် သက်နိုင်ထွန်း ဆိုသည့် လူငယ်တစ်ဦးအား PDF များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ မေလ ၁၆ ရက်နေ့ နေအိမ်မှာလာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် ဗန်းမော်မြို့အတွင်း PDF များနှင့်ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုသူများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ “အဲစစ်ကောင်စီထဲ ဝင်သွားတဲ့ ကလေးကလည်း အိမ်မရောက်သေးဘူးတဲ့ အထဲမှာဘဲ သူတို့ထိန်းသိမ်းထားတုန်းထင် တယ်။ ပြီးတော့အဲတစ်ယောက်က ဖော်လိုက်လို့လားမသိဘူး ခုမြို့ထဲစစ်ဆေးဖမ်းဆီးတာတွေ ပြန်လုပ်နေတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် မေလ ၉ ရက်နေ့ တပ်ပိုင်ရုပ်သံနှင့် သတင်းစာတွင် PDF အဖွဲ့ထဲ ရောက်နေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့ ထုတ်ပြန်လိုက်ပြီးနောက် ကချင်ပြည် နယ်ရှိ မိုးကောင်းမြို့၊ ဖားကန့်မြို့၊ ဗန်မော်မြို့၊ ကားမိုင်းမြို့ လူစည်ကားသည့်နေရာများတွင် အဆိုပါ ထုတ်ပြန်ချက်များအား လက်ကမ်းစာစောင်များ၊ ဗီနိုင်းများ ထုတ်ကာ လိုက်ကပ်ခဲ့သည်။ https://burmese.kachinnews.com /2023/05/18/zm-6/

၂၆။   ကော့ကရိတ်မြို့အဝင်လမ်းကို ဖြတ်တောက်လိုက်သဖြင့် ဒေသခံများ လူမှုဘဝခက်ခဲလာ
       May 17, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုတောင်ပိုင်းဘက် မြို့အဝင်လမ်းများကို စစ်ကောင် စီတပ်က ပြီးခဲ့သည့် မေလ ၁၃ ရက် နေ့က ဖျက်ဆီးလိုက်ခြင်းကြောင့် လက်ရှိတွင် ဒေသခံများ ဝင်ထွက်သွားလာရေးခက်ခဲလာပြီး လူမှုဘဝအတွက် ကြပ်တည်း လာ သည်ဟု ‌ဒေသခံများက ပြောသည်။ ကော့ကရိတ်တောင်ပိုင်းရှိ မြို့အဝင်လမ်းများကို စစ်ကောင်စီတပ်က ဖျက်ဆီးလိုက် ခြင်း ကြောင့် တစ်နိုင်တစ်ပိုင်ဈေးရောင်းဝယ်သူများ၊ ဒေသထွက်သီးနှံ ကုန်ကူးရောင်း ဝယ်သူများ၊ ကျန်းမာရေးကိစ္စများကို သွားလာ လိုသူများမှာ လက်ရှိအချိန်တွင် အခက်အခဲအမျိုးမျိုးဖြင့် ကြုံတွေ့ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းက ” အခြားလမ်းကနေသွားလည်း ချောင်းရေများလာတော့ ကားတွေ၊ ဆိုင်ကယ်တွေပျက်တာအများကြီးပဲ။ ရေတွေထပ်များလာရင် ဘယ်လိုမှ သွားလာလို့ မရတော့ဘူး။ ဘယ်လိုလုပ်ရမလဲမသိဘူး။ နေမကောင်းဖြစ်လာရင်လည်း မြို့ထဲကို ဆေးခန်းသွားပြဖို့ မလွယ်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကော့ကရိတ် -မြဝတီ အာရှလမ်းဘေးနားရှိ ကော့နွဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ဝင်ထွက်သွားလာကြသော ဒေသခံရွာ သားများအပေါ် အကြောင်းရှာ စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံ များက ပြောသည်။ “ကော့နွဲက စစ်ကောင်စီတွေက သွားလာတဲ့သူတွေကို အရမ်းစစ်ဆေး မေးမြန်း တယ်။ ကော်သူးလေတွေ့ လား၊ ဘယ်မှာရှိတာလဲ၊ ကော်သူးလေအတွက် ပစ္စည်းလာဝယ်ပေးတာလား၊ အမျိုးမျိုးမေးတယ်။‌ အဲ့လိုအမျိုးမျိုး‌ မေးတော့ သွား လာရတာမပျော်ဘူး” ဟု ‌‌မေးမြန်းခံရသူတစ်ဦးက ပြောသည်။ ကော့ကရိတ်မြို့ အဝင်လမ်းများအားလုံးကို စစ်ကောင်စီတပ်က ဖျက်ဆီးလိုက် သည့်အတွက် မိုးရာသီကာလတွင် လုံးဝသွားလာ၍မရတော့သဖြင့် သွားလာလုပ် ကိုင် စားသောက်ရန် ပိုမိုခက်ခဲ လာမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ https://kicnews. org/2023/05/%e1%80%80%e1%80%b1%e1%80%ac% e1%80%b7%e1%80%

၂၇။    တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုပြန်အသုံးပြုနေ သက်ဆိုင်ရာ တာဝန်ရှိသူများ အရေးယူမှုမရှိ
        May 18, 2023

သျှမ်းပြည် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာထဲ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံး ပြုမှုရှိနေပြီး ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများကို စာတင်ထားသော်လည်း အရေးယူမှုမရှိတော့ကြောင်း စုံစမ်းသိရှိရ သည်။ အဆိုပါ ထုံးဖိုစက်ရုံသည် ၂၄ နာရီ လည်ပတ်နေပြီး ၎င်းမှ ထွက်လာသည့် အနံ့သက်ဆိုးများကို ဒေသခံများက ခံစားနေ ရသည်။ “ထုံးဖိုကတော့ နေ့တိုင်း လုပ်နေတာပဲ။ တစ်ရက်မှလည်း မနားတော့ဘူး။ အနံ့ကလည်း အရမ်းဆိုးတယ်။ နေ့တိုင်း အနံ့ဆိုးတွေရတယ်။ ကျ‌နော်တို့ တာချီလိတ်က တာဝန်ရှိသူတွေကို စာတင်ထားတယ်။ ဒါမဲ့ ဘာမှ ပြန်မပြောလာဘူး။ လာလည်း မကြည့်တော့ဘူး။ ဘာမှ အရေးယူတာ မရှိတော့ဘူး” ဟု လွယ်သထုံ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ ထို ထုံးဖိုစက်ရုံ၏ ဓာတ်ငွေ့ကြောင့် အနီးနားရှိသည့် ဒေသခံများ ကျန်းမာရေး ထိခိုက်လာခဲ့ပြီး အသက်ရှူကြပ်လာကာ အသက်ကြီးရွယ်အိုများက မူးဝေပြီး အော့အန်သည့်ဝေဒနာကို ခံစားနေရကြောင်း သိရသည်။

“ ကျန်းမာရေးတော့ တော်တော်ဆိုးလာတာပေါ့။ အသက်ရှူကြပ်လာတယ်။ တစ်ချို့ အသက်ကြီးတဲ့ သူတွေဆိုရင်တော့ မူးတာတွေဖြစ်တယ်။ အန်တာတွေလည်းဖြစ်တယ်။ မြို့ပေါ်တက်ပြီးတော့ ဆေးရုံတက်ရတဲ့အထိတော့ မကြားမိသေးဘူး။ ရွာထဲ မှာ ဒီတိုင်းပဲ ကုနေကြတာ။ ဒီတိုင်းဆက်လုပ်နေမယ်ဆိုရင်တော့ ကြာလာရင်တော့ ရွာပြောင်းကြရင်လည်း ပြောင်းရမှာ ပေါ့” ဟု အထက်ပါ လွယ်သထုံကျေးရွာ ဒေသခံက ပြောသည်။ လက်ရှိတွင်လည်း ဒေသခံများက ကျေးရွာထဲတွင် နေထိုင်ရန်အတွက် ခက်ခဲနေကြပြီး ကျေးရွာအသစ်တို့ ပြောင်းရွှေ့ရန်အတွက်လည်း အခက်ခဲဖြစ်နေကြသည်။ “ရွာမှာနေလည်း လေကောင်း လေသန့်မရဘူး။ ပြီးတော့ ကျေးရွာအသစ်ကို ပြောင်းသွားနေဖို့လည်း ခက်ခဲတယ်လေ။ ကျနော်တို့ တောင်ပေါ်သားတွေက နေရာအသစ်ရှာဖို့လည်း ခက်တယ်။ ပြီးတော့ ပိုက်ဆံလည်းခက်ခဲတယ်” ဟု လွယ်သထုံကျေးရွာဒေသခံများကပြောသည်။ တာချီလိတ်မြို့နယ် လွယ်သထုံကျေးရွာတွင်းရှိ ထုံးဖိုစက်ရုံကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ ၁၆ ရက်က စက်ရုံကို ယာယီ ပိတ်သိမ်းသွားရန်အတွက် မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များက ညွှန်ကြား ခဲ့သည်။ https://burmese.shannews.org/archives/34824

၂၈။    မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေရဲ့ အွန်လိုင်းကျောင်းတွေမှာ အခုနှစ်ကျောင်းအပ်သူနည်းလာ
        May 18, 2023

ထားဝယ်ခရိုင်အတွင်းက NUG နဲ့ချိတ်ဆက်ထားတဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေရဲ့ အခမဲ့အွန်လိုင်းကျောင်းတွေမှာ ဒီနှစ်ကျောင်းလာအပ်တဲ့ကျောင်းသားဦးရေ အရင်နှစ်ကထက်နည်းလာတယ်လို့ ဘုတ်အဖွဲ့တာဝန်ရှိသူတွေဆီကသိရပါတယ်။  တနင်္သာရီတိုင်းအတွင်းမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေက အွန်လိုင်းကျောင်းတွေဖွင့်ကာ စာသင်ကြားပေးနေတာဖြစ်ပြီး အခု ဆိုရင် ၃ နှစ်မြောက်ရှိပြီလို့ ဘုတ်အဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းကစတင်ဖွင့်လှစ်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ မနှစ်က ကျောင်းသားဦးရေအများဆုံးဖြစ်တယ်လို့သိရပါတယ်။  “ဒီနှစ်လည်းသတ်မှတ်ဦးရေကတော့ ပြည့်ပါတယ်။ ကျနော်တို့ ကျောင်းက ကျောင်းသား ၁၅၀၀သတ်မှတ်ထားတယ်။ ဒါပေမယ့် မနှစ်ကလို အရေ အတွက်အများကြီးလာစောင့်ကြတာ၊ သတ်မှတ်ဦးရေအများကြီးကျော်သွားတာမျိုးမရှိတော့ဘူး”လို့ မြို့နယ်တစ်ခုရဲ့ ဘုတ်အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ အခုလို အွန်လိုင်း ကျောင်းအပ်မှုနည်းလာတာဟာ ပြင်ပ ပုဂ္ဂလိကကျောင်းတွေမှာတက်တဲ့သူ များလာတာနဲ့ ထိုင်းနိုင်ငံကိုပြောင်းရွှေ့ ထွက်ခွာတဲ့သူတွေ များလာတာကြောင့်လို့လည်း သိရပါတယ်။

ပုဂ္ဂလိကကျောင်းတွေကတော့ အခုနှစ်အတွင်းမှာ ထားဝယ်မြို့ပေါ်အပါအဝင် နေရာတော်တော်များများမှာ အများ အပြားပေါ်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ထားဝယ်ကကျောင်းသားမိဘတစ်ဦးကတော့ “ကိုယ်ပိုင်ကျောင်းတွေက ငွေကုန်ကြေးကျတတ်နိုင်မှပဲရတာပါ။ အခမဲ့ကျောင်းပဲ ဖုန်းနဲ့လျို့ဝှက်တက်ခိုင်းရတာပဲ။ လူသိရှင်ကြားတက်လို့တော့မရဘူးပေါ့” လို့ပြောပါတယ်။ ဘုတ်အဖွဲ့ကဖွင့်တဲ့ကျောင်းကနေ စစ်ကောင်စီဖွင့်ထားတဲ့ ကျောင်းတွေဆီကိုရောက်တဲ့သူကတော့ အနည်း အကျဥ်းသာရှိနိုင်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။  “အဓိကက ကျနော်တို့ဆီမှာတနှစ်အောင်ပြီးတာကို စစ်အစိုးရကျောင်း တွေကတော့ လက်မခံဘူးပေါ့။ ဒီမှာတက်ခဲ့တယ်ဆိုတာကို အသိခံလို့တောင်မရဘူး။ အဖမ်းပါခံရမှာ” လို့ဘုတ်အဖွဲ့တာဝန်ရှိသူ ကဆိုပါတယ်။  စစ်ကောင်စီဖွင့်ထားတဲ့ ကျောင်းတွေကထွက်ပြီး ဘုတ်အဖွဲ့ရဲ့ကျောင်းတွေမှာ လာအပ်တာမျိုးတွေလည်း ဒီနှစ်မှာ ဆယ်ဂဏန်းရှိပြီး ဘုတ်အဖွဲ့ကျောင်းတွေဘက်ကတော့ စစ်အစိုးရကျောင်းမှာအောင်ခဲ့တဲ့အတန်းကို ထည့်တွက်ပေးတယ်လို့ သိရပါတယ်။  တနင်္သာရီတိုင်းအတွင်းမှာ အွန်လိုင်းကနေသင်ကြားပေးနေတဲ့ မြို့နယ်ဘုတ်အဖွဲ့ကျောင်း ၅ ကျောင်းနဲ့ CDM အစုအဖွဲ့တွေက သင်ကြားပေးနေတဲ့ကျောင်း ၂ ကျောင်းရှိပါတယ်။  အဲဒီကျောင်းတွေကို KG +12 သင်ရိုးသစ်နဲ့ တစ်ပတ်ကို ၅ ရက် သင်ကြားပေးနေပြီး စာသင်နှစ်တနှစ်ကို ၈ လဝန်းကျင်ကြာမြင့်မှာဖြစ်ပါတယ်။  https://www.facebook.com/photo/? fbid=272801985137558&set=a .196212682796489

၂၉။    ဆိုင်းတောင် ရဲကင်းစခန်း မိုင်းခွဲ ဖျက်ဆီးခံရ
        May 18, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကို KIA နှင့် PDF မှ မိုင်းခွဲ ဖျက် ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ ရှိ စစ်ကောင်စီရဲကင်းစခန်းအား မေလ ၁၇ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သွားရောက်မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း KPDF တစ်ဦးက ပြောသည်။ “ဟုတ်တယ် ကျွန်တော်တို့ဘက်က အဲ့ဆိပ်မူရဲစခန်းဘက်ညက လှုပ်ရှားမှုတွေရှိခဲ့တယ်။ အခြေအနေ အသေးစိတ်ကိုတော့ ပြောပြလို့မရဘူးဗျ” ဟု ဖားကန့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ယမန်နေ့ မိုင်းခွဲဖျက်ဆီးခံရသည့် အဆိုပါရဲကင်းစခန်းသည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ် မီးရှို့ဖျက်ဆီးခံရသည်။

အဆိုပါရဲကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၁၂ ရက်နေ့မနက် မတိုင်မှီစခန်းကနေ တိမ်းရှောင်သွားကြပြီး တိုက် ခိုက်စဥ်တွင် ရဲတပ်ဖွဲ့ဝင်များမရှိသောကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ရဲစခန်းဆိုင်းဘုတ်နဲ့ အဆောက်အဦးများ ပျက်စီး သွားကြောင်းသိရသည်။ “ခုအဲစစ်သားတွေ ရဲတွေပြန်လာနေမယ်ဆိုပြီး သတင်းတွေထွက်နေတယ် အဲကြောင့်လာပစ်ပေးတာ နေမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးအထက် ပုံမှန် အစောင့်ထိုင်လျက်ရှိပြီး ယင်းစခန်းသည် စစ်အာဏာမသိမ်းမှီကတည်းက ထိုင်ထားသည့် စခန်းဟု သိရသည်။ https://bu rmese.kachinnews.com /2023/05/18/az-7/

၃၀။   မူဆယ်မြို့နယ် စစ်ကောင်စီ တပ်စခန်းအနီး TNLA ဝင်ရောက်အခွန်ကောက်
        May 19, 2023

သျှမ်းပြည် မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့မှ စယ်လန့်ကျေးရွာ ထိပ်နားတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လမ်းသွား လမ်းလာ ကားသမားများထံမှ အခွန်ကောက် ပိုက်ဆံ တောင်း နေကြောင်း သတင်းသိရသည်။ အဆိုပါ TNLA တပ်ဖွဲ့မှ အခွန်ကောက် ပိုက်ဆံတောင်းနေသည့် နေရာ နှင့် မနီးမဝေးနေရာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းတစ်ခု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။ “စယ်လန့် ရွာထိပ်မှာ ပိုက်ဆံ တောင်းနေတယ်၊ အဲ့လမ်းက ဆိုင်းခေါင်ဘက်သွားတဲ့ လမ်းဖြစ်တာပေါ့၊ TNLA စစ်ဝတ်စုံ နဲ့ လက်နက်အပြည့်အစုံ နဲ့ စောင့်ပြီး တောင်းကြတာ၊ တချို့ကလည်း စစ်ဝတ်စုံ မဝတ်ပဲနဲ့ လက်နက်ကိုင် ထားကြတယ်၊ အဲ့နေရာ နဲ့ မလှမ်းမကမ်းမှာက စစ်ကောင်စီ တပ်စခန်းတစ်ခု ရှိနေတယ်”ဟု ဒေသခံများက ပြောသည်။ အဆိုပါ လမ်းကြောင်းသည် ဆိုင်ကယ်များ၊ အိမ်စီးကားများ၊ ကုန်တင် ကားများ ဖြတ်သန်းသွားလာလေ့ရှိပြီး ဆိုင်ကယ်သမားမှ လွဲကာ ကျန်သည့် မော်တော်ယာဥ်များ ပါလာသည့် ကုန်ပစ္စည်း နှင့် ယာဥ်အမျိုးအစား အလိုက် ပိုက်ဆံတောင်း ကောက်ယူနေကြောင်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် TNLA တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း တစ်လျှောက် လှုပ်ရှားမှုများ ပိုမိုများပြားလာပြီး အခွန်တိုးကောက်မှုတွေလည်း ယခင်နှစ်တွေထက် ပိုမိုများပြား လာကြောင်း ဒေသခံများက ဆက်ပြောသည်။ “စစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက ဒီမြောက်ပိုင်းတစ်လျှောက်က လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး ကိုယ်စီ လှုပ်ရှားမှုတွေ ရှိပေမဲ့ TNLA က လှုပ်ရှားမှု ခပ်စိပ်စိပ် တွေ့ရတယ်။ ဒါကို ကြည့်ချင်းအားဖြင့် တအာင်းပြည်နယ် ဖွဲ့စည်း ရေးအတိုင်း နယ်မြေတွေမှာ လှုပ်ရှားမှုပြုလုပ်နေတာလို့ သုံးသပ်မိတယ်”ဟု ထုန့်မောဝ်ဒေသမှ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။ PSLF/ TNLA သည် မြန်မာစစ်တပ် နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မြောက်ပိုင်းမဟာမိတ်များ နည်းတူ တရုတ်ကိုယ်စားလှယ် နှင့် ယခုနှစ် အတွင်း တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ်ထက်မနည်း ရှိခဲ့သည်။ ယင်းကဲ့သို့ တရုတ်အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေးမှု အပြီး စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲများလည်း နည်းလာသည်။ https://burmese.shannews.org/archives/ 34849

၃၁။    NCA လုပ်ငန်းစဉ်များကို မူဘောင်အတိုင်း ဆက်လက် အကောင်အထည်ဖော်လို့ မရနိုင်သည့် အခြေအနေဖြစ်            နေဟု RCSS အကြံပေးပြောကြား
       May 18, 2023

NCA လုပ်ငန်းစဉ်များကို NCA မူဘောင်အတိုင်း ဆက်လက်အကောင်အထည်ဖော်လို့မရနိုင်သည့် အခြေအနေဖြစ်နေဟု ယမန်နေ့ မေလ ၁၇ ရက်နေ့ ချင်းမိုင်မြို့နယ်တွင် ပြုလုပ်သည့် NCA-S EAO (၇) ဖွဲ့ မျက်နှာစုံညီ အစည်းအဝေး၌ သဘာပတိအ ဖြစ် ဆောင်ရွက်ခဲ့သည့် RCSS အကြံပေး စဝ်ခွန်ဆိုင်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ကာ စစ်ကောင်စီမှ အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း အစည်းအဝေး၊ အလုပ်ရုံ ဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ NCA လုပ်ငန်းစဉ်များကို NCA မူဘောင်အတိုင်း ဆက်လက် အကောင်အထည် ဖော်လို့မရနိုင်သည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပေါ်လစီတွေ ချမှတ်ဖို့နဲ့ လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် အစည်းအဝေးများကျင်းပနိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပါတနာ ပြည့်ပြည့်စုံစုံ မရှိတော့ပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့လုပ်နိုင်တာ ဘာရှိမလဲ၊ ကျွန်တော်တို့ လုပ်နိုင်တာက NCA ထဲမှာပါတဲ့ ကျွန်တော်တို့အားလုံး ၀ိုင်းပြီး တော့မှ လက်မှတ်ထိုးထားတဲ့ အခြေခံမှုဖြစ်ပါတယ်” ဟု စဝ်ခွန်းဆိုင် က ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးပြသနာကို အင်အားနှင့်မဖြေရှင်းပဲ နိုင်ငံရေးနည်း၊ ငြိမ်းချမ်းရေးနည်းဖြင့် ဖြေရှင်းရန်၊ နံပါတ်နှစ် အနေ ဖြင့် သက်ဆိုင်ရာ stakeholders များပါဝင်ပြီး အဓိပ္ပာယ်ပြည့်၀သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ နံပါတ်သုံး အချက်သည် အရပ်သားကာကွယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီရနိုင်ရေးတို့ကို စွဲ့ကိုင်ပြီး လက်ရှိနိုင်ငံရေး အကျပ်အ တည်း ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ယင်းအပြင် လိုရာပန်းတိုင်ကို ချီတက်ရာ၌ အခက် အခဲများရှိကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်းများသည် ပြည်ထောင်စုအကျိုးနှင့် ပြည်သူထူထုတစ်ရပ်လုံးအတွက် လုပ်ဆောင် ရခြင်းဖြစ်ကြောင်း၊ လုပ်ဆောင်နေသည့် အလုပ်များသည် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးနှင့် ငြိမ်းချမ်း ရေးရရှိရန် ကိစ္စများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့လုပ်ဆောင်နေချိန်တွင် အလိုအပ်ဆုံးသည် ကိုယ်တိုင်ငြိမ်းချမ်းဖို့ဖြစ်ကြောင်း၊ ကိုယ်တိုင် မငြိမ်းချမ်းပါက ငြိမ်းချမ်းရေး လုပ်တယ်ဆိုရင်မဖြစ်နိုင်သည့် အလုပ်ပဲဆိုသည်ကို သိထားရမည်ဟု စဝ်ခွန်းဆိုင် က ဆက်လက်ပြောကြားသည်။ စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO ၇ ဖွဲ့၏ ထိကပ်သီးမျက်နှာစုံညီ အစည်း အဝေးကို (မေ ၁၇ ရက်) နှင့် ၁၈ ရက်များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်နေခြင်းဖြစ်သည်။ https://www.facebook.com/ photo/?fbid=218329614292749&set=a.121904670601911

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။