• Today is: Saturday, May 18, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 46, June 9, 2023)

၁။    မိုးဗြဲမြို့ကို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ဖို့ အပြိုင်ကြိုးစား
       June 8, 2023

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်နယ်စပ်မှာ တည်ရှိတဲ့ မိုးဗြဲမြို့ဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေအတွက် စစ်ရေးနဲ့ ကုန်သွယ်ရေး အခန်းကဏ္ဍတွေမှာ အရေးပါတဲ့ မြို့ဖြစ်တာကြောင့် မြို့ကို ထိန်းချုပ်နိုင်ဖို့ နှစ်ဘက်အပြိုင် ကြိုးစားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ “မရမက ကျနော်တို့တော့ တိုက်ယူရမှာပဲ ဆုံးရှုံးခံလို့မဖြစ်ဘူး။ မိုးဗြဲကို ဆုံးရှုံးခံ လို့မဖြစ်ဘူး။ ကျနော်တို့ကတော့ ဘယ်နည်းမဆို ရအောင်လုပ်မယ်။” လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ကျွဲချိုတပ်ခွဲ တာဝန်ခံ က ပြောပါတယ်။ မိုးဗြဲမြို့ဟာ ရှမ်းပြည်နယ် နယ်နိမိတ်အတွင်းမှာ တည်ရှိပြီး ကရင်နီပြည် ဒီးမော့ဆိုမြို့ ၊ လွိုင်ကော်မြို့ အတွက် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့အပြင် စစ်ကောင်စီရဲ့ တပ်မြို့ဖြစ်တဲ့ နေပြည်တော် နဲ့ ၆၅ မိုင်သာ ကွာဝေးတဲ့ အနေအထား ကြောင့် နှစ်ဘက်တပ်ဖွဲ့တွေအတွက် စစ်ရေးအရအရေးပါတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရှောင်ပြည်သူ တွေကို ရိက္ခာ ဖြတ်တောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ မိုးဗြဲကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ တဖက်မှာလည်း အဆိုပါ မိုးဗြဲလမ်းမကြီး လမ်းကြောင်းကိုအသုံး ပြုပြီး စစ်ကောင်စီဟာ အင်အားဖြည့်တင်းတာတွေ၊ လက်နက်ခဲယမ်းတင်ပို့ တာတွေ ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မိုးဗြဲမြို့ကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ် ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

“မိုးဗြဲက လွိုင်ကော်နဲ့ ဖယ်ခုံကြားလည်းဖြစ်တယ်။ ပြီးတော့ ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်တယ်ပေါ့။ ပြည်ထောင်စု လမ်းမကြီးလည်းဖြစ်တော့ အနောက်ဘက်တစ်ကြော ဒီးမော့ဆိုဖက်တစ်ကြောဆိုရင်လည်း အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်တယ်။ ဒီလမ်းကြောင်းသာပိတ်သွားမယ်ဆိုရင် ရှိနေတဲ့ ဒီးမော့ဆိုတို့ ဘာတို့ အ့ဖက်မှာ အခက်အခဲပိုများနိုင် တယ် ပေါ့။ အဲ့ဒါကြောင့် သူတို့ (စစ်ကောင်စီ) က ကုန်သွယ်ရေးလမ်းကြောင်းနဲ့ စားနပ်ရိက္ခာလမ်းကြောင်းပေါ့ အဓိက ပိတ်ဆို့ဖို့ သူတို့မှ ရည်ရွယ်ချက်ရှိလိမ့်မယ်လို့ထင်တယ်။ အဲ့ဒါကြောင့် ဒီနေ့အချိန်ထိ ထိုးဖို့ကြိုးစားနေတာပေါ့။” လို့ ကျွဲချိုတပ်ခွဲမှ တာဝန်ခံ တစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိ မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းသုံးကြောင်းထက်မက ရှိပြီး စစ်ကြောင်းတစ် ကြောင်းမှာ တပ်သားအနည်းဆုံး ၈၀ ဦးနဲ့ လှုပ်ရှားနေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။ အဆိုပါ စစ်ကြောင်းတွေမှာ မိုးဗြဲမြို့ နယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ ခလရ ၄၂၂ ၊ ပအို့ဝ် ပြည်သူ့စစ် PNO တပ်ဖွဲ့တွေနဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေ ပါဝင်တယ်လို့ အဆိုပါ တာဝန်ခံက ဆက်ပြောပါတယ်။ “နေပြည်တော်နဲ့ နီးတော့ သူတို့က (စစ်ကောင်စီ) စိုးရိမ်တဲ့အနေအထားမှာရှိတယ်။ နေပြည်တော်နဲ့ လမ်းပေါက်ဖို့နီးတော့ စိုးရိမ်တဲ့အနေအထား ရှိတော့ တပ်အင်အားဖြည့်ထားတာလည်းပါတယ်ပေါ့နော။ ဆက်လက်ပြီးတော့မှ သူတို့ကတော့ နေရာပြန်လည်ရရှိဖို့အတွက် စစ်တပ်အနေနဲ့ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်ရမှာပေါ့။ ကျနော်တို့နဲ့ PDF နဲ့ လူထုတွေနဲ့ တပ် မပြုတ်အောင်တော့ သူတို့ကြိုး စားပြီးတော့ တိုက်မှာပဲ။” လို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။ https: //www. kantarawaddytimes.org/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%

၂။    ဟားခါး-ထန်တလန်အကြားတိုက်ပွဲတွင် CAN နဲ့ CDF ရဲဘော် ၄‌ ဦး ကျဆုံး
      June 7, 2023

ဇွန်လ ၅ ရက်နေ့နဲ့ ဇွန်လ ၆ ရက်နေ့တွင်ဖြစ်ပွားသော ဟားခါး-ထန်တလန်အကြား သီမစ်လွင်ပြင်အနီးတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ရဲဘော် ၃ ဦးနဲ့ CDF-Zophei မှ ရဲဘော် ၁ ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေး ကျဆုံး သွားကြကြောင်း သိရပါတယ်။  ဇွန်လ ၅ ရက်နေ့တိုက်ပွဲတွင် CDF-Zophei တပ်ဖွဲ့ မှ ဆလိုင်းစတဲန်လီငွန်ထားကုန် ကျဆုံးသွားပါ တယ်။ ဇွန်လ ၆ ရက်နေ့တွင် CNA တပ်ဖွဲ့၀င်များဖြစ်ကြသော ဆလိုင်းငွန်ကျုံးလျန်၊ ဆလိုင်းဆန်ဘွေနဲ့ ဆလိုင်းနိုင် မနားထန်းတို့ ၃ ဦး ကျဆုံးသွားကြောင်းသိရပါတယ်။ ဇွန်လ ၅ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံမှသိရပါတယ်။ ကုန်းကြောင်း၊ လေကြောင်း နဲ့ ဟားခါးမှလက်နက်ကြီး ပစ်ကူများဖြင့် ဟားခါး – ထန်တလန်အကြားကို အပြင်းအထန်ထိုးစစ်ဆင်နေသော အကြမ်း ဖက် စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့နယ်ဖက်ကို ယနေ့ အချိန်ထိ ထိုးဖောက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=765296218936334&s et=pcb.765296638936292

၃။  နတ်သံကွင်းရဲစခန်းအပါအဝင် နေရာငါးခုကိုတစ်ရက်တည်းတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ၄၀ ကျော်       သေဆုံးကြောင်း ကေအဲန်ယူထုတ်ပြန်
     June 8, 2023

ကော်သူးလေ၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)၊ တပ်မဟာ ၃ နယ်မြေမှာ နတ်သံကွင်းရဲစခန်းအပါအဝင် နေရာ ငါးခုကို တိုက်ခိုက်ခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်က ၄၀ ကျော်သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ တပ်မဟာ ၃ ဟာ ပဲခူးတိုင်း(အရှေ့ခြမ်း) ကေအဲန်ယူအုပ်ချုပ်နယ်မြေဖြစ်ပါတယ်။ တပ်မဟာ (၃)၊ မူးနဲ့ လယ်ဒိုမြို့နယ်တွေက ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိ ရဲ၊ စစ်တပ် ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက် ကင်း)၊ ဘုံသတောစခန်းတွေကို ဇွန် ၆ ရက် တစ်ရက်တည်းမှာ တိုက်ခိုက်ခဲ့တာပါ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) နဲ့ တပ်မဟာ ၃ လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ် ရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းထောက်ပို့လမ်းကြောင်းတွေပေါ်က တံတားတွေဖြစ်တဲ့ နတ်သံကွင်းတံတား၊ အုန်းနဲပင်-နယွဲပင်ကြား တံတားနဲ့ သာစည်-တာဆုံကြားတံတားတွေကိုလည်း ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လေးဦးကျဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကာ အာဏာသိမ်းစစ်တပ် ဘက်က လက်နက်ငယ်တွေတချို့နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီနေ့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူတွေနေထိုင်ရာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ လက်နက်ကြီးတွေနဲ့လည်း ခုအချိန်ထိ ပစ်ခတ်နေသေးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ လတ်တလောမှာ ကျေးရွာ ဆယ်ရွာက ‌ဒေသခံ ၄,၅၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ https://www.facebook.com /mawkunmagazin e/photos/pcb.6194123870700453/6194112887368218/

၄။    ကျောက်ကြီးတွင် စစ်သား ၄၀ ဦးသေဆုံးခဲ့သော နတ်သံကွင်းတိုက်ပွဲအပြီး ပြည်သူများကို စစ်တပ်က အတင်း             အကျပ် ပြောင်းရွှေ့ခိုင်း၊ စစ်ဘေးရှောင် ၅၀၀၀ နီးပါး ထွက်ပြေးနေရ
       June 8, 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်သား ၄၀ ဦးသေဆုံးခဲ့သော နတ်သံကွင်းတိုက်ပွဲများအပြီး ပြည်သူများကို စစ်တပ် က အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေပြီး စစ်ဘေးရှောင် ၅၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း KNU က တရားဝင်သတင်းထုတ်ပြန်သည်။ ဇွန်လ ၆ ရက် နံနက် ၄ နာရီခန့်မှ ၇ နာရီအချိန် စစ်တပ်များ တပ်စွဲထားသော ရေတွင်းကုန်းလမ်း ခွဲကင်းစခန်း၊ နတ်သံ ကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတား ထိပ်ရှိ ရဲနှင့် ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်၊ ပြည်သူ့စစ်ပူးပေါင်း တပ် စခန်း (တံတားအနောက်ကင်း) နှင့် (၅) ဘုံသတောစခန်းတို့ကို KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တောင်းမြစ်ကူး နတ်သံကွင်း တံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတားနှင့် သာစည်နှင့်တာဆုံ ကြားရှိ တံတားတို့ကို မိုင်းခွဲခဲ့ကြောင်း သိရှိရသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် ယမန်နေ့ ဇွန်လ ၇ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် နတ်သံကွင်းတံ တားနှင့် နတ်သံကွင်းမြို့ မရဲ စခန်းတွင် စစ်တပ်က  ပြည်လည်ဝင်ရောက်တပ်စွဲခဲ့ပြီး  တံတားနှင့် ရဲစခန်းအနီးရှိ နတ်သံကွင်း ၂ ရပ်ကွက်၊ ၃ ရပ် ကွက် ၊ ၆ ရပ်ကွက်အတွင်းရှိ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိသော ပြည်သူလူထုများကို ရပ်ကွက်များအတွင်းမှ အတင် းအဓမ္မရွှေ့ပြောင်း စေခဲ့ ခိုင်းခဲ့ကြောင်း၊ ထို့ပြင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများ အတွင်းသို့ ယခုအချိန်အထိ လက်နက်ကြီးများကို အဆက်မပြတ်ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။ နတ်သံကွင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊  တော်လှန်ရေးရဲဘော်  ၄ ဦး အသက်ပေးလှူခဲ့ ရကာ ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက် များလည်း သိမ်းဆည်းရမိကြောင်း သိရှိရသည်။ စစ်တပ်က နတ်သံကွင်းတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု ၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်း လေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စသည့်ကျေးရွာများမှ ပြည်သူ စုစုပေါင်း ၄၅၀၈ ဦး အသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရှိရသည်။ https://www.facebook.c om/photo/?fbid=609794074581536&set=pcb.609794211248189

၅။   သိန္နီက အမျိုးသား ၂ ဦး ဆယ်ရက်ကျော်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံး
      June 8, 2023

ရှမ်းမြောက် သိန္နီမြို့နယ် ဟိုသာရွာက အမျိုးသား ၂ ဦး လားရှိုးဘက် ငွေယူဖို့ သွားရာကနေ ဆယ်ရက်ကျော်ကြာ အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အိုက်လောခေါ် စိုင်းဟန်ဖ (၂၀ နှစ်ဝန်း ကျင်)နဲ့ စိုင်းဟန်လင်းခေါ် အိုက်သား (၁၉ နှစ်)တို့ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်က သိန္နီမြို့နယ် ဟိုသာရွာကနေ လားရှိုး ဘက်သို့ ကားနဲ့ သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မေလ ၂၁ ရက် ည ၈ နာရီခွဲမှာ ၎င်းတို့ကို ဖုန်းခေါ်တဲ့အချိန် သိန္နီဘက် ပြန်တက်လာ ပြီလို့ပြောပြီး နောက်ဆုံးအကြိမ် ဖုန်းခေါ်လို့ရတာလို့ စိုင်းဟန်လင်းရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။

“အဲည ၈ နာရီခွဲလောက် ကျနော် သူတို့ဆီ ဖုန်းဆက်တော့ သူတို့ကိုင်တယ်။ သိန္နီ ပြန်တက်လာပြီလို့ ကျနော့်ကို အဲလိုဘဲ ပြောတာ။ အမှန်တိုင်း မပြောလို့လား မသိဘူး။ ကျနော်လည်း သူတို့ဆင်းသွားတာ ဘာသွားလုပ်မလဲ မသိဘူး။ ပိုက်ဆံသွားယူပြီး ရင်ပြန်တက်လာမယ်လို့ဘဲ ပြောတာ” နောက်ဆုံးရတဲ့ သတင်းအရ ၎င်းအမျိုးသား ၂ ဦးဟာ မေလ ၂၁ ရက်က လားရှိုးမြို့ ရပ်ကွက် ၅ မှာ မုန့်စားပြီးအပြန် သူငယ်ချင်းတွေနဲ့ ​အ​ပြင်ဘက် ပြန်လိုက်သွားတယ်လို့ ဆိုပါတယ်။ ၎င်းတို့ရဲ့ မိသားစုဝင်တွေက စိတ်ပူနေတာကြောင့် တွေ့ရှိခဲ့ပါက ဖုန်း 09-784 784 014 သို့ ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။ https://www.facebook.com/photo?fbid=580551784252090&set=pcb. 580551827585419

၆။    မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်သုံးခုမှ လိုင်စင်မဲ့ကားများအား ဖမ်းဆီးနေ
       June 8, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်သုံးခုကနေ လိုင်စင်မဲ့ကားတွေကို ဇွန်လ ပထမ ပတ်ကနေစပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကာမိုင်းမြို့က ဂိတ်အပြင် နန့်ယားဂိတ်နဲ့ ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ်စတဲ့ဂိတ်သုံးခုမှာ ယာဉ်မောင်းလိုင်စင် မပြနိုင်တဲ့ကားတွေ၊ ယာဉ်လိုင်စင်မရှိတဲ့ကားတွေ အားလုံး ကို ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ နန့်ယားဂိတ်မှာလည်း လက်ရှိ ဖမ်းဆီးထားတဲ့ ကားအစီးရေ ၂၀ ထက်မနည်းရှိနေ ပြီလို့ခရီးသွားပြည်သူတစ်ဦးက အခုလိုပြောပါတယ်။ “ဂိတ်မှာ ဖားကန့်ဘက်တက်တဲ့ လိုင်စင်မဲ့ကားဆိုဖမ်းတယ်။ ပြန်လွှတ်လား မလွှတ်ဘူးလားတော့မသိဘူး”လို့ အထက်ပါခရီးသွားပြည်သူကပြောပါတယ်။ နန့်ယားကျေးရွာ က စစ်ကောင်စီတပ်ရင်းမှူး ကနေ ဘာသာရေးနဲ့ ပတ်သက်တဲ့ ကားတွေကိုတော့ ဖမ်းဆီးတာမျိုး မလုပ်ဘူးလို့ ပြောဆိုမှုတွေ ရှိတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် မနေ့ကဖားကန့်မြို့ အဝင် လယ်ပြင်ဂိတ်ကနေ ဖြတ်သွားတဲ့အချိန် ကားအစီး ၃၀ ထက်မနည်း ဖမ်းဆီးခံထားရ တာကို တွေ့ခဲ့မိတယ်လို့လည်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ကာမိုင်းမြို့ လမ်းဆုံဂိတ်မှာလည်း ယာဉ် မောင်းလိုင်စင်နဲ့ လိုင်စင်မဲ့ကားတွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေပြီး လက်ရှိလိုင်စင်မဲ့ကား ၁၀ စီးထက်မနည်း ဖမ်းခံ ထားရတယ်လို့ ကာမိုင်းဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို ကျောက်စိမ်းရွှေစတဲ့ သတ္တုတူးဖော်သူတွေ ၊ ဥပဒေနဲ့မလွတ်ကင်းသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေ၊ လုယက် မှုကျူးလွန်သူတွေ၊ သစ်မှော်ခိုလုပ်ငန်းလုပ်ကိုင်သူတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ စတဲ့အဖွဲ့အစည်းတွေကနေ ဝယ်အသုံးပြုနေတာကြောင့် ရန်ကုန်-မန္တလေး အပါအဝင်မြို့ကြီးတွေမှာ လိုင်စင်မဲ့ကားတွေကို စီမံချက်ချ ဖမ်းဆီးနိုင်ရေး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက မေလ ၁၀ ရက်နေ့ရက်စွဲနဲ့ တင်ပြထားတဲ့စာလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ရှိရပါတယ်။ https://www.facebook.com/myitkyinanews journal.mm/photos/a.182072622159000/1910200539 346191/

၇။    လောက်ကိုင်မှာ စစ်ကောင်စီက အင်အား ဆက်ဖြည့်နေပြီး စစ်ရေး တင်းမာနေ
       June 8, 2023

ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် ရှိရှမ်းဒေသကို စစ်ကောင်စီက အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောပါတယ်။ ဇွန်လ ၇ ရက် မနက် ၁၁ နာရီကျော်က စစ်ကောင်စီတပ် ဖွဲ့ယာဉ်တန်း ၂၀ ကျော်က လောက်ကိုင်မြို့ အနောက်မြောက်ဘက်က ရှိရှမ်းဒေသ တာရွှေထန်ကျေးရွာ အုပ်စုထဲ အင်အားထပ်ဖြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ တာရွှေထန်ကျေးရွာအုပ်စုထဲ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နဲ့ ၅ ရက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် MNDAA နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ကျော်သေဆုံးခဲ့သလို လက်နက်အချို့ကိုလည်းသိမ်းဆည်းရမိကြောင်း MNDAA ဘက်ကထုတ်ပြန်ထားပါတယ်။ ယာဉ်တန်း ၂၀ ကျော်ထဲမှာ လူအင်အား အပြင် စစ်လက်နက်တွေလည်း ပါဝင်နိုင်တယ်လို့ MNDAA ဘက်က ယူဆထားပါတယ်။ “မြေပြင်မှာ စစ်ရေးကတင်းမာဆဲပါ။ မနေ့ကတော့တိုက်ပွဲထပ်ဖြစ်ပွားတာမရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေတာဘဲ။ လူအင် အားဘယ်လောက်ပါလာလဲတော့ အသေးစိတ် မသိရှိရသေးဘူး” လို့ MNDAA ရဲ့ သတင်းမီဒီယာ ဖြေကြားခွင့်ရှိသူက ဦးရန်နိုင်က ပြောပါတယ်။

ရှမ်းဒေသ တာရွှေထန်ကျေးရွာအုပ်စုထဲ စစ်ကောင်စီ တပ်စခန်းတစ်ခု တည်ရှိပြီး MNDAA ရဲ့ တပ်မဟာ (၅၁၁)ကလည်း အဲဒီဒေသတွေမှာ သွားလာလှုပ်ရှားနေသလို တပ်စခန်းတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က လည်း လားရှိုးမြို့ရှိ စစ်တပ်စခန်၊ ရဲစခန်းတွေကို MNDAA နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားနဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ် တပ်မဟာ (၆၁၁)က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့လည်း ဦးရန်နိုင်က အတည်ပြု ပြောဆိုထားပါတယ်။ https://w ww.facebook.com/photo/?fbid=581188367521765 &set=a.404503215190282

၈။   ချင်းပြည်နယ်သို့ ဒေသခံမဟုတ်သူများ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဟု CNF ကြေညာ
      June 8, 2023

ချင်းပြည်နယ်အတွင်းသို့ ဒေသခံမဟုတ်သည့် ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကိုတားမြစ်ပြီး အရေးကြီးကိစ္စ လာ ရောက်ရန်ရှိပါက သက်ဆိုင်ရာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ၏ ထောက်ခံ စာ ဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ လတ်တ လော၌ စစ်ကောင်စီသည် ချင်းပြည်နယ်အတွင်းသို့ အများပြည်သူခရီးသွားယာဉ်များ အသုံးပြုကာ အရပ်ဝတ်များဖြင့် ဝင်ရောက် ပြီး စစ်ရေးဆိုင်ရာအင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့်အတွက် အများပြည်သူခရီးသွားယာဉ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင် (သို့) လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်းနှင့် သတိပေးထုတ်ပြန်ချက်ပါ အချက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း CNF က ပြောထားသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဇွန်လဆန်းမှစတင်ပြီး ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှထန်တလန်မြို့ ဘက် သို့ စစ်ကြောင်းထိုးလှုပ်ရှားလာမှုရှိရာ သီမစ်ချောင်းပတ်ဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု များပြားခဲ့သည်။ စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ ထန်တလန်မြို့ နယ်အား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်နေမှုများသည် ချင်းအမျိုးသားတပ်ဦးဌာနချုပ်၊ ဗစ်တိုးရီး ယားစခန်းအား စစ်ဆင်ရေးလုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောဆိုထား သည်။ https://www.facebook.com/photo?fbid=641453091361215&set= a.600722605434264

၉။    နိုင်ငံတကာ ကူညီကယ်ဆယ်ရေးများနှင့် လူမှုအဖွဲ့အစည်းများအားလုံးကို ရခိုင်ပြည်အတွင်း သွားလာခွင့်နှင့် ကူညီ         ခွင့် စစ်ကောင်စီ ရပ်ဆိုင်း
June 8, 2023

နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအား လုံးကို ဇွန် ၈ ရက်နေ့မှ စ၍ သွားလာခွင့်များနှင့် ကူညီခွင့်များအားကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ ပြောဆိုချက်အရသိရသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီ မှ အဖွဲ့သို့ ရည်ညွှန်းပါစာများဖြင့် ဆောင်ရွက်ရန်ခွင့်ပြုထားရှိသော ခရီးသွားလာခွင့်များအား ဇွန် ၇ ရက်နေ့မှစ၍ ရပ်ဆိုင်းထား ရန် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။ မိတ္တူကို တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲ ရေးအဖွဲ့မှူးရုံး (ကျီးကန်းပြင်)၊ မောင်တောမြို့ တပ်ဖွဲ့ခွဲမှူး၊ သတင်းရဲတပ်ဖွဲ့၊အမှတ် (၁၂) တပ်ဖွဲ့ခွဲမှူးရုံး၊ စစ်တွေမြို့ ကွပ်ကဲရေး မှူး၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ စစ်တွေမြို့ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (စစ်တွေ၊ အမ်း) စသည်များ ပါရှိ သည်။ ယခု ဇွန် ၈ ရက်နေ့မှ စ၍ သွားလာခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်အတွင်း လူမှုကယ်ဆယ် ရေးအဖွဲ့များအား အကြောင်းကြားလာကြောင်း အမည်မဖော်လိုသည့် ရခိုင်မှ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်သူ တစ်ဦးက ပြောသည်။

“ICRC တို့ ပြီးတော့ WFP တို့ရယ်၊ ရခိုင်မှာ ရှိတဲ့ လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးပါတယ်။ ဒီနေ့ စပြီး ဌာနဆိုင်ရာတွေကို ဖုန်းဆက်လာပါတယ်။ ကျနော်တို့အပါအဝင်ပေါ့လေ။ ထွေအုပ်ကတစ်ဆင့် ဖုန်းဆက်ပါတယ်။ သွားလာခွင့် တွေမပြုတော့ဘူး။ ကူညီကယ်ဆယ်ခွင့်တွေ မပေးတော့ဘူးဆိုပြီးတော့ ပြောပါတယ် “ဟုပြောသည်။ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း မွတ်ဆလင်များ အပါအဝင် ဒေသခံပြည်သူ သေဆုံးသူ ၁၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ပျောက်ဆုံးသူ ၃ ဦးရှိသည့်အပြင် လူ တစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့၍ လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန် ထားသည်။ ယင်းကဲ့သို့ စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရခိုင်မှ လူမှု ကယ်ဆယ်ရေးအဖွဲ့များ သွားလာခွင့်ကို ပိတ်ပင်လိုက်ခြင်းသည် ရခိုင်ပြည်သူများအဖိုးများ များစွာ ဒုက္ခရောက်နိုင်ကြောင်း နောက်ထပ် လူမှုအဖွဲ့အစည်းတစ်ခု၏ ခေါင်း ဆောင်တစ်ဦးက ပြောဆိုသည်။ အမည်မဖော်လိုသည့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက သွားလာခွင့်တွေ ပေးထားတာပေါ့။ ဒါကို အခု ရပ်ဖို့အတွက် နေပြည်တော်က တိုက်ရိုက်ညွှန်ကြားတဲ့စာဖြစ်တယ်။ မနေ့ကစပြီးတော့ အဖွဲ့အစည်းတွေကို ရပ်ဆိုင်းထားဖို့ ဖုန်းဆက်ပြော နေတာပေါ့ ။ ခရီးသွားလာခွင့်မပေးရင် ကူညီကယ်ဆယ်လို့ မရတော့ဘူးပေါ့”ဟုပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ် ပြောခွင့်ရ  ဦးလှသိန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက် ခံ ဖြေဆိုခြင်းမရှိခဲ့ပေ။ https://www.facebook.com/westernnewsagency/photos/a.119286173211229/7 75609600912

၁၀။    ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုရှိ
         June 8, 2023

ကရင်နီပြည်က စစ်မက်ဖြစ်ပွားရာဒေသတွေမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မွေးကင်းစကလေးနဲ့ မိခင် တွေအပြင် ကလေးငယ်တွေဟာ ဆေးဝါးမလုံလောက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ခံရမှု မရှိတာတွေကြောင့် သေဆုံးနေတာ တွေရှိနေတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ တွဲဖက်အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောပါတယ်။ “အာဏာ သိမ်းပြီးနောက်မှာ ဒီလိုစောင့်ရှောက်ဖို့အတွက်ကလည်း အဲလောက်ထိ ရှိမနေဘူး။ ကလေးနဲ့ မိခင်အတွက် အာဟာရဖြစ်စေတဲ့ ကျန်းမာစေတဲ့ ဆေးဝါးက လုံလုံလောက်လောက်မရှိဘူး။ ပြီးတော့ တစ်နေရာနဲ့တစ်နေရာ ရွေ့ပြောင်းပြီး ပြေးလွှားနေရတဲ့ အနေအထားမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ကလေးပျက်ကျတာများသလို ကလေးတွေ ဗိုက်ထဲမှာ သေဆုံးတာလည်းရှိ သလို ကလေးလမစေ့ဘဲနဲ့ မွေးဖွားပြီးတော့ ကလေးသေဆုံးတာ ကလေးမွေးဖွားပြီးတော့မှ မိခင်သေဆုံးမှုကလည်း အများကြီးရှိ တယ်ပေါ့နော။” လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ တွဲဖက်အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောပါတယ်။ အာဏာ သိမ်းပြီးနောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားလိုက်ရတဲ့ အပြင် စစ်ရှောင်စခန်းနဲ့ ကျေးလက်ဒေသတွေမှာ ဖွင့်လှစ်တဲ့ ဆေးခန်းမှာလည်း ဆေးဝါးလုံလောက်မှုမရှိပါဘူး။ ဒါ့အပြင် ကလေး နဲ့ မိခင်အတွက် အာဟာရဖြစ်စေမယ့် ဖြည့်စွက်စာတွေကို လုံလုံလောက်လောက် မပေးနိုင်တော့တာကလည်း အခက်အခဲတစ်ခု ဖြစ်လာတယ်လို့ မူအန်းဂျလာက ဆက်ပြောပါတယ်။

အာဏာသိမ်းမှုအပြီး ၂နှစ်အတွင်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဆေးရုံ၊ဆေးခန်းမရှိတဲ့ ကျေးရွာတွေက အသက် ၂ နှစ်အောက် ကလေးငယ် ၈ ဦးဟာ ဆေးကုသမှု မရရှိတာအပြင်၊ အချိန်မီဆေးကုသမှု မပေးနိုင်ခဲ့တဲ့အတွက် သေဆုံးတဲ့ ဖြစ်စဉ်တွေရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ မမေရီက ပြောပါတယ်။ “ကလေးက ဝမ်းလျောအန်တယ်ပေါ့နော။ ကလေးက နောက်တစ်ရက်နှစ်ရက် မသက်သာမှပဲ ဆေးသွားကုမယ်ပေါ့။ နောက်ရက် သွားတဲ့အချိန်မှာ သူ့ကလေးက ဆေးရုံရောက်တဲ့အချိန်မှာ မမီတော့ဘူး ဆုံးသွားတယ်ပေါ့နော။” လို့ သေးဆုံးသွားတဲ့ ကလေး ငယ် တစ်ဦးရဲ့ ဖြစ်စဉ်ကို စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ မမေရီက ပြောပြသွားတာပါ။ ဒါ့အပြင် လမ်းပန်းဆက်သွယ် ရေး ခက်ခဲမှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လက်သည်နဲ့ပဲ မွေးဖွားခဲ့ရပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုမရရှိခဲ့ဘူးလို့ မူအန်းဂျလာက ဆက်ပြောပါတယ်။ အထူးသဖြင့် မိခင်နဲ့ကလေးသေဆုံးမှုတွေက ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ ဖရူဆိုမြို့၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့က ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဖြစ်ပွားရာ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် လက်လှမ်းမမှီတော့ သလို ဆေးဝါးလိုအပ်ချက်လည်း ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%bb%e1%80%94%e1%80% 

၁၁။   ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်း          ကို အသုံးမပြုရန်ထုတ်ပြန်
       June 8, 2023

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ မင်းတပ်မြို့နယ်ဖက်သို့ အင်းအား (၁၂၀) ခန့် ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် CDF-Matupi တို့သည် ဇွန်လ ၆ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ကြပြီး ပြည်သူများအနေဖြင့် မင်းတပ်-မတူပီလမ်းအား အသုံးမပြုကြရန် CDF-Matupi ကထုန်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ သည် ဇွန်လ ၆ ရက်နေ့မနက်ပိုင်းတွင် မင်းတပ်-မတူပီလမ်းမကြီး  အောက်ဘက်ရှိ ရမ်တိန်း ကျေး ရွာဟောင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ရွာအတွင်းဝင် ရောက်စီးနင်ခဲ့ပြီး CDF-Matupi တပ်ဖွဲ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ကို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့များသည် ရမ်တိန်း ကျေးရွာအထက် ၂ မိုင်အကွာသို့ စစ်ကြောင်း ဆုတ်ခွာစခန်းချခဲ့ကြသည်ဟု CDF-Matupi ကဆိုသည်။

CDF-Matupi ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်က “သူတို့က လမ်းမကြီးအတိုင်းမဟုတ်မဟုတ်ပဲနဲ့တောဖက် ကနေလာ တော့ ကျွန်တော်တို့က နည်းလမ်းပေါင်းစုံသုံးပြီး သူတို့လာနိုင်တဲ့နေရာတွေ၊ သူတို့ရှိမယ့်နေရာတွေကို လှမ်းပစ်တာ၊ လက်ဦးတာ က ကျွန်တောတို့။ ထိတွေ့တယ်ဆိုတာက အနီးကပ်ထိတွေ့တာ မဟုတ်ဘူး၊ ကျွန်တော်တို့ဒီဖက် ရှိပါတယ်ဆိုတဲ့ဟာမျိုးကို လုပ် ထားတယ်။ ကျွန်တော်တို့ ကောင်းကောင်း ပြန်ဆုတ်နိုင်ခဲ့တယ်။ သူတို့ဖက်က အထိအခိုက်ရှိတယ်လားဆိုတာ အခုချိန်ထိ အတည်ပြုလို့မရသေးဘူး။”ဟုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသော ကြောင့် မတူပီမြို့နယ်ထဲက ခြန်ပြန်၊ ရမ်တိန်း၊ မွှန်တုန်း ကျေးရွာတို့မှ ဒေသခံပြည်သူ ၆၀ ကျော်တို့သည် ကျေးရွာတွင်မနေရဲကြသောကြောင့် ချင်းလူမှုစောင့်ရှောက် ရေးအသင်း (CCA) နှင့် ကျေးရွာ IDP ကော်မတီအဖွဲ့တို့မှ လုံခြုံသည့်နေရာများတွင် ပြောင်းရွေ့ပေးခဲ့ကြသည်ဟု သိရသည်။ တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် မတူပီ-မင်းတပ်လမ်းဖြင့် ခရီးထွက်ခြင်းများမပြု လုပ်ကြရန် CDF-Matupi က အသိပေးထုတ်ပြန်ထားသည်။ https://www.facebook.com/KhonumthungBurmese/photos/pcb.344231607936 9743/3442316006036417/

၁၂။   ဖားကန့်တွင် PDF ထောက်ပို့ဟုဆိုကာ အမျိုးသား ၃ ဦးအား စစ်ကောင်စီဖမ်းဆီး
       June 8, 2023

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ် မော်တောင်း‌ကျေးရွာမှာ PDF ထောက်ပို့လို့ဆိုပြီး အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က လောက်က ဖမ်းဆီးခံ လိုက်ရတာဖြစ်ပြီး ဖမ်းဆီးတဲ့အချိန် စစ်ကောင်စီက သေနတ်ပစ်ဖောက်တာလည်းရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  “သူတို့သတင်းကြားလို့ တစ်ခါတည်းလိုက်သွားပြီးဖမ်းတာပေါ့။ ကားလည်းပါသွားတယ်။”လို့ ဒေသခံကဆိုပါတယ်။  စစ်ကောင်စီ က လက်နက်အပြည့်အစုံနဲ့ ကင်းပတ်နေရင်း အဲဒီသုံးဦးကို PDF ထောက်ပို့လို့ ယူဆပြီး ရှေ့နောက်ပိတ်ပြီး ဖမ်းသွားတယ်လို့ ကြားသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။ “ရှေ့နောက် ညှပ်ပြီးတော့ဖမ်းတာ။ ကားပေါ်က ဆင်း သေနတ်တွေနဲ့ချိန်ပြီးတော့ ဖမ်းတာပေါ့။ တစ်ယောက်က ထွက်ပြေးမယ်လုပ်တော့ အဲဒီတစ်ယောက်ကို ပစ်ဖမ်းတယ်ပြော တယ်။” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးဟာ မော်တောင်းကျေးရွာက ဦးသိန်းသိန်း၊ အေးမြသာယာက ဦးမောင်အေးနဲ့ ရှရော်ခ ကျေးရွာက ဦးမြင့်လွင် တို့ဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတဲ့အချိန် ဦးမောင်အေးက သေနတ်ကျည်ထိတယ်လို့ သိရပြီး  စစ်ကောင်စီက ကားနောက်ဖုံးထဲ ထည့်ခေါ်သွားတယ်လို့ သိရကြောင်း နောက်ထပ် ဖားကန့် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရလည်း သိရပါတယ်။ အဲဒီအမျိုးသား ၃ ဦးဟာ ကားနဲ့တကွ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဘယ်နေ ရာကို ဖမ်းဆီးသွားတယ်ဆိုတာတော့မသိရသေးသလို ဖမ်းဆီးသွားတဲ့နောက် မော်တောင်းကျေးရွာမှာရှိတဲ့ ဦးသိန်းသိန်း ရဲ့ နေအိမ်က ပစ္စည်းတွေကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဝင်ရောက်သိမ်းဆည်းတာလည်း ရှိခဲ့တယ်လို့လည်း သိရ ပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm/ph otos/a.182072622159000/1910463455986566/

၁၃။   နေရပ်ပြန် မလိဆွတ်ယန်ကျေးရွာတွင် စာသင်ကျောင်းမဖွင့်နိုင်သဖြင့် မူလစစ်ရှောင်စခန်းသို့ ပြန်ရန် ဆုံးဖြတ်
        June 9, 2023

မြစ်ကြီးနား–ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန်နေရပ်ပြန်ကျေးရွာတွင် စာသင်ကျောင်းမရှိသေးသောကြောင့် ကျောင်း သား ရှိသော အိမ်ထောင်စုများသည် မူလစစ်ရှောင်စခန်းဖြစ်သည့် မြစ်ကြီးနား စီတာပူစစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ကြ မည်ဖြစ်ကြောင်းသိရသည်။ မလိဆွတ်ဒေသခံပြည်သူများသည် ဆယ်စုနှစ်တစ်စုကြာ မြစ်ကြီးနားမြို့ စီတာပူ KBC စစ်ရှောင် စခန်းတွင် စစ်ဘေးရှောင် နေရာကနေ ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် နေရပ်ပြန်ခဲ့သည်။ သို့သော် ပြန်လည်ထူထောင်ရေး ကာလဖြစ်သည့်အတွက် ကလေးများစာသင်ကြားနိုင်ရေး စာသင်ကျောင်းဆောက်လုပ်နိုင်ခြင်း မရှိသေးသောကြောင့် မူလ စစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ရာ တာဝန်ရှိသူများမှ သဘော တူခဲ့သည်ဟု မလိဆွတ်ယန် ဒေသခံတစ်ဦးက ပြောသည်။ “ဒီမှာ မူလတန်းခမူကြိုတွေလည်းပြန်ဖွင့်ရအောင်ဆိုပြီး အစိုးရကျောင်းလို မဟုတ်ရင်တောင် အသင်းတော်ကနေ တစ်နိုင်တစ်ပိုင် လုပ်ရအောင်ဆိုပြီး အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပေမဲ့ အိမ်တွေတောင်မှ မရှိသေးတာ ကျောင်း ပြန်ဆောက်ဖို့ ကူညီမဲ့သူတွေလည်း မရှိဘူးလေ၊ ဆရာမတွေလည်း မရှိတဲ့အတွက် နဂိုစစ်ရှောင်စခန်းမှာ ပြန်နေကြဖို့ဖြစ်လာ တာ”ဟုပြောသည်။ သို့သော်လည်း ကျောင်းသားရှိသည့် မိသားစုများသာ လာရောက်နေထိုင်ရန်ဖြစ်ပြီး ကျောင်းသား ၅၀ ဝန်း ကျင်ရှိကြောင်း သိရသည်။

“ဟိုမှာက ကျွန်မတို့ အိမ်တွေလည်း မရှိသေးတော့ ပိုခက်တာပေါ့၊ အခုထိ မိုးကားတွေ အုပ်ပြီးနေတာ ကျွန်မတို့ကို ဘယ်အချိန်မှာများ လာလုပ်ပေးမလဲ၊ ကျောင်းတွေပြန်ဆောက်ပေးမလဲ၊ ဖွင့်ပေးမလဲဆိုပြီးစောင့်နေကြတာ၊ ဆရာမတွေလည်း မရှိ၊ ကျောင်းဖွင့်ချိန်နီးလာတဲ့အထိဘာမှ မလုပ်ပေးတော့ ဒီကိုဘဲပြန်လာနေတာကောင်းတယ်ဆိုပြီး လာခဲ့ကြတာ”ဟု စစ်ရှောင် မိခင်တစ်ဦးက ပြောသည်။ ကျောင်းသားမရှိသော အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၁၀၀ ခန့်သည် ကျေးရွာအတွင်း လယ်ယာစိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်စားသောက်ရင်း နေထိုင်လျက်ရှိကြောင်း သိရသည်။ မလိဆွတ်ယန် စစ်ရှောင်ပြည်သူများသည် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် စီတာပူ KBC စစ်ရှောင်စခန်းသို့ စတင်ခိုလှုံလာရာမှာ ၁၀ နှစ်ကျော်ကြာ ၂၀၂၃ခုနှစ် ဧပြီ ၂၄ တွင် နေရပ်ပြန်ခဲခြင်း ဖြစ်သည်။ https://burmese.kachinnews.com/2023/06/09/bb1-25/

၁၄။   တနင်္သာရီတွင် စစ်ရှောင်ဒေသခံများ ရွာထဲသို့ ခေတ္တ ပြန်လာချိန် စစ်ကောင်စီက ဖမ်းဆီးထား
        June 8, 2023

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင်တိုက်ပွဲကြောင့်နေအိမ်စွန့်ခွါတိမ်းရှောင်နေရသည့် ဒေသခံအချို့ရွာထဲသို့ ခေတ္တပြန်လာ စဉ် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။ ဇွန်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုက်စုရှိ ညောင်ပင်ကုန်း ရွာထဲသို့ ဝင်ရောက်လာသော ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။ နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “မနေ့က အဲ့ရွာဖက်မှာ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး။ ရွာသားတွေ ခဏသွားတဲ့ အချိန်မှာ စစ်တပ်နဲ့ တိုးပြီး ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခြင်း ခံရသူများထဲတွင် ညောင်ပင်ကုန်း ရွာက စစ်ဘေးရှောင် ၉ ဦး အနက် အမျိုးသမီး ၄ ဦးမှာ ပြန်လည် လွတ်ပေးခဲ့ပြီးနောက် အမျိုးသား ၅ ဦးကို တနင်္သာရီ အခြေစိုက် ခမရ (၅၅၆) နှင့် အမြောက်တပ် အမတ (၃၀၆) တို့တွင် ဖမ်းဆီးထားကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။ “အခု စစ်တပ်က ဖမ်းဆီးထားတဲ့ အထဲက အမျိုးသား ၅ ယောက်ကတော့ ပြန်မလွတ်ပေးသေးဘူးလို့ သိရတယ် “ဟု အမည် မဖော်လိုသည့် စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များသည် ယင်းကျေးရွာတွင် တိုက်ပွဲ ငြိမ်သက်နေချိန် ရွာထဲရှိ နေအိမ်ကိုပြန် လာစဉ် စစ်ကောင်စီတပ်နှင့် လမ်းတွင်တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာ အုပ်စုရှိ ဘန်းလမွတ်၊ ကမ်းတိုး၊ ရမ်းဖို၊ ချောင်းညီကိုနှင့် ညောင်ပင်ကုန်းရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့ကမကြာခဏ စစ်ကြောင်း ထိုးဝင်ရောက်နေမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံများစစ်ရှောင်နေရသည့် ရွာများဖြစ်သည်။ တနင်္သာရီ မြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော ဒေသလည်းဖြစ်သည်။ https://www.facebook.com/w esternnewsagency/photos/pcb.77556709424979 7/775566734249833/

၁၅။    ဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ ဖျားနာမှုအဖြစ်များ၊ ဆေးဝါးနဲ့ ဆေးကုသမှုလိုအပ်နေ
        June 7, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာ တစ်ရွာမှာ ဖျားနာမှုတွေဖြစ်နေပြီး အိမ်တိုင်းနီးပါး ဖျားနာနေ ကြတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာကိုက်ခဲပြီး အော့အန်တာတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ် က စတင်ဖြစ်ပွားတာဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် ကူးစက်တာရှိနေတယ်လို့ သိရပါတယ်။ တချို့‌‌သက်ကြီးပိုင်းကို ဆေး ကုသမှုတွေပြုလုပ်ပေးပေမဲ့ မသက်သာဘူးလို့ အဆိုပါကျေးရွာက ‌ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့က လူကြီး တစ်ယောက် ဆို ဆေးထိုးတာ ဆေးရည်မဝင်တော့ဘူ။ သောက်ဆေးပဲ ပေးလိုက်ရတယ်။ နောက်တစ်ယောက်ဆို အရမ်းအားပျက် နေလို့လား ဆေးသောက် ထမင်းစားလည်း ပြန်ပြန် အန်ထွက်တယ်။”လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာကို စစ်လာရှောင်ရင်း ကူညီပေးနေတဲ့ ဆေးဆရာမတစ်ဦးက တတ်နိုင်သလောက် ကုသမှုတွေ ပြုလုပ် ပေးပေမယ့် ဆေးဝါးလုံလောက်မှုမရှိတဲ့အပြင် ဆေးဆရာမကိုယ်တိုင်လည်း ဖျားနာနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ပတ်တုန်း က ကျန်းမာရေး အဖွဲ့တွေ လာရောက်ကြည့်ရှုပေးတာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှသာ ဖျားနာတာတွေ ပိုမိုများလာတာကြောင့် ကျန်းမာရေး ဆရာ/မတွေရဲ့ အကူအညီကို လိုအပ်နေတယ်လို့ ပြောပါတယ်။ အဆိုပါ ကျေးရွာမှာ အိမ်ခြေ (၂၄)လုံးရှိပြီး စစ်ရှောင် တချို့လာရောက်နေထိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။ https://www.kant arawaddytimes.org/%e1%80%92%e1% 80%ae%e1%80%b8%e1%80%99%e1%80%b 

၁၆။   ကရင်လက်နက်ကိုင် ၄ ဖွဲ့က စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့
        June 8, 2023

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးနေရသည့် စစ်ရှောင်ပြည်သူများအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အစရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပေါင်းထားသည့် စည်းလုံးညီညွတ် ရေးကော်မတီက ယနေ့တွင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ စားနပ်ရိက္ခာထောက်ပံ့မှုအနေဖြင့် သေ့ဘောဘိုးကျေးရွာရှိ အိမ်ထောင်စု ၃၂၇ စု လူဦးရေ ၁၀၄၇ ဦး၊ ဘလယ်ဒိုကျေးရွာရှိ အိမ်ထောင်စု ၁၀၇  စု၊ လူဦးရေ ၅၄၅ ဦး၊ တောင်နီကျေးရွာရှိ အိမ်ထောင်စု ၁၁၃ စု၊ လူဦးရေ ၆၀၂ ဦး၊ လူကို့ထကျေးရွာရှိ အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၃၈၂ ဦး စုစုပေါင်း အိမ်ထောင်စု ၆၇၃ စုမှ လူဦးရေ ၂၅၇၆ တို့အား ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။ https://www. facebook.com/photo/?fbid=641345541371970&set=pcb.641345998038591

၁၇။   စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ခန္ဓာကိုယ်ကို ဓားနဲ့မွှန်းပြီး ဆား၊ ငရုပ်သီးမှုန့်သိပ် နှိပ်စက်
        June 8, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က ဒေသခံတွေကိုဖမ်းဆီးပြီးနောက် ခန္ဓာကိုယ်ကို ဓားနဲ့မွှန်းပြီး ဆား၊ ငရုပ်သီးတွေသိပ်ကာ နှိပ်စက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့မေလအကုန်ပိုင်းက အရှေ့မော်တုန်းရွာက ဓာတ်ဆီဆိုင်ကလူငယ်အမျိုးသားတစ်ဦး၊ လက်ဖက်ရည်ဆိုင်က လင်မယားနှစ်ဦးအပါအဝင် ဒေသခံ ၇ ဦး ခန့်ကို ရွာအနီးမှာအခြေစိုက်တဲ့ စစ်ကောင်စီအမြောက်တပ် အမတ(၃၀၆) ကဖမ်းဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်လောက် က တော့ ဖမ်းဆီးခံရသူတွေပြန်လွှတ်ပေးခဲ့ပေမယ့် အဲဒီထဲက ၃ ဦးထက်မနည်းကို အခုလိုနှိပ်စက်ခဲ့တယ်လို့သိရပါတယ်။ “ခြေတွေ လက်တွေကို ဓားနဲ့မွှန်းပြီးမှ အဲဒီထဲကိုသိပ်တာလို့ပြောတယ်။ ကျွန်မသိတဲ့သုံးယောက်စလုံး အဲလိုလုပ်ခံရတာ။ တခြားသူတွေ တော့ သေချာမသိဘူး” လို့ နှိပ်စက်ခံရပြီးပြန်လွတ်လာသူနဲ့ နီးစပ်တဲ့ ဒေသခံကပြောပါတယ်။

သူတို့ကိုစစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက်မှာ ငွေကြေးအများအပြားနဲ့လာထုတ်ခိုင်းတယ်လို့လည်း ဒေသခံကဆိုပါ တယ်။ ငွေကြေးဘယ်လောက်နဲ့ထုတ်ယူခိုင်းတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ နှိပ်စက်ခံထားရသူ သုံးယောက် စလုံးကတော့ ဒဏ်ရာအပြင်းအထန်ရရှိထားတာကြောင့် လက်ရှိဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။  https://www.fac ebook.com/photo/?fbid=284320110652412&set=a.196212682796489

၁၈။   ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ မိုးကာတွေ အရေးတကြီးလိုအပ်နေ
        June 9, 2023

ကရင်နီ ပြည်နယ်ထဲမှာ  တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ တဖြည်းဖြည်းတိုးပွားလာနေသလို စစ်ဘေး ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက် ခိုက်မှုတွေကြောင့်  ရှိပြီးသား စစ်ရှောင်စခန်းတွေဟာ ဘေးကင်းရာရွေ့ပြောင်းနေထိုင်နေရတဲ့အတွက်  နားခိုဖို့ တဲတွေ ပြန်လည် ဆောက်လုပ်ရတာတွေ ရှိတဲ့အတွက် အရေးပေါ် လိုအပ်တာတွေ များနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းဖွင့်ရာသီ ရောက်ရှိလာတာကြောင့် စာသင်ကျောင်းတွေပါ ပြန်လည်တည်ဆောက်နေရတဲ့ အတွက်  အမိုးအကာအတွက် မိုးကာတွေပါ လိုအပ်တာ ဖြစ်တယ်လို့ စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ကိုဗညားက ” နှစ်ပေါက်အောင်နေလာတဲ့ စစ်ရှောင်တွေ နှစ်နှစ်ပြည့်ပြီ။ ပြီးတော့ မိုးကာက တစ်နှစ်တစ်ခါ လိုအပ်တယ်။ ပြီးတော့ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် တို့မှာ စစ်ရှောင်တွေ အများကြီး တိုးလာတယ် ။ အဲဒီတော့ အမိုးအကာ၊ ခြင်ထောင်တွေကလည်း လိုတယ်။  အခုဆို စစ်ရှောင်တချို့မှာ တုပ်ကွေးလေးတွေ စဖြစ်နေကြပြီ။ ကျွန်တ်ော တို့စိုးရိမ်တာကတော့ သွေးလွန်တုပ်ကွေး ဖြစ်ကြမှာကို စိုးရိမ်တယ်။ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်။ ” လို့  ပြောပါတယ်။ https://www.facebook.com/photo/?fbid=660361959469804& set=a.659868382852495

၁၉။    Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျလုပ်ဆောင်မှုများမရပ်လျှင် အရေးယူမည်ဟု                   လောင်းလုံး PDF သတိပေး
        June 8, 2023

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်လက်အောက်၌ တာဝန်ထမ်းဆောင်နေသော Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်မှုများ မရပ်လျှင် အရေးယူမှုများလုပ်ဆောင် မည်ဟု လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေသည့် သတင်းပေး၊ ပျူစောထီး၊ Non CDM ဌာနဆိုင်ရာဝန်ထမ်းများနှင့် Non CDM ပညာရေးဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျ လုပ်ဆောင် ခြင်းများကိုမရပ်တန့်ဘဲ ဆက်လက်လုပ် ဆောင်မည်ဆိုပါက ယခုဇွန်လ ၁၀ ရက်နေ့မှစတင်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လောင်းလုံးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ကပြောဆိုထားသည်။ လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “အခုလိုထုတ်ပြန်ချက်ထုတ်တာက ကျောင်းတက်နေတဲ့ ကျောင်း သား တွေမပါဘူး။ ကျောင်တက်ဖို့ ဖိအားပေးနေတဲ့ ကျောင်း ဆရာ၊ ဆရာမ တွေအတွက် အဓိကထုတ်ပြန်တာပါ။”ဟု ပြောသည်။

လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများသည် ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်ခြင်း၊ Non CDM ကျောင်းဆရာ၊ ဆရာမများလည်း ကျောင်းတက် ရောက်မှုမရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား မဖြစ်မနေကျောင်းပြန်လည်ပေးတက်ရန် မိဘများကို ဖိအားပေးခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိ သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ တဆက်တည်းတွင် ဇွန်လ ၇ ရက်နေ့ကလည်း လောင်းလုံး ခြေခံပညာ အထက်တန်းကျောင်း၏ ပစ္စည်းများကို ဖျက်ဆီးပြီး White Board ပေါ်တွင် “ငါက PDF ရှင်းတယ်နော်” ရေးသားထားသော စာကို စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ပြန်လည် ဖြန့်ဝေပြီး (PDF)လုပ်ဆောင်သည်ဟု စွပ်စွဲ ရေးသားဖော်ပြ လျက်ရှိကြောင်းလည်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ https://kicnews.org/2023/06/non %e1%80%9d%e1%80%94%e1%80%ba%e1%80%91 %e1%80%99%e1%80%ba

၂၀။    လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးတွင် ရိုဟင်ဂျာများ သက်သေထွက်ဆို
        June 8, 2023

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ တရားရုံးမှာ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့ကြတယ် လို့ တက်ကြွလှုပ်ရှားသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ ဒါဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အာဂျင်တီးနားနိုင်ငံရဲ့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဒီကြားနာမှုကို တံခါးပိတ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး “မြန်မာနိုင်ငံက အယောက်စီတိုင်းအတွက် သမိုင်းဝင်နေ့တနေ့ ဖြစ်တယ်” လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က မှတ်ချက်ပေးပါတယ်။ “နောက်ဆုံးမှာ လူကိုယ်တိုင် ကြားနာမှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်တဲ့အပြင် ခုံရုံးဥပဒေအရ ခိုင်လုံတဲ့သက်သေတွေပါ ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်” လို့ ဦးထွန်းခင်က ဖြည့်စွက်ပြောပါတယ်။ ဒါပေမဲ့လည်း “လုံခြုံရေးအကြောင်းပြချက်တွေ” ကြောင့် သက်သေထွက်ဆိုခဲ့တဲ့ ရိုဟင်ဂျာ အရေအတွက်နဲ့ သက်ဆိုင်ရာ အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူဒါဇင်ဝက်ရဲ့ ကြားနာမှုကို လာမယ့် ဇွန် ၁၃ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ဖို့ မျှော်မှန်း ထားကြောင်း ဒီအမှုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံရဲ့ တရားရေးစနစ်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်းအတိုင်း ရာဇဝတ်မှု တိုင်ကြားချက် အပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ကို စုံစမ်းစစ်ဆေးမယ်ဆိုပြီး ကြေညာခဲ့တာပါ။ အဲ့ဒီတနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်အဖြစ် နေထိုင်နေတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၆ ဦးဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုရလဒ်အဖြစ် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ ရသလို ဆွေမျိုးသားချင်းတွေလည်း သေဆုံးခဲ့ရတယ်ဆိုပြီး အာဂျင်တီးနား တရားရုံးတခုရဲ့ အွန်လိုင်းပေါ်က ကြားနာမှုမှာ ပါဝင် ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် “အသက်ရှင်ကျန်ရစ်ခဲ့သူတွေအပေါ် လူကိုယ် တိုင် ကြားနာစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေ ပြီး အလွန်အရေးကြီးတဲ့ သက်သေတွေပါ ရရှိလာပြီ” ဖြစ်ကြောင်း ဦးထွန်းခင်က ပြောပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းက လူဦးရေ ၇ သိန်းခွဲနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာလည်း ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံကို သီးခြားတရားစွဲဆိုထားပါတယ်။ https://burmese.dvb.no/archives/597856

၂၁။     SSPP တပ်ဖွဲ့က ကျေးရွာခံတွေကို ဖမ်းဆီးတာကြောင့် ဒေသခံ (၂၀၀)ကျော် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ           အကူအညီ လိုအပ်နေ
        June 8, 2023

ရှမ်းတောင် မိုင်းကိုင်မြို့နယ် နော်ရခဲနဲ့ ပန်စရီရွာတွေမှာ ရှမ်းပြည် တပ်မတော် (SSPP/SSA)က ဒေသခံတွေကို ဖမ်းဆီး နေတာကြောင့် အိမ်ခြေ ၄၈ အိမ်မှ ဒေသခံ (၂၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ ဟာ ပြီးခဲ့တဲ့ မေလအတွင်း နမ့်စန်မြို့နယ် ဝမ်းမိုင်းကျေးရွာဘက် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ဝမ်းမိုင်းရွာခံ တွေက ၎င်းတို့အတွက် မြေနေရာပေးထားပြီး တိမ်းရှောင်လာတဲ့သူတွေအတွက် အိမ်ခေါင်မိုးအတွက် သွပ်နဲ့ အစားအသောက်တွေ လိုအပ် နေတယ်လို့ ထွက်ပြေးလာတဲ့ ပန်စရီ ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျနော် ဒီရောက်တာ ၄ လ ရှိနေပြီ။ အိုးခွက် ပန်းကန်တွေ သူများဆီ ငှားသုံးနေရတယ်။ ဆန်ကျ‌တော့ ဘေးရွာကလူတွေ ကူညီပေးလို့ စားနေရတာ။ ထွက်ပြေးတဲ့အချိန်ဆို ဘာမှမယူသွားရဲဘူး လမ်းမှာ စစ်ဆေးမှာကြောက်တယ်။ ကျနော့်သားတစ်ယောက်လည်း ဖမ်းခံရတာ အခုထိ သတင်းအစအန မရဘူး စိတ်ပူနေတယ်”သားဖြစ်သူ ဖမ်းဆီးခံရပြီးနောက် တစ်မိသားစုလုံးထွက်ပြေးခဲ့ကြရပြီး ပန်စရီရွာခံ ၂၀ နီးပါးလည်း ဖမ်းဆီးထားခံရတယ်လို့ ၎င်းက ဆိုပါတယ်၊ ထွက်ပြေးလာသူတွေထဲမှာ SSPP တပ်ဖွဲ့ထဲ ၁ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ထွက်ပြေးလာတဲ့သူတွေလည်း ပါဝင်ပါတယ်။

၅ နှစ်ကြာ တာဝန်ထမ်းဆောင်ဖို့ SSPP တပ်ဖွဲ့က လက်မှတ် ရေးထိုးခိုင်းခဲ့ပြီး ၅ နှစ် တာဝန်မထမ်းဆောင်ရင် ပြစ်ဒဏ် ပေးတယ်လို့ ထွက်ပြေးလာတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ မိခင်က ပြောပြပါတယ်။ “ကျမသား ထွက်ပြေးလို့ သူ့ အဖေ ကို လာဖမ်းတာ။ သူ့အဖေရော သားရော လွတ်အောင် ပြေးလာတယ်။ ကျမလည်း ဘာပစ္စည်းမှမယူပဲ ကလေးတွေကိုခေါ် ပြီး ဒီဘက် ပြန်ထွက်ပြေးလားတယ်” အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆုကို ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်း ပိတ်ထားပါတယ်။ https://www.facebook.com/photo/?fbid=581127347527867&set=pcb.581127 884194480

၂၂။   မြိတ်-ထားဝယ်ကားလမ်းကို ည ၉ နာရီနောက်ပိုင်း အသုံးမပြုကြဖို့ သရက်ချောင်း ပကဖ အသိပေး
      June 8, 2023

သရက်ချောင်းမြို့နယ်အတွင်းက မြိတ်-ထားဝယ်ကားလမ်းကို စစ်ရေးအခြေအနေတွေကြောင့် ည ၉ နာရီနောက်ပိုင်း အသုံးပြုသွားလာတာမလုပ်ကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး စာထုတ်ပြန်ကြေညာပါတယ်။  ဒီနေ့ထုတ်ပြန် ချက်မှာ ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၆ နာရီကနေ ည ၉ နာရီအထိသာသွားလာကြဖို့ အသိပေးရေးသားထားပါတယ်။ “စာထုတ်ရတာကတော့အခုတလော စစ်ကောင်စီတပ်သားတွေ ရွာတွေထဲပတ်မွှေလာတယ်။ ညဘက်ဆိုရင် အိမ်စီးကား၊ အရေး ပေါ်ကားတွေအသုံးပြုပြီး သွားလာနေတာများလာပါတယ်။ ပကဖအဖွဲ့တွေက ကြုံရင်ကြုံသလို မိုင်းဆွဲတာတွေ ပစ်ခတ်တာတွေ လုပ်ဖို့ရှိတာမို့ ပြည်သူများမထိခိုက်အောင်ပါ” လို့ သရက်ချောင်းမြို့နယ် (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အတူသွားလာတာမျိုး မပြုလုပ်ကြဖို့နဲ့ အကယ်၍အတူတူ သွား လာချိန် ထိခိုက်ဆုံးရှုံးမှုတစ်စုံတရာရှိလာရင် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ လည်းဆိုပါတယ်။ နောက်ထပ်ကြေညာချက် မထုတ်ပြန်ခင်ကာလအထိ အခုထုတ်ပြန်ချက်အတိုင်း လိုက်နာပူးပေါင်းပေးကြဖို့ လည်း သရက်ချောင်းမြို့နယ် (ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ အခုလ ၂ ရက်နေ့ည ၈နာရီခွဲလောက်ကတော့ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကိုဖြတ်သွားတဲ့ အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီးယာဥ်မောင်း အမျိုးသားသေဆုံးခဲ့ပါ တယ်။  ဒီနေ့မှာလည်း သရက်ချောင်းမြို့နယ်အောက်ဘက်မြိတ်-ထားဝယ်ကားလမ်းပေါ်က ကမြိုင်ရွာ နဲ့ ရငဲရွာကြားမှာ စစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ https://www.facebook.com/photo/?f bid=284512960633127&set=a.196212682796489

၂၃။   လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်က စစ်ကောင်စီ ဂိတ်တွေမှာ တရုတ်ငွေတွေ သိမ်းယူနေ
       June 8, 2023

ရှမ်းမြောက် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးမှာရှိတဲ့ စစ်ကောင်စီ ဂိတ်တွေမှာ ခရီးသည်ရဲ့ ပိုက်ဆံအိတ်ကို စစ်ဆေးပြီး တရုတ် ယွမ်ငွေတွေ သိမ်းယူခံနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း လားရှိုး-မူဆယ် လမ်းမပေါ်မှာ စစ်ဆေးမှု တင်းကြပ်နေပြီး ပိုက်ဆံအိတ်တွေကို အဓိက စစ်ဆေးကာ တရုတ်ငွေ ပါလာရင် အကုန်ယူသွား တယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့လားရှိုး-မူဆယ်သို့ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက”သူတို့ စစ်ကြည့်တယ်။ စစ်ကြည့် လို့တွေ့ရင် သူတို့က ယူသွားတယ်။ မှတ်ပုံတင် မပါရင်တော့ တရုတ်ငွေ တောင်းတယ်။ ဖုန်းကာဗာမှာ အလှထည့်ရင်တောင် သူတို့သိမ်းသွားတယ်။ တရုတ်ငွေ သုံးတာလဲ သူတို့ပဲ။ သိမ်းတာလည်း သူတို့ပဲ” လို့ ပြောပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကလည်း “အခုတလော သူတို့က ပိုက်ဆံအိတ်ကို အဓိက စစ်တယ်။ ရှမ်းမြောက်က တရုတ်ငွေ သုံးကြတာကို။ တရုတ်ငွေပါရင် တစ်ပြားမှတောင် ပြန်မရဘူး။ ဘွားတော်တစ်ယောက်ဆို တရုတ်ငွေ ၂ သောင်း သိမ်းခံရတယ်။ တပြားမှတောင် ပြန်မရဘူး။ လောက်ကိုင်ကနေ ပြန်လာတာ” လို့ ပြောပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေ ပြဌာန်းထားပြီး နိုင်ငံခြားငွေ ကိုင်ဆောင်လိုရင် လိုင်စင် လျှောက်ထား ရမှာဖြစ်ပေမယ့် စစ်တပ်အာဏာ မသိမ်းခင်က နိုင်ငံခြားငွေတွေကို စစ်ဆေးမှု တင်းကြပ်တာမရှိဘဲ စစ်အာဏာသိမ်းပြီး နောက် ပိုင်းမှသာ စစ်ဆေးမှု တင်းကြပ်လာတယ်လို့ အထက်ပါ လားရှိုးမြို့ခံအမျိုးသားက ဆက်ပြောပါတယ်။ “ဥပဒေလည်း ရှိတယ် လေ။ နိုင်ငံခြားငွေဆိုတာက တရားဝင်ကိုင်လို့ မရဘူးလေ။ နိုင်ငံခြားငွေ ကိုင်ချင်ရင် လိုင်စင်ရှိရတယ်။ သွင်းကုန်ထုတ်ကုန် လိုင်စင် ကိုင်ထားသလား။ ဒါမှမဟုတ် သွင်းကုန် ထုတ်ကုန်နဲ့ ပတ်သက်ပြီး အေးဂျင့် လုပ်နေသလား။ အဲဒါဆို နိုင်ငံခြားငွေ ကိုင်လို့ရတယ်” စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ခရီးသွားသူတွေကို စစ်ဆေးမှု တင်းကြပ်နေတာကြောင့် ခရီးသွားလာရာမှာ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ https://www.facebook.com/phot o/?fbid=581142757526326&set=a.404503215190282

၂၄။    ပုလောမြို့ မင်းထိန်ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန်၍ ၁ ပတ်အတွင်း   ၃ ဦးသေ၊​ ၁၀ ဦးကျော်              ဒဏ်ရာရ
       June 8, 2023

တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊  ပုလောမြို့နယ် ၊ မင်းထိန်ကျေးရွာအုပ်စုရှိ ၊ မင်းထိန်ကျေးရွာကို ခလရ (၂၈၅) တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဇွန်လ ပထမပတ်အတွင်း သုံးဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။ “ ဒီရွာမှာက ဇွန်လ ၁ ရက်နေ့ ကတည်းက ရွာခံတွေ အချို့နေအိမ်စွန့်ခွာနေတာရှိပါတယ်။ အဓိကကတော့ နောက် ထပ် စစ်တပ်က လက်နက်ကြီးနဲ့ ထပ်ပစ်မှာကို စိုးရိမ်ပြီး ပြောင်းရွေ့နေတာဖြစ်တယ်”ဟု ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြော သည်။ ပြီးခဲ့သည့်  ဇွန်လ ၇ ရက် ညနေ ၅ နာရီခန့်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သေးပြီး ထိုပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။  ထိုနေ့က သေဆုံးသူ မှာ အသက် ၅၀ အရွယ် ဦးဖိုးချောင်းဆိုသူဖြစ်ပြီး ဒဏ်ရာရသူအမျိုးသမီးမှာ ဒေါ်စီစီဆို သူဖြစ်သည်။

“စစ်တပ်က ပစ်လို့ လက်နက်ကြီး ရွာထဲ ကျပြီး ဒေသခံတွေ ရှစ်ဦးထက် မနည်း ထိတဲ့ အထဲမှာ နှစ်ယောက်ကတော့ ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဆေးရုံပို့ အချိန်မှာ အမျိုးသား တစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်”ဟု  ဒေသခံ တစ်ဦးကသည်။ ပုလော မြို့နယ် အခြေစိုက် ခလရ (၂၈၅) တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ် သည်။  လက်ရှိတွင် ပုလောမြို့နယ် အနီးတဝိုက်ရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ မကျည်းကုန်း၊ သင်္ကန်းတောနှင့်ကဒဲစသည့် ကျေးရွာ များတွင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ၍ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။  ပုလောမြို့နယ် သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်ဖြစ်သည်။ https://www.facebook.com/MizzimaDaily/photos/ a.320351647999747/6787486 984619482/

၂၅။   ဖားအံတွင် ယာဉ်များဖမ်းဆီးမှုကြောင့် ပိုင်ကျုံမြို့နယ်ရှိ ဈေးဆိုင်များ ကုန်ပစ္စည်းများ ပြတ်တောက်
       June 8, 2023

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များသည် လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ အပြင် လိုင်စင်ရှိ ကားများကိုပါ လိုက်လံဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ပိုင်ကျုံမြို့နယ်များမှဈေးဝယ်ကားများ သွားမရဲသည့်အတွက် ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ပြတ်တောက်လာနေသည်ဟု သိရသည်။ ပိုင်ကျုံမြို့နယ်မှ ဈေးဆိုင်များ သည် လိုအပ်သော ကုန်ပစ္စည်းများကို ဖားအံမြို့သို့ သွားရောက် ဝယ်ယူနေကြပြီး ‌မေလ ၁ ရက်နေ့မှ စ၍ စစ်ကောင်စီက တရား ဝင်ကြေညာထားပြီး ယာဉ်များကို လိုက်လံ ဖမ်းဆီးခြင်းကြောင့် ဈေးဝယ်ကားများ မထွက်ရသည့်အတွက် ဈေးဆိုင်များမှ ကုန်ပစ္စည်းများ နည်းပါးလာ‌သည်ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။ ၎င်းက ” ကျမတို့က ကုန်ခြောက်ကို အဓိကထားတာ။ အခုက မြို့ထဲ သွားမဝယ်ရတော့ ရောင်းကုန်ခြောက်တွေပြတ်လာတယ်။ နောက်ပြီး ထပ်ဝယ်ဖို့ကလည်း မသွားရဲတော့ ဘယ်လိုထပ် ဝယ်ရမလဲ ကားသွားလို့မရတော့ရင် ဒီဘက်မှာတော့ ကုန်ပစ္စည်းလာပို့တဲ့သူဆီက ပဲယူရမယ်”ဟု ပြောသည်။ မြို့နယ်အတွင်းရှိ ဈေးဆိုင်များသည် ပစ္စည်းလာရောင်းသော ကားများမှ ကုန်ပစ္စည်းများမှာ ဈေးများသောကြောင့် မဝယ်ယူကြဘဲ မိမိကားဖြင့် သော်လည်းကောင်း၊ ကျေးရွာအတွင်းရှိ ကားများဖြင့်သော် လည်းကောင်း ဖားအံမြို့သို့ သွားရောက်ဝယ်‌ယူခဲ့ကြပြီး ယခုလို ကား များဖမ်းဆီးမှု လုပ်ဆောင်သောအခါ ဒေသခံ ဈေးဝယ်ကားများ သွားရောက်ဝယ်ယူခြင်းမပြုတော့ကြောင်း သိရသည်။

“အကျော့တို့ တစ်ပတ်တစ်ခါ ဈေးဝယ်ရတယ်။ ဆိုင်က ရောင်းရတော့ ပစ္စည်းကုန်တာ မြန်တယ်။ အခု သွားမဝယ်ရတာ ၄ ပတ်ရှိပြီး ဆိုင်မှာလည်း ရောင်းစရာ သိပ်မကျန်တော့ဘူး”ဟု ‌ဖားအံမြို့သို့ အပတ်စဉ် စနေနေ့တိုင်း ဈေးဝယ်ထွက်ရသော စောလွဲစေး ကပြောသည်။ စစ်ကောင်စီက ယခုလိုမော်တော်ယာဉ်များ ဖမ်းဆီးမှုလုပ်ဆောင်သည့်အတွက် မြို့နယ် ကျေးရွာတွေ ရှိ ကုန်စုံဆိုင်များတွင် ကုန်စ္စည်းစီးဆင်းမှုနည်းနေပြီး တချို့ဈေးဆိုင်များတွင် ပစ္စည်း ပြတ်တောက်နေသောကြောင့် ဒေသခံများ ဈေးဝယ်ယူမှု အခက်တွေ့နေကြောင်း ကြားရသည်။ မေလ ပထမအပတ်မှစ၍ အာဏာသိမ်းစစ်ကောင်စီသည် မြို့တွင်း သာမက လမ်းဆုံလမ်းဂွများရှိ လိုင်စင်မဲ့ယာဉ်များအပြင် လိုင်စင်ရှိ ယာဉ်များကိုလည်း ဖမ်းဆီးနေသောကြောင့် ဈေးဝယ်ယူ‌သော ကား သမားများသည် အဖမ်းခံရသည့်အပြင် ငွေကြေးများပါပေးဆောင်‌နေကြရသည်ဟု ဒေသခံ ကားသမားများကပြောသည်။ https: //kicnews.org/2023/06/%e1%80%96%e1%80 %ac%e1%80%b8%e1%80%a1%e1%80%b6%e1%80% 90%e1

၂၆။   စစ်ကောင်စီဖမ်းဆီးသွားသည့် ကောလင်းဒေသခံများထဲမှ ၈ ဦးသတ်ဖြတ်ခံရ
       June 8, 2023

ကောလင်းမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် ဖမ်းဆီးသွားခံရသော ဒေသခံပြည်သူ  ၁၆ ဦးထဲမှ ၈ ဦး ကို နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်ဟု Kawlin Revolution – KR ထုတ်ပြန်ထားသည်။ မေလ ၂၈ ရက်နေ့မှစပြီး စစ်ကောင်စီ စစ်ကြောင်းသည် ကောလင်းမြို့နယ် ခံသာတိုက်နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်း ထိုး ဝင်ရောက်လာစဉ် ဖမ်းဆီးခံသွားရသည့် ဒေသခံ ၁၆ ဦးအနက် ၈ ဦး၏  သတ်ဖြတ်ခံထားရသည့် အလောင်းတွေ့ရှိခဲ့ပြီး ၃ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်ကာ ၅ ဦးပြန်လည်လွတ်မြောက်ခဲ့ပြီဟု သိရသည်။ “ဒေသခံတွေအမျိုးသားတွေပေါ့ ဖမ်းဆီးခံရတာ ၈ ယောက်တော့အလောင်းတွေ့တယ်။ ခံသာတိုက်နယ်ထဲက မုတ်ဝရွာ ဒေသခံတွေပဲ လည်လှီးသတ်ဖြတ်ခံထားရတာ။ ပျောက်ဆုံး နေတဲ့သူတွေကိုတော့ရှာဖွေနေဆဲပါ”ဟုကောလင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သတ်ဖြတ်ခံခဲ့ရသည့် ရုပ်အလောင်းများကို မုတ်ဝကျေးရွာနှင့် သစ်ဖုလှတောင်ဘက် တစ်ဆူတောင်အနီး သစ်တောထဲ တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ ပျောက်ဆုံးနေဆဲဒေသခံများများသည် ချပ်ကုန်း၊ အင်းယား၊ ဘန်ဘွေး ကုန်းမှ ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒေသခံပြည်သူ ၃၆၀၀ ကျော်သတ်ဖြတ်ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားစောင့်ရှောက်ရေးအသက်း (AAPP) ကဇွန်လ ၂ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။ https://burmese.kachinnews.com/2023/06/08/sm1-106/

၂၇။   ကွတ်ခိုင်မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း KIA မှ စာသင်ခွင့် ပိတ်သိမ်း
       June 8, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာအတွင်းရှိ အလယ်တန်း စာသင်ကျောင်း တစ်ကျောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် ( KIA) က စာသင်ခွင့် ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၅ ရက်မှ စပြီး ကွတ်ခိုင်မြို့နယ် မိုင်းယုလေး ကျေးရွာရှိ အလယ်တန်းကျောင်းကို KIA တပ်သား ရောက်လာပြီး စစ်ကောင်စီခန့် ဆရာ/ ဆရာမများကို စာသင်ခွင့်မပေးကြောင်း နှင့် စာသင်ကျောင်း ဖွင့်လိုပါက CDM ဆရာ/ဆရာမများကိုသာ ခေါ်ယူသင်ခွင့်ပေး ကြောင်း ဒေသခံများက ပြောသည်။ “စာသင်ကျောင်းကို ပိတ်ခိုင်းတာက စစ်ကောင်စီ လက်အောက်ခံ ပညာရေး စနစ်ဖြစ်နေလို့ တဲ့၊ စာသင်ကျောင်း ဖွင့်ချင်ရင် CDM ဆရာ/ဆရာမတွေပဲ ခေါ်သင်တဲ့၊ လစာကိုလည်း ရွာသားတွေစုပြီး ပေးခိုင်းတာ။ အခုတော့ သူတို့ ပိတ်ခိုင်းလို့ ကျောင်းသား/ သူ ၃၀၀ ကျော်က စာသင်ခွင့် မဲ့နေကြတယ်” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။ အဆိုပါ KIA ပိတ်ခိုင်းသည့် မိုင်းယုလေးမှ စာသင်ကျောင်းသည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်မှသာ စတင် ဖွင့်လှစ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျေးရွာနေ ဒေသခံများနှင့် ကျောင်းကော်မတီ ရပ်မိရပ်ဖများစုပေါင်းကာ စာသင်ကျောင်းပြန်လည် ဖွင့်လှစ် ရေးအတွက် KIO/KIA ကို အသနားခံစာ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ “ကျောင်းဆက်လက် ဖွင့်နိုင်ဖို့ ကျမတို့ကနေ သူတို့ကို သွားပြီး တောင်းဆိုမှာပါ။ အရင်နှစ်ကလည်း သူတို့က မဖွင့်ချင်၊ ဖွင့်ချင်နဲ့ တစ်နှစ်ပြီးအောင်တော့ ဖွင့်ခဲ့ရတယ်။ ဒီနှစ်သာ ကျောင်းမဖွင့်ရရင်လည်း ကလေး ၃၀၀ ကျော်က ပညာသင်ခွင့် မဲ့သွားတယ်လေ။ ပိုက်ဆံရှိတဲ့သူတွေက ကျောင်းပြောင်းလို့ ရနိုင်ပေမဲ့ တချို့အတွက်က တစ်နေ့လုပ် တစ်နေ့စားဆိုရင် မတတ်နိုင်ဘူး” ဟု အထက် ပါ အမျိုးသမီးက ဆက်ဆိုသည်။ မိုင်းယုလေး အလယ်တန်းကျောင်းသို့ လာတက်ရောက်သည့် ကျောင်းသူ/သားများသည် ပန်လော့ကျေးရွာအုပ်စု နှင့် မိုင်းယုလေး ကျေးရွာအုပ်စုတို့မှ ဒေသခံ ကျောင်းသား လူငယ်များ ဖြစ်ကြကြောင်းသိရသည်။ မိုင်းယုလေး ကျေးရွာအုပ်စုအတွင်းတွင် မူလတန်းကျောင်း စုစုပေါင်း ၆ ကျောင်း ရှိနေပြီး အလယ်တန်း ကျောင်း တစ်ကျောင်း တည်းသာ ရှိနေကြောင်း ၊ မိုင်းယုလေးကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၁၃ ရွာ ရှိနေပြီး ကွတ်ခိုင်မြို့ နှင့် မိုင်ပေါင်း ၂၀ နီးပါး ကွာဝေးသည့် ကျေးရွာဖြစ်သည်။ https://burmese.shannews.org/archives/35197

၂၈။     ကရင်နီပြည်အတွက် ရည်ရွယ်ပြီး တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို ပူဇော်တဲ့ ကယားရိုးရာ (မှုခင်)             ကိုပြုလုပ်
        June 9, 2023

ယမန်နေ့ (ဇွန် လ ၈ ရက်နေ့ ) က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တစ်နေရာမှာ ကရင်နီပြည်အတွက် ရည်ရွယ်ပြီး ကယားရိုးရာ (မှုခင်)ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ (မှုခင်)  ဆိုတာဟာ တောစောင့်နတ် တောင်စောင့်နတ်တွေကို ပူဇော်ပသ တဲ့ ဓလေ့တစ်ခုဖြစ်ပြီး မကောင်းတဲ့အရာတွေ ကရင်နီပြည်အတွင်းကို ဝင်ရောက်မလာနိုင်အောင် တောစောင့်နတ်၊ တောင်စောင့် နတ်တွေကို စောင့်ရှောက်ပေးဖို့ ဆုတောင်းတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ “ဒီနေ့လုပ်တာက ကရင်နီပြည်နယ်လုံးနဲ့ ဆိုင်တာပေါ့။ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေ ဝင်မလာနိုင်အောင် လာပြီးမဖျက်ဆီးနိုင်အောင် ကျနော်တို့မှာ ရေသခင်ရှိတယ်။ တော စောင့်နတ် တောင်စောင့်နတ်ရှိတယ်။ ဒါကြောင့် ကျနော်တို့ ကယားရိုးရာ (မှုခင်)ကို ပြုလုပ်လိုက်တာပေါ့” လို့ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ပုံမှန်အချိန်တွေမှာတော့ (မှုခင်) ပွဲကို ပြုလုပ်တဲ့အခါ  ကြက်ဖြူတစ်ကောင်အသုံးပြုပြီး နတ်တွေကို ပူဇော်တာဖြစ်ပြီး  ဒီနှစ်မှာတော့ ဆိတ်တစ်ကောင်နဲ့ ပူဇော်ပွဲ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်သူတွေကတော့ ပူဇော်ပွဲ ရဲ့  ရလဒ်ဟာ အလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=646673180832591&set= pcb.646673780832531

၂၉။    ဝိုင်းမော်တွင် ရွှေအလွန်အကျွံ တူးဖော်သဖြင့် ဒေသခံများ သောက်သုံးရေ အခက်အခဲကြုံ
        June 8, 2023

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တရုတ်လောပန်းတွေက စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးဖော်နေတဲ့ အတွက် ဒေသခံပြည်သူတွေ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။ ဆိုင်လော်ကျေးရွာအုပ်စုအထက် ၃ မိုင်ခန့်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်နေတဲ့အတွက် နမ္မတီးချောင်းရေတွေ နောက်ကျိကာ ဒေသခံတွေ သောက်သုံး ရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒေသခံအမျိုးသားတဦးက “ရွာအထက် ၃ မိုင်လောက်ဝေးတဲ့ ဖုန်ဒန်ကုန်းဘက်မှာ တရုတ်တွေ ရွှေလာတူးနေကြတာ။ နေ့ကော ညကော စက်အကြီးကြီးတွေနဲ့ တူးနေတာ။ ကျနော်တို့ နမ္မတီး ချောင်းရေကို အဓိကထား သောက်သုံးရတာ။ ခု အဲ့လိုတွေတူးနေတော့ အောက်ဘက်က ကျေးရွာတွေ အကုန် သောက်သုံးရေ ပြဿနာတက်တော့တာပဲ။ နောက်ကျိပြီး သုံးလို့ကို မရတော့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား အထက်ပိုင်း မလိခမြစ်ရိုးတလျှောက်မှာလည်း စက်ယန္တရားတွေအသုံးပြုကာ ရွှေအလွန်အကျွံတူးဖော်နေတဲ့အတွက် ရေကြောင်း ပြောင်းလဲမှုတွေဖြစ်ပေါ်ကာ မြစ်ကြောင်းကို မှီခိုအသက်မွေးဝမ်းကြောင်း ပြုလုပ်သူတွေများစွာ အခက်အခဲဖြစ်နေတာပါ။ “အာဏာ သိမ်းပြီးနောက်ပိုင်း မြစ်ကြောင်းတလျှောက် ရွှေကိုစက်ယန္တရားတွေနဲ့ အလွန်အကျွံတူးတာတွေရှိတယ်။ မြစ်ကြီးနား မြို့အထက်ပိုင်း ဝိုင်းမော်မြို့အထက်ပိုင်းတွေမှာ တရုတ်လောပန်းတွေ စက်ယန္တရားကြီးတွေနဲ့နေ့ညမပြတ်တူးနေကြတာ။ မြစ် ချောင်းတွေကိုအမှီပြုပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူတွေ အတော်အခက်အခဲဖြစ်တယ်။ ခုနောက်ပိုင်း သောက်သုံးရေတောင်မရတော့ဘဲ ရေတွေနောက်ကျိနေပြီ”လို့ ဝိုင်းမော်မြို့နယ်မှ သဘာဝပတ်ဝန်း ကျင် ချစ်မြတ်နိုးသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာနဲ့ အင်ဂန်းကျေးရွာကြား ဧရာဝတီမြစ်ရိုးတလျှောက်  ရွှေတူးဖော် ရေးလုပ်ငန်းခွင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပေမဲ့ ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ မလိခမြစ်ရိုးတ လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို အခုအချိန်ထိ နေ့ညမပြတ် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ https://burmese.dvb.no/archiv es/597864

၃၀။   တော်လှန်ရေးကာလ ၂ နှစ်အတွင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)မှ တပ်ဖွဲ့ဝင် ၈ ဦးကျဆုံး
       June 8, 2023

တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီကိုတွန်လှန်တိုက်ခိုက်ရင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)မှ တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) တပ်ဖွဲ့တိုးချဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးကာလအတွင်း မိုးဗြဲ PDF တပ်ရင်း (၂) မှ တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့သလို၊ ခြေထောက် ဆုံးရှုံး တဲ့ ရဲဘော် ၄ ဦးနဲ့ ဒဏ်ရာရ ရဲဘော် (၁၇)ဦးအထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း (၂)) တပ်ဖွဲ့တိုးချဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ဇွန်လ ၇ ရက်နေ့မှာ မြေပြင်အခြေအနေ ရ အကျဉ်းချုပ် ပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း (၂)က ထုတ်ပြန်ထားတာပါ။

အရင်က မိုးဗြဲမြို့မှာအခြေစိုက်တဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) မှ တပ်ခွဲအဖြစ် ပါဝင်ခဲ့ပေမယ့် စစ်မြေပြင် တည်နေရာ အနေအထားအရ ခွဲထွက်ခဲ့ပြီး တပ်ရင်း (၂)အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ မိုးဗြဲ PDF တပ်ရင်း (၂)ဟာ ပင်လောင်း၊ ဖယ်ခုံနယ်စပ်မှာ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်နေတာ ၃ လကျော်နေပြီ ဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာတဲ့အထိ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက် သွားမယ်လို့ အသိပေးထားပါတယ်။ https://www.facebook.com/KantarawaddyTimes /photos/pcb.6217863171665474/62178617 58332282/

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။