• Today is: Friday, May 17, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 51, June 27, 2023)

၁။   စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး
      June 26, 2023

ဇွန်လ ၂၅ ရက် နေ့ခင်းပိုင်းမှာ ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ Free Burma Ramger တည်ထောင်သူ David Eubank က ၎င်းရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ပြောဆိုထားပါတယ်။ “လေယာဉ်ဗုံးကြဲခဲ့တဲ့နေရာနဲ့ နေရာထဲပဲ။ နန်းကစ်ပေါ့။ ပြီးတော့ အိမ်တွေမီး လောင်သွားတယ်။ သူတို့ လေယာဉ်နဲ့ ပစ်လိုက်တဲ့ ကျည်တွေ နဲ့ ပစ်လိုက်တဲ့ဒုံးကျည်တွေကြောင့် မီးတွေထလောင်တာဖြစ်မယ်။ ဒီဘက်မှာ အိမ်တွေပျက်စီးတယ်။ ဘုရားကျောင်းတွေပျက်တယ်။ လမ်းမပေါ်မှာ ရွာသား ၄ ယောက်အသတ်ခံရတယ်။ ဒီ ၂၅ရက် နေ့ ဇွန်လ ၂၀၂၃ ကရင်နီပြည် ဖားဆောင်းမှာ ဖြစ်ခဲ့တာပါ။” လို့ David Eubank က ၂၅ ရက်နေ့ညနေပိုင်းမှာ တင်ထားတဲ့ သူ့ရဲ့ မှတ်တမ်းဗီဒီယိုမှာ ပြောထားပါတယ်။ ကျေးရွာတစ်ရွာတည်းကိုပဲ လေယာဉ်လာရောက်ပစ်ခတ်ခဲ့ပြီး မီးလောင်မှုရှိခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ပြောဆိုပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာတော့ အဆိုပါ သေဆုံးခဲ့တဲ့ အမျိုးသား ၄ ဦးရဲ့ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ ဖားဆောင်းမြို့နယ်အတွင်းမှာ ဇွန်လ ဒုတိယပတ်ကစပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဖားဆောင်းဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဖားဆောင်းသံလွင်တံတားထိပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တယ် လို့ သိရပါတယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ လက်ရှိ တိုက်ပွဲတွေကြောင့် ဖားဆောင်းမြို့ပေါ်နဲ့ အနီးအနားကျေးရွာက ဒေသခံ ၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80 85%e1%80%ba%e1%80%80%e1 %80%b1%e1%80

၂။   ရေဖြူမှ  ကလိန်အောင် သို့ မောင်းနှင်လာသည့်  စစ်ကောင်စီယာဥ်တန်းကို မိုင်းဖြင့် ၃ ကြိမ် ဆွဲခံရပြီး စစ်               ကောင်စီတပ်သား ၇ ဦးသေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရဟုဆို
    June 26, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့မှ  ကလိန်အောင်မြို့သို့  ဦးတည်မောင်းနှင်လာသည့်   စစ်ကောင်စီ ယာဥ်တန်း ကို  ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့် သုံးကြိမ် ဆွဲခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရဟု ကလိန် အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သတင်းရရှိသည်။ ဇွန်လ ၂၃ ရက် နံနက် ၄ နာရီခန့်အချိန်က ကျောက်ကား ၄ စီး အကြားတွင်  ကားငယ်များနှင့် ကြားညှပ်ဆင်းလာ သည့်  စစ်ကောင်စီယာဥ်တန်းကို  ဟိန်းဇဲရွာ ရေပူစမ်း အရောက်တွင်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာရေပုံးရွာအထိ  မိုင်းသုံးကြိမ်ဆက်တိုက်ဆွဲခဲ့ကြောင်း ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျနော်တို့ ပူးပေါင်းအဖွဲ့က ပေါက်ကွဲအားပြင်းတဲ့ မိုင်းကိုသုံးပြီး ဒီကောင်တွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ဖက်က အရမ်းအထိနာပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း များပြားခဲ့ တယ်။ စစ်သားတွေကိုတင်လာတဲ့ ကျောက်တင်ကားအနီတစ်စီးလည်း ဦးခေါင်းပိုင်းမိုင်းထိမှန်ကာ အဲဒီနေရာမှာပဲ့ထားခဲ့တယ် “ဟု ကလိန်အောင်မြို့ အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ် မှ ပြန်ကြားရေးတာဝန်ခံ K2 ပြောသည်။

ယင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရတဲ့စစ်သားများကို ခရီးသွားပြည်သူတွေရဲ့ကားတွေနဲ့ ထားဝယ် စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ၎င်း ကပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ မိနစ်အနည်းငယ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို ကော်သူလေးအာမီ(kaw Thoo Lei Army)၊ ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YP – PDF)၊ ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K. L. A. S. B. L PDF) စသည့် မဟာမိတ် ပူးပေါင်းတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း  ထုတ်ပြန်ထားသည်။ https://www.facebook. com/photo/?fbid=593730879562602&set=a.5831 20797290277

၃။  ဖားကန့်တွင် KIA ပတ်သက်သည်ဟုဆိုကာ အမျိုးသားတစ်ဦးအား စစ်ကောင်စီဖမ်းဆီး
     June 26, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်မှာ မနေ့က အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ကေအိုင်အေနဲ့ ပတ်သက်တယ်လို့ဆိုပြီး ဖမ်းဆီးသွားတယ်လို့  သိရပါတယ်။ အဲဒီအမျိုးသား အပြင်ထွက်တဲ့အချိန်  စစ်ကောင်စီ တပ်က ကားနဲ့တားပြီး  ဖမ်းခေါ်သွားတယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦး ကပြောပါတယ်။ “သူ့ကိုစစ်ကောင်စီတပ်တွေကဖမ်းသွားတာ။ KIA တွေနဲ့ ပေါင်းလို့တဲ့ “လို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောပါတယ်။ အဖမ်းခံရတဲ့ အမျိုးသား မှာ ကိုချစ်ကို ဆိုဖြစ်ပြီး ဆိုင်းတောင် ဘုရားကုန်းမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ကိုချစ်ကိုဟာ ဆိုင်ကယ်နဲ့ အပြင်သွားတဲ့အချိန် လမ်းမှာ  စစ်ကောင်စီတပ်ကတားပြီး ဖမ်းသွားတာ ဖြစ်တယ်လို့ ဖားကန့် ဒေသခံက နောက်တစ်ဦးက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ  စစ်ကောင်စီတပ်က KIA နဲ့ ပတ်သက် ဆက်နွယ် သူတွေကို လိုက်လံစုံစမ်း ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ဇွန်လ ၂၁ ရက်နေ့ကလည်း ဆိုင်းတောင်ရပ်ကွက်(၃) မှာရှိတဲ့ KIO တိုက်နယ်ရုံးကို စစ်ကောင်စီက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ https://www.facebook.com /photo?fbid=276491028391231&set=a.266002002773467

၄။   မြန်မာစစ်တပ်နှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် EAOs အဖွဲ့အချို့ တွေ့ဆုံဆွေးနွေး
     June 27, 2023

မြန်မာစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs ၅ ခုနှင့် ဇွန်လ ၂၆၊ ၂၇ ရက်တို့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေ ကြောင်း သိရသည်။  NCA လက်မှတ်ရေးထိုးထားသော EAO ၁၀ ဖွဲ့ရှိသော်လည်း KNU အပါအဝင် အဖွဲ့အချို့မှာ မြန်မာစစ်တပ် ကို ပြန်လည်တိုက်ခိုက်နေပြီး ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO စသည့် အဖွဲ့တို့က မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးနေခြင်းဖြစ်သည်။ ယခု ပြုလုပ်နေသည့် မြန်မာစစ်တပ်နှင့်ဆွေးနွေးပွဲတွင် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယ ဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်နေကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်လိုသောအချက်များ၊ ယခင်ဆွေးနွေးပွဲ များ၌ သဘောတူထားသည့်အချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး ကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတို့ကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းနေကြကြောင်း သိရ သည်။  တရုတ်အစိုးရ၏ ကြားဝင် ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုး မထားသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA တို့ ပြီးခဲ့သည့် ဇွန် ၁ရက်နေ့က တွေ့ခဲ့ကြသည်။  သို့သော်လည်း ကနဦး ၃ ရက်ကြာ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း  ၂ ရက် အကြာ တွင် စစ်ကောင်စီဘက် က ဆွေးနွေးလိုသည့် အချက်များကို ညီနောင် မဟာမိတ်အဖွဲ့သုံးဖွဲ့က ဆက်လက်မဆွေးနွေး လိုသည့် အတွက်ကြောင့် ဆွေးနွေးပွဲရပ်တန့်သွားခဲ့သည်။ https://ww w.facebook.com/photo/?fbid=694503716022391&set=a. 682731967199566

၅။စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေ ပြောင်းရွေ့နေတယ်ဆိုတဲ့ သတင်းတွေကြောင့် လွိုင်ကော်မြို့နေ ပြည်သူများ စိုးရိမ်နေကြ
June 26, 2023

ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေ ပြောင်းရွေ့နေပြီး  ဇွန်လ၂၈ ရက်နေ့နောက် ပိုင်း ထူးခြားတဲ့ ပြောင်းလဲမှု ရှိလာနိုင်တယ်လို့ ဇွန်လ ၂၃ ရက်နေ့မှာ လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့နေတဲ့ သတင်းတွေ ကြောင့် လွိုင်ကော်မြို့နေ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ “ယနေ့ ကယား ပြည် လေယာဉ် ၆ စင်း ဆင်းတယ်။ ၁ စီးပဲ ခရီးသည် ပါ ကျန် ၅ စီး စခ( စစ်ကောင်စီ ) တွေပါပဲ အကုန် စစ်သား မယားတွေကိုလဲ အရေးကြီးတဲ့ စာရွက်စာတန်းတွေ သိမ်းခိုင်းပြီး နေရာပြောင်းရွေ့ခိုင်းတယ်။ ဌာန ဆိုင်ရာတွေကိုကော ဒီမနက် အထုတ်အပိုးတွေနဲ့ တွေ့တာ ပြောင်းရွေ့ကြတာပါ။ ၂၈ ရက်နေ့ ကရင်နီပြည် တစ်ခုခု ထူးခြားမယ်လို့ စစ်ကောင်စီဖက်က သတင်းလွှင့်ထား အများပြည်သူများလဲ အထူး သတိထားကြပါဗျ။” လို့ ရေးသားထားတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းဟာ ဖေ့ဘွတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတာပါ။  “လေယာဥ် တွေတော့ ပျံပျံနေတာတွေ့တာပဲ စစ်သားတွေ တင်မတင်တော့မသိဘူးလေ။ ဒီတစ်ခါစစ်ဖြစ်ရင်တော့ ဘယ်ပြေးရမလဲမသိတော့ ဘူး။” လို့ လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပါတယ်။

သို့ပေမယ့် ရဟတ်ယာဉ်မကြာခဏ အတက်အဆင်းပြုလုပ်ပြီးနောက် လွိုင်ကော်မြို့နယ်ထဲက စစ်ကောင်စီတပ်ထဲမှာ နယ်ခံမဟုတ်တဲ့ စစ်သားတွေကို အများအပြားတွေ့ရှိရတယ်လို့ တပ်မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ လွိုင်ကော်မြို့ အတွင်း မှာနေထိုင်နေတဲ့ ပြည်သူတွေကတော့ လက်နက်ကြီးပစ်ခတ်သံတွေကို မကြာခဏ ကြားနေရတယ်လို့ ဆိုပါတယ်။ လက်ရှိ ကရင်နီပြည်ရဲ့ တခြား တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ် တော်တော်များများက စစ်ဘေးရှောင်တွေဟာလည်း လွိုင်ကောာ်မြို့ မှာ လာရောက် ခိုလှုံနေကြရပါတယ်။ ‘’၂၈ ရက်နေ့ကြရင် တစ်ခုခု ထူးခြားမယ်လို့ပြောနေကြတယ်။ ဘာဖြစ်မှာလဲတော့မသိဘူး။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထာားတာတော့ မမှားဘူးပေ့ါ။ စစ်တွေမဖြစ်စေချင်ပေမဲ့ ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မလဲ၊ ကိုယ်မှတာားမရပဲ။ ‘’ လို့ လွိုကော်ဒေသခံတစ်ဦးက ပြောကြားပါတယ်။ လက်ရှိလွိုင်ကော်မြို့အတွင်း စစ်ကောင်စီမှ စစ်ဆေး မှုတွေပြုလုပ်နေပြီး ရဟတ်ယာဥ်တွေ မကြာခဏပျံသန်းနေတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။ https://www.kan tarawaddytimes.org/fgpw

၆။ ပြည်သူများအား နည်းမျိုးစုံဖြင့် နှိပ်စက်နေသော စစ်ကောင်စီနှင့် မပူးပေါင်းရန် တရုတ်နိုင်ငံကို NUCC တောင်းဆို
    June 26, 2023

တရားမျှတမှုကိုလိုလားသော မြန်မာပြည်သူများအားနည်းမျိုးစုံဖြင့်ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် မြန်မာစစ်တပ် ဦးဆောင်သော စစ်ကောင်စီနှင့် တရုတ်နိုင်ငံသည် အကျိုးတူစီးပွားရေးလုပ်ခြင်း၊ စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ စစ်ထောက်လှမ်းရေးကိစ္စများ ဆောင်ရွက်ခြင်းစသဖြင့် ပူးပေါင်းဆောင်ရွက်နေသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ကရပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ NUCC က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။ လက်နက်အားကိုးဖြင့် နိုင်ငံနှင့်ပြည်သူလူထုအပေါ် အနိုင်ကျင့်နှိပ်စက် လျက်ရှိသည့် မြန်မာစစ်တပ်၊ စစ်ကောင်စီ၊ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူတစ်ရပ်လုံးက တော်လှန် နေသော ကာလဖြစ်သည်။ မြန်မာနိုင်ငံတွင် ကာလရှည်ကြာ ပြည်တွင်းစစ်နှင့် လက်ရှိ အကြပ်အတည်းများ၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေရခြင်းသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များက တိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒကို မျက်ကွယ်ပြုကာ စစ်အာဏာရှင်စနစ်အောက် သွတ်သွင်းအားထုတ်နေမှုများကြောင့် ဖြစ်သည်ကို အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် ကောင်းစွာနား လည် သဘောပေါက်ထားပြီး ဖြစ်သည်။

ထိုအခြေအနေများကို တရုတ်နိုင်ငံအနေဖြင့် အသိတရားကိုဘေးဖယ်ကာ မျက်ကွယ်ပြုပြီး လက်ရှိ မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်နေမှုများသည် စစ်ကောင်စီနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များကိုသာ တွေ့ရှိ နေရသည်ဟု NUCC က ဆိုသည်။ ထိုသို့ ဆောက်ရွက်နေခြင်းများသည် မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီဖြေ ရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်ကြောင်းနှင့် မြန်မာပြည်သူများ၏စိတ်နှလုံးကို ထိခိုက်စေပြီး နှစ်နိုင်ငံတည်ဆောက်ထားခဲ့သည့် ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု နှင့် လက်ရှိအကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားအတွက် ကြီးစွာထိခိုက်လျက်ရှိသည်ကို NUCC က သတိပေးထားသည်။ တရုတ် နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာဖြင့် မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွား များနှင့် နှစ်နိုင်ငံရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းဆောင်ရွက်ရန် အမှန်တကယ် ဆန္ဒရှိပါက မြန်မာပြည်သူများ၏ ဆန္ဒသဘော ထားနှင့် ဆန့်ကျင်သည့်ဆောင်ရွက်မှုများကို အထူးသတိပြု ရှောင်ရှားရန် လိုအပ်ကြောင်းလည်း NUCC က သတိပေးထားသည်။  တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးအား လက်တွေ့ကျကျ ကူညီဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာပြည်သူများ၏ ဆန္ဒ သဘောထားကို အလေးထားလျက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေး အင်အားစုများနှင့် နီးနီးကပ်ကပ်စဉ်ဆက်မပြတ်ဆက်ဆံ ပူပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ၏ရေရှည် အကျိုး စီးပွားနှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသော အိမ်နီးချင်းကောင်းပီသမှုကိုပြသရန် အလေးအနက် တိုက်တွန်း ကြောင်း NUCC က ဆိုသည်။ https://www.facebook.com/photo/?fbid=693934939412602&set=a.682731 967199566

၇။  မယ်စဲ့မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုမှာ တပ်သားထွက်ပြေးပြီး လက်နက်ချအညံ့ခံ
     June 26, 2023

ကရင်နီပြည် မယ်စဲ့မြို့က စစ်ကောင်စီတပ် လက်ကျန်စခန်းဖြစ်တဲ့ နမ့်ပေါင်စခန်းမှာ တပ်သားထွက်ပြေးမှုနဲ့ လက်နက် ချအညံ့ခံတဲ့ တပ်သားတွေ ရှိနေတယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။ “သူတို့ ခေါ်တာ နမ့်ပေါင်းဂိတ်ပေါ့။ လက်နက်ကြီးတွေ ၁၂၀ မမတွေရှိတယ် အဲဒီမှာ အဲဒီကနေပြီးတော့မှ ပြေးကြတာနဲ့ တူပါတယ်။ ပြေး တော့ အဲဒီမှာ ကျနော်တို့ဆီပြေးလာတာတို့ လမ်းမှာ ဖမ်းမိတဲ့ ကိစ္စတို့ ပါမှာပေါ့။ ပြေးကုန်တယ်လို့ ပြောတယ် အဲဒီလို သတင်း ကြားတယ်။ ပြေးနိုင်တယ်ပေါ့နော။ အလားအလာကတော့ ပြေးဖို့ ပိုများတယ်ပေါ့။ ဘာြဖစ်လို့လဲဆိုတော့ သူတို့ပဲ ကျန်တော့ တယ်လေ။ တိုက်ရင်သေမှာလေ။ နောက်လည်းအတိုက်ခံရမှာပဲ။ စိတ်ထဲမှာ အဲဒီလို ဆုံးဖြတ်တော့ ပြေးတာပဲ များပါတယ်။ ပြေးနိုင်တယ်ပေါ့နော။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာလည်း မယ်စဲ့မြို့က စစ်ကောင်စီရဲ့ ပင်မ ကုန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မယ်စဲ့မြို့မှာ စစ်ကောင်စီရဲ့ နမ့်ပေါင်စခန်းတစ်ခုတည်းသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

မယ်စဲ့မြို့က စစ်ကောင်စီစခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်တဲ့အတွက် ကျန်ရှိတဲ့ တပ်စခန်းတစ်ခုက တပ်သား တွေဟာလည်း ကြောက်လန့်ပြီး ထွက်ပြေးတာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။ “ ၂၃ ရက်နေ့က ကျနော်တို့ သိမ်းလိုက်ပြီ အဲဒီတော့ စကစ တပ်မရှိတော့ဘူး။ ရဲတောင်မရှိတော့ဘူး။ သူတို့ပြေးကုန်ပြီ။ ကျနော်တို့ လော လောဆယ် အခု ကျနော်တို့ လက်ထဲမှာပေါ့နော။ မယ်စဲ့ တစ်မြို့လုံး ကျနော်တို့ လက်ထဲမှာပဲရှိတယ်။ အခု နမ့်ပေါင်စခန်းကလည်း သူတို့ မနေရဲတော့လို့ ပြေးတာလည်း ပါမယ်ပေါ့နော။” လို့ သူက ပြောပါတယ်။ မယ်စဲ့မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မယ်စဲ့ မြို့မ ရဲစခန်း၊ ထိုင်း-မြန်မာ နယ်ခြားအမှတ် ( BP ) 14 တပ်စခန်း၊ BP ( 15 ) မယ်တနွယ်စခန်း၊ BP(  16 ) တောင်လှစခန်း တို့ကို ယခုလ ဇွန်လ ၁၃ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ စစ်ကောင်စီကို အမြစ်ပြတ် တိုက်မှာ​​ဖြစ်တဲ့ အတွက် လူထုတွေအနေနဲ့ ကရုစိုက်သွားလာကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချဖို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က အသိပေးပြောဆိုပါတယ်။ https://www.kantarawaddytimes.org /%e1%80%99%e1%80%9a%e1%80%b a%e1%80%85%e1%80%b2%e1%80

၈။   ကျောက်မဲမှ နေရပ်ပြန်သည့် စစ်ဘေးရှောင်များ မြေမြှုပ်မိုင်း အန္တရာယ် စိုးရိမ်ရ
      June 26, 2023

သျှမ်းပြည် ကျောက်မဲမြို့မှ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ် ရကြောင်း စုံစမ်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲကြောင့် စစ်ရှောင်ထွက် ပြေးလာသူများ ဖြစ်ကြသည်။ အဆိုပါ စစ်ရှောင်များသည် နှစ်နှစ်ကျော်ကာလ ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးလာရပြီး ၊ စားဝတ်နေ ရေးနှင့် အသုံးစရိတ်များ အခက်အခဲများကြောင့် နေရပ်ပြန်သွားလိုသော်လည်း မြေမြှုပ်မိုင်း အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံ များကပြောသည်။ “ကျောက်မဲမြို့ပေါ်မှာ စစ်ရှောင်နေနေရတော့ အိမ်ငှားခတွေ၊ စားဖို့သောက်ဖို့တွေက အစ ပိုက်ဆံတွေ အကုန် ကုန်ကျတယ်၊ အဲ့လို ကုန်ကျစားရိတ်တွေ ဖြေရှင်းဖို့ အမျိုးသမီးဆိုရင် တစ်နေ့ ၅,၀၀၀ ကျပ်၊ အမျိုးသားဆိုရင် တစ်နေ့ကို ၇,၀၀၀ ကျပ်နဲ့ နေ့စားလိုက် အလုပ်လုပ်ရတယ်၊ ဒါပေမဲ့ မကာမိပါဘူး၊ ဒါကြောင့် နေရပြန်ချင်တာ” ဟု ကျောက်မဲမြို့မှ စစ်ရှောင်ကူညီ ပေးသူ အမျိုးသားတစ်ဦးက  ပြောသည်။

ကျောက်မဲရောက် စစ်ဘေးရှောင်များသည် အိမ်ငှားဖြင့် တစ်လကို လေးသောင်းမှ ၇ သောင်းအထိ ပေးရသည့် အပြင် သောက်သုံးရေ၊ စားနပ်ရိက္ခာ နှင့် တခြား အသုံးစားရိတ်များကလည်း များပြားသည့် အတွက် နေရပ် ပြန်လိုကြောင်း စစ်ရှောင် ကူညီသူက ပြောသည်။ သို့သော် စစ်ဘေးရှောင်များသည် နှစ်နှစ်ကျော်ကြာ နေအိမ်စွန့်လွတ် စစ်ရှောင်လာကြရသည့် အတွက် တိုက်ပွဲ ကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့များမှ အသုံးပြုသည့် မြေမြှုပ်မိုင်း အန္တရာယ် နှင့် လုံခြုံရေး အန္တရာယ် များ စိုးရိမ်ရ ကြောင်း စစ်ရှောင်ထွက်ပြေးလာသည့် ချုံးဟောင်း (ဝၢၼ်ႈၶိူမ်းၵဝ်ႇ) ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ယခု ရက်သတ္တပတ် အတွင်းတွင် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ် (ခွဲ) မှ ပုံးလုံကျေးရွာအုပ်စု၊ ဟူးစွန်ကျေးရွာ အုပ်စု နှင့် ခေးနင်းကျေးရွာအုပ်စုတို့မှ ဒေသခံ (၁၅၀) ကျော်တို့သည် နေရပ်ပြန်သွားကြကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ရှောင်များ နေရပ်ပြန်သွားခြင်း နှင့် ပတ်သက်ပြီး နေရပ်ပြန်လိုသည့် စစ်ရှောင်များအားလုံး နေရပ် ပြန်နိုင်အောင် ကြိုးစားပေးမည်ဟု ဒေသအတွင်း လှုပ်ရှားသည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/ SSA ၏ မြေပြင်အရာရှိ တစ်ဦးက ပြောသည်။ လက်ရှိ အချိန်တွင် ကျောက်မဲမြို့နယ်အတွင်း နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များသည် အိမ်ထောင်စုပေါင်း (၁,၂၅၀) ကျော် ရှိနေပြီး လူဦးရေ (၅,၀၀၀) နီးပါး ရှိနေကြောင်း သိရသည်။ https://burmese.shannews.org/archives/35514

၉။   မြိတ်တွင် စစ်ကောင်စီဖြန့်ဝေနေသည့် ဝါဒဖြန့် စာစောင် မယူ ဟု ငြင်းဆိုသည့် လူငယ် ၂ ဦး ရိုက်နှက် ဖမ်းဆီးခံရ
      June 26, 2023

မြိတ်မြို့၌ စစ်ကောင်စီ ဝါဒဖြန့် လက်ကမ်း စာစောင်များကို အများပြည်သူ သွားလာနေရာတွင် လိုက်လံ ဝေငှစဉ် မယူဟု ငြင်းဆိုသည့် လူငယ် နှစ်ဦးကို အရပ်ဝတ်စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး အဖွဲ့တို့က ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီ ဝါဒဖြန့် လက်ကမ်း စာစောင်များကို ယခု ဇွန်လ ၂၃ ရက်နေ့ကနေ အခု ဇွန်လ ၂၅ ရက်နေ့ အထိ မြိတ်မြို့ပေါ်က စျေးများ၊ လူစည်းကာရာ နေရာများ၊ လှေဆိပ်၊ ဆိုင်ကယ် ကယ်ရီဂိတ်များ အပါဝင် လမ်းသွား လမ်းလာ ပြည်သူများကို လိုက်လံ ဝေငှခဲ့ကြောင်း မြို့ခံများက ပြောသည်။ ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စစ်ကောင်စီခန့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ ပါဝင်သော ဌာနဆိုင်ရာ အဖွဲ့စည်းများက မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သော မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ် မြင်းစီးရုပ်ထု အရှေ့တွင် လူငယ်နှစ်ဦးကို  ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။

မြိတ်မြို့နေ ဒေသခံတစ်ဦးက “တောထဲ ရောက်နေတဲ့ PDF တွေ အိမ်ပြန်လာဖို့ တိုက်တွန်းထားတဲ့ စာစောင်ကို ဖြန့်နေ တာ အခုဆိုရင် ဒီနေ့ အထိ ၃ ရက် ရှိနေပြီး၊ ဒီနေ့ မနက်ကမှ လမ်းသွား လမ်းလာ ပြည်သူတွေကို သူတို့ ဝေငှတဲ့ အချိန်မှာ လူငယ် နှစ်ယောက်က မယူနိုင်ဘူး ဆိုပြီး ပြောရာမှ ရိုက်နှက် ဖမ်းဆီးသွားတာ ဖြစ်တယ်”ဟု ပြောသည်။ ထိုစာစောင်ထဲတွင် အိမ်နှင့် ဝေးနေသည့် PDF အဖွဲ့ကို ပြန်လာဖို့ အလင်းဝင်လာသူများကို ဆုကြေးဖြစ် ငွေချီးမြှင့်မည့် ဖြစ်ကြောင်း၊ NUG ၊ CRPH တို့က ပြည်သူများကို အကြောက် တရားနှင့် ဝါဒမှိုင်း တိုက်ပြီး စည်းရုံးကာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကို စည်းရုံး လှုံဆော် လုပ်ဆောင်ခိုင်းနေကြောင်း စသည့်အကြောင်းအရာများကိုရေးသားထားကြောင်း ၎င်း လက်ကမ်း စာစောင်များကို လက်ခံ ရရှိသူ များက ပြောဆိုထား သည်။ “ကျမတို့က ငတုံးတွေမှ မဟုတ်တာ ရှုတ်ချတယ်။ ထောက်ခံစရာ ဘာအကြောင်းမှ မပါဘူး။ ဒါက သူတို့ ကိုယ်တိုင် အခြေအနေ မဟန်ဘူး ဆိုတာ ပြတာပဲလို့ မြင်တယ် “ဟု မြိတ်တောင်ကျေးရွာနေ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ ထိုအပြင် ယင်း လမ်းကမ်း စာစောင်များကို ယခုလထဲတွင် မြိတ်မြို့ အပါအဝင် ကော့သောင်းမြို့တို့တွင်လည်း ဖြန့်ဝေ ခဲ့သေးကြောင်း ဒေသတွင်း သတင်း အရင်းမြစ်များထံမှ သိရသည်။ https://www.facebook.com/photo/?fbid=694114282728001&set=pcb.6 94115089394587

၁၀။ ALP မှ ဖမ်းဆီးထားသည့် စစ်တွေမြို့ခံ အရပ်သား ၂ ဦးကို ရိုက်နှက်ပြီး  ALP ၏အချုပ်ခန်းတွင် ချုပ်နှောင်ထား
     June 27, 2023

ရခိုင်ပြည်၊ စစ်တွေမြို့ စက်ရုံစုအကွက် (၂)မှ အရပ်သား ၂ ဦးကို ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP က ရိုက်နှက် ဖမ်းဆီးထားပြီး ALP ၏အချုပ်ထဲတွင် ချုပ်နှောင်ထားကြောင်း မိသားစုဝင်များက ပြောသည်။ စက်ရုံစုအကွက် (၂)မှ အသက် ၃၀ အရွယ် ဘေးတွဲမောင်းနှင်သူ ကိုကျော်စိုးနှင့် အသက် ၂၆နှစ်အရွယ် သစ်စက်တွင် အလုပ်လုပ် ကိုင်နေသူ ကိုကျော်နိုင်စိုးတို့ကို ALPတပ်ဖွဲ့ဝင်များက ဇွန်လ ၁၇ရက်နေ့ ည ၁၁နာရီ အချိန်ခန့်က နေအိမ်များမှ ရိုက်နှက် ဖမ်းဆီး သွားခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။ ဖမ်းဆီးသွားသည် ကတည်းက မည်သို့ခေါ်ဆောင်သွားသည်ကို အဆက် အသွယ်လုံးဝ မရရှိခဲ့ဘဲ ဇွန် ၂၄ ရက်နေ့တွင် စက်ရုံစု၊ အေးယာသာလမ်းရှိ အောင်နိုင်ဝင်း ရေခဲဒိုင် အနီးရှိALP အချုပ်တွင် ထိန်းသိမ်းထားသည်ကို တစ်ဆင့်သိရသည်ဟု ဖမ်းဆီးခံထားရသူ ကိုကျော်စိုး၏ ဇနီးဖြစ်သူ ဒေါ်မိုးခိုင်ချေ က ပြောသည်။ “ကျွန်မ ALP အကျဉ်းထောင်က ထောင်စောင့် ဖုန်းနံပါတ် ရလာပါတယ်။ ဆက်သွယ်ခွင့်ရဖို့ ကြိုစားနေပါတယ်။ ဒီနေ့လည်း အဲ့ထောင်မှာ အကျဉ်းကျနေတဲ့ အကိုတစ်ယောက်ကို သူ့မိန်းမက ဆက်သွယ်ဖုန်း ပြောကြပါတယ်။ အဲ့ဒီထဲ ကျွန်မက ကျွန်မယောက်ကျား နာမည်ပြောပြီး အဲ့အကိုကိုယ် ကျွန်မယောက်ကျား အကျဉ်းထောင်မှာ ရှိလားမေးကြည့်တော့ ရှိတယ်ဆိုပြီး ပြောပါတယ်။ ကျန်တာတော့ အကျဉ်းထောင်ကို ကိုယ်တိုင်ဆက်သွယ်မေးကြည့်ဖို့ ကြိုးစားနေပါတယ်” ဟုပြောသည်။

ကိုကျော်စိုး ဖမ်းဆီးခံရပြီးနောက် မိသားစုကို ဦးစီးဦးဆောင်နေသည့် အိမ်ထောင်ဦးစီးမရှိသည့်အတွက် ၈နှစ်အရွယ်နှင့် ၂ နှစ်အရွယ် ကလေး ၂ ဦးနှင့် စားဝတ်နေရေး အလွန်ခက်ခဲနေသည်ဟု သူမ‌က ဆက်လက်ပြောသည်။ နောက်ဖမ်းဆီးခံရသူ တစ်ဦးဖြစ်သော ကိုကျော်နိုင်စိုးမှာ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာဇာတိဖြစ်ပြီး စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ပြောင်း ရွှေ့နေထိုင်နေသည်မှာ ၃ လကျော်ရှိပြီ မိသားစုဝင်များက ပြောသည်။ “ALP ဟာလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။ ပြည်သူတစ်ဦးကို အပြစ်ရှိလို့ ဖမ်းတယ်ဆိုရင်လည်း ၂၄ နာရီထက် ပိုမချုပ်နှောင်ရပါဘူး။ ဒါဟာတရားဥပဒေရဲ့ စည်းမျဉ်းစည်း ကမ်းဖြစ်ပါတယ်။ ဖမ်းဆီးတယ်ဆိုရင် တရားစီရင်ရေး ကဏ္ဍတွေရှိရပါတယ်။ အဲ့ဒီလို ကဏ္ဍတွေမရှိပါဘဲ ရိုက်နှက်ဖမ်းဆီးပြီး ရက်အတော်ကြာအောင် ဖမ်းဆီးတာဟာ လူ့အခွင်း အရေးချိုးဖောက်ဝာာဖြစ်ပါတယ်”ဟု ပြောသည်။ ဇွန်လ ၁၇ ရက်နေ့ည ၁၁ နာရီခန့်က အရပ်ဝတ်ဝတ်ထားသည့် ALP တပ်ဖွဲ့ဝင် ၁၀ဦးခန့်က ကိုကျော်နိုင်စိုးနှင့် ကို‌ကျော်စိုး ကို သေနတ်ဘောင်များဖြင့် ရိုက်နှက်ကာဖမ်းဆီးသွားခြင်းဖြစ်ပြီး ကိုကျော်စိုး၏ ဇနီးဖြစ်သူပင် ALP တပ်ဖွဲ့ဝင်များထံ ပါးရိုက်ခံခဲ့ရကြောင်း ကာယကံရှင်က ပြောသည်။ စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့ မောလိပ် အထက(ခွဲ)တွင် ပညာသင်ယူနေသော Grade – 11 ကျောင်း သားတစ်ဦးကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဖမ်းဆီးချုပ် နှောင်ပြီးနောက် ၁၈ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ https://www.facebook.com/photo/?fbid=693394456133317&set=a.682731967199566

၁၁။  ရှဒူးဇွပ်ဒေသတွင် KIA ကန့်သတ်မြေ သတ်မှတ်လိုက်နောက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်
      June 27, 2023

တနိုင်း လီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ် နယ်မြေအဖြစ် KIA က ထုတ်ပြန်လိုက်သည့် ၄ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ဝါရာဇွပ်တိုက်နယ်တွင် ဂျာဝမ်၊ ကိုင်းတော နှင့် လောဒ်ဂျာစသည့် နေရာများတွင်တရား မဝင်ငါးဖမ်းခြင်း၊ တောင်ယာစိုက်ခင်း၊ လယ်ယာမြေလုပ်ကိုင်ခြင်း၊ စက်ယန္တရားကြီးအပါတနိုင်တပိုင်ရွှေတူးဖော်ခြင်း၊ အကြောင်း မဲ့ လာရောက်နေထိုင်ခြင်းမပြုရန် KIA က သတိပေးထုတ်ပြန်ထားသည်။

ဇွန်လ ၂၄ ရက်နေ့ ၅ နာရီခွဲဝန်းကျင်တွင် ဂျာဝမ် နှင့် လောဒ်ဂျာ ကျေးရွာအနီးတဝိုက်တွင် ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ ဗုံးကျဲတိုက်ခိုက်သွားသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “၅ နာရီနဲ့ ၆ နာရီဝန်းကျင် လောက်မှာပဲ ဂျက်ဖိုက်တာ ၂ စီးနဲ့လာပြီးတော့ တစ်စီးကပစ် တစ်စီးနောက်ကနေ လိုက်ကြည့်ပေးနေတာ ဟုတ်တယ်။ လေယာဉ်ဗုံးက ၅ လုံးလောက်ချ သွားတယ်။ ရှဒူးဇွပ်ကနေ အသံအကျယ်ကြီး ကြားရတယ်။ KIA ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ပြောတယ်” ဟု ပြောသည်။ https://www.facebook.com/photo/?fbid=6510942070518 54&set=a.601270185367590

၁၂။   အမြောက်တပ်နှင့် လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ကရင်ရွာသား ၉ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနေ
       June 26, 2023

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဝင်းရေးမြို့နယ် ထိစပ်နယ်မြေ (မွန်ပြည်နယ် ရေးမြို့နယ်) နှစ်ကရင်ရွာတွင် ဇွန် ၂၅ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းပစ်ကူအပြင် လမိုင်းအမြောက်တပ် ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာအနီးများသို့ လှမ်းပစ်ခတ်သည့်အတွက် နှစ်ကရင်ဒေသခံ ၉ ဦး ထက်မ နည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် နှစ်ကရင်ကျေးရွာနေ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ကျည်ထိမှန် သေဆုံး ခဲ့ပြီး အခြား ၃ ဦးမှာ လမိုင်းမြို့ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူနေရသလို လေကြောင်းဖြင့် လာရောက်ပစ်ခတ်သည့် အတွက် လူနေအိမ်အများပြား ထိမှန်ပျက်စီးသွားပြီး ဒေသခံအများအပြားလည်း ထိခိုက်ဒဏ်ရာရကြသည်ဟု ဒေသသတင်း အရင်းမြစ်များထံမှ သိရသည်။ “ ညနေ ၂ နာရီကျော်လောက်မှာ ရတခ ကနေ လေယာဉ်နဲ့လာပစ်တယ်။ ပြီးမှ အမတ ၃၁၇ တပ်ရင်းကနေ ရွာ အနီးအနားတွေကို လှမ်းထုတယ်။ အိမ်တွေရော ရွာသားတွေရော အထိများကြတယ်။ အသေးစိတ်တော့ မသိရ သေးဘူး။ ၉ ယောက်လောက် ထိခိုက်ဒဏ်ရာရမယ်” ဟု ရှေ့တန်းစစ်မြေပြင်မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ဇွန် ၂၆ ရက် ပြောသည်။

နှစ်ကရင်ရွာ ရဲစခန်းတွင် တပ်စွဲသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်တို့ နှစ်ကရင်ရွာအနီးတွင် ဇွန် ၂၅ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် အမြောက်ပစ်ကူ များဖြင့် ကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်း စစ်မြေပြင်သတင်း အရင်းမြစ်များထံမှ သိရသည်။ KNLA တပ်မှူး တစ်ဦးက “ အရင်က ရဲစခန်မှာ ဘယ်သူမှမရှိတော့ဘူး။ အခုစစ်တပ်ကသွားလာလှုပ်ရှားလာတယ်။ ပြန်လာခိုတပ်စွဲတယ်။ တိုက်ပွဲမှာတော့ သူတို့ဘက် ၃ ဦးကျတယ်။ ၂ ဦးထိခိုက်တယ်။ ကျနော်တို့ဘက်က ထိခိုက် မှုမရှိပါဘူး။ စခန်းကိုတော့ မသိမ်းနိုင် သေးဘူးပေါ့နော်” ဟု ပြောသည်။ အဆိုပါ တိုက်ပွဲမဖြစ်ပွားခင်ရက်ပိုင်းက ရေး-ထားဝယ်-မော်လမြိုင်-ရန်ကုန်သို့ ဆက်သွယ်ထား သည့် ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသွားပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် လုံခြုံရေးအတွက် ကြည်ဖြုစွာဖြင့် စစ်ဆေးမှုခံယူပေးကြရန် KNLA တပ်ရင်း ၂၇ မှ ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က စာထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါလမ်းမ တစ်လျှောက်ကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ထိန်းချုပ်ထား လျှက်ရှိသည်။ https://kicnews.org/2023/06/%e1%80%a1%e1%80%99%e1%80%bc%e1 %80%b1%e1%80%ac%e1%80%80%e1

၁၃။   စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် MNDAA က ငွေကျပ်သိန်း(၂၀)ချီးမြင့်ကာ          တပ်စိတ်မှူးရာထူးပေး
       June 26, 2023

အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်သားတစ်ဦး လက်နက်နှင့်အတူ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် မတော်ကိုးကန့် (MNDAA)ထံ အလင်းဝင်လာခဲ့သဖြင့် ငွေကျပ်သိန်း(၂၀)ချီးမြင့်ကာ တပ်စိတ်မှူးရာထူးပေးထားကြောင်း The Kokang က ဇွန်လ (၂၆)ရက်နေ့တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ် တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၄၁၉)မှ တပ်သား သန်းထိုက်အောင်သည် လက်နက်နှင့်အတူ ၂၀၂၃ခုနှစ် ဇွန်လ(၂၀)ရက်နေ့က အလင်းဝင်လာရာ ၎င်းကို ဇွန်လ(၂၅)ရက်နေ့တွင် မုံးကိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုအခမ်းအနားကျင်းပ၍ ကြိုဆိုပေးခဲ့သည်ဟု ဆိုသည်။ ၎င်းသည် ရိုင်ဖယ်သေနတ် တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ(၁၈၆)တောင့်တို့ဖြင့် MNDAA တပ်ထံ အလင်းဝင်လာခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ တပ်ရင်း(၁၂၈)မှ တပ်သားတစ်ဦးသည် MNDAAတပ်ထံ လက်နက်ချ အလင်းဝင်လာခဲ့သေးသည်။ MNDAA တပ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ထွက်ပြေးလာလူ (၁၀) ဦး အထက်ကို လက်ခံထားပြီး ပြည်သူလူထုများ စစ်ဘေးဒဏ်များ ဆက်လက်မခံစားရန်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ထံ ဆက်လက် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။ https://www.youtube.com/TachileikNewsAgency/

၁၄။  ရေးမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်၊ ပြည်သူစစ် ၁ ဦး ပစ်သတ်ခံရ
       June 27, 2023

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာကျေးရွာအနီးမှာ ဇွန် ၂၆ ရက် ည ၇ နာရီခွဲလောက်က စစ်ကောင်စီ တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေနေကိုတော့ မသိရသေးဘူးလို့ PDF ရဲဘော်တယောက်က  ပြောပါတယ်။ “စစ်လေယာဥ်က မနေ့ညနေကတည်းက တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လှည့်ပတ်ပြီး လေယာဥ်နဲ့ပစ်တာကြားရတယ်။ ည ၈ နာရီမှာ ရေး သံဖြူဇရပ်လမ်း အောင်သာယာကျေးရွာဘက်တလျှောက်မှာ တိုက်ပွဲက ပြင်းထန်နေလို့ တချို့ရေးမြောက်ပိုင်းရွာက လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်။” ရေးမြောက်ပိုင်း ရေး-သံဖြူဇရပ်ကားလမ်း နယ်မြေစိုးမိုးထိန်းချုပ်ထား လိုက်ပြီလို့ KNLA၊ PDF ပူးပေါင်းအဖွဲ့က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ကျားဖြူစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်မှ ၉ ဦး သေ ဆုံး ခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ KNLA၊ PDF ပူးပေါင်းဘက်မှ ရဲဘော်တွေ အထိအခိုက်မရှိပေမဲ့ ကျေးရွာနေ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါ တယ်။ ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု မြို့ဟောင်းကုန်းရွာက ပြည်သူစစ်ခေါင်းဆောင် စိုးအောင်ဟာ ဇွန် ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူခေါင်းဆောင် စိုးအောင်ဟာ အစင်ရွာ၊ ကျားတန်း၊ ဇီဖြူသောင်၊ ဓမင်ဆိပ်၊ ပင်လယ်ဝ၊ ဆိတ်ကလေး၊ အဘော်ရွာ၊ ဒူးယားစတဲ့ရွာတွေမှာ ဗိုလ်ကျအနိုင်ကျင့်ငွေတောင်းနေတာ ကြောင့်  ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ https://burmese.dvb.no/archive s/601199

၁၅။   ပလက်ဝမှာ စားသောက်ကုန်ဈေး နှစ်ဆကျော်မြင့်တက်နေ
       June 27, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့မှာ ဆန်၊ ဆီနဲ့ ကြက်သွန်စတဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးနှစ်ဆလောက် တက်သွားပြီး ဆန်တစ်အိတ်ကို ကျပ် ၁၈၀,၀၀၀ အထိဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝမြို့ကို ရခိုင်ပြည် နယ်ကနေသွားတဲ့ ရေကြောင်းလမ်းနဲ့ ပခုက္ကူ – မတူပီ – ပလက်ဝကားလမ်းဆိုပြီး အဓိကလမ်းကြောင်းနှစ်ခုရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီနောက်ပိုင်း ပခုက္ကူ – မတူပီ – ပလက်ဝကားလမ်းဟာ တိုက်ပွဲတွေကြောင့်သွားလာလို့ မရ‌တော့တာကြောင့် ရခိုင်ပြည်နယ် ကျောက်တော် ကနေသွားတဲ့ ရေလမ်းကြောင်းတစ်ခုတည်းကိုပဲ အားကိုးနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်စည် သယ်ယူဖို့ စစ်ကောင်စီတပ်ရဲ့ ထောက်ခံစာယူရတဲ့အပြင် သယ်သွားတဲ့ ကုန်ပစ္စည်းတွေအပေါ် ပိုက်ဆံပေးနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

လက်ရှိ မိုးတွင်းကာလမှာ လမ်းခရီးအခက်အခဲပါ ထပ်ကြုံရတာကြောင့် ကုန်ဈေးတွေ မြင့်တက်လာတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ”စစ်‌တပ်မှာ ထောက်ခံစာယူရတယ်၊ ပစ္စည်းအမျိုးအစားအလိုက် ပိုက်ဆံတောင်းတယ်။ တချို့ကတော့ အဆင်ပြေတဲ့လမ်းကြောင်းတွေကနေ အဆင့်ဆင့်သယ်ကြတယ်။ ပြည်မမှာ ဆန်တစ်အိပ်ကို ၈၀၀၀၀ နဲ့ရတဲ့ဟာကို ဆမီးမြို့မှာ ၁၈၀၀၀၀ ဖြစ်သွားတာပေါ့” ၂၀၂၃ ခုနှစ်က ဆန်တစ်အိတ်ကို ကျပ် ၈၀,၀၀၀၊ စားအုန်းဆီတစ်ပိဿာကို ၁,၅၀၀၀ ကျပ်၊ ကြက်ဥသုံးလုံး ၁,၀၀၀ ကျပ်နဲ့ ဝယ်လို့ရခဲ့ပေမယ့် လက်ရှိမှာတော့ နှစ်ဆဝန်းကျင် ဈေးတက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.rfa.org/burmese/news/paletwa-food-prices-06262023040733.html

၁၆။   ဝိုင်းမော်တွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွား
       June 26, 2023

ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆဒုံးရေတံခွန်အနီးရှိ KIA တပ်ဖွဲ့ဝင်များ အခွန်ကောက်သည့်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆဒုံးဒေသခံအမျိူးသားတစ်ဦးက ပြောသည်။ “လက်နက်ကြီးလည်း တော်တော်ကြားရတယ်။ ဒီဘက်ကလည်းပစ် ဟိုဘက်ကလည်းပစ်ထင်တယ် လက်နက်ကြီးက အကြိမ်ရေတောင် မရေတွက်နိုင်ဘူး။ အခုလည်း တစ်ချက် တစ်ချက်ကြားနေရသေးတယ်။ စစ်ကောင်စီတွေ အင်အားဘယ်လောက်ရှိတာကမသိရဘူး။ ဟိုနေ့တွေက လှုပ်ရှားနေတာ အင်အား ၂၀၀ ကျော်လောက်ရှိတယ်လို့တော့ကြားရတယ်” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၃) တပ်ဖွဲ့ဝင်များအထိုင်ချထားသည့် အင်ဝမ်ကောင်ကျေးရွာနှင့် ဆဒုံးရေ တံခွန်ကြားရှိ အခွန်ဂိတ်သို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆဒုံး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တာသေချာတယ် KIA တွေရှိတဲ့နေရာမှာ စစ်ကောင်စီတွေ ရှိနေပြီလို့ပြော တယ်။ စစ်ကောင်စီတွေ အင်အားအရမ်းများပြီးထိုးလာတော့ တော်တော်တိုက်ပွဲဖြစ်လိုက်တာတဲ့။ KIA တွေလည်း စခန်းရှိတဲ့ အထက်ဘက်ကိုပြန်တက်သွားတယ်လို့သိရတယ်။ အခုကအဲ့မှာ စစ်ကောင်စီတွေပဲရှိနေပြီတဲ့” ဟုပြောသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီ၊ လီဆူပြည်သူ့ စစ်ပူးပေါင်းတပ်တို့ကြား ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ https://www.face book.com/photo/?fbid=582680164059656& set=a.535867405407599

၁၇။   ရိက္ခာဖူလုံစေရန် ကရင်နီစစ်ရှောင်များ တောင်ယာစိုက်ပျိုးမည်
       June 27, 2023

ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတချို့မှာရိက္ခာမလုံလောက်မှုတွေကို အထောက်အကူပြုဖို့အတွက် တောင်ယာ စိုက်ပျိုးကြမယ်လို့ စစ်ဘေးရှောင် ကူညီသူတွေထံက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်က စစ်ဘေးရှောင် စခန်း ၄ ခုမှာ အခုနှစ် မိုးရာသီကစပြီး ပြောင်းနဲ့ တောင်ယာစပါးတို့ကို စတင်စိုက်ပျိုးကြမှာဖြစ်ပြီး တခြား စစ်ဘေးရှောင်စခန်းတွေမှာ လည်း မျိုးစေ့လှူဒါန်းသူတွေရှိရင် စိုက်ပျိုးကြမှာပါ။ စစ်ဘေးရှောင်တွေဟာ ရိက္ခာမလုံလောက်မှုပြဿနာတွေ ရင်ဆိုင်နေကြ ရပြီး တစိတ်တပိုင်း အထောက်အကူရစေဖို့ ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေကို ငှားရမ်းပြီး စိုက်ပျိုးကြမှာပါ။ “စိုက်သာစိုက် နေတာ ဘယ်အချိန် တိုက်ပွဲဖြစ်မလဲ၊ လေယာဉ် ဘယ်အချိန်လာမလဲဘဲ စိုးရိမ်နေရပါတယ်။ အခုက ဒေသခံတွေ အကူအညီနဲ့ သူတို့မြေယာတွေ ငှားပေးလို့ စိုက်ပျိုးကြတာပါ” လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်စခန်းတချို့မှာ ပြီးခဲ့တဲ့ မေလအတွင်းက ရိက္ခာမလုံလောက်မှုကြောင့် စစ်ရှောင် တွေ ထမင်းတနပ် လျှော့စားခဲ့ရပါတယ်။ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တာဝန် ရှိသူ က “စစ်ရှောင်​တွေက လိုအပ်ချက်တွေ ကျနော်တို့ကို တင်ပြတယ်။ တဖက်တလမ်းက အကူအညီဖြစ်အောင် စိုက်ပျိုးချင်ကြ တယ်ဆိုလို့ မျိုးစေ့တွေ ထောက်ပံ့ပေးတာပါ” လို့ ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်က စစ်ဘေးရှောင်စခန်း ၄ ခုမှာ လူဦးရေ ၃,၆၀၀ ကျော် နေထိုင်ကြပါတယ်။ https://burmese.dvb.no/archives/60 1224

၁၈။   တောင်ကြီးမြို့ မူးယစ်ဆေးဝါး မီးရှို့အခမ်းနား တက်ရောက်ခဲ့သည့် ကျောင်းသူများ မူးလဲသတိလစ်
       June 27, 2023

သျှမ်းပြည် တောင်ကြီးမြို့အတွင်း ယမန်နေ့ (ဇွန် ၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူ ၃၀ ကျော်က မူးလဲပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ ဇွန် (၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပခဲ့ပြီး အ.ထ.က (၂) ကျောင်းသား/သူတွေလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုအခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူများထဲမှ ကျောင်းသူ ၃၀ ကျော်လောက်က မူးလဲခဲ့ပြီး ၁၃ ဦးကို ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။ “အဓိကတော့ အခမ်းအနားကို လာတဲ့အချိန်မှာ ထမင်းမစားလာလို့ပေါ့။ နေပူထဲမှာ ရပ်နေရတာကြာတော့ သတိလစ်တာ မူးလဲ တာတွေ ဖြစ်တာပေါ့။ မူးလဲတာကတော့ ၃၀ ကျော်တယ်။ ဆေးရုံကို တင်ပို့ရတာတော့ ၁၃ ယောက်လောက်ရှိတယ်ပေါ့။ ဖြစ်တာ ကတော့ နေပူရှိန်ကြောင့် လဲဖြစ်တယ်”ဟု တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူများသည် ၇ တန်း၊ ၈ တန်းများ ဖြစ်ကြပြီး လေ့လာရေး အနေဖြင့် တက်ရောက်လာခဲ့ကြောင်း အထက်ပါ တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။ တစ်ဖက်တွင်လည်း အဆိုပါ ကျောင်းသူများသည် မူးယစ်ဆေးဝါးကို မီးရှို့ပြီး ထွက်လာသည့်အနံ့သက်ဆိုး ကြောင့် မူးလဲမှုတွေ ဖြစ်ကြောင်း ဒေသခံများကပြောသည်။ “မူးလဲနေကြတာအများကြီးပဲ။ ကျောင်းသူလေးတွေအများစု ဖြစ်ကြတာ။ မူးယစ်ဆေးဝါး ကို မီးရှို့ရင် အနံ့ကဆိုးတယ်။ ကလေးတွေက ဘယ်ခံနိုင်မလဲ။ မူးလဲမှာပေါ့။ တကယ်ဆို ကလေးတွေမသွားသင့်တဲ့နေရာတွေ ဖြစ်တယ်။ အရင်ကလည်း ကျောင်းသားတွေ မလာရဘူး” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။ တောင်ကြီး အဝေရာ မီးပုံးပျံကွင်းတွင် မူးယစ်ဆေးဝါးကို မီးရှို့တိုက်ဖျက်မှုနှင့်ပတ်သက်ပြီး ဒေသခံများက အနံ့အသက် ဆိုးရွားသဖြင့် ပြောင်းရွှေ့ရန် အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ သို့သော် ယနေ့ထိတိုင် သက်ဆိုင်ရာ အာဏာပိုင်များက ဆက်လက်လုပ်နေသေးသည်။ https://burmese.shannews.org/arc hives/35525

၁၉။ ကလေး တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး
      June 26, 2023

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ပိုင်း သာစည်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ချင်းကာကွယ်ရေးတပ်ဘက်မှ တပ်သား တစ်ဦးကျဆုံးခဲ့ကြောင်း သိရသ ည်။ စစ်အင်အား ၁၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ပေါ်မှ သာစည်ကျေးရွာဘက်သို့ ဝင်ရောက်လာခဲ့ရာ လမ်းခုလပ်တစ်နေရာတွင် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ “စစ်ကြောင်း တွေဝင်လာကြတာ သူတို့ဘက်ကစစ်ကြောင်းထိုးလာတော့ အဆင်သင့်စောင့်နေတဲ့ကာကွယ် ရေးတပ်တွေက တောက်လျှောက် ပစ်ခတ်တော့တာပဲ အဲ့မှာထိတွေ့တိုက်ပွဲစဖြစ်တာပါ တိုက်ပွဲအတွင်း CNDFကတစ်ဦး လက်နက် ကြီးထိမှန်လို့ကျဆုံးသွားတာ ပေါ့နော်“ဟု ပြောသည်။ တိုက်ပွဲတွင် ကျဆုံးသွားသည့်သူမှာ ချင်းကာကွယ်ရေးတပ် VAKOK-CNDFမှ မင်းခန့်ကျော်(ခ) သားလေး ဆိုသူဖြစ်ပြီး နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းထိုးဝင်ရောက်လာချိန် သာစည်နှင့် တည်းနမ့် စသည့် ကျေးရွာမှ နေအိမ်တစ်ချို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုလည်း သိရသည်။ “စခတွေရဲ့ထုံးတမ်းစဥ်လာအတိုင်း သာစည်ရွာက ပြည်သူနေအိမ် ၁၀ လုံး မီးရှို့ခဲ့ တယ် သာစည်နဲ့ တစ်ဆက်တည်းနမ့်တောကျေးရွာကိုလည်းမီးရှို့တယ် ၁၀ လုံး လို့သိရတယ်”ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက် လက် ပြောဆိုသည်။ အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် VAKOK-CNDF KKG(CDF) Kalay PDF နှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းတိုက်ခဲ့ကြောင်း သိရသည်။ https://burmes e.kachinnews.com/2023/06/26/ sm1-118/

၂၀။  ရှမ်းရွာမှ ဖမ်းဆီးခံသွားရသည့် အမျိုးသားနဲ့ ဆက်စပ်သူများ စစ်တပ်မှလိုက်လံဖမ်းဆီးနေ
     June 24, 2023

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အုပ်စု ရှမ်းရွာမှ ဇွန်လ ၂၃ ရက်နေ့ ဖမ်းဆီးခံသွားရသည့် အမျိုးသားနဲ့ ဆက်စပ် သူများအား စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများမှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၂၀ ဝန်းကျင် သည် ရှမ်းရွာ၌ တက်တူးဆိုင်ဖွင့်ထားသည့် အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးမိသားစုနဲ့အတူ နေအိမ်၌ရှိနေစဉ် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် ယနေ့နံနက်မှစပြီး ဆက်စပ်သူများအား လိုက်လံဖမ်းဆီးနေ ကြောင်း ‌ဖမ်းဆီးခံသွားရသူနဲ့ နီးစပ်သူကပြောပြောသည်။ “သူ့ကို ဖမ်းခေါ်သွားပြီးနောက် ဒီမနက်ကနေတော့ ဘာကြောင့်လဲ မသိဘူး  ဘေးပတ်ဝန်းကျင်အိမ်တွေကိုဝင်ရှာတယ်ကြားတယ်” ပြီးတော့ သူ့ သူငယ်ချင်းတွေအိမ်လည်း ဝင်ရှာတာတွေရှိတယ် ပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသားအား ဖမ်းဆီးသွားပြီးနောက် မြစ်ကြီးနားမြို့ပေါ်ရှိရပ်ကွက်အချို့မှနေအိမ်အချို့ တွင်လည်း လိုက်လံရှာဖွေနေကြောင်း သိရသည်။ ဖမ်းဆီးခံသွားရသည့် အသက် ၂၅ နှစ်ဝန်းကျင် ကိုဝေဖြိုးအား ကာကွယ် ရေး တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ပေမယ့်  ကာကွယ်ရေးဘက်ကတော့ လုံးဝ ပတ်သက်ဆက်နွယ်မှုမရှိကြောင်း ယမန်နေ့က ငြင်းဆိုထားသည်။ စစ်တပ်အာဏာသိမ်းပြီး‌နောက်ပိုင်း ၂၀၂၁-၂၀၂၂ ခုနှစ် အကြား စစ်ကောင်စီတပ်သည်  မြစ်ကြီးနားမြို့နယ်အတွင်း  ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဆို သည့် စွပ်စွဲချက်ဖြင့် လိုက်လံဖမ်းဆီးခဲ့ရာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ https://www.facebook.com/photo?fbid=649607 900533818&set=a.601270192034256

၂၁။  BGF မှ သီးနှံခြံဝန်းများအတွင်း မိုင်းများထောင်‌ထားသဖြင့် ဒေသခံများ ခြံထဲသွားရန် အခက်တွေ့နေ
      June 26, 2023

ကော့ကရိတ်-မြဝတီအာရှ လမ်းမတစ်လျှောက်တွင်တပ်စွဲထားသည့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များသည် ဒေသခံ ပြည်သူများ၏ သီးနှံခြံများရှိရာ အနီးဝန်းကျင်တွင် နင်းမိုင်းများထောင်ထားသဖြင့် ခြံထဲသွားရန် အခက် တွေ့နေကြရကြောင်း ဒေသခံ ခြံပိုင်ရှင်များကပြောသည်။ နယ်ခြားစောင့်တပ် နှင့် စစ်‌ကောင်စီတပ်သည် အာရှလမ်းမတစ်လျောက်တွင် တပ်စွဲထား လျက်ရှိပြီး တပ်စွဲထား သည့်အနီးနားနေရာများနှင့် တောတောင်ရှိ ဒေသခံပြည်သူများ၏ သီးနှံခြံများတွင် နင်းမိုင်း အမြောက် အများ ထောင်နေသဖြင့် ခြံထဲမသွားရဲကြောင်း ဒေသခံ ခြံပိုင်ရှင်တစ်ဦးက ယခုလိုပြောသည်။ ၎င်းက”ကျနော်တို့အကုန်လုံး မ‌တွေ့ပေမဲ့ ကော့ကရိတ်ကနေစပြီး တောက်လျှောက်သူတို့ (စစ်ကောင်စီ လက် အောက်ခံတပ်)ရှိ‌တယ်။ ကျနော်ခြံသွားတော့ သူတို့ (BGF)နှစ်ယောက်ကိုတွေ့တယ်။ သူတို့(BGF)ပြောတယ် နောက်ဆိုမလာနဲ့တော့။ လမ်းထဲ၊ လမ်းဘေးတို့ ခြံထဲတို့ မိုင်းတွေ အပြည့်ထောင်ထားတယ်ပြောတော့ အဲ့နေ့က စပြီးခြံထဲသွားလို့မရဲတော့ဘူ”ဟု ပြောသည်။

ထိုသို့ မိုင်းများထောင်ထားခြင်းကြောင့် လက်ရှိ သီးနှံပေါ်ထွက်ချိန်ဖြစ်၍ ယခုလို ခြံထဲသို့ မသွားနိုင်ကြသော ကြောင့် ဒေသခံများအနေဖြင့် ဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း ဒူးရင်းသီး ခြံပိုင်ရှင် တစ်ဦးက ယခုလို ပြောသည်။ “ဒီနှစ် ဒူရင်းသီး က နည်းပေမဲ့ ဈေးကကောင်းတော့မိသားစု ဝင်‌‌ငွေကပုံမှန်‌ဆိုများမယ်။ အခု ဒူရင်းသီး ကြွေလဲ သွားကောက်မရဲဘူ။ သံပုရာခြံရှိ လည်း သံပုရာသွားခူးမရဲဘူဆိုတော့ ကျနော်တို့စိုက်တာ သီးနေပြီး သွားလုပ် မရဲ တော့ နစ်နာဆုံးရှုံးတာတွေ အများကြီးဖြစ်တာ ပေါ့”ဟု ပြောသည်။ ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများအနေဖြင့် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမအနီးရှိ တောင်ပေါ် ဒေသ များတွင် ဒူရင်းသီးခြံ၊ သံပုရာသီးခြံ၊ ဝဥခြံနှင့် မင်းဂွတ်သီးခြံများ စိုက်ပျိုးအသက်မွေးဝမ်းမှုများရှိပြီး နှစ်စဉ် ရာသီပေါ် သီးနှံများ အနေဖြင့် စျေးကွက်ထဲသို့ ပြန်လည် ရောင်းချမှုများ ပြုလုပ်လေ့ရှိကြကြောင်း သိရသည်။ ပြီးခဲ့သည့်လများအတွင်း အဆိုပါ ဒေသတွင် နယ်မြေခံ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီ၊ BGF တို့အကြား နှစ်ဖက် တိုက်ပွဲများ ပြင်းထန်ခဲ့ဖူးပြီး ပြီးခဲ့ သည့် ရက်ပိုင်းကလည်း ကော့ကရိတ်မြို့အတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ https://kicnews.org/2023/06/bgf%e1 %80%99%e1%80%be-%e1%80% 9e%e1%80%ae%e1%80%b8%e1%80%

၂၂။   ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်းတွင် မြေပြိုသဖြင့် လမ်းပိတ်ပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်
      June 26, 2023

ကမ်းပါးပြိုကျပြီး ပူတာအို – ခေါင်လန်ဖူး လမ်းပိတ်ဆို့နေသောကြောင့် ခေါင်လန်ဖူးမြို့နယ်အတွင် အခြေခံစားသောက် ကုန် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး အချိန်ကြာလာပါက စားသောက်ကုန်များ ပြတ်လပ်သွားနိုင်ကြောင်း သိရသည်။ ရက် သတ္တ နှစ်ပတ်ခန့်အကြာ မိုးအဆက်မပြတ်ရွာသွန်းပြီး ကမ်းပါများပြိုကျခဲ့သဖြင့် လမ်းပိတ်သွားကာ ကုန်ဈေးနှုန်းတစ်ဆခန့်မြင့် တက်လာခြင်းဖြစ်သည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “ကားတွေမရောက်လာတော့ ကုန် ဈေးနှုန်းတွေလည်း တစ်ရက်ပြီးတစ်ရက် ဈေးတက်သွားတယ်၊ ကားလမ်းပိတ်တာ တစ်လလောက်ပဲရှိသေးတာ ဆန်တစ်အိတ် ကို အရင်ကရှစ်သောင်းကျော်လောက်ပဲရှိတာ အခုဆိုတစ်သိန်းလေးသောင်းကျော်လောက်ရှိသွားပြီ၊ ပဲဆီလည်း တစ်ပိဿာ ဗူး တစ်ဗူးကို အရင်က ကိုးထောင်လောက်ပဲရှိတာ အခုတော့ တစ်သောင်းလေးထောင်ကျော်ပြီ” ဟုပြောသည်။ ယခင်က လမ်းပိတ် လျှင် တရုတ်နိုင်ငံနယ်စပ်မှ ကုန်စည်များဝယ်ယူရရှိနိုင်သော်လည်း လက်ရှိအချိန်တွင် ဂိတ်ပိတ်ထားသောကြောင့် တစ်လခန့် ကြာ လမ်းများပိတ်ဆို့သွားပါက အခြေခံစားသောက်ကုန်များ ပြတ်လပ်သွားနိုင်ကြောင်း သူကဆက်ပြောသည်။

ခေါင်လန်ဖူးမြို့နယ်သည် အအေးပိုင်းဒေသဖြစ်သောကြောင့် စပါးမဖြစ်ထွန်းသဖြင့် အခြားဒေသမှ ဝယ်ယူစားသုံးရပြီး ပူတာအို – ခေါင်လန်ဖူးလမ်းကိုသာ အဓိကထားအသုံးပြုရကြောင်း အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “တောင်ပေါ်ဒေသဆိုတော့ ဘာစီးပွားရေးမှလုပ်လို့မရဘူး မြေပြင်အနေထားနဲ့ ရာသီဥတုကြောင့် စပါးစိုက်လည်း စားဖို့အတွက်လုံလောက်အောင် မဖြစ်ထွန်းဘူး။ ပူတာအို – ခေါင်လန်ဖူးကားလမ်းပဲ အဓိကအသုံးပြုပြီး စားသောက်ကုန် အပါ အဝင် ကုန်ပစ္စည်းတွေအားလုံးကို ပူတာအိုကနေပဲဝယ်ကြတာ” ဟုပြောသည်။ ခေါင်လန်ဖူးဒေသခံများက ဆေးမြစ်ရှာဖွေခြင်း နှင့် ဟင်းခတ်အမွှေးအကြိုင်စိုက်ပျိုးကာ တရုတ်နိုင်ငံသို့ ရောင်းချသည့်လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းကြသော်လည်း နယ်စပ်ဂိတ်ပိတ်ထားသောကြောင့် စားဝတ်နေရေးဖြေရှင်းရန် အခက်အခဲကြုံနေရကြောင်း သူကဆက်ပြောသည်။ ပူတာအို – ခေါင်လန်ဖူးလမ်းသည် ၁၁၅ မိုင်ခန့်ရှည်လျားပြီး ကားဖြင့်နှစ်ရက်ခန့်သွားရကာ ယခင် ကားလမ်းမရှိမီအချိန်က မြင်းများ၊ လားများနှင့် မြည်းများကိုအသုံးပြုကာ မချမ်းဘော့မြို့နှင့် ပူတာအိုမြို့မှ ကုန်ပစ္စည်းများ သယ်ယူလေ့ရှိကြောင်း သိရသည်။ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်ခန့်နေထိုင်သည်။ https://www.facebook.c om/photo/?fbid=582861697374836& set=pcb.582864387374567

၂၃။  လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတခုမှာ ငှက်ဖျားရောဂါအဖြစ်များ၊ ခြင်ထောင်လိုအပ်
      June 27, 2023

ကရင်နီပြည် လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတခုက ပြည်သူတွေဟာ ငှက်ဖျားရောဂါ အဖြစ်များနေကြတယ် လို့ စစ်ရှောင်တွေကို ဆေးကုပေးနေတဲ့ သူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ က ငှက်ဖျားရောဂါစတင်ဖြစ်ပွားကြပြီး လက်ရှိ မှာတော့ မိုးရာသီရောက်ရှိ လာပြီဖြစ်တဲ့အတွက် ရေချောင်းတွေနဲ့ အနီးကပ်နေထိုင်နေတဲ့ စစ်ရှောင်တွေမှာ ငှက်ဖျားရောဂါ အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ “သူတို့စစ်ရှောင်တဲ့နေရာနဲ့ ရေချောင်းနဲ နီးတာလည်းပါတယ်။ ပြီးတော့ ရေချောင်းက မိုးရွာရင် ရေနှောက်လိုက်၊ ခဏနေ ရေပြန်ကြည်လိုဆိုရင် သူ့ဟာက ပိုးမွှားတွေများတော့ သူ့ဟာကအဖြစ်များတာပေါ့”လို့ စစ်ရှောင် တွေကို ဆေးကုသပေးနေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ငှက်ဖျားပိုးတွေ့ရှိတဲ့ လူနာတွေကို ဆေးကုသမှုခံယူစေပြီး ခြင်ထောင်တွေ ပေးဝေနိုင်ခဲ့ပေမယ့် စစ်ရှောင် စခန်းမှ အိမ်ထောင်စုတိုင်းကို ခြင်ထောင်မပေးဝေနိုင်သေးဘူးလို့ ဆိုပါတယ်။ “ခြင်ထောင်ကတော့ လုံလောက်မှုမရှိဘူးပေါ့နော် ပြောရမယ်ဆို အကုန်လုံးတော့ပေးချင်တယ်။ တစ်အိမ်ကို တစ်လုံးဖြစ်ဖြစ်၊ နှစ်လုံးဖြစ်ဖြစ် ။ ဒါပေမယ့် မှာတဲ့အရေအတွက်နဲ့ ရွာရဲ့ အိမ်ခြေအရေအတွက်နဲ့ဆိုရင် အကုန်လုံး လူတိုင်းကတော့ မရနိုင်ဘူးပေါ့နော်” လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေသူ တစ်ဦးက ဆက်ပြောပါတယ်။ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ နီးပါးရှိ အဆိုပါ စစ်ရှောင်စခန်းမှာ ဇွန်လ တစ်လအတွင်း ငှက်ဖျားရောဂါပိုး တွေ့ရှိသူ ၂၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် အဆိုပါ စစ်ရှောင်စခန်းမှာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတာ ကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ ကြီးမားတဲ့ကျန်းမာရေး ပြဿနာတစ်စုံတစ်ရာရှိခဲ့သော် သွားရောက်ကုသဖို့ ဆေးရုံ၊ ဆေးခန်းမရှိဘူးလို့ ဆိုပါတယ်။ https://www.kantarawaddytimes. org/%e1%80%9c%e1%80%bd%e1%80%ad%e1% 80%af%e1%80%84%e1%80

၂၄။  ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေတောင်းခံမှု များပြားလာတဲ့ ဖားကန့်မြို့
      June 26, 2023

ဖားကန့်မြို့နယ်မှာ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲခံရမှု၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ ခိုးဆိုးလုယက်မှုတွေ ယခုနောက်ပိုင်း ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြန်ပေးစွဲသူ၊ ငွေခြိမ်းခြောက်သူတွေ ဟာ အထူးသဖြင့် ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆီဆိုင်၊ ရွှေဆိုင်စတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားလေ့ရှိတယ်လို့ သိရပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ မရှီကထောင်ရပ်ကွက်က မြို့မ ကဖေး လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ဟာ နေအိမ် ကနေ ဆံပင်ညှပ်ဖို့ထွက်သွားရာကနေ ပြန်ပေးဆွဲခံထားရပြီးနောက် သားဖြစ်သူကို ဖုန်းဆက်လာပြီး ငွေကျပ်သိန်း သုံးရာနဲ့ ရွှေတစ်ဆယ်သားနဲ့ပြန်ရွေးရမယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားတဲ့အတွက် သားဖြစ်သူဟာ ရွှေနဲ့ငွေ စုစုပေါင်းကာလတန်ဖိုး သိန်းခြောက်ရာဝန်းကျင်ကို ချိန်းဆိုထားတဲ့ နေရာကို ပို့ပေးခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ထိ လွှတ်မြောက်လာတာမရှိသေးဘဲ ငွေထပ်မံတောင်းတဲ့ ဖုန်းခေါ်ဆိုမှုကိုသာ လက်ခံနေရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် ဇွန်လ ၁၇ ရက်နေ့မှာလည်း ဆိုင်းတောင်ကျေးရွာအုပ်စု မမုံကျေးရွာ နေခြည်ဆည်းဆာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဇော်ကြီးကို ‘ပျူစောထီးအဖွဲ့ခေါင်းဆောင် ဗိုလ်စောမောင်က ဖုန်းခေါ်ခိုင်းတယ်’ ဆိုပြီး လူတစ်ယောက်က ကိုယ်စား ဖုန်းခေါ်လာပြီး ငွေတောင်းခံခဲ့ပါတယ်။ အဲဒီထဲမှာဆိုရင် ငွေကျပ် ဆယ်သိန်းကို ဖားပြင် ကျေးရွာ အနီးစခန်းကို လာပေးရန်၊ လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ https://www.facebook.com/photo?fbid=650620373765904& set=a.601270185367590

၂၅။  ပုလောမြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး
      June 26, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိတဲ့ ပဝတ်ဖျားရွာနဲ့ ကျောင်းနိမ့်ရွာမှာ ပုလောအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပဝတ်ဖျားရွာမှာ ဇွန် ၂၄ ရက် ညနေ ပိုင်းလောက်က အသက် ၇၀ နီးပါးအရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တလုံး ပျက်စီးသွားပြီး ကျောင်းနိမ့်ရွာမှာ တော့ ဇွန် ၂၅ ရက်က အသက် ၅၀ ဝန်းကျင်အရွယ် ကိုရဲဝင်းဟာ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတဦးက “ကျောင်းနိမ့်ရွာမှာ စကစဘက်က လက်နက်ကြီးပစ်တာ၊ နေ့ရောညရောဆို ၁၃ လုံးလောက် ပစ်တယ်ဗျ။ တိုက်ပွဲမရှိဘဲ ပစ်တာပါ။ လက်နက်ကြီးထိမှန်ပြီး ပြည်သူတဦး သေသွားတယ်” လို့ ပြောပါတယ်။

ရွာသားတဦးက “ကျောင်းနိမ့်ရွာမှာ ရွာသားတဝက်လောက်က စစ်ရှောင်နေကြပြီး တိုက်ပွဲလည်း မဖြစ်၊ လက်နက်ကြီး လည်း မပစ်ဘူးဆိုရင် သူတို့အိမ်ကို သူတို့လာပြီး သန့်ရှင်းရေးနဲ့ အိမ်မှုကိစ္စတွေ လာလုပ်ကြတယ်” လို့ ရွာရဲ့အခြေအနေကို ပြောပါတယ်။ ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပုလောမြို့နယ်၊ မင်းထိန်ရွာက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံးကာ အဆိုပါအမျိုးသမီးရဲ့ အမေဖြစ်သူလည်း နှလုံးရပ်ပြီး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ https://burmese.dvb.no/archives/601129

၂၆။  KIO ကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်းတက်သူ နှစ်ဆနီးပါးတိုးလာ
      June 26, 2023

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့က အထက်တန်း ကျောင်းတွေမှာ ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)လာတက်သူ အရင်နှစ်တွေကထက် နှစ်ဆနီးပါးတိုးလာတယ်လို့ ကျောင်းတာဝန် ရှိသူတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA အကြား တစ်ကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် ရည်ရွယ်ပြီး KIO က ၂ဝ၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ ဆိုရင် အရင်က ပုံမှန်ကျောင်းသား ခုနစ်ရာလောက်သာ ရှိခဲ့တာပါ။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းသား နှစ်ထောင်ကျော်အထိ များလာသလို ဒီနှစ်မှာ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) ပိုများလာတယ်လို့ လက်ထောက်ကျောင်းအုပ် ဆရာမဆိုင်းခေါန် က ပြောပါတယ်။

“ခါတိုင်း ပုံမှန်ဒီနယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေပဲဆိုရင် တစ်ကျောင်းလုံးမှာက ခုနစ်ရာရှိတဲ့အထဲမှာ ဆယ်တန်းက နှစ်ရာကျော်ပဲရှိတယ်။ အာဏာသိမ်းပြီးနောက် ဆယ်တန်းမှာပဲ ငါးဆလောက်တိုးလာတယ်။ မနှစ်တုန်းကတော့ ဆယ်တန်းကျောင်းသား ခုနစ်ရာကျော်ရှိတယ်။ ဒီနှစ်က ၁၁၀၀ ကျော်ရှိလာတယ်။ ဆယ်တန်းကတော့ ထူးထူးခြားခြားတိုးလာတဲ့ စာရင်းပဲ ” မြန်မာအစိုးရကျောင်းတွေမှာတော့ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်ဟာ သင်ရိုးဟောင်း နောက်ဆုံးဖြစ်ပေမယ့် KIO ကျောင်းတွေမှာတော့ အခုနှစ်မှ နောက်ဆုံးဖြစ်လို့ ကျောင်း နားထားသူတွေနဲ့ နှစ်ကျသမားတွေ ဒီနှစ် နောက်ဆုံးကြိုးစားဖို့ လာတက်တာကြောင့် များလာတာလို့ ဆိုပါတယ်။ လိုင်ဇာမြို့ပေါ်က အထက်တန်းကျောင်းမှာလည်း စစ်တပ်အာဏာမသိမ်း ခင်က ကျောင်းသားတစ်ထောင်ခန့်သာ ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ကျောင်းသား ၁၈၀၀ ကျော်အထိရှိလာပါ တယ်။ ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်းမှာပဲ အယောက်တစ်ရာကျော်အထိ တိုးလာဖြစ်တယ်လို့ ဆိုပါတယ်။ လိုင်ဇာမြို့က ကျောင်းတွေမှာ နယ်စပ်တစ်လျှောက်က ကျောင်းသား၊ ကျောင်းသူတွေ၊ ကချင်ပြည် နယ်အနှံ့က ကျောင်းသားတွေအပြင် ရှမ်း မြောက်အပါအဝင် မြန်မာပြည် အလယ်ပိုင်းနဲ့အောက်ပိုင်းက လာတက်သူတွေပါ ရှိပါတယ်။ အဲဒီကျောင်းသားတွေထဲမှာ ကချင် လူမျိုးတွေသာမက ဗမာနဲ့ ရှမ်းလူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/mat riculation-students-increase-double-in-kio-schools-06262023024048.html

၂၇။   သိန္နီ – ကွမ်းလုံကြား ယာဉ်တိမ်းမှောက် လိုက်ပါသူ ၃ ဦး သေ ၁ ဦး ဒဏ်ရာရ
      June 27, 2023

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နှင့် ကွမ်းလုံမြို့နယ်ကြား ပြည်ထောင်စု လမ်းမကြီးပေါ် နောင်မောင်းကျေးရွာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆ တိုက်မှုတွင် လိုက်ပါလာသူ လူ ၃ ဉီး သေဆုံးသွားပြီး ၁ ဉီး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရှိရပါသည်။ ယမန်နေ့ ဇွန်လ ၂၆ ရက် နေ့လည် ၁၁ နာရီအချိန်၊ သိန္နီ နှင့် ကွမ်းလုံကြား ပြည်ထောင်စုလမ်းမ နောင်မောင်းရွာ တွင် အိမ်စီးကား တစ်စီးမှ မီးတိုင်ဝင်တိုက်မိပြီး ကားပေါ်လိုက်ပါလာသူ ၂ ဉီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန် ၂ ဦးသည် သိန္နီ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်စဉ် လမ်းမှာ အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးသွားသည်။ “သူတို့တွေက ချင်းပြည်နယ်ဘက်ကော၊ ကလေးမြို့နယ် ဘက်ကကော၊ နောက်တစ်ယောက်က လားရှိုးက နဲ့ ကွတ်ခိုင်မြို့နယ်ဘက်က သူတို့က ဘယ်သွားမှာလဲတော့ မသိဘူး။ ဒါမဲ့ ကွမ်းလုံဖက် တက်တဲ့ကားဗျ သူတို့ကတော့ ‘ဝ’ နယ် ပန်ဆန်း သွားမယ်လို့တော့ ပြောတယ်’’ ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေး အသင်း(သိန္နီမြို့) က တာဝန်ရှိပုဂ္ဂိုလ်တစ်ဉီးက ပြောသည်။

လက်ရှိတွင် သေဆုံးသူများကို သိန္နီပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ကျန်ရှိသူတစ်ဉီးက ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း သိရပါသည်။ ဒီမိုကရေစီအသွင်ပြောင်း အစိုးရခေတ်က သိန္နီ – ကွမ်းလုံ လမ်းပိုင်းအား လမ်းဆောက် လုပ်ရေး ကုမ္ပဏီမှ နိုင်လွန်ကတ္တရာလမ်းအဖြစ် တာဝန်ယူ ပြုပြင် ဆောက်လုပ်ပြီးနောက်ပိုင်း လမ်းပိုကောင်းလာသည့် အတွက် အရှိန်လွန် ကားများ မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားလေ့ရှိသည်။ ထို့အတူ နောင်ချို – ရပ်စောက် လမ်းပိုင်းတွင်လည်း ဇွန်လ ၁၄ ရက်နေ့ က ပြောင်းဖူး ကုန်တင်ကား တစ်စီး သရက်ကုန်းကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသည့်အတွက် လူတစ်ဉီး သေဆုံးပြီး တစ်ဉီးဒဏ်ရာရရှိသည်။ https://burmese.shannews.or g/archives/35531

၂၈။   မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသည့် ကော့ကရိတ်ဒေသခံလူငယ်တစ်ဦး တစ်ပတ်ကြာအထိ ပြန်မလွှတ်သေး
      June 27, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင် အာရှလမ်းပေါ်တွင် စစ်ကောင်စီတပ်များက ဒေသခံလူငယ် တစ်ဦးအား ပြီးခဲ့ သည့် ဇွန်လ(၂၁)ရက်နေ့က မသင်္ကာမှုဖြင့် ဖမ်းဆီးသွားပြီးနောက် ယခုလက်ရှိ အချိန်ထိ ပြန်မလွှတ်သေးဘဲ နယ်မြေရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်နေ့က ကော့ကရိတ်-မြဝတီ အာရှလမ်းရှိ ချောင်းတောင် ရွာအနီးတွင် ထီကလေးကျေးရွာနေ အသက်(၂၂)နှစ်အရွယ်ရှိ ဒေသခံအမျိုးသား လူငယ်တစ်ဦးအား စစ်ကောင်စီ တပ်များက ဖမ်းဆီးခဲ့ပြီးနောက် နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “၂၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ရက်မှာ သူက သူ့အဖေရှိတဲ့မြဝတီဘက်ကနေ မနက်(၁၀)နာရီလောက် ပြန်ထွက်လာတယ်တဲ့။ ကြားရတာက သူ ဆိုင်ကယ်နဲ့ ပြန်လာတဲ့လမ်းမှာ စစ်သားက စစ်မေးတယ်။ အမဲရောင်ဝမ်းဆက်ဝတ်ထားတာလည်း ပါမှာပေါ့။ ပြီးတော့ သူ့အိတ်ထဲမှာလည်း မုန့်ထုပ်တွေပါလာတာကို ကေအဲန်ယူဘက်ကိုပေးမယ်အထင်နဲ့ ဖမ်းခံရတာလို့ ပြောတယ်။” ဟု ထိုဒေသခံအမျိုး သားက ပြောသည်။

ထိုသို့ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များကအဆက်အသွယ်မရသဖြင့် အသိမိတ်ဆွေများအကူအညီဖြင့် လူမှုကွန်ရက် စာမျက်နှာအချို့တွင် လူပျောက် ကြေညာထားခဲ့သလို ရဲစခန်းနှင့်နီးစပ်သူများ၏ပြောကြားချက်ဖြင့် အဖမ်းခံရကြောင်း သိရပြီး နောက် အာမခံပေးရန် ရဲစခန်းသို့လိုက်သွားခဲ့သော်လည်း တာဝန်ကျရဲ တပ်ဖွဲ့ဝင်က တာဝန်ခံရဲမှူးမရှိသဖြင့် ပြန်လွှတ်ပေး၍မရ သေးဟု ပြောဆိုလိုက်ကြောင်း မိသားစုဝင်များနှင့်နီးစပ်သူအမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းက “ကောင်လေးက ဘာနိုင်ငံရေးမှ မလုပ်ပါဘူး။ သူ့အဘွားနဲ့အတူနေတာပါ။ ရဲစခန်းကို သွားတွေ့လို့တော့ရတယ်။ လူကြီးမရှိလို့ လွှတ်ပဲမပေး သေးတာလို့ပြော တယ်။ ပြီးတော့ သူက ဗမာစကားလည်း ရေရေလည်လည်မပြော တတ်တော့ မေးတဲ့အချိန်သေချာမဖြေနိုင်လို့ ဖမ်းတာလားပေါ့။ ဖုန်းလည်းဆက်မရ လူကလည်းပျောက်နေဆိုတော့ သူ့အဘွားက သူ့စိတ်နဲ့ဖြစ်နေတယ်။ မြန်မြန်ပြန် လွတ်ပါစေ ဆုတောင်း ရတာပဲ။”ဟု ပြောသည်။ ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်နေ့တွင် ကော့ကရိတ်မြို့တောင်ပိုင်း၊ ကမိုင်ကုန်းလမ်းဆုံရှိ ဒေါနအလှရေကူး ကန်နှင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးရှေ့၊ သင်္ချိုင်းကုန်းနေရာတွင် တော်လှန်ရေးအင်အားစုများနှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ် ပွားပြီးနောက် လှိုင်ဝ အခြေစိုက် စစ်ကောင်စီတပ် ခလရ -၉၇ တပ်ရင်းမှ မြို့အတွင်းသို့ လက်နက်ကြီး‌‌ ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံများထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ https://kicnews.org/2023/06/%e1%80%99%e1%80%9e%e1%80%84%e1%8 0%ba%e 1%80%b9%e1%80%80%e1

၂၉။   လောင်းလုံးမြို့နယ် တောင်ကုန်းပေါ်က စစ်ကောင်စီစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
      June 26, 2023

လောင်းလုံးမြို့နယ်၊ သဲပုံရွာမှာရှိတဲ့ အင်းဝန်းတောင်ပေါ်က  အမြောက်တွေတပ်ဆင်ထားတဲ့ စစ်ကောင်စီစခန်းကို မနေ့ ကညပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ကသိရပါ တယ်။ ၈၁ မမ လက်နက်ကြီး ၃ လက်နဲ့အချက်ရေ ဆယ်ကျော်ပစ်ခတ်ခဲ့ပြီး ၇ လုံးကတော့ အင်းဝတောင်ပေါ်စခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ပစ်တာ ၁၇ ချက်ပေါ့။ ၆ လုံးကတော့ မပေါက်ခဲ့ဘူး။ ထိခိုက်မှုကတော့ ကျနော်တို့ဘက်မှာမရှိပါဘူး” လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းကပြောပါ တယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။ စစ်ကောင်စီဘက်က လည်း ပြည်သူ့ကာကွယ်ရေးတပ်တွေရှိနိုင်တယ်လို့ယူဆရတဲ့ နေရာတွေကို လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တယ် လို့ သိရပါတယ်။ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကူပေးဖို့ ထားဝယ်ဘက်က အင်အား ၂၅ ဦးခန့်ပါ ခြေလျင်စစ်ကြောင်း ကမြောတံတားအနီးလာရောက်ပြီး မိနစ် ၄၀ ခန့်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မနေ့ညက လက်နက်ကြီး ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့လို့ အင်းဝန်းတောင်အနီးတစ်ဝိုက်က ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ “လက်နက်ကြီးတွေ ရွာတွေထဲကျမှာ စိုးရိမ်နေရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။  စစ်ကောင်စီတပ်သားတွေ ပြီးခဲ့တဲ့မေလ ၂၄ ရက်နေ့က အင်းဝတောင်စခန်းကို အသစ်တည်ဆောက်ခဲ့ကာ အင်အား ၃၀ ခန့်တပ်စွဲနေတာဖြစ်ပြီး ဒီနေ့မှာတော့ စုစုပေါင်း ၇၀ လောက်ရှိနေပြီလို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မနေ့ညက ပစ်ခတ်တိုက်ခိုက်မှုကိုတော့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အထူးပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ https://www.facebook.com/TheTanintharyiTimes /videos/668299045132384

၃၀။  ရိုက်နက် သတ်ဖြတ်ခံလိုက်ရတဲ့ မန်ပိန်း ဒေသခံအမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်
      June 27, 2023

ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာ ဒေသခံအမျိုးသားတစ်ယောက်ကို ကိုးကန့် MNDAA တပ်ဖွဲ့တွေက ရိုက်နှက်သတ်ဖြတ်လိုက်တဲ့အပေါ်မှာ တာဝန်ယူဖြေရှင်းပေးဖို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး တောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ မန်ပိန်းဒေသခံတွေကပြောပါတယ်။

အဲဒီသတ်ဖြတ်ခံလိုက်ရတဲ့အမျိုးသားဟာ အသက် ၃၈ နှစ်အရွယ် ဦးတူးလွမ် ဆိုသူဖြစ်ပြီး မန်ပိန်းကျေးရွာ သူရဲ့ နေအိမ် မှာ ဇွန်လ ၆ ရက်နေ့က MNDAA တပ်ဖွဲ့ဝင်တွေ ကားစက်လာပြင်ပေးဖို့ခေါ်ဆောင်သွားရာကနေ အခုလိုသတ်ဖြတ်ခံလိုက်ရ တာဖြစ်တယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လာခေါ်တုန်းကတော့ စက်ပြင်ပေးရန်ဆိုပြီး ကိုးကန့် တပ်ဖွဲ့ဘက်က လာခေါ်သွားတာဟုတ်တယ်။ ဒါပေမဲ့ ပြန်အကြောင်းကြားခဲ့တာက ခများတို့လူသေဆုံးသွားပြီ၊ မူးယစ်ဆေးဖြတ် တာ မခံနိုင်လို့သေသွားပြီတဲ့၊ ဒါပေမဲ့ ကျနော်တို့ မယုံလို့ အလောင်းကိုယ်ကို ကောင်းကောင်းဖွင့်ကြည့်ပြီး စစ်ဆေးတော့မှ ကိုယ်ပေါ်နဲ့ ခါးတွေ၊ တင်တွေ ပေါင်တွေမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာနဲ့ အရာတွေကြီးပဲ၊ ဒါတောင်ရွာထဲရောက်လာမှ ကြည့်ရ တာ။ အလောင်းကိုသွားယူတဲ့အချိန် ကိုးကန့်ဘက်က မစစ်ဆေးဖို့ ဘာမှမပေးဖို့ ခြိမ်းခြောက်ပြောခဲ့သေးတာ”ဟု မိသားစုဝင် များနဲ့ နီးစပ်သူ မန်ပိန်းဒေသခံတစ်ဦးက ပြောပြသည်။ https://www.facebook.c om/photo?fbid=651181447043130&s et=pcb.651182347043040

၃၁။  အရှေ့တောနယ်တွင် မိုးရာသီကာလအတွင်း ယခင်နှစ်ကထက် တောင်ယာ စပါးစိုက်ပျိုးသူ နည်းပါးလာ
      June 26, 2023

တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ ကျေးရွာများတွင် ဒေသခံများ စစ်ဘေးရှောင်နေကြရသဖြင့် ယခုနှစ် မိုးတွင်းကာလအတွင်း ယခင်နှစ်ကထက် တောင်ယာစပါးစိုက်ပျိုးသူ နည်းပါးလာကြောင်း ဒေသခံများပြောစကားအရ သိရ သည်။ အရှေ့တောနယ်ဒေသရှိကျေးရွာများတွင် ဒေသခံများအနေဖြင့် စစ်ဘေးတိမ်းရှောင်နေကြရပြီး နေရပ်မပြန်ရဲကြသော ကြောင့် ယခုနှစ် မိုးရာသီ ကာလအတွင်း မိုးစပါး စိုက်ပျိုးသူနည်းပါးလာပြီး ယခုလာမည့် ကာလအတွင်း စပါးပြတ်လပ်နိုင်သည့် အခက်အခဲနှင့် ကြုံတွေ့ရနိုင်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ ဒေသခံတစ်ဦးက “စပါးကုန်တော့မယ်၊ ဆန်ဈေးထိုး တတ်နဲ့အပြင် ဆန်ပါရှားမှာ။ ခမောင်းသွယ်မှာတော့ ပိုက်ဆံ တတ်နိုင်သူတွေဘဲ တောင်ယာစပါးကိုစိုက်ကြတယ်။ ဒီဘက်မှာက လယ်မရှိတော့ တောကြီးခုတ် တောင်ယာ လုပ်ပြီးမှ စိုက်ရတာမို့ အရမ်းခက်ခဲတယ်။ ပြီးတော့မနှစ်ကလည်း စပါးစိုက်တဲ့သူနည်း တော့ အခုနှစ်လည်း အကုန်ဝယ်စားရတယ်။” ဟု သို့ပြောသည်။

ထို့အပြင် အဆိုပါ ဒေသတွင် အာဏာသိမ်းစစ်ကောင်စီနှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏ ထိတွေ့ တိုက်ပွဲများဖြစ်ပေါ်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် လမ်းခရီးအခက်အခဲများအပြင် စစ်ကောင်စီ၏ ကန့်သတ် တားမြစ်မှုများကြောင့် ဆန်စပါးဝယ်ယူရန် အခက်အခဲများနှင့်လည်း ကြုံတွေ့ နေရကြောင်း ဒေသခံများ ကပြောသည်။ ဒေသခံ တစ်ဦးက “လောင်းလုံးဘက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်တော့ စပါးသယ်ရတာခက်သွားတယ်။ ပြီးတော့ တချို့တွေဆို စပါး မစိုက်ရဘဲ စစ်ဘေးရှောင်နေရတယ်လေး။ စစ်တပ်တွေက လှေကပ်တဲ့ နေရာတွေ အရင်ရှင်းပုံရတယ်။ အခုနောက်ပိုင်း ပြင်းပြင်း ထန်ထန် ဖြစ်နေတာက လှေကပ်တဲ့နေရာ တွေချည်းဘဲ။ အဲ့ဒါကြောင့် သယ်ယူရတာခက်ခဲတယ်။ ထီးခီးလမ်းကလည်း ပိတ်ထား တယ်လို့ကြားတယ်။” ဟု ပြောသည်။ https://kicnews.org/2023 /06/%e1%80%a1%e1%80%9b%e1%80%be%e1%80% b1%e1%80%b7%e1%80 

၃၂။  ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနဲ့ ကြုံတွေ့နေရဆဲ
      June 26, 2023

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အလှူရှင် မရှိသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရဆဲ စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ၃ လကြာ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ပုံမှန် လစဉ် ကူညီထောက်ပံ့ ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွားသောကြောင့် စစ်ရှောင်များက ကျေးရွာဒေသခံထံ ဆန်တောင်းစားခြင်း၊ ချေးငှားရခြင်းဖြင့် စားဝတ်နေရေးကို ဖြေရှင်းခဲ့ရသည်။ လက်ရှိ အချိန်ထိ ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စုရှိ ရေဖြူရွာ၊ ကယန်းလေးရွာ၊ အောင်ကလပ်ရွာ နှင့် စလောင်းထောင်ရွာ စုစုပေါင်း လူဦးရေ (၅) ထောင်ဝန်းကျင်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။ “အလှူရှင်က မလာတာ ၃ လ လောက်ရှိပြီ။ ဒီကြားထဲ တစ်ခေါက်တော့ လာသေးတယ်။ ဆန်တွေ လာဝေတယ်။  အဲ့တစ်ခေါက်လာပြီး အခုထိ မလာတော့ဘူး။ သူတို့ လာဝေတာက နှစ်ပတ်လောက်ပဲ ခံတယ်လေ။ စစ်ရှောင်တွေက ရွာက လူတွေနား တောင်းစားရတယ်။ တချို့လည်း ဆန်တွေ ချေးငှားရတယ်။ ပြီးမှ နေ့စားလိုက်ရင် ပြန်ပေးမယ်ပေါ့။ အခုက ဆန်တွေ ပြတ်နေတာ အရမ်းကို ခက်ခဲနေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ စားနပ်ရိက္ခာ ဆန်များပြတ်လပ်မှုကြောင့် စစ်ရှောင်များသည် ကျေးရွာဒေသခံထံ ဆန်တောင်းစားခြင်း၊ ချေးငှား ခြင်းဖြင့် စားဝတ်နေရေး ဖြေရှင်းခဲ့ရကြောင်းသိရသည်။ ထို့အပြင် စစ်ရှောင်များသည် စားဝတ်နေရေး ဖြေရှင်းဖို့အတွက် တစ်ဖက်တစ်လမ်း နေ့စားအငှားလိုက်ချင် သော်လည်း လက်ရှိရာသီမှာ စိုက်ပျိုးသော ပြောင်းခြံ ပြုလုပ်လာပြီးဖြစ်သဖြင့် အလုပ်မရှိတော့ ကာ စစ်ရှောင်များ အလုပ်လက်မဲ့ဖြင့် နေထိုင်နေရကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ “နေ့စား လိုက်တယ်ဆို ပေမယ့်လည်း နေ့တိုင်းမှ မသွားရတာ။ တစ်နေ့သွားပြီးရင် နောက်နေ့ မသွားရတော့ဘူး။ အခုက ပိုဆိုးတာ။ ပြောင်းတွေလည်း စိုက်ပြီးကုန်ပြီ။ နေ့စားအလုပ်တွေလည်း မရှိတော့ဘူး။ မိခင်ကလေးတွေ၊ မုဆိုးမတွေက ပိုဆိုးတယ်။ တစ်ယောက်ထဲ ရှာရပြီး တစ်ပုံကြီး ဝိုင်းစားကြတာ။ အခုက အလှူရှင်မရှိတာ၊ အလုပ်မရှိတာ ပိုဆိုးတယ်”ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။  ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲကြောင့် ၂၀၂၁ မေလပိုင်း မှစတင်ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှ ၂ နှစ်ကျော်ကြာပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။ https://burmese.shannews.org/a rchives/35495

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။