• Today is: Friday, May 17, 2024

ချင်းပြည်(Chinland)အစိုးရသစ်က ရက် ၁၀၀ စီမံကိန်း

ချင်းပြည်(Chinland)အစိုးရသစ်က ရက် ၁၀၀ စီမံကိန်း လှုပ်ရှားဆောင်ရွက်မယ်လို့ ထုတ်ပြန်ကြေညာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၃၊ ၂၀၂၄
 
ဝန်ကြီးဌာန ၁၄ ခုဖြစ် ဖွဲ့စည်းလိုက်တဲ့ ချင်းပြည်(Chinland)အစိုးရသစ်က ရက် ၁၀၀ စီမံကိန်း လှုပ်ရှားဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
အချက် ၈ ချက် ပါဝင်တဲ့ ရက် ၁၀၀ စီမံကိန်းမှာတော့ ချင်းပြည်ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ CDM ဝန်ထမ်းများအရေး တို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ အရပ်ဘက်အဖွဲ့အစည်းများ၊ NGOs / INGOs အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ပေးသွားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
 
ထုတ်ပြန်ချက် – Chinland Council ဖေ့စ်ဘုတ်စာမျက်နှာ။