• Today is: Friday, May 17, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 50, June 23, 2023)

၁။  စစ်ကောင်စီ ဖန်တီးတဲ့ ပအိုဝ်းနဲ့ ကရင်နီ ပြည်သူတွေကြား လူမျိုးရေး၊ ဘာသာ‌ရေး ပဋိပက္ခတွေကို ရှောင်ရှားနိုင်ခဲ့       တယ်လို့ PNFC ဆို
     June 22, 2023

စစ်ကောင်စီက အာဏာရှင် အဆက်ဆက် အသုံးပြုလာတဲ့ လူမျိုးရေး၊ ဘာသာ‌ရေး ပဋိပက္ခတွေ ဖန်တီးပြီး ပအိုဝ်းနဲ့ ကရင်နီပြည်သူတွေကြား အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် လုပ်ကြံဖန်တီးခဲ့ပေမဲ့ အတူတကွပူးပေါင်း ရှောင်ရှားနိုင်ခဲ့တယ် လို့ ဇွန်လ ၂၁ ရက်မှာ ကျရောက်တဲ့ (၁၄၈) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ ပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားပါ တယ်။ ပြီးခဲ့တဲ့လပိုင်းက ဖြစ်ပွားတဲ့ နမ့်နိန်းကျေးရွာဖြစ်စဉ်အပါအဝင် ပအိုဝ်းပြည်သူတွေအပေါ် စစ်တပ်ကအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု ကျူးလွန်ပြီး ကရင်နီပြည်သူတွေနဲ့ ပအိုဝ်းပြည်သူတွေကို ရန်တိုက်ပေးခဲ့ပေမဲ့ တော်လှန်ရေးသတိ၊ နိုင်ငံရေးအသိ နဲ့ သွေးခွဲရန်တိုက်မှုတွေကို ရှောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေး သမိုင်းတစ်လျှောက် ကရင်နီနဲ့ ပအိုဝ်းပြည်သူတွေဟာ ‘တစ်ဦးနဲ့ တစ်ဦး မပစ်ပယ်ကြစတမ်း’ ဆိုတဲ့ ကတိ ကဝတ်တွေကို ထိန်းသိမ်းလာနိုင်ပြီး လက်ရှိ တော်လှန်ရေးမှာလည်း စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး လွပ်လပ်ပွင့်လင်းတဲ့ နိုင်ငံတော်သစ်ထူထောင်ရေးစတဲ့ နိုင်ငံရေးရည်မှန်း ချက်တွေ အကောင် အထည်ဖော် နေတယ်လို့ PNFC ကပြောပါတယ်။ ကရင်နီပြည်နယ်ဟာနွေဦးတော်လှန်ရေးမှာ ကြားကာလ စီမံအုပ်ချုပ်ရေး ကောင်စီ-IEC ကို ပထမဆုံး တည်ထောင်နိုင်ခဲ့တာကြောင့် ယခင် ကရင်နီ အမျိုးသားရေး ခေါင်းဆောင်တွေရဲ့ ကြိုးစားခဲ့မှု ဖြစ်တဲ့ ကရင်နီပြည်ကို မည်သူတစ်ဦးတစ်ယောက်မှ စီမံခန့်ခွဲစိုးမိုးအုပ်ချုပ်ခြင်းမပြုရဆိုတဲ့ နိုင်ငံရေးဦးတည်ချက်ကိုပြန်လည် အကောင် အထည်ဖော်နိုင်ပါစေလို့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=293071 406412644&set=a.285900490463069

၂။   ကန်ပက်လက်မြို့နယ်မှာ ဆေးဝါးပြတ်လပ်လို့ ၁ နှစ်အတွင်း ဒေသခံ (၂၀) ဦးကျော် သေဆုံးလို့သိရ
     June 22, 2023

ကန်ပက်လက်မြို့နယ်မှာ ဆေးဝါးပြတ်လပ်လို့  ဒီနှစ်အတွင်း ဝမ်းလျှောဝမ်းပျက်၊ ရာသီတုပ်ကွေးကြောင့် ဒေသခံ(၂၀)ဦး ကျော် အသက်သေဆုံးရပြီလို့ ကန်ပက်လက်မြို့နယ်ဒေသခံ တစ်ဦးဆီကနေသိရပါတယ်။ လက်ရှိမိုးရာသီမှာလည်း ဝမ်း လျှောဝမ်းပျက်၊ ရာသီတုပ်ကွေး အဖြစ်များနေပြီး တဖက်မှာ ဆေးဝါးကလည်း ပြတ်လပ်နေပြီး ဆေးဝါးအကူအညီလို အပ်နေတယ်လို့ သိရပါတယ်။ ကန်ပက်လက်မြို့နယ်ဒေသခံက “ ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေးတွေဖြစ်လို့ အဓိကတော့ ဆေးဝါးပြတ်လပ် လို့ တချို့တစ်မိသားစုထဲမှာ သားအမိ နှစ်ယောက်သေတာတွေအထိ ဖြစ်ခဲ့တယ်လို့” ပြောပါ တယ်။ ကန်ပက်လက်မြို့နယ်မှာ ဆေးကုသဖို့ ဆေးရုံဆေးခန်း တွေမရှိတော့တဲ့ပြင် ဆေးဝါးတွေကိုမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ဆေးဝါးတွေကို တရားဝင် သယ်ယူလို့ မရတဲ့အခက်ခဲတွေကို ဒေသခံတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ်က ဒေသခံတစ်ဦးက “ကျနော်တို့ဆီမှာ ဆေးဝါးလုံးဝပြတ်လပ်တယ်လို့ ပြောလို့ရတယ် ဝမ်းလျှော ဝမ်းပျက်ဖြစ်လို့ ဓာတ်ဆားဝယ်စရာမရှိတဲ့ရွာတွေထိ ရှိနေပါတယ်၊ နောက်ပိုင်းတိုက်ပွဲဖြစ်ရင် တောထဲပြေးကြနဲ့ ဆိုတော့ ပိုက်ဆံ လည်း မရှိ ကုန်ပစ္စည်း ဆေးဝါးတွေကစ စျေးကြီးတော့ ကျေးရွာဘက်မှာ နေတဲ့ သူတွေက မတတ်နိုင်ကြဘူး၊ အခု ဝမ်းလျှောဝမ်း ပျက်နဲ့ ရာသီတုပ်ကွေးက ဖြစ်များနေတော့ ဆေးဝါးအကူအညီလိုအပ်နေတယ်” လို့ပြောပါတယ်။ https://www.facebook.com /photo/?fbid=657898056372529&set=a.273500801478925

၃။  စီးနင်းခံရသည့် KIA ရုံးတွင် သုံးဦးပစ်သတ်ခံရပြီး ခုနှစ်ဦးထက်မနည်း ဒဏ်ရာရသည်ဟုဆို
     June 22, 2023

ဖားကန့်မြို့နယ်တွင် ယနေ့နံနက်က KIA အုပ်ချုပ်ရေးရုံး ဝင်ရောက်စီးနင်းခံရချိန် သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကားငါးစီးဖြင့်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် သုံးဦး ထက်မနည်း ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနှစ်ဦးကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား သည်ဟု ‌ဒေသခံတစ်ဦးက ပြောသည်။ “သေတဲ့သူတွေက ခေါင်းတွေဘာတွေ ပွင့်ပြီးသေတာလည်းပါတာပဲ။ ဘယ်လိုတွေကြောင့် လဲတော့မသိဘူး။ ထွက်ပြေးတာမျိုး တစ်ခုခုကြောင့်ပဲ ပစ်သတ်တာလားတော့မသိဘူး။ မရှီကထောင်ဝိသာခါ ကကောက်သွား တာ။ သေတာသုံးယောက်၊ ဒဏ်ရာရတာခုနှစ်ယောက်တော့သေချာတယ်။ ကားတစ်စီးထဲ သုံးယောက်ကောက်တင်ပြီး ရင်ခွဲရုံ ရောက်သွားပြီ” ဟုပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတိအကျ မသိရှိရသေးဘဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူများတွင် အရပ်သားပြည်သူများလည်း ပါဝင်ကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။

“သေသွားတာ ဘယ်သူတွေလည်းမသိရသေးဘူး။ ထိခိုက်တာက ဖမ်းထားတဲ့ အကျဉ်းသားတွေဟုတ်တယ် အုပ်ချုပ်ရေး ပိုင်းက ဖမ်းထားတဲ့အတွက် ဘယ်သူတွေလဲဆိုတာ အတိကျတော့မသိဘူး။ ကျန်တာက မိသားစုလိုက်နေတဲ့ အိမ်တွေကို အကုန် ဖမ်းတာကိုး သူတို့ကိုက လွှတ်ပေးလိုက်ပြီတဲ့” ဟုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ KIA အုပ်ချုပ်ရေးရုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြန်လည်ပြုပြင်ခြင်းများ မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဆိပ်မူကျေးရွာ ရပ်ကွက်သုံးတွင်နေထိုင် သည့် အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “အခုမီးရိူ့ခဲ့တဲ့ဟာတွေကို ပြန်ပြင်ရဲတဲ့ကောင်ပြင်စမ်း ဘယ်ကောင်မှ အရှင်မထားဘူး။ ပြင်တယ်သိလို့ကတော့ ငါတို့ပြန်လာခဲ့မယ်ဆိုပြီး စစ်ကောင်စီကအော်သွားသေးတယ်” ဟုပြော သည်။ https://www.facebook.com/photo?fbid=5801 27850981554&set=pcb.580128350981504

၄။  မြေမြှုပ်မိုင်းကို ပေါက်ပြားနဲ့ ပေါက်မိတဲ့ နမ္မတူက အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရ
     June 21, 2023

ရှမ်းမြောက် နမ္မတူ-မန်တုံကြား ဆိုင်ကောင်းရွာအနီးမှာ အမျိုးသားတစ်ဦး ပေါက်ပြားနဲ့ မြေမြှုပ်မိုင်းတစ်လုံး ပေါက်မိလို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ မျက်မြင်သက်သေ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်က အသက် (၆၀)ဝန်းကျင် အမျိုးသားတစ်ဦးဟာ ပေါက်တူးနဲ့ ခြုံရှင်းနေချိန် မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်း တစ်လုံးကို ပေါက်မိလို့ ခြေထောက်၊ မျက်နှာ၊ ရင်ဘတ်တွေမှာ ဒဏ်ရာရရှိခဲ့တာပါ။ မျက်မြင်တွေ့သူ အမျိုးသားက “အဲနေရာက လမ်းမကြီးဘေးလေ။ ခြုံရှင်းတာလား၊ ခြံလုပ်တာလား သေချာမသိရဘူး။ ပေါက်မိတာ။ ဖြစ်ဖြစ်ချင်း သူတို့က လူမှုကူညီရေး တွေကို ခေါ်လိုက်တာဘဲ။ မိုင်းလား၊ လက်နက်ကြီးလား သေချာမသိရပေမယ့် ကျနော်တို့ ယူဆတာက မြေမြှုပ်မိုင်းဘဲပေါ့” လို့ ပြောပါတယ်။

မိုင်း ပေါက်မိတဲ့နေရာဟာ ဆိုင်ကောင်းရွာအကျော် ဟင်ပုတ်ရွာလမ်းခွဲအနီးကညောင်ပင်အောက်မှာဖြစ်ပြီး စစ်ကောင်စီ တပ်စခန်းနဲ့ ပေ ၂၀ ဝန်းကျင်သာ ဝေးတယ်လို့ သိရပါတယ်။ ၎င်းအမျိုးသားကို နမ္မတူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီးနောက် အဲဒီ ကနေတဆင့် လားရှိုး ပြည်သူ့ဆေးရုံသို့ ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ အလားတူ မေလ ၂၁ ရက်ကလည်း နမ့်ဆန်မြို့နယ် ကြက်သေရွာမှာ အမျိုးသားတစ်ဦး တောင်ယာကနေ ယူလာတဲ့ လက်နက်ကြီး နေအိမ်မှာ ပေါက်ကွဲလို့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ဖူးပါတယ်။ https://www.facebook.com/photo/?fbid=588628 373444431&set=a.404503215190282

၅။  ဖရူဆိုမြို့အနောက်ဘက်ခြမ်းကို ညသန်းခေါင်းယံအချိန်မှာ စစ်ကောင်စီက လေယာဉ်ဗုံးကျဲ
     June 22, 2023

ဇွန်လ ၂၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်မှာ ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ၃ ကြိမ်ခန့်  အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်  စာသင် ကျောင်း ဆောင်နဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “အိမ်တွေထိတယ်။ တိရိစ္ဆာန်တွေ သေ ကြေကြတယ်ပြောတယ်။ ဒါပေမယ့် အဲ့မှာနေတဲ့ရွာသားတွေကတော့ ညကတည်းက ပြေးသွားကြပြီ ပြန်မလာကြသေးဘူး လို့ပြောတယ်။ တချို့တော့ ပြန်လာပြီ အဲ့လိုတော့ကြားတယ်။ အချိန်ကတော့ ည ၁၂ နာရီခွဲလောက်ဖြစ်မယ်။ အတိအကျ လာကျဲ သွားတာ သုံးခေါက်ဆိုတော့ တစ်ခေါက်တစ်ခေါက်နဲ့ကြားမှာက ၅ မိနစ်လောက်ပဲခြားတယ်။” လို့ ဖရူဆိုမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ ဗုံးကျဲခံရတဲ့ရွာဟာ ရွာငယ်လေးတစ်ရွာသာဖြစ်ပြီး ဖရူဆိုစစ်ရှောင်နဲ့ ဒေသခံတွေ စုပေါင်းနေထိုင်ကြတယ် လို့ သိရပါတယ်။ မထင်မှတ်ထားတဲ့ ဗုံးကျဲခံရမှုကြောင့် ဒေသခံတချို့ဟာ စိုးရိမ်ထိတ်လန့်မှုကြောင့် ကျေးရွာတွင်း ပြန်မလာရဲကြ သေးဘူးလို့ ဆိုပါတယ်။

“စိုးရိမ်တာကတော့ လေကြောင်းကတော့ ဘယ်အချိန်ဆို လာတော့လာကျဲနိုင်တာပေါ့။ ဒါပေမယ့် ဒီဖက် တိုက်ပွဲမဖြစ် ဘဲနဲ့ ဒီလို လေကြောင်းလာကျဲတော့ မထင်ထားကြဘူးပေါ့။ ဘာလို့ဆို တိုက်ပွဲလည်းမရှိဘူး တပ်စခန်းအခြေစိုက်တာလည်း မရှိဘဲနဲ့ ဒီလိုလေကြောင်းနဲ့လာကျဲသွားတာတော့ ပြည်သူတွေကော အနီးအနားက ရွာတွေကော စစ်ရှောင်တွေကပါ စိုးရိမ်ပြီး လန့်နေကြတာပေါ့။” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာလည်း  စစ်ရှောင်တွေ ခိုလှုံနေထိုင်တဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက  ရီခီးဘူးစခန်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ရှောင်ပြည်သူ သုံးဦးထိမှန်သေဆုံးခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် ပိုင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်မှု ၂ ကြိမ်ရှိနေ ပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ https://www.facebook. com/photo/?fbid=655138273319415&set=pcb.65513 8363319406

၁၀။  ထမ်စမ်းဂူအနီး စစ်ကားတိုက်ပြေးလို့ ပအိုဝ်း တောင်သူ တစ်ဦး သေဆုံး၊ နာရေးကူငွေ ၅ သိန်းနဲ့ ကျေအေးခိုင်း
      June 22, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ထမ်စမ်းဂူ အနီးမှာ စစ်ကားကြီး တစ်စီးက လယ်လုပ်ပြီး ပြန်လာတဲ့ ပအိုဝ်း တောင်သူ တစ်ဦးကို တိုက်ပြေးသွားတဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဟိုပုံး-လွိုင်လင် လမ်းမကြီး အတိုင်း မောင်းနှင်လာတဲ့ စစ်ကားတစ်စီးက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်န့၊ နေ့လယ် ၁ နာရီခန့်မှာ ထမ်စမ်းဂူအနီး၊ ရွာသစ် (မောက်ကထဝ်း) ရွာထဲကနေ လမ်းမကြီးကို ဖြတ်ကူးဖို့ စောင့်နေတဲ့ ဆိုင်ကယ်စီး ပအိုဝ်းတောင်သူ တစ်ဦးကို အရှိန်နဲ့ ဖြတ်တိုက် ပြီး မောင်းပြေးသွားတာလို့ ဆိုပါတယ်။ “ခြံသွားလုပ်တဲ့သူပါ။ ပြောင်းစိုက်ပီး ပိုးသတ်ဆေးဖျန်းဖို့ ဆေးပုံးတောင်ပါသေး။ ခဏ လေးတောင် မရပ်ဘူး၊ တိုက်ပြီးလည်း ဆက်မောင်းသွားတာ၊ အဲ့နေရာမှာပဲ ဆုံးသွားတာတဲ့”လို့ စစ်ကားအတိုက်ခံ ရသူရဲ့ မိသားစု နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကားတိုက်ခံရသူဟာ အသက် ၅၀ ခန့်ရှိ ဦးမော်လော် ဆိုသူဖြစ်ပြီး ခြံမှာ အလုပ်လုပ်ပြီး ရွာသစ်ရွာမှာရှိတဲ့ အိမ် အပြန်မှာ တောင်ကြီးဘက်က တက်လာတဲ့ စစ်ကားက ဝင်တိုက်ပြီး ဆက်မောင်းသွားတာကြောင့် အခင်းဖြစ်ရာ နေရာမှာ အသက်ဆုံးပါးခဲ့တာလို့ သိရပါတယ်။ ဦးမော်လော်ရဲ့ အသုဘ ရက်လည်နေ့မှာတော့ စစ်တပ်က နာရေးအကူငွေ အနေနဲ့ ငွေ ၅ သိန်း လာပေးပြီး ကျေအေး ခိုင်းခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ https://www.faceb ook.com/photo/? fbid=293549403031511&set=a.285900490463069

၇။  ချောင်းတောင်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်လေးဦးသေဟု ရေးဘီလူးအဖွဲ့ပြော
     June 22, 2023

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင် စစ်ကောင်စီတပ် ဂိတ်ကို ယနေ့မနက်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောသည်။ ဇွန်လ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရေးဘီလူးအဖွဲ့သားများက ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “ဂိတ်ထဲမှာ ရှစ်ယောက်လောက်ရှိတယ်။ လေးဦးကိုပဲ ကျနော်တို့ အသေပစ်သတ် နိုင်ခဲ့တယ်။ ကျန်တာတွေက ကတုတ်ကျင်းထဲ ပြေးဝင်သွားတယ်ဆိုတော့ ကျနော်တို့တွေက အလျင်အမြန် ပြောက် ကျား ပစ်တယ် အနီးကပ်ဝင်ပစ်တယ်ဆိုတော့ ဂန်းကို မရရှိလိုက်ခဲ့ဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း သိမ်းဆည်းနိုင်မှုမရှိသော်လည်း ရဲဘော်များ အထိအခိုက်မရှိအောင် ဆုတ်ခွာ နိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ ရေးဘီလူးအဖွဲ့သည် လမိုင်းမြို့ရှိ စစ်ကောင်စီ နှင့်ပတ်သက် သည့် ပစ်မှတ်တစ်ခုကိုလည်း ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသော်လည်း အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။ ရေးဘီလူးအဖွဲ့သည် ဇွန်လ ၂၀ ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာမှ စစ်ကောင်စီ ၏ စစ်မှုထမ်းဟောင်း တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုဆိုသည်။ ၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က အသိပေးထား သည်။ https://www.facebook.com/photo/?fbid=602721201926676&set=a .559396186259178

၈။  ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဒီကနေ့မနက်စောပိုင်း ဗုံးကျဲခံရပြီး ဒေသခံတစ်ဦးသေဆုံး
     June 23, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့ မနက်စော ၄ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ကျေးရွာနှစ်ရွာကို လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ “နေအိမ်တော့ လေးလုံးလောက်ပျက်စီးတယ်။  ပြည်သူ တစ်ဦးသေတယ် နှစ်ဦးဒဏ်ရာရတယ်ပြောတာပဲ။ ဒီမနက်တော့ ကျနော်တို့ အရှေ့ကနေ ကြားတာတော့ မနက် ၄ နာရီဝန်းကျင် မှာ။ ကျနော်တို့ ဒီကနေဆိုရင်တော့ တော်တော်လေး အကျယ်ကြီးကြားရပါတယ် နှစ်ကြိမ်တောင်မှ။ အဲ့ဒီရွာက ပထမကျဲတဲ့ ရက် က သူတို့ရွာနဲ့တော်တော်အလှမ်းဝေးခါကျတော့ သူတို့ရွာက မထင်မှတ်ဘဲ ဒီမနက် လာကျဲခံရတော့ မရှောင်လိုက်မိဘူးလို့ထင် တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ကြတာမဟုတ်ဘဲ လေကြောင်းရန်ကို ကြောက်ကြတဲ့အတွက် တောတောင်ထဲ ကြိုတင်တိမ်းရှောင်နေကြသူတွေ ရှိနေသလို ရွာမှာ ကျန်ရစ်တွေအနေနဲ့ ဗုံးခိုကျင်းတူးထားဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့လည်း တိုက်ပွဲမရှိတဲ့နေရာခါကျတော့ ပုံမှန်လုပ်နေကျခါဆိုတော့ သူတို့လည်း မထင်မှတ်ဘဲ ကျဲခံရ တော့ မပြောတတ်တော့ပါဘူး။ သူတို့အရင်ကလည်း ရှောင်ဖို့နေရာက တောထဲမှာပြင်ထားတာရှိတယ်။ ဒါပေမယ့် တိုက်ပွဲမရှိဘူး ဆိုပြီးတော့ သူတို့ တချို့တွေက ပစ္စည်းတွေပြန်သိမ်းလာတယ်။ ဒီလိုဖြစ်တော့ တစ်ခါပြန်ရှောင်နေရတာပဲလေ။ သူတို့ စကစ ဗုံးကျဲတာလည်းအချိန်ပုံမှန်မဟုတ်တော့ဘူး။ ပထမတစ်ရက်က ည ၁၂ နာရီခွဲ သန်းခေါင်ယံကျဲတယ် ဒီမနက်ခါကျတော့ မနက် ၄ နာရီဝန်းကျင်လောက် တစ်ခါပြန်ကျဲတော့ သူတို့မထင်မှတ်ဘဲ ကျဲခံထိတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်း ပြီးနောက်ပိုင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်မှု ၃ ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ https://www. facebook.com/photo/?fbid=655723113260931&set= pcb.655723856594190

၉။  ပုလောမြို့တိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးနဲ့ PDF တစ်ဦးသေဆုံး
     June 23, 2023

တနင်္သာရီတိုင်း ပုလောမြို့မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ (PDF) တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ဦးနဲ့ PDF အဖွဲ့က တစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၀ နဲ့ ၂၁ ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ပြောရေးဆိုခွင့်ရှိသူ ဆရာစံက ပြောပါတယ်။ ” တိုက်ပွဲ နှစ်ရက်ဖြစ်တာမှာ ရဲဘော်တစ်ဦး ကျ ဆုံးတယ် ငါးယောက် ဒဏ်ရာရတယ် သူတို့ဘက်ကတော့ ၁၀ ဦးသေဆုံးတယ်” ဇွန်လ ၂၀ ရက်နေ့က ပုလောမြို့နယ် ပဝတ်ကုန် ကျေးရွာမှာ စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်းခွဲပြီး ထိုးစစ်ဆင်လာလို့ ဒေသခံစုပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဇွန်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲကြောင့် ပဝတ်ကုန်းကျေးရွာသားတွေလည်း နီးစပ်ရာကိုထွက်ပြေးနေရသလို ဒေသခံ ၂၀ လောက်လည်း ဖမ်းဆီးခံရတယ်လို့ ဆရာစံက ပြောပါတယ်။ ပုလောမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနိုင်တာကြောင့် မြိတ်-ပုလောကားလမ်းမကြီးကို မလိုအပ်ဘဲ အသုံးမပြုဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြည်သူ တွေကို မေတ္တာရပ်ခံထားပါတယ်။ ပုလောမြို့အပြင် KNU တပ်မဟာ ၆ နယ်မြေမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။ https://www.rfa.org/burmese/new s/palaw-pdf-tanintharyi-062220231106 06.html

၁၀။  ကွတ်ခိုင် KBC စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန် ငွေကြေးအကူအညီလိုအပ်နေ
      June 22, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများက ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရန် ငွေကြေးအကူအညီလိုအပ်နေသည်ဟု စစ်ရှောင်ပြည်သူများ ကပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် KBC ဘုရားကျောင်းဝင်းတွင် ဆယ်စုနှစ်တစ်ခုအကြာ စစ်စရှောင်ကာလကြာ မြင့်လာပြီဖြစ်သည့်အတွက်  ကွတ်ခိုင်မြို့နယ်မြေ ၅ နေရာတွင် ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်ထားသော်လည်း မြေကွက်တန်ဖိုး မဆပ်နိုင်သေးသဖြင့် ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲရှိနေကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။ “အခုနေတဲ့ ဘုရားကျောင်း နေရာနဲ့ မဝေးဘူး၊ လမ်းလျှောက်ပြီးသွားရင် ၁၅ မိနစ်လောက်ဘဲ သွားရတဲ့နေရာမှာ ပြောင်းဖို့လုပ်ထားတာ အဲ့မှာ အခုမှ မြေတွေ ညီအောင်ဘဲလုပ်ထားရသေးတယ်မြေဝယ်ထားတဲ့ ကုန်ကျစရိတ်တွေလည်း အကုန်မပေးနိုင်သေးဘူး ကျန်သေးတယ်၊ အခုချေး ထားတာကသိန်းရာချီတော့အခုသိန်း ၂၀၀ ကျော်ဆပ်ရအုံးမှာ၊ ဒီလိုမျိုးအခက် အခဲတွေကြုံနေရတာပေါ့”ဟုပြောသည်။ စစ်ရှောင် များသည် နေရပ်ပြန်ရန် ဆန္ဒရှိသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော  နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နေရပ်ပြန်နိုင်ခြင်း မရှိသည့် အပြင် ဘုရားကျောင်းဝင်းတွင်လည်း ဆက်လက်နေထိုင်ရန် အခက်အခဲရှိလာသည့်အပေါ် နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ကြ ရန် ဆုံးဖြတ်ထားကြသည်ဟုသိရသည်။

ထို့ကြောင့် နယ်မြေအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန်နှင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးအတွက်လည်း  သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးရန် လိုအပ်နေသည်ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက တောင်းဆိုထားသည်။ “ကျွန်မတို့အခုက ပြောင်းရွေ့ဖို့လုပ်နေတဲ့ အတွင်းဖြစ်တဲ့အတွက် ကူညီထောက်ပံ့ပေးဖို့က အဓိကပေါ့၊ ပြီးတော့ ကျွန်မတို့ မိဘတွေကို ဖြစ်နိုင်ရင် ငွေကြေးအားဖြင့် ကူညီပေးနိုင်ရင်တော့ အကောင်းဆုံးပါ။မိဘတွေအနေနဲ့ ကလေးတွေ စားသောက်ဖို့ ကိုလုပ်ပေးနိုင်ပေမဲ့ ကလေးတွေရဲ့ ပညာရေးပိုင်း မှာထောက်ပံ့ပေးဖို့ အခက်အခဲတွေအများကြီး ရှိတယ်၊ ကျွန်မတို့ စစ်ရှောင်တွေကို အမြင်မသေးဘဲတကယ်ကို ကူညီပေးဖို့လည်းတောင်းဆိုချင်ပါတယ်”ဟုပြောသည်။ လက်ရှိ တွင် စစ်ရှောင်များသည် ပြောင်းရွှေ့နေထိုင် အခက်အခဲများရှိနေသည့်အပြင် ကုန်စျေးနှုန်းများမြင့်တက်နေမှုကြောင့် စားဝတ် နေရးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟုသိရသည်။ အဆိုပါ စစ်ရှောင်များသည် နားခရိန်၊ နောင်းပါ၊ ဂလောင်း၊ နမ်းမာ စသည့်ကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး ၂၀၁၂ ခုနှစ် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ကွတ်ခိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရသည့် စစ်ရှောင်များဖြစ်သည်။ https://b urmese.kachinnews.com/20 23/06/22/bb1-31/

၁၁။  ကမာဝက်မြို့ စာသင်ကျောင်းရှေ့ ဗုံးပေါက်၊ ပြည်သူ့စစ် ၁ ဦး သေဆုံး
      June 22, 2023

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ အထက်တန်းကျောင်းအရှေ့ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီသြဇာခံ ပြည်သူ့ စစ်အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇွန် ၂၂ ရက်နေ့ ညနေ ၃ နာရီ အချိန် လောက် က ကမာဝက်မြို့ စာသင်ကျောင်းအရှေ့မှာ လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ နေထိုင်ရာ ကင်းတဲကို အမည်မသိ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့ လာပြီး ဗုံးပစ်သွင်းခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမျိုးလွင်ဟာ အခင်းဖြစ်ရာ နေရာပဲ သေဆုံးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ နောက်တဦးဖြစ်တဲ့ ဦးတင်လှိုင်က အရေပြားပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ “အဲဒီ ကင်းတဲမှာ အရင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာထိုင်တာ ရှိတယ်၊ ဖြစ်ချင်တော့ ဒီနေ့မှာ ပြည်သူ့စစ်အဖွဲ့ပဲ ရှိတာ၊ ကမာဝက် မြို့မှာ အခုလို မဖြစ်ဘူးတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်”လို့ ကမာဝက်မြို့ခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စာသင်ကျောင်းနဲ့ ကိုက် ၂၀၀ အကွာမှာရှိတဲ့ ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေအဆိုအရ ဗုံးပေါက်ကွဲမှုဟာ ကျောင်းမလွှတ်မီ မိနစ်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့အတွက် အဲဒီဖြစ်စဉ်အပြီး နာရီဝက် ကျော်လောက်မှာသာ ကျောင်းလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ် လော်ဘီတယ်လီဂရမ်အကောင့်တွေမှာ ဗုံးပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဝါဒဖြန်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်ပေါ် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ မွန်လူမျိုးအများစု နေထိုင် တဲ့ ကမာဝက်မြို့ဟာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ https://burmese.dvb. no/archives/600482

၁၂။  တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်က ဒေသခံခြောက်သိန်း နေရပ်စွန့်ခွာရ
      June 22, 2023

စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား ခြောက်သိန်းလောက်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။ ဒီနှစ်ထဲ KNU ကရင်အမျိုးသား အစည်း အရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ခုမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ စစ်ဆင်ရေးအရှိန်မြှင့်တိုက်ခိုက်နေတဲ့အတွက် စစ်ဘေးရှောင်တွေ ပိုများလာတာလို့ KHRG တာဝန်ရှိသူ စောနန္ဒဆူး ကပြောပါတယ်။ “ကရင်ပြည်နယ်တစ်ခုလုံးအနေနဲ့ဆို ခန့်မှန်းခြေအရဆို ခြောက်သိန်းဝန်းကျင်လောက်တော့ ကျွန်တော်တို့ ယူဆရတာပေါ့နော်။ ဘာလို့လဲဆိုရင် အထူးသဖြင့် တပ်မဟာ (၃၊ ၁၊ ၆၊ ၅) တွေမှာလည်း ပြီးခဲ့တဲ့ တစ်လနှစ်လအတွင်း တုန်းက လည်း ထပ်မံပြီးတော့မှ တိုးပွားလာတာရှိတဲ့အပေါ်မှာတော့ လက်ရှိအချိန်ထိတော့ ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေ အတွင်းမှာဆိုလို့ရှိရင် စစ်ဘေးရှောင်ဦးရေခန့်မှန်းခြေက ခြောက်သိန်းဝန်းကျင်လောက် ရှိပါတယ်ဗျ” ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလ အတွင်း KNU တပ်မဟာ ၃ နဲ့ တပ်မဟာ ၁ ဒေသက ထပ်မံထွက်ပြေးလာသူတွေ  အတွက် အမိုးအကာ၊ နေရာထိုင်ခင်း၊ ဆေးဝါးနဲ့ အခြေခံစားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လည်းပြောပါတယ်။

“ KHRG ကကျတော့ အဓိကဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ လူ့အခွင့်အရေး အခြေအနေတွေကို မှတ်တမ်းပြုစုတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ သို့သော်လည်း တခြား ကရင်လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ လက်လှမ်းမှီ သလောက် တတ်နိုင်သလောက် လူသားချင်း စာနာထောက်ထားမှုပံ့ပိုးကူညီရေးမှာတော့ ပါဝင်တာမျိုးတွေ ရှိတယ်ပေါ့နော်။ မိုး တွင်းကာလအတွင်းမှာဆိုလို့ရှိရင်တော့ စစ်ဘေးရှောင်အတွက် အဓိကလိုအပ်တဲ့ အရာတွေကကျတော့ အထူးသဖြင့် နေရာထိုင် ခင်း၊ အမိုးအကာ ခိုင်ခိုင်ခံ့ခံ့နဲ့ ကောင်းကောင်းမွန်မွန် လိုအပ်တယ်ပေါ့နော်။ ဒါ့အပြင် ဆေးဝါးပေါ့နော်။ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်တယ်။ အခြေခံစားနပ်ရိက္ခာလုံလောက်မှုရှိဖို့အတွက် အဓိက အရေးကြီးလိုအပ်တယ်ပေါ့လေ။” ထိုင်း-မြန်မာနယ် စပ် မြဝတီ-ဝေါလေမှာ ယာယီစစ်ရှောင်စခန်း ခုနစ်ခု ရှိပါတယ်။ လေးကေကော်မြို့သစ်ဒေသက စစ်ဘေးရှောင် သုံးထောင် လောက်ရှိတဲ့ ပလော့တပို့စခန်းဟာ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေနဲ့နီးလို့ မလုံခြုံဘူးလို့ လေးကေ့ကော်ဒေသအုပ်ချုပ်ရေး တာဝန် ရှိသူ စောပတယားက ပြောပါတယ်။ မနှစ်က ဒီဇင်ဘာ ၁၅ ရက်ကနေ အခု ဇွန်လအထိ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေ၊ ကနဲလေး ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။အဲဒိဒေသမှာ  လက်နက်ကိုင်အဖွဲ့စုံ ရှိပေမဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နေဖို့ လုံခြုံရေးအာမခံချက် မပေးနိုင်ကြဘူးလို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေအတွက် ကရင်လူထု အခြေပြုအဖွဲ့အစည်းတွေ စုပေါင်းကူညီနေတယ်လို့ KHRG တာဝန်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်ဒေသတွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ လေတပ်၊ ကြည်းတပ်တွေ နေ့စဉ် နီးပါး တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ရေးမြို့အခြေစိုက် ခမရ  ၅၅၈ ၊ ခလရ ၁၀၆ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေ တယ်လို့  KNLA စစ်ရေးတာဝန်ရှိသူတွေ က ပြောပါတယ်။ https://www.facebook.com/watch?v=651143929858077

၁၃။  တွန်းဇံမြို့ပေါ်က အခြေခံပညာအထက်တန်းကျောင်းမှာ ဗုံးပေါက်ကွဲလို့ကျောင်းယာယီပိတ်ထားရတယ်လို့သိရ
      June 22, 2023

ချင်းပြည်နယ် တွန်းဇံမြို့က အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန်လ ၂၀ ညပိုင်းမှာဗုံးပေါက်ကွဲပြီး စာသင်ဆောင် တချို့ထိခိုက်ပျက်စီးကာ ဇွန်လ(၂၁)ရက်နေ့ မနက်ပိုင်းက လက်ကျန်ဗုံးတွေ့တာကြောင့် ကျောင်းပိတ်ထားရတယ်လို့ တွန်းဇံမြို့ က ဒေသခံ တစ်ယောက်က ပြောပါတယ်။ တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝန်းအတွင်းမှာရှိတဲ့ ဂျပန် ဆောင်က စာသင်ခန်းမှာ ဗုံးတွေ့တာဖြစ်ပြီး အဲ့ဒီလက်ကျန်ဗုံးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖောက်ခွဲ လိုက် တယ်လို့ ဒေသခံ တစ်ယောက်က အခုလိုပြောပါတယ်။ “ မနေ့က ကျောင်းဖွင့်ခါနီးပေါ့ ဂျပန်တွေဆောက်ထားတဲ့အဆောင် ဂျပန် ဆောင်ပေါ့ အဲ့ဒီကစာသင်ခန်းမှာ ကျောင်းတက်ဖို့ကလေးတွေက အခန်းထဲဝင်တဲ့ချိန်မှာ ဗုံးတွေ့တာ၊ အဲ့တာတွေကြောင့် စစ်သား တွေက ဖောက်ခွဲ လိုက်ကြတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

အခုလက်ရှိအချိန်မှာ စာသင်ခန်းအတွင်း ဗုံးတွေ့တာကြောင့် အဲ့ဒီကျောင်းက ကျောင်းသား/ကျောင်းသူတွေဟာ ကြောက်ရွံ့နေကြသလို အဲ့ဒီကျောင်းကို ခေတ္တပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စာသင်ခန်းအတွင်း ဗုံးတွေ့ တာနဲ့ပတ်သက်လို တွန်းဇံမြို့ခံတစ်ယောက်က “တာလီဘန်တွေတောင် ကျောင်း ဖောက်ခွဲတာမရှိဘူး၊ မိန်းကလေးတွေ ကျောင်း မတက်ခိုင်းတာရှိတယ်၊ အခုဟာက ဘယ်သူ့ကိုမှ ကျောင်း မတက်ခိုင်းတာနဲ့တူတယ်၊ တာလီဘန်ထက်တောင်ဆိုးနေပြီ”လို့ သူ့အမြင်ကိုပြောပါတယ်။ ချင်းပြည်နယ်အတွင်း ယခုနှစ် ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှာ ထန်တလန်မြို့နယ်အတွင်းက ကျောင်း တွေကလွဲလို့ ကျန်(၈)မြို့နယ်က အခြေခံပညာကျောင်းပေါင်း(၃၉၀)ကျော်ဖွင့်လှစ်နိုင်ခဲ့သလို ကျောင်းအပ်တဲ့သူ ၅ သောင်းကျော် ရှိလာတဲ့အတွက် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာကျောင်းအပ်တဲ့သူ အများဆုံးဖြစ်လာတဲ့ ပညာ နှစ် ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=658282053000796&set=pcb.65828398966 7269

၁၄။   ညောင်တုန်းမြို့နယ် ကရင်စာ/ယဥ် တွဲဖက်အတွင်းရေးမှူးအား ပုဒ်မ (၃)ခု ဖြင့် စစ်ကောင်စီ တရားစွဲ
       June 22, 2023

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရသော မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအသင်း၏တွဲဖက်အတွင်းရေးမှူး စမြကြီး အား စစ်ကောင်စီက ပုဒ်မ(၃)ခုတပ်စွဲ၍ တရားစွဲဆိုထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။ စစ်ကောင်စီက ဇွန်လ(၉)ရက်မှ (၁၁)ရက်အတွင်းတွင် ညောင် တုန်းမြို့နယ်ရှိလူငယ်အချို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟုဆိုကာ လိုက်လံဖမ်းဆီးခဲ့စဉ် ဇွန်လ (၁၀)ရက်နေ့က စမြကြီး ၏အိမ်အနီးဝန်းကျင်ရှိ နေအိမ်မှလူငယ်တစ်ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီက စမြကြီး အားဆက်လက်ဖမ်းဆီး၍ ယခုလို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(က)၊ ၅၂(ဂ)နှင့် ၄၉(က)တို့ဖြင့် တရားစွဲ ဆိုထားခြင်းသည်ဟု နီးစပ်သူတစ်ဦးပြောသည်။ “သူ့ကို အကြမ်းဖက်ပုဒ်မ(၃)ခုနဲ့ စစ်တပ်က တရားစွဲထားတယ်။ သူက လူပျိုကြီး အိမ်မှာတစ်ယောက်ထဲပဲနေတော့ အဲဒီ PDF လို့ စွပ်စွဲပြီး ဖမ်းခံလိုက်ရတဲ့လူငယ်တွေက သူ့အိမ်မှာ အိပ်အိပ်စားစား လုပ်တယ်။ ပြီးတော့ လက်နက်မိတဲ့အိမ်က လက်နက် တွေထားတဲ့ထမ်းစင်ကို ဆောက်တုန်းကလည်း သူသွားကူဆောက်ပေးသေးတယ် အဲ့လိုနဲ့သူပါရောပြီး တရားစွဲခံရတာ။” ဟု ၎င်းက ပြောသည်။

ထို့အတူ စမြကြီးအား စစ်ကောင်စီကမှားယွင်းဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ထိုနေ့နောက်ပိုင်းကတည်းက ၎င်းနှင့်တွေ့ ခွင့်မပေးတော့ဘဲ အဆက် အသွယ်ပြတ်တောက်သွားပြီးမှ ယခုလို အကြမ်းဖက်ဥပဒေပုဒ်မများ တပ်၍ တရားစွဲဆိုခံလိုက်ရ ကြောင်း စမြကြီးနှင့်နီးစပ်ရာအသိုင်းအဝိုင်းမှ ဆိုသည်။ ယခုဇွန်လအထိ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီက ညောင်တုန်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-NPDF နှင့်ဆက်စပ်သူများဟု စွပ်စွဲ၍ ဖမ်းဆီးခြင်းခံလိုက်ရသော လူငယ်များမှာ စမြကြီး အပါအဝင် အယောက် ၂၀ ထက်မနည်းရှိနေပြီး ဖမ်းဆီးခံရသူများ၏နေအိမ်များအား ချိတ်ပိတ်ခြင်းနှင့် ရှာဖွေဖမ်းဆီးခြင်းများ ဆက်လက်လုပ်ဆောင်နေသောကြောင့် ညောင်တုန်းမြို့နေပြည်သူများ စိုးရိမ်ကြောက်လန့်စွာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။ https://kicnews.org/2023/06/%e1%80%8a%e1%80 %b1%e1%80%ac%e1%80%84%e1%80%ba%e1%8 0%90%e1

၁၅။  ဖားဆောင်းမြို့မှာ လက်နက်ကြီးကျရောက်မှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် နှစ်ဦးဒဏ်ရာရ
       June 22, 2023

ဇွန်လ ၂၁ ရက် မနက်အချိန်ကစပြီး တနေ့ကုန်နီးပါး ဖားဆောင်းမြို့အနီးက သံလွင်တံတားထိပ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက် ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဖားဆောင်းမြို့ပေါ် တောင်ပိုင်းရပ်ကွက်က သိမ်ကျောင်း ဘုန်းကြီး ကျောင်းမှာ ခိုလှုံနေ ကြသူတချို့ ထိမှန်ဒဏ်ရာရရှိတယ်လို့ ဖားဆောင်းဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲစဖြစ်တာကတော့ မနေ့ကပေါ့နော။ အခြေအနေကပြင်းထန်နေတယ်ဆိုတော့ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရတယ်။ ဒေသခံတွေပြောတဲ့ဟာ ကြား ရသလောက်ကတော့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ သိမ်ကျောင်းဘုန်းကြီး ကျောင်းက ကျောင်းထိုင်ဘုန်းကြီးဆရာတော် ထိတယ် ပြီးတော့မှ ဒေသခံတစ်ယောက်ထိတယ်ပေါ့နော။ ဆရာတော်ကတော့ လက်ထိတယ် နောက်တစ်ယောက်ကတော့ ဝမ်းဗိုက်ထိတယ်လို့ ကြားတယ်ပေါ့နော။ လက်ထိတဲ့ဆရာတော်ကတော့ အရမ်းစိုးရိမ်စရာမရှိပေမယ့် ဝမ်းဗိုက်ထိတဲ့ တစ်ယောက်ကတော့ စိုးရိမ်ရတယ်လို့ ကြားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ဖားဆောင်းမြို့နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေသလို သွားလာရေးအဆင်မပြေတဲ့ အတွက် ဒေသခံတချို့ တိုက်ပွဲအတွင်းမှာ ပိတ်မိနေတာရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ ဖားဆောင်းမြို့ပေါ် က ဘုန်းကြီး ကျောင်းတွေမှာ ကျောက်ပန်းညို၊ ကယားဝမ်အောင်း၊ စုစည်း၊ နမ်းဟူးကုန်း၊ ဖားဆောင်းမြို့ဒေသခံတချို့ဟာ တိမ်းရှောင်နေကြ ပေမယ့် လက်နက်ကြီးကျရောက်မှုရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့မှာ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်း ကျောက်ပန်းညိုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ လွိုင်ကော် PDF ၊ EAO နှစ်ဖွဲ့ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။ https://www.kantara waddytimes.org/%e1%80%96%e1%80%ac%e1%80%b8% e1%80%86%e1%80%b1%e1%80

၁၆။  ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး ထောင်ကပြန်လွတ်လာ
       June 22, 2023

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး (ခ) မညိုမာ ထားဝယ်အကျဥ်းထောင်ကနေ ဒီနေ့မနက်ပိုင်းမှာ လွတ်ရက် စေ့ပြီး ပြန်လည်လွတ်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ မညိုမာဦးကို ၂၀၂၁ ခုနစ်၊ မေလ ၂၉ ရက်က ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်မှာ တခြားလူငယ် ၃ ဦးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ) တို့နဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထားဝယ်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လအမိန့်ချမှတ်ခဲ့ပါတယ်။  အဲဒီနောက် ၁၉(စ)နဲ့ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် ၁ နှစ်ထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လအမိန့်ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။ “သူက ၂၀၂၁ အောက်တိုဘာလ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးချိန်မှာ နာမည်စာရင်းပါတယ်။ ပြီးတော့မှ နောက်ပုဒ်မကျန်တယ်ဆို ပြီးနေခဲ့ရတာ” လို့မညိုမာဦးနဲ့နီးစပ်သူတစ်ဦး ကပြောပါတယ်။

မညိုမာဦးဟာ ထားဝယ်အကျဥ်းထောင်မှာ အချိန် ၂ နှစ်ကျော်အကြာ အကျဥ်းချခံခဲ့ရပြီး ဒီနေ့ပြန်လွတ်လာခဲ့တာပါ။ မညိုမာဦးနဲ့အတူဖမ်းဆီးခံရတဲ့ ကိုသူရဇော်၊ ကိုစိုးသက်ဇော်နဲ့ ကိုခန့်ညီညီသန့်တို့ ၃ ဦးကလည်း လွန်ခဲ့တဲ့ ၇ လလောက်က ပြန်လွတ်မြောက်လာခဲ့ပါတယ်။  ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသူ ၁၂ ဦး လွတ်ငြိမ်းနဲ့ လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ထားဝယ်အကျဥ်းထောင်အတွင်းမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဥ်းကျခံ နေရတဲ့ အမျိုးသမီးစုစုပေါင်း ၆၀ ဝန်းကျင်ရှိတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။ https://www.facebook. com/photo/?fbid=291871459897277&set=a.196212682796489

၁၇။  မုန်တိုင်းသင့် ရခိုင်ပြည်သူ ၃၈၀,၀၀၀ ခန့်ကို ကုလစားနပ်ရိက္ခာထောက်ပံ့၊ စစ်အုပ်စု ကန့်သတ်မှုကအခြေအနေ           ပိုမိုဆိုးရွားစေ
      June 23, 2023

စစ်အုပ်စုရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြားက ရခိုင်ပြည်နယ်တခုတည်းမှာပဲ မုန်တိုင်းသင့်ပြည်သူ ၃၈၀,၀၀၀ နီးပါး အတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ ပံ့ပိုးပြီးဖြစ်သလို လူပေါင်း ၁၄၄,၀၀၀ ကျော်အတွက် အမိုးအကာနဲ့ တခြား လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး တလ ကျော်အကြာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကို လက်ရှိ ထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်တွေ ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေးအကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့်အတွက် ကနဦး ခွင့်ပြုချက်ကို ကန့်သတ်ထားတာက ပြည်နယ်တဝန်း ဆောင်ရွက်ဆဲ မိုခါမုန်တိုင်းတုံ့ ပြန်ကူညီမှုလုပ်ငန်းတွေကို ထိခိုက်စေ တယ်လို့ ဆိုပါတယ်။ ဒီလို ရုတ်တရက်ဆုံးဖြတ်ချက်က မုန်တိုင်းဒဏ်သင့်ဒေသခံလူထုရဲ့ ဆိုးရွားနှင့်ပြီးသား စားဝတ်နေထိုင်ရေး အခြေအနေတွေကို ပိုမိုဆိုးရွားစေသလို မုတ်သုန်ရာသီနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုတွေ ကလည်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသတွေကို ပြင်းထန်တဲ့အကျိုး ဆက် တွေရှိနေသလို တချိန်တည်းမှာပဲ လိုအပ်ချက် တွေ များပြားနေ တဲ့ဒေသခံတွေဆီကို ဝင်ရောက်ကူညီခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့အတွက် နေပြည်တော်နဲ့ ပြည်နယ်အဆင့်ရှိ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလည်း ဆောင်ရွက်နေတယ်လို့ UNOCHA Myanmar က ပြောပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၁၂,၅၀၀ နီးပါးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေး နိုင်ခဲ့သလို ရခိုင်ပြည်နယ်ရဲ့ ဦးစားပေး ၈ မြို့နယ်ထဲက အသက် ၅ နှစ်အောက်ကလေး ၇,၀၀၀ ကျော်နဲ့ ပြုစုစောင့်ရှောက်ပေးသူ ၁,၅၀၀ ကျော်တို့အတွက် အစာအာဟာရအကူအညီတွေ ပံ့ပိုးနိုင်ခဲ့ပြီးတော့ ရခိုင်ပြည်နယ်မြို့နယ် ၃ မြို့ နယ်က ညစ်ညမ်းရေကန် ၇၀ ကိုလည်း သန့်ရှင်းပြီး ရေပြန်လည်ဖြည့်သွင်းခြင်းတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာရှိတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ကူညီဖို့လျာထားတဲ့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းတောင်းခံထားရာမှာလည်း လတ်တလောအချိန်ထိ ၂၄ ဒသမ ၂ သန်းလောက်သာ ရရှိထားတဲ့အတွက် ရန်ပုံငွေဆက်လက်ထည့်ဝင်ဖို့လည်း အရေးတကြီး လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့အတူ စစ်အုပ်စုရဲ့ ဒေသ တွင်း သွားလာခွင့် ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် မုန်တိုင်းရိုက်ခတ်မှုဒဏ်ခံရအပြီး အချိန် ၁ လကျော် ကြာလာတဲ့တိုင်အောင် ရခိုင်ဒေသမှာ ထောက်ပံ့ကူညီမှုတွေ လက်လှမ်းမီ ရရှိဖို့ မသေ ချာတဲ့အပြင် နောက်ဆက်တွဲ ရောဂါကူးစက်ပျံ့ပွားမှုနဲ့ အဓိက စားနပ်ရိက္ခာ အကျပ်အတည်းက အမှန်တကယ် ခြိမ်း ခြောက်မှုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ https://burmese.dvb.no/archives/60 0582

၁၈။  TNLA တပ်သား ရိုက်နှက်သည့် သိန္နီမြို့နယ် ကျေးရွာသူကြီး လျော်ကြေးငွေဖြင့် ကြေအေးရ
       June 22, 2023

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ တပ်သားများ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ရသွားသည့် သိန္နီမြို့နယ် ကျေးရွာသူကြီးသည် လျော်ကြေးငွေဖြင့် ကြေအေးပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် သျှမ်းပြည် သိန္နီမြို့နယ်ရှိ မိန်းပါးကျေးရွာအုပ်စုမှ ဝမ်မိုင် နမ့်ဟူးပွက် (ဝၢၼ်ႈမႂ်ႇၼမ့်ႁူးပွတ်း) ကျေးရွာမှ ရွာသူ ကြီးကို TNLA တပ်သားများ ရိုက်နှက်ခြင်းဖြစ်ပြီး လျော်ကြေးငွေဖြင့် ကြေအေးပေး စေခဲ့ကြောင်း သိရသည်။ “TNLA ဘက်က ရွာသူကြီးကို လာမေးတယ်၊ ဘယ်လိုဖြစ်ချင်လဲပေါ့၊ ရွာလူကြီးကလည်း ဆရာတို့ တရားမျှတမှုရှိသလို ဆုံးဖြတ်ကြပါဆိုလို့ TNLA ဘက်က သူ့ကို လျော်ကြေးငွေ ပေးလိုက်တယ်၊ ပြီးတော့ ရိုက်နှက်မှုတွေ ဖြစ်တဲ့ နေရာကလည်း ရွာထဲမှာဆိုတော့ ရွာကိုလည်း လျော်ကြေးပေးရတယ်၊ ဘယ်လောက်လဲဆိုတာတော့ အတိ အကျမသိရဘူး”ဟု ဒေသအတွင်းက လုံခြုံရေးအရ အမည်မဖော် လိုသူ အမျိုးသားတစ်ဦးက ပြောသည်။ ကျေးရွာအတွင်း ရိုက်နှက်မှုဖြစ်ပွားသည့်အတွက် ဒေသခံအများ၏ ဆန္ဒအရ TNLA တပ်ဖွဲ့ မှ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ရန်ပုံ ငွေကို ပေးဆောင်ရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် တွင် သိန္နီမြို့နယ်၊ မိန်းပါးကျေးရွာအုပ်စု ၊ ဝမ်မိုင် နမ့်ဟူးပွက် (ဝၢၼ်ႈမႂ်ႇ ၼမ့်ႁူးပွတ်း) ကျေးရွာသို့ TNLA တပ်သား ၃ ဦး ဝင်ရောက်လာပြီး တောထွက်လည်ရန် အတွက် လမ်းပြ ရွာသား (၅) ဦးကို တောင်းရာမှစပြီး ရွာသူကြီး ကို ရိုက်နှက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ရွာသူကြီး လုံးဖုန်းသည် ညာဘက်မျက်လုံး ဖွင့်မရ၊ ခေါင်းကွဲဒဏ်ရာ၊ ရင်ဘတ်ညိုမဲဒဏ်ရာ နှင့် အောင့်နေခြင်းနှင့် ခြေလက် နှစ်ဖက်လည်း ထိခိုက်ဒဏ်ရာများ ရသွား ကြောင်းသိရသည်။ “လက်ရှိမှာတော့ ဒဏ်ရာတွေက နည်းနည်းခြောက်လာပြီ၊ ဒါပေမဲ့ အတွင်းဒဏ်ရာက ရင်ဘတ်အောင့်တာ တွေက ဖြစ်နေသေးတယ်၊ လျော်ကြေးက ဘယ်လောက်ရလိုက်လဲဆိုတာ မသိရဘူး၊ သူတို့ (TNLA) က ပေးမပြောတာ လား မပြောချင်တာလား ဆိုတာတော့မသိဘူး”ဟု ရွာလူကြီးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးကပြောသည်။ ရိုက်နှက်ခံရသည့် ရွာသူကြီး သည် လုံးဖုန်း ဟု အမည်ရှိပြီး အသက် ၄၃ နှစ် ဝန်းကျင်ဖြစ်ကြောင်းလည်း သိရသည်။ https://burmese.shannews.org/arc hives/35456

၁၉။   PDF တပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုတွေကို NUG တားဆီးဖို့လို
       June 22, 2023

စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ လက်နက်ကိုင်ခုခံတော်လှန်နေကြတဲ့ PDF တပ်ဖွဲ့အချင်းချင်းကြား သဘော ထားကွဲလွဲမှုတွေကနေ အချင်းချင်းဖမ်းဆီးသတ်ဖြတ် ခံရမှုတွေ ဆက်ပြီးဖြစ်နေပါတယ်။ အချက်အလက်တွေအရ အာဏာသိမ်း ပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ နိုင်ငံတစ်ဝန်းမှာ PDF တပ်ဖွဲ့အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်ငါးခုရှိခဲ့ပြီး ဒီဖြစ်စဉ် တွေအတွင်း PDF တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ PDFတပ်ဖွဲ့ဝင် ခြောက်ဦး၊ သြဂုတ်လက ဝက်လက် မြို့နယ်မှာ နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင်လမှာ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရပါတယ်။ နိုဝင်ဘာလ ၂၃ ရက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ PDF တပ်ဖွဲ့ ဝင်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေပေါက်ပင်ရွာအနီးမှာ Zamani Revolution Force – မြင်းမူ/မြောင်တပ်ဖွဲ့ ခေါင်းဆောင် ကိုဇော်မိုး၊ တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦးကို မြောင်မြို့ နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်က ဖမ်းဆီးခဲ့ပါတယ်။ နောက်၁၀ ရက်အကြာမှာ ဖမ်းဆီးခံရသူ လေးဦး သေဆုံးခဲ့ပါတယ်။ မြင်းမူမြို့နယ် ပဒတ္တိုင်းရွာအခြေစိုက်တဲ့ Zamani Revolution Force – မြင်းမူ/မြောင် တပ်ဖွဲ့ခေါင်းဆောင် ကိုဇော်မိုးဟာ မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာကို သွားတဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရတာလို့ အဲဒီအဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ကိုဒိုးကြီးက ပြောပါတယ်။ သေဆုံးသူတွေဟာ Zamani Revolution Force – မြင်းမူ/မြောင် အဖွဲ့ခေါင်းဆောင် အသက် ၄၀ အရွယ် ကိုဇော်မိုး၊ အဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုလှမျိုး၊ အသက် ၂၀ အရွယ် ကိုခန့်မင်းသာနဲ့ အသက် ၄၀ အရွယ် အရပ်သား ဦးစိုးဝင်း တို့ဖြစ်ပါတယ်။

စစ်ကိုင်းခရိုင်၊ အမှတ် ၁ တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်ယက္ခကတော့ ပြစ်မှုကျူးလွန် ထားရင်တောင် တရားရေးက စီရင်ဆုံးဖြတ်မှာဖြစ်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အနေနဲ့ သေဆုံးတဲ့အထိ မလုပ်သင့်ဘူးလို့ မှတ်ချက်ပြုပြောဆိုပါတယ်။ “ကိုဇော်မိုး လုပ်ပါတယ်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားရှိရင် တရားရုံးမှာ တင်ပြပိုင်ခွင့်ရှိတယ်။ ဒီလိုဆို အမှုတွေ ထပ်တိုးမှာပဲလေ။ တရားရုံးနေပြီးတော့ ဒါကိုလက်ခံတယ်။ ယုံကြည်ရလောက်သော သက်သေအထောက်အထားရှိတဲ့ အတွက် ကြောင့် လက်ခံတယ်ဆိုရင် တရားရုံးက စစ်မှာပေါ့။ စစ်တဲ့အခါ ဒါသည် ဟုတ်တယ် သူကျူးလွန်ပါတယ်ဆိုရင်တော့ လူသတ် မှုဆိုတာ ကြိုတင်ရည်ရွယ်ချက်ရှိရှိ သတ်တယ်ဆိုရင် တရားရုံးက သေဒဏ်အနေနဲ့ ဆုံးဖြတ်မှာပဲ။ အဲဒီဟာကို စစ်ဆေးရေးအဖွဲ့ တွေက သတ်ပစ်ရလောက်တဲ့အထိ သူတို့မှာ ဥပဒေအရ လုပ်ပိုင်ခွင့်မရှိဘူး” ဒီသတ်ဖြတ်ခံရမှုဖြစ်စဉ်က အမျိုးသား ညီညွတ်ရေး အစိုးရက ချမှတ်ထားတဲ့ စစ်ဘက် ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်နေတာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို အသိပေးစာ ပေးပို့မယ်လို့ သူက ပြောပါတယ်။ ဒီဖြစ်စဉ်ကို ကျူးလွန်ခဲ့တဲ့ မြောင်မြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ကတော့ အခြေအနေ အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ ပြောပါတယ်။ ဒီဖြစ်ရပ်တွေကိုကြည့်ရင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာရဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်လဲ ဆိုတာမေးခွန်းထုတ်စရာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော်အပြင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်း ထားပါတယ်။ https://www.rfa. org/burmese/program_2/pdf-killed-06222023052332.html

၂၀။  တပ်စခန်းများ ဆုတ်ခွာရန် ထိုင်း၏ တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA တုန့်ပြန်
      June 21, 2023

မြန်မာ – ထိုင်း နယ်စပ် မျဉ်းတလျှောက် အခြေစိုက်ထားသည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးရန် ထိုင်း၏ တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA ဘက်မှ တုန့်ပြန်ပြောဆိုထား သည်။ Wa Channel မှ တစ်ဆင့် မြန်မာ–ထိုင်းနယ်စပ် စည်းမျဥ်းပေါ်က တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းရဲ တောင်းဆိုချက် ကို UWSA မှ လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။ “အဆိုပါ တပ်စခန်းတွေဟာ ထိုင်းဘက်ခြမ်း တည်ရှိနေ ခြင်းမဟုတ်၊ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းသာ တည်ရှိနေပါတယ်။ မိမိဒေသကို မိမိကာကွယ်တာ ဖြစ်တယ်” လို့ UWSA က Wa Channel ကို ပြောဆိုထားပါသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ – ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် Thai – Myanmar Township Border Committee (TBC) အစည်းအဝေး တွင် ထိုင်းအာဏာပိုင်များ က မြန်မာ အာဏပိုင်များထံ “ဝ” တပ်ဖွဲ့ ဆုတ်ခွာရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အထက်ပါ တွေ့ဆုံမှုတွင် ထိုင်းအာဏာပိုင်မှ မြန်မာနိုင်ငံ ဘက်ရှိ UWSA တပ်စခန်း (၅) ခု ဆုတ်ခွာ ပေးဖို့ ဆွေးနွေး ချက် အပါအဝင် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်နေထိုင်သူ၊ စည်းကမ်း ဖောက်ပျက်ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင်သူ နှင့် အမှုပြေးများကို ကူညီဖမ်းဆီးပေးရန်လည်း ထိုင်းအာဏာပိုင်များကို မြန်မာအာဏာပိုင်များက တောင်းဆိုသည်။ ယင်းကဲ့သို့ ထိုင်း၏ တောင်းဆို ချက်များ နှင့် ပတ်သက်ပြီး “တပ်စခန်း ဆုတ်ခွာရန် ထိုင်းအနေနဲ့ ဖိအားပေးဖို့ မလိုသလို စစ်ကောင်စီ ဘက်ကလည်း တောင်းဆိုစရာ မရှိဘူး” ဟု UWSA တောင်ပိုင်း ဆက်ဆံရေးရုံးမှ တာဝန်ရှိ သူ တစ်ဉီးကလည်း ပြောဆိုထားသည်။ https://burmese.shannews.org/archives/35440

၂၁။  ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေ
      June 22, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဇွန် ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်ကစတင်ပြီး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပြီးနောက် လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့အပြင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားဖို့ရှိတယ်လို့ KNLA တပ်မှူးတယောက်ကပြောပါတယ်။ ဇွန် ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ရင်း ကို KNLA ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကော့ကရိတ်-မြဝတီ အာရှလမ်းဘေး ပုလဲဖြူလူမှု ကယ်ဆယ်ရေးရုံးအနီးက ထန်တောသုသာန်မှာ စစ်ကောင်စီတပ်တွေနဲ့ ညနေ ၅ ခွဲလောက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား ခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး အဆက် မပြတ် ပစ်ခတ်ခဲ့တဲ့အပြင် ဇွန် ၂၂ ရက်နေ့ အထိ ဆက်လက်ပစ်ခတ်နေပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး စောကျော်သက်က “တိုက်ပွဲက မနေ့က ညနေ ၅ နာရီခွဲလောက်အထိ ဖြစ်တယ်။ စစ်ကောင်စီက လက်နက်ကြီး တောက်လျှောက်ပစ်နေတယ်။ လေကြောင်း ကတော့ မနက်က လေယာဉ်တော့ လာဝဲသွားတယ်၊ မပစ်သွားဘူး။ နှစ်ဖက် စစ်ရေးတင်းမာနေတော့ တိုက်ပွဲက ဆက်ဖြစ်ဖို့ရှိတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိသလို KNLA ပူးပေါင်းတပ် ဘက်က ရဲဘော်တယောက် ကျဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မှူးဆီက သိရပေမဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရရှိတဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ပေါ်မှာ စာသင်‌ကြားနေတဲ့‌ ကျောင်းသား ကျောင်းသူတွေကို ကျောင်းလွှတ်ပေးခဲ့ရသလို မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းထားပြီး မြို့ဝင်မြို့ထွက်တွေကို ပိုမိုစစ်ဆေးနေတယ်လို့ မြို့ခံပြည်သူတဦးက ပြောပါ တယ်။ စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ အမြောက်တပ်နဲ့ ခလရ ၉၇ တပ်ရင်းကနေ ကော့ကရိတ်မြို့ အနီးတဝိုက်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နေ့တိုင်းလိုလို လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေ ရတဲ့အပြင် မိုးကာလ လယ်ယာနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေကို ဝင်ရောက်မလုပ်ကိုင်ရတဲ့အတွက် မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ https://burmese.dvb.no/ archives/600458

၂၂။  စစ်တွေဆေးရုံကြီးတွင် ရန်ကုန်မှ အထူးကု၊ ပါမောက္ခနှင့်၊ သမားတော်ကြီး ၃၀ ကျော် အခမဲ့ လာရောက် ကုသမည်
      June 23, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် လာမည့် ဇွန်လ ၂၅ ရက်၌ ရန်ကုန်မှ ဝါရင့် အထူးကု၊ ပါမောက္ခနှင့်၊ သမားတော်ကြီးများက အခမဲ့ လာရောက်ကုသပေးမည်ဟု သိရသည်။ ယင်းနေ့နံနက် ၈ နာရီမှစတင်ကာ အခမဲ့ကုသပေးသွား မည်ဖြစ်ပြီး ပြသလိုသူများအနေဖြင့် ယနေ့ ဇွန်လ ၂၃ ရက်၊ နံနက် ၉ နာရီမှစတင်ကာ စစ်တွေပြည်သူ့ဆေးရုံကြီး လေးထပ် ဆောင် အသစ်အောက်ထပ်ရှိ ပြင်ပလူနာဌာနတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။ ယခု လာရောက်ကုသပေးမည့်သူများတွင် အထွေထွေရောဂါအထူးကု၊ နှလုံးရောဂါ အထူးကု၊ ဆီးနှင့် ကျောက်ကပ် အထူးကု၊ ဦးနှောက်၊ အာရုံ ကြောနှင့် အတက်ရောဂါ အထူးကု၊ အရိုး၊ အဆစ် သွေးလေးဖက်နာ၊ သွေးနှလုံးရောဂါ အထူးကု၊ အစာအိမ်နှင့် အူလမ်း ကြောင်းအထူးကု၊ အသည်းရောဂါ အထူးကု၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ အထူးကု၊ သွေးရောဂါအထူးကု၊ အရေပြားရောဂါ အထူးကုနှင့် ကလေး သွေးရောဂါ အထူး ကု စသည့် ရန်ကုန်မြို့မှ ဝါရင့် အထူးကု/ပါမောက္ခ သမားတော်ကြီးများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခများပါဝင်သော သမားတော်ကြီးများ၊ စုစုပေါင်း အယောက် ၃၀ ကျော်ပါဝင်မည်ဟုလည်း  သိရသည်။

“အကျိုးသက်ရောက်မှာက ဘာတွေရှိလဲဆိုရင် ဥပမာ ဒေါက်တာချစ်စိုးပေါ့။ ဒေါက်တာချစ်စိုးဆိုရင် အရေပြား၊ လေးဘက်နာ၊ အရိုးအကြောဆိုတော့ သူက ပြန်ချိန်ထားတဲ့လူနာတွေဆိုရင် ကျနော်တို့ဘက်က လူနာနဲ့ လူနာစောင့်ဆိုရင် အသွားအပြန် ၈ သိန်းလောက် ကုန်မယ်လေ။ အဲဒါတွေလည်း သက်သာသွားမယ်။ နောက် ဒေါက်တာမြင့်မြင့်သိန်းနဲ့လူနာတွေ၊ အဲဒါတွေကတော့ အများကြီး သက်သာမယ်။ အသစ်ပြတဲ့လူနာတွေကျတော့ လောလောဆယ် အဲဒီဆရာတွေက ဘာတွေဘာ တွေ စစ်လိုက်ခိုင်းမယ်။ ခိုင်းပြီးတော့ သူတို့က ဒီမှာကျန်ခဲ့တဲ့ဆရာကြီးတွေနဲ့ပြန်ပြီး ချိန်းပြီးတော့ ဆက်ကုသမယ်ထင်ပါတယ်” ဟု ပြောသည်။ ယင်းနေ့တစ်ရက်တည်းသာ ကုသပေးမည်ဖြစ်ပြီး လူဦးရေ အရေအတွက်အား ကန့်သတ်ထားခြင်းမရှိဟုလည်း သိရသည်။ https://burmese.narinjara.com/…/64952afed0 d51ab339139213

၂၃။  နေရပ်ပြန် ရေကြည် စစ်ရှောင်ပြည်သူများအတွက် စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိသည့်အတွက်            အခက် အခဲကြုံတွေ့နေရ
      June 21, 2023

မြစ်ကြီးနားမြို့နယ် ရေကြည်(Hkasan) ကျေးရွာတွင် ပြန်လည်နေရာချထားသည့် စစ်ရှောင်များနှင့် နေရပ်ပြန်စစ်ရှောင် ပြည်သူများအတွက်  စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများမရှိသောကြောင့် အဓိက အမျိုးသမီးများနှင့် ကလေးများ အခက် အခဲကြုံတွေ့နေရသည်ဟု သိရသည်။ လက်ရှိ ရေကြည်ကျေးရွာတွင် မည်သည့်အစိုးရဘက်မှ စာသင်ကျောင်းများ ဖွင့်လှစ်ပေး ခြင်းမရှိသေးသည့်အတွက်ကြောင့် နေရပ်ပြန်စစ်ရှောင်များအတွက် ပညာရေးနှင့်ကျန်းမာရေးစောင့် ရှောက်မှုများလိုအပ်နေသည်ဟု ပြန်လည်နေရာချထားရေးနေရာတွင် ရှိနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ရေကြည်ကျေးရွာမှာက အစိုးရ ကျောင်းလည်းမဖွင့်ဘူး၊ ကလေးတွေအတွက် အရမ်းကိုခက်ခဲနေတယ်။ ကြားကာလပညာရေးကျောင်းကိုပဲစောင့်ရမလိုလို၊ အစိုးရကျောင်းပဲသွားရောက်တက်လိုက်ရတော့မလိုနဲ့ ကျောင်းသားမိဘတွေက အဓိက စိတ်ညစ်ပူပန်နေကြရတယ်။ ကလေး တွေနဲ့ ခွဲနေရတာတွေ၊ငွေကြေးကအရမ်းခက်ခဲတော့ ကလေးတွေကို ကျောင်းမထားတော့ပဲ ဒီတိုင်းနေခိုင်းလိုက်တဲ့ မိဘတွေ လည်း တော်တော်များများပဲ”ဟုပြောသည်။ ရေကြည်ကျေးရွာတွင် ငွေကြေးတတ်နိုင်သူများနှင့်  မြို့ပေါ်ဆွေမျိုးရှိသူများ တစ်ချို့ က ၎င်းတို့၏ သားသမီးများကို မြို့ကျောင်းအသီးသီးတွင် ထားနိုင်သော်လည်း မြို့ပေါ်မတက်နိုင်သည့် သူများက ကျေးရွာမှာ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် ကလေးများ၏ ပညာရေးအတွက် အလွန်စိတ်မကောင်းဖြစ်ရ သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ရေကြည့်ကျေးရွာမှာ အစိုးရက ဖွင့်လှစ်ထားသည့် အခြေခံမူလတန်းကျောင်းတစ်ခု ရှိသော်လည်း စစ်ကောင်စီ အောက် ကျောင်းများဖွင့်လှစ်သင်ကြားခြင်းမပြုရန်တားမြစ်ခံထားရသောကြောင့် သင်ကြားပေးမည့် ဆရာ/မများသည် လုံခြုံရေး အတွက်စိုးရိမ်းနေရသဖြင့် သင်ကြားပေးမည့် သူမရှိကြောင်း သိရသည်။ ထို့အပြင် နေရပ်ပြန်လည်ချထားရေးဖြင့် နေထိုင်နေကြ သည့် ရေကြည် ပြည်သူများသည် ကျေးရွာအတွင်း ဆေးရုံ၊ ဆေးပေးခန်း မရှိသောကြောင့် မိုးတွင်းကာလအတွင်း ရာသီးပေါ် ရောဂါများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် သားဖွားမီယပ်ဆေးကုသရေးဆိုင်ရာ အသိကျွမ်းသည့် ဆရာဝန်များမရှိ သည့်အတွက်ကြောင့်လည်း ကျန်းမာရေး ပြဿနာများရင်ဆိုင် နေကြရသည်ဟု ဒေသခံများပြောသည်။  “ဆေးရုံ၊ ဆေးခန်းတွေ မရှိတော့ တစ်ခုခုဖျားတာနာတာဆိုရင် အရမ်းခက်တယ်။ မြို့ဘက်ကိုပဲပြေးနေရတယ်။ အခုလက်ရှိခက်ခဲနေတာက မီးလည်းမရ ဘူး၊ ရေလည်းရေတွင်းသာရှိတာ ရေမရှိဘူး။ ဒီဟာတွေဆို အဲ့လောက်တောင်အရေးမကြီးသေးဘူး၊ အရေးကြီးဆုံးက ကလေး တွေရဲ့ ပညာရေးနှင့်ဆေးရုံ၊ဆေးပေးခန်းပဲ အဓိကအရေးကြီးနေတယ်လို့ တောင်းဆိုချင်တယ်။ဒီမှာက သားဖွားဆရာမတွေ လည်းမရှိဘူး။ အဲ့တာကြောင့် မြို့ကိုပဲသွားတယ်”ဟု နေရပ်ပြန် စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောသည်။ https://burmese .kachinnews.co m/2023/06/21/ld1-35/

၂၄။   ထိုင်းနိုင်ငံထဲကို ဝင်ခွင့်မရတော့ဘဲ နယ်စပ်မှာခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် အကူအညီ           လိုအပ်နေ
      June 22, 2023

မယ်စဲ့မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထပ်တိုးစစ်ရှောင်တွေဟာ ထိုင်း နိုင်ငံထဲကို ဝင်ခွင့်မရတော့ဘဲ နယ်စပ်မှာ ခိုလှုံနေထိုင်ကြရပြီး အကူအညီမရရှိသေးတဲ့အတွက် လိုအပ်နေတယ်လို့ မယ်စဲ့ဒေသခံ တစ်ဦးက ပြောပါတယ်။ “အခုအခြေအနေကျတော့ စစ်ရှောင်တွေကို ထိုင်းဖက်ကနေ ကန့်သတ်လိုက်ပြီပေါ့ ပေးမဝင်တော့တဲ့ အခြေအနေမှာ တချို့စစ်ရှောင်တွေက ပန်တိန်းရှိမယ်၊ မယ်စဲ့နန်၊ ကျောက်စု နောက်မှ ရှောင်လာတဲ့အဖွဲ့တွေကို ထိုင်းကနေ ပေး မဝင်တဲ့အတွက်ကြောင့် အရမ်းကိုဒုက္ခရောက်နေတယ် သူတို့မှာ အကူအညီမရဘူး။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။ လက်ရှိ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းကို ရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင် (၃၈၇၇) ဦးအထိ ရှိနေပြီလို့ ထိုင်း သတင်း ဌာနတွေက ဖော်ပြထားပါတယ်။ ထိုင်းအာဏာပိုင်တွေက ယာယီနေထိုင်ဖို့ နေရာထိုင်ခင်းနဲ့ အစားအစာတွေကို ထောက်ပံ့ ပေးထားပေမယ့် မလုံလောက်ဘူးလို့ သိရပါတယ်။

စစ်ရှောင်တွေဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုအများဆုံးရှိနေပြီး လက်ရှိကလည်း မိုးရာသီကာလဖြစ်တဲ့ အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေတဲ့အတွက် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ “အခု က မိုးရာသီလည်းဖြစ်တဲ့အတွက် စစ်ရှောင်တွေမှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျန်းမာရေးပေါ့ ကလေးငယ်တွေလည်း အများ ကြီးပါတယ် သက်ကြီးရွယ်အိုလည်း အများကြီးပါတယ်။ အခု ကျန်းမာရေးစောင့်ရှောက်မှုလည်း အရမ်းအားနည်းတယ် စစ်ရှောင် တွေမှာ စစ်ရှောင်ပြီးတော့ တစ်ရက်နေတဲ့အချိန်မှာ အဖိုးတစ်ယောက်ဆုံးသွားတယ် ဆောင်ဟီရွာမှာပဲဆုံးသွားတယ်။ အဲ့ကြောင့် ဆေးဝါးအကူအညီအရမ်းလိုနေတယ်။” လို့ အဆိုပါဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင် တွေဟာ တောတောင်ထဲမှာပဲ ခိုလှုံနေထိုင်နေကြရပြီး လက်နက်ကြီးနဲ့ လေယာဉ်ပစ်ခတ်မှာကို စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ https://www.kantarawaddytimes.org/%e1%80%91%e %80%ad%e1%80%af%e1%80%84%e1%80%ba%e1%80

၂၅။   သံတောင်ကြီးရှိ စစ်ဘေးရှောင်ကလေးများ ကျောင်းပညာရေးထောက်ပံ့မှု လိုအပ်နေ
       June 22, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအများစုနှင့် လိပ်သိုဒေသပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး နယ်မြေအခြေအနေကောင်းမွန်ခြင်း မရှိသေးသဖြင့် စစ်ဘေးတိမ်းရှောင်နေရသော ကျောင်းနေအရွယ်ကလေးများအတွက် ပညာ သင်ယူနိုင်ရန် ထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင်မိခင်များထံမှ သိရသည်။ လိပ်သိုဒေသနှင့် သံမိုးတောင်၊ တောပြာကလေး၊ တောပြာကြီး၊ စည်ပင်ကြီး၊ သပြေညွန့် စသော ကျေးရွာများရှိ စစ်အစိုးရလက်အောက်ခံ မူလတန်း၊ အထက် တန်း ကျောင်းအများစုမှာ စစ်ကောင်စီအာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ ဒေသတွင်းနှစ်ဖက်ပစ်ခတ်မှုနှင့် နယ်မြေမတည်ငြိမ် ခြင်းများကြောင့် ယခုပညာသင်နှစ်တွင်လည်း ကျောင်းများပြန်ဖွင့်ရန်အခက်အခဲရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ အရ သိရသည်။ ထို့အပြင် စစ်ဘေးတိမ်းရှောင်နေရသည့် အတွက် အလုပ်အကိုင်ကောင်းစွာမလုပ်ကိုင်နိုင်သည့်ကြားမှ မိမိတို့ ကလေးများအား နီးစပ်ရာသို့ကျောင်းသွားထားရသော မိခင်များအနေဖြင့်လည်း ပညာရေးဆိုင်ရာ အထောက်အပံ့ရရှိရန် လိုအပ် နေသည်ဟု သံမိုးတောင်ရွာမှစစ်ရှောင်မိခင်တစ်ဦးကပြောသည်။

လက်ရှိအချိန်ထိလည်း သံမိုးတောင်ရွာတွင် စစ်ကောင်စီတပ်များက ဒေသခံများ၏ နေအိမ်အတွင်း တပ်စွဲနေထိုင်သဖြင့် တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသောကြောင့် နေရပ်ပြန်မနေရဲကြဘဲ စစ်ရှောင်ရာ အရပ် တွင် ကလေးများအား မဖြစ်ဖြစ်အောင် ကျောင်းထားရကြောင်း အဆိုပါစစ်ရှောင်မိခင်က ဆက်ပြောသည်။ ထို့အပြင် တခြားမြို့ သို့ကူးပြောင်း၍ ကျောင်းထားကြသော ကျောင်းသားအချို့အတွက် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမပြနိုင်ပါက စာရင်းသွင်းခွင့် မရခြင်းတို့ တွေ့ကြုံနေသည်ဟု သံတောင်မြို့ခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။ “ကလေးတွေကျောင်းမတက်ရတာ နှစ်တွေကြာပြီဆိုတော့ ပိုက်ဆံရှိတဲ့သူအများစုက တောင်ငူကို ကျောင်းပြောင်းသွားကြတယ်။ မူလတန်းကျောင်း ဆက်တက်တဲ့ ကလေးတွေကတော့ ကျောင်းပြောင်းလက်မှတ်ရတယ်။ တချို့ကမရဘူး။ တဖက်ကျောင်းမှာကလည်း ရဲကွက်၊ ရဲစခန်း ထောက်ခံစာမပြနိုင်ရင် နာမည်သွင်းမရတာရှိတယ်။” ဟု ၎င်းအမျိုးသမီးက ပြောသည်။ ကေအဲန်ယူတပ်မဟာ(၂) ထိန်းချုပ်နယ် မြေ၊ တောင်ငူခရိုင်အတွင်းတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်ရက်ဆက်ဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လ(၁၄)ရက်နေ့ညပိုင်းကလည်း ထိုလွီဝါး ကော်သူးလေ အထက်တန်းကျောင်းနေရာရှိ ကျောင်းသူအဆောင်သို့ တောင်ငူမြို့ ရှားစေး ဘိုစခန်းအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျောင်းသူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။ https://kicnews.org/2023/06/%e1%80%9e%e1%80%b6%e1%80%90%e1%80%b1% e1%80%ac%e1%80%84%e

၂၆။   ရိုဟင်ဂျာအရေး လူ့အခွင့်အရေးကောင်စီဆွေးနွေး
       June 22, 2023

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေကို ဖိနှိပ်မှုတွေ ရပ်တန့်အောင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရှာဖွေနိုင်ဖို့ ဇွန်လ ၂၁ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က အဖွင့်အမှာစကား ပြောကြားပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခွဲခြားမှုတွေ ခံခဲ့ရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခ နဲ့ ၂၀၁၇ ခုနှစ် မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ကြုံခဲ့ရပြီးတဲ့နောက် အခုအချိန်မှာ ရိုဟင်ဂျာ တစ်သန်းကျော် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲချို့တဲ့စွာ နေရတယ်လို့ ပြောပါတယ်။ ကျန်တဲ့ ရိုဟင်ဂျာ ခြောက်သိန်း လောက်ကတော့ အခြေခံ လူ့အခွင့်အရေးတွေမရှိဘဲ မြန်မာနိုင်ငံမှာ ဆက်နေထိုင်ကြရတဲ့အကြောင်း အခုအချိန်မှာလည်း ဆယ်စု နှစ်တွေအတွင်း အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ရိုဟင်ဂျာတွေသေဆုံးပြီး၊ အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးခဲ့ရချိန်မှာ မြန်မာစစ်တပ်ဟာ ဒေသခံ ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေကို အတားအဆီးမရှိ ဝင်ခွင့်ပေးရ မယ့် အစား ပုံစံအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်နေတဲ့အကြောင်း နာဒါ အယ်လ် နာရှစ် ပြောသွားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို မိမိသဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန် လာနိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့ပေမဲ့ အခုထိဖြစ်မလာသေးတာကို လည်း သူက ထောက်ပြသွားပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ မတရားမှုမှန်သမျှအတွက် အပြစ်ပေး အရေးယူခြင်းမခံရတာ ရပ်တန့်ဖို့အတွက် မြန်မာ ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူဖို့ ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားစွဲဆိုမှုအပါအဝင်၊ နိုင်ငံတကာအဆင့် ကြိုးပမ်းမှုအားလုံးကို လူ့အခွင့်အရေးကောင်စီက အားပေးထောက် ခံသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ ရိုဟင်ဂျာပြဿနာကို ရေရှည် ဖြေရှင်းနိုင်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လမ်းပြမြေပုံဖန်တီးရေးဆွဲဖို့လည်း လူ့အခွင့် အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြောသွားပါတယ်။ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ Alternative ASEAN Network အဖွဲ့က ရာစမင် အူလာ၊ Arakan Project အဖွဲ့က ခရစ် လယ်ဝါး နဲ့ Burma Human Rights Network အဖွဲ့က ဦးကျော်ဝင်းတို့က ရိုဟင်ဂျာတွေ ကြုံတွေ့ နေရတဲ့အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ https://www.rfa.org/burmese/program_2/rohingya-refugees-bangladesh-un-06212023161311.html

၂၇။   ချင်းရေးရာအဖွဲ့ချုပ်(ICA)မှ ကုတင် ၂၀ ဆံ့ Lailun ဆေးရုံဖွင့်လှစ်
       June 22, 2023

ချင်းပြည်နယ်၊ လွတ်‌မြောက်နယ်မြေတစ်နေရာ၌ ချင်းရေးရာအဖွဲ့ချုပ် (ICA)မှ ကုတင် ၂၀ ဆံ့ Lailun (လိုင်လို)ဆေးရုံကို မေလ ၁၂ ရက်ကဖွင့်လှစ်ပြီး ဇွန်လ ၂၀ ရက်အထိ လူနာ ၂၀၀ ကျော် ဆေးဝါးကုသမှုပေးခဲ့ပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA)က ဖော်ပြထားပါတယ်။ ချင်းရေးရာအဖွဲ့ချုပ်အနေဖြင့် ဖလမ်းမြို့နယ်တစ်နေရာ၌လည်း အခမဲ့ဆေးခန်းဖွင့်လှစ်ထားပြီး စစ်ကောင်စီ အာဏာသိမ်းမှုအလွန် ၂နှစ်ကျော်အတွင်း လူနာပေါင်း ၇၀၀၀ ကျော် ဆေးဝါးကုသမှု ပြုလုပ်ခဲ့ပါတယ်။

ဒါ့ပြင် မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ကျန်ဖိုင်ခရိုင် အတွင်းရှိ ဇိုခေါ်သာရ်ရွာ၌ Lialun ဆေးခန်းကို ဖွင့်လှစ်ပြီး လစဥ် ရွှေ့လျားဆေးခန်းကို စစ်‌ရှောင်စခန်းများသို့ ဆေးဝါးကုသမှု ပြုလုပ်ခဲ့ရာ လူနာပေါင်း ၅၀၀၀ နီးပါး ကုသခဲ့ပါပြီ။ အိုင်ဇောလ်မြို့နဲ့ အနီးဝန်းကျင်ရှိ စစ်ရှောင်စခန်းများသို ရွှေ့လျားဆေးခန်းများ သွားရောက်ခဲ့ရာ လူနာပေါင်း ၃၀၀ ကျော် ကုသခဲ့ပါတယ်။ ချင်းရေးရာအဖွဲ့ချုပ်ဟာ  ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအပြင် ပညာရေး၊ သုတေသနနဲ့ လူသားချင်း စာနာထောက်ထားမှုများကိုလည်း ဆောင်ရွက်နေပါတယ်။ https://www.faceb ook.com/photo?fbid=610492464515257&s et=pcb.610492554515248

၂၈။  မဟာမိတ်ပူးပေါင်းတပ်တွေက ရေးနဲ့ သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် နေ့စဉ်လုံခြုံရေးရယူ                စစ်ဆေးနေ
     June 23, 2023

မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနဲ့ပတ်သက်ပြီး KNLA၊ S.O.F နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက နေ့စဉ်မပြတ် လုံခြုံရေးရယူကာ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဇွန်လ ၁၈ ရက်နေ့ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျောက်မှာ ၂ နေရာခွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သွားလာမှုကို စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးတဲ့အချိန် အကြမ်း ဖက် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့တဲ့အတွက် အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သိရှိရသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတည်းက KNLA တပ်ရင်း ၂၇ က ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေကြတဲ့ ကားတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့တဲ့ လူနဲ့ ပစ္စည်းတွေ သယ် ဆောင်လာရင် စစ်ဆေးတွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမယ်ဆိုတဲ့အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အခုလို စစ်ဆေးမှုတွေ နေ့စဉ်လုပ်ဆောင် နေခြင်းဖြစ်သည်။ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ် သွားမှာဖြစ်ပြီး ခရီးသွားမိဘပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လေးစားစွာနဲ့ မေတ္တာ ရပ်ခံအပ်တယ်လို့ ထုတ်ပြန် ထားသည်။ https://www.facebook.com/photo/?fbid=27846579 8091372&set=pcb.278465988091353

၂၉။   စစ်ဘေးရှောင်နေရလို့ သရက်ချောင်းမြို့နယ်က ကျေးရွာအများစု စပါးမစိုက်ပျိုးနိုင်
       June 21, 2023

စပါးစိုက်ပျိုးရာသီရောက်နေပေမဲ့ တောင်သူတွေ စစ်ဘေး‌ရှောင်ပြေးနေရတဲ့အတွက် သရက်ချောင်းမြို့နယ်ထဲက ကျေးရွာအများစုအခုအချိန်ထိ မစိုက်ပျိုးနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မစိုက်ပျိုးနိုင်သေးတဲ့ လယ်တွေဟာ အခုလ ၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ မင်းဒပ်ရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျွဲမင်း ကုန်း၊ ပိန္နဲ‌တော၊ ကနက်သီရိရွာတွေနဲ့ အနီးတစ်ဝိုက်မှာရှိနေတဲ့ လယ်တွေ ဖြစ်ပြီး လယ်ဧက ၅၀၀ ထက် မနည်း ရှိတယ်လို့ သိရပါ တယ်။ “လုပ်လို့ရမယ်လို့မထင်ဘူးရှင်။ ဘာလို့ဆိုမြင်တဲ့လူတိုင်းလိုက်ပစ်နေတာလေ။ ဒီကောင်တွေရှိနေသရွေ့တော့ ဘာမှလုပ် လို့ရမှာမဟုတ်ဘူး။”လို့ စစ်ဘေးရှောင်ပြေးနေရတဲ့ ရငဲရွာက တောင်သူမိသားစုဝင်တစ်ဦးက ပြောပါတယ်။ ရငဲရွာမှာတော့ စစ် ကောင်စီတပ်သားတွေ တပ်စွဲအထိုင်ချထားတာကြောင့် ရွာလုံးကျွတ်နီးပါးလယ်မလုပ်နိုင်ဘဲ စစ်ဘေးရှောင်ပြေးနေကြရတာပါ။

ဒေသခံတောင်သူနောက်တစ်ဦးကတော့ “ နေတအားကျရင်လယ်စိုက်လို့မရတော့ဘူး။ အခုကရငဲကလွဲရင် ပန်းကြား ပန်းကြား (ကွက်ကျား)တော့ စိုက်နေကြတယ်။ ဆက်စောင့်ကြည့်ရမှာပေါ့။” လို့ပြောပါတယ်။ အဆိုပါတောင်သူပြောသလိုပါပဲ ရငဲအနီးနားရွာတွေမှာတော့ စိုက်ပျိုးသူအချို့ရှိနေပေမဲ့ ရာနှုန်းပြည့်စိုက်ပျိုးနိုင်တာမျိုး မဟုတ်ဘဲ ကွက်ကျား စိုက်ပျိုးနေကြတာ တွေ ရှိတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ(ဝါခေါင်လကုန်)အထိ စပါးကိုနောက်ဆုံးထားစိုက်ပျိုးကြပြီး အဲဒီထက်နောက်ကျသွားရင်  ရာသီဥတုမမှန်တာနဲ့ ကြုံနိုင်သလို စပါးတွေ ပျက်စီးကုန်တာ စပါးရိတ်သိမ်းချိန်နဲ့ နီးသွားတာတွေကြောင့် လယ်လုပ်လို့ မရတော့ ဘူးလို့ တောင်သူတွေက ပြောပါတယ်။ ဆန်းစျေးကြီးလို့ လောက်ငှအောင် မဝယ်စားနိုင်တဲ့အခြေအနေမှာ တောင်သူတွေ လယ် စိုက်လို့ရအောင် ဒီကာလမှာ စစ်မဖြစ်ဖို့ မျှော်လင့်မိတယ်လို့ ဒေသခံတောင်သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အတွင်း စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေလည်း ကျွဲမင်းကုန်းရွာအပါအဝင် အနီးအနားရွာ တွေမှာရှိနေတယ်လို့သိရပြီး အဲဒီကျည်တွေနဲ့တွေ့ပြီး မတော်တဆဖြစ်မှာကိုလည်း စိုးရိမ်နေတယ်လို့ ဒေသံတွေကပြောပါ တယ်။ သရက်ချောင်းမြို့နယ်တစ်ခုလုံးမှာ လယ်ဧက သုံးထောင်ကျော်ရှိတယ်လို့ သန်းခေါင်းစာရင်းမှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=2914198 13275775&set=a.196212682796489

၃၀။   ကာမိုင်းမြို့တွင် စစ်ကောင်စီစခန်းတစ်ခုဗုံးခွဲတိုက်ခိုက်ခံရ
        June 23, 2023

ကာမိုင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့နံနက် ၈ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ ကောင်ရာ ရပ်ကွက်ရှိ မူလတန်းကျောင်းရှေ့မှ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦး ကပြောသည်။ “စစ်တပ်တွေထိုင်တဲ့ဂိတ်မှာ ဗုံးပေါက်တာ ကလေးတွေ ကျောင်းသွားတဲ့အချိန် ရောက်တဲ့သူတွေကိုက ကျောင်းမှာ ပဲနေခိုင်းပြီး မရောက်သေးတဲ့ကလေးတွေကို အိမ်မှာပဲနေနေခိုင်းထားကြတာ။ မိုင်းထောင်ထားတာထင်တယ်”ဟု ပြောသည်။

မည်သည့်အဖွဲ့က လာရောက်ဗုံးခွဲသွားသည်ကို မသိရှိကြောင်းနှင့် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း ဒေသခံအခြား အမျိုးသားတစ်ဦးက ပြောသည်။ “ဘာမှမဖြစ်ဘူး ကောင်ရာစာသင်ကျောင်းနားမှာ လမ်းဘေးမှာဖြစ်သွားတာ။ စစ်တပ်က တစ်ခါတစ်လေ လာထိုင်တဲ့နေရာမှာဖြစ်သွားတယ်။ စစ်တပ်ကလည်း ဘာမှမဖြစ်ဘူး ရွာသားတွေလည်း ဘာမှမဖြစ်ဘူး။ သေနတ်လည်း မဖောက်ဘူး” ဟုပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က ကားမိုင်းမြို့ အထွေထွေ အုပ်ချုပ် ရေးမှူးရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ https://www. facebook.com /photo?fbid=580767487584257&set=a.535867405407599

၃၁။   မူဆယ်မြို့နယ်၌ ဒေသခံ ၂  ဦးကို SSPP ရှမ်းတပ်ဖွဲ့က ဖမ်းဆီး
       June 23, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ၂ ဦးကို ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)  SSPP/SSA တပ်ဖွဲ့က ဇွန် ၂၁ ရက်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဇွန် ၆ ရက်က တိန်းလုံကျေးရွာမှာ SSPP တပ်ဖွဲ့ဝင်တွေက တပ်သားသစ်စုဆောင်းရေး လာရောက်ပြုလုပ်စဥ်မှာ ဒေသခံတွေက ဆန့်ကျင်ဆန္ဒပြခဲ့ရာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့တဲ့ ဖြစ်စဥ်ကို ဗီဒီယိုရိုက်ကူးထားတဲ့အတွက် ကျေးရွာ လက်ထောက်ဥက္ကဋ္ဌ စိုင်းထွန်းလှ နဲ့ ဒေသခံ နန်းခမ်းစန်းတို့ကို ဖမ်းဆီးသွားခဲ့တာပါ။ အမှန်တကယ် ဗီဒီယိုရိုက်ကူးခဲ့သူက ထွက် ပြေးလွတ်မြောက်သွားတဲ့အတွက် အစ်မဖြစ်သူနဲ့ ကျေးရွာ လက်ထောက်ဥက္ကဋ္ဌတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။

ဒေသခံတဦးက “ညဘက်ပိုင်းတွေမှာ ရွာကို လူစိမ်းတွေလာကပ်နေတာ နည်းနည်းကြာနေပြီ။ ခွေးတွေလည်း ညညဆို ထထဟောင်တယ်။ SSPP အဖွဲ့က ရွာသားတွေကို လာချောင်းနေတယ်လို့ မထင်ကြဘူးလေ။ လာရောက်ဖမ်းဆီးတဲ့ အချိန်တုန်း ကလည်း အနီးအနားမှာရှိတဲ့သူတွေက မအော်ကြဘူး။ အော်ရင်တော့ ရွာလုံးကျွတ်ထွက်ပြီး ဆန့်ကျင်ကြမှာပဲ” လို့ ပြောပါတယ်။ အဆိုပါ SSPP တပ်ဖွဲ့ဝင်တွေက တပ်သားသစ်စုဆောင်းရေး လာရောက်စဥ် ဒေသခံတွေ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှု ကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ရှမ်းလူမှုအသိုင်းအဝိုင်းတွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ https://burmese.dvb.no/archives/600593

၃၂။  ZRA က အတင်းအဓမ္မ တပ်သားသစ်စုဆောင်းနေတယ်ဟုဆို
      June 22, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Tongsial (တောင်ရှာလ်ရွာ)တွင် ZRA (အရှေ့ပိုင်းတိုင်း) က အတင်းအဓမ္မ တပ်သား သစ်စုဆောင်းတယ်လို့ ဒေသခံတွေထံကတဆင့် သတင်းရရှိပါတယ်။ ZRA (အရှေ့ပိုင်းတိုင်း)က တောင်ရှာလ်ကျေးရွာကနေ တပ်သားသစ် ၂ ယောက်ပို့လာဖို့ အကြောင်းကြားပေမယ့် စိတ်ပါဝင်စားသူမရှိတာကြောင့် ဇွန်လ ၁၉ ရက်တွင် ၎င်းတို့အဖွဲ့ ကိုယ်တိုင်ရွာထဲဝင်လာပြီး ရွာသား ၆ ဦးကို အတင်းအဓမ္မခေါ်ဆောင်သွား တယ်လို့သိရတယ်။

ဒေသခံတစ်ဦးက “တပ်သားသစ်ပို့ဖို့ပြောတာသိသိချင်း သူတို့စခန်းမှာသွားညိုနှိုင်းတယ်။ မရဘူး။ ရွာထဲက လူငယ်တွေ လည်း သွားချင်တဲ့သူမရှိတော့ မဲနှိုက်ဖို့စီစဉ်ကြတယ်။ အဲ့ဒီကြားထဲမှာ သူတို့ကရွာထဲရောက်လာပြီး ၁၈ နှစ်အောက်လူငယ် ၅ ဦးနဲ့ အသက်ပြည့်တဲ့လူငယ်တစ်ဦးကို အတင်းအဓမ္မခေါ်ဆောင်သွားတယ်”လို့ပြောပါတယ်။ တောင်ရှာလ်ကျေးရွာ ဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး မဏီပူရ်မြစ်ရဲ့အထက်မှာရှိပါတယ်။ အခုလို ZRA (အရှေ့ပိုင်းတိုင်း)က တပ်သားသစ်စုဆောင်းတာ တောင်ရှာလ်ရွာ တစ်ရွာထဲတွင်ဖြစ်ပြီး အခြားရွာများတွင် တပ်သားသစ်စုဆောင်းမှု သတင်းမကြားရသေးပေ။ https://www.facebook.com/ photo?fbid=610486694515834&set=a.6032547 48572362

၃၃။   မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်မှ ထပ်မံသိမ်းယူ
        June 23, 2023

ကရင်နီပြည် မယ်စဲ့မြို့နယ် အတွင်းက စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့မှာ ထပ်မံသိမ်းယူလိုက်တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။ “မယ်စဲ့အခြေကုပ်စခန်း ကို ကျနော်တို့ ၅ နာရီခွဲမှာ ပြီးသွားပြီး စခန်းသိမ်းတာ။ ၅ နာရီခွဲမှာပြီးတော့ ၆ နာရီလောက်မှာ လေယာဉ်က ၄ စီးနဲ့ လာကြဲတာ။ မယ်စဲ့ ပင်မစခန်း မယ်စဲ့ရှေ့နားက ကုန်းရှိတယ်လေ ပင်မကုန်းပေါ့ ။ မယ်စဲ့မှာ တောင်လှတို့ ဆောင်ဟီတို့ ၁၄တို့ မယ်တနွယ်တို့ နောက်ပြီးတော့ မြောက်ဖက်မှာက နမ့်ပေါင်တို့ နယ်စပ်တစ်ကြောမှာရှိတဲ့ တပ်စခန်းကို အဆက်သွယ်လုပ်တဲ့ ပင်မစခန်းပေါ့နော အဲ့ဒီဖက်က။” လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောပါတယ်။ မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း နယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၁၃ ရက်နေ့ကစ ကရင်နီ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး ဒီကနေ့ သိမ်းယူတဲ့ စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

အဆိုပါ သိမ်းယူထားတဲ့ စခန်းတွေကို စစ်ကောင်စီဘက်က ပြန်လည်ရယူနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ မယ်စဲ့မြို့ နယ်ဟာ စစ်ကောင်စီအပြင် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအတွက် အရေးကြီးတဲ့နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီက မယ်စဲ့ တိုက်ပွဲအတွင်း လေယာဉ်အသုံးပြုတိုက်ခိုက်တာ၊ ရဟတ်ယာဉ်နဲ့ လူအင်အား၊ ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “အရေးကြီးတယ်ဆိုတာ နှစ်ဖက်လုံးက အရေးကြီးတယ်။ သူတို့(စစ်ကောင်စီ) အတွက်က တစ်သက်လုံး အာဏာ တည်မြဲဖို့က အရေးကြီးတယ်။ ကျနော်တို့အတွက်လည်း အရေးကြီးတယ်ဆိုတာက နယ်မြေပြန်ရယူဖို့ သိမ်းရမှာပဲလေ။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။ မယ်စဲ့မြို့နယ်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဖက်ကနေ (၁၂၀)မမ လက်နက်ကြီးအပြင် လက်နက်ငယ်မျိုးစုံကို ရရှိထားတယ်လို့သိရပါတယ်။ စစ်ကောင်စီဖက်က သေဆုံးမှု ဆယ်ဂဏန်း ရှိနေပြီး စခန်းစွန့်ထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေလည်း များပြားတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။ https:/ /www.kantarawaddytimes.org/%e1%80%99%e1 %80%9a%e1%80%ba%e1%80%85%e1%80%b2%e1%80

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။